Skip to main content

Posts

Showing posts with the label မင်းခိုက်စိုးစန်

ကြက်တူရွေးပါးစပ်

  (၁) ကျွန်တော့်အိမ်တွင် ကြက်တူရွေး ခုနစ်ထောင့် တစ်ရာ ခြောက်ဆယ့် ကိုးကောင်တိတိ မွေးမြူထားပါသည်။ ↂ (၂/က) အရွက်တွေ ကင်းမဲ့ကာ ရိုးတံချည်း ခြောက်သွေ့ ကျန်ရစ်နေသော သစ်ဆိမ့်ပင်ကြီးကို ကျွန်တော်ချစ်သည်။ အောက်ဘက် သစ်ကိုင်းပေါ် ခုန်ဆင်းရန် ဟန်ပြင်ရင်း ဟိုဟို သည်သည် ပြူးတူး ပြာတာကြည့်နေသော ရှဉ့်ညိုညို သေးသေးလေးကို ကျွန်တော် ချစ်သည်။ တပေါင်းလတွင် တိုက်ခတ် လာသော လေနွေးနွေးကို ကျွန်တော်ချစ်သည်။ အဝါရောင် ပွင့်ချပ်တွေဖြင့် တစ်ပင်လုံးကိုဖုံးထားပြီး တွဲရွဲကျနေသော ငုပန်းများကို ကျွန်တော် ချစ်သည်။ ထိုသဘာဝ တရားများကို ချစ်တတ်ရန်နှင့် ထိန်းသိမ်းတတ်ရန် ကျွန်တော်တို့ကို တစ်စုံတစ်ရာက သင်ကြားပေးခဲ့သည်ဟု ကျွန်တော် ထင်၏။ (ခြွင်းချက်အားဖြင့်တော့ တချို့ လူများသည် ထိုသင်တန်းတွင် ကျောင်းပြေးခဲ့ဟန်တူသည်။ “သို့မဟုတ်” အိပ်ငိုက်နေခဲ့ကြဟန်တူသည်။ သူတို့ကမူ သဘာဝတရားကြီးကို ကိုယ်ကျိုးအတွက် သုံးရန်ကလွဲ၍ ကျန်သည်မျက်စိဖြင့် မမြင်တတ်ကြပါ) တစ်ဖက်ကကြည့်လျှင် သဘာဝတရားကြီးကို ကျွန်တော်တို့ ချစ်မြတ်နိုးနေခြင်းနှင့် ထိန်းသိမ်းနေကြခြင်းသည် ကျွန်တော်တို့၏ ကိုယ်ကျိုးစီးပွားပေါ်တွင် အခြေခံသည်ဟု ထင်သည်။ ဆိုလိုသည်မှာ အိုဇုန်းလွှာပေါက်ခ...