အဲ့ဒီတုန်းက ရှစ်မိုင်က အဆောင်အခန်းလေးထဲမှာ ကျွန်တော်ရယ် ၊ ခိုင်ထွန်း(မခိုင်)ရယ် ၊ စိုးကျော်ရယ် ပဲရှိသေးတယ် ။ မနက်စောစော ဆို ပတ်စ်ပို့ပွဲစားမခိုင်က ပန်းဆိုးတန်းကို ထသွားတော့ အလုပ်မရှိ အကိုင်မရှိ ကျွန်တော်နဲ့ စိုးကျော်ပဲ ကျန်ခဲ့တာပေါ့ ။ မခိုင် က ကျွန်တော်တို့ ဝေလေလေနှစ်ကောင်ကို တော်တော်သံယောဇဉ်လည်းထား စေတနာလည်း ထားရှာပါတယ် ။ ကျွန်တော်တို့ ခေါင်းအုံးအောက်ကို နေ့လည်စာ စားဖို့ တစ်ယောက်တစ်ထောင်စီ ထည့်ပြီးမှ ထွက်သွားတာ ။ အဲ့ဒီ ကာလတုန်းက ကျွန်တော်တို့မှာ ရန်ကုန်ခေတ်ဆိုးကြီးထဲ မလောက္မငှ လခကလေးနဲ့ နေရတဲ့ လူငယ်ဘဝ ။ စိုးကျော်ကလည်း အင်္ဂလိပ်စာ နောက်ဆုံးနှစ်ကို ထပ်ကျလို့ မြစ်ကြီးနားက သူ့အမေကြီးက ဒဏ်ခတ်တဲ့အနေနဲ့ ငွေကို လျော့ပို့နေတဲ့အချိန် ။ အရင်ကတော့ ကျွန်တော်တို့ သုံးယောက်သား ဒီအခန်းလေးမှာ နေရတာအဆင်ပြေသားဗျ ။ စားဖို့သောက်ဖို့လည်းမပူရဘူး ။ စိုးကျော်အမေက တစ်လကို ငါးသောင်းလောက်ပို့တာ အဲ့ဒီတုန်းကဆိုတော့ တော်တော်သုံးယူရတာပေါ့ဗျာ ။ ကျွန်တော်ကျတော့ အလုပ်က လစာနည်းပေမယ့် သုံးယောက်စာ ထမင်းအတွက်မပူရပါဘူး ။ နို့ မင်းအလုပ်က သူငယ်ချင်းသုံးယောက်လုံးကို ထမင်းကျွေးထားတာလားလို့မေးရင် အဲ့ဒီလိုပဲ အက...
https://t.me/TheBookR