Skip to main content

Posts

Showing posts from November 24, 2024

လှတစ်မျက်နှာ-ဂျာနယ်ကျော်မမလေး

  လှမြတ်သက်မူ   ၏အမည်ရင်းမှာ​ မလှမူဖြစ်သည်။ ကော​လိပ်ကျောင်းသို့​ရောက်သည့်နှစ်တွင် ကော​လိပ်ကျောင်း၌ မူမူဟု အမည်တွင်ကာမူမူဟူ၍လူသိသူသိများခဲ့၏။​ မယ်တက္ကသိုလ်​ အရွေးခံရသည့်နှစ်၌ တိုင်းသိ​ပြည်သိသတင်းစာထဲတွင်​ ပုံနှိပ်စာလုံးနှင့်​နာမည်ဖော်ပြကြေညာအံ့ဆဲဆဲ​ သတင်းထောက်များကို​ လှမြတ်သက်မူ​ ဟူ၍ စိတ်တိုင်းကျနာမည်ရှည်ကြီးဖြည့်​စွက်မှည့်ပေးလိုက်လေ၏။ ထို့ကြောင့်​ မလှမူသည်​ မူမူအဖြစ်မှ လှမြတ်သက်မူ ဖြစ်​လာရပေသည်။ လှမြတ်သက်မူဆိုသော​ အမည်သည် မယ်တက္ကသိုလ် အရွေးခံရသည့်နှစ်၌တစ်ကြိမ်၊ဘိလပ်ပြန်ကိုဘမောင်နှင့်မင်္ဂလာဆောင်စဉ်က​ တစ်ကြိမ်ဤနှစ်ကြိမ်သည်သာလျှင်​ ပုံနှိပ်စာလုံး၌ အမည်​တွင်​ လိုက်ရလေသည်။ ယခုတော့လည်း​ မစ္စက်ဘမောင် ဖြစ်နေရ၏။ မူမူသည်သံရုံးတစ်ရုံးမှပေးပို့လိုက်သောဖိတ်စာကတ်ကို ခုံပေါ်မှဆွဲယူကာ​ အိပ်ချင်မပြေ့တပြေ မျက်လုံးဖြင့် ဖတ်ကြည့်သည်။ ဖိတ်စာထဲ၌ မစ္စတာနှင့် မစ္စက်ဘမောင်ဟု ပါရှိ၏။ ယဉ်ကျေးမှုအဖွဲ့နှင့် မိတ်ဆက်တွေ့ဆုံရန် သံရုံးက ဖိတ်ကြားခြင်းကြောင့် ဧည့်ခံပွဲ၌ ယဉ်ကျေးမှုကပွဲ ကပြလိမ့်မည်ဆို၍ သွားချင်​ စိတ် ပေါ်လာလေသည်။ မူမူသည် ဖိတ်စာကတ်ကို ခုံပေါ်သို့​ ပြန်တင်​ လိုက်သည်။ လက်မြှောက်၍နာရီကြည့်လိုက်သည်။...