အခန်း(၁) ------------ "တစ်အူထုံဆင်း တို့မောင်နှမအရင်းတွေ xxxxx ချစ်ခြင်းမေတ္တာ အဓိကထားလို့လေxxxxx ကျေးဇူးရှင် မိဘနှစ်ပါးရဲ့ သြဝါဒစကား မကြားရတာ ကြာခဲ့ပြီလေ ချစ်သောဖေဖေ. . ချစ်သောမေမေ . ." ရေဒီယိုမှ "မိသားစု ကန်တော့ပွဲ"သီချင်းလေးမှာ ကျွနု်ပ် နားတွင်းသို့ တငြိ်မ့်ငြိမ့် စီးဆင်းလာသည်။ ခံစားချက်တို့က အထွဋ်အထိပ်ဆီ ပို့ထားလိုက်၏။ အေးမြသော လေနုအေးနှင့်အတူပက်လက်ကုလားထိုင်ပေါ် ခြေချိတ်ကာ မျက်စိကိုမှိတ်ပြီး နားဆင်နေခိုက်။ အိမ်အပေါ်ထပ်မှ မြခွေ ဆင်းလာသည်။ "အဖိုးကြီး တော် နွားစာသွားရှာအုံးလေ. မိညိုတို့သားအမိတွေ မြက်ခြောက်စားနေရတာကြာပြီ. . .ကုန်တော့မယ်တော့ ပြီးတော့ တော် မနက်ကတန်းထားခဲ့တဲ့. ငါးပိုက်တန်းလေးလည်း ဖြုတ်ခဲ့အုံး. . . ဟင်းစားလေးရလို့ရငြားပေါ့" မြခွေကို တစ်ချက်မျှ လှမ်းကြည့်လိုက်သည်။ သူပြောလည်း ပြောချင်စရာပင်။ အရွယ်က ငယ်တော့သည်မဟုတ်။ ဦးခေါင်းထက်က ဆံပင်တွေပင် ထုံးနှစ်ရောင်ပေါက်လာခဲ့ချေပြီ။ သက်တမ်းတွေလည်း ရင့်လာခဲ့ပြီကိုး။ "အေးပါဟာ. . ငါမနက်စောတုန်းကလည်း မြက်တစ်ထုံးရိတ်လာသေးတယ်လေ. . .အဲ့ဒါကျွေးထားနှင့်လိုက် ပေါ့ " ပြောပြောဆိုဆိုနှင်...
https://t.me/TheBookR