ကျွန်ုပ်သည် တစ်ခါက ဟင်္သာတမြို့ပိုင် မဲဇလီကုန်းအရပ်ရှိ အိမ်တစ်အိမ်၌ တည်းခိုနေစဉ် နံနက် ၁၀ နာရီ အချိန်ခန့်တွင် မိန်းမရွယ်ရွယ်တစ်ယောက် အိမ်ရှေ့သို့ ရောက်လာ၍ အင်္ဂပူကို သိလျှင် ပြောစမ်းပါဟု ဆိုလာလေ၏။ ထိုမိန်းမမှာ အသက် ၂၅ နှစ်ကျော်မျှသာ ရှိသော်လည်း၊ ၃၀ လောက် ထင်ရသည်။ အလွန့်အလွန် ဆင်းရဲသော သတ္တဝါ ဖြစ်လေသည်။ တစ်ကိုယ်လုံးမှာလည်း လေးထည်သော အ၀တ်တို့ဖြင့် ဖြစ်ကတတ်ဆန်း ၀တ်ဆင်၍ လာ၏။ အ၀တ်လေးထည်ကား ဦးခေါင်းပေါ်၌ တင်လာသော စောင်တစ်ထည်၊ ၎င်းမှာ ဟောင်းနွမ်းကြာရှည်လေပြီ ဖြစ်သော်လည်း ဖွပ်လျှော်ခြင်းကို တစ်ခါတစ်ရံမျှ အစော်မနံရလေ။ ၎င်းနောက် ချွေးခံအင်္ကျီနှင့် အပေါ်ရင်ဖုံးအင်္ကျီတို့မှာ အညစ်ဆုံးသော ဖုတ်ရောင်ထလျက် ရှိ၏။ ထို အင်္ကျီတို့မှာ အဆိုပါ မိန်းမ၏ ကိုယ်ခန္ဓာနှင့် မခွဲမခွာရသည်မှာ ကြာရှည်လှလေပြီဖြစ်၍ အမြွာမြွာ စုတ်ပြဲနေလေပြီ။ ဤစုတ်ပြတ်ရာတို့ကိုလည်း မညီမညွတ် မလှမပသော ချုပ်ရိုးဖြင့် သီချုပ်ထားရကား ရှုံ့တွကောက်ကွေး၍ အောက်မေ့တိုင်း စိတ်ပျက်စရာကောင်းသော အကျီင်္ဖြစ်လေသသည်။ ထဘီမှာ ၎င်း၏ နဂိုအရောင်အဆင်းကို ဓာတ်ခွဲပညာဖြင့်လည်းကောင်း၊ ဗေဒင်ပညာဖြင့်လည်းကောင်း မည်သည့်နည်းနှင့်မျှ မသိနိုင်သော်လည်း ယခုကား ...
https://t.me/TheBookR