Skip to main content

Posts

ပြန်လာခွင့်မရတဲ့သူ

“ဆွမ်းတော်လက်ဖက်ရည် စွန့်တော့ဟေ့” အဖျော်ဆရာကိုဝင်းမြင့်က လှမ်းအော်ပြီဆိုရင် ကျွန်တော် သိလိုက်ပါပြီ။ ကိုငယ်လေး ကျွန်တော်တို့ ဆိုင်ကို လာပြီ။ ဖားဉတွေ အထပ်ထပ်တက်နေပြီး အဖြူရိရိ အရောင်နဲ့ ကော်လာကတုံးအင်္ကျီ။ အကြော်ဆရာကိုကျော်သူ အီကြာကွေးကြော်ပြီး သုတ်တဲ့ လက်သုတ်ဝတ်လောက်တောင် မတောက်ပြောင်တဲ့ ကချင်ပုဆိုးညစ်ညစ်။ အဲ့ဒါ..ကိုငယ်လေး ယူနီဖောင်း။ ဆံပင်ဘုတ်သိုက်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးဗလပွနဲ့။ ညစ်ထပ်ထပ်အသားအရည်။ စစ်ကျောပိုးအိတ်အစုတ်ကြီးကိုလွယ်။ အဲ့ဒါက..ကိုငယ်လေး စတိုင်လ်။ ဒီလောက်ဖွဲ့နွဲ့ပြလိုက်ရင် သိလောက်ကြရောပေါ့။ ဒီဘဲက အရူး။ ကျွန်တော်တို့ ရပ်ကွက်အနီးအနားမှာပဲနေတာ။ သူ့က အမတွေ၊ ညီမတွေကြားထဲမှာ တစ်ဦးတည်းသော ပါလာတဲ့ ယောက်ျားလေးတဲ့။ စာတော်တယ်။ စာအရမ်းဖတ်တယ်။ နောက်တော့ အိမ်ကထွက်ပြေး။ မိုင်းရှူးဘက်မှာ ကျောက်သွားတူးတယ်။ နှစ်တွေအကြာကြီးကြာသွားတော့ ကျွန်တော်တို့ ရဲ့ လက်ဖက်ရည်ဆိုင်လေးကို သူပြန်ရောက်လာတယ်။ ဖြူစွတ်နေတဲ့ကော်လာကတုံး၊ ကချင်ပုဆိုး မီးပူခေါက်ရိုးကျိုးနဲ့၊ စစ်ကျောပိုးအိတ်ကို လွယ်ထားတဲ့ ကိုငယ်လေး။ လက်ဖက်ရည်တစ်ခွက်မှာသောက်တယ်။ နာရီပေါင်းများစွာ၊ ကက်ဆက်ခွေတစ်ခွေပြီးတစ်ခွေကုန်တဲ့အထိ ကိုငယ်လေး ဟာ...

အထက်လမ်းဆရာ

(၁) "ငါ နင့်ကို အထက်လမ်းဆရာ လုပ်ကျွေးမယ်...ချိုမာ..ဘာမှမပူနဲ့" ကတုံးဆံတောက်၊ မျက်နှာမှာ ပေါင်ဒါအဖွေးသား၊ လူပုံ သေးသေးကွေးကွေး အောင်မြင့်စိန် ဆီက ထွက်လာသည့် ရင်ခေါင်းသံကြီး။ ချိုမာ ကတော့ သူ့လင် ဘုန်းကြီးလူထွက်ကို စိတ်ကုန်နေတဲ့ပုံနဲ့ ထိုင်ရာက ထသွားတယ်။ စိတ်ကုန်လည်း ကုန်ချင်စရာ။  ဒါပေသည့်..ဘယ်တတ်နိုင်ပါ့မလဲ။ လူပြန်တော်ကိုမှ လင်တော်မိသည်ကိုး။ ဘုန်းကြီးဘဝ၊ စာသင်သားဘဝ၊ ဦးပဇင်းလေး ဝါသဝ ဘဝတုန်းကတော့..သင်းသည် ဒီလိုမဟုတ်။ အသားကဖြူဖြူ၊ ဦးပြည်းကစိမ်းစိမ်း၊ လူကနုနုဖတ်ဖတ်၊ တရားဟောကလည်းကောင်းသေး။ ချိုမာတို့ ပန်းပဲဖိုဆီ ဆွမ်းခံကြွလျှင်ဖြင့် ချိုမာ့မှာ ခိုးကြည့်တမျိုး၊ ဗြောင်ကြည့်တသွယ်...ကြည်ညိုပိုးလေး ပိုးရသည်မှာ အမော။ အခု အောင်မြင့်စိန်ဘဝ ရောက်တော့လည်း..ဒီလိုပါပဲ။ လျှာထိုးဦးထုပ်ဆောင်း၊ မျက်နှာကို ပေါင်ဒါလူး၊ သင်္ကန်းရုံ မထားတော့ပဲ ပါတိတ်အင်္ကျီနဲ့ ပလေကပ်ပုဆိုး ဝတ်ပြီး ကျော့မော့နေဆဲ။ ခက်တာက သူလူထွက်ပြီး ချိုမာနဲ့ အိမ်ထောင်ကျ၊ သုံးလေးနှစ်အကြာမှာပဲ ချိုမာ့အဖေ ပန်းပဲဆရာကြီး ဦးငွေတင် ဆုံးသွားတာပဲ။ ဦးငွေတင် ရှိတုန်းကတော့ သူတို့လင်မယားပူစရာရယ်မရှိ။ ချိုမာတို့က ဒီအဖေ၊ ဒီသမီးပဲ ရှိတာကိုး။. ဒီသမ...

တိုက်မောင်းတို့ အလှူ (လကျာ်ဘီလူး)

 ၁                     ရတနာသိင်္ဃ မင်းနေပြည်တော်ဝယ် သူ့အရပ်နှင့်သူ တပ်ပေါင်းများစွာ ရှိနေသည့်အနက် လူသိများသော တပ်နှစ်တပ်မှာ တောင်တပ်ဟု ခေါ်သည့် တောင်ငူရာဇာအမှုထမ်း ရာဇာဓိရာဇ်နှင့် ပါသော လူသူဆင်မြင်းများ အကွက်ချထားခြင်းခံရသည့် မြို့တောင်ဘက်မှ တပ်နှင့် အရှေ့ဝင်းမှူး မင်းထင်နော်ရထာ၏ ဘီလူးတပ်တို့ ဖြစ်ကြသည်။                 ထိုနှစ်တပ်သည် တစ်စုတစ်စည်းတည်း ရှိခြင်း၊ စည်းလုံးညီညွတ်ကြခြင်းတို့တွင် နာမည်ကျော်ကြပြီး သူတို့၏ သီးသန့်ဆန်မှုကြောင့် ပို၍ ထင်ရှား၏ ။ လူထူးဆန်း ဗိုလ်မှူး မင်းထင်နော်ရထာ၏ ဘီလူးတပ်ကား အမည်ကပင် စိတ်ဝင်စားဖွယ် ဖြစ်နေသကဲ့သို့ လူသားများအလယ် လျှို့ဝှက်စွာ တည်ရှိနေသော အမနုဿများဟု ထင်မြင်ရလောက်ပေသည်။                 ယခုလည်း ထိုဘီလူးတပ်မှ တပ်သားများ တိတ်ဆိတ်စွာ စုဝေးမိနေကြ၏ ။ သူတို့သည် မည်မျှအထိ လျှို့ဝှက်ကြသနည်း ဆိုလျှင် ယခု ဆွေးနွေးတိုင်ပင်နေကြသည့် အကြောင်းအရာကို သူတို့ဗိုလ်မှူး မင်းထင်နော်ရထာပင် မသိချေ။            ...