မဖဲဝါသိုက်လို့ကျူပ်ကပြောလိုက်တော့ သိပ်ကိုအံ့သြကြမှာပေါ့ ၊ မဖဲဝါကဥစ္စာစောင့်မှမဟုတ်တာ ဘယ်လိုလုပ်ပြီးသိုက်ရှိမှာတုန်းပေါ့ ။ တကယ်တော့ သချိုင်းတစ်ရာကိုအပိုင်စားရထားတဲ့ မဖဲဝါကြီးမှာ သူအပိုင်စားရထားတဲ့ သချိုင်းတွေထဲကို ရောက်လာတဲ့ ဥစာမှန်သမျှသူပိုင်ပြီးသားဗျာ။အားလုံးဟာ သူပိုင်တဲ့ဥစ္စာဖြစ်သွားတာ။ကျူပ်လည်းအစကမသိပါဘူးဗျာ။ ငွေတွင်းကုန်းက ကိုဘပွား။ကျူပ်ဆီကိုရောက်လာရာက စသိခဲ့တာပေါ့၊ ကိုဘပွားနဲ့ကျူပ်က နဂိုကတည်းက ခင်တာဗျ.လူကအရပ်ရှည်ရှည်.ကိုယ်လုံးတောင့်တောင့် နှာတံပေါ်ပေါ်နဲ့ဥပတိရုပ်ကောင်းကောင်းပါပဲ။ဒါပေမယ့် ကိုဘပွားကသနားဖို့ကောင်းတယ်ဗျ. ငွေတွင်းကုန်းသားတွေကသူ့ကွယ်ရာမှာဆို နှာခေါင်းရှံ့ကြတယ်.ဘာလို့လဲဆိုတော့ ကိုဘပြားတို့အေဖ ဦးစံဖေဆိုတဲ့အဖိုးကြီးကသွက်သွက်ခါအောင်ရူးနေတာကိုးဗျ။ ကိုဘပွားတို့ကလည်းဒီဇာတိကမဟုတ်ဘူးလေ . ဘယ်ဇာတိကဆိုတာလည်းဘယ်သူမှတိတိကျကျမသိဘူးဗျ. ဘယ်ကပြောင်းလာမှန်းလည်းမသိကြဘူး။ ငွေတွင်းကုန်းမှာ ယာကွက်တွေ ဝယ်ပြီးပြောင်းလာကြတာပဲ.ပြောင်းလာ ကတည်းက ကိုဘပွားအဖေကြီးကရူးနေတာဗျ. ကိုဘပွားက အိမ်ထောင်မရှိဘူးဗျ။ လူပျိုကြီး။ သူ့ညီ ကို...
https://t.me/TheBookR