စက္ကူ လေဒီ - မယ်လွင့်
[၁]
ကင်းဗတ်စတစ်စကို ကြက်သွန်လှီးတဲ့ဓားနဲ့ထိုးပြီး စုတ်ဖြဲပစ်ရတာ လွယ်ပေမယ့် လူ့အသားကတော့ မလွယ်ဘူး။ လည်ပင်းက သွေးလွှတ် ကြောတည့်တည့်ဆိုတော့ ပိုပြီးတော့ မလွယ်ဘူး။ ဒါပေမဲ့ အလုပ်ကတော့ ဖြစ်သွားပြီပဲ။
[J]
ခင်ဗျားတို့ ဘဝမှာ လိင်ဆက်ဆံနေရင်းနဲ့ ကိုယ့်ရဲ့ အဖော်ကို ဓားနဲ့ ထိုးပစ်လိုက်တဲ့ ကိစ္စမျိုးကို လုပ်ဖူးလား။ အင်း… ခဏ လုပ်ဖူးဖို့ထားဦး။
စဉ်းတောင် စဉ်းစားဖူးလား။ ကျနော်ကတော့ မစဉ်းစားဖူးဘူး… မစဉ်းစားဖူး ပါဘဲနဲ့ ခေါင်းထဲချက်ချင်းပေါ်လာတာကိုပဲ လုပ်ပစ်လိုက်တာ။ ပြီးတော့ အဲ့ဒီဓားဟာ မြရဲ့ဓား… တိုက်ခန်းတစ်ခုမှာ သူတစ်ယောက်တည်းနေတဲ့ မြဟာ သူ့ကိုယ်သူ ကာကွယ်လို့ရအောင်ဆိုပြီး ကြက်သွန်လှီးဓားကို သူ့အိပ်ရာ ဘေးမှာ အမြဲတမ်းထားအိပ်တတ်တာ။
အဲဒီလို လုပ်လိုက်တုန်းက မြရဲ့ မျက်လုံးလေးတွေဟာ လက်ခနဲ။ ညည်းညူနေရာကနေ အော်ဟစ်ပစ်လိုက်ဖို့ ပွင့်ဟသွားတဲ့ မြရဲ့ နှုတ်ခမ်း လှလှလေးတွေကို ကျွန်တော့်လက်တွေနဲ့ ဖိပိတ်လိုက်တယ်။ မြရဲ့ မျက်ဝန်း အိမ်ထဲက နောက်ဆုံးအလင်းရောင်လေး ပျောက်မသွားခင်လေးမှာတင် မျက်ရည်ဥလေးတွေ လိမ့်ကျလာတယ်။
မြရဲ့ မိန်းမကိုယ်ထဲမှာ ရောက်နေတဲ့ ကျွန်တော့်ရဲ့လိင်တံဟာ တင်း ကျပ်လွန်းတဲ့ မြရဲ့ နောက်ဆုံးညှစ်ယူမှုကြောင့် ထိန်းထားလို့ မရလိုက်နိုင် ခဲ့ဘူး။ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး လိင်ဆန္ဒပြည့်ဝမှုနဲ့အတူ ပြီးမြောက် သွားပုံက နောက်ကို ဘယ်တော့မှ ဒီလောက်ကောင်းတာမျိုး ထပ်ပြီး မကြုံ တွေ့နိုင်တော့လောက်အောင် လိုမျိုး။
[၃]
ကျွန်တော် မြကို သတ်ပစ်ဖို့ အကြိမ်ကြိမ် စိတ်ကူးကြည့်ခဲ့ဖူးပေမယ့် ဒီလိုနည်းတော့ မပါခဲ့ဘူး။ အများအားဖြင့် စိတ်ကူးယဉ်ဖူးတာက မြကို သတ်ပြီးရင် ကျွန်တော်နဲ့အမြဲတမ်း အတူရှိနေအောင် ဘယ်လိုများ သိမ်း ထားရပါ့မလဲဆိုတဲ့ ကိစ္စပဲ။
မြရဲ့ လည်ပင်းကထွက်လာတဲ့သွေးတွေဟာ အိပ်ရာခင်းကနေတစ်ဆင့်
မွေ့ရာထဲကို စိမ့်ဝင်နေကြပုံပဲ။ အသန့်ကြိုက်တဲ့ မြကတော့ သူ့အိပ်ရာခင်း တွေ ပေကျံသွားတာကို ကြိုက်လိမ့်မှာ မဟုတ်ဘူး။ သူသာ ရှိနေသေးရင် “နင် တအားစုတ်ပဲ့တယ်၊ အခု ငါ့အိပ်ရာခင်းကို အသစ်ပြန်ဝယ်ပေး”လို့ ကျွန်တော့်ကို အော်မှာ။ မြဟာ ကျွန်တော့်အပေါ်မှာ နိုင်လို့ရလို့ထင်တယ် အရမ်းအနိုင်ယူတယ်၊ စကားတွေနဲ့ရော အပြုအမူတွေနဲ့ရော။ အရေးမကြီး ပါဘူး… အခု သူမလုပ်နိုင်တော့ဘူး။
ကျွန်တော် မြရဲ့ကိုယ်လုံးကလေးကို ပွေ့ယူပြီး လည်ပင်းက ဓားကို နှုတ်ယူလိုက်တယ်။ မြရဲ့ ခန္ဓာကိုယ်လေးက ပူနွေးနေတုန်း။ ဓားကို နှုတ် လိုက်တဲ့ အပေါက်ကနေ သွေးတွေဟာ မြရဲ့ Coller bones ကလေးကနေ တစ်ဆင့် ရင်သားပေါ်ကိုဖြတ်ပြီး စီးဆင်းသွားကြတယ်။ အနီရောင်နှင်းဆီ ပန်းတွေ စီးဆင်းနေတဲ့ မြစ်ကြောင်းကလေးတွေလိုမျိုး။ မြဟာ သွေးတွေ စွန်းပေနေတာတောင်မှ သိပ်လှနေတုန်းပဲ။
ကျွန်တော် ဖုန်းကိုဖွင့်ပြီး Bluetooth ကနေ မြရဲ့ စားပွဲတင် Speaker လေးကိုချိတ်ပြီး သီချင်းဖွင့်လိုက်တယ်။ ကျွန်တော်ကြိုက်တဲ့ အဆိုတော်ရဲ့ သီချင်းသံက အိပ်ခန်းတစ်ခုလုံးကို လွှမ်းသွားတယ်။ ကျွန်တော် အချိန်သိပ် မရဘူး… လုပ်စရာတွေက အရမ်းများတယ် မဟုတ်လား။ ကျွန်တော် မြရဲ့ နှုတ်ခမ်းကလေးကို နောက်ဆုံးအနေနဲ့ မွတ်မွတ်သိပ်သိပ် ဖိနမ်းလိုက် တယ်။
ပြီးတော့ မြရဲ့ဖုန်းကိုယူ၊ သူ့လက်ဗွေနဲ့ ဖွင့်ပြီး သူ့လက်ဗွေနေရာမှာ ကျွန်တော့်လက်ဗွေကို အစားထိုးလိုက်တယ်။ ဖုန်းကို အားသွင်းဖို့ လုပ်နေ တုန်းမှာပဲ Sms တစ်စောင် ဝင်လာတယ်.. “မမ… ဘယ်နေ့တွေ့မှာလဲ၊ လွမ်းလှပြီ“တဲ့။ ထွီ … ယောက်ျားဖြစ်ပြီး ချွဲပြစ်ပြစ်နဲ့။ ““မင်းတို့ ဘယ်တော့မှ မြကို မတွေ့နိုင်တော့ဘူး နွားတွေရဲ့ ‘`လို့ ကျွန်တော် ဆဲပစ်လိုက်တယ်။
အခုလို မြရှေ့တင် အဲဒီကောင်တွေကို အသံထွက်ပြီး ဆဲလိုက်ရလို့ ကျွန်တော် တော်တော်ကျေနပ်သွားတယ်။ နင် ဘာတတ်နိုင်သေးလဲ မြရယ်…
[၄]
“ကျွန်တော်တို့ ဘာကူရမလဲ ဆရာ… တစ်ခါတည်း ကူသွားမယ်လေ” ကျွန်တော်လိုတဲ့ ပစ္စည်းတွေ လာပို့တဲ့ ကျွန်တော့်အလုပ်က တပည့် လေးက မေးပေမယ့် ကျွန်တော်ငြင်းလိုက်တယ်။ Stay home နေတုန်း အပျင်းပြေ အိမ်ကို Decorations လုပ်တဲ့ ကိစ္စဟာ ကျွန်တော့်လို Interior decorations designer အတွက် ခက်ခဲလှတာမျိုးမှ မဟုတ်တာ။ ကျွန်တော် ကျွန်တော့်ကောင်မလေးနဲ့ ဒီကာလမှာ အတူနေရင်း သူ့အိမ်ကို ပြင်ပေး မလို့ဆိုပြီး သူတို့ကို ပစ္စည်းတွေ လာပို့ခိုင်းလိုက်တာ။
´´ရတယ်၊ အိမ်ကိုသာ သေချာပြန်၊ ကျန်းမာရေးကို ဂရုစိုက်ကြ… ရော့ ဒါက မုန့်ဖိုးနဲ့ လမ်းစရိတ်’“
သူအပါအဝင် ကျန်တဲ့ကောင်လေးတွေကိုပါ မုန့်ဖိုး ခပ်များများ ပေး
« Covid-19 second wave . stay home ף လူတော်တော်များများက အပြင်မှ မထွက်ကြတော့တဲ့ဟာ မြပျောက်နေတာ ကိုလည်း ဘယ်သူမှ သတိမထားမိကြပါဘူး။ နဂိုကတည်းက မြဟာ ပတ်ဝန်း ကျင်နဲ့ အဆက်အဆံမှ မရှိတဲ့သူကိုး။
ကောင်လေးတွေ ပြန်သွားတော့ ခုတင်အောက်ထဲကနေ ပလတ် ့စတစ်အကြည်တွေနဲ့ အထပ်ထပ်ပတ်ပြီး ဝှက်ထားတဲ့ မြရဲ့အလောင်းကို ဆွဲထုတ်လိုက်တယ်။ ကျွန်တော် သူ့ကို အကောင်းဆုံးဝှက်ရမယ် မဟုတ် လား။ မြရဲ့ သွေးတွေစွန်းနေတဲ့ ခေါင်းအုံးစွပ် အပြာရောင်ကို တော့Coating ကောင်းကောင်းလုပ်၊ ဘောင်ကြက်ပြီး ပန်းချီကားလိုမျိုး အိပ်ရာ ခေါင်းရင်းက နံရံမှာ ကပ်ထားမယ်လို့ ကျွန်တော် စိတ်ကူးထားတယ်။
[၅]
မြရဲ့ အိမ်ရှင်အဒေါ်ကြီးက အတော်သဘောကောင်းပါတယ်။ ကျွန်တော် ဟာ မြရဲ့ ရည်းစားပါဆိုတဲ့အကြောင်းကို မြနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံတွေ ကနေ ယုံကြည်ပေးရှာတယ်။ Covid ကာလ နယ်ပြန်သွားတယ်လို့ ပြော တာကိုလည်း ယုံကြည်ရှာတာပါပဲ။ အင်း ကျွန်တော်ပေးတဲ့ အိမ်လခ တစ်နှစ်စာ မျက်နှာကြောင့်လည်း ပါမှာပေါ့။
မြနေတဲ့ အခန်းတည့်တည့် အောက်ထပ်အခန်းက အိမ်ပိုင်ရှင်ရဲ့ ညီမ အခန်းလေ။ ဒီအခန်းမှာ အတွင်းပိုင်းပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတာကို သူတို့ သတင်းပို့လိုက်လို့ ဒီမိန်းမကြီးက လာကြည့်ပုံပါပဲ။ ကျွန်တော်က ကျွန်တော်နဲ့မြ လက်ထပ်တော့မှာမို့ မြမရှိတုန်း အိမ်ကို နည်းနည်းပြင်န တာပါဆိုတဲ့အကြောင်း၊ မြက မိဘတွေက ပြန်ခေါ်လို့ ပြန်သွားရင်း မြတို့မြို့ က Lockdown မို့ ပြန်လာလို့ မရသေးတဲ့အကြောင်းတွေကို ရွှန်းရွှန်းဝေ ပြောပြလိုက်ရတယ်။
တကယ်တော့ မြမှာ မိဘလည်း မရှိသလို၊ ဘယ်နယ်မှာမှလည်း မနေဘူးထင်တာပဲ။ ကျွန်တော်နဲ့ သိခဲ့၊ ပတ်သက်ခဲ့တဲ့ တစ်နှစ်တာကာလ တစ်လျှောက်လုံး မြရဲ့မိဘဆိုတာတွေဆီကလည်း ဖုန်းတောင်မလာဖူး သလို၊ မြကလည်း ဘာမှပြောတာ မကြားဖူးဘူး။ ဒါတွေကိုလည်း ဒီမိန်းမ ကြီး သိပုံမရပါဘူး။ သူက သူ့အိမ်ပျက်စီးသလားကိုပဲ စိတ်ဝင်စားတာ။ ဒါပေမဲ့ သူ့အိမ်ရဲ့ အတွင်းပိုင်းဟာ အရင်ကထက် အများကြီး လှပြီးကောင်းသွားတော့ ကျေနပ်သွားပုံပါပဲ။
´´နောက်ဆို တစ်ခုခုပြင်ချင်ရင် အန်တီကို ကြိုပြောပါကွယ်၊ သူများ ပြောမှ သိရတာကျ မကောင်းဘူးပေါ့”ဆိုတဲ့စကားကို ပြောပြီး အိမ်လခ တစ်နှစ်စာနဲ့ ပြန်သွားတာပါပဲ။ အလကားမိန်းမကြီးတွေ…. ပိုက်ဆံရယ်၊ အပြုံးချိုချိုရယ်၊ တစ်ယောက်ယောက်ဆီက နာခံတဲ့ ယဉ်ကျေးပျူငှာတဲ့ စကားသံရယ်ပဲ သူတို့ဘဝမှာ အရေးကြီးတာ။ ညကျမှ မြရဲ့ဖုန်း Viber ကနေ အန်တီရေ ဘာညာနဲ့ သူယုံအောင် ရွှီရှောင်တွေ ထပ်ပြောရမယ်။ ပင်ပန်းတယ် မြရယ်… နင်နဲ့ အတူနေနိုင်အောင် လုပ်ရတာ ပင်ပန်း
လွန်းတယ်…”
[၆]
``နင် နောက်ဆုံးမှာတော့ ငါ့ကြောင့် မျက်ရည်ကျဖူးသွားရတာပဲ မဟုတ်ဘူးလား“
မြဟာ သူ့ထုံးစံအတိုင်း နှုတ်ခမ်းလေး တစ်ဖက်တည်းကို တွန့်ကွေးပြီး ပြုံးတယ်။ ကျွန်တော့်ကို အနိုင်ယူနေကျ လှောင်ပြုံးမျိုး။ ပြီးတော့ လည်ပင်း က ဓားရာကို လက်ညှိုးထိုးပြတယ်။ ကျွန်တော့်ကြောင့် မဟုတ်ဘဲနဲ့ ဓား ဒဏ်ရာကြောင့်ပါပေါ့။ မြဟာ အမြဲတမ်း `နင့်အတွက် ငါမျက်ရည်ကျရ လောက်အောင် နင်က ဘာကောင်မို့လို့လဲ“လို့ ကျွန်တော့်ကို ပြောနေကျ။ သူပြောလိုက်တိုင်း ရင်ထဲက တဆစ်ဆစ်အောင့်မျက်နေအောင် ကျွန်တော် နာတယ်။ အခုတော့ သူမပြောနိုင်တော့ဘူး… အမူအရာနဲ့ လုပ်ပြနေတာ တွေကိုတော့ ကျွန်တော်မကြည့်ရင် မမြင်ဘူးမဟုတ်လား။ မြဟာ ကျွန်တော်နဲ့ နောက်ဆုံးရှိနေခဲ့တုန်းကအတိုင်း ဝတ်လစ်စလစ်နဲ့ပဲ။ ကျွန်တော်သိတယ်… ဒါ မြအစစ်မဟုတ်ဘူးဆိုတာကို… ဒါပေမဲ့ ဒီပုံရိပ် ကို ကျွန်တော်လုံးဝကို ဖျောက်မပစ်ချင်ဘူး။ ကျွန်တော်ကလွဲပြီး မြကို ဘယ်သူမှ မတွေ့ရတော့ဘူးဆိုတာဟာ ကျွန်တော် အဖြစ်စေချင်ဆုံးကိစ္စပဲ မဟုတ်လား။
မြ… ဒီည ငါ့အနားမှာ နေပေးပါလား”
မြဟာ ပခုံးကိုတွန့်ပြီး ရေချိုးခန်းထဲကို ဝင်သွားတယ်။ အသက်ရှင်န တုန်းကရော အခုရော မြဟာ ကျွန်တော့်စကားကို နားထောင်ဖို့ စိတ်ကူး လုံးဝ ရှိပုံကို မရဘူး။
နင် … ငါ့ကို အမြဲတမ်း အနိုင်ယူနေတော့မှာလား မြရယ်”
ကျွန်တော် ရေချိုးခန်းထဲကို လိုက်ဝင်ခဲ့တယ်။ Bathtub ထဲဝင်ထိုင်ပြီး ဆေးလိပ်သောက်တယ်။ ဒီညတော့ မြဟာ ကျွန်တော့်မျက်စိရှေ့ ထပ်ပြီး ပြန်ပေါ်လာတော့မယ် မထင်ဘူး။
ကျွန်တော် သက်ပြင်းမောတွေကို မှုတ်ထုတ်ပစ်ပြီး Bathtub ထဲကို ပက်လက်လှန် လှဲချလိုက်တယ်။ Repeat နဲ့ အမြဲလိုလို ဖွင့်ထားတဲ့ သီချင်း ကို Bathtub ရဲ့ ကြမ်းပြင်ကို ပုတ်ပြီး စည်းချက်လိုက်ရင်း တိုးတိုးကလေး လိုက်ညည်းနေလိုက်တယ်။ Bathtub နဲ့ ရေချိုးခန်းရဲ့ မူလကြမ်းပြင်ကြား မှာ ကျွန်တော်ထည့်ပြီးမြှုပ်နှံထားတဲ့ မြလည်း ကြားနိုင်အောင်လို့လေ။
ဥုံ- ဥုံဖွပါ ချစ်သူ… ဥုံဖွပါ ချစ်သူ…
Comments