Skip to main content

Posts

Showing posts with the label ဂျာနယ်ကျော်မမလေး

လှတစ်မျက်နှာ-ဂျာနယ်ကျော်မမလေး

  လှမြတ်သက်မူ   ၏အမည်ရင်းမှာ​ မလှမူဖြစ်သည်။ ကော​လိပ်ကျောင်းသို့​ရောက်သည့်နှစ်တွင် ကော​လိပ်ကျောင်း၌ မူမူဟု အမည်တွင်ကာမူမူဟူ၍လူသိသူသိများခဲ့၏။​ မယ်တက္ကသိုလ်​ အရွေးခံရသည့်နှစ်၌ တိုင်းသိ​ပြည်သိသတင်းစာထဲတွင်​ ပုံနှိပ်စာလုံးနှင့်​နာမည်ဖော်ပြကြေညာအံ့ဆဲဆဲ​ သတင်းထောက်များကို​ လှမြတ်သက်မူ​ ဟူ၍ စိတ်တိုင်းကျနာမည်ရှည်ကြီးဖြည့်​စွက်မှည့်ပေးလိုက်လေ၏။ ထို့ကြောင့်​ မလှမူသည်​ မူမူအဖြစ်မှ လှမြတ်သက်မူ ဖြစ်​လာရပေသည်။ လှမြတ်သက်မူဆိုသော​ အမည်သည် မယ်တက္ကသိုလ် အရွေးခံရသည့်နှစ်၌တစ်ကြိမ်၊ဘိလပ်ပြန်ကိုဘမောင်နှင့်မင်္ဂလာဆောင်စဉ်က​ တစ်ကြိမ်ဤနှစ်ကြိမ်သည်သာလျှင်​ ပုံနှိပ်စာလုံး၌ အမည်​တွင်​ လိုက်ရလေသည်။ ယခုတော့လည်း​ မစ္စက်ဘမောင် ဖြစ်နေရ၏။ မူမူသည်သံရုံးတစ်ရုံးမှပေးပို့လိုက်သောဖိတ်စာကတ်ကို ခုံပေါ်မှဆွဲယူကာ​ အိပ်ချင်မပြေ့တပြေ မျက်လုံးဖြင့် ဖတ်ကြည့်သည်။ ဖိတ်စာထဲ၌ မစ္စတာနှင့် မစ္စက်ဘမောင်ဟု ပါရှိ၏။ ယဉ်ကျေးမှုအဖွဲ့နှင့် မိတ်ဆက်တွေ့ဆုံရန် သံရုံးက ဖိတ်ကြားခြင်းကြောင့် ဧည့်ခံပွဲ၌ ယဉ်ကျေးမှုကပွဲ ကပြလိမ့်မည်ဆို၍ သွားချင်​ စိတ် ပေါ်လာလေသည်။ မူမူသည် ဖိတ်စာကတ်ကို ခုံပေါ်သို့​ ပြန်တင်​ လိုက်သည်။ လက်မြှောက်၍နာရီကြည့်လိုက်သည်။...

သံသရာဘေး

နေဝန်းသည် တဖြည်းဖြည်း မြင့်တက်လာသည်။ ရွှေရောင်ခြည် ဖျော့ဖျော့တို့သည် လမ်းပေါ်၌ ဖြာကျလျက်ရှိ၏။ မြစ်ပြင်မှ ဖြတ်သန်းလာသော လေမှာ နွေး၍ တသုန်သုန် တညင်းညင်း တိုက်ခတ်လျက် ရှိနေသည်။ အဝတ်အစား အရောင်အမျိုးစုံ ဝတ်ထားသည့် ကလေးများသည် လမ်းမတလျှောက်၌ တသီတတန်းကြီး မြင်တွေ့နေရသော ပစ္စည်းများကို ဝိုင်းအုံလိုက်ကြည့်လျက် ဆူညံပြေးလွှား ဆော့ကစားနေကြလေသည်။ လမ်းထိပ်ကစ၍ လမ်းတလျှောက်လုံး လမ်းဘေးတွင် စားပွဲခုံများ ခင်းကျင်းထားကြသည်။ စားပွဲပေါ်၌ ဖယောင်းတိုင်၊ ဆပ်ပြာထုပ်၊ ငါးသေတ္တာဘူး၊ ရေခွက်၊ ရေဖလား၊ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ပုဇွန်ခြောက် စသော ပစ္စည်းမျိုးစုံ ပုံခင်း ဖြန့်တင်ထားကြသည်။ ဆွမ်းဆန်စိမ်း လောင်းပွဲကြီးကို မော်လမြိုင်ကျွန်းမြို့၌ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သည်။ မော်လမြိုင်ကျွန်းမြို့ကလေးမှာ မြို့ပိုင်ရုံးစိုက်လျက် အေးချမ်းသာယာသော မြို့ကလေးတစ်မြို့ဖြစ်သည်။ မြစ်တစ်ဘက်ကမ်းရှိ ဆန်စက်များဆီမှ ဖွဲနံ့တို့သည် လေအဝှေ့တွင် လွင့်ပါးမျောပါလာကြသည်။ ဆွမ်းဆန်စိမ်း ထွက်လောင်းကြမည့် အလှူ့ရှင်များ၏ အော်ကျယ်ဟစ်ကျယ် ပြောဆိုပြင်ဆင်နေကြသော အသံဗလံ၊ လမ်းထိပ်မှ ဗြောတီးသံ၊ ကလေးတွေ အော်ဟစ်နေသော အသံတို့သည် စုပြုံ၍ က...

မြက်ကလေးတစ်ပင်

စစ်ဗိုလ်ကတော် ခင်မမသည် ကတုံးမကလေးကို နှာခေါင်းရှုံ့၍ ကြည့်၏။ ငွေငါးဆယ် များနေသလားဟု စိတ်ထဲက တွက်ချက်ကြည့်လျက် နှမြောသလိုလို တွန့်တိုနေလေသည်။ နှမြောမည်ဆိုလည်း နှမြောပေမည်၊ ဆယ်တန်ငါးချပ်သည် ပိုကာဝိုင်း၌ တနေကုန် တနေခန်း ခါးချိအောင် ထိုင်ရိုက်ရသောငွေ ဖြစ်သည်။  ဖဲဝိုင်း၌ တနေ့ခင်းလုံး ရှုံးနေသည်။ ပါလာသော ငွေ (၁၀၀ိ) ကုန်၍ အတွင်းဝန် ကတော်တဦးထံက (၃၀ိ) လှည့်ပြီး ဆက်ရိုက်နေစဉ်၊ မင်းကတော်များရှေ့တွင် ဣနြေ္ဒမပျက်အောင် ဟန်ဆောင်ပြီး ရိုက်နေရ၏။ လက်ကိုင်အိတ်ထဲ ရာတန် ထည့်ယူခဲ့ရပါ့မလားဟု နောင်တရလို့ မဆုံး၊ ဘယ်သူမှ မသိကြ၍သာ၊ သူ့ကိုယ်သူလည်း ဆဲမိသေးသည်။ ဒေါသကြောင့် လက်ထိပ်က ချဖဲကိုမမြင်ဘဲ လျှမ်းနေသည်။ ရင်ထဲကလည်း တလှပ်လှပ်ဖြစ်ကာ မွှန်နေသည်။ အသက်ရှူရပင် ကျပ်လာ၏။  ကံကောင်းထောက်မ၍ တဖြည်းဖြည်း ငွေ (၁၀၀ိ) အရင်းပြန်ပေါ်ကာ ငွေ (၃၀ိ) အကြွေးကို ဆပ်နိုင်လိုက်ရုံ မက ငွေ(၅၀ိ) အမြတ်ထွက်လျှက် အနိုင်နှင့် ပြီးလိုက်ရ၏။  ခင်မမသည် ဖဲဝိုင်းအပြီး မြေကြီးနှင့် ခြေမထိဘဲ ဝဲပျံသွားလျှင် ရတော့မလောက် ပေါ့ပါးသွားသည်။ ရွှင်မြူးနေ၍ အသံမှာ နဂိုအသံ မဟုတ်တော့ဘဲ အူထဲက အသံထွက်လာသည်။  “ခင်တော့ အိမ်ရောက်ရင် အိပ်ရ...