Skip to main content

Posts

Showing posts with the label တက္ကသိုလ်ဘုန်းနိုင်

သူ့ကျွန်မခံပြီ (၁၅)ဇာတ်သိမ်း

ဒုဋ္ဌဝတီမြစ်လျှင် စီးသွင်ညိုရစ် ဝိုက်လည်အပ်သော ကြွက်နဖားတောင်ခြေမှာပင်ဖြစ်ပါ၏။ လမဲ့သဖြင့် ကြယ်ရောင်တို့သာ မှုန်မှုန်ဝါးဝါးရှိသည်။ ဗိုလ်သူရိန်သည် စောရှင်ဦး၏ကိုယ်ကလေးအား ဝါးရုံပင်ရိပ် မြေညီညီဝယ် အသာချလိုက်သည်။ ဘေးရှိလူများအား ဂရုမပြုမိ။ ရှက်ရန်လည်းမသိ။ စိုးရိမ်ရန်လည်း သတိမရ။ ချစ်သူ၏ ဖြူဖျော့သောမျက်နှာအား စူးစိုက်ကြည့်ရင်း အံကြိတ်လျက်မှ မျက်ရည်များ ပေါက်ပေါက်ကျမိသည်။ ခင်ဘုန်းနှင့်စောနော်မောင်က အနီးတွင်ဒူးထောက်ထိုင်လာသည်။ “ဘယ့်နှယ်လဲ သွေးသောက် မျှော်လင့်ချက်ရှိပ့ါမလား ” စောနော်မောင်က မေးသည်။ ဗိုလ်သူရိန်က မော့မကြည့်။ ခေါင်းကိုသာ ဖြည်းလေးစွာခါသည်။ “အောင်ပင်လယ်ရွာမှာ ဝင်ပြီး ဒဏ်ရာကို ဆေးတစ်ခါထည့်ခဲ့ပြီးပြီ ဒါပေမယ့် ခုတောင်သတိမရသေးဘူး” အံကြိတ်ရင်း ဗိုလ်သူရိန်က ဆိုသည်။ထိုအခိုက်တွင် ခပ်လှမ်းလှမ်းမှ လူသံသူသံများကြားရသည်။ မကြာမီပင်သွေးသောက်ကြီးမြတ်ကျော်ပေါ်လာသည်။ “ဗိုလ်မှူးတို့ တောင်ခြေမှာ မိုးနဲစော်ဘွားမင်းနဲ့ နတ်မောက်မြို့မှအထောက်တော်များ ရောက်နေတယ် ညောင်ရွှေစော်ဘွားကြီးလဲ လဲချားမိဖုရားနဲ့ မင်းသားကိုဆောင်၍ ကုလားဖြူတို့ကိုတိုက်ရန်ရှောင်ထွက်လာပါတယ်” ဗိုလ်သူရိန်က ဗိုလ်ကျော်ခေါင်နှင့် ဗိုလ်မင်းထင်တိ...

သူ့ကျွန်မခံပြီ (၁၄)

တန်ဆောင်မုန်းလပြည့်ကျော် ခုနှစ်ရက်နေ့တွင် အင်္ဂလိပ်တပ်သင်္ဘော သုံးဆယ့်ငါးစင်းအနက် နှစ်ဆယ့်ရှစ်စင်းသည် အမြောက်တင်တွဲသမ္ဗာန်ကြီးများနှင့် ဆန်တက်လာ၍ မန္တလေး ရတနာပုံရွှေမြို့တော်အနောက်မျက်နှာ ဂေါဝိန်တံတားဆိပ်ကမ်း၌ ဆိုက်ကပ်မိသည်။ထို့နောက် အင်္ဂလိပ်ဗိုလ်ချုပ်ကြီးက ကင်းဝန်မင်းကြီးထံ စာစေသည်။ စာ၏အဓိပ္ပါယ်မှာ “ကင်းဝန်မင်းကြီး ဂေါဝိန်သင်္ဘောဆိပ်သို့နံနက် ဆယ့်တစ်နာရီအချိန်လာပါ။ ဤအချိန် မြန်မာဘုရင်မင်းမြတ်ပါလျှင် သာ၍ကောင်းပါသည်။ မလာရောက်ခဲ့လျှင် အလိုရှိရာ ပြုရပါလိမ့်မည်။” ဟုပါရှိသည်။ ယင်းသည့်အခါ ကင်းဝန်မင်းကြီးသည် ကွမ်းရေကိုင် နောက်ပါလူအနည်းငယ်နှင့် ဆင်စီး၍ ဂေါဝိန်ဆိပ်ရှိရာသို့ အပြေးအလွှား ထွက်ခဲ့သည်။ သို့ရာတွင် မြစ်ဆိပ်မရောက် အင်္ဂလိပ်စစ်သည်တို့ ဂေါဝိန်ဆိပ်ကမ်းမှ ကုန်းကြောင်းချီတက်၍ လာနေသည်ကို မြတောင် ကျောင်းတိုက်အနောက်ဘက်လမ်းခရီူးတွင်တွေ့ရှိသည်နှင့် မရပ်မနားပဲ ပြန်လာခဲ့ရသည်။ အင်္ဂလိပ်စစ်သည်တို့ နေ့နာရီပြန်တစ်ချက်တွင် လွှတ်တော်သို့ ဆိုက်ရောက်လာကြသည်။ ထို့နောက် နန်းတော်သစ်တပ်တွင်းရှိ လက်နက်တိုက်မှ အမြောက်စိန်ပြောင်း၊ သေနတ်၊ ဓား၊ လှံ၊ ခဲယမ်းကျည်ဆန်စသည်များအား သိမ်းယူ၍ ဗဟိုရ်စင်အနီးသို့ စုပုံစီတန်းထ...

သူ့ကျွန်မခံပြီ (၁၃)

ရတနာပုံရွှေမြို့တော်၏ အိပ်မက်ဆိုးမှာလည်း စခဲ့သည်။ သီတင်းကျွတ်လကွယ်၁၄ ရက်နေ့၌ အင်္ဂလိပ်ရာဇသံအား ငြင်းဆန်ကာနှစ်ပြည်ထောင်၏ မပြေလည်သော ပြဿနာအရပ်ရပ်အား ကြားနေမဟာမိတ်နိုင်ငံတစ်ခုခု၏ ခုံပြု အဆုံးအဖြတ်ကို နာခံမည်ဟု ပြန်ကြားလိုက်သည်။ မကျေနပ်သော အင်္ဂလိပ်တို့က စစ်ကြေညာကာ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် နယ်စပ်ကျောက်တိုင်ကိုကျော်ကာ ဟမ်ရှိုင်းယားနှင့် လီဗာပူးတပ်သားများ၊ ဝေလပြည်နှင့်စကော့တလန်ပြည်သားတပ်သားများ၊ ဘင်္ဂလားခြေလျင်တပ် အမှတ်၂နှင့် အမှတ် ၁၁ တပ်သားများ၊ မဒရပ်ခြေလျင်တပ် ၁၁-၂၁-၂၅တပ်သားများ စသည်ဖြင့် အမြောက်နှစ်တပ်အပါအဝင် စစ်သည်အင်အားတစ်သောင်းကျော်အား ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်စ်(Major  General Prenderagast V.C) အုပ်ချုပ်၍ ရေကြောင်းချီတက်လာသည်။ ပထမနေ့တွင်လည်း အီတာလျံဗိုလ်မှူး ကွမ်မိုတို၏ သင်္ဘောအားအင်္ဂလိပ်တို့ လက်ရဖမ်းမိသည်။ မင်းလှရောက်သော် အင်္ဂလိပ်စစ်ကူတစ်သောင်းငါးထောင် နောက်ထပ် ဆိုက်ရောက်လာသည်။ မင်းလှခံတပ်မြို့နှင့် ဂွေးချောင်းကံမြို့တွင် တစ်ချီ အပြင်းအထန် ရင်ဆိုင် တိုက်ရပြီးနောက် မြန်မာစစ်သည်တို့ မရှုမလှဆုတ်ရသည်။ ကွမ်မိုတိုနှင့်သူ့ရဲဘော် မိုလီနာရီ(Molinari) တို့မှာလည်း ...

သူ့ကျွန်မခံပြီ (၁၂)

ရတနာပုံနေပြည်တော်၏ အရှေ့တောင်စူးစူးဝယ် ရှမ်းရိုးမတောင်တန်းကြီးနှင့် ကပ်ယှဉ်လျက်သစ်၊ မြက်၊ ဝါးရုံတော အဖုံဖုံတို့ ဝိုင်းအုံရုံညှပ်ဒုဋ္ဌဝတီမြစ်လျင်သွင်သွင်ခွေပတ်ဝိုက်လည်အပ်သော ဘုံထွတ်ဆောင်ဆောင်ဖြင့် မှိုင်းမှောင်မြင့်မားလှသည့် မြလိပ်တောင်ခေါ် ကြွက်နဖားတောင်တန်းကြီး ရှိသည်။ တန်ဆောင်မုန်း ဆောင်းဦးကာလ၏ ညတစ်ညဖြစ်သဖြင့် နှင်းမှုန်တို့ကျဆင်းနေသည်။ ကြယ်တာရာ နက္ခတ် ပြည့်စုံလတ်သည့် ကောင်းကင်၌ လေးရက်သား ဆန်းစလအကွေးသည်မြှေးမြှေးမြမြ ထွန်းပလျက်ရှိ၏။ ကြွက်နဖားတောင်၏ အနောက်ဘက်နံရံ တောင်စွယ်တစ်ခု၏ထိပ် ဝါးရုံရိပ်၌ စောရှင်ဦးသည်ဗိုလ်သူရိန်၏ ရင်ခွင်၌ မှီလျောင်းရင်း မြို့တော်ဘက်သို့ငေးကြည့်နေသည်။ ချစ်သူနှစ်ဦးမှာ စကားမဆိုကြ၊ ဆိုစရာလည်းမလို၊ ဆိုဖွယ်တို့သည်ကုန်ခဲ့ပေပြီ။ထောင်အတွင်းမှ အသက်ဆံဖျား လွတ်လာခဲ့ပြီးသည့် နောက်ပိုင်းရက်များအတွင်း ဗိုလ်သူရိန်မှာ ဤတောင်ခြေတစ်နေရာ၏ လျှို့ဝှက်စခန်း၌ အပြင်းဖျား၍ လဲလျက်နေခဲ့သည်။ သူ့အား ရန်သူ့ဓားထက်မှအသက်ကယ်ခဲ့သော စောရှင်ဦးနှင့် ဗလကြီးတို့မှာ အဖျားလက်မှဆက်လက် အသက်လုပြုစုခဲ့ရပြန်သည်။ ယခုမူ နာလန် ထ၍ကောင်းစွာ အားအင်ပြည့်ခဲ့လေပြီ။ ဤအချိန်တွင်ပင် တစ်ညကာလ ခွဲမည်ခဏ၌ ကျိုးပျက်ခဲ့ရသည့် ဟ...

သူ့ကျွန်မခံပြီ (၁၁)

ပေါက်လှထင်သည်အတိုင်းပင် ဗိုလ်သူရိန်မှာ နာမည်ကျော်ထောင်ကြီးအတွင်းရှိ မှောင်မည်းစိုထိုင်းသော အလုံခန်းလေးတစ်ခုအတွင်း၌ ထိတ်တုံးခတ်လျက်ရောက်နေသည်။ထောင်ကြီး၏ ကြောက်မက်ဖွယ် သတင်းဆိုးတို့အား ယခင်က ကြားသာကြားခဲ့ဖူးသည်။ ယခုမူကိုယ်တိုင်ရောက်ရှိနေရလေပြီ။ မိမိ၏ ပယောဂမကင်းပဲ ဤထောင်တွင်းသို့ ရောက်ရှိခဲ့၍ ဤထောင်တွင်း၌ပင်လည်မျိုကို ကတ်ကြေးနှင့် ထိုးကာ အသက်ကို အဆုံးစီရင်သွားသည့် လူရမ်းကားကြီး ရနောင်မောင်မောင်တုတ်အား သွားသတိရသည်။ ဤအခန်းသည်ပင်လျှင် မောင်မောင်တုတ်နေသွားသော အခန်းပင်လော မပြောတတ်။ မိမိသည်လည်း မောင်မောင်တုတ်နည်းတူ ဇာတ်သိမ်းရမည်လော၊ သို့မဟုတ် ပိုမိုဆိုးရွားစွာ ဇာတ်သိမ်းရမည်လောမသိ။ မိမိကိုယ်ရေးမှသည် ခရီးထွက်သွားသော ငယ်သားနှစ်ဦးအတွက်ပူမိသည်။ လွတ်မှ လွတ်ကြပေမည်လော မပြောတတ်။ အတွေးတို့မှာဆက်ခဲ့ကာ ဗိုလ်မင်းထင်နှင့် ခင်ဘုန်းတို့ထံ ရောက်သွားပြန်သည်။ တစ်နွယ်ငင် တစ်စင်ပါ လိုက်တတ်သော မြန်မာ့ရာဇဝတ်ထုံးစံကိုနားလည်သဖြင့် ၎င်းတို့အတွက်လည်း စိတ်မအေး။ ယခုအချိန်ဆိုလျှင်ဤမောင်နှံလည်း မိမိနည်းတူ ဤထောင်ကြီးအတွင်းသို့ ရောက်ချင်ရောက်နေပေမည်။ လူတို့သည် ဘေးရောက်သည့်အခါ အားကိုးရာကို အမှတ်ရစမြဲဖြစ်သည်။ ပထမဦးစွာ နန်းတော်မ...

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၁၀)

မိတ်ဆွေလေးဦးတို့ ဤသို့ဖြစ်ပျက်နေချိန်တွင် ပေါက်လှမှာလည်းသင်္ကန်းကြီး ဖိုးရိုးဖားရားနှင့် အမရပူမြို့ဘက်သို့ မြင်းကို ဒုန်းစိုင်းနှင်လျက်ရှိသည်။ကံအားလျော်စွာ ယာယီတဲတစ်ခု၏နောက်၌ လှမ်းထားသော အဝတ်အစားတစ်စုံကို တွေ့သဖြင့် ဝင်ရုပ်ခဲ့ပြီး ချုံကွယ်တစ်ခုတွင် သင်္ကန်းချွတ်၍ လူဝတ်လဲလိုက်သည်။ ထို့နောက်ခရီးကိုဆက်ပြန်သည်။အမရပူရအစွန်သို့ရောက်သော် မြင်းတစ်စီးသည် မိမိ၏ရှေ့တူရူမှအပြင်းစိုင်းနှင်လာသည်ကို တွေ့ရ၏။ ပထမသော် ပေါက်လှသည်ရှောင်လွှဲသွားမည်ကြံသေးသည်။ သို့ရာတွင်တစ်ဦးချင်းဖြစ်နေသည်ကိုသတိရသဖြင့် မမှုဘဲ ရှေ့ဆက်တိုးလာသည်။ အနီးရောက်သော်ပေါက်လှမှာ အံ့အားသင့်သွားကာ နှုတ်မှလည်း လှမ်းခေါ်လိုက်မိသည်။ “ဟေး ကိုရင်ဒွန်းဦး ဘယ်လဲ” ရှေ့မှလာနေသူမှာ ပေါက်လှနှင့် တစ်တပ်တည်းနေ အကြပ်ကြီးဒွန်းဦး ဖြစ်သည်။ “အလို ပေါက်လှ ဘယ့်နှယ်လှည့်ပြန်လာလဲ” “အရေးရှိလို့ပေါ့ တပ်ကိုသွားမလို့ ကိုရင်ကကော ဘယ်လဲ” ဒွန်းဦးက ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်၍ ပေါက်လှနားကပ်ကာ တိုးတိုးဆိုသည်။ “တပ်ကိုသွားရင်သေမင်းပါးစပ်ထဲ ဝင်တာနဲ့ တူနေလိမ့်မယ် အခုဗိုလ်မှူးကိုဖမ်းသွားပြီ” ပေါက်လှ၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ သူ ခဲလေသမျှသဲရေကျပေပြီ။  “ဖမ်းသွားပြ...