Skip to main content

သျှင်ဥက္ကဠ နှင့် ကျောက်ကွင်းအရေးတော်ပုံ အပိုင်း(၃)

အပိုင်း (၃)
`` သဘာပတိကြီး ဦးရွှေမှန်နှင့်တကွ ယခုဒီကိုကြွရောက်လာကြတဲ့ ခရစ်ယာန်ဓမ္မဆရာ တော်တော်များများဟာ မူလက ဗုဒ္ဓဘာသာ၀င် ၊ အခုဦးပဇင်းတို့လို ဘုန်းကြီးများ ဖြစ်ခဲ့ကြတဲ့ အတွက် ပိဋကတ်စာပေများကို သင်ယူလေ့လာခဲ့သူများဟု ဦးပဇင်းယုံကြည်ပါတယ်´´။

`` ဓမ္မဆရာကြီးများ သိကြတဲ့ အတိုင်း ဗုဒ္ဓဘာသာစာပေလောကမှာ မူလဘုရား ဟောဒေသနာရင်းကတစ်ရပ်၊ အဋ္ဌကထာ၊ ဋီကာ စတဲ့ သီဟိုဠ်စာရေးဆရာများနဲ့ စာပေပညာရှိများ ရေးသားထားသော ဒေသနာအမျိူးမျိူးကတစ်ရပ် ၊ အဲဒီလို ဒေသနာနှစ်ရပ် နှစ်မျိူး နှစ်စားရှိ တယ်ဆိုတာကို ခွဲခြားမသိဘဲ အားလုံးကို တစ်မျိူးတစားတည်း ထားပြီးတော့ အဲဒါတွေအားလုံးဟာ ဗုဒ္ဓဘုရားရဲ့တရားတော်ကြီးဖြစ်တယ်လို့ ဓမ္မဆရာများက ယူဆဟန်တူကြပါတယ်။ စာပေသင်ကာ မတ္တ ၊ ဖတ်ကာမျှမတ္တသာဖြစ်ပြီးတော့ ဝီမံသ၊ဝိစာရဏ၊ ဝိဘဇ္ဇ္မ ဆိုတာတွေ မရှိခဲ့တဲ့အပြင် မိမိ၏ ကိုယ်ပိုင်ဥာဏ်အတွေးအခေါ်ကိုလဲ အသုံးပြုခဲ့ပုံမရပါဘူး။ ဒါကြောင့်လည်း ဒီဆရာကြီးတွေ ဗုဒ္ဓဘာ သာကို စွန့်ပြီး ခရစ်ယာန်ထဲကူးသွားကြတာကို ဦးပဇင်း မအံ့သြပါဘူး´´။

``ဒီလို ဖြစ်ရတာ ဘာကြောင့်လည်းဆိုရင် မူလ ကတည်းက ဒီဆရာကြီးတွေဟာ ဗုဒ္ဓနဲ့ ဗုဒ္ဓရဲ့တရားတော်အစစ်ကို မသိနားမလည်ဘဲနဲ့ သိနားလည်အောင်လည်း မကြိုးစားဘဲနဲ့။ ဗုဒ္ဓဘာသာ၀င် ဒကာ/ဒကာမတွေရဲ့ ဆွမ်းကို ညာစားနေတာ ထင်ရှားလှပါတယ်။ ဗုဒ္ဓအစစ်ရဲ့တ ရားတော်အစစ်ကို အသိနားမလယ်သလို အခုလည်းပဲ ခရစ်ယာန်ဘာသာရဲ့ တရားအစစ်ကို မသိ နားမလယ်ဘူးဆိုတာ သူတို့ရဲ့ ဟောပြောချက်တွေက သက်သေခံနေပါတယ်။ အဲဒီလိုဆိုရင် ဒီဆရာကြီးတွေဟာ ခရစ်ယာန်ဘက်ကိုပါ ဆက်ပြီး ညာနေကြတဲ့ ဓမ္မဆရာကြီးတွေ ဖြစ်သွားမှာကို ဦးပဇင်းစိုးရိမ်မိပါတယ်´´

ဤနေရာအရောက်တွင် ဆရာတော်က ပြုံးပြုံးကလေးပြောပြလိုက်ရာ ပရိသတ်ကြီး မှာ အိပ်ငိုက်နေရာမှ လန့်နိုးသွားသည့်အလား ငြိမ်သက်နေရာမှ `ဝါး´ကနဲ ပွဲကျသွားလေသည်။ ဗုဒ္ဓဘာသာပရိသတ်ကား အားတက်လာလေသည်။
`` ဗုဒ္ဓ၀င်ကို ဆရာဦးသာဒင်က ဝေဖန်သွားတဲ့နေရာမှာ ပဋိသန္ဓေအခန်းစပြီး ဗုဒ္ဓကို တွယ်သွားပါတယ်။ ကလေးတွေ စကားနိုင်လုပြောသလို ပြောစတမ်းသာဆိုရင် ဗုဒ္ဓဘုရားအလောင်းရဲ့ ခမည်းတော်နဲ့ မယ်တော်ဟာ ရှင်ဘုရင်နှင့် မိဖုရား။ ဆရာကြီးတို့ရဲ့ ဘုရား၊ ယေရှုရဲ့ အဖေနဲ့အမေက ဘယ်သူတွေလဲ ၊ ဘယ်တိုင်းပြည်က ဘုရင်နဲ့မိဖုရားလည်းလို့ ပြောချင်ပြောနိုင် တာပေါ့ ။ ဆရာဦးသာဒင်ကို ဦးပဇင်းမေးပါရစေ ။ အဲဒီဗုဒ္ဓ၀င်မှာ ပါတဲ့ အတိုင်း ဗုဒ္ဓကိုယ်တော်တိုင် ဘယ်နေရာမှာ ဘယ်တုန်းက ဟောခဲ့တယ်ဆိုတာကို အထောက်အထားအခိုင်အလုံနဲ့ပြောနိုင်ပါသလား၊အခိုင်အလုံပြနိုင်ပါသလား။ အခိုင်အလုံပြနိုင်ရင် ဦးပဇင်းမှားကြောင်း ဦးသာဒင်ကို ၀န်ချ တောင်းပန်ပါ့မယ်။ အမှန်က ဗုဒ္ဓ၀င်ဆိုတာ ဗုဒ္ဓဝံသ အဋ္ဌကထာကို မြန်မာလိုပြန်ပြီး ရေးထားတဲ့ ကျမ်းပါ ရေးသားသူကတော့ သီဟိုဠ်ရဟန်းတော် အရှင် ဗုဒ္ဓဒတ္ထပါ ၊ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိပညာရှင် သီဟိုဠ် ရဟန်းတော်သာ ဖြစ်ပါတယ်´´။

``နာလာဋ ဓာတု၀င် ၊ မဟာ၀င် ၊ ဒီပ၀င် ၊ ဗောဓိ၀င် ၊ ဒဋ္ဌာဓာတု၀င် ၊ ဆိုတာတွေ ကိုလည်း သီဟိုဠ်ရဟန်းတော် အရှင်မဟာနာမ ဆိုသူက ရေးသားခဲ့တာပါ။ အဲဒီစာတွေနဲ့ တစ်ချိူ့ အဋ္ဌကထာ ၊ ဋီကာတွေကို တိုက်ဆိုင်ကြည့်ရှုပြီးတော့ မြန်မာရဟန်းတော်ဖြစ်တဲ့ ကျည်းသဲလေး ထပ်ဆရာတော်က (ဇိနတ္ထပကာသနီကျမ်း) ကို ရေးသားပြုစုခဲ့တယ် ၊ နောက် (မာလာလင်္ကာရ)တို့ (တထာဂတဥဒါနဒီပနီ) တို့ ဆိုတာတွေလည်း ရှိပါသေးတယ်။ အဲဒီကျမ်းက စကားတွေကို ဦးသာဒင်က ဗုဒ္ဓဘုရားဟောပါ ဆိုပြီး ဝေဖန်သွားတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေးဆရာတွေရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။ ပိဋကတ်တော်ကို စေ့စေ့စပ်စပ်သေသေချာ ချာ မလေ့လာခဲ့ဘူးဆိုတာ ပြရာရောက်ပါလိမ့်မယ်။ ဦးသာဒင်တို့ အင်မတန် အထင်ကြီးတဲ့ အနောက်တိုင်းက ခရစ်ယာန်ဘာသာ၀င် ပညာရှင်တွေထဲက ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရားဟောအစစ် ၊ ဘယ်ဟာကနောက် စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနိုင်ပြီးတော့ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြတာ တွေ အများကြီး ရှိပါတယ်၊ အဲဒါကို ဦးသာဒင်တို့ အထူးသတိပြုဖို့ ကောင်းပါတယ်´´ ။

`` စိန္တိတံ သတ္တသင်္ချေယံ အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ သောတတ္တကီ ကျမ်းတွေ ထဲမှာပါတာ ၊ ပိဋကတ်တွေထဲမှာ ပါတာ မဟုတ်ပါဘူး။ အောင်ခြင်းရှစ်ပါးတို့ ဝိပါက်တော်(၁၂)ပါးတို့ ဆိုတာ တာ၀တိသာနတ်ပြည် ကိစ္စဆိုတာ စာရေးဆရာရဲ့လက်ချက်တွေပါ ၊ ဘုရားဟောမဟုတ်ပါဘူး။ သစ္စက ပုရပိုက်နှင့် ဗုဒ္ဓဟာ အနတ္တဝါဒ ကိစ္စ မေးတာ သစ္စက အားလုံးကို ၀န်ခံရတယ်။ အနတ္တသာ မှန်ပါတယ်လို့ နောက်ပိုင်း သိကြားမင်းပါလာတာက ဗြဟ္မဏဝါဒီတွေ ထိုးထည့်ပေးတာ၊ ဗုဒ္ဓနဲ့ မဆိုင်ပါဘူး ´´ ။

`` ပထမဆုံး ဘုရားဘယ်သူ ဗျာဒိတ်ပေးသလဲဆိုတဲ့ မေးခွန်းကို ဆရာကြီးတို့ရဲ့ ထာ၀ရဘုရားကို ဘယ်သူဖန်ဆင်းသလဲဆိုတဲ့ မေးခွန်းနဲ့ပဲ ဖြေလိုက်ပါတယ်။ ဦးသာဒင်တို့ ဓမ္မာဆ ရာတွေဟာ ပိဋကတ်ကို စေ့စေ့စပ်စပ်သေသေချာချာ လေ့လာခဲ့ပုံမရပါဘူး။ သုတေသနလုပ်ဖို့ဆိုတာတော့ အတော်ကလေးဝေးပုံရပါတယ်။ ဒါကြောင့်မို့လည်း ဗုဒ္ဓရဲ့ တရားတော်အစစ်နဲ့ စာရေးဆ ရာတွေရဲ့စာကို အားလုံးအတူတူပဲလို့ ပြောတာပေါ့ ။ အဲဒီလိုပြောကြစတမ်းဆိုရင် ခင်ဗျားတို့ရဲ့ သမ္မာကျမ်းစာတွေကိုလည်း ပြောစရာတွေ အများကြီး ရှိပါတယ် ´´။

``ဥပမာ……. ခရစ်သက္ကရာဇ် ၁၃၅၀ ခုနှစ်လောက် ပထမဆုံး အင်္ဂလိပ်ဘာသာအဖြစ် ပြန်ဆိုရေးသားတဲ့ (၀င်ကလစ်ဖ်)ရဲ့ `ဘိုင်ဘလ်´ ခေါ်တဲ့ သမ္မာကျမ်းစာကို `တင်ဒေလ်း´ ရဲ့ နောက်မှ ပေါ်တဲ့ သမ္မာကျမ်းစာနဲ့တိုက်ကြည့်ရင် ကွဲလွဲနေတာတွေ အများကြီးရှိနေတာကို တွေ့ရပါ့မယ်။ အဲဒီလို `ဗားဒေးလ်´ရဲ့ သမ္မာကျမ်းစာကလည်း တစ်မျိူးဖြစ်နေပြန်တယ်။ အဲဒီလိုကွဲ လွဲချက်တွေကို မစဉ်းစားမဆင်ခြင်ပဲနဲ့ အကုန်လုံးကို သိမ်းကျူံးပြီး ခရစ်တော်က ဒီအတိုင်းဟောခဲ့ တယ်ဆိုရင် ဦးသာဒင်တို့ ကြိုက်ကြပါ့မလား ´´ ။

`` တင်ဒေးလ်´ရဲ့သမ္မာကျမ်းစာကိုလည်း ခရစ်သက္ကရာဇ် ၁၅၆၀ လောက်မှာ `မိုင်းအလ်စ် ကိုဘားဒေးလ် ´ က ပြီးတော့ ပြုပြင်ရေးထားတာကို တွေ့ရပြန်တယ်။ အဲဒီနှစ် လောက်မှာပဲ ဒီဆရာတွေရဲ့ ရေးသားချက်တွေဟာ ခရစ်တော်ရဲ့ တရားများကို ယုတ္တိကင်းမဲ့စေ တယ် ။ လွဲမှားစေတယ် ဆိုပြီးတော့ ဂျာမနီက `မာတင်လူသာ´ တို့က ကိုယ်ကြိုက်သလို ပြင်ပြီး ရေးတာကိုလည်း တွေ့ရပြန်ပါတယ်။ ` တင်ဒေးလ်´က ၊ `ဟီးဘရူး´ကျမ်းကို အခြေခံပြီး ရေးတဲ့ `ဘိုင်ဘလ်´ထဲမှာ `ဂျေရုဆလင်´မြို့ကြီးကို သမုဒ္ဒရာနှင့် ရေလွမ်းသတ်တယ်လို့ ရေးတဲ့အခန်းကို `မာတင်လူသာ´တို့က မကြိုက်ကြဘူး ။ ဒါနဲ့ဒီအခန်းကို ပြုပြင်ပြီး ရေးလိုက်ကြတယ် ´´။
` အဲဒါတွေကို ကြည့်ရင် ခရစ်ယာန်ရှေးကျမ်းများမှာပဲ တစ်ကျမ်းနှင့်တစ်ကျမ်း ကွဲလွဲ ချက်တွေ ၊ မတူတာတွေ ရှိနေပါတယ်။ ဒါတွေ လျှောက်ပြောနေကြရရင် ခရစ်ယာန်ထာ၀ရဘုရား ဟာ မေတ္တာနှင့်ဂရုဏာကို အရင်းခံတယ်လို့ တစ်ဖက်က ပြောပြီးတော့ တစ်ဖက်မှာ လူတွေကို မညာမတာ ရက်ရက်စက်စက် လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေဟာ အများကြီး ရှိနေလေ တော့ အခုန ဆရာကြီး ဦးသာဒင် ပြောခဲ့တဲ့ ဗုဒ္ဓ၀င်အရ ရှေ့နှင့်နောက်မညီတဲ့ အချက်များဟာ စာရေးဆရာတွေကြောင့်သာ ရှိနေတယ်ဆိုတာ လယ်ပြင်ဆင်သွားသလို ထင်ရှားလှပါတယ်။ အဲဒီ လို မညီတာထားပြီးတော့ ဦးပဇင်းတို့ရဲ့ ဗုဒ္ဓဂေါတမဟာ ဘယ်နေရာမှာ ဘယ်သူ့ရဲ့အသက်တစ် ချောင်းကို သတ်ခဲ့ဖူးပါသလဲ ၊ ဖျက်ဆီးခဲ့ဖူးပါသလဲ ၊ ဗုဒ္ဓဂေါတမကို ထားလိုက်ပါဦး ၊ ဗုဒ္ဓ ဂေါတမရဲ့ တပည့်သာ၀က ရဟန္တာထဲ က ဘယ်သူဟာ သူတစ်ပါးအသက်ကို သတ်ခဲ့ဖူးပါသလဲ ၊ တစ်ခု လောက်များရှိရင် တွေ့ရင် ပြောပြစမ်းပါလို့ ဆရာကြီး ဦးသာဒင်ကို ဦးပဇင်း မေတ္တာရပ်ခံလိုက်ပါ တယ် ´´။

`` အဲဒါတင် မဟုတ်ပါဘူး ။ ဗုဒ္ဓသာသနာတော်ရဲ့ နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်း အတွင်းမှာ ဗုဒ္ဓသာသနာတော်အတွက် ဆင်နွဲရတဲ့ စစ်ပွဲမျိူးရှိခဲ့ဖူးပါသလား။ ဗုဒ္ဓဘာသာ၀င်တွေ ဟာ သာသနာပြုလုပ်ငန်းအတွက် စစ်တိုက်ခိုက်ရတယ်။ သတ်ဖြတ်ရတယ်၊ ငွေကြေးနဲ့ ရာထူးနဲ့ ဖြားယောင်းသွေးဆောင်ပြီး သိမ်းသွင်းခဲ့ရတယ် ဆိုတာမျိူးမှာ ဗုဒ္ဓသာသနာ့သမိုင်းမှာ ရှိခဲ့ဖူးပါသ လား ။ ထောက်ပြစမ်းပါ ´´ ။

`` ဆရာကြီး ဦသာဒင်တို့က အနန္တ တန်ခိုးတော်ရှင်ကြီး အနန္တမေတ္တာရှင်ကြီး ၊အနန္တဂရု ဏာရှင်ကြီး လို့ ယုံကြည့်ပြီး တဖွဖွချီးကျူးနေကြတဲ့ ထာ၀ရခေါ် ဋ္ဌာ၀ယ ဘုရားနှင့် ပတ်သက်ပြီး တော့ ဒကာကြီးတို့ အလွန်အထင်ကြီးနေတဲ့ အနောက်တိုင်းသား ခရစ်ယာန်ဆရာကြီးများက ဋ္ဌာ၀ယကို ဘယ်လို ချီးကျူးထားတယ်ဆိုတာ နည်းနည်းတင်ပြပါ့မယ် ´´ ။

`` ` အိပ်ခ်ျဂျီဝဲလ် ´ဆိုတဲ့ ရာဇ၀င်ဆရာကြီးက အနန္တတန်ခိုးတော်ရှင် ဋ္ဌာ၀ယသည် တ ကယ်ထင်ရှားရှိ၍ ဤကမ္ဘာလောကအတွင်း၌ တိုက်ခိုက်နေကြသော စစ်ပွဲများ ၊ သေကြေ ပျက်စီး ခြင်းများ စစ်နှင့်ပတ်သက်သော ကြောက်ဖွယ်လန့်ဖွယ်များကို တားဆီးခြင်းငှာ တတ်နိင်သော သတ္တိ ရှိပါလျှက်နဲ့ တမင်ဇိမ်ခံပြီး ကြည့်နေခဲ့သည်ဆိုလျှင် ကျွန်ပ်သည် ထို ဋ္ဌာ၀ယ၏ အဖုံးအကာ မရှိသော မျက်နှာကို တတွေးဖြင့် ထွေးမည် အမှန်ဖြစ်သည် ။ ´´လို့ ရေးသားထားပါတယ်။

`` အမေရိကတိုက်က ယူနစ်တာရီယံ ခရစ်ယာန် ဓမ္မဆရာ `သီအိုဒိုပါကား´ရဲ့ စကားကို နားထောင်ကြည့်ပါဦး ´´။

``ထာ၀ရသည် ခဏခဏ စိတ်ပြောင်းလဲတတ်၏ ။ လက်စားချေတတ်၏ ။ အလွန်အ ကျူး ဒေါသကြီး၏ ။ ထာ၀ရသည် အမျက်ဒေါသထွက်လွယ်၏ ။ အဆမတန် ရက်စက်ကြမ်းကြုတ် ၏ ။ မိမိအချစ်တော် ရဟူဒီ လူမျိူးတို့ကိုပင် တစ်ခါတစ်ရံ စိတ်ဆိုး၏ ။ တစ်နေ့သော် ထာ၀ရသည် `လူအပေါင်းတို့၏ ဦးခေါင်းကို ဖြတ်၍ ငါထာ၀ရအား ပူဇော်လော့´ ဟု မောရှေအားပြောသတတ်။

`` နောက်တစ်ခါ ခရစ်ယာန်ပါဒရီဒိန်း အင်းဂျိတ် ဆိုသူရေးသားသည့် အချစ်ကို လည်း ပြောပါရစေ ၊´´။

`` သူက ကမ္ဘာမြေပြင်၌ လူသတ္တဝါနှင့် ထာ၀ရ၏ ဆက်ဆံပုံသည် ယခုကျွန်ပ်တို့ တွေ့မြင်ရသမျှသာ အကုန်ဖြစ်ခဲ့လျှင် ထိုထာ၀ရသည် မိမိ၏ လုပ်ငန်း၌ ဖြောင့်မှန်ခြင်း ၊ ရိုးသားခြင်း တရားတို့ကို များစွာ အလေးမပြုကြောင်း ထင်ရှားချေ၏ ´´ ။ (သီဖိစ်အင်သီဝါး) ဆိုတဲ့ စာအုပ် မှာ ရေးထားပါတယ် ။ `အီဟာဘန်´ ဆိုတဲ့ စာရေးဆရာ အဘိဓမ္မာ ဆရာကြီးက `သင်တို့ ခရစ် ယာန်ဝါဒီများကို ဆိုလိုသည်´၊ သင်တို့ပြောဆိုသော အရာဟူသမျှကို ချွင်းချက်ကလေး တစ်ခုထား ပြီး ကျွန်ပ်အားလုံးကို သဘောတူပါ၏ ။ ထိုချွင်းချက်ကား သင်တို့၏ ထာ၀ရသည် ကျွနပ်၏ မာရ်နတ် ဖြစ်သတည်း ´´လို့ ပြောဆိုပါတယ်။

`` အဲဒါ …..ဦးပဇင်းက ဖန်တီးပြီးပြောတာ မဟုတ်ဘူးနော် ၊ ဟောဒီမှာ ဆရာကြီးတို့ အထင်ကြီးနေတဲ့ ခရစ်ယာန်ဘာသာ၀င်ဆရာကြီးတွေ ရေးတဲ့ စာအုပ်တွေက ကောက်နှုတ်ပြီးပြော ပြတာ ´´။

`` နောက်ပြီး ဆရာကြီးဦးသာဒင်က အနန္တတန်ခိုးတော်ရှင် ထာ၀ရနှင့် ဘာတန်ခိုးမှ မရှိတဲ့ ဂေါတမကို နှိုင်းယှဉ်ရဲသလား ။ နှိုင်းယှဉ်ရဲရင် နှိုင်းယှဉ်ပြပါ ။ ထာ၀ရထက် ဘယ်သူမှ မမြတ် ဘူးလို့ ပြောသွားပါတယ်´´ ။
` အဲဒီလိုဆိုရင် ဆရာကြီးတို့ရဲ့ ထာ၀ရဂုဏ်တော်တွေကို သမ္မာကျမ်းစာထဲမှာ ပါ အတိုင်း နည်းနည်းလောက် ထုန်ကြည့်ကြရအောင်။

၁။ အရက်သေစာတို့ကို အမြဲမှီဝဲသောက်သုံး၍ ဂျိူးကင် ၊ ချိူးကင် ၊ သိုးကင် ၊ နွားကင် ၊ တို့ကို တွင်တွင်ကြီး ကြိုက်တော်မူထသော။

၂။ ချိူးကင်နှင့် စပျစ်ရည် အရက်ကို မရခဲ့သော် အလွနအကျူး အထူး ဒေါပွ အမျက်တော်ရှလေ့ရှိ ထသော။

၃။ သဘောမကျ၍ ဒေါထသောအခါ ကြီးစွာသော ကောဓ(အမျက်)ဖြင့် တားမရ ၊ ဆီးမရ ၊ ကြိမ် ဆဲတတ်တဲ့ အလေ့၀သီရှိထသော။

၄။ တိုက်ရေးခိုက်ရေး ၊ သတ်ဖြတ်ရေးတို့ကိုသာ အမြဲအားပေးလေ့ရှိထသော ။

၅။ မဟုတ်မမှန် ပညာရှိသတ္တဝါတို့ အော်ဂလီဆန်ဖွယ်ရာ တရားတို့ကို ဟောကြားခဲ့ထသော ။

၆။ ကြောက်ခမန်း၊လန့်ခမန်း၊အပြစ်အာဒီန၀တို့ကိုမေတ္တာဓါတ်အ နည်းငယ်ရှိသူတို့ပင်ကြက်သီးဖြန်း ဖွယ်ရာ ကျူးလွန်ခဲ့ထသော။

၇။ လူသတ္တဝါတို့ ဥာဏ်ပညာပွင့်လင်း၍ အကြောင်းအကျိူး၊ အကောင်းအဆိုး သိမြင်မည်ကို အစဉ်စိုးရိမ်ထသော ။
၈။ ဤသို့ စိုးရိမ် ခဲ့သောကြောင့် ဥာဏ်ပညာအလင်းရောင်၏ ရန်သူကြီးဖြစ်ထသော ၊ ထာ၀ရဘု ရားဆိုတဲ့ဂုဏ်တော်တွေ ထွက်လာပါတယ်။ အချိန်နည်းလွန်းလို့ အကျဉ်းချူပ်ထားတာပါ။

``ကဲ…..ဂေါတမဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုလည်း နည်းနည်းလောက်ပဲ ထုတ်ပြပါမယ်၊ ပိဋကတ်တော်မှာ ပါတဲ့ အထဲက အကျဉ်းချူပ်ပဲ တင်ပြပါ့မယ်´´ ။

၁။ အခြားသောဘာသာရှင်တို့နဲ့မတူ အမြင့်မြတ်စင်ကြယ်သော အကျင့်စာရိတ္တ ရှိတော်မူထသော။

၂။ အရက်သေစာ မူးယစ်စေတတ်သော အရာတို့ကို ကိုယ်တိုင်လည်းမသုံး တပည့်များ၊ နောက် လိုက်ငယ်သားတို့ကိုလည်း မသုံးရန်တားမြစ်တော်မူထသော။

၃။ ပါဏာတိပါတ သူ့အသက်သတ်ခြင်း၏ အပြစ်အာဒီန၀တို့ကို ဟောပြတော်မူ၍ ဇီ၀ဟိသာ၊ ဇီ၀ တတျာ၊ အသက်သတ်ခြင်း ၊ ညင်းဆဲခြင်းတို့ကို တားမြစ်တော်မူထသော။

၄။ အမျက်ဒေါသ ၊ ကောဓမိုက်မှား လူ့အောက်တန်းစားတို့၏ လက်သုံးဖြစ်သော တရားများကို အမြစ်ပါမကျန် အကုန်လုံးပယ်လှန် ခုတ်ဖြတ်တော်ပြီးဖြစ်သဖြင့် ၊ အမျက်ထွက်ခြင်း ၊ ဒေါပွခြင်းမရှိ၊ မေတ္တာဓါတ်ဖြင့် ပြည့်ဝသော နှလုံးရှိတော်မူထသော။

၅။ သက်ရှိ/သက်မဲ့ ဟူသမျှတို့ကို ကြိမ်ဆဲခြင်း ။ သတ်ဖြတ်ခြင်း ၊ ဖျက်ဆီးခြင်းအမှု ဘယ်အခါမှ မပြုခဲ့ထသော။

၆။ သတ်ရေး ၊ ဖြတ်ရေး ၊တိုက်ခိုက်ရေးတို့ကို (အတ္တာနံ ဥပမံ ကတွာ န ဟနေယျ နဂါတယေ)။ မိမိကိုယ်ကို ဥပမာပြု၍ သူတစ်ပါးတို့အား ငြင်းဆဲသတ်ဖြတ်ခြင်း မပြုရဟု ဟောပြော၍ အားပေးခြင်း မပြုခဲ့ထသော ။

၇။ မကောင်းညစ်ကြူး iဿာမစ္ဆေရ စသော ပါပ ဓမ္မ အစုတို့မှ အမြဲဝေးကွာတော်မူထသော။

၈။ အကျိူးအကြောင်းဆက်၍ ယုတ္တိသာဓက ရှိသောတရား လူသတ္တဝါတို့အား အကြောင်း အကျိူးရစေသော တရားတို့ကိုသာ ဟောတော်မူခဲ့ထသော။

၉။ ချစ်သားတို့ ၊ သင်တို့သည် အလင်းမှလာ၍ အလင်းသို့ ရောက်ကြကုန်လော့ ဟု ဟောတော် မူသည်ကို ထောက်သဖြင့် လူသတ္တဝါအပေါင်းကို အမှောင်ဘေးမှ ကာကွယ်၍ အလင်းရောင် အောက်သို့ ရောက်အောင် ဖေးမကယ်တင်သော ပုဂ္ဂိုလ်ထူးကြီး ဖြစ်ခဲ့ထသော ကျွန်ပ်တို့၏ ဂေါတမ ဗုဒ္ဓ ……..

``အဲဒီလို ထာ၀ရဘုရားနှင့်ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အနည်းငယ် နှိုင်းယှဉ်ကြည့်ရင်ပဲ ဘယ်ဘုရားက မှန်ကန်မွန်မြတ်တယ်၊ ဘယ်ဘုရားက မမှန်မကန် ယုတ်ညံ့ တယ်ဆိုတာ လယ်ပြင် ဆင်သွားသလို ထင်ရှားနေပါတယ်´´။

``ကဲ….အချိန်စေ့တော့မှာမို့ ဦးပဇင်း နိဂုံးချူပ်ပါတော့မယ်၊ အခုလို ဦးပဇင်းတင်ပြခဲ့တာ တွေ ဟာ အကျဉ်းချူပ်တွေပါ ၊ နေ့လည်ကျမှ အကျယ်တ၀င့် ထပ်ပြီးတင်ပြပါဦးမည်။ ယခုတင်ပြခဲ့ တဲ့ အကျဉ်းချူပ်လောက်နဲ့တင်ပဲ ဗုဒ္ဓဝါဒနှင့် ခရစ်ယာန်ဘာသာ ဘယ်ဟာက ကောင်းတယ်။ မှန် တယ်ဆိုတာ ချင့်ချိန်ဆုံးဖြတ်နိုင်လောက်ပါပြီ ´´ ။

`` ခရစ်ယာန်ဆရာကြီးများနှင့်တကွ အားလုံးသောခရစ်ယာန်၊ ဗုဒ္ဓဘာသာဒကာ/ဒကာ မအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် ရွှင်လန်းချမ်းမြေ့စွာ တစ်ဦးနှင့်တစ်ဦး မေတ္တာဓါတ်ဖြင့် ဆက်ဆံကြပါရန် မေတ္တာရပ်ခံလိုက်ပါတယ် ´´ ။ ( ရှည်လျားသော လက်ခုပ်သြဘာသံကြီး) ။
ရှည်လျားသော သြဘာသံ၊ လက်ခုပ်သံများမှာ မိုးချူန်းသည့်နယ် မြည်ဟီး၍ သွားပါ သည် ၊ ဗုဒ္ဓဘာသာဘက်မှ ကြည်နူးရွှင်ပြုံးနေကြသလောက် ခရစ်ယာန်ပရိသတ်ကား ငိုင်နေကြ လေသည်။

နေ့လည် (၁၂)နာရီတိတိတွင် ပရိသတ်ကြီးမှာ နံနက်ကအတိုင်း ပြည့်ကျပ်ပြွတ်ခဲလျှက်ရှိ သည် ၊ မေလ၏ အလွန်ပူပြင်းသည့် နေပူဒါဏ်ကို ဂရုမထားကြဘဲ ၊ ဟောပြောပွဲကိုသာပင် စိတ်၀င် စားနေကြသည်။ ထိုအချိန်တွင် တမနက်လုံးပျောက်နေသည့် သူကြီး ဦးလှောင်သည် ၀တ်ကောင်း စားလှများ ၀တ်ဆင်လျှက် ဆုတော်ရငွေဓါးကြီးကို လွယ်ပြီး ပြုံးပြုံး-ပြုံးပြုံးနဲ့ ဇနီးသူကြီးကတော်ကို လက်ဆွဲလျှက် မဏ္ဍပ်ထဲသို့ ၀င်လာရာ ။ ပရိသတ်ပွဲကျသွားလေသည်။ ရှစ်အိမ်ထောင် ဗုဒ္ဓဘာသာ ဘက်သို့ ကူးပြောင်းခဲ့ပြီ ဖြစ်သဖြင့် သူပြုံးနိုင်လေပြီ ။ ခရစ်ယာန်ခေါင်းဆောင်များကား မျက်နှာမ သာယာကြပေ ။

သဘာပတိ နှစ်ဦး နေရာယူပြီးကြသောအခါ ----
ပရိသတ်ငြိမ်သက်သွားသည်၊ ဆရာကြီးဦးရွှေမှန်က မိန့်ခွန်းမပြောတော့သဖြင့် ၊ တောင်ငူလော ကုတ္တရာဆရာတော် အရှင်ကုဏ္ဍလကပင် သဘာပတိ မိန့်ခွန်းပြောရသည်။ သဘာပတိဆရာတော် က နှစ်ဘက်သော ပရိသတ်တို့ မနက်က ယဉ်ကျေးသိမ်မွေ့စွာ နားထောင်၍ အားပေးကြသဖြင့် အလွန်၀မ်းမြောက်၀မ်းသာကြောင်း ယခုလည်း မနက်ကအတိုင်း ယဉ်ကျေးသိမ်မွေ့စွာ အားပေး နားထောင်ကြပါရန် မေတ္တာရပ်ခံပါကြောင်း အတိုချူပ်မိန့်ကြား၍ စည်းမျဉ်းအရ ပထမ အလှည့်ကျ သူ ဗုဒ္ဓဘာသာခေါင်းဆောင် အရှင်ဥက္ကဌ ုကို ဖိတ်ခေါ်လိုက်လေသည်။
ဆရာတော်အရှင်ဥက္ကဌသည် သမ္မာကျမ်းစာများနှင့် မှတ်စုများကိုယူ၍ ဟောပြောမည့် စင်မြင့်ပေါ်သို့ တက်သွားသည်။ ထို့နောက် အောင်မြင်ခန့်ညားသော အသံဖြင့် ပရိသတ်ပေါက် အောင် ဟောပြောလေတော့သည်။

``အို….. ခရစ်ယာန်ဓမ္မဆရာအပေါင်းတို့……၊
ဦးပဇင်းတို့ရဲ့ ဗုဒ္ဓဂေါတမ ဘုရားရှင်ဟာ ဆင်ခြင်တုံတရားကို အများကြီး အားပေးတော်မူခဲ့ပါတယ်။ မည်သည့်တရားကိုမဆို မစုံစမ်း၊ မစစ်ဆေးဘဲ မယုံကြည့်ကြနဲ့လို့ ဂေါတမ ရှင်တော်ဘုရားက ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓဘုရားရှင်ရဲ့ (ဧဟိပဿိကော) လာလှည့် ကြည့်လှည့် စမ်းကြည့် ဆိုတဲ့ ဂုဏ်မျိူးဆိုတာ ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာတဲ့ ဘယ်ဘာသာတရားမှာမှ မရှိပါဘူး။ ဒိဂုဏ်မျိူးကို ဂေါတမရှင်တော်ဘုရားရဲ့တရားတော်မှာသာ တွေ့နိုင်ပါတယ်………´´။

`` ဘာဖြစ်လို့ ဂေါတမ ရှင်တော်ဘုရားက လာကြည့်၊ စမ်းကြည့်လို့ ရဲရဲဝံ့ဝံ့ ပြောရဲတော်မူရသလဲ သူ့တရားဟာ မှန်ကန်ကြောင် သေသေချာချာ သိတော်မူလို့ပေါ့ ၊ ဓမ္မဆရာ ကြီးတို့ရဲ့ ခရစ်တော်ဟာ ငါပြောတာသာ ယုံကြည်ကြ ၊ ဆင်ခြေမတက်ရဘူးလို့ ဘာကြောင့် ပြောခဲ့ ရတာလဲ ၊ အဲဒါစဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ ကိုယ့်တရားကို ကိုယ်တကယ် ယုံကြည့်စိတ်ချရင် ရဲရဲ ကြီး ဆင်ခြေပေးနိုင်စွမ်း ရှိရမယ်မဟုတ်ပါလား။ သူ့တရားဟာ ယုံကြည် စိတ်ချရခြင်းမရှိဘူး။ ဝေဖန်ဆန်းစစ်မှု မရှိဘူးဆိုတာ ဒီအချက်ကပဲ ထင်ရှားနေပါပြီ ……´´၊(သြဘာသံကြီး)။

`` အခုလည်း ဦးပဇင်းပြောခဲ့သမျှ ဟောနေသမျှနှင့် ပြောလတ္တံ့သော စကားတွေကို ပုဂ္ဂလဓိဋ္ဌာန်စွဲနှင့် မှန်တယ်လို့လည်း မယူဆစေလိုပါ ။ မှားတယ်လို့လည်း တစ်ဘက်သတ် ဆုံးဖြတ် ခြင်းကို အလျင်စလို မပြုလုပ်ကြစေလိုပါ။ လောကယုတ္တိ သဘာ၀ယုတ္တိ ရှိမရှိ စဉ်းစားဆင်ခြင်၊ စုံစမ်း စစ်ဆေးပြီးတော့မှ ယုံကြည်စေချင်ပါတယ်…..´´။

` ကဲ……ဒီတော့ ဗုဒ္ဓဘာသာအကြောင်း ဦးပဇင်းအကျဉ်းချူံးပြီး ရှင်းရှင်းတင်ပြပါမယ်.။
+ ဗုဒ္ဓဘာသာဆိုသည်မှာ ဘာလဲ ?
+ ဘာကိုရည်မှန်းပြီး ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်ကြသလဲ ?
+ ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ဘာလဲ ?
+ အဲဒီပန်းတိုင်ရောက်ဖို့ ဘယ်တရား ၊ ဘယ်အကျင့်များဟာ ဗုဒ္ဓဘာသာ၀င်တို့ရဲ့တာ၀န်ဖြစ်သလဲ?
+ လောကီအနေဖြင့် ဘာအကျိူးရှိသလဲ ?
+ လောကုတ္တရာ အနေဖြင့် ဘယ်လိုဖြစ်သလဲ ?

``အဲဒါတွေကို သိရင် ဗုဒ္ဓဝါဒရဲ့ အနှစ်ချူပ်ကို သိရှိနိုင်ပါတယ်။ အဲဒီလို သိရင်ပဲ ဗုဒ္ဓ ဘာသာ၊ ဗုဒ္ဓဝါဒဟာ ကမ္ဘာမှာ အမြင့်မြတ်ဆုံးနဲ့ အမှန်ကန်ဆုံးဆိုတာ သဘောပေါက်သွားပါလိမ့် မယ်….´´။

`` ဗုဒ္ဓဘာသာဆိုတာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)လောက် အိန္ဒိယနိုင်ငံမှာ အ ထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပွင့်ပေါ်ခဲ့တဲ့ ဘယ်ဘာသာတရားမှာမှ မရှိတဲ့ သစ္စာလေးပါး အမှန် တရားကို ဆရာမကူ သယမ္ဘူဥာဏ်တော်နှင့် မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူခဲ့ တဲ့အတွက် ဗုဒ္ဓအမည့် ဘွဲ့တော်ရှိတဲ့ ဂေါတမမြတ်စွာဘုရားရဲ့ အဆုံးအမဒေသာနာတော်ကို ယုံ ကြည်လိုက်နာပြီး ဆည်းကပ်ခံယူတဲ့ ဘာသာဝါဒ ဖြစ်ပါတယ်….´´။

`` သံသရာ၀ဋ်ဒုက္ခမှ လွတ်မြောက်ရန် ရည်မှန်းပြီးတော့ ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာ သာ၀င်တွေက ဆည်းကပ် ခံယူခြင်းပဲ ဖြစ်ပါတယ်..´´။

`` ဗုဒ္ဓဘာသာရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ ၀ဋ်ဒုက္ခမှ အေးငြိမ်းရာ နိဗ္ဗာန်ဖြစ်ပါတယ်။ အဲဒီ ပန်းတိုင် ရောက်ဖို့အတွက် ဗုဒ္ဓဘာသာ၀င်တွေက ဗုဒ္ဓဂေါတမ ညွန်ပြဆုံးမတော်မူခဲ့တဲ့ တရား ဓမ္မများကို ကိုယ့်အားကိုယ်ကိုး ကိုယ်တိုင်ကျင့်သုံးကြရမယ်။ အထူးသဖြင့် မဂ္ဂင်ရှစ်ပါး အကျင့်မြတ် တရားကို ကျင့်သုံးကြရမှာက ဗုဒ္ဓဘာသာ၀င်တိုင်းရဲ့ တာ၀န်ဖြစ်ပါတယ်….´´။

`` ဗုဒ္ဓဘာသာဗုဒ္ဓဝါဒဟာ လောကီရေးရာ တိုးတက်ကြီးပွားမှုကို မဟန့်တားသလို ဆုတ်ယုတ်နိမ့်ကျမှုကိုလည်း အားမပေးပါဘူး။ ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့တဲ့ သမ္ပဒန် တရား လေးပါးနှင့်အညီ ကျင့်သုံးကြမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ လက်တွေ့မျက်တွေ့ကြီးပွား တိုးတက်နိုင်ပါတယ်၊ အဲဒီလို လောကီရေးရာများကို ဆောင်ရွက်ရင်းနဲ့ဘဲ လောကုတ္တရာတရားများ ကိုလည်း ကျင့်သုံးသွားနိုင်ပါတယ်။ ဗုဒ္ဓဘာသာကို ဆည်းကပ်လိုက်နာရင် ပတ်၀န်းကျင်နဲ့လည်း သမဘာဂဖြစ်ပြီး အဆင်ပြေအောင်နေထိုင်နိုင်ပါတယ်။ လူမျိူးကွဲ ဘာသာကွဲတွေနဲ့ အတူနေထိုင် ၀န်မလေးပါဘူး၊ အထောက်အထား ဒေသနာတော်တွေ အများကြီးရှိပါတယ်။ အချိန်မရလို့ အဲဒါ လောက်ပဲတင်ပြရတာပါ …´´။

`` မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ကျင့်သုံးပွားများပြီး အရာရာကို လက္ခဏာရေး နှင့်ရှုမြင်တတ်ရင် မဂ်တရား၊ ဖိုလ်တရားများကို ရရှိပြီးတော့ ၀ဋ်ဒုက္ခငြိမ်းရာ နိဗ္ဗာနဓါတ် သန္တိသုခအလွန်အေးမြတဲ့ ချမ်းသာကို အခု မျက်မှောက်ကာလမှာပင် ရနိုင်ပါတယ်။ အဲဒါလောကီရေးနှင့် အလွန်ခြားနားတဲ့ လောကုတ္တရာပဲ ဖြစ်ပါတယ်…..´´။

`` နည်းနည်းထပ်ပြီး ရှင်းပြပါ့မယ်၊ ဗုဒ္ဓဘာသာဟာ အနန္တဝါဒ ၊အနန္တလမ်းစဉ် ၊ အနန္တ ဒေသာနာတို့ကိုပါ အခြေတည်ပြီး ပေါ်ပေါက်လာတဲ့ ဘာသာဖြစ်တဲ့အတွက် ကမ္ဘာပေါ်ရှိ ဘယ်ဘာ သာနှင့်မှ မတူအောင် ထူးခြားတဲ့ ဘာသာဝါဒကြီးဖြစ်ပါယ်…..´´။

`` အနန္တဝါဒအရ ဒီလောကသုံးပါးမှာ ဘာတစ်ခုမှ အစိုးရခြင်းမရှိပါဘူး ၊ မိမိရဲ့သား သမီး စီးပွားဥစ္စာကို မဆိုထားနဲ့ ၊ မိမိခန္ဓာကိုယ်ကိုပင် အပိုင်စိုးနိုင်ပါ၊ ကိုယ်က မစိုးပိုင်သလို ဘယ်သူဘယ်ဝါကမှလညး စိုးပိုင်နိုင်တဲ့ အခွင့်အလမ်း မရှိပါဘူး ။ အဲဒီမပိုင်စိုးတဲ့ တရားစုတို့ တည် နေရာ မှီရာဖြစ်တဲ့ ဒီသံသရာမှ ကင်းလွတ်ရာသည်သာလျှင် ဇာတိ၊ ဇရာ ၊ ဗျာဓိ ၊မရဏ ၊သောက၊ ပရိဒေ၀ ၊ဒုက္ခ ၊ ဒေါမနဿ ၊ဥပါယာသ တို့ရဲ့ ကုန်ရာငြိမ်းရာ ဖြစ်တယ်လို့ ယုံကြည်လက်ခံထားပြိး အားထုတ်တဲ့ ဘာသာဖြစ်ပါတယ်…´

`` ဘယ်ဘုရား ၊ ဘယ်ဣဒ္ဓိပါတ်ရှင်ကမျှ ကယ်တင်လိမ့်မည်ဟု မျှော်လင့်တောင့်တ နေတဲ့ ဘာသာမျိူးလည်း မဟုတ်ပါဘူး။ ကိုယ့်အားကိုယ် ကိုးပြီး ကိုယ့်ဒုက္ခအသီးသီးမှ ချူပ်ငြိမ်း အောင် ကိုယ့်ဟာကို အားထုတ်သွားရတဲ့ လုပ်ငန်းသာလျှင် ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒမှာ ရှိပါတယ်။ ဒါ ကြောင့် ဗုဒ္ဓဘာသာမှာ ပုဂ္ဂိုလ်စွဲ အားထားမှု မရှိပါဘူး၊ ဓမ္မသက်သက်သာ ရှိပါတယ်၊ ပြုပြင်ပြောင်း လဲမှု သင်္ခါရတို့ရဲ့ ကုန်ရာ ငြိမ်းရာ အသင်္ခတ သည်သာ ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ဖြစ်ပါတယ်´´။
`` အထူးသဖြင့် ဗုဒ္ဓဘာသာဟာ ဘုံဘ၀ကို မျှော်လင့်တောင့်တတဲ့ စိတ်နဲ့ကုသိုလ် ကောင်းမှု လုပ်ဖို့ မဟုတ်ပါဘူး၊ ငရဲနဲ့ခြောက်လန့်ထားတဲ့ အတွက် ကြောက်လန့်ပြီးတော့ အကု သိုလ်ကို ရှောင်တာမျိူး မဟုတ်ပါဘူး၊ ဧကန်အမှန်အားဖြင့် မလုပ်ထိုက်တဲ့ အလုပ်ပဲ ၊ မကျူးလွန် ထိုက်တဲ့ အမှုကိစ္စပဲလို့ ကိုယ်တိုင် သုံးသပ်နားလည်ပြီး အကုသိုလ်မလုပ်တာ အကုသိုလ်ကို ရှောင် ကြဉ်တာဟာ ဗုဒ္ဓဘာသာအစစ်အမှန် ဖြစ်ပါတယ်။ ငရဲနှင့်ခြောက်လန့်လို့ ကြောက်ပြီးတော့ မလုပ်ပဲ ရှောက်ကြဉ်တယ်ဆို မူမှန်တဲ့ ရှောင်ကြဉ်မှုမျိူး မဟုတ်ပါ ။ ကြောက်လို့သာ ရှောင်ကြဉ်မှုမျိူး ဖြစ်ပါ တယ်။ အဲဒီသီလမျိူးဟာ ဗုဒ္ဓဘာသာက လက်ခံတဲ့ သီလာသဘောမျိူး မဟုတ်ပါဘူ´´။

`` အဲဒီလို ငရဲကိုကြောက်ပြီး ရှောင်ကြဉ်နေတဲ့သူဟာ ငရဲနှင့်သာ ခြောက်လန့် မခံရ လျှင် ငရဲမကြီးဘူးဆိုရင် လုပ်မယ့်သဘောမျိူး ဖြစ်မနေပေဘူးလား``။

`` ဒါကြောင့် ငရဲကို ကြောက်လို့ ရှောင်ကြဉ်နေသူနဲ့ ငရဲကြောင့်မဟုတ်ဘဲ မလုပ်အပ်တဲ့ တရား၊ မကျူးလွန်ထိုက်တဲ့ တရားလို့ သဘောပေါက်ပြီး ရှောင်ကြဉ်သူတို့ဟာ အလွန်ပဲခြားနားလှပါ တယ်။ ဗုဒ္ဓဘာသာက မလုပ်အပ်တဲ့အရာကို စာနာထောက်ထားပြီး ရှောင်ကြဉ်ခြင်းကိုသာ သီလအ ဖြစ် လက်ခံပါတယ်။ ထိုနည်းတူစွာပဲ ကုသိုလ်ကောင်းမှု ပြုတဲ့နေရာမှာလည်း ၀ဋ်သုံးပါး သံသရာက လွတ်မြောက်လိုတဲ့ ဆန္ဒနှင့် သန့်စင်စွာ ပြုလုပ်တဲ့ ။ အားထုတ်တဲ့ ကုသိုလ်ကောင်းမှုမျိူးကိုသာ ဗုဒ္ဓ ဘာသာက လက်ခံပါတယ်``။

`` ဘုံဘ၀ကို ခံစားစံစားခြင်လို့ လာဘ်ထိုးပသတဲ့ ပူဇော်တဲ့အနေနှင့် လာဘ်ထိုးပသပူ ဇော်တဲ့ အနေနဲ့ ကုသိုလ်ကောင်းမှု ပြုခြင်းဟာ ဗုဒ္ဓဘာသာနှင့် ဆိုင်တဲ့တရားစုမှ ပေါက်ဖွားလာတဲ့ စေတနာမျိူးမဟုတ်ပါဘူး။ မျှော်လင့်ခြင်းနဲ့ ဘေးဘယာကို ငှဲ့ပြီးတော့ ပြုလုပ်တဲ့ အလုပ်မျိူးဖြစ်တဲ့ အတွက် ရိုးသားသန့်စင်မှုနဲ့ ကင်းလွတ်ခြားနားလှပါသည်။ တစ်စုံတစ်ယောက်မှာ အကူအညီလို နေလို့ပဲ ဖြစ်ဖြစ် ထောက်ထားစာနာတဲ့ စိတ်နဲ့ပဲဖြစ်ဖြစ် မျှော်လင့်ချက်မထားဘဲ ၊ ပြုလုပ်တဲ့ကုသိုလ် ကောင်းမှုဟာ အလွန်ဖြူစင်သလို ကြောက်လန့်၍မဟုတ်ဘဲ မလုပ်ထိုက်လို့ ရှောင်ကြဉ်တာဟာ မွန် မြတ်တဲ့ ကိုယ်ကျင့်တရား သိက္ခာသီလစစ်သီလမှန် ဖြစ်ပါတယ်´´

``အဲဒါ ဘာကြောင့်လဲ ? ´´

``ဗုဒ္ဓဘာသာဟာ ကိုယ့်စီးပွားနှင့် ပတ်သက်လို့ မျှော်မှန်းခြင်း ကင်းမဲ့ပြီး စေတနာသဒ္ဓါသက် သက်နဲ့သာ ဒီလောကရဲ့ ကောင်းမှုဆိုးမှုတို့ကို ကြည့်ရှုဆင်ခြင်တဲ့ အနတ္တဝါဒကြောင့် ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရဲ့ အနတ္တဝါဒနဲ့ အလွန်ခြားနားဆန့်ကျင်တဲ့ ဝါဒကတော့ လူတွေကို ဖြူစင်တဲ့ စေတနာမှ ကင်းလွတ်စေသော ခြောက်လန့်မှု မျှော်မှန်း၍ တောင့်တစေမှု အစရှိသော မှိုင်းများနှင့် အမြဲတမ်း တိုက်ထားတဲ့ အတ္တဝါဒသာဖြစ်ပါတယ်``။

`` ဦးပဇင် အခုပြောတာတွေဟာ ပုဂ္ဂလဓိဋ္ဌာန်စွဲနဲ့ ပြောတာ မဟုတ်ပါဘူး။ ဦးပဇင်းပြော တာတွေကို လောကယုတ္တိ သဘာ၀ယုတ္တိ ရှိ/မရှိ ကိုယ်ပိုင်ဥာဏ်ဖြင့် ပရိသတ်များ စဉ်းစားဆင်ခြင် သုံးသပ်ကြဖို့ တင်ပြရခြင်းသာ ဖြစ်ပါတယ်´´။

`` ယခုလို ယှဉ်ပြိုင်ပြောရတော့ ဦးပဇင်းအနေနဲ့ နိုင်ရင်ပြီးရောဆိုပြီး အကြောင်းနှင့်အ ကျိူးမစပ်တဲ့ စကားတွေ၊ အဓိပ္ပါယ်ကင်းမဲ့တဲ့ သဘောထားတွေကို ဦးပဇင်းမပြောပါဘူး။ ဦးပဇင်းတို့ ဗုဒ္ဓတရားတော်များဟာ အဓိပ္ပါယ်မရှိတဲ့ စကားမျိူးတွေကို တရားသဘောနှင့် လက်ခံယုံကြည်တာ မျိူးမဟုတ်ပါဘူး။ တကယ့် သဘာ၀နှင့် ကိုက်ညီမှသာ ဦးပဇင်းတို့ရဲ့ မူလဗုဒ္ဓဂေါတမဘုရားဟာ တ ရားတော် အဖြစ် ဟောပါတယ်။ ပြောခဲ့ပါတယ်´´။

``အဲ……. ဒါပေမဲ့ ဘုရားဟောမဟုတ်ပဲနဲ့ ဘုရားဟောဆိုပြီး နောက်ရေးတဲ့ ကျမ်းများမှာ ပါတာတွေ ရှိသပေါ့လေ။ ဗြဟ္မဏဝါဒီတွေးက ထိုးသွင်းထားတာတွေ လည်း ရှိပါတယ်။ ဒါမျိူးတွေ ကတော့ ဦးပဇင်းတို့ ဗုဒ္ဓဘာသာကျမ်းများမှာသာ မဟုတ်ပါဘူး။ ခရစ်ယာန်ကျမ်းတွေမှာလည်း နောက်စာရေးဆရာများ ရေးတဲ့ကျမ်းတွေ နောက်ပေါ်လက်သစ်အာဘော်တွေ အမျိူးမျိူးတိုးပွားလာ ကြတာကို ဒီမှာရောက်နေကြတဲ့ ဓမ္မဆရာကြီးများလည်း သိကြပြီးဖြစ်ပါတယ်။ မနက်ကလည်း ဦးပ ဇင်း ပြောသင့်သလောက် ပြောခဲ့ပါတယ်။ အခုနည်းနည်းထပ်ပြီး ပြောပါဦးမယ်´´။

`` ဘယ်လောက်ထိအောင် ဓမ္မကျမ်းစာနှင့်တကွ မူလခရစ်တော်ရဲ့ မေတ္တာနဲ့ ဆန့်ကျင် တဲ့ ကျမ်းများ ပေါ်လာသလဲဆိုရင် ခရစ်သက္ကရာဇ် ၁၂၃၃ ခုနှစ်လောက်မှာ န၀မမြောက် (ပုပ်ရဟန်း မင်းကြီး ``ဂရီဂေါ်ရိ´´လက်ထက်မှာ `အင်န်ကွီဇီးရှင်း´) ဆိုတဲ့ ဘာသာရေးဆိုင်ရာ ဥပဒေကြီးကို ထာ၀ရဘုရား အလိုတော်ကျ ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်´´။

` အဲဒီ အချိန်တုန်းက ဥရောပနိုင်ငံအားလုံမှာ ရှိနေကြတဲ့ ဘုရင်တွေ ၊ အာဏာပိုင်တွေ ဆို တာကလည်း ရိုမန်ကစ်သလစ်ဂိုဏ်း၀င်တွေဆိုတော့ နာယက ပုပ်ရဟန်းမင်းကြီးရဲ့အမိန့်ကို အားလုံးပဲ လိုက်နာရိုသေခဲ့ကြရပါတယ်´´။

`` အဲဒီတွင်ပဲ ပုပ်ရဟန်းမင်းရဲ့ အမိန့်အရ ဘာသာရေး ဘန်းပြပြီး ခရစ်ယာန်ဘုန်းကြီးတွေ ဟာ သက်ဦးဆန်ပိုင် ဘုရာသဖွယ် ဥရောပလူသားလောကကြီးကို အတော်ပဲ ရက်ရက်စက်စက် ကိုယ်ကျိူးရှာသွားကြတာတွေ အများကြီးရှိခဲ့ပါတယ်´´။

``အဲ….ခုနင်က (အင်န်ကွီဇီးရှင်း) ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကတော့ ဘာလည်းဆိုရင် ခရစ်ယာန်ဘာသာကို မယုံကြည်တဲ့ အပြစ်တစ်စုံတစ်ရာကို ပြောတဲ့လူကို အပြစ်ဒါဏ်ပေးမယ်၊ ဒီလို အပြစ်ပေးရုံတင် မကဘူး ၊ နောက်ဘ၀မှာ လည်း ငရဲက မတက်ရအောင် ဒါဏ်ခတ်ခံရမယ်လို့ ဆိုပါတယ်´´။

`` ဒီတော့ ဘာတွေဖြစ်သလဲဆိုရင် ပုပ်ရဟန်းမင်းရဲ့ အမိန့်အရဆိုပြီး ခရစ်ယာန်ဘာသာ ကို မယုံကြည့်တဲ့ လူ့တွေကို နှိပ်စက်လိုက်ကြတာ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ (လန်ဝူးဒေါ်)နယ်က(အဲလ်ဘီးရှား) လူမျိူးတွေမှာ ဆိုရင် မိန်းမ ယောင်္ကျား နို့စို့ကလေးပါမကျန် မီး လောင်တိုက်သွင်းပြီး အသတ်အဖြတ်တွေ ခံကြရပါတယ်´´။

`` အဲဒါ ဦးပဇင်းက အရမ်းပြောတာ မဟုတ်ပါဘူး ၊ ဥရောပရာဇ၀င်က အခိုင်အမာ ပြောတာ ပါ မယံရင် ခရစ်ယာန်ဘာသာနှင့် ဥရောပသမိုင်းစဉ်ကို ဖတ်ကြည့်ပါ ၊ အခု ဒီဓမ္မဆရာကြီးတွေ ငြင်းကြမလား ၊ ငြင်းနိုင်ရင်ငြင်းပါ ၊ မနက်က ဓမ္မဆရာကြီး ဦးသာဒင်က ပြောသွားတယ်၊ သူတို့ရဲ့ ဓမ္မကျမ်းစာတွေက လူသားလောကကြီးရဲ့ ကောင်းစားရေးနဲ့ တမလွန်ကောင်းကင်ဘုံးကောင်းစား ရေးတွေကို မေတ္တာဆိုတဲ့ ကြီးမားသော ကရုဏာကြီးနဲ့ ပြုလုပ်ထားတဲ့ ဘာသာဖြစ်လို့ အလွန်ကောင်းပါတယ်လို့ ပြောသွားပါတယ်´´။

`` ဒီဓမ္မဆရာကြီးတွေလည်း တစ်နေ့ ဒီလိုများ (အင်န်ကွီဇီးရှင်း) ဥပဒေကြီးကို မြန်မာပြည် မှာ လုပ်ဦးမှာလား မပြောတတ်ပါဘူး´´။

`` ဦးပဇင်းတို့ ဗုဒ္ဓဘာသာတွေတော့ အကုန်သေကြရမှာပဲ ထင်တယ်။ ဒိဋ္ဌစစ်ဆေးပုံ၊ အပြစ်ပေးပုံတွေကလည်း ရာဇ၀င်သမိုင်းမှာ အလွန်ပဲကြမ်းလှပါတယ်။ ဒါတွေကို အထူးမပြော တော့ပါဘူး စိတ်ပျက်စရာ ကောင်းလွန်းလို့ပါ (ချက်ကိုစလိုဘေးကီးယား)မှာဆိုရင် ခရစ်ယာန်တွေ ကိုထပြီး ပုန်ကန်လိုက်တာ ဥရောပတစ်ခွင်လုံး အတော်ပဲ ကူးစက်သွားလို့ စစ်ကြီးတွေ ဖြစ်လိုက်ကြတာ အကြာကြီးပါပဲ ´´။

`` သေလိုက်ကြတာတွေလဲ မနည်းပါဘူး။ ဒါဟာ လူတစ်ယောက်ရဲ့ စေတနာနဲ့ ယုံကြည် ချက်ကို လက်မခံဘဲ ၊ အတင်းယုံကြည့်အောင်ပြုလုပ်တဲ့ အဓမ္မစနစ်ကြောင့်ပဲ ဖြစ်ပါတယ်´´။

`` အဲဒီ ပွဲတွေမှာ ခရစ်ယာန်ဘုန်းကြီးတွေရဲ့ အမိန့်နဲ့ အရှင်လတ်လတ် မီးရှို့ပြီးသတ်ပုံ ကို ပြောရရင် ဟောဒီပရသတ်ကြီး ကြက်သီးထလောက်ပါတယ်။ လူပေါင်းသန်းနှင့်ချီပြီး အသက် တွေ စွန့်ခဲ့ရတယ် ၊ နောက်ပိုင်းမှာ လူတွေကို ဒီနည်းနှင့် လုပ်လို့မရမှန်း သိလာတော့မှ ကျမ်းတွေကို တမျူိးတဖုံ ပြောင်းလဲပြီး (မာတင်လူသာ) အစရှိတဲ့ ခရစ်ယာန်ခေါင်းဆောင်ကြီးတွေက ရေးကြပြီး အသစ်ပြန်လုပ်ကြတယ်´´။

`` ဒါတောင် (မာတင်လူသာ)ကို ရိုမန်ကက်သလစ်တွေက ဒိဋ္ဌိ စာရင်းထဲ ထည့်လိုက်ကြ သေးတယ်။ လူထူတွေက တောင့်ပြီး ခံပေးလိုက်လို့သာ အခု (လူသာရင်း) ဂိုဏ်းကြီးအဖြစ်နဲ့ ခရစ်ယာန်ဘာသာကြီး အဖြစ်နဲ့ ၊ ခရစ်ယာန်ဘာသာကြီးတစ်ရပ် ရပ်တည်နေနိုင်ခဲ့ကြတာ ဖြစ်ပါတယ်´´။

`` ဒါဟာ ကျမ်းပြုဆရာတွေက ခရစ်ယာန်ကျမ်းတွေကို ကိုယ်ကျိူးကြည့်ပြီး လောဘဇော နဲ့ ထင်ရာတွေကို ဘုရားဟောလုပ်ရေးကြလို့ (အင်န်ကွီဇီးရှင်း) ဖြစ်ပေါ်လာကြရတာပဲ ။အဲ… ဦးပဇင်းတို့ ဗုဒ္ဓဘာသာမှာလည်း နည်းနည်းပါးပါး ကင်းတော့မကင်းပါဘူး၊ ဒါပေမဲ့ ဒီလောက်အထိ ရက်ရက်စက်စက် ဖြစ်စေတဲ့ ကျမ်းမျိူးမပါပါဘူး၊ ဦးပဇင်း အတိအလင်း ပြောရဲပါတယ်´´။

`` အခု ဓမ္မဆရာကြီးများလည်း ဘုန်းကြီးစာတွေ သင်ခဲ့ဖူးတဲ့ ဘုန်းကြီးလူထွက် ပဂေးကြီး တွေပဲ ။ သူတို့လည်း အဲဒါတွေ သိလျှက်နဲ့ ခရစ်ယာန် ဖြစ်မယ့်ဖြစ်သွားရတာနဲ့တူပါတယ်။ ခရစ်ယန်(အင်န်ကွီဇီးရှင်း)ဥပဒေလောက် ရက်စက်တဲ့ ဥပဒေမျိူး ဦးပဇင်းတို့ ဗုဒ္ဓဘာသာမှာ မရှိပါဘူး ၊ ဒါကိ သူတို့လည်း သိကြပါတယ်။ ဘယ့်နှယ်လဲ ဆရာကြီးတို့ မှန်တာကို ၀န်ခံကြစတမ်း ဆိုရင် ဆရာကြီးတို့ရဲ့ ခရစ်ယာန်ကျမ်းများနဲ့ ဗုဒ္ဓဘာသာဘက်က ကျမ်းတွေကို အကြမ်းအရမ်း ခြင်း ပြိုင်ကြရင် ဗုဒ္ဓဘာသာက ရှုံးမယ်ဆိုတာ ဆရာကြီးတို့ သိတယ်မဟုတ်လား´´။

`` ခရစ်ယာန်ဓမ္မဆရာကြီးများကို ဦးပဇင်းအထူးမေတ္တာရပ်ခံ လိုတာကတော့ မိမိတို့ကိုယ် ပိုင်ဦးနှောက်ကို အသုံးပြုကြပါ ၊ ယုတ္တိ ရှိ/မရှိ စဉ်းစားကြပါ။ မျက်ကမ်းယုံမျူိး ၊ မျက်ကမ်းနောက် လိုက်မျိူးတော့ မဖြစ်ကြပါစေနဲ့ ၊ အကြောင်းအကျိူးဆက်စပ်မှု ၊ ယုတ္တိ ရှိ/မရှိ ဆင်ခြင်ကြပါ၊ (ဘလိုင်းဖိတ်သ်) ဆိုတဲ့ အကမ်းယုံ အရမ်းယုံကို စွန့်ပစ်ကြပါ၊ စဉ်းစားဥာဏ်ရှိသူတိုင်းဟာ ယုတ္တိကင်းတာကို ပယ်ပြီး ယုတ္တိရှိတာကိုသာ ယုံကြည့်ကြပါတယ်။ လိုက်နာလက်ခံ ကျင့်သုံးကြပါ တယ်။ ဦးပဇင်းက ဗုဒ္ဓဘာသာကို ယုံပါလို့ မဆိုလိုပါဘူး ။ သဘာ၀ကျကျ ဟုတ်ထိုက်မဟုတ်ထိုက် စဉ်းစားကြဖို့ လိုပါတယ်´´။

`` ကဲ … ဗုဒ္ဓဘာသာအကြောင်း တင်ပြပြီးတဲ့နောက် မိတ်ဆွေတို့ရဲ့ ထာ၀ရဘုရားရဲ့ သမ္မာကျမ်းစာတွေ ယုတ္တိ ရှိ /မရှိ ကြည့်ကြရအောင်´´။
` မိတ်ဆွေတို့ရဲ့ ဓမ္မဟောင်းကျမ်းအပါအ၀င် (ကမ္ဘာဦးကျမ်း)အရ ဒီကမ္ဘာကြီးကို ခရစ်မပေါ်မှီ ၄၀၀၄ ခုနှစ်မှ ထာ၀ရဘုရားသခင်က ဖန်ဆင်းတယ်လို့ ဆိုပါတယ်။ ကဲ…..အဲဒါကို စဉ်းစားကြည့်ကြရအောင်……..အဲဒီခုနှစ်နှင့် အခုခရစ်သက္ကရာဇ် ၁၉၃၆ ခုကို ပေါင်းထည့်လိုက် တော့ နှစ်ပေါင်း ၅၉၄၀ သာ ဒီကမ္ဘာရဲ့ သက်တန်းရှိတော့တယ် ။ အဲဒီတော့…….. ဒီစကားဟာ ဘယ်လောက်မှန်သလဲဆိုတာ ဆန်းစစ်ကြည့်ကြစို့ အခုခေတ်ပေါ် လောကဓတ်ပညာဖြင့် များစွာ ဆန့်ကျင်ကွာခြားနေပါတယ် (ဂျီဟိုလောဂျစ်)ခေါ်တဲ့ လောကဓါတ်ပညာ ပထဝီ ဗေဒဆရာများက တော့ ဒီကမ္ဘာရဲ့ အသက်ဟာ အဓွန့်ရှည်လှပြီတဲ့ ၊ အီဂျစ်ပြည်က (မန်မီ) လို့ခေါ်တဲ့ ဆေးဖြင့်ပြုလုပ် စီရင်ထားတဲ့ လူအလောင်းကောင်း ခြောက်များဟာ နှစ်ပေါင်း ခုနှစ်ထောင်ကျော်နှင့် ရှစ်ထောင်ရှိပြီ လို့ ဆိုကြပါတယ်။ အနည်းဆုံး နှစ်ပေါင်းခြောက်ထောင်ကျော်ပြီလို့ ပြောကြပါတယ်။ (အီလူရင်းန်) လို့ ခေါ်တဲ့ ကျောက်ဆောင်များတဲ့ အသက်ဟာ နှစ်ပေါင်း ငါးသန်းကျော်ရှိပြီလို့ ပထဝီဗေဒ ပညာ ရှင်များက တသံတည်း ယူဆဆုံးဖြတ်ထားကြပါတယ်´´။

`` ကဲ….ဒီတော့ကာ မိတ်ဆွေတို့ရဲ့ ကမ္ဘာဦးကျမ်းကလာတဲ့ စကားဟာ စဉ်းစားဖို့ မလို ပေဘူးလား။ စဉ်းစားလိုက်တဲ့အခါ ယုတ္တိကင်းမဲ့နေတာကို တွေ့ရပြီမဟုတ်လား။ ကမ္ဘာဦးကျမ်းရဲ့ အဆိုကို ခရစ်ယာန် လောကဓါတ်သိပ္ပံဆရာကြီးများက တောင် အတည်မပြုနိုင်အောင် ဖြစ်နေကြပြီ မဟုတ်လား´´။

`` ပြီးတော့ မိတ်ဆွေတို့ရဲ့ ထာ၀ရဘုရားဟာ ကမ္ဘာဟောင်းကိုသာ ဖန်ဆင်းခဲ့တယ်၊ ကမ္ဘာသစ်ဖြစ်တဲ့ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်တို့ကို ဖန်ဆင်းခဲ့ပုံမရဘူး။ ဘာ ကြောင့်လဲဆိုတော့ ကမ္ဘာသစ်အကြောင်း ဓမ္မာ့ဟောင်း ဓမ္မာ့သစ်ကျမ်း နှစ်ကျမ်းလုံးမှာ အရိပ်အ မြွက်မျှတောင် မပါဘဲကိုး။ ပါတယ်ဆိုရင် အထောက်အထားတိတိကျကျ ပြပါ ။ ဒါ ဦးပဇင်းက ဘလိုင်း ပြောနေတာ မဟုတ်ပါဘူး ၊ ဟောဒီမှာ ဓမ္မဟောင်းရော ဓမ္မသစ်ရော အားလုံးရှိပါတယ်။ ဘယ်အခန်းမှာ ပါတယ်ဆိုတာ ၊ ပြနိုင်ရင် ဦးပဇင်းက ၀န်ချတောင်းပန်ဘို့ အသင့်ပါပဲ´´။

``အမေရိကတိုက်ကို ခရစ်သက္ကရာဇ် ၁၄၀၀ကျော်ရောက်ပါမှ စပိန်လူမျိူး (ခရစ်တိုဖာ ကိုလံ ဘတ်)က သွားပြီးတွေ့တယ် မဟုတ်လား ။ ဓမ္မာ့ဟောင်းကျမ်းတွေ အလိုကတော့ အခုထိ ဘယ်သူ မှ သိနိုင်မှာ မဟုတ်သေးဘူး။ ထာ၀ရဘုရားသခင်ဟာ သူ့ရဲ့အချစ်တော်များ ဖြစ်ကြတဲ့ iသရေလ (ဂျူး) လူမျိူးတို့ကို အီဂျစ်ဘုရင် (ဖာရို) လက်အောက်မှ ကယ်တင်ပြီး (ပါလိစတိန)ပါ လက်စ်တိုင်းကို ပို့မယ့်အစား အဲဒီဘုရင် မလိုက်နိုင်တဲ့ ဟိုသမုဒ္ဒရာ တစ်ဘက်ကမ်းက ဘေးကင်း ရန်ကင်းဖြစ်တဲ့ အမေရိကတိုက်ကိုများ သွားပို့လိုက်ဖို့ မကောင်းပေဘူးလား။ သူဖန်ဆင်းတဲ့ ကမ္ဘာဆိုရင် အမေရိကဟာ အလွန်သဘာ၀ ပစ္စည်းပေါများပြီး ကျယ်ပြန့်တဲ့ နိုင်ငံကြီး မဟုတ်လား။ အဲဒါကို မလုပ်ခဲ့တာကို ထောက်ခြင်းအားဖြင့် ထာ၀ရဘုရားရဲ့ ဖန်ဆင်းပုံဟာ နေရာမကျသေးပါ ဘူး ၊ မပြည့်စုံဘူးလို့ဘဲ ဆိုရမှာပေါ့ ၊ ပြီးတော့ ဦးပဇင်းရဲ့ မိတ်ဆွေတွေ ဖြစ်ကြတဲ့ ခရစ်ယာန် ဓမ္မ ဆရာများက ဖန်ဆင်းပုံကို တော်တော်များများ အဲဒီ ထာ၀ရဘုရား ဖန်ဆင်းပုံကလည်း တော်တော် ပဲ စဉ်းစားစရာ ဖြစ်နေပြန်တယ်´´

``ဘာလဲ……. ဖန်ဆင်းတယ် ၊ ဖန်ဆင်းတယ်နဲ့ တကယ်ပဲ ဖန်ဆင်းတယ်ထားပါတော့၊ အဲဒီလို ဖန်ဆင်းတဲ့ နေရာမှာ အစီအစဉ်မတဲ့တာတွေ ပြောပါရစေ ၊ အာဃာတသဘော မဟုတ်ပါ ဘူး ၊ သဘာ၀ယုတ္တိအတွက်ပါ´´။

`` ပထမနေ့မှာ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတယ်၊ ဒုတိယနေ့ကျတော့ မိုးမျက် နှာကျက်ဖြစ်စေ ၊ ရေနှင့်ရေခြင်း ခြားနားစေဆိုတဲ့ စကား မိန့်ကြားပြီး။ တတိယနေ့မှာ သစ်ပင်အမျိူး မျိူးကို ဖန်ဆင်းတယ် ၊ စတုတ္ထနေ့မှာ နေကို ဖန်ဆင်းတယ် ၊ အဲဒါ မိတ်ဆွေတို့ရဲ့ ဓမ္မဟောင်းကျမ်း ထဲမှာ ပါတဲ့ အတိုင်းပဲ ၊ အဲဒီအထဲမှာ နေကို မဖန်ဆင်းမှီ သစ်ပင်အမျိူးမျိူးဖန်ဆင်းတယ်ဆိုတာ ဆန်းမနေဘူးဘား ၊ ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြပါ ၊ သစ်ပင်များဟာ နေရဲ့အလင်းရောင်ကို မရဘဲ မ ရှင်သန်နိုင်ဘူးဆိုတာကို ဟောဒီ ပရသတ်ထဲက တောင်သူလယ်သမားတိုင်း သိပါတယ်။ ယခုကာ လ လောကဓတ်ဆရာတွေကလည်း ချက်ခြင်းလက်တွေ့ပြနိုင်ကြပါတယ်။ ဒီတော့ကာ မိတ်ဆွေတို့ ထာ၀ရာဘုရားဟာ ဒီအစီအစဉ်မှ နားမလည်ရာ မရောက်ပေဘူးလား၊ စဉ်းစားကြပါ ၊ ပြီးတော့ နေမ ရှိဘဲနှင့် အလင်းရောင်ကို ဖန်ဆင်းတယ်တဲ့ ၊ ပြီးတော့ သစ်ပင်မြက်ပင်များ ရှူရှိုက်ဖို့ အောက်ဆီဂျင် +နိုက်တြိုဂျင်ဓတ်များကိုလည်း မဖန်ဆင်းခဲ့ဘူး ၊ ယခုပြောရတာက မိတ်ဆွေတို့ စဉ်းစားကြဖို့သာ ပြောရတာပါ အပြစ်ဆိုလိုတာ မဟုတ်ပါဘူး ´´။

``နောက်တတိယအချက်က ထာ၀ရဘုရားရဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။ ဓမ္မဆရာတစ် ယောက်က ထာ၀ရဘုရားဟာ ပုံသဏ္ဍန်မရှိ ဂေါတမဘုရားမှာသာ ပုံသဏ္ဍန်ရှာလို့ရတယ်လို့ ဆို သွားပါတယ်၊ ထာ၀ရဘုရားဟာ ဝိညဉ်တော်သက်သက် ဖြစ်ပါတယ်တဲ့ ၊ ဒီမိတ်ဆွေ တစ်ယောက် သာ မဟုတ်ပါဘူး။ ခရစ်ယာန်တိုင်း အဲဒါကိုပဲ ပြောလေ့ပြောထရှိကြတယ်။ ဝိညဉ်တော်သက်သက် သာရှိတဲ့ ထာ၀ရဘုရားကို ဟုတ်မဟုတ် စဉ်းစားကြည့်ကြပါစို့´´။

သျှင်ဥက္ကဠ
ဇာတ်သိမ်းပိုင်း ဆက်ပါဦးမည်
#သုခဝိဟာရီအရှင်ဓမ္မာစာရ မှ

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...