Skip to main content

လှထုံနှင့် အတိတ်မေ့ခြင်း

လှထုံကိုကြည့်ရတာ ခုတစ်လောမှာ တစ်မျိုးဖြစ်နေသည်ဟု ကျော်ကွန့်ထင်သည်။ သိပ်ရွှင်ရွှင်လန်းလန်းမရှိ။ ခါတိုင်းလို တက်တက်ကြွကြွ သွက်သွက်လက်လက်မဟုတ်ဘဲဖြစ်နေသည်။ တစ်ခါ တစ်ခါ ငိုင်တိုင်တိုင်နဲ့ တစ်နေရာကို ငေးချင် ငေးနေတတ်သည်။ တစ်ခုခုကို တွေးနေသလိုလည်း ထင်ရ၏။
    ထိုအခါ ကျော်ကွန့်မှာ အီလည်လည်ကြီးခံစားရသည်။ မောင်ကျော်လှကို ကိုယ်၀န်ရှိခါစတုန်းကလည်း လှထုံ ဒါမျိုးဖြစ်ဖူးသည်။ ခုလည်း ကလေးရှိနေပြီလားမသိ။ မောင်ကျော်လှလေးတောင် လေးတန်းရောက်နေပြီဆိုတော့ ဒီလောက်အချိန်တွေခြားပြီးဖြစ်နိုင်ပါ့မလား။ ပြောလို့မရ။ တချို့ဆို ဆယ့်လေးငါနှစ်ခြားပြီးမှတောင် မွေးတတ်တာပဲ။
    ကျော်ကွန့်သည် သမီးလေးတစ်ယောက် ထပ်လိုချင်နေတာတော့အမှန်ပဲဖြစ်၏။ ထို့ကြောင့် လှထုံသာ တကယ်ဟိုဒင်းဖြစ်ရိုးမှန်ရင် ၀မ်းသာရမှာပေါ့။ တစ်ဖက်က ပြန်စဉ်းစားကြည့်တော့လည်း မောင်ကျော်လှတစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ဖို့ တော်တော်ရုန်းနေရတာ။ မုန့်ဖိုး၊ ကျောင်းစရိတ်(စာအုပ် စာရေး ကိရိယာဖိုး စသည် အပါအ၀င်) ကုန်ကျမှုက မနည်းလှ။ မောင်ကျော်လှမှာ ငယ်ငယ်ကတည်းက ချူချာသဖြင့် ဆေးခန်းလည်း မကြာခဏ သွားရသေးသည်။
    ကလေးနောက်တစ်ယောက်သာ ထပ်ရလို့ကတော့ မီးဖွားစရိတ်၊ မီးနေစရိတ်၊ ဆေးဖိုးဝါးခ စသည် အတော် ကုန်ကျမှာ။ ထို့ကြောင့် ၀မ်းသာရမလား၊ စိတ်ရှုပ်ရမလား ဝေခွဲမရဘဲ အီလည်လည်ကြီးဖြစ်နေတယ်လို့ ပြောတာ။
    ဘာပဲဖြစ်ဖြစ် မေးတော့ မေးကြည့်ရမှာပဲ။ မေးလိုက်လို့အဖြေတစ်ခုခုထွက်လာတာကိုလည်း ရင်ဆိုင်ဖို့ မဝံ့မရဲဖြစ်နေပြန်သည်။ ဒီလိုနဲ့ တုံ့ဆိုင်းနေစဉ်မှာ လှထုံကပဲ အရင်စပြောလေသည်။
    "ကိုကျော်ကွန့်...ခုတစ်လော ကျွန်မကိုကြည့်ရတာ တစ်မျိုးဖြစ်မနေဘူးလား"
    "အေးဟ..ငါလည်း အဲဒါမေးမလို့၊ နင်ဘာဖြစ်နေတာလဲ၊ ဟိုဟာများလား..."
    "ဘယ်ဟာလဲ"
    "ဟိုလေ..နင့်မှာ ကလေးများရှိနေပြီလားလို့"
    "အို..ဒါများ အဆန်းလုပ်လို့ရှိတာပေါ့"
    "ဟင်... ဟုတ်လား"
    "ကိုကျော်ကွန့်ဟာလေ ကျွန်မကျတော့ ထုံသလေး အသလေးနဲ့ သူလည်း အူကြောင်ကြောင်ပဲ"
    "ဒါဆို... ဒါဆို ဘယ်နှလရှိပြီလဲ"
    "၁၀နှစ်လေ... ဒါတောင် မသိတော့ဘူးလား"
    "၁၀နှစ်... ဟာ.. တစ်ခါမှ မကြားဖူးဘူး"
    "ဟာ ဘာဖြစ်နေတာလဲ မောင်ကျော်လှ ၁၀နှစ်ပြည့်တော့မယ်လေ"
    ဒီတော့မှ နားလည်မှု လွဲချော်နေတာကို ရိပ်မိတော့သည်။ ကလေးရှိနေပြီလားလို့ ကျော်ကွန့်က မေးတာကို လှထုံက မောင်ကျော်လှအကြောင်း မေးတယ်မှတ်သွားတာကိုး။
    "ငါက မောင်ကျော်လှကိုမေးတာမဟုတ်ဘူး။ နင့်မှာ ကိုယ်၀န်ရှိနေပြီလားလို့"
    "ဒါ...ကိုကျော်ကွန့်အသိဆုံးဖြစ်မှာပေါ့"
    "ဘာ... ငါက ဘယ်လိုလုပ်သိရမှာလဲ။ ဒါမျိုးဆိုတာ မိန်းမကသာ သိရတာလေ"
    "အဲ... ဟုတ်သားပဲ"
    လှထုံနဲ့တော့ ဒီလို အူလည်လည်ဖြစ်နေကျမို့ ကျော်ကွန့်က လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။
    "ဘယ်လိုလဲ ကိုယ်၀န်ရှိနေပြီလား"
    "အို... ပေါက်ပေါက်ရှာရှာ မဟုတ်ပါဘူး"
    "ဒါဖြင့် ဘာကြောင့် ငူတူတူ ငိုင်တိုင်တိုင်ဖြစ်နေရတာလဲ"
    "မသိပါဘူး၊ ခုတစ်လောမှာ စိတ်တွေကလည်း ကယောက်ကယက်နဲ့ စိတ်ညစ်သလိုလို၊ လွမ်းသလိုလို ဆွေးသလိုလိုနဲ့ အဲဒါ.."
    "ဟင်..ဘာလဲ"
    "ကျွန်မ အတိတ်မေ့ရောဂါများဖြစ်နေပြီလားမသိဘူး ကိုကျော်ကွန့်ရယ်"
    "နင့်နှယ်ဟာ အခုပဲ ငါ့ကို ကိုကျော်ကွန့်လို့တောင် ခေါ်နေသေးတာ ဘယ်လိုလုပ် အတိတ်မေ့ရမှာလဲ"
    "မသိဘူးလေ... ခုတစ်လော သိပ်မေ့တတ်တာ။ ပစ္စည်းတစ်ခု တစ်နေရာချထားပြီး ဘယ်ရောက်နေမှန်း မသိလို့ ရှာရတာအမောပဲ။ ပြီးတော့ မနေ့က ဘာဟင်းနဲ့ထမင်းစားခဲ့တယ်ဆိုတာမျိုးတွေကို မေ့မေ့နေတတ်တယ်"
    "ဒါမျိုးကတော့ ငါလည်း ဖြစ်တတ်တာပါပဲ။ အတိတ်မေ့ တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ်တောင် ဘယ်သူမှန်း မမှတ်မိတော့လောက်အောင် ဖြစ်သွားတာကိုပြောတာ။ ဗီဒီယိုကားတွေထဲမှာ မကြည့်ဖူးဘူးလား"
    ဒီလိုပြောလိုက်တော့မှ ပိုဆိုးသွားသည်။
    "ဟုတ်မယ် ဟုတ်မယ်.. ကားတိုက်ခံရပြီး အတိတ်မေ့သွားတာတို့၊ လူဆိုးတွေ ဝိုင်းရိုက်တာခံရလို့ ဘာမှ မမှတ်မိတော့တာတို့ ကြည့်ဖူးတယ်။ ကျွန်မလည်း ဟိုတစ်ရက်က တိုင်နဲ့နဖူးနဲ့ဆောင့်မိပြီး မူးနောက်နောက် ဖြစ်သွားရာကစပြီး ခုလို မေ့တတ်လာတာပဲ။ ဟုတ်ပြီ.. ဟုတ်ပြီ နဖူးနဲ့တိုင်နဲ့ပြန်ဆောင့်လိုက်ရင် ကောင်းသွားမယ် ထင်တယ်။ အင်း..ကိုယ့်ဟာကိုယ်ကျတော့လည်း မလုပ်ရဲဘူး။ ကိုကျော်ကွန့် ကျွန်မဟိုဘက် လှည့်ပေးမယ်။ နောက်ကနေ ခေါင်းကို တစ်ခုခုနဲ့ရိုက်ပေးပါလား။ ကွဲအောင်တော့ မရိုက်နဲ့နော်၊ မူးသွားရုံလောက်ပဲ"
    "မဟုတ်တာကွာ..ဟိုဟာက ရုပ်ရှင်ကွ။ ကြည့်လို့ကောင်းအောင် စိတ်ကူးယဉ်ပြီးရိုက်ထားတာ။ အဟုတ်မှတ်ပြီး လျှောက်လုပ်မနေနဲ့"
    ဟု တားမြစ်ထားရသည်။ လှထုံက ယုံရတာမဟုတ်။ တော်ကြာ မောင်ကျော်လှကို
    "သား..အမေ့ကို နောက်ကနေရိုက်ပေးစမ်း"
    ဆိုတာမျိုး လုပ်ချင်လုပ်နေမှာ။ မောင်ကျော်လှဆိုတဲ့ကောင်ကလည်း သူ့အမေလိုပဲ ခပ်အူအူရယ်။ ဒီကောင့်ကိုလည်း စိတ်မချရသဖြင့်
    "မင်းအမေ ဘာခိုင်းခိုင်းလုပ်မပေးရဘူး"
    ဟု မှာထားမိ၏။ ဒီမှာတင်ပဲ မောင်ကျော်လှခမျာ အချောင်ခံရတော့သည်။
    လှထုံက ဟင်းချက်နေရင်း ဆားကုန်သွားသဖြင့်
    "သားရေ ဆားတစ်ထုပ်လောက် သွား၀ယ်ပေးစမ်းပါ"
    ဟု ခိုင်းသည်။ မောင်ကျော်လှကလည်း သူ့အဖေ ကျော်ကွန့်မှာထားတဲ့အတိုင်း လုပ်မပေးနိုင်ဘူးဟု ငြင်းလိုက်သည်။ လှထုံက စိတ်ဆိုးပြီး
    "ဟင်..နင်က ငါ့ကို အာခံတယ်ပေါ့ ဟုတ်လား"
    ဆိုပြီး ခေါင်းတစ်ချက်ခေါက်သည်။
    "နင် သွား၀ယ်မလား...မ၀ယ်ဘူးလား"
    "မ၀ယ်ဘူး"
    "မအေကို ခံပက်တဲ့ကောင်..သေပေတော့"
    ဆိုပြီး လှထုံက သံယောက်မနှင့်ရွယ်သည်။ မောင်ကျော်လှထွက်ပြေးသည်။ လှထုံနောက်က ပြေးလိုက်သည်။
    ခုလိုဖြစ်သွားတာလည်း ခပ်ကောင်းကောင်းပဲ။ ညနေ ကျော်ကွန့်အလုပ်မှ ပြန်လာသောအခါ လှထုံက ၀မ်းသာအားရဆီး၍ပြောလေသည်။
    "ကိုကျော်ကွန့်ရေ... ကျွန်မအတိတ်မေ့နေတာ ပြန်ကောင်းသွားပြီ သိလား"
    "ဟေ...ဘယ်လို"
    "ဟုတ်တယ်.. မနက်က ရှင့်သားနောက်ကို ပြေးလိုက်ရင်း ခြေချော်လဲလို့ ခါးပန်းနဲ့ နဖူးနဲ့ ဆောင့်မိတယ်လေ... အဲဒီကစပြီး ကောင်းသွားတာပဲ။ ခုဆိုရင် ပြီးခဲ့တဲ့တနင်္ဂနွေက ဘာဟင်းနဲ့စားခဲ့တယ်ဆိုတာတောင် ပြန်မှတ်မိနေပြီ။ အဲဒီနေ့က အမဲသားရင်ဒူးရိုးချက်တယ်လေ။ ဟိုငေး ဒီငိုင်လုပ်နေမိလို့ နည်းနည်းတောင် တူးသွားပါရောလား။ ကဲ..အကုန်မှတ်မိပြီ တွေ့လား"
    "အေး. အေး.. ကောင်းပါလေ့ကွာ"
    ဟု ကျော်ကွန့်က အလိုက်အထိုက်ပြောလိုက်သည်။ လှထုံမှာ ၀မ်းသာနေသဖြင့် ခါးပန်းနှင့်ဆောင့်မိပြီး နဖူးမှာ ညိုမည်းသွားတာတောင် ဂရုမစိုက်နိုင်တော့။

            * * * * *

လှထုံနှင့်သံသယ
-------------------

ဆိုက်ကားဆရာဒေဝါနန်း စိတ်ကူးတည့်ရာ စွတ်ရွတ်ပြောသဖြင့် ကျော်ကွန်နှင့်လှထုံတို့ ပြဿနာတက်ရသည်။
    တစ်ရက်မှာ မောင်ကျော်လှလေး ကျောင်းကအပြန် လမ်းကြုံသဖြင့် ဒေဝါနန်းက ဆိုက်ကားနှင့် တင်ခေါ်သွားသည်။ အိမ်ရောက်လို့ လှထုံနှင့်တွေ့တော့။
    "ဟဲ့ လှထုံ၊ နင့်သားကို ခုမှ သေသေချာချာကြည့်မိတယ်။ မောင်ကျော်လှလေးဟာ ကျော်ကွန့်နဲ့လည်းမတူပါလား။ ဘယ်လိုလဲဟ၊ ဟုတ်မှဟုတ်သေးရဲ့လား"
    ဟုပြောပြီး ထွက်သွားသည်။ သူက ပြောချင်ရာစွတ်ပြောသွားသလို လှထုံကလည်း ထင်ချင်ရာ စွတ်ထင်သည်။ လှထုံမှာ အကျိုးသင့်အကြောင်းသင့် ဆက်စပ်တွေးတတ်သူမဟုတ်သဖြင့် ကျော်ကွန့်လည်း အလုပ်ကပြန်လာရော ဆီးပြီး ပြဿနာ ရှာတော့သည်။
    "ဒီမှာ ကိုကျော်ကွန့်၊ မောင်ကျော်လှလေးဟာ ရှင်နဲ့မတူဘူးလို့ သူများတွေက ပြောနေကြတယ်။ ဒါကြောင့် ဒီကလေးဟာ ရှင်နဲ့ရတဲ့ကလေးမှ ဟုတ်ရဲ့လားလို့ ကျွန်မ သံသယဖြစ်လာပြီ"
    "ဟာကွာ၊ နင်ကလည်း"
    "ရှင်..ကျွန်မကို ဆက်ပြီးလှည့်စားဖို့ မကြိုးစားနဲ့ အမှန်အတိုင်းသာ ၀န်ခံလိုက်စမ်းပါ"
    လှထုံသည် သူ့စကားက ဘယ်အဓိပ္ပါယ်ရောက်လို့ရောက်သွားမှန်းမသိ။ ထို့အတူ ကျော်ကွန့်ဆိုတဲ့ကောင်ကလည်း ကြောင်တောင်တောင်ဆိုတော့ ခြေခြေမြစ်မြစ်မစဉ်းစားဘဲ
    "ငါ့ကို ယုံပါဟာ။ ဘုရားပေးပေး ကျမ်းပေးပေးပါ။ မောင်ကျော်လှဟာ ငါ့သားမှ ငါ့သားအစစ်ပါ"
    ဟု ပျာပျာသလဲ တောင်းပန်နေသည်။
    လှထုံက မကျေနပ်။ နောက်ဆုံးတော့ ဒေါက်တာတုတ်ခိုင်ဆီသွားပြီး ဆေးစစ်ရမယ်ဆိုပြီး အတင်းဆွဲခေါ်သဖြင့် ကျော်ကွန့်မှာ တွန့်ဆုတ် တွန့်ဆုတ်နှင့်ပါသွားသည်။
    လှထုံ၏စွပ်စွဲချက်ကို နားထောင်ပြီးနောက် ဒေါက်တာတုတ်ခိုင်ပင် ရုတ်တရက်ကြောင်သွားရသေးသည်။ ပြီးမှ မရယ်မိအောင် ဣနြေ္ဒဆယ်ရင်း
    "မလှထုံက ကျော်ကွန့်ကို သံသယဖြစ်တယ်ဟုတ်လား။ နေစမ်းပါဦး။ ဒီကလေးဟာ ဘယ်သူနဲ့ရတဲ့ကလေးဆိုတာ ကိုယ်တိုင်မွေးထုတ်လိုက်တဲ့ မလှထုံ အသိဆုံးဖြစ်ရမှာပေါ့။ တကယ်ဆို သံသယဖြစ်ချင်းဖြစ်ရင် ကျော်ကွန့်ကသာ မလှထုံအပေါ်မှာ ဖြစ်ရမှာလေ။ သေသေချာချာလည်း စဉ်းစားပါဦး"
    လှထုံသည် အတန်ကြာတွေဝေစဉ်းစားပြီးမှ
    "ဟာ...ဟုတ်သားပဲ။ ဟီး ဟီး"
    ဒီတော့မှ ကျော်ကွန့်ကလည်း
    "ဟင် ဟုတ်တာပေါ့၊ ကျွန်တော်ကသာ သံသယဖြစ်ရမှာ"
    ထိုအခါကျတော့လည်း လှထုံမှာ မျက်နှာလေးငယ်သွားပြီး
    "ကိုကျော်ကွန့် ကျွန်မကိုတော့ ယုံပါနော်။ ကိုကျော်ကွန့်အပေါ်မှာ ကျွန်မ ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးပါဘူး။ မောင်ကျော်လှလေးဟာ ရှင်နဲ့ရတဲ့ကလေးအစစ်ပါ ကိုကျော်ကွန့်ရယ်"
    ဟု အသံတုန်တုန်လေးနှင့် ပြောနေသေးသည်။ ကျော်ကွန့်ကလည်း ဘုမသိ ဘမသိ။
    "ယုံပါတယ် လှထုံရယ်၊ ယုံပါတယ်"
    ဟု လှိုက်လှဲသောလေသံဖြင့် ပြန်ပြောသည်။ ထို့နောက် ဒေါက်တာတုတ်ခိုင်ကို နှုတ်ဆက်ပြီး လင်မယားနှစ်ယောက် လက်ချင်းတွဲ၍ ထွက်သွားကြ၏။ ဒီတော့မှ ဒေါက်တာတုတ်ခိုင်လည်း မချုပ်တည်းနိုင်တော့ဘဲ တခွီးခွီးရယ်မိလေတော့သည်။

***********************************

 လှထုံနှင့် ဘီ၀မ်း၊ ဘီတူး
 --------------------------

    လှထုံသည် တစ်ရက်တွင် သူ့သားလေး မောင်ကျော်လှကို ဆေးခန်းလာပြသည်။ ရှေ့မှာ ဟိုဘက်ရပ်ကွက်က မိန်းမတစ်ယောက်၏ သားလာပြနေသဖြင့် စောင့်နေရ၏။ ထိုမိန်းမမှာ ခုတလော ဘယ်ကဘယ်လို စီးပွားရေး အဆင်ပြေနေသလဲ မသိ။ ရွှေတွဲလွဲ၊ ငွေတွဲလွဲဖြစ်နေ၏။ လမ်းသွားလျှင်လည်း မော့မော့မော့မော့ စကားပြောတာလည်း နည်းနည်းကြီးကျယ်ချင်သည်။ စမ်းသပ်ခန်းထဲမှာ ဒေါက်တာတုတ်ခိုင်နှင့် အချီအချပြောနေကြတာ အတိုင်းသားကြားနေရ၏။
    "အစ်မကြီးသားက ၀မ်းထဲမှာ အပူအပုပ်များနေတယ်။ ကျွန်တော်တို့ မြန်မာလိုတော့ ကျီးကန်းပါးစပ်နာဖြစ်နေတယ် လို့ခေါ်တာပေါ့။ အနောက်တိုင်းဆေးပညာအရတော့ ရီဗိုဖလေဗင်ဆိုတဲ့ ဗီတာမင်ဓာတ် ချို့တဲ့နေတယ်လို့ ဆိုရမယ်"
    "အားနည်းလို့ဖြစ်တာပေါ့နော် ဆရာ"
    "ဒီလိုလည်း ပြောလို့ရတယ်။ ကိုယ်ခံအားနည်းလည်းဖြစ်တတ်တာပဲ"
    "ဒါဆို ဟိုအားဆေးတိုက်လို့မရဘူးလား"
    "ဘယ်အားဆေးလဲ"
    "ဟို လိုင်စင်နဲ့ထုတ်တဲ့အားဆေးလေ"
    "ဆေးဝါအများစုဟာ တရား၀င်မှတ်ပုံတင်လိုင်စင်ယူပြီးမှ ထုတ်ကြတာပဲ"
    "မဟုတ်ဘူးလေ။ ဟို တီဗီထဲမှာကြော်ငြာတဲ့ လိုင်စင်နဲ့အားဆေးဆိုတာလေ"
    ဒေါက်တာတုတ်ခိုင် ခဏတွေသွားပြီးမှ ပြုံးလိုက်ပြီး
    "သြော် အဲ့ဒါ လိုင်စင်ကိုပြောတာမဟုတ်ဘူး။ လိုင်ဆင်းဆိုတဲ့ဓာတ်တစ်မျိုးကိုပြောတာပါ။ အဲဒီဓာတ်က အစာစားချင်စိတ် ဖြစ်ပေါ်အောင် လှုံ့ဆော်တတ်တယ်။ မစားချင် မသောက်ချင်ဖြစ်နေတဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာလန်ထစလူနာတွေအတွက် သင့်တော်တယ်။ ပုံမှန်အစားကောင်းကောင်းစားနိုင်တဲ့လူအတွက်တော့ မလိုအပ်ပါဘူး"
    "အဲဒီအားဆေး ကျွန်မသားလေးကို တိုက်လို့ရလား"
    "အင်း ဒီကောင်က နည်းနည်းပိန်နေတယ်ဆိုတော့ ရပါတယ်။ တိုက်ပါ။ အရေးကြီးတာက အာဟာရဖြစ်တဲ့ အစားအစာတွေ ကျွေးဖို့ပဲ။ အသီးအနှံတွေလည်း များများကျွေးပါ"
    "ပန်းသီးကျွေးရင် ကောင်းလားဆရာ"
    "ကောင်းပါတယ်။ ငှက်ပျောသီးတို့ ဘာတို့လည်းကျွေးပေါ့။ အခုလောလောဆယ် သူ့အတွက် အဓိကလိုအပ်နေတာက ဗိုက်တာမင်ဘီတူးပဲ။ အဲဒီဆေးပြားလေးတွေ ပေးလိုက်မယ် ဟုတ်လား"
    ခဏအကြာတွင် ထိုမိန်းမသည် သူ့သားကို လက်ဆွဲလျက် အပြင်ပြန်ထွက်လာသည်။ နောက်ကစောင့်ရတဲ့လူကို အားမနာ လေတွေရှည်ပြီး ကြွားလုံးတွေ ထုတ်ခဲ့သဖြင့် လှထုံမှာ မကြည်မလင်ဖြစ်နေ၏။ ဟိုမိန်းမကလည်း လှထုံတို့ရှေ့က ဖြတ်အလျှောက်မှာ ၀တ်ထားသည့်လက်ကောင်တွေ အသံမြည်အောင် တမင်လှုပ်ပြသွားသေးသည်။
    လှထုံလည်း မျက်စောင်းတစ်ချက် လှမ်းခဲလိုက်ပြီးမှ စမ်းသပ်ခန်းထဲ၀င်သည်။
    "ဟော မလှထုံ လာ။ မောင်ကျော်လှ ဘာဖြစ်လို့လဲ"
    "ခြေတွေ လက်တွေ ကျင်ကျင်နေတယ်လို့ ပြောတယ်ဆရာ"
    "ဟုတ်လား ကြည့်ရအောင်"
    ဆိုပြီး မောင်ကျော်လှ၏လက်များကို ကိုင်ကြည့်ဖိကြည့်သည်။ ခြေထောက်တွေကို နှိပ်ကြည့်သည်။ အရိုးအဆစ်တွေကို လှုပ်ကြည့်သည်။
    "နာတာတို့၊ ကိုက်တာတို့ရှိလား"
    "အဲဒါတော့မရှိဘူး။ တစ်ခါတစ်ခါ ထုံနေသလိုလိုပဲ"
    "သြော်...သြော်.. ဟုတ်ပြီ။ သိပ်အရေးမကြီးပါဘူး။ အားဆေးလေး ဘာလေးသောက်လိုက်ရင် ကောင်းသွားမှာပါ။ ဒါနဲ့ မလှထုံတို့အိမ်မှာ ထမင်ကို ငှဲ့ချက်တယ်ထင်တယ်"
    "ဟင်..ဆရာဘယ်တုန်းက လာကြည့်ထားလိုက်တာလဲ"
    "လာကြည့်လို့မဟုတ်ပါဘူး။ ထင်လို့ မေးကြည့်တာပါ။ ဘာဖြစ်လို့ ရေခမ်းချက်မစားတာလဲ"
    "ရေခမ်းချက်ရင် ပျော့စိစိနဲ့မို့လို့ပါ"
    "အင်း..အဲဒါကြောင့် မောင်ကျော်လှမှာ ထုံသလို ကျင်သလိုဖြစ်နေတာပေါ့ဗျ။ ဒီလိုလုပ်လေ။ ထမင်းရည်ငှဲ့ပြီးရင် သွန်မပစ်နဲ့ ဆားလေးခတ်ပြီး မောင်ကျော်လှကို တိုက်ပေါ့။ သူ့မှာ အဲဒီဓာတ်တွေ လိုနေတာ"
    လှထုံမှာ သိပ်တော့ ဘ၀င်မကျလှ။ စောစောကမိန်းမရဲ့ကလေးကျတော့ လိုင်စင်ပါတဲ့ အားဆေးတွေ သောက်ခိုင်းတာ ဘာသဘောလဲတွေးသည်။ ဒေါက်တာတုတ်ခိုင်က
    "ဒီတော့ ကယ်လစီယမ်ဆေးပြားနဲ့ ဘီ၀မ်းနဲ့ပေးလိုက်မယ်"
    ဟု ပြောလိုက်ရာ လှထုံ ဆတ်ခနဲဖြစ်သွားပြီး
    "ဒါမျိုးတော့ လုပ်ဖို့မကောင်းပါဘူးဆရာ"
    ဟု ပြောလိုက်သည်။
    "ဘာဖြစ်ရမလဲ။ စောစောကမိန်းမရဲ့သားကျတော့ ပိုပြီးအားပြင်းတဲ့ ဘီတူးအားဆေးပေးတယ်။ ကျွန်မသားကျတော့ ဘီ၀မ်းပဲ ပေးတယ်။ ဒါ ဘာသဘောလဲ"
    "ဟာ..မဟုတ်ဘူးလေ။ ဖြစ်ချင်တဲ့ရောဂါချင်းမှမတူဘဲ။ ပြီးတော့ ဘီ၀မ်း၊ ဘီတူးဆိုတာ ဗိုက်တာမင်ဘီကို အုပ်စုခွဲထားတာ။ အားပြင်းတာ ပျော့တာနဲ့မဆိုင်ဘူး"
    "လုပ်မနေပါနဲ့။ ကျွန်မကလည်း ခပ်ညံ့ညံ့ထဲကမဟုတ်ပါဘူး။ ဒီလောက်တော့ အကင်းပါးပါသေးတယ်။ ဟိုမိန်းမက ရွှေ တွဲလွဲ၊ ငွေတွဲလွဲမို့လို့ ပိုကောင်းတဲ့ဆေးကို ပေးတာမဟုတ်လား။ ဒီလို မျက်နှာမြင်ရာ ဟင်းဖတ်ပါတာမျိုးတော့ လှထုံတို့က သည်းမခံနိုင်ဘူး"
    ဒေါက်တာတုတ်ခိုင်မှာ ဘယ်လို ဆက်ရှင်းပြရမှန်းမသိဘဲ ကြောင်တောင်တောင်ဖြစ်နေ၏။ ပြီးတော့ လှထုံက "မျက်နှာကြီးရာ ဟင်းဖတ်ပါ"ဆိုသောစကားပုံကို မှားပြောမိသည့်အတွက်လည်း ရယ်ချင်သလိုဖြစ်သွား၏။ ဒါကို လှထုံက သူ့ကို လှောင်တာပဲဆိုပြီး ပို၍မခံမရပ်နိုင်ဖြစ်သွားပြီး
    "ဒီမှာ အထင်တော့မသေးလိုက်နဲ့နော်။ လှထုံတို့ကလည်း တတ်နိုင်ပါသေးတယ်ဆိုတာ ပြရမှာပေါ့။ နောက်ကို ဆရာနဲ့မကုတော့ဘူး။ ဆရာ့ထက်သာတဲ့ ဒေါက်တာဦးသုခနဲ့ပဲ ကုတော့မယ်။ ဒါပဲ"
    ဟု ပြောပြီး မောင်ကျော်လှလက်ကိုဆွဲ၍ ဆောင့်ဆောင့်နှင့် ထွက်သွားသည်။ အိမ်ပြန်ရောက်တော့ ကျော်ကွန့်ကို ထိုအကြောင်းပြောပြပြီး
    "ဘာရမလဲ ကျွန်မကလည်း ဒေါက်တာဦးသုခနဲ့ပြတော့မယ်လို့ ပြောခဲ့တာပေါ့။ မှတ်ကရော"
    "နေစမ်းပါဦး။ နင်ပြောတဲ့ ဒေါက်တာဦးသုခဆိုတာ ဘယ်သူ့ကိုပြောတာလဲ"
    ကျော်ကွန့်က မေးသည်။ လှထုံက ညံ့သေးတာပဲဆိုသောလေသံဖြင့်
    "ကိုကျော်ကွန့်ကလည်း သတင်းစာလေး ဘာလေးမဖတ်ဘူးလား။ ဘဘဦးသုခကို ဒေါက်တာဘွဲ့ပေးလိုက်ပြီလေ"
    "ဟေ့ အဲ့ဒါ"
    "အင်း..ဘဘဦးသုခဆိုတာ ပညာရှိ။ သူတော်ကောင်။ သူ့လိုဆရာ၀န်ထက် အဆတစ်ရာလောက်သာတယ်"
    ကျော်ကွန့်မှာ သူ့နဖူးသူရိုက်ပြီး
    "လှထုံရယ် ဘာတွေ လျှောက်ပြောနေတာလဲ။ ဆရာကြီးဦးသုခရတဲ့ ဒေါက်တာဘွဲ့ဆိုတာက စာပေပါရဂူဘွဲ့ကို ပြောတာ။ ဆရာ၀န်ဘွဲ့ထက် အများကြီး ပိုပြီးအဆင့်မြင့်တယ် သိရဲ့လား"
    နောက်တစ်နေ့ကျတော့ ကျော်ကွန့်သည် ဒေါက်တာတုတ်ခိုင်ကို သွားတောင်းပန်ရ၏။ ဒေါက်တာတုတ်ခိုင်ကလည်း လှထုံအကြောင်း သိပြီးသားမို့ ခွင့်လွှတ်ပြီး ရယ်နေလိုက်ရသည်။

*************************************

လှထုံနှင့် လူ၀င်စား
 --------------------
၀တ္ထုတွေ၊ ဆောင်းပါးတွေထဲမှာ လှထုံစိတ်အ၀င်စားဆုံး အကြောင်းအရာတစ်ခု ပါလာသည်။ လူ၀င်စားကိစ္စပင်ဖြစ်၏။ လူ၀င်စားဆိုတာ တကယ်ရှိကြောင်း အထောက်အထား အကိုးအကားများဖြင့် ရေးသားထားသည်။
“လူ၀င်စားလေး မောင်ဇော်မောင်” အကြောင်းဆိုလျှင် ဟိုဘ၀တုန်းက တင်ပါးကို ငြောင့်ဆူးခဲ့ရာ ခုဘ၀မှာလည်း မွေးကတည်းက အနာရွတ်ကြီးပါလာတာကို တင်ပါးလှန်ပြထားသော ဓါတ်ပုံနှင့်တကွ အတိအလင်း ဖော်ပြထားသည်။
ဒါကိုဖတ်ပြီးနောက် လှထုံလည်း လူ၀င်စားရောဂါ တက်လေတော့သည်။ မောင်ကျော်လှ ကျောင်းကပြန်လာသောအခါ အနားကိုခေါ်ပြီး
“ဘောင်းဘီ ချွတ်စမ်း”
“ဟာ… ဘာလုပ်မလို့လဲ အမေရ”
“စကားမရှည်နဲ့… ဟိုဘက်လှည့်”
ဟုပြောပြီး ဘောင်းဘီကို ဆွဲချ၊ တင်ပါးကို စစ်ဆေးသည်။
“အင်း… ဟုတ်တော့ဟုတ်နေပြီ၊ ဒီမှာ အစင်းရာကြီးတွေ့တယ်၊ အရင်ဘ၀က နင် ဘာတွေဖြစ်ခဲ့သလဲ၊ ငါ့ကို မှန်မှန်ပြောစမ်း”
“ဘယ်က အရင်ဘ၀လဲ… သားမသိဘူး”
“မသိလို့ မရဘူး၊ ဒီမှာ အမှတ်ကြီး တစ်ခုလုံး ပါနေတာ”
“အဲဒါ အမှတ်မဟုတ်ပါဘူး၊ ကျောင်းမှာ စာမရလို့ ဆရာမရိုက်တဲ့ အရှိုးရာကြီးပါ အမေရာ”
မောင်ကျော်လှနှင့် မအောင်မြင်တော့ ကျော်ကွန့်ဘက်လှည့်လာသည်။
“ကိုကျော်ကွန့်… ရှင့်တင်ပါးလှန်ပြစမ်း”
“ဟင်… ဘာဖြစ်လို့လဲ”
“အို… ကြည့်ချင်လို့ပေါ့”
“ဟာ… ရှက်စရာကြီး”
“အမယ်… လင်မယားချင်းတောင် ရှက်နေရသေးတယ်၊ ကဲပါ… ပြစမ်းပါ”
ကျော်ကွန့်မှာ သူ့မိန်းမအကြောင်းသိသဖြင့် စကားရှည်မနေတော့ဘဲ ပြလိုက်ရသည်။ လှထုံက ကြည့်ပြီးနောက်
“အင်း… ဘာမှ မရှိဘူး”
“ဒါဆိုလည်း ပြီးတာပဲ”
ဟု ကျော်ကွန့်က ပြီးပြီးရော ပြောလိုက်သည်။ သို့ရာတွင် လှထုံက မပြီးသေးဘဲ
“ကျွန်မကိုလည်း ကြည့်ပေးအုံး”
“ဟာ… ဒါတော့ ငါမကြည့်ရဲ့ဘူး”
“ရှင်ဟာလေ… ယောက်ျားမဟုတ်တာကျနေတာပဲ၊ ဘယ်တော့မှ အားမကိုးရဘူး၊ ဒါကြောင့် ရှင်နဲ့ပေါင်းရတာ ၀မ်းရေစပ်တယ်လို့ ပြောတာ”
ကျော်ကွန့်လည်း ဇာတ်လမ်းမရှည်ချင်သဖြင့် ကြည့်ပါ့မယ်ဟု သဘောတူလိုက်ရသည်။
“ဘာတွေ့လဲဟင်”
ကျော်ကွန့်မှာ တကယ်တမ်းသေသေချာချာ မကြည့်သော်လည်း လှထုံကျေနပ်အောင်
“အညိုကွက် တစ်ခုတော့ တွေ့သလိုပဲ” ဟုပြောလိုက်သည်။
“ဟာ… ဟုတ်ပြီ ဟုတ်ပြီ်”
“ဘာဟုတ်တာလဲ”
“ကျွန်မက လူ၀င်စားရှင့် သိရဲ့လား”
“လူ၀င်စား… ဟုတ်လား”
“ဟုတ်တယ်… လူ၀င်စားမှ တခြားလူမဟုတ်ဘူး၊ ကျွန်မအမေကိုယ်တိုင် ၀င်စားတာ”
“နင်… နင်က နင့်အမေ၀င်စားတာ”
“အစစ်ပဲ… ဒီမှာ ကျွန်မမျက်နှာကို သေသေချာချာ ကြည့်စမ်း၊ အမေနဲ့ မတူဘူးလား”
“သားအမိပဲဟာ… တူမှာပေါ့”
“ဒါတင်မကသေးဘူးလေ… အမေ့တင်ပါးမှာလည်း ကျွန်မလိုပဲ အမှတ်ပါတယ်၊ ကဲ… ဒီလောက်တိုက်ဆိုင် နေတာ ဘာပြောချင်သေးလဲ”
“လှထုံရယ်… နဲနဲပါးပါးလည်း စဉ်းစားပါဦး၊ နင့်ကို မွေးတဲ့ အချိန်မှာ နင့်အမေက သက်ရှိထင်ရှားကြီး ရှိနေသေးတာပဲဟာ… ဖြစ်နိုင်ပါ့မလား”
“ဒါဆို ကျွန်မက ဘယ်သူ၀င်စားတာလဲ”
“ဒါတော့ ငါလည်း ဘယ်သိပါ့မလဲ”
“လူ၀င်စားဆိုတာ ရှိတယ် မဟုတ်လားဟင်”
“ကြားတော့ ကြားဖူးတာပဲ၊ ငါလည်း ကိုယ်တွေ့မဟုတ်တော့ မပြောတတ်ဘူး”
လှထုံကတွေပြီး စဉ်းစားနေသည်။ ကျော်ကွန့်မှာ ဘာများ လာဦးမလဲ မသိဘူးဆိုပြီး တထိတ်ထိတ် စောင့်စားနေစဉ် လှထုံက…
“ကိုကျော်ကွန့်… တစ်ခါလောက် ရှင် လူ၀င်စားလုပ်ကြည့်ပါလား”
“ဟေ…”
“ဟုတ်တယ်… ကျွန်မစဉ်းစားနေတာ ဒီတစ်ခါ ကျွန်မကိုယ်၀န်ရှိလာတဲ့အခါ ရှင် ကျွန်မ၀မ်းထဲ ၀င်စားပါလား ဟင်”
ကျော်ကွန့်မျက်လုံးပြူးသွားပြီး…
“ဟာ… ဘယ်ဖြစ်မလဲ” ဟုတ်ရုတ်တရက် ပြောမိ၏၊ လှထုံမျက်နှာ တင်းခနဲ ဖြစ်သွားပြီး
“ဘာလဲ… ရှင်က ကျွန်မဗိုက်ထဲ ၀င်ရမှာ ရွံလို့လား”
“ဟာ… မဟုတ်ဘူးလေ၊ ဟိုဥစ္စာ… ၀င်စားတယ်ဆိုတာက…”
“သိပါတယ်… သိပါတယ်… ရှင်တို့ ယောက်ျားတွေဟာ ဒီအတိုင်းချည်းပါပဲ၊ မရခင်မှာတော့ ဖျာလိပ်နတ်လို ခေါင်းပေါ်တင်၊ နောက်တော့ ကျောခင်းပြီး အိပ်တော့တာပဲ၊ ဟင်း… ဟိုတုန်းကတော့ ညီမဟာ (၁၀)ရက်လောက် ရေမချိုးဘဲ နေရင်တောင် မွှေးနေမှာပါဆို၊ သကြားလုံးလေးသာဆိုရင် ငုံထားလိုက်ချင်တယ်ဆို…ခုတော့… ခုတော့…”
လှထုံသည် ငိုမဲ့မဲ့ ဖြစ်လာပြီ။ ကျော်ကွန့်ကလည်း လက်ဖက်ရည်ဆိုင် သွားချင်လှပြီ။ လိပ်ပတ်လည်အောင် ရှင်းပြဖို့က တော်တော်အချိန်ယူရမည်။ ထို့ကြောင့်
“ကဲပါ…လှထုံရယ်၊ ကလေးရှိလာတော့လည်း ကြည့်လုပ်ကြတာပေါ့၊ နင့်ဆန္ဒအတိုင်း ဖြစ်စေရမယ် ဟုတ်ပြီလား” ဟု ချော့မော့ပြောလိုက်ရသည်။

မင်းလူ 
( လှထုံ စုစည်းမှု အပိုင်း ( ၂ ) ကို စောင့်မျှော်ကြပါဦး)

#ကျွန်တော်ချစ်သောစာအုပ်များ

#ကျွန်တော်ချစ်သောစာအုပ်များ မှ

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...