Skip to main content

ပြောင်းလဲခြင်း

“ဆင်းရဲလိုက်တာ” တဲအိုစုတ်အရှေ့မှာ အရောင် မွဲသော အိုးတစ်လုံးကို မီးဖိုပေါ် တင်ရင်း အဘိုးအို ညည်းတွားလိုက် သည်။ မီးဖိုကလည်း ယိုင်နဲ့နဲ့၊ အိုးက လည်း မီးခိုးမှိုင်းဝပြီး မည်းသည်း နေပြီမို့၊ သူ့ဟာနဲ့သူတော့ ပနံရ သယောင် မြင်ရသည်။ အဘိုးအိုက အိုးကိုမီးဖိုပေါ်တင် ပြီး သူ့နံဘေးနား ပြန့်ကျဲနေသော သစ်ကိုင်းခြောက်၊ ထင်းစများကို မီးဖိုထဲ ထိုးသွင်းလိုက်သည်။ ပြီးမှ စက္ကူစတစ်စကိုယူပြီး ခါးကြားမှ ဓာတ်ဆီမီးခြစ်ကို ထုတ်ခြစ်မီးညှိ လိုက်သည်။ “ရှဲ” မီးကတော်ရုံမစွဲ။ စက္ကူစက ရေငွေ့များ ရိုက်ထားသည်မို့ တော်ရုံ မီးမကူးနိုင်။ “ဒီသောက်မိုးကလည်း ဘယ် တော့မှ ပြီးမှာလဲမသိဘူး။ မိုးနှယ် အစိုးကို မရဘူး” အဘိုးအိုက သူမီးမွှေးမရသည် ကို အကြောင်းပြု၍ မဆီမဆိုင် မိုးကို ကျိန်ဆဲသည်။ မီးခြစ်ကို ထပ်ခြစ်လိုက် သည်။ “ခြစ်၊ ခြစ်” မီးခြစ်ကပါ ရေငွေ့စိုသွားပြီမို့ မီးတောက်ဖြစ်မလာ။ “လုပ်ပြန်ပြီ ဒီမီးခြစ်က” အဘိုးအို မီးခြစ်ကိုကျိန်ဆဲပြန် သည်။ မီးခြစ်နောက်ဖုံးကိုဖွင့်၍ ပါးစပ်ဖြင့် ဓာတ်ဆီကို တဖူးဖူးနဲ့ မှုတ်သည်။ ပြီးမှအဖုံးကို ပြန်စွပ်၍ မီးခြစ်ကို ထပ်ခြစ်သည်။ “ခြစ် ခြစ်” ဟုတ်ခနဲ မီးတောက်မြင်တော့ အဘိုးအိုစက္ကူစကို ယူ၍ မီးကူးစေ သည်။ ကံကောင်းထောက်မစွာ စက္ကူ စက မီးကူးပြီ။ အဘိုးအို စက္ကူစကို မီးဖိုထဲ ပစ်သွင်းကာ လေဖြင့် တဖူးဖူး မှုတ်လိုက်သည်။ ထင်းစများက အစိုပြန်နေသည်မို့ ရုတ်ချည်းမီးမကူး။ ထို့ကြောင့် အလျှင်အမြန် မီးကူး စေရန် သစ်ရွက်ခြောက်များ၊ သစ်တို သစ်စများကို မီးစပေါ် ပစ်တင်လိုက် သည်အထိ မီးခိုးက အူခနဲ။ “ဘယ်မှာလဲ မီးပြောင်း” မီးစွဲစအခြေအနေမို့ အဘိုးအို အလျှင်အမြန် မီးပြောင်းကို လက် လှမ်းရှာလိုက်သည်။ မီးပြောင်းကို တော်ရုံမစမ်းမိ။ “တောက် အရေးရယ်၊ အကြောင်းရယ်ဆို မီးပြောင်းက ပျောက်ပြန်ပြီ။ မှန်း” အဘိုးအို မီးမငြိမ်းစေရန် တစ်ချက်နှစ်ချက် မှုတ်ပြီး မီးပြောင်း ကို ဝေ့ရှာလိုက်သည်။ “တွေ့ပြီ” “မီးပြောင်းက သစ်တိုသစ်စ များ အောက်ရောက်နေ၍ ရှာမတွေ့ ခြင်းပင်။ သူ့လက်သုံးတော် မီးပြောင်း ကို ဆွဲထုတ်လိုက်သည်။ မီးပြောင်းကလည်း အာဂမီး ပြောင်းပင်။ နှစ်ရှည်လများ မီးဖိုနံ ဘေးအလုပ်အကျွေး ပြုနေရသည်မို့ မီးဖိုသဖွယ် မှိုင်းဝမည်းညစ်နေပြီ။ ဒီကြားထဲ ထင်းမီးစွဲစေရန်ဖြစ်ဖြစ် ထင်းမီးမြဲရန် ဖြစ်ဖြစ်၊ တစ်ခုခုလိုတိုင်း သူနဲ့ချည်း မီးဖိုထဲ ထိုးထိုးနေ၍ ပြောင်းဝ မှာလည်း မီးစွဲဒဏ်ရာ အပြည့်နှင့်။ ဒီကြားထဲ ရံဖန်ရံခါမီးနှင့် နီးနီးနားနားမေ့ပြီး ထားခဲ့မိ၍ မီး ပြောင်းအလယ်တည့် တည့်မှာလည်း မီးလောင်ရာ အပေါက်ကြီးနှင့်။ အဘိုးအို မီးပြောင်းကိုယူပြီး သူ့ လက်ကိုသူ ခါရသေးသည်။ မီး ပြောင်းမှာရှိနေသော ချေးညော်။ ပြာတချို့က သူ့ဆီကပ်ပါလာသေး သည်ကိုး။ အဘိုးအို ဖုတ်ဖက်ခါပြီးမှ မီးပြောင်းဝကို နှုတ်ခမ်းတေ့ မီးကို ကုန်းမှုတ်လိုက်သည်။ “ဖူး” နှုတ်ကသာ အကျယ်ကြီး အသံ ထွက်သွားသော်လည်း လေက မီးဖို ထဲ အလုံးစုံမရောက်။ မီးပြောင်း အလယ်က ပေါက်နေသော အပေါက် မှလေပြန်ထွက်ပြီး ထိုလေ ကူ သူ့ နဖူးကိုပြန်မှန်နေသည်။ “အာ ဒီမီးပြောင်းတော့ ငါထင်း စိုက်မိတော့မယ်” အဘိုးအို ကြိမ်းသာ ကြိမ်းတာ။ ဘယ်ကာလကတည်းက သူနှင့်အတူ ရှိခဲ့ သည်မသိသော မီးပြောင်းကို သံယောဇဉ်ဖြင့် ထင်းမစိုက်ရက်။ ပေါက်နေသော အဝပေါက်ကို လက်နှင့်ပိတ်၍ အားရပါးရ ကုန်း မှုတ်သည်။ “ဖူး ဖူး” မီးပြောင်းကလက်နှင့်ပိတ်ထား ၍ လေအနည်းငယ်ပိုလုံ၍ အလုပ် ဖြစ်သည်။ မီးဖိုထဲ မီးရိပ်မီးငွေ့က တငွေ့ငွေ့နှင့် လောင်မြိုက်လာ သည်။ တက်လာသော မီးစများကို အဘိုးအိုက လက်ထဲကိုင်ထားသော မီးပြောင်းနှင့်ပင် ထင်းချောင်းများ ကို လိုသလိုနေရာချသည်။ တဖန် လက်ထဲရှိသော မီးပြောင်းနှင့်ပင် မီးကို ကုန်းမှုတ်ပြန်သည်။ မီးဖိုထဲ မီးကားတငွေ့ငွေ့နှင့် လောင်မြိုက်ပေ ပြီ။ ထိုအခါ မီးပြောင်းကြောင့် ပေနေသောလက်ကို ဝတ်ဆင်ထား သော ညစ်ထေးထေးလုံချည်နှင့် သုတ်ပြီး မီးဖိုပေါ်မှ အိုးကိုလှန်ကြည့် လိုက်သည်။ အိုးထဲတွင် ဘာမှမရှိ။ မီးဖိုပေါ်အိုးကိုပြန်တင်ပြီး နံဘေးနား ရေပုံးမှ တစ်ခွက်ခပ် မောက်မောက်ခပ်ထည့်လိုက်သည်။ ပြီးနောက် မီးဖိုထဲမှ မီးကိုပြန်ကြည့် သည်။ မီးတောက်အရှိန်ပိုရရန် ခုနက နံဘေးနားချထားသောမီး ပြောင်းနှင့်ပင် မီးဖိုထဲမှ ထင်းချောင်း များကို လိုသလိုနေရာချ၍ ထိုမီး ပြောင်းနှင့်ပင် တစ်ချက်နှစ်ချက်ကုန်း မှုတ်လိုက်သည်။ မီးဖိုထဲ မီးတောက် အရှိန်ရမှ အဘိုးအို မီးပြောင်းကို ပစ်ချရင်း ဖြည်းညင်းစွာ ထလိုက် သည်။ “အလားလား” အသက်အရွယ် အိုမင်းနေပြီမို့ ခန္ဓာကိုယ်အရိုး အဆစ်တွေက အရင်လို မကောင်းတော့။ ထိုင်ပြီး လျှင် တော်ရုံမထနိုင်။ ထပြီးလျှင် လည်း လမ်းကိုတော်ရုံမလျှောက် နိုင်။ တကျွတ်ကျွတ်စုပ်သပ်ရင်း ပိန် ကိုင်းသောခါးကို လက်တစ်ဖက်နှင့် ထောက်ထားရသေးသည်။ ပြီးမှ ယိုင်နဲ့နဲ့တဲအိမ်ဘက် ဖြည်းညင်းစွာ သူ့ခြေလှမ်းကို စရသည်။ “ကျွတ် ကျွတ် ကျွတ် နာလိုက် တာ” အဘိုးအို ညည်းတွားရင်း အိမ် ဘက်သို့ ခြေလှမ်းသည်။ အိမ်ရှေ့ ရောက်သော်၊ ဒူးနာနာဖြင့်သာ အိမ် ခါးပန်းကိုကိုင်ထားရသေးသည်။ ချက်ချင်းအိမ်ပေါ်မတက်နိုင်သေး။ အိမ်ကပြင်ပေါ်ရောက်ရန် အိမ် အောက်တွင် တိုင်နှစ်တိုင်နှင့် တန်း ရိုက်ထားသော လှေကားသဖွယ် သစ်သားတုံးကို နင်းပြီးမှ အိမ်ပေါ် တက်ရဦးမည် မဟုတ်ပါလား။ “ဒူးသာသာ အိမ်ပေါ်တက်တာ ပဲ”ဆိုပြီး ပေါ့လို့မဖြစ်။ တစ်ခါက စိတ်မြန်လက်မြန်နှင့် ခြေနင်းတုံးကို ဆတ်ခနဲနင်းခံပြီး အိမ်ပေါ်တက်စဉ် ခန္ဓာကိုယ်ကို ဒူးကမထိန်းနိုင်ဘဲ မြေ ပြင်ပေါ် ပက်လက်လန်ကျ၍ သုံး လေးရက်မျှ မထနိုင်သည်မျိုး တစ်ခါ ဖြစ်ဖူး၏။ ထို့ကြောင့်လှေကားအနင်း ကို သူသတိထား၏။ ခြေတစ်ဖက် နှင့် ထိုတန်းကလေးကို အမိအရ နင်းပြီးမှ အိမ်ကပြင်ပေါ် နောက် တစ်ဖက်နှင့် ခြေချလိုက်သည်။ “ဟူး” အရာရာ ချောချောမွေ့မွေ့ပင်။ အိမ်ပေါ်ရောက်တော့ သူ မနားအား သေး။ အိမ်နောက်ဖေးဘက်ရှိသမျှ အားနှင့် ဖြည်းညင်းစွာဝင်ရသည်။ အိမ်အလယ်လောက်မှာ စင်ထိုး၍ ထိုးတင်ထားသော ပြောင်းဖူးများကို ဆွဲချလိုက်သည်။ တချို့ကလက်ထဲ။ တချို့က ဝါးအခင်းပေါ်။ လိုသလောက် ဆွဲချပြီးမှ အခင်း ပေါ်ကျနေသော ပြောင်းဖူးများကို ကောက်ယူပြီး ပြောင်းဖူးအားလုံး စုစည်းကိုင်ကာ အိမ်ရှေ့မီးဖိုဆီ ခြေဦးပြန်လှည့်ရသည်။ xxxxxxxxxxxxxx “ဆင်းရဲလိုက်တာ” အဘိုးအိုက မီးဖိုရှေ့ငုတ်တုတ် ထိုင်ကာ ညည်းတွားလိုက်သည်။ သူ့ရှေ့ မီးဖိုပေါ်မှ ပြောင်းဖူးအိုးက ပွက်စ ပြုနေပြီ။ မီးအရှိန်မသေစေရန် လက်ထဲညစ်ထေးနေသော မီးပြောင်း ဖြင့် မီးများကို ထိုးဆွလိုက်ရင်း သူပြန်စဉ်းစားလိုက်သည်။ “ဘယ်အချိန်ကတည်းက စဆင်းရဲတာလဲ” သူမသိနိုင်တော့။ သူ့ဘဝ ဘယ်အချိန်တုန်းက ချမ်းသာခဲ့လဲ သူမစဉ်းစားတတ်။ “ငယ်ဘဝကရော ချမ်းသာခဲ့ လေသလား” သူမေ့လျော့နေပြီ။ သူမှတ် မိတာကတော့ ယခု ပြောင်းဖူးသည် မိန်းမနှင့်စရ ကတည်းက ဆင်းရဲခဲ့ မှန်းသာ သူမှတ်မိတော့သည်။ ပြောင်းဖူးသည်မိန်းမနှင့် ညား ကတည်းက သူကပြောင်းဖူးချိုး၊ ပြောင်းဖူးပြုတ်၊ မိန်းမက သူပြုတ်ပေး သော ပြောင်းဖူးကို ရွက်ရောင်းခဲ့ တာ ယခုတစ်သက်ပင်။ ပြောင်းဖူးပြုတ် ရောင်းနေရင်း ကလေးတစ်ယောက် ပြီး တစ်ယောက်မွေး ။ ပြောင်း ဖူးပြုတ် ရောင်းကျွေးရင်းပင် ကလေးတွေ အရွယ်ရောက်စေခဲ့သည်။ ယခုတော့ အိုးခွဲအိမ်ခွဲ၊ အိမ်ထောင်များ ခွဲနေ ကြရင်း၊ သူနှင့် သူ့မိန်းမ ပြောင်းဖူး ပြုတ် သည်ကြီးသာ အိမ်တွင်ကျန် တော့သည်။ သူ၏သားသမီးများက လည်း ဆင်းရဲလေသလား၊ ချမ်းသာ လေသလား သူမသိ။ တစ်နှစ်မှ တစ်ခါခန့်သာ အိမ်ကိုခဏတဖြုတ် လာကာ ကိုယ့်ရှိတာ သူ့ကိုကျွေး၊ သူ့ရှိတာလေး ကိုယ့်ကိုပေးရင်း ခဏသာ ဆုံတတ်ကြသည်။ အဘိုးအို သူ့ဘဝသူ စဉ်းစား ရင်း မီးဖိုထဲကို မီးပြောင်းဖြင့် သတိ လက်လွတ် ကော်ထိုးနေမိသည်။ မီးခိုးအူတာမြင်မှ သတိတရ ထုတ်ကြည့်တော့ “အယ်… မီးပြောင်းမီးစွဲပဟ” အဘိုးအို မီးပြောင်းကို မီးအစွဲ မခံလို၍ နံဘေးနား ပြာပုံထဲ မီး ပြောင်းကို ထိုးစိုက်ထားလိုက်သည်။ ထို့နောက် ထိုမီးပြောင်းဖြင့်ပင် မီးဖို ထဲကမီးကို ကုန်းမှုတ်လိုက်သည်။ “ဖူး ဖူး” မီးရှိန်ကမြင့်ပြီး ပြောင်းဖူးပြုတ် အိုးပွက်နေလေပြီ။ အဘိုးအို ပြောင်းဖူးအိုးကို တွေတွေကြီး စိုက်ကြည့်နေမိသည်။ ပြီးနောက် သူ့ဘဝကို သူပြန်စဉ်းစား မိသည်။ သူဘဝတွင် အဝတ်အစားပင် ဝယ်ဝတ်ခဲ့ဖူးလား သူမမှတ်မိ။ မွေး ခဲ့သည့် သားသမီးလေးယောက်ကို လည်း သူအဝတ်အစား ဝယ်ပေးဖူး လား မသေချာ၊ မမှတ်မိတော့။ ပြောင်းဖူးပြုတ်သည်ကြီးကတော့ ငွေပိုငွေလျှံရှိလျှင် သားသမီးနှင့်သူ့ကို ဝတ်ဆင်ပေးခဲ့ ပုံရသည်။ ငွေပိုငွေ လျှံ ဆိုသည်မှာလည်း ပြောင်းဖူး သည် အမေကြီးပြောင်းဖူးရောင်း ကောင်း သည့်နေ့၊ သို့မဟုတ် အိမ်တစ်အိမ် က အဝတ်လျှော်၊ ပန်းကန်ဆေး၊ အပို အလုပ်ခိုင်းသောနေ့မျိုးများ၌ သာ ရတတ်၏။ ဒါကလည်း ဖြစ်တောင့် ဖြစ်ခဲ။
သူငယ်စဉ်ကတော့ ပြောင်း စိုက်၊ ပြောင်းချိုး၊ ပြောင်းဖူး ပြုတ်အပြင်၊ အားသော အချိန်ကလေးများ၌ ထင်းခွေ၊ တောတက်၊ ပန်းရံ၊ လက် သမား၊ လိုအပ်သူကခေါ်လျှင် ခေါ် သလို၊ အောက်ခြေသိမ်းလုပ်၍ ငွေ ပိုငွေလျှံလေး ရတတ်သေး၏။ ယခု တော့ အသက်အရွယ်ကကြီး၊ ခါး ကကိုင်းချိန်ဖြစ်ပြီမို့ ပြောင်းဖူးရိုးပင် မနည်းနိုင်အောင် ဆွဲနေရပေပြီ။ စဉ်းစားနေရင်းမှာပင် ခန္ဓာကိုယ်ပေါ် ရေစက်ကလေးများ ကျလာ၍ အဘိုး အိုထိတ်ခနဲ မော့ကြည့်မိသည်။ ကောင်းကင်က မှိုင်းညို့လာပြီ။ “တောက်၊ ဒီမိုးကလည်း စဲကို မစဲနိုင်ဘူး” အဘိုးအို မိုးကိုကြည့်၍ ကျိန်ဆဲ လိုက်သည်။ “ပြောင်းဖူးပြုတ်က ရတော့မယ် ဆို ဒီမိုးက လုပ်ပြီ” အဘိုးအိုညည်းတွားရင်း မိုးမကျမီ ထင်းမီးကို အရှိန်မြှင့်ထိုး ကာ မီးပြောင်းစုတ်နှင့် အားကုန်မှုတ် လိုက်သည်။ မီးပြောင်းက မကောင်း တော့၍ မီးက လိုသလောက် တောက်လောင်မှုမမြန်ဆန်။
ထိုစဉ် မှာပင်.. “ပြောင်းလဲချိန်တန်ပြီ” “ဟင်” အနီးနားမှ အသံကြား၍ အဘိုး အို အံ့အားသင့်သွားသည်။ လှည့်ကြည့်လိုက်တော့ ဘယ်က ဘယ်လို၊ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသောလူတစ်ဦး သူ့အနောက်မှာ ခုံတစ်လုံးနှင့် ကျကျ နန ထိုင်နေသည်။ လူပုံက သပ်သပ်ရပ်ရပ်မဟုတ်။ ခေါင်းကစုတ်ဖွားဖွား၊ တိုက်ပုံက ရိုးရာအင်္ကျီလားမသိသော ဖျင်အင်္ကျီ ခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားသည်။ ပခုံးတွင်လည်း အရောင်အဆင်း ခန့်မှန်းရခက်သော ခပ်နွမ်းနွမ်း လွယ်အိတ်ကလေးတစ်လုံး လွယ် ထားသည်။ ထို့အပြင် ဝတ်ထား သော ပုဆိုးကပါ ခပ်နွမ်းနွမ်းမို့ ခြုံ ပြောရလျှင် မီးဖိုရှေ့က အဘိုးအိုနှင့် စာလျှင် အင်္ကျီရှိတာနှင့် မရှိတာသာ ကွာလိမ့်မည်။
အဘိုးအိုက ထိုလူငယ် ကို ကြည့်ကာ အံ့အားသင့်စွာဖြင့်… “မောင်ရင်က ဘယ်သူတုန်း”
ခပ်နွမ်းနွမ်းလူက ခပ်နွမ်းနွမ်း ပြုံးကာ
“ခင်ဗျားဘဝကို ပြောင်းလဲပေး မယ့်သူ”
“ဟင်” အဘိုးအို အံ့အားသင့်သွား သည်။ ထိုသူစကားကိုလည်း သူသိပ် ပြီး သဘောမပေါက်လှ။ သူဘာတွေ ပြောင်းလဲသင့်သည်ကို တစ်ခါမျှ မစဉ်းစားဖူးပေ။
ထိုသူမှပင်.. “ကျုပ်တို့ပြည်ကြီး မတိုးတက် တာ၊ ပြောင်းလဲခြင်းကို သဘော မပေါက်လို့ မတိုးတက်တာဗျ။ ဒါကို နားလည်လား” အဘိုးအိုက ဇဝေဇဝါ ခေါင်းခါ သည်။ ထိုသူက မဲ့ပြုံးပြုံးပြီး … “အဲဒါပဲဗျ။ အဲဒါပဲ။ ပြောင်းလဲ ချိန်တန်နေတာတောင် ဘာမှမသိဘဲ ငုတ်တုတ်ကြီးထိုင်နေသူတွေကြောင့် မတိုးတက်တာ။ သူများနိုင်ငံတွေကို ကြည့်၊ ကိုရီးယားကိုကြည့်မလား၊ ဂျပန်ကိုကြည့်မလား” အဘိုးအို ထိုသူပြောတာ တစ်ခု မှ နားမလည်။
ထိုသူမှပင်ဆက်၍ အာပေါင်အာရင်းသန်သန်ဖြင့် ….. “ပဒေသရာဇ်ခေတ်၊ အာဏာ ရှင်ခေတ်၊ စစ်အစိုးရခေတ်၊ ဒီမိုက ရေစီခေတ်ထိ ခင်ဗျားအနေနဲ့ ပြောင်းလဲသင့်တယ်ဆိုတာ ဘယ်နှစ် ခါ စဉ်းစားဖူးလဲ” အဘိုးအို ခေါင်းကုပ်ပြီး “တစ်ခါမှ မစဉ်းစားဖူးဘူး” လူရွယ်အသံ ပိုကျယ်လာသည်။ “အဲဒါပဲဗျ။ အဲဒါပဲ။ ပဒေ သရာဇ်ခေတ်မှာလည်း ကျောမွဲ၊ ခေတ်အဆက်ဆက် ပြောင်းလဲလာ လည်း ကျောမွဲ၊ ကောင်းမွန်တဲ့ အပြောင်းအလဲမရှိခဲ့တော့ ခင်ဗျား တို့ဘဝဘယ်လိုလုပ်ပြီး မြောက်မှာ လဲ။ ဦးနှောက်ကို လွှာသုံး၊ မှန်ကန် တဲ့ဘက်က ရပ်တည်၊ ပြောင်းလဲခြင်း ကို လက်ခံနိုင်မှ တိုးတက်ခြင်းကို ရမှာပေါ့” အဘိုးအိုငေးကြည့်နေသည်။ ထိုသူဘာကို ဆိုလိုနေမှန်း သူလည်း မသိ။
“တချို့ကရှေ့ကလည်း မသွား၊ နောက်ကလည်းမလိုက်၊ ဘေးတိုက် လွယ်အိတ်လိုလိုက်နေကြတော့ ဘယ်လိုလုပ် တိုးတက်မှာလဲ++ အဘိုးအိုဝေ့ကြည့်သည်။ သူ့မှာ လွယ်အိတ်မရှိတော့ မသိ။ “အမေရိကန်နိုင်ငံမှာဆို ရီပါပ လစ်ကင်နဲ့ ဒီမိုကရက်တစ်ဆိုပြီး ပါတီကြီးနှစ်ခုရှိတယ်။ သူတို့နှစ်ခုက ပဲ သက်တမ်းတစ်ခုစီ ပြောင်းလဲပြီး အုပ်ချုပ်ခဲ့လို့ အပြောင်းအလဲတွေနဲ့ တိုးတက်ခြင်းတွေ ရခဲ့တယ်။ ခု ခင်ဗျားဆို သက်တမ်းတစ်လျှောက် မှာ ဘယ်မှာပြောင်းလဲခဲ့လဲ” အဘိုးအို နားမလည်။ ဘာကို ပြောင်းလဲရမလဲသူမသိ။
“ပြောင်းလဲချိန်တန်ပြီ။ ပြောင်း လဲချိန်တန်ပြီ။ ပါးစပ်ကကုန်း အော် နေပြီး ဘာမှဆက်မလုပ်ခဲ့လို့ ဒီလိုပဲ ခံနေရတာပေါ့ဗျ။ မဟုတ်ဘူးလား” သူ့ကိုလက်ညှိုးထိုးမေး၍ အဘိုး အိုယောင်ပြီး ခေါင်းညိတ်မိသည်။
“တိုးတက်ခြင်းအစ ပြောင်းလဲ ခြင်းကဆိုတာ လက်ခံလား” အဘိုးအို ခေါင်းကုပ်သည်။
ပြီးမှ … “အဲဒီတော့ ကျုပ်ဘာလုပ်ရမှာလဲ” “ပြောင်းလဲရမယ်လေဗျာ။ ပြောင်းလဲရမယ်” အဘိုးအိုခေါင်းကုန်ပြန်သည်။
“ကျုပ်ကဘယ်လို ပြောင်းလဲရ မလဲ” ထိုသူက ခပ်ဖွဖွပြုံးလိုက်သည်။
ပြီးမှ … “ခင်ဗျားမှာ ပြောင်းလဲချင်စိတ် လိုတယ်။ ခင်ဗျားသာ ပြောင်းလဲချင် စိတ်ရှိရင် ကျုပ်ကခင်ဗျားကို ပြောင်း လဲပေးမယ်” အဘိုးအိုစိတ်ကူးထဲ တိုက်အိမ် ကြီးပေါ်လာသည်။ ပြောင်းဖူးသည် အမယ်ကြီး ပြိုးပြိုးပြက်ပြက်နှင့် ပြုံးပြုံးကြီး ပေါ်လာသည်။ သူ၏ သားမြေးများ မော်တော်ကားစီး၍ မုန့်ထုပ်များနှင့် ပျော်ရွှင်စွာ သူတို့ လင်မယားကို လာကန်တော့သည် များ ပေါ်လာသည်။ မြေးငယ်များက ခြံဝင်းထဲက မြက်ခင်းပေါ် ပျော်ရွှင် စွာ ပြေးဆော့ကစားနေကြလေပြီ။ အဘိုးအို အပြုံးပန်းများ ပွင့်လာ သည်။
ထို့ကြောင့် အားတက် သရောဖြင့်
“ဟုတ်ပြီ ကျုပ်ပြောင်းလဲချင်ပြီဗျာ” အဘိုးအို၏စကားကို ထိုသူက ကျေနပ်ပီတိဖြစ်စွာ ပြုံးသွားပြီး
“ခင်ဗျားပြောင်းလဲချင်တာ သေချာလား” အဘိုးအိုက ခေါင်းကိုခပ်သွက် သွက်ညိတ်ပြီး …
“သေချာတယ်ဗျ။ သေချာ တယ်”
“သေချာတယ်ဆို ရော့၊ ကျုပ်က ခင်ဗျားကို ချက်ချင်းပြောင်းလဲပေး လိုက်မယ်ရော့” ထိုသူ့လွယ်အိတ်စုတ်ထဲက တစ်စုံတစ်ခု ဆွဲထုတ်လိုက်သည်။
“ဟင်” ထိုအရာကိုကြည့်ပြီး အဘိုးအို အံ့အားသင့်သွားသည်။ သူမြင်နေရ တာ ဝါးဆစ်ပိုင်းတစ်ခု။ သူ့စိတ်ထဲ မှာ မှော်တုတ်ကလေးလားအမှတ်နဲ့ လှမ်းယူကာ….
“ဒါဘာလဲ”
“မီးပြောင်း”
“ဟင်” အဘိုးအို အသေအချာကြည့် သည်။ မှန်ပါ့ မီးပြောင်းမှဝါးမီးပြောင်း အစစ်ကြီး။
“ဒါ ဒါကြီးက”
“ထိုင်မှုတ်နေလေ”
“ငင့်” အဘိုးအို တက်ချင်သလိုပါ ဖြစ်သွား၏။
“ဟုတ်တယ်လေ။ ခင်ဗျားမီး ပြောင်းအဟောင်းအစုတ်ကြီးနဲ့ ထိုင်မှုတ်နေလို့ မီးကဘယ်လိုတောက် မှာလဲ။ ဒါကြောင့်ပြောင်းလဲပြီး မှုတ်ကြည့်”
“ဒါ ဒါကြီးနဲ့”
“ထိုင်မှုတ်ပါဆို” ဆိုပြီး လူငယ်ငေါက်ခနဲ ထ ထွက်သွားသည်။ အဘိုးအိုနှင့် မလှမ်းမကမ်းကို ရောက်မှ အသံ ကျယ်ကျယ်ဖြင့် …
“လူတစ်ယောက်ကို ငါပြောင်း လဲပေးနိုင်ပြီဟေ့။ ပြောင်းလဲပေးနိုင် ပြီ။ ဟား ဟား ဟား”ဟူသော အားရ ဝမ်းသာ အော်သံကို ကြားရသည်။ အဘိုးအိုမှာ လက်ထဲရှိသော မီးပြောင်းအသစ်ကို ကြည့်လိုက်၊ သုံးနေကျ ဝါးမီးပြောင်းအဟောင်း ကိုကြည့်လိုက်နှင့် ဇဝေဇဝါဖြစ် နေသည်။ ဘာလုပ်ရမှန်းမသိ။ အတန်ကြာမှ သက်ပြင်းချပြီး …. “ပြောင်းလဲချိန်တန်ပြီလေ” ဟု ဆိုကာ ဝါးမီးပြောင်းအဟောင်းကြီး ကို မီးဖိုထဲ ပစ်ထည့်လိုက်သည်။ နောက် ခုနကလူပေးသွားသော ဝါး ပြောင်းအသစ့်ဖြင့် မီးကိုကုန်းမှုတ် လိုက်သည်။
“အံမယ် ပြောင်းလဲလိုက်တော့ လည်း မှုတ်လို့အကောင်းသားဟ”အဘိုးအို ကျေနပ်သွားသည်။

လေးစားစွာ ကြိုးစားလျက်
အကြည်တော်

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...