Skip to main content

Posts

Showing posts with the label စံဝင့်ထည်

လနှစ်စင်းရဲ့ ညအလင်း

အုန်းလက်များ ကြားမှ မြင်နေရသော လပြည့်ည၏ ဝိုင်းဝိုင်းစက်စက် ငွေလမင်းကြီးကို ကျွန်မ ငေးမော နေမိသည်။ ခြံထောင့်ရှိ ခုံတန်းလျားလေး ပေါ်တွင် ကျွန်မ တစ်ယောက်တည်း။ ပတ်ဝန်းကျင် တစ်ခွင်လုံးတွင်လည်း တိတ်ဆိတ်မှုက လွှမ်းမိုးနေဆဲ။ လေတိုက်တိုင်း ယိမ်းထိုးလှုပ်ရှား သွားတတ်သော အုန်းလက်များ ကြားမှ လ၏ အလင်းရောင် မှုန်ဝါးဝါးက မလင်းတစ်လှည့် လင်းတစ်လှည့်။ “ဖေဖေ့ကို သတိရလိုက်တာ” မှိန်ဖျော့ဖျော့ ပါးလျလျ အလင်းရောင်ကို ငေးကြည့်နေရင်းမှ ကျွန်မ တိုးတိုးဖွဖွ ညဉ်းညူမိသည်။ ဒဏ်ရာဟောင်းများ၏ နာကျင်မှုက အသစ်တစ်ဖန် ပြန်ပေါ်လာသည်။  သည်လို လပြည့်ည ရောက်လေတိုင်း ကျွန်မတို့ သားအမိ၏ ရင်ထဲတွင် မမေ့နိုင်သော ခံစားမှုဖြင့် ကိုယ်စီကိုယ်ငှ ကြေကွဲနေရစမြဲ။ သို့သော် တစ်ယောက် ခံစားမှုကို တစ်ယောက် မမြင်အောင် သိုဝှက်ရင်း မနာကျင်လေသယောင် နေပြခဲ့ကြသည်။ ဖေဖေ ထားရစ်သည့် နေ့မှစ၍ တစ်ခြမ်းပဲ့ အသိုက်အမြုံထဲမှ ကျွန်မတို့လည်း မျိုသိပ်ခြင်း အတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက် ခဲ့ကြပြီ။ မိစုံဖစုံ သက်ရှိထင်ရှား ရှိပါလျက် မိခင် တစ်ဦးတည်း၏ ရင်ငွေ့ကိုသာ ခိုခွင့်ရသော ကံကြမ္မာ။ လစ်လပ်နေသော မဟာတံတိုင်း ဖခင်ကြီး၏ နေရာ တစ်ခုကြောင့် မေမေနှင့် ...