သူ့ရှေ့ရှိ စားပွဲပေါ်သို့ ရေခဲသုပ်ခွက်ကို ခွပ်ခနဲချပြီး ထွက်ခွာသွားသောကြောင့် လှမ်းပြောမည် ပြုလိုက်စဉ်တွင် ဟိုဘက်စားပွဲမှ အသံတစ်သံ ထွက်လာသည်။ “ဘာလီချည်းပဲ နှစ်ခွက်ဖြစ်နေပြီ၊ ကျွန်မတို့မှာတာက ဘာလီတစ်ခွက်၊ ရေခဲသုပ်တစ်ခွက်လေ” ထို့ကြောင့် ဟိုဘက်စားပွဲနှင့် ဒီဘက်စားပွဲ မှားပြီးချမိကြောင်းကို သိလိုက်၏။ သူကလည်း “ကျွန်တော်က ဘာလီမှာတာဗျ” ဟု ပြောလိုက်ပြန်သည်။ အအေးဆိုင်မှ ဦးယမ်းဘီလူးသည် “မှားသွားလို့ပါ၊ ဆရာ့ဘာသာ လဲယူလိုက်ပါတော့၊ ကျွန်တော် ဖွဲတွေကိုင်ထားလို့” ဟု ပြောပြန်သည်။ သူ့ကို ဆရာဟုခေါ်သောကြောင့် ကျောင်းဆရာဟု မထင်ကြပါနှင့်။ ဤတက္ကသိုလ်စားသောက်ဆိုင်မှ လူများသည် ကျောင်းသားများကိုလည်း တစ်ခါတစ်ရံ ဆရာဟု ခေါ်တတ်သည်။ သူ သို့တည်းမဟုတ် အောင်ချစ်ဝင်းသည် ဘူမိဗေဒကျောင်းသားတစ်ယောက်သာ ဖြစ်၏။ ဟိုဘက်စားပွဲကို သူ ကြည့်လိုက်သည်။ ကျောင်းသူနှစ်ယောက်။ သူတို့ကလည်း အောင်ချစ်ဝင်းကို ကြည့်နေသည်။ တစ်ယောက်ကတော့ သူနှင့် မျက်လုံးချင်းဆုံမိသောအခါ မျက်နှာလွဲသွွှားသည်။ ကျန်တစ်ယောက်ကတော့ သူ့ကို ပြုံးစေ့စေ့ကြည့်နေဆဲ။ အောင်ချစ်ဝင်းသည် ရေခဲသုပ်ကိုယူ၍ ဟိုဘက်စားပွဲဆီသို့ ထသွားသည်။ ရေခဲသုပ်ခွက်ကို စားပွဲပ...
https://t.me/TheBookR