Skip to main content

Posts

Showing posts from November 30, 2024

ဆွန်ဇု၏စစ်ပညာကျမ်း

  တရုတ်ပြည်၏ဂန္တဝင်မြောက် ဆွန်ဇု၏စစ်ပညာကျမ်း - စံလှိုင် The Art of War - Sun Tzu The Art of War ဆိုတာကတော့သမိုင်းတစ်လျောက်မှာ အထင်ရှားဆုံးနဲ့အကောင်းဆုံးအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့စစ်ပညာကျမ်းတစ်စောင်ပဲဖြစ်ပါတယ်။ The Art of War ကိုရေးသားခဲ့သူကဆွန်ဇုလို့အမည်ရတဲ့တရုတ်စစ်သူကြီးတစ်ဦးဖြစ်ပြီးသူဟာဘီစီခြောက်ရာစုလောက်ကဝူပြည်မှာအမှုထမ်းခဲ့တယ်လို့ဆိုပါတယ်။ဒီအတိုင်းသာအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ဆွန်ဇုဟာကွန်ဖြူးရှပ်၊လောင်ဇုတို့နဲ့ခေတ်ပြိုင်ဖြစ်ပါလိမ့်မယ်။ သမိုင်းအချက်အလက်တွေအရတော့ဆွန်ဇုဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးအမှန်တကယ်သက်ရှိထင်ရှားရှိခဲ့တာဟုတ်မဟုတ်၊စစ်ဗျူဟာကျမ်းကိုရေးသားသူဟာဆွန်ဇုဟုတ်မဟုတ်စတဲ့အချက်တွေကိုအငြင်းပွားနေရဆဲပါ။  ဆွန်ဇုဟာသမိုင်းမှာအမှန်တကယ်ရှိခဲ့သည်ဖြစ်‌စေမရှိခဲ့သည်ဖြစ်‌စေ ယနေ့ခေတ်မှာဆွန်ဇုနဲ့သူ့ရဲ့စစ်ပညာကျမ်းဆိုရင်မသိသူမရှိလောက်အောင်ထင်ရှားပြီးနိုင်ငံအသီးသီး၊နယ်ပယ်အသီးသီးမှာလွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့အချက်ကတော့သေချာပါတယ်။ ဒီစာအုပ်ထဲမှာပါဝင်တဲ့ဒဿနတွေဟာရုပ်ပိုင်းဆိုင်ရာအကြမ်းနည်းနဲ့တိုက်ခိုက်တာတွေထက်စိတ်ဓာတ်ရေးရာ၊စီမံခန့်ခွဲမှုနဲ့နဲ့ပရိယာယ်လှည့်စားမှုတွေကိုအဓိကဖော်ပြထားတာဖြစ်ပြီးဖတ်ရှုသူရ...