Skip to main content

Posts

Showing posts with the label တင်ညွန့်

ဘွဲ့ရနှင့် ငါးစိမ်းသည်

  ငါးကြော်လေးစားချင်လာသဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက်လာသည်။ ကျွန်တော် ဝယ်နေကျ ငါးဆိုင်ရှိသည်။ ငါးကြင်းတစ်မျိုးတည်းရောင်းပြီး ဖော်ရွေသည်။ ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ရှိ သည်။ ငါးရောင်းသူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။ ငါးစိမ်းသည်ဆိုသည်မှာ စွာတာတာ၊ ကက်ကက်လန်၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော်ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကိုခေါ်ပြချင်ပါသည်။ “ဦးလေး မရောက်တာကြာပြီ … ဘာလဲ ဆိုင်ဟင်းကိုမုန်းလို့ ရောက်လာတာလား” “မဟုတ်ပါဘူး … ခရီးထွက်တာတွေ များနေလို့” “ငါးကြင်းဖြူ ဗိုက်သားလေးနဲ့တွဲထားတဲ့အပိုင်း ချိန်လိုက်မယ်နော်” “အစိတ်သားလောက်ပဲနော်” “၃၅ ကျပ်သားရှိတယ် ဦးလေးရယ် … ၃၀ သားဖိုးပဲပေး” “အေး … အေး ခုတ်လိုက်” ငါးဝယ်လျှင်အပိုဆောင်းအဖြစ် ကြော်နိုင်သည့် အတုံးလောက်ဖြစ်စေရန် ခုတ်ထစ်ပေးသည်။ အကြေးထိုးပေး သည်။ ရေဆေးပေးသည်။ အိမ်ရောက်လျှင်တန်းကြော်ရုံသာဖြစ်သည်။ ငါးဝယ်ပြီးနောက် ငါးဆိုင်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်ထိုင်သည်။ ထိုဆိုင်တွင် ခေါက်ဆွဲသုပ်ကောင်း သည်။ အကြော်လည်းရသည်။ ခေါက်ဆွဲသုပ်မှာပြီး ရေနွေးကြမ်းသောက်နေစဉ် မရွှေဆိုင်ကို အမျိုးသမီးကြီး တစ်ယောက် ဝင်လာသည်။ သူ့နောက်တွင် ဆွဲခြင်းဆွဲသော က...

လိမ်ပေးလိုက်ရသောဆရာ

"ဆရာ...ကျွန်မရောက်ပြီ" ကျောင်းပိတ်ရက်တစ်ရက် ကျွန်တော်သတင်းစာဖတ်နေစဉ် ခြံဝမှ အသံကြားလိုက်ရသောကြောင့် တံခါးသွားဖွင့် ပေးလိုက်သည်။ "ဒေါ်ပုလဲ...မလာတော့ဘူးလားလို့ ကျွန်တော် အပြင်ကိုထွက်တော့မလို့" "စောစော လာမလိုပါဆရာ...သမီးလေးအတွက် ဟင်းချက်ပေးနေရလို့ပါ" "သမီးက ဝန်ထမ်းလား" "မဟုတ်ဘူးဆရာ...ဒီနှစ် ၁၀ တန်းလေ...ဆရာ့အတန်းမှာလို့ပြောတယ်" "ဘယ်သူများပါလိမ့်" "သီတာပါဆရာ" "သြော်...သီတာက ဒေါ်ပုလဲ သမီးလား" "ဟုတ်ကဲ့ဆရာ...ဒါပေမဲ့ သမီးလေးကို ကျွန်မ ဒီလိုအိမ်တွေမှာ အဝတ်လိုက်လျှော်နေတယ်ဆိုတာ မပြောပါနဲ့နော်ဆရာ" ကျွန်တော်နာလည်လိုက်ပါသည်။ ကျွန်တော်က ဒေါ်ပုလဲဟုသာပြောရသည်။ သူမျက်နှာတွင် ဖြူဖွေးတာဆိုလို့ သွားတွေသာရှိသည်။ ဒေါ်ပုလဲဟု သူ့ကိုသိနေသည်မှာ ဈေးထဲက ငါးရောင်းသည့် အမျိုးသမီး မိတ်ဆက်ပေး၍ ဖြစ်သည်။ သူက အိမ်တွေလိုက်ပြီး အဝတ်လျှော်မီးပူတိုက်သည့်အလုပ်ကို ရပ်ကွပ်ထဲပတ်၍ လိုက်လုပ်ကာ ဝမ်းစာရှာနေသူဖြစ်သည်။ "ဒေါ်ပုလဲ...ယောက်ကျားက ဘာလုပ်လဲ" "သေသွားပြီဆရာ...အရက်သမားလေ...၂ နှစ်တောင်ရှိနေပြီ...အဲ့ဒါကြောင့် သမီးလ...

ဘွဲ့ရနှင့် ငါးစိမ်းသည်

ငါးကြော်လေးစားချင်လာသဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက်လာသည်။ ကျွန်တော် ဝယ်နေကျ ငါးဆိုင်ရှိသည်။ ငါးကြင်းတစ်မျိုးတည်းရောင်းပြီး ဖော်ရွေသည်။ ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ရှိ သည်။ ငါးရောင်းသူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။ ငါးစိမ်းသည်ဆိုသည်မှာ စွာတာတာ၊ ကက်ကက်လန်၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော်ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကိုခေါ်ပြချင်ပါသည်။ “ဦးလေး မရောက်တာကြာပြီ ... ဘာလဲ ဆိုင်ဟင်းကိုမုန်းလို့ ရောက်လာတာလား” “မဟုတ်ပါဘူး ... ခရီးထွက်တာတွေ များနေလို့” “ငါးကြင်းဖြူ ဗိုက်သားလေးနဲ့တွဲထားတဲ့အပိုင်း ချိန်လိုက်မယ်နော်” “အစိတ်သားလောက်ပဲနော်” “၃၅ ကျပ်သားရှိတယ် ဦးလေးရယ် ... ၃၀ သားဖိုးပဲပေး” “အေး ... အေး ခုတ်လိုက်” ငါးဝယ်လျှင်အပိုဆောင်းအဖြစ် ကြော်နိုင်သည့် အတုံးလောက်ဖြစ်စေရန် ခုတ်ထစ်ပေးသည်။ အကြေးထိုးပေး သည်။ ရေဆေးပေးသည်။ အိမ်ရောက်လျှင်တန်းကြော်ရုံသာဖြစ်သည်။ ငါးဝယ်ပြီးနောက် ငါးဆိုင်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်ထိုင်သည်။ ထိုဆိုင်တွင် ခေါက်ဆွဲသုပ်ကောင်း သည်။ အကြော်လည်းရသည်။ ခေါက်ဆွဲသုပ်မှာပြီး ရေနွေးကြမ်းသောက်နေစဉ် မရွှေဆိုင်ကို အမျိုးသမီးကြီး တစ်ယောက် ဝင်လာသည်။ သူ့နောက်တွင် ဆွဲခြင်းဆွဲသော...