Skip to main content

Posts

Showing posts with the label မင်းလူ

ဇိုးသမားတို့ အိမ်အပြန် (ယမကာလုလင်)

အကာလ ညအခါတွင် သီချင်းတကြော်ကြော်အော်၍ ဖြစ်စေ၊ ဘောလုံးသမားတစ်ယောက် တစ်ဖက်အသင်း ကလူကို လိမ်ခေါက်ဖို့ ကြိုးစားသည့်ဟန်မျိုး ယိုင်တိယိုင်ထိုးပုံစံဖြင့် ဖြစ်စေ၊ ဆိုက်ကားပေါ်မှာ ပိုးလိုးပက်လက် လန်၍ ဖြစ်စေ၊ ဘတ်စ်ကားပေါ်မှာ ခေါင်းငိုက်စိုက်ချ၍ ဖြစ်စေ ပုံစံအမျိုးမျိုးနှင့် အိမ်ပြန်ကြသော ဇိုးသမားများကို မြင်ဖူးကြပေလိမ့်မည်။ သူတို့သည် တချို့က အိမ်စောစောပြန်သည်။ တချို့က ညဉ့်နက်မှ ပြန်သည်။ တချို့က အိမ်တန်းပြန် သည်။ တချို့က လမ်းမှာ ဆိုင်တစ်ဆိုင်ဝင်၍ တစ်ခွက်တစ်ဖလား ထပ်ချသေးသည်။ တချို့ကတော့ ပြဿနာလေး တွေနှင့် ခလုတ်ဝင်တိုက်သွားတတ်၏။ တချို့က အိမ်ရောက်လျှင် မိန်းမကို ပြဿနာရှာသည်။ တချို့က မိန်းမကို ချော့သည်။ ဒီထဲကမှ ထူးခြားသည့်ကိစ္စလေးတွေအကြောင်း ပြောပြပါမည်။ ကျွန်တော့်သူငယ်ချင်း ဖင်လန်ဆိုတဲ့ကောင်တစ်ယောက် ရှိသည်။ သူမူးပြီးအိပ်လျှင် ပုဆိုးကွင်းလုံးကျွတ်နေ တတ်သောကြောင့် ဒီနာမည် တွင်ခြင်းဖြစ်၏။ သူသည် မူးလာလျှင် သူ့မိန်းမ၏ပါးကို ကိုက်တတ်သည်ဟု ဆို၏။ အစပိုင်းတော့ သူ့မိန်းမက ချစ်စနိုးနဲ့ ကျီစားတာပဲဆိုပြီး သဘောတောင် ကျသေးသည်။ နောက်ပိုင်းကျတော့ ဒီကောင်က အမူးလွန်လာတဲ့အခါ အတိုင်းအဆမရှိပဲ တအားကိုက်သဖြင့် တစ...

ပုလင်းချစ်သူ

“ဒီ အရက်ဟာ မကောင်းပါဘူးကွာ” ဟု သူက ရေရွတ် လိုက်သည်။ ထိုအခါ ဆိုင်ရှင်က ကြားသွားပြီး ... “ဒီအရက်ဟာ ဆိုင်က ထုတ်ပေးတဲ့ အတိုင်းပါပဲဗျာ ၊ ကျွန်တော် ဘယ်တော့မှ အကြံအဖန် မလုပ်တတ်ဘူး ဆိုတာ အစ်ကိုကြီး သိပါတယ်၊ အမြဲ သောက်နေကြပဲ မဟုတ်လား” သူက ဟာ ... ဟာ ... ဆိုလုပ်၍ လက်ကာပြသည်။ “ခင်ဗျားဆိုင် အရက်ကို မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ အရက်ဟာ ကျုပ်ကို ကောင်းကျိုး မပေးဘူးလို့ ပြောတာပါ” “ကောင်းကျိုး မပေးရင် မသောက်နဲ့ပေါ့ဗျာ” ဟူ၍တော့ ပိုင်ရှင်ကဖြင့် ပြောလို့ မဖြစ်ချေ။ အရက် ရောင်းနေသူ တစ်ယောက်က အရက် ဆန့်ကျင်ရေး စကားကို ပြောနေလျှင် “မိမိ ရောင်းကုန် ပစ္စည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော စကားမျိုး မပြောမိပါစေနှင့်” ဆိုသော ခေတ်သစ် ရောင်းဝယ်ရေး ဗျူဟာ သဘောတရားကို ဖောက်ဖျက်ရာ ကျမည် မဟုတ်လား။ ထို့ကြောင့် ဘာမှ ထပ်မပြောဘဲ ခပ်မဆိတ် နေလိုက်၏။ သောက်သုံးသူ ပုဂ္ဂိုလ်ကတော့ ဆက်၍ ... “ကျုပ် ဘာကြောင့် အရက်ကို စွဲစွဲမြဲမြဲ သောက်ဖြစ်နေတာလဲ သိလား” ဟု မေးသည်။ ဆိုင်ရှင်၏ စိတ်ထဲတွင် “သွားပြီ၊ ဒီညတော့ ငါ ခံရပြီ” ဟု တွေးရင်း စိတ်ညစ်သွား၏။ လုပ်သက် ရင့်နေသော ဆိုင်ရှင်တစ်ယောက် အနေဖြင့် အရက်သမား အမျိုးမျိုး အကြောင်းကို ကေ...

လှထုံနှင့် အတိတ်မေ့ခြင်း

လှထုံကိုကြည့်ရတာ ခုတစ်လောမှာ တစ်မျိုးဖြစ်နေသည်ဟု ကျော်ကွန့်ထင်သည်။ သိပ်ရွှင်ရွှင်လန်းလန်းမရှိ။ ခါတိုင်းလို တက်တက်ကြွကြွ သွက်သွက်လက်လက်မဟုတ်ဘဲဖြစ်နေသည်။ တစ်ခါ တစ်ခါ ငိုင်တိုင်တိုင်နဲ့ တစ်နေရာကို ငေးချင် ငေးနေတတ်သည်။ တစ်ခုခုကို တွေးနေသလိုလည်း ထင်ရ၏။     ထိုအခါ ကျော်ကွန့်မှာ အီလည်လည်ကြီးခံစားရသည်။ မောင်ကျော်လှကို ကိုယ်၀န်ရှိခါစတုန်းကလည်း လှထုံ ဒါမျိုးဖြစ်ဖူးသည်။ ခုလည်း ကလေးရှိနေပြီလားမသိ။ မောင်ကျော်လှလေးတောင် လေးတန်းရောက်နေပြီဆိုတော့ ဒီလောက်အချိန်တွေခြားပြီးဖြစ်နိုင်ပါ့မလား။ ပြောလို့မရ။ တချို့ဆို ဆယ့်လေးငါနှစ်ခြားပြီးမှတောင် မွေးတတ်တာပဲ။     ကျော်ကွန့်သည် သမီးလေးတစ်ယောက် ထပ်လိုချင်နေတာတော့အမှန်ပဲဖြစ်၏။ ထို့ကြောင့် လှထုံသာ တကယ်ဟိုဒင်းဖြစ်ရိုးမှန်ရင် ၀မ်းသာရမှာပေါ့။ တစ်ဖက်က ပြန်စဉ်းစားကြည့်တော့လည်း မောင်ကျော်လှတစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ဖို့ တော်တော်ရုန်းနေရတာ။ မုန့်ဖိုး၊ ကျောင်းစရိတ်(စာအုပ် စာရေး ကိရိယာဖိုး စသည် အပါအ၀င်) ကုန်ကျမှုက မနည်းလှ။ မောင်ကျော်လှမှာ ငယ်ငယ်ကတည်းက ချူချာသဖြင့် ဆေးခန်းလည်း မကြာခဏ သွားရသေးသည်။     ကလေးနောက်တစ်ယောက်သာ ထပ်ရလိ...

တစ်ဖက်သားရူးအောင် ပြုရက်လေတယ်

သူ့ရှေ့ရှိ စားပွဲပေါ်သို့ ရေခဲသုပ်ခွက်ကို ခွပ်ခနဲချပြီး ထွက်ခွာသွားသောကြောင့် လှမ်းပြောမည် ပြုလိုက်စဉ်တွင် ဟိုဘက်စားပွဲမှ အသံတစ်သံ ထွက်လာသည်။ “ဘာလီချည်းပဲ နှစ်ခွက်ဖြစ်နေပြီ၊ ကျွန်မတို့မှာတာက ဘာလီတစ်ခွက်၊ ရေခဲသုပ်တစ်ခွက်လေ” ထို့ကြောင့် ဟိုဘက်စားပွဲနှင့် ဒီဘက်စားပွဲ မှားပြီးချမိကြောင်းကို သိလိုက်၏။ သူကလည်း “ကျွန်တော်က ဘာလီမှာတာဗျ” ဟု ပြောလိုက်ပြန်သည်။ အအေးဆိုင်မှ ဦးယမ်းဘီလူးသည် “မှားသွားလို့ပါ၊ ဆရာ့ဘာသာ လဲယူလိုက်ပါတော့၊ ကျွန်တော် ဖွဲတွေကိုင်ထားလို့” ဟု ပြောပြန်သည်။ သူ့ကို ဆရာဟုခေါ်သောကြောင့် ကျောင်းဆရာဟု မထင်ကြပါနှင့်။ ဤတက္ကသိုလ်စားသောက်ဆိုင်မှ လူများသည် ကျောင်းသားများကိုလည်း တစ်ခါတစ်ရံ ဆရာဟု ခေါ်တတ်သည်။ သူ သို့တည်းမဟုတ် အောင်ချစ်ဝင်းသည် ဘူမိဗေဒကျောင်းသားတစ်ယောက်သာ ဖြစ်၏။ ဟိုဘက်စားပွဲကို သူ ကြည့်လိုက်သည်။ ကျောင်းသူနှစ်ယောက်။ သူတို့ကလည်း အောင်ချစ်ဝင်းကို ကြည့်နေသည်။ တစ်ယောက်ကတော့ သူနှင့် မျက်လုံးချင်းဆုံမိသောအခါ မျက်နှာလွဲသွွှားသည်။ ကျန်တစ်ယောက်ကတော့ သူ့ကို ပြုံးစေ့စေ့ကြည့်နေဆဲ။ အောင်ချစ်ဝင်းသည် ရေခဲသုပ်ကိုယူ၍ ဟိုဘက်စားပွဲဆီသို့ ထသွားသည်။ ရေခဲသုပ်ခွက်ကို စားပွဲပ...