Skip to main content

Posts

Showing posts with the label ကုသ

မဲဇာစခန်းက ငန်းမောင်နှံ

၁၉၃၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ဖြစ်လေသည်။ ထိုနေ့နံနက်တွင် ကျွန်ုပ် မောင်ရဲနှင့် မောင်သန်းခေါင် တို့သည် မဲဇာတောကြီးအတွင်းရှိ 'မဂ္ဂရက္ကား'သစ်ကုမ္ပဏီပိုင် ဘန်ဂလိုအတွင်းသို့ ရောက်ရှိတည်းခိုနေကြတော့သည်။ ကျွန်ုပ်သည် မန္တလေးမြို့မှ မြစ်ကြီးနားမြို့သွား လူစီးရထားပေါ်တွင် စီးနင်းလိုက်ပါလာကြပြီး နဘားမြို့အနီးရှိ မဲဇာဘူတာတွင် ဆင်းကြသည်။ တစ်ဖန် မဲဇာဘူတာမှ လှည်းနှစ်စီးကို ငှားရမ်းပြီး အနောက်ဘက် နှစ်မိုင်ခန့်မျှဝေးသော မဲဇာရွာသို့ သွားရောက်ကြသည်။ ကျွန်ုပ်တို့သည် မဲဇာရွာတွင် တညအနားယူ အပန်း ဖြေပြီး နောက်တစ်ရက် နံနက်အရုဏ်တက်ချိန်တွင် ပါလာသော ပစ္စည်းများကို လှေငယ်နှစ်စင်းပေါ်တွင် တင်ဆောင်ပြီး မဲဇာချောင်းကို ကူးဖြတ်ကြသည်။ ချောင်းတစ်ဖက်သို့ရောက်သော် ကျွန်ုပ်တို့သည် ယူဆောင်လာသော ပစ္စည်းများကို အထမ်းသမား ၄ ယောက်တို့အား ထမ်းပိုးဖြင့် ထမ်းဆောင်စေပြီး အနောက်စူးစူး မဲဇာတောကြီးအတွင်းသို့ ဝင်ရောက်သွားကြရာ နံနက် ၇ နာရီခန့် လောက်တွင် 'မဂ္ဂရက္ကား'သစ်ကုမ္ပဏီက ဆောက်ထားသော ဘန်ဂလိုသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားကြတော့သည် သာ။ ကျွန်ုပ်တို့ ထိုဒေသသို့ ရောက်ရှိလာကြခြင်းမှာ မဲဇာ တောကြီးအတွင်း၌ စိုင်နှင့် ...