Skip to main content

Posts

Showing posts from March 28, 2025

ခရစ္စမတ်လက်ဆောင်

  ကိုယ် လက်ဆောင်ပေးလိုက်ပါတယ် စု။ မနှစ်က ခရစ္စမတ်မှာ ကတိပေးခဲ့တဲ့အတိုင်း ဒီနှစ် ခရစ္စမတ် ရောက်တဲ့အခါကျတော့ ကိုယ့် လက်ဆောင်ကို မပျက်မကွက်ဘဲ စုဆီအရောက် ပို့ပေးလိုက်ပါတယ်။ လက်ဆောင်ကောင်း လက်ဆောင်မွန်ကို ခဏအတွင်းနှုတ်ကတိ ကျွံခဲ့မိတာကြောင့် တစ်နှစ်တာလုံး ဖွေရ ရှာရ ကြံရ ဆရနဲ့ တော်တော်ကြီး ကသိကအောက် ဖြစ်ခဲ့ပြီးမှ ယခုမှပဲ လှလှပပကြီး ပေးလိုက်နိုင်တာကို ကိုယ်က လှိုက်လှဲဝမ်းသာ ပီတိတွေ ဖြာပြီးရင်းဖြာနေတယ်ဆိုရင် စု မယုံချင် ယုံချင်နဲ့ ယုံမှာပါပဲ ထင်ပါရဲ့။  လောကကြီးမှာ မယုံချင်ဘဲနဲ့ ယုံတာ၊မချစ်ချင်ဘဲနှင့် ချစ်တာ၊ မမုန်းချင်ဘဲနှင့် မုန်းတာ တွေဟာ ဟင်းမွှေး သစ်ကျပိုး အမျိုးမျိုး ဆကဲတဲ့ လျှာရင်းမြက်ဟင်းခွက်ကလေး တစ်ခွက်လိုပဲလို့ အဆိုပြုကြတာကို စုကြားဖူးလားဟင်။ ကိုယ့်အဖို့မှာတော့ ဖြစ်ချင်လို့မဖြစ်ရတာထက်၊ မဖြစ်ချင်ဘဲ ဖြစ်ရတာကို ပိုသဘောကျတယ်လေ။ လောက တံထွာမှာ ဖြစ်ချင်တာလည်းမဖြစ်ရ၊ မဖြစ်ချင်တာလည်း ဖြစ်ရဆိုတဲ့ ဆီသယ်မ လက်သုတ်ဖတ် စကားစပ်ကလေး ရှိခဲ့တာ ကြာခဲ့ပြီမဟုတ်လားကွယ်။ ဒီတရား နှစ်ဖြာက လွဲပြီး ဘယ် ပုထုဇဉ်မှ သွေဖီ ခွဲထွက်နိုင်တာ မဟုတ်ဘူး ဆိုတာကို စုတို့ ကိုယ်တို့ လက်ခံ ထားကြရတယ် မဟုတ်လား။ ကိုယ်က ငါစိတ...