ရန်ကုန်စောစောအိမ်ပြတင်း ကို ဖွင့်ကြည့်လိုက်တာနဲ့ အိမ်ဦးမှာစိုက်ထားတဲ့ စွယ်တော်ပင်ကလေးကို မြင်ရတယ်။ ဒီစွယ်တော်ပင်ကလေးကို မြင်ရတိုင်း ကျွန်တော့်စိတ်က ကြည်နူးကျေနပ်ခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒီစွယ်တော်ပင်ရဲ့ အရွက်လေးတွေက ကျွန်တော့်ရင်ကို ပူလောင်စေလိမ့်မယ်လို့ ကြိုတင်မသိခဲ့ပါဘူး။ ပြတင်းပေါက်က ကြည့် လိုက်တော့ စွယ်တော်ပင်ကလေး ရဲ့ မဟူရာအစိမ်းရောင်စွယ် တော်ရွက်ကလေးတွေ လေပြည် ထဲမှာ ယိမ်းကနေတာကြည့်လို့ သိပ်ကောင်းပါတယ်။ မနက်ခင်း နေခြည်အောက်မှာ စွယ်တော် ရွက်နုနုလေးတွေပေါ် နေရောင် ထိုးတော့ စိမ်းနုဝါလင်းလက်နေ တာကြည့်မဝပါဘူး။ စွယ်တော် ပင်ကလေးတောင်မှ အရွယ်တော် တော််ကြီးလာပြီ။ ဒီစွယ်တော်ပင် ကလေးနဲ့ ကျွန်တော်တို့ရဲ့ သမီး ကလေးတို့က သက်တူရွယ်တူမို့ ရှစ်နှစ်ရှိပြီပေါ့။ ကျွန်တော်တို့ရဲ့ သမီးလေး နာမည်က ‘ခိုင်စံပယ်ဝေ’ တဲ့။ ကျွန် တော်ရဲ့ တစ်ဦးတည်းသောသမီး လေး။ ကျွန်တော်တို့မိသားစုရဲ့ အသည်းကျော်သမီးလေးပါ။ ခိုင် စံပယ်ဝေကို ကျွန်တော်ရော ကျွန် တော့်ချစ်ဇနီးကပါ တုန်နေအောင် ချစ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် ရောင်ခြည်လေး ပေါ့။ သမီးလေးကိုခိုင်စံပယ်ဝေဆိုတဲ့ နာမည်ပေးဖြစ်တာကလည်း အကြေ...
https://t.me/TheBookR