Skip to main content

Posts

Showing posts from February 25, 2025

စူး(သင့်လူ)

(Murakami Ryu) ရဲ့ "Piercing" ဝတ္ထုကို သင့်လူမြန်မာဘာသာပြန်ထားတဲ့ စူး ebook အခြား မူရကာမိ စိတ္တဗေဒနဲ့ဆိုင်တဲ့ ရာဇဝတ်မှုခင်းတွေဟာ အဲဒီလူ့အဖွဲ့အစည်းရဲ့ အခြေအနေကို ထင်ဟပ်နိုင်သလား။ ဒေါ်တိုယက်ဗ်စကီရဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ် ဝတ္ထုကြီးဟာ ရုရှမှာ အဲဒီခေတ်က လူတွေရဲ့ စိတ်အခြေအနေကို မြင်အောင် ရေးထားတာလို့ ဆိုကြပါတယ်။ ယခု ရူး မူရကာမိရဲ့ 'စူး'ဝတ္ထုဟာလည်း စိတ္တဗေဒဆိုင်ရာ အရှုပ်အထွေးတွေကြားက ဖြစ်လုဆဲဆဲ ရာဇဝတ်မှုခင်းတစ်ခုကို အခြေခံပြီး သဲထိတ်ရင်ဖိုဖြစ်အောင် ရေးထားတာပါ။ ဂျပန်လူ့အဖွဲ့အစည်းရဲ့ သရုပ်သကန်လားတော့ မဆိုနိုင်ပေဘူး။ အမှာစာရေးတဲ့ ဆရာနေမျိုးကတော့ စာပေလက်ရာတစ်ခုတည်းနဲ့ ခြုံငုံသုံးသပ်တာဟာ ပြီးပြည့်စုံမှုရှိနိုင်မယ်မဟုတ်ဘူးလို့ ဆိုပါတယ်။  “ပြစ်မှုနဲ့ပြစ်ဒဏ်”မှာတော့ ရပ်စ်ကိုနီကော့ဆိုတဲ့ လူငယ်တယောက်ဟာ (မရည်ရွယ်ဘဲ) လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီး အဲဒီရာဇဝတ်ဘေးကနေ လွတ်အောင် ဘယ်လိုရှောင်တိမ်းမလဲဆိုတာ သူ့စိတ်ဝေဒနာကြားကနေ အစီအစဉ်တကျလွတ်မြောက်ရေးအကြံအစည်ကို စီမံနေတဲ့ ပုံစံပါ။ “စူး”ဝတ္ထုမှာတော့ လူသတ်မှုဟာ မကျူးလွန်ရသေးဘူး။ ဘယ်လိုကျူးလွန်မလဲဆိုတာ ကာဝါရှီမာဆိုတဲ့ လူတယောက်က သူ့ဝေဒနာက...