“ဆွမ်းတော်လက်ဖက်ရည် စွန့်တော့ဟေ့” အဖျော်ဆရာကိုဝင်းမြင့်က လှမ်းအော်ပြီဆိုရင် ကျွန်တော် သိလိုက်ပါပြီ။ ကိုငယ်လေး ကျွန်တော်တို့ ဆိုင်ကို လာပြီ။ ဖားဉတွေ အထပ်ထပ်တက်နေပြီး အဖြူရိရိ အရောင်နဲ့ ကော်လာကတုံးအင်္ကျီ။ အကြော်ဆရာကိုကျော်သူ အီကြာကွေးကြော်ပြီး သုတ်တဲ့ လက်သုတ်ဝတ်လောက်တောင် မတောက်ပြောင်တဲ့ ကချင်ပုဆိုးညစ်ညစ်။ အဲ့ဒါ..ကိုငယ်လေး ယူနီဖောင်း။ ဆံပင်ဘုတ်သိုက်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးဗလပွနဲ့။ ညစ်ထပ်ထပ်အသားအရည်။ စစ်ကျောပိုးအိတ်အစုတ်ကြီးကိုလွယ်။ အဲ့ဒါက..ကိုငယ်လေး စတိုင်လ်။ ဒီလောက်ဖွဲ့နွဲ့ပြလိုက်ရင် သိလောက်ကြရောပေါ့။ ဒီဘဲက အရူး။ ကျွန်တော်တို့ ရပ်ကွက်အနီးအနားမှာပဲနေတာ။ သူ့က အမတွေ၊ ညီမတွေကြားထဲမှာ တစ်ဦးတည်းသော ပါလာတဲ့ ယောက်ျားလေးတဲ့။ စာတော်တယ်။ စာအရမ်းဖတ်တယ်။ နောက်တော့ အိမ်ကထွက်ပြေး။ မိုင်းရှူးဘက်မှာ ကျောက်သွားတူးတယ်။ နှစ်တွေအကြာကြီးကြာသွားတော့ ကျွန်တော်တို့ ရဲ့ လက်ဖက်ရည်ဆိုင်လေးကို သူပြန်ရောက်လာတယ်။ ဖြူစွတ်နေတဲ့ကော်လာကတုံး၊ ကချင်ပုဆိုး မီးပူခေါက်ရိုးကျိုးနဲ့၊ စစ်ကျောပိုးအိတ်ကို လွယ်ထားတဲ့ ကိုငယ်လေး။ လက်ဖက်ရည်တစ်ခွက်မှာသောက်တယ်။ နာရီပေါင်းများစွာ၊ ကက်ဆက်ခွေတစ်ခွေပြီးတစ်ခွေကုန်တဲ့အထိ ကိုငယ်လေး ဟာ...
https://t.me/TheBookR