Skip to main content

Posts

Showing posts with the label လင်းခါး

အဘိုးအိုနှစ်ဦး

ဘကြီးမွှေး ဆိုသည်မှာက သက်တမ်းရှည် အရောင်းသမားကြီး တဦးဖြစ်သည်။ တခါက ကျနော့်ဆိုင်တွင်ထိုင် "ဘယ့်နှယ့်တုန်း ငါ့တူ အရောင်းအဝယ် တွင်ကျယ်ရဲ့လား" ဟု မေး၏။ ကျနော်က ပက်လက်ကုလားထိုင်တွင် လျောင်းလျက် စာဖတ်နေသည်ဖြစ်၍ အာရုံပျက်သည် မဖြေချင်။ သို့သော် ဤအပြုအမူသည် မကောင်း။ ဖြေရသည်။ "ဒီလိုပါပဲ ဘကြီးရ" ဟု တိုတိုတုတ်တုတ်ဖြေသည်။ သူက ထပ်မေးသည် ဂျာနယ် တနေ့ ဘယ်နှစောင် ရောင်းရသလဲ၊ စာအုပ်ကရော တနေ့ ဘယ်နှအုပ်ရသလဲ။ သိပ်မရောင်းရပါ။ ဟု ကျနော်ကပြန်ဖြေရ။ ထိုကစ သူက သူ့ဇာတ်လမ်းကို စပါသည်။ ဒါမျိုးဆိုလျှင် ကျနော်ကလည်း စာဖတ်ရသည်ထက် ပိုဝါသနာပါလှ၍ နားထောင်ရန် နောက်မီကုလားထိုင်ကို နည်းနည်းဖြောင့်ကာ နားစွင့် စိတ်ဝင်စားဟန်ပြပါသည်။ ကျောက်ဆည်မှာ ငါ စျေးရောင်းတာ နှစ်ဆယ့်နဲ့ခြောက်နှစ် ရှိပြီ။ ငါ မရောက်ဖူးတဲ့ နေရာဆိုတာ ကျောက်ဆည်မှာ မရှိ။ ဒီနေ့ဆိုရင် အခု ဘယ်နှနာရီ ရှိပြီလဲ။ ၂ နာရီ။ ဒါ ငါ တဖြတ် နားတာ။ ရောင်းကြေး တစ်သောင်းနဲ့ ရှစ်ထောင်ရပြီ။ အမြတ်က ခြောက်ထောင် ခုနစ်ထောင် ပြေးမလွတ...

အမျိုးအမည်မသိ ခံစားမှုဝေဒနာ

သုံးဘီးဆိုက်တွဲကြီးမောင်းလာသည့် ပိစိကို ကျနော် ချက်ချင်းမမှတ်မိ။ ကျနော် သိကျွမ်းခင်မင် သူများထဲက တယောက်ယောက်နှင့် တူသည် ဟုတော့ စိတ်ကထင်မိသည်။ သုံးဘီးပေါ်က သံချောင်းတွေ ရေတံလျှောက်တွေ သွပ်ပြားတွေ ချနေသည့် ပိစိကို ကြည့်ရင်း ကြည့်ရင်းနှင့်မှ ဒါ ပိစိပဲဟု ငယ်ရုပ်ကို ပြေးမြင် မိသည်။ ``ဟေ့ရောင် ပိစိ၊ မင်း ပိစိ မဟုတ်လား`` ဟု ကျနော် မေးတော့ ပိစိသည် မထုံတတ်ထေး မျက်နှာဖြင့် ကျနော့်ကို ကြည့်သည် ထို့နောက် တဖြည်းဖြည်း ပြုံးလာ၏။ ``ဟာ ဦးရုပ်ဆိုး`` အေးဟုတ်တယ်။ လာကွာ ပိစိ လက်ဖက်ရည်သောက်``။ ပိစိက ကျနော့်ဝိုင်းကို ၀င်ထိုင်သည်။ ``ဦးရုပ်ဆိုးက ပျောက်လှချည်လား ဘယ်တွေ ရောက်နေတာလဲ``ဟု မေးသည်။ ``ငါက မပျောက်ပါဘူးကွာ ရှိပါတယ် မင်းသာ ဘယ်ရောက် သွားမှန်း မသိတာပါ`` ဟု ဆိုတော့ ရယ်စရာလည်း မပါပါဘဲ ပိစိက ပြုံးပြုံးကြီးလုပ်နေသည်။ ပိစိက ယခု သူ အိမ်ဆောက်ပစ္စည်းရောင်း၀ယ်ရေး ဆိုင်တွင် လုပ်နေကြောင်း အခုလည်း ၀ယ်သူကို ကားဂိတ်အထိ ပစ္စည်းများဆိုက်တွဲဖြင့် လုပ်ပို့ခြင်းဖြစ်ကြောင်း ပြောရင်း လက်ဖက်ရည်မှာသည်။ စီးကရက် တလိပ်ကို မီးထညှိသည်။ သြော် ပိစိတောင် ဆေးလိပ်သောက်တတ်နေပြီကိုး။ ဆေးလိပ်သောက်တဲ့ အရွယ်ရောက်နေပြီကိုး။ နှစ်တွေက...