အပိုင်း - ၄(ဇာတ်သိမ်း) `` ကမ္ဘာဦးကျမ်းမှာ ဆိုထားတာက (အာဒန်နှင့်ဧ၀) ဟာ မိတ်ဆွေတို့ ပြောတဲ့ ထာ၀ရ ဘုရားကို မြင်ဖူးကြသတဲ့ ၊ (နောဧ)ဟာလည်း သေသေချာချာ မြင်ရသတဲ့ ၊ (ရာကုတ်)ကတော့ မြင် ယုံတင်မကဘူး ၊ထာ၀ရနှင့်နပန်းတောင်ချကြသေးတယ်။ မိုးလင်းခါနီးကျတော့ ထာ၀ရဘုရားက လွတ်ခိုင်းတာကို မလွတ်တာနဲ့ ဝိညာဉ်တော်သက်သက် ရှိတဲ့ ထာ၀ရဘုရားက လက်သီးနှင့် ထိုး လိုက်လို့ ပေါင်ကျိူးသွားသေးသတဲ့ ၊ ကဲ…. အဲဒါ ဝိညာဉ်သက်သက် ထာ၀ရဘုရားမှာ လက်သီး ဘယ်ကရသလဲ စဉ်းစားကြပါ ´´။ `` အီဘရာဟင် ဆိုတဲ့လူက သူလည်း တွေ့ဖူးပါသတဲ့ ၊ ဒါတင်မက တစ်နေ့မှာ ထာ၀ရ ဘုရားဟာ အီဘရာဟင်အိမ်ကို လာပြီးတော့ ညစာတောင် စားသွားပါသေးသတဲ့ ၊ မောရှေက လည်း သေသေချာချာ မြင်ရတဲ့ လူပဲ ၊ အဲဒီတော့ ဓမ္မကျမ်းက ထာ၀ရဘုရားကို မြင်ဖူးတွေ့ဖူးသူ ငါး ယောက် ရှိမနေပေဘူးလား ၊ ဒီလိုဆိုရင် ဝိညာဉ်သက်သက် ဖြစ်တယ်ဆိုတဲ့ စကားကို မစဉ်းစား ထိုက်ဘူးလား ၊ စဉ်းစားကြပါ အရမ်းမယုံကြပါနဲ့´´။ `` ပြီးတော့ နာမ်ဝိညာဉ်သက်သက်ဖြစ်လို့ ပုံသဏ္ဍာန်မရှိဘူးတဲ့ အဲဒါသိရဲ့သားနဲ့ တ မင်သက်သက်ပြောတာ ၊ သူတို့ ထာ၀ရဘုရားရဲ့ ပုံဏ္ဍာန်ကို ဓမ္မဟောင်းကျမ်းမှာ ပါတဲ့အတိုင်း ပြော ရမှာ နည်းနည်း ရှက်တာနဲ့တူတယ်လို့့ ယူဆနိုင်စရာ ရှိပါတယ်။...
https://t.me/TheBookR