ဗိုလ်တာရာ (ဧည့်သည်ဗိုလ်ချုပ်နှင့်အဖွဲ့) တဝီဝီလည်ပတ်နေသော ပန်ကာကြီးများ၏အသံသည် ကျယ်ပြန့်ခန့်ညားသော ခန်းမကြီးများကို ပိုမိုထယ်ဝါစေတော့၏။ အမွေး ရှည်ကြီးများဖြင့်ခင်းကျင်းထားသည့် ကော်ဇောကြီးများကလည်း အရောင် တဖိတ်ဖိတ်တောက်ပနေသည့် အောက်ခံကျောက်ပြားထက်တွင် တင့်တယ်စေတော့၏။ အခန်းထောင့်ချိုးကလေးဆီမှ အစီအရီ တပ်ဆင်ထားသည့် အဝါနုရောင်၊ အပြာနုရောင်၊ ပန်းနုရောင် ပိုးမီးအိမ်ဖုံးကလေးများဖြင့် လျှပ်စစ်မီးလုံးများ၏အခြေအနေမှာလည်း အထက်တန်းကျလှသော တိုက်တာအခြေအနေကို ဖော်ထုတ်စေတော့သည်။ အခန်းနံရံ တစ်လျှောက်၌ ချိတ်ဆွဲထားသည့် သစ်သားထုကြီးကြီးနှင့် ဆီဆေးပန်းချီကားချပ်ကြီးများအတွင်းမှ ရှူမျှော်ခင်းကားများ၊ ရာဇဝင်၌ ထင်ရှားသော စစ်သူကြီးများနှင့် စစ်ရေးစစ်ရာတိုက်ပွဲများကို ပြောင်မြောက်စွာ ရေးသားထားမှုများမှာလည်း တန်ဖိုးမနည်းလှသည့်အခြေအနေကို သိသာစေနိုင်၏။ ဒေါက်ခနဲအသံနှင့်အတူ တဟားဟားရယ်မောသံပါ နောက်ဆက်တွဲအဖြစ်နှင့် ပေါ်ထွက်လာလျက် လက်တွင်းမှ ဖန်ခွက်ကို ဖဲသားနုနုခင်းထားသည့် မဟော်ဂနီစားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး တကယ်ပင် ရာဇရုပ်ပါလှသော ဥရောပတိုက်သားတစ်ဦး၏ဟန်အမူအရာမှာလည်း ထယ်ဝါ၀င့်ကြွားလှပေတော့၏။ ထိုထက် သူ၏ရေတပ်ဘက်ဆိုင်ရ...
https://t.me/TheBookR