စက္ကူ လေဒီ - မယ်လွင့် [၁] ကင်းဗတ်စတစ်စကို ကြက်သွန်လှီးတဲ့ဓားနဲ့ထိုးပြီး စုတ်ဖြဲပစ်ရတာ လွယ်ပေမယ့် လူ့အသားကတော့ မလွယ်ဘူး။ လည်ပင်းက သွေးလွှတ် ကြောတည့်တည့်ဆိုတော့ ပိုပြီးတော့ မလွယ်ဘူး။ ဒါပေမဲ့ အလုပ်ကတော့ ဖြစ်သွားပြီပဲ။ [J] ခင်ဗျားတို့ ဘဝမှာ လိင်ဆက်ဆံနေရင်းနဲ့ ကိုယ့်ရဲ့ အဖော်ကို ဓားနဲ့ ထိုးပစ်လိုက်တဲ့ ကိစ္စမျိုးကို လုပ်ဖူးလား။ အင်း… ခဏ လုပ်ဖူးဖို့ထားဦး။ စဉ်းတောင် စဉ်းစားဖူးလား။ ကျနော်ကတော့ မစဉ်းစားဖူးဘူး… မစဉ်းစားဖူး ပါဘဲနဲ့ ခေါင်းထဲချက်ချင်းပေါ်လာတာကိုပဲ လုပ်ပစ်လိုက်တာ။ ပြီးတော့ အဲ့ဒီဓားဟာ မြရဲ့ဓား… တိုက်ခန်းတစ်ခုမှာ သူတစ်ယောက်တည်းနေတဲ့ မြဟာ သူ့ကိုယ်သူ ကာကွယ်လို့ရအောင်ဆိုပြီး ကြက်သွန်လှီးဓားကို သူ့အိပ်ရာ ဘေးမှာ အမြဲတမ်းထားအိပ်တတ်တာ။ အဲဒီလို လုပ်လိုက်တုန်းက မြရဲ့ မျက်လုံးလေးတွေဟာ လက်ခနဲ။ ညည်းညူနေရာကနေ အော်ဟစ်ပစ်လိုက်ဖို့ ပွင့်ဟသွားတဲ့ မြရဲ့ နှုတ်ခမ်း လှလှလေးတွေကို ကျွန်တော့်လက်တွေနဲ့ ဖိပိတ်လိုက်တယ်။ မြရဲ့ မျက်ဝန်း အိမ်ထဲက နောက်ဆုံးအလင်းရောင်လေး ပျောက်မသွားခင်လေးမှာတင် မျက်ရည်ဥလေးတွေ လိမ့်ကျလာတယ်။ မြရဲ့ မိန်းမကိုယ်ထဲမှာ ရောက်နေတဲ့ ကျွန်တော့်ရဲ့လိင်တံဟာ တင်း ကျပ်လွန်းတဲ့ မြရဲ့ နောက်ဆုံး...
https://t.me/TheBookR