*** ပေါ်လီယာနာ *** ထင်လင်း အပိုင်း-၁၁ ________________ ဂျင်မီဘင်း ရောက်လာခြင်း , သို့နှင့်ပင် သြဂုတ်လ ရောက်လာသည်။ ဩဂုတ်နှင့်အတူ မမျှော်လင့်သောအရာများ အပြောင်းအလဲများ လည်း ပါလာသည်။ တကယ်တော့ ဤအရာများသည် တစ်ခုမှ နန်စီအဖွဲ့ တော့ မဆန်းချေ။ နန်စီသည် ပေါ်လီယာနာ ရောက်ကတည်းက မမျှော်လင့် သောအရာများနှင့် အပြောင်းအလဲများကို ရှာကြည်တတ်နေပြီ ဖြစ်၏။ ရှေးဦးစွာ ရောက်လာသည်က ကြောင်ကလေး။ ပေါ်လီယာနာသည် အိမ်နှင့် မလှမ်းမကမ်း လမ်းပေါ်တွင် သနား စဖွယ် တညောင်ညောင်မြည်နေသော ကြောင်ကလေးကို တွေ့သည်။ အနီး အနားရှိ အိမ်များသို့ သေချာစေ့စပ်စွာ လိုက်လံမေးမြန်း၍ ပိုင်ရှင်ကို ရှာ မတွေ့သောအခါ ပေါ်လီယာနာသည် ကြောင်ကလေးကို အိမ်သို့ ယူလာ လေသည်။ အိမ်ရောက်တော့ သူ့အဒေါ်အား... “ပိုင်ရှင် ရှာလို့ မတွေ့တော့ သမီး ဝမ်းသာသွားတယ်။ သမီးက တွေ့ကတည်းက အိမ် ခေါ်လာချင်တာ။ သမီးက ကြောင်ဆို သိပ် ချစ်တာ အန်တီကလည်း ဒီကြောင်ကလေးကို မွေးရတာ ဝမ်းသာမှာပဲဆိုတာ သမီး သိပါတယ်” ဟု ဝမ်းသာအားရ စိတ်ချလက်ချပြောပြနေ၏။ ဒေါ်ပေါ်လီသည် ပေါ်လီယာနာ၏ ရင်ခွင်ဝယ် ပွေ့ပို...
https://t.me/TheBookR