Skip to main content

Posts

လူနှင့် သူတို့၏ဟာသများ

လူနှင့် သူတို့၏ဟာသများ - ၁  " ရယ်သံကို စားမြုံပြန်သူ နှင့် တွေ့ဆုံခြင်း " နီကိုရဲ    လောကတွင်ရှိသော သတ္တဝါများအနက် လူသည် ရယ်တတ်သော ၊ ရယ်နိုင်သော သတ္တဝါ ဖြစ်သည် ။ လူနှင့် တိရိစ္ဆာန်တို့၏ အဓိက ကွာခြားသော အချက်မှာလည်း ထိုအချက်သာ ဖြစ်၏ ။ တိရိစ္ဆာန်များသည် နာကျင် သည့်အခါ အော်ဟစ်နိုင်သော်လည်း ပျော်ရွှင်သည့်အခါ အမူအရာပြရုံမှ လွဲ၍ အသံထွက်ကာ မရယ်မောနိုင်ကြချေ ။ ထို့ကြောင့် ရိုးသားသော ပျော်ရွှင်မှုတစ်ရပ်နှင့် တွေ့သောအခါ အသံထွက်၍ အားရပါးရ ရယ်မောခြင်းကို လူတစ်ယောက်၏ ရပိုင့်ခွင့်အဖြစ် တိတိကျကျ လုပ်ရန် သင့်ပါသည် ။   ရယ်မောပျော်ရွှင်ခြင်းကို စတင် ကြုံတွေ့ကြရသည့်အခါ ထိန်းချုပ်တတ်သော သတ္တဝါမှာ မိန်းကလေးများ ဖြစ်ကြသည် ။ ထိုသို့ ထိန်းချုပ်ခြင်းမှာလည်း ရယ်ခြင်းနှင့် ပတ်သတ်၍ သူတို့၏ အလှအပ ၊ စာရိတ္တအပေါ်တွင် ဆုံးဖြတ်ထားသော အချက်အလက်များ ရှိနေသောကြောင့်ပင်ဖြစ်သည် ။ အသံကျယ်ကျယ်ဖြင့် အားရပါးရ ရယ်မောလျှင် မိန်းမကောင်း မဟုတ်ဟု သူတို့ ဆုံးမခံထားရသောကြောင့်သာ ဖြစ်သည် ။ သာမန်ရယ်စရာ နှင့်တွေ့လျှင် မိန်းကလေးများ ပြုံးတတ်ကြ၏ ။ တော်တော် ရယ်ရသော ကိစ္စနှင့် တွေ့လျှင် တခစ်ခစ် အသံပေးသည် ။ လုံ...