Skip to main content

Posts

Showing posts with the label သိန်းဖေမြင့်

တက်ဘုန်းကြီး ၂၂(ဇာတ်သိမ်းပိုင်း)

အခဏ်း။ ၂၂ ။ (ဇာတ်သိမ်းပိုင်း) မစောညွန့်သည် ထိုင်နေရာမှ ထ၏။ ဘာလုပ်ရမည်ကိုမသိ။ နောက်ဖေးဘဲ သွားရမည်လား။ ဘုရားစင်ကို သွားပြီး ဘုရားဘဲ ရှိခိုးရမလား၊ အိမ်ရြှေ့ပတင်းပေါက်ကနေပြီး လမ်းမကြီးကို ကြည့်နေရတော့မလား။ ခြေကို မကြွချင် ကြွချင်ဖြင့် ခေါက်တုံ့ ခေါက်ပြန် သွားလျှောက်နေလေ၏။ “ထွန်းရှိန် ... မင်း ဘယ့်နှယ်ထင်သလဲ” ဟု မေးလိုက်၏။ “ဘယ့်နှယ်ထင်ရအုံးမလဲ မမညွန့်ရယ်။ ဘုန်းကြီးမစစ်တဲ့သတ္တဝါ လူဝတ်နှင့်နေရင် ထမင်းငတ် အသုံးကြပ်မှာမို့ ... ဘုန်းကြီးဝတ်ပြီး နာမည်ကြီးအောင် ဓမ္မကထိကလုပ်၊ မိန်းမပိုး၊ ကဲ ... ဘယ်လောက်များအရုပ်ဆိုးသလဲ၊ ပိုးရုံ ပန်းရုံမကသေးဘူး၊ နှစ်ပါးသွားတော်မူလိုက်ကြသေးတယ်။ နှစ်ပါးသွားတာတောင် ရိုးရိုးမိန်းမနဲ့ သွားတော်မမူဘူး၊ သီလရှင်မှတဲ့ဗျ။ သီလရှင်ရော သေတာထောက်တော့ လင်ကြီးက သတ်တဲ့လက်ချက်ဘဲ၊ ကြည့် ... ဘုန်းကြီးဝတ်နှင့် ကျူးလွန်တာဟာ ရိုးရိုး ပါရာဇိကံ မဟုတ်ဘူး။ ပါရာဇိကံ သုံးထပ်ကြော့ လေးထပ်ကြော့ ဖြစ်နေဘီ။ ဒီလိုအမှုကြီးတွေကိုတောင် ပြုရဲတော့ ဒီထက်သေးတဲ့ အမှုကလေးတွေတော့ ဘယ်လောက်ဇက်ရဲမလဲ၊ ဒါကြောင့် ကျွန်တော် အရင်က မပြောဖူးဘူးလား မမညွန့်ကို၊ ဒီအကျင့်သီလမရှိတဲ့ ပုဂ္ဂိုလ်တွေ မလှူပါနှင့်လို့။ ကြည့်စမ်း၊ မမည...

တက်ဘုန်းကြီး ၁၉,၂၀,၂၁

#တက်ဘုန်းကြီး အခဏ်း။ ၁၉ ။ လေးဆယ်ကျော်မှ ကံပေါ်ရသော အပျိုကြီးတကာတို့၏ ရှင်စောပု(ဝါ) ဘုရင်မ မစောညွန့်သည် ရီးစားထားရသည့်အရသာ အသိနောက်ကျလေခြင်းဟု သက်ပြင်းချမိလေ၏။ ခေတ်ကာလ တက်အပျိုကလေးများမှာများသောအားဖြင့် အသက် ဆယ့်လေးငါးနှစ် ရောက်လျှင် ရီးစားထားခြင်း၏ သိင်္ဂါရသ၊ ရတိဘာဝ၊ ဗျဘိစာရီဘာဝ၊ ဝိဘာဝ၊ အနုဘာဝ အားလုံးကုန်ကို သိရှိကြပြီးဖြစ်သော်လည်း မစောညွန့်မှာ ယခု အသက် ၄၄- နှစ်ရောက်ခါမှ ချစ်ခြင်း၏ဘာဝ အမျိုးမျိုးကို သိစပျိုးခါရှိသေး၏။ တခါတခါ ငါဘာကြောင့် ဘုန်းကြီးကိုမှ ချစ်မိပါလိမ့်ဟုမေး၏။ “ သဒ္ဓါလွန်လို့ တဏှာဖြစ်တာမျိုးဘဲ” ဟု သိရှိ၏။ သဒ္ဓါတရားအပြင် သနားစိတ်ပေါ်ပေါက်မှု၊ အားကိုးမှု၊ ကျေးဇူးတင်မှုများလည်း ချစ်ခြင်း၏အကြောင်းရင်း ဝိဘာဝတွေ ဖြစ်ကြောင်း နားလည်ပေ၏။  တခါတရံ သူနှင့် ဦးသုဓဇ (ဝါ) ကိုသန်းမြင့်တို့သည် အချစ်စခန်းဖွင့်၍ အချစ်သရုပ်ဆောင်နေသည်ကို တွေးမိ၏။ “တကဲ့ကို ချစ်တယ်လား ...” ဟု မေးလျှင် မိမိက “ရွှေဆံတော် စူးပါစေ့ ချစ်ပါတယ်။ ချစ်တာကို သရုပ်ပေါ်အောင် ဟောဒီလို လုပ်ပြရအုံးမှာလား” ဟု ဖြေရင်း “ရှဲရှူး” ခနဲ အသံရှည်ကြီးပေါ်လာအောင် ကျောက်ဖျာကို တံပူဖြင့် ချစ်ပြလေ၏။ “ဦးပဉ္စင်းကတော့ ဘယ်လောက်များ ချစ်သလဲလို...

တက်ဘုန်းကြီ ၁၅,၁၆,၁၇,၁၈

အခဏ်း။ ၁၅ ။ အချိန်မှာ ငါးနာရီမျှသာ ရှိသေးသော်လည်း ကောင်းကင်ပြင်အလုံးသည် နေဝင်ဆည်းစျာအချိန်တွင် မြင်ရသော တောင်စွယ် တောင်တန်းတို့ကဲ့သို့ ညိုမှိုင်းအုံ့ဆိုင်း၍နေလေ၏။ ဖြူမွဲမွဲအရောင်ရှိသော မိုဃ်းတိမ်မိုဃ်းသားတို့သည် အာကာခွင်ပင်လယ်ကြီး၌ ရွက်တိုက်၍ သွားနေကြ၏။ နေမင်းကြီးကား တရပ်တကျေးသို့ ထွက်ခွါသွားရသော ရီးစားသယ်သည် ချစ်သူကလေးအား နှုတ်ဆက်ခွင့်မရရှာသလို ကမ္ဘာသူ ကမ္ဘာသားတို့အား မျက်နှာထားချိုချိုဖြင့် နောက်ကျွန်းညို ဂေါရာသို့ မယွန်းခင် နှုတ်ခွန်းပင် ဆိုပါလိုသော်လည်း ထိုမိုဃ်းတိမ် နှောက်ယှက်သဖြင့် အောင့်သက်သက်ဖြင့် ဝင်ရရှာတော့၏။ မြောက်လေပြေကလေးသည် လောကဓါတ်ကြီးကို ထိပါးရိပါးနှင့် ကစားတိုးဝှေ့လာ၏။ ထိုအချိန်ကား အများအတွက် လွမ်းဘို့ဆွေးဘို့ အချိန်ဖြစ်၏။ မစောညွန့်အတွက်ကား ထူသောနှုတ်ခမ်းများကို စူစေသောအချိန်၊ မျက်ရစ်အကွပ်မရှိသော မျက်လုံးများတို့သည် ဒေါသမီးဖြင့် အလျှံထွက်စေသောအချိန်၊ ပန်းကန်ကွဲကို ဇွန်းကျိုးဖြင့် တီးသောအသံ၏ သာယာခြင်းဖြင့် တက်ခေါက်စေသော အချိန်ဖြစ်ပေ၏။ မစောညွန့်သည် လွန်စွာ ဒေါသဖြစ်နေ၏။ “တောက် .. စောက်မိုဃ်း ဖျက်တော့မယ်” ဟု ဟီးချပြီး မာန်လျက်ရှိလေ၏။  “ ရွာစေချင်တုန်းကတော့ မရွာဘူး။ ခု ...

တက်ဘုန်းကြီး ၁၄

အခဏ်း။ ၁၄ ။ ဦးသုဓဇသည် ပြည်မြို့သို့ ကုန်းကြောင်းဖြင့် ဆန်တက်ရာ လမ်းတွင်ရှိသော မြို့များ၌ တရားပွဲများ ကျင်းပလေသည်။ ဦးကျောက်လုံးကြီးကား တရားနာခံအဖြစ်ဖြင့် များစွာ ဝတ္တရားကျေပြွန်နေလေ၏။ သုံးဆယ်၊ သာယာဝတီ၊ မင်းလှ၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ ပေါင်းတည်မြို့တို့၌ တရားနာပရိသတ် အလွန်စည်ကားများမြောင်လှပေ၏။ ဦးသုဓဇသည် ဤသို့ တွေးမိ၏။ ဂါထာရွတ်ရာ၌ နာမည်ကျော်ကြားသော ဓမ္မကထိက၊ စကားပြေဟောပြောရာ၌ နာမည်ကျော်သောဓမ္မကထိက၊ သီချင်းနှင့်ရောစပ်၍ ဟောရာ၌ နာမည်ကျော်ကြားသောဓမ္မကထိက အစရှိသည်ဖြင့် သူ့ဘက်နှင့်သူ ဂုဏ်ပိုင်ပိုင်ကြီး စွမ်းကြသော ဓမ္မကထိကတွေ ပေါ်လှပြီ။ အမျိုးသားစိတ်ကြွအောင် ထည့်၍ဟောသော ကိုယ်တော်တွေကား သာယာဝတီ ဦးညေယျမှတပါး ရှားလှစွာ၏။ ငါသည် အမျိုးသားစိတ်ကြွစေမည့် တရားတွေကို ဟောလိုက်ချေက တမျိုးအကြိုက်တွေ့၍ ငါနာမည်ကြီးမည်။ လူကြည်ညိုများမည်။ အလှူအတန်း ဝပြောမည်။ သို့ကြောင့် ဦးသုဓဇသည် ကြို့ပင်ကောက်မြို့၌ ဝိဇယကုမ္မာဇာတ်ဝတ္ထုတရားကို ဟောကြားတော်မူရာ.... “အင်း ... မင်းပျိုမင်းလွင်ကလေးဟာ ညှင်းချင်တိုင်း ညှင်း၊ တေချင်တိုင်းတေပြီး တိုင်းနေပြည်သားတွေကို များများကြီး နှောက်ယှက်နေသတဲ့။ ပြီးတော့ သူ တပါးထဲ စော်ကားတာ...