အောင်မောင်း သည် ပဲ့ပိုင်းမှ မတ်တတ်ရပ်နေအထားဖြင့် ခတ်တက်နှစ်ချောင်းကို စုံခတ်နေ၏။ လှမေက ဦးမှ တွင်တွင်လှော်လျက်။ မိုးမကုန် တကုန်မို့ ဆောင်းကမဝင်ချင်သေး။ ဤအချိန်တွင် လက်ငယ် သမားများအဖို့ ကွန်ပစ်သူပစ်၊ လူငှားလိုက်သူလိုက်၊ ကဏန်းထောင်သူ ထောင်ဖြင့် မနားရအောင်ရှိနေကြတော့သည်။ ဝေလီဝေလင်းပေမို့ ငှက်ငယ်လေးများအချင်းချင်း ရိုင်းပင်းကူညီ နေကြလေသလား၊ ချစ်တင်းနှောနေကြလေသလား၊ တေးချင်းဖွဲ့၍ နွဲ့နေကြသည်လား မပြောတတ်။ အောင်မောင်းတို့ လှော်ခတ်သွားသည့် ချောင်းနံဘေးရှိသစ်ပင်များပေါ်တွင် ပျော်ရွှင်နေကြသော ငှက်တို့ကမ္ဘာလေးကား ပြေးလွှားဆော့ကစားကာ မော်ကြွားနေကြသည်။ မကြာမီ ချောင်းအဝမှ ပင်လယ်ပြင်ဘက်သို့ ထွက်မိကြတော့သည်။ ရေလုပ်သားတို့သည် ပင်လယ်ကမ်းခြေတွင် နေရထိုင်ရသည်မှာ အဆင်မပြေလှ။ ပင်လယ်ကမ်းခြေတွင် နေရသူများမှာ ရေဒဏ်၊ လေဒဏ်တို့ခံကြရကာ လူနေအိမ်များပင် ပင်လယ်ရေ လေလှိုင်းတို့က ဒုက္ခပေးလေ့ရှိသည်။ ထို့ကြောင့်ပင် အောင်မောင်းတို့လို ရေလုပ်သားများသည် ပင်လယ်ကမ်းခြေမှ တိုးဝှေ့ဝင်ရောက်သွားသည့် ရေလက်တက်ချောင်းကလေးထဲသို့ ရွာဖွဲ့ကာ နေထိုင်ကြခြင်းဖြစ်သည်။ “လှမေရေ၊ ရှေ့နားနည်းနည်းရောက်အောင် လှော်လိုက်ကြဦးဟေ့၊ ဒီနားက ချောင်းဝနဲ...
https://t.me/TheBookR