လှထုံကိုကြည့်ရတာ ခုတစ်လောမှာ တစ်မျိုးဖြစ်နေသည်ဟု ကျော်ကွန့်ထင်သည်။ သိပ်ရွှင်ရွှင်လန်းလန်းမရှိ။ ခါတိုင်းလို တက်တက်ကြွကြွ သွက်သွက်လက်လက်မဟုတ်ဘဲဖြစ်နေသည်။ တစ်ခါ တစ်ခါ ငိုင်တိုင်တိုင်နဲ့ တစ်နေရာကို ငေးချင် ငေးနေတတ်သည်။ တစ်ခုခုကို တွေးနေသလိုလည်း ထင်ရ၏။ ထိုအခါ ကျော်ကွန့်မှာ အီလည်လည်ကြီးခံစားရသည်။ မောင်ကျော်လှကို ကိုယ်၀န်ရှိခါစတုန်းကလည်း လှထုံ ဒါမျိုးဖြစ်ဖူးသည်။ ခုလည်း ကလေးရှိနေပြီလားမသိ။ မောင်ကျော်လှလေးတောင် လေးတန်းရောက်နေပြီဆိုတော့ ဒီလောက်အချိန်တွေခြားပြီးဖြစ်နိုင်ပါ့မလား။ ပြောလို့မရ။ တချို့ဆို ဆယ့်လေးငါနှစ်ခြားပြီးမှတောင် မွေးတတ်တာပဲ။ ကျော်ကွန့်သည် သမီးလေးတစ်ယောက် ထပ်လိုချင်နေတာတော့အမှန်ပဲဖြစ်၏။ ထို့ကြောင့် လှထုံသာ တကယ်ဟိုဒင်းဖြစ်ရိုးမှန်ရင် ၀မ်းသာရမှာပေါ့။ တစ်ဖက်က ပြန်စဉ်းစားကြည့်တော့လည်း မောင်ကျော်လှတစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ဖို့ တော်တော်ရုန်းနေရတာ။ မုန့်ဖိုး၊ ကျောင်းစရိတ်(စာအုပ် စာရေး ကိရိယာဖိုး စသည် အပါအ၀င်) ကုန်ကျမှုက မနည်းလှ။ မောင်ကျော်လှမှာ ငယ်ငယ်ကတည်းက ချူချာသဖြင့် ဆေးခန်းလည်း မကြာခဏ သွားရသေးသည်။ ကလေးနောက်တစ်ယောက်သာ ထပ်ရလိ...
https://t.me/TheBookR