Skip to main content

Posts

Showing posts with the label နီကိုရဲ

ကျွန်တော်နှင့် ကောက်ညှင်းပေါင်း

                    ထိုနေ့ နေ့ခင်းသည် တော်တော်ပျင်းဖို့ကောင်းသော မိုးရာသီ နေ့လည်ခင်း ဖြစ်ပါသည်။ ဆယ့်တစ်နာရီလောက်က မိုးက ကြမ်းကြမ်း ရွာသဖြင့် ကျွန်တော် တစ်မှေးလောက် ကွေးလိုက်သည်။ အခု အိပ်ယာက နိုးတော့ လူက လေးလံထိုင်းမှိုင်းနေသည်။ စိက်ကလည်း သွက်သွက်လက်လက် မရှိလှ။ မိုးတိတ်သွားသဖြင့် ပတ်ဝန်းကျင် စိမ်းစိုကာ ကြည့်၍ကောင်းနေသော်လည်း ကျွန်တော့်ခံစားချက်တွင် တစ်ခုခု လိုကာနေသည်။  ဒါနှင့် ဝရန်တာမှာထွက်ကာ ဆေးလိပ်ကလေး ဖွာရင်း လမ်းကို ငေးနေမိသည်။ ထိုစဉ်မှာပင် "ကောင်လှိုင်းချည်မုန့်၊ ထန်းသီးမုန့်၊ မုန့်ဦးနှောက်" ဆိုသော နာမည်များကို ဆွဲဆွဲငင်ငင် အော်ကာ ဖြတ်သွားသော ကောင်မလေးတစ်ယောက်ကို မြင်သည်။ မုန့်ကလေးဝယ်ပြီး ရေနွေးကြမ်းကလေးနှင့် တီးရမလားဟု ကျွန်တော် စဉ်းစားသည်။ သို့သော် ဆုံးဖြတ်ချက်က မကျ။ လူက တွေတွေဝေဝေဖြစ်ကာနေ၏။ ဈေးသည်ကတော့ ကျွန်တော် ချီတုံချတုံဖြစ်နေတာကို သိဟန်မတူ။ သူ့ပုံမှန်ခြေလှမ်းနှင့် ပုံမှန်အသံကို အော်ကာ လျှောက်သွား၏။ ခဏကြာတော့ လေဒီချပ်ပြားက သူ့ဗိုက်ကလေးကို လက်နှစ်ဖက်ဖြင့် အသာပင့်ကာ အိမ်ရှေ့သို့ ရောက်လာ၏။ ကျွန်တော့်လေဒီချပ်ပြားက ကိုယ်ဝန်လေး...

လူနှင့် သူတို့၏ဟာသများ

လူနှင့် သူတို့၏ဟာသများ - ၁  " ရယ်သံကို စားမြုံပြန်သူ နှင့် တွေ့ဆုံခြင်း " နီကိုရဲ    လောကတွင်ရှိသော သတ္တဝါများအနက် လူသည် ရယ်တတ်သော ၊ ရယ်နိုင်သော သတ္တဝါ ဖြစ်သည် ။ လူနှင့် တိရိစ္ဆာန်တို့၏ အဓိက ကွာခြားသော အချက်မှာလည်း ထိုအချက်သာ ဖြစ်၏ ။ တိရိစ္ဆာန်များသည် နာကျင် သည့်အခါ အော်ဟစ်နိုင်သော်လည်း ပျော်ရွှင်သည့်အခါ အမူအရာပြရုံမှ လွဲ၍ အသံထွက်ကာ မရယ်မောနိုင်ကြချေ ။ ထို့ကြောင့် ရိုးသားသော ပျော်ရွှင်မှုတစ်ရပ်နှင့် တွေ့သောအခါ အသံထွက်၍ အားရပါးရ ရယ်မောခြင်းကို လူတစ်ယောက်၏ ရပိုင့်ခွင့်အဖြစ် တိတိကျကျ လုပ်ရန် သင့်ပါသည် ။   ရယ်မောပျော်ရွှင်ခြင်းကို စတင် ကြုံတွေ့ကြရသည့်အခါ ထိန်းချုပ်တတ်သော သတ္တဝါမှာ မိန်းကလေးများ ဖြစ်ကြသည် ။ ထိုသို့ ထိန်းချုပ်ခြင်းမှာလည်း ရယ်ခြင်းနှင့် ပတ်သတ်၍ သူတို့၏ အလှအပ ၊ စာရိတ္တအပေါ်တွင် ဆုံးဖြတ်ထားသော အချက်အလက်များ ရှိနေသောကြောင့်ပင်ဖြစ်သည် ။ အသံကျယ်ကျယ်ဖြင့် အားရပါးရ ရယ်မောလျှင် မိန်းမကောင်း မဟုတ်ဟု သူတို့ ဆုံးမခံထားရသောကြောင့်သာ ဖြစ်သည် ။ သာမန်ရယ်စရာ နှင့်တွေ့လျှင် မိန်းကလေးများ ပြုံးတတ်ကြ၏ ။ တော်တော် ရယ်ရသော ကိစ္စနှင့် တွေ့လျှင် တခစ်ခစ် အသံပေးသည် ။ လုံ...