အိုက်ပေါင်းတို့ အိမ်ဖက်က လူစုစုအသံ ကြားသဖြင့် ပန်းပဲထုနေရာက အသာရပ်ပြီး ဦးအိုက်မြ နားစွင့်သည်။ “အိုက်ပေါင်း ငါးရလာတယ်။ ငါးအကြီးကြီးပဲ” အိမ်ရှေ့က ဖြတ်သွားသော အီကော်က ဦးအိုက်မြကို ပြောသွားသည်။ ဦးအိုက်မြသည် လုပ်လက်စ အလုပ်ကို ထားခဲ့ပြီး အိုက်ပေါင်းတို့ အိမ်ဖက် ကူးခဲ့သည်။ အိုက်ပေါင်းတို့ အိမ်ရှေ့ မြေကွက်လပ်မှာ လူတွေဝိုင်း နေသည်။ ကလေးတွေကို အနားမကပ်ဖို့ အော်ထုတ်နေသံ ကြားရသည်။ ပလပ်စတစ် အခင်းပေါ် ချထားသော ငါးတန်ကြီးကို မြင်သောအခါ ဦးအိုက်မြ အသွေးအသားထဲမှာ နိုးနိုးကြားကြား ဖြစ်သွားသည်။ ငါးတန်ကြီးရဲ့ ပြောင်လက် ချောမွတ်သော အရေခွံထူထူသည် တလက်လက် ဖြစ်နေသည်။ “နောက်ဆုတ် ... နောက်ဆုတ်” အုံခဲ တိုးဝှေ့နေသော ကလေးတွေကို နှင်လွှတ်ပြီး ငါးတန်ကြီးကို အများမြင်ကွင်းမှာပင် ဖျက်ကြသည်။ ထူထဲသော အခေါက်၊ နီရဲသော အသားနဲ့ ဆူဖြိုးလှသော ငါးတန်။ အိုက်ပေါင်း တစ်ယောက် ငွေရွှင်ပြီ။ “ငါ့ကို တစ်ပိဿာ ... ငါ့ကို ငါးဆယ်သား” အစရှိသဖြင့် အီကော်တို့၊ မစောစီတို့ မိန်းမတစ်သိုက် ဟင်းစား ဝယ်ကြသံတွေ ကြားမှာ ဦးအိုက်မြ တွေလို့ စဉ်းစား နေမိသေး သော်လည်း “ငါ့ကို ဝမ်းပျဉ်းသား ငါးဆယ်သား...
https://t.me/TheBookR