Skip to main content

Posts

Showing posts with the label ယုယ

❝ ခွေးလေး တစ်ကောင် ဖမ်းမိတယ် ❞ ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

“ သမီး ညည်း ဟယ် ဒီ မည်းတူး စုတ်ပြတ် နေတဲ့ ခွေး ကို ဘယ် က ခေါ်လာတာတုံး ။ နောက်ပြီး အမကြီး ”   “ အမေ က လည်း အဲဒီ ယောက်ျား ၊ မိန်းမ ခွဲခြားတဲ့ ဟာတွေ ဒီ ခေတ်ကြီး မှာ မရှိသင့်တော့ပါဘူး ”   “ ဟဲ့ စုမေ ငါ ပြောချင်တာ ဒီ ခွေး အစုတ်အပဲ့ ကို မမွေးချင်ဘူး လို့ ပြောတာ ဒါပဲ ”   “ မရတော့ဘူး အမေ ၊ မွေး ကို မွေးမှ ရတော့မှာ ။ သမီး ကတိ ပေးခဲ့ပြီ ”   ခပ်မြန်မြန် စကား ဖြတ်ပြီး အမေ့ နား က ပြေးထွက် လာ ခဲ့သည် ။ အမေ ပြောမှ ပဲ ဒီ ခွေးလေး ကို ဘယ်လို နာမည် ပေးရမလဲ စဉ်းစား မိ သွား၏ ။ မဲတူ ... မဲတူ ဆိုတာ သူ နှင့် အလိုက်ဖက်ဆုံး နာမည် ပင် ။ မဲတူလေး ကို သေချာ မွေး ရမည် ။ ကျွေး ရမည် ။ အမေ ပြော လည်း ပြောချင်စရာ ပင် ။ မဲတူ ၏ အမွေးများ က အမည်းရောင် နက်နက် မဟုတ်ဘဲ မွဲတေ နေသော အမည်းရောင် မျိုး ပင် ။ မွဲ နေသော အရောင် နှင့် အတူ သေးကွေးပိန်လှီ လှသော မဲတူ ၏ အသွင်အပြင် က တစ်စက် မှ နှစ်လိုဖွယ်ရာ မရှိ ။ မည်သို့ပင် ဖြစ်စေ သူ က တော့ ဈေးကြီးပေ့ ဆိုသော ခွေးတွေ ကဲ့သို့ မွေးမည် ၊ ကျွေးမည် ဟု ဆုံးဖြတ် ထားသည် ။  ••••• ••••• ••••• “ မဲတူ ရေ ၊ သမီးလေး ”  "ဟဲ့ စုမေ အဲဒီ ခွေး ငါ ကြည့် ရတာ မ...