Skip to main content

Posts

Showing posts with the label ဦးဖိုးကျား

ကျွန်ုပ်အလိမ္မာတိုးသောနေ့တစ်နေ့(ဦးဖိုးကျား)

ကျွန်ုပ်သည် ပုသိမ်မြို့ မြန်မာ ကရင်  အင်္ဂလိပ်ကျောင်းတွင် ၉ တန်းလား ၁၀ တန်းလား  မမှတ်မိ၊ စာသင်နေစဉ် စာမေးပွဲပြီး၍ မိမိနေရပ်  ဟင်္သာတနယ် နိဗ္ဗာန်ရွာသို့ မီးရထားစီး၍ ပြန်ခဲ့သည်။ ရထားပေါ်တွင် ရထားစီး များစွာပါ၏၊  ကျွန်ုပ်သည် ထိုအခါက များစွာ စကားပြောချင်၏၊  နှုတ်ဆော့၏၊ ဘယ်သူနှင့် စကားစမြည် ပြောရ ပါမည်နည်းဟု အပေါက်အစ ရှာလျက်ရှိ၏။ ကွန်ုပ်၏ ရှေ့တန်း မျက်နှာချင်းဆိုင်လောက်တွင် အသက် ၃၀ ကျော်ခန့်ရှိ ယောက်ျားတစ်ယောက်ကို စိုက်ကြည့်မိသည်။ အသားကြမ်း၍ မည်းညို၏၊  ခေါင်းတုံးကို မျက်နှာသုတ်ပဝါ ညစ်ထပ်ထပ်  ပတ်ထားသည်၊ အင်္ကျီမှာ လယ်ထွန်အင်္ကျီဖြစ်၏၊  လယ်ထွန်အင်္ကျီဆိုသည်ကား ဖျင်ကြမ်းကြမ်း၊  ရင်စေ့ပုံ၊ လက်ကျပ် အိတ်နှစ်လုံးတပ်၊ ရှေ့က  ကနုကမာကြယ်သီးမျိုး သုံးလုံးမျှပါ၏၊ သို့ရာတွင်  ကြယ်သီးတပ်မထားချေ၊ ရင်ဘတ်အဟောင်းသား နှင့်ဖြစ်၏၊ ပုဆိုးမှာကား ချည်လုံချည် အကြမ်းစား အနွမ်းပင် ဖြစ်၏။ ထူးခြားသောအချက်ကား ထိုသူ၏ လက်ဝဲဘက် လက်ကောက်ဝတ်တွင် အတန်အလုံးကြီးသော မဲကြိုး  ချည်ပတ်ထားသည်ကို တွေ့ရသည်ကို တွေ့ရ၏၊  ငါတော့ စီးစီးနင်းနင်း စကားပြောရမယ့်လူကို  တွေ့ပြီ...

ငွေမျက်နှာ(ဦးဖိုးကျား)

“ဟေ့ကောင်မ-ညည်းကို ဟိုပိုက်ဆံဝါလားကြီးက ရစ်နေပါလားအေ့ညည်းတော့ ကော်တာပဲ” “အောင်မယ်-ဒီတဏှာရူး - ယစ်ထုပ်ကြီး - သေခါနီးကြီးကို ငါက ဘာလုပ်ရမှာလဲရုပ်ကြီးကလည်း ဖြစ်နေလိုက်တာ၊ ငှက်ပျောသီး ပျော့ပျော့ကို ခွေးနင်းထားသလိုပဲ။ ငါက ပိုက်ဆံကို ဂရုစိုက်တာ မဟုတ် ဘူးအေ့-သိရဲ့လား” “ညည်းက မကြွားပါနဲ့၊ ပိုက်ဆံဟာ ပိုက်ဆံအေ့၊ မှတ်ထား၊ ပိုက်ဆံရဲ့အားကို ညည်းတွေ့တော့မှ သိမယ်။ ညည်း ဘယ်နည်းနဲ့မှ ပိုက်ဆံအားကို မခံနိုင်ဘူး။ ကြည့်ပါလား။ ဟိုဈေးနားက မယ်ရှင်ဟာ ဘာဖြစ် သွားသလဲ။ ကလေး ၅ယောက်အဖေ မုဆိုးဖိုရွတ်တွကြီးက ပိုက်ဆံနဲ့ ပေါက်ယူသွားတယ်မဟုတ်လား” “ညည်းက ငါ့ကိုဒီလောက် အထင်မသေးပါနဲ့အေမယ်ရှင်ဟာ မယ်ရှင်၊ ဒီက မယ်မြစ်က မယ်မြစ်သိရဲ့လားမျက်နှာကို သေသေချာချာ ကြည့်ထား” (မိမိမျက်နှာကို လက်ညှိုးနှင့် ထိုး၍ ခပ်ကြွားကြွားပြောလေ သည်။) “အေးတော် မျက်စိဒေါက်ထောက်ကြည့်ရသေးတာပေါ့” အထက်ပါစကားတို့ကား၊ မိန်းမရွယ်ရွယ် ၂ ယောက် ပြောနေကြသော စကားများဖြစ်သည်။ ၎င်းစကားတို့မှာ လင်ရေး သားရေးယောက်ျားမိန်းမ ချစ်ကြိုက်ရေးများ ဖြစ်ပုံရသည်။ သို့ရာတွင် ထိုစကားတို့ကို ကျွန်ုပ်ကြားရသောအခါ သူတို့ လင်ရေး သားရေး၊ ချစ်ကြိုက်ရေးတို့ကို အပထား၍ ကျွန်ုပ်၌ တွေးတောစရာ တ...

အဖိုးတန်သောအိမ်သူမယ်သန့်(ဦးဖိုးကျား)

ကျွန်ုပ်သည်နောက်သုံးနှစ်လောက်ကပုသိမ်မြို့သို့ကျောင်းစစ်သွား၏။နံနက်လမ်းလျှောက်စဉ်ရွှေမု​ေဋ္ဌာစေတီအနီး၌ရှေးကကျွန်ုပ်၏တပည့်ဟောင်းဖြစ်ဖူးသောမယ်သန့်ဆိုသောသူငယ်မကိုတွေ့ရ၏။ကျွန်ုပ်သည်အင်္ဂလိပ်ကျောင်းသို့မဝင်ရောက်မီပုသိမ်နယ်အသုတ်ရွာဘုန်းတော်ကြီးကျောင်းတွင်မြန်မာကျောင်းဆရာလုပ်နေဖူး၏။ထိုကျောင်း၌ဉာဏ်အတော်အတန်ကောင်း၍ရေးခြားချက်ချာသောတပည့်မကလေးတစ်ယောက်ကားထိုမယ်သန့်ပင်တည်း။ကျွန်ုပ်ထိုကျောင်းမှထွက်၍အင်္ဂလိပ်ကျောင်းသို့ပြောင်းသောအခါမယ်သန့်မှာ ၇တန်းတွင်ကျန်ရစ်၏။ထိုကစ၍ကွဲခဲ့သည်မှာ၁၅နှစ်အနှစ်၂၀ခန့်ကြာလေပြီ။ ယခုတွေ့ရသောအခါမယ်သန့်မှာ၇တန်းနှင့်ဆရာဖြစ်အောင်ပြီးနောက်ပုသိမ်မြို့မြန်မာကျောင်းတစ်ခုတွင်ဆရာမအလုပ်ရကြောင်း၊နောက်မကြာမီအခြားကျောင်းဆရာတစ်ယောက်နှင့်အိမ်ထောင်ကျကြောင်းစသည်တို့ကိုပြောပြသဖြင့်သိရ၏။ကြီးမှထမင်းတစ်နပ်ကျွေးလိုကြောင်းဖိတ်သည်နှင့်တစ်ညနေ၌ထမင်းသွားရောက်စားရ၏။ ကျွန်ုပ်ရောက်လျှင်မိမိ၏လင်ယောက်ျားမောင်မြကိုလည်းခေါ်ငင်ပြသ၏။ထိုအခါကျွန်ုပ်သတိပြုမိသည်ကားနေရာခင်း ခြင်းထမင်းပြင်ခြင်း၊ရေခွက်ထားပုံမှစ၍အစစအရာရာကိုမောင်မြသာလျှင်ပြုလုပ်၏။သို့ရာ၌မောင်မြသည်မယ်သန့်၏ဩဇာကိုအလုံးစုံခံယူကာတပည့်သည်ဆရာအားလည်းကောင်း၊မောင်င...

ရွှေဘိုမဂျမ်းခင်(ဦးဖိုးကျား)

       ကျွန်ုပ်သည် အိုင်အေအတန်း၌ ပညာသင်ကြားနေစဉ် သတင်းစာများ၌ မြန်မာမိန်းမများ နောက်ပိတ်ဖိနပ် စီးသင့် မစီးသင့် များစွာ ရေးကြ၏။ စီးသင့်သည်ဟု စ သူကား ရွှေဘိုက မဂျမ်းခင် ဆိုသူဖြစ်သည်။ မစီးသင့်ဟု ပြန်၍ ရေးကြသော သူတို့တွင် ကျွန်ုပ်လည်း တစ်ယောက်အပါအဝင်ဖြစ်၏။        မဂျမ်းခင်၏ အရေးအသားတို့မှာ အလွန်စကားလုံး ပြောင်၏။ လောကီလောကုတ္တရာများစွာ နှံ့စပ်၏ ။ ဇွဲကောင်း၏။ ရှုံးရှုံးနိုင်နိုင် လျှော့၍ မပေးတတ်ချေ။        ကျွန်ုပ်တွေးသည်ကား ဂျမ်းခင်သည် အထက်အညာသူဖြစ်သည်။ ရွှေဘိုမြို့တော်ကြီးကလည်း ဖြစ်သည်။ အာသံ လျှာသံ ရေးပုံသားပုံတို့မှာ ဇပ်ဇပ်ကြဲဖြစ်သည်။ သတ္တိခေပုံမရ၊ ပုံပန်းလည်း ညံ့မည် မဟုတ်ချေ။ ၎င်း၏ နာမည်နှင့်ပင် ငါသည် ခင်မင်သောစိတ် ရှိ၏။ တွေ့ချင်မြင်ချင်စမ်းပါသည်။ တစ်ကြောင်းလည်း လွန်ခဲ့သော အနှစ် ၁၇ဝ လောက်က မြန်မာပြည်ကြီး ဝါးအစည်းပြေသကဲ့သို့ ရှိစဉ် ရန်သူတို့ကို နှိမ်နင်း၍ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်တည်ထောင်ပေးတော်မူခဲ့သော ကျေးဇူးရှင် အလောင်းဘုရား ဦးအောင်ဇေယျ၏ ဖွားတော်မူရာ အောင်မြေ အရပ်ကို ရောက်ချင်ကြည့်ချင် သိချင်သော စိတ်ကလည်း ယိုဖိတ်အားကြီး ...

လွဲသောအကြွား(ဦးဖိုးကျား)

မကြာသေးမီက ကျွန်ုပ်တို့ အိမ်နားရှိ ဆေးလိပ် လိပ်စားသူ မယ်ခင်သည် ကျွန်ုပ်တို့ထံသို့ ဖိတ်စာတစောင် ယူလာ၍ “ဦး-ဒီမှာ ကျွန်မ ဖိတ်စာတစောင်ရတယ်။ ဖိတ်စာကတော့ အသုဘ ဖိတ်စာပဲ။ နို့ပေမဲ့ ဆွေတွေမျိုးတွေ ထည့်ပြထားလိုက်တာက အများကြီးမို့ သေသူဟာ ဘယ်သူမှန်းကို မသိတော့ဘူး၊ အဲဒါ တဆိတ် ဖတ်ပြီး သေတာဟာ ဘယ်သူဆိုတာ ပြောပေးစမ်းပါ ဦးရယ်” “ဟင်-နင့်ဟာက လွန်လှချေကလား ဟဲ့၊ ဘယ့်နှယ်-သေတဲ့ လူ မသိနိုင်ဘူးလို့၊ မှန်း ပေးစမ်း”ဆို၍ စာကို ကောက်ဖတ်ကြည့်ရာ  ရန်ကုန်မြို့၊ အရှေ့ပိုင်း၊ ရွှေတန်ဆောင်းကြီး ဒါယကာ၊ သူဌေး ပွဲစားကြီး ဦးမြ၏တူ၊  ဓနုဖြူမြို့၏ အနောက်ချောင်းကောက်ရွာ၊ ဥစ္စာပြည့်စုံ ကုံလုံ သော လေးထပ်ရွှေကျောင်းကြီး ဒါယကာ ဦးမဲ-ဒေါ်တူတို့၏ မြေး၊  ဘိုကလေးတဖက် ကျွန်းတောကုန်းရွာ ဆုသေနတ်ရ တရားမ ရာဇဝတ် အထူးအာဏာရ သူကြီးမင်း ဦးခွေးပု၏ ညီဝမ်းကွဲ၊ ကျွဲပွဲဘူတာမှ သုံးမိုင်ကွာ သေလာပဗ္ဗတတောင်စောင်း တောရကျောင်း၌ အလောင်းအလျာ ရဟန္တာဟု သမုတ်ခံရသော ဆရာတော် ဦးဝါယမ၏ တပည့်၊  မိတ္ထိလာနယ်တကြော၌ အဟောအပြောကောင်း၊ အသံကောင်း၊ လက်ဟန် ခြေဟန် ကိုယ်ဟန် သရုပ်ဟန်ပါပါနှင့် အလွမ်း အသောတို့ကို မျက်ရည်ထွက်အောင်၊ အူတက်အောင် တရားဟောပြနိုင်သော နိုင...

မယ်ဒုက္ခ(ဦးဖိုးကျား)

ကျွန်ုပ်သည် တစ်ခါက ဟင်္သာတမြို့ပိုင် မဲဇလီကုန်းအရပ်ရှိ အိမ်တစ်အိမ်၌ တည်းခိုနေစဉ် နံနက် ၁၀ နာရီ အချိန်ခန့်တွင် မိန်းမရွယ်ရွယ်တစ်ယောက် အိမ်ရှေ့သို့ ရောက်လာ၍ အင်္ဂပူကို သိလျှင် ပြောစမ်းပါဟု ဆိုလာလေ၏။ ထိုမိန်းမမှာ အသက် ၂၅ နှစ်ကျော်မျှသာ ရှိသော်လည်း၊ ၃၀ လောက် ထင်ရသည်။ အလွန့်အလွန် ဆင်းရဲသော သတ္တဝါ ဖြစ်လေသည်။ တစ်ကိုယ်လုံးမှာလည်း လေးထည်သော အ၀တ်တို့ဖြင့် ဖြစ်ကတတ်ဆန်း ၀တ်ဆင်၍ လာ၏။ အ၀တ်လေးထည်ကား ဦးခေါင်းပေါ်၌ တင်လာသော စောင်တစ်ထည်၊ ၎င်းမှာ ဟောင်းနွမ်းကြာရှည်လေပြီ ဖြစ်သော်လည်း ဖွပ်လျှော်ခြင်းကို တစ်ခါတစ်ရံမျှ အစော်မနံရလေ။ ၎င်းနောက် ချွေးခံအင်္ကျီနှင့် အပေါ်ရင်ဖုံးအင်္ကျီတို့မှာ အညစ်ဆုံးသော ဖုတ်ရောင်ထလျက် ရှိ၏။ ထို အင်္ကျီတို့မှာ အဆိုပါ မိန်းမ၏ ကိုယ်ခန္ဓာနှင့် မခွဲမခွာရသည်မှာ ကြာရှည်လှလေပြီဖြစ်၍ အမြွာမြွာ စုတ်ပြဲနေလေပြီ။ ဤစုတ်ပြတ်ရာတို့ကိုလည်း မညီမညွတ် မလှမပသော ချုပ်ရိုးဖြင့် သီချုပ်ထားရကား ရှုံ့တွကောက်ကွေး၍ အောက်မေ့တိုင်း စိတ်ပျက်စရာကောင်းသော အကျီင်္ဖြစ်လေသသည်။ ထဘီမှာ ၎င်း၏ နဂိုအရောင်အဆင်းကို ဓာတ်ခွဲပညာဖြင့်လည်းကောင်း၊ ဗေဒင်ပညာဖြင့်လည်းကောင်း မည်သည့်နည်းနှင့်မျှ မသိနိုင်သော်လည်း ယခုကား ရွှံ့ပုပ်ရော...

မြို့အုပ်မင်း (ဦးဖိုးကျား)

မြန်မာနိုင်ငံ မြေလတ်အရပ် မြို့ငယ်တစ်ခုသို့ တစ်ခါက အမျိုးသားကျောင်း ကြည့်ရှုရန် သွားရ၏။ သင်္ဘောနှင့် လာခဲ့ရာ လမ်းတွင် ရွာတစ်ခုသို့ ခေတ္တဆိုက်ကပ်ရ၏။ ကမ်းထိပ်တွင် လူခံ့ခံ့တစ်ယောက် ကာကီဘောင်းဘီတို၊ အင်္ကျီလက်တို၊ ဦးထုပ်၊ နေရောင်ကာ မျက်မှန်၊ တုတ်ကောက်တို့ကို ၀တ်ဆင်ကိုင်စွဲကာ မြင်ရ၏။ အနီးတစ်ဝိုက်တွင် ရွာသား (၉) ယောက် (၁၀) ယောက်မျှ ခြံရံလျက် ရှိ၏။ သားရေအိတ်၊ အိပ်ရာလိပ်၊ ရေဘူး၊ လက်ဆွဲခြင်း၊ စာခြင်းတို့ကိုလည်း မြင်ရ၏။ ငှက်ပျောခိုင်၊ အုန်းသီးတို့ကိုလည်း မြင်ရ၏။ ဧကန္တ အစိုးရ အရာရှိတစ်ယောက် ဖြစ်ရမည်။ ဘာအရာရှိပါလိမ့်။ သင်္ဘောမှာ အငယ်စား နှစ်ထပ် ဖြစ်၍ ဒုတိယခန်း မပါချေ။ ကုန်းပတ်နှင့် ဦးခန်း ပထမခန်းသာ ပါ၏။ ကျွန်ုပ်မှာလည်း အလုပ်ကလေး ရှိသည်နှင့် ၎င်းဦးခန်းတွင် စီးနင်းခဲ့၏။ ကျွန်ုပ်သည် ထိုအရာရှိကို နောက်ထပ်မကြည့်ဘဲ စာကြည့်နေ၏။ မကြာမီပင် ထိုအရာရှိ၏ တပည့်နှစ်ယောက်သည် ဦးခန်းတွင် ပစ္စည်းတို့ကို နေရာချလာ၏။ ငှက်ပျောခိုင် အုန်းသီးခိုင်တို့မှာ ကျွန်ုပ်အနားတွင် ရောက်နေ၏။ စောင်းငဲ့ကြည့်လိုက်ရာ ကြက်ဥခြင်းကိုလည်း ထပ်၍ တွေ့ရ၏။ အင်း သူတို့အစိုးရဘက် ဒီလိုချည်းဘဲ။ ငှက်ပျော၊ အုန်း၊ ကြက်ဥ ဒါတွေလုပ်နေကြတာပဲ ထင်ပါရဲ့။ ဒါတွေ...