Skip to main content

Posts

Showing posts from May 12, 2024

ခေတ်

ခေတ် "လုပ်ကြပါဦးရှင်..ခါးပိုက်ထည့်ခံရလို့ပါ" "ဟာ..ကားပေါ်မှာ ခါးပိုက်ထည့်တဲ့ဟေ့..ကားဆရာ..ကားဆရာ" မြို့တွင်းဘတ်စ်ကားပေါ်မှ အော်သံများကြောင့် ယာဉ်အပေါက်ဝတွင် တွဲလောင်းခိုလိုက်လာသော စပယ်ယာလေးက ရှေ့သို့လှမ်းအော်လိုက်သည်။ "ဆရာရေ..ခါးပိုက်ထည့်ပါလာတယ်တဲ့..တရားစခန်းကိုသာ တန်းမောင်းပေတော့..အားလုံးပဲ ဘယ်သူမှ မဆင်းကြပါနဲ့..တရားစခန်းရောက်မှ ရှင်းကြပါ" ယာဉ်မောင်းက ကားကို အနီးဆုံး တရားစခန်းဆီသို့ ဦးတည်လိုက်သည်။ ......................…....... တရားစခန်းထဲသို့ မြို့ပတ်ဘတ်စ်ကား မောင်းဝင်လာသည်နှင့် တာဝန်ရှိသူများထွက်လာပြီး ကားကို ဝိုင်းလိုက်ကြသည်။ ယောဂီရောင်ဝမ်းဆက်ဝတ်ထားသော တရားစခန်းမှူး က ယာဉ်မောင်းဆီသို့ လျှောက်လာ၏။ "ထုံးစံအတိုင်း ခါးပိုက်ထည့် ပဲလား" "ဟုတ်ပါတယ်" "ခါးပိုက်ထည့်ခံရတာ ဘယ်သူလဲ" "ကျွန်မပါရှင်" အဝတ်အစားခပ်နွမ်းနွမ်းနှင့် အမျိုးသမီးကြီးက လက်ထောင်လိုက်သည်။ "ဖြစ်စဉ်ကို ပြောပြပေးပါ..အမကြီး" "ဒီလိုပါ..ဆရာရယ်...ကျွန်မ အိမ်က ထွက်လာတော့ ဒီအိတ်ထဲ ငွေငါးသောင်းပါလာပါတယ်...ဘတ်စ်ကားပေါ်တက်တော့လည်း.သေချာစစ်လာပါသေးတယ်..အခု ...