ဘကြီးမွှေး ဆိုသည်မှာက သက်တမ်းရှည် အရောင်းသမားကြီး တဦးဖြစ်သည်။ တခါက ကျနော့်ဆိုင်တွင်ထိုင် "ဘယ့်နှယ့်တုန်း ငါ့တူ အရောင်းအဝယ် တွင်ကျယ်ရဲ့လား" ဟု မေး၏။ ကျနော်က ပက်လက်ကုလားထိုင်တွင် လျောင်းလျက် စာဖတ်နေသည်ဖြစ်၍ အာရုံပျက်သည် မဖြေချင်။ သို့သော် ဤအပြုအမူသည် မကောင်း။ ဖြေရသည်။ "ဒီလိုပါပဲ ဘကြီးရ" ဟု တိုတိုတုတ်တုတ်ဖြေသည်။ သူက ထပ်မေးသည် ဂျာနယ် တနေ့ ဘယ်နှစောင် ရောင်းရသလဲ၊ စာအုပ်ကရော တနေ့ ဘယ်နှအုပ်ရသလဲ။ သိပ်မရောင်းရပါ။ ဟု ကျနော်ကပြန်ဖြေရ။ ထိုကစ သူက သူ့ဇာတ်လမ်းကို စပါသည်။ ဒါမျိုးဆိုလျှင် ကျနော်ကလည်း စာဖတ်ရသည်ထက် ပိုဝါသနာပါလှ၍ နားထောင်ရန် နောက်မီကုလားထိုင်ကို နည်းနည်းဖြောင့်ကာ နားစွင့် စိတ်ဝင်စားဟန်ပြပါသည်။ ကျောက်ဆည်မှာ ငါ စျေးရောင်းတာ နှစ်ဆယ့်နဲ့ခြောက်နှစ် ရှိပြီ။ ငါ မရောက်ဖူးတဲ့ နေရာဆိုတာ ကျောက်ဆည်မှာ မရှိ။ ဒီနေ့ဆိုရင် အခု ဘယ်နှနာရီ ရှိပြီလဲ။ ၂ နာရီ။ ဒါ ငါ တဖြတ် နားတာ။ ရောင်းကြေး တစ်သောင်းနဲ့ ရှစ်ထောင်ရပြီ။ အမြတ်က ခြောက်ထောင် ခုနစ်ထောင် ပြေးမလွတ...
https://t.me/TheBookR