Skip to main content

Posts

Showing posts with the label အကြည်တော်

ပြောင်းလဲခြင်း

“ဆင်းရဲလိုက်တာ” တဲအိုစုတ်အရှေ့မှာ အရောင် မွဲသော အိုးတစ်လုံးကို မီးဖိုပေါ် တင်ရင်း အဘိုးအို ညည်းတွားလိုက် သည်။ မီးဖိုကလည်း ယိုင်နဲ့နဲ့၊ အိုးက လည်း မီးခိုးမှိုင်းဝပြီး မည်းသည်း နေပြီမို့၊ သူ့ဟာနဲ့သူတော့ ပနံရ သယောင် မြင်ရသည်။ အဘိုးအိုက အိုးကိုမီးဖိုပေါ်တင် ပြီး သူ့နံဘေးနား ပြန့်ကျဲနေသော သစ်ကိုင်းခြောက်၊ ထင်းစများကို မီးဖိုထဲ ထိုးသွင်းလိုက်သည်။ ပြီးမှ စက္ကူစတစ်စကိုယူပြီး ခါးကြားမှ ဓာတ်ဆီမီးခြစ်ကို ထုတ်ခြစ်မီးညှိ လိုက်သည်။ “ရှဲ” မီးကတော်ရုံမစွဲ။ စက္ကူစက ရေငွေ့များ ရိုက်ထားသည်မို့ တော်ရုံ မီးမကူးနိုင်။ “ဒီသောက်မိုးကလည်း ဘယ် တော့မှ ပြီးမှာလဲမသိဘူး။ မိုးနှယ် အစိုးကို မရဘူး” အဘိုးအိုက သူမီးမွှေးမရသည် ကို အကြောင်းပြု၍ မဆီမဆိုင် မိုးကို ကျိန်ဆဲသည်။ မီးခြစ်ကို ထပ်ခြစ်လိုက် သည်။ “ခြစ်၊ ခြစ်” မီးခြစ်ကပါ ရေငွေ့စိုသွားပြီမို့ မီးတောက်ဖြစ်မလာ။ “လုပ်ပြန်ပြီ ဒီမီးခြစ်က” အဘိုးအို မီးခြစ်ကိုကျိန်ဆဲပြန် သည်။ မီးခြစ်နောက်ဖုံးကိုဖွင့်၍ ပါးစပ်ဖြင့် ဓာတ်ဆီကို တဖူးဖူးနဲ့ မှုတ်သည်။ ပြီးမှအဖုံးကို ပြန်စွပ်၍ မီးခြစ်ကို ထပ်ခြစ်သည်။ “ခြစ် ခြစ်” ဟုတ်ခနဲ မီးတောက်မြင်တော့ အဘိုးအိုစက္ကူစကို ယူ၍ မီးကူးစေ သည်။ ...