Skip to main content

မေတ္တာရှင်မလေး ပေါ်လီယာနာ အပိုင်း ၁၁ မှ ၂၀

*** ပေါ်လီယာနာ ***
  ထင်လင်း

             အပိုင်း-၁၁
         ________________
ဂျင်မီဘင်း ရောက်လာခြင်း
,
သို့နှင့်ပင် သြဂုတ်လ ရောက်လာသည်။
ဩဂုတ်နှင့်အတူ မမျှော်လင့်သောအရာများ အပြောင်းအလဲများ လည်း ပါလာသည်။ တကယ်တော့ ဤအရာများသည် တစ်ခုမှ နန်စီအဖွဲ့ တော့ မဆန်းချေ။ နန်စီသည် ပေါ်လီယာနာ ရောက်ကတည်းက မမျှော်လင့် သောအရာများနှင့် အပြောင်းအလဲများကို ရှာကြည်တတ်နေပြီ ဖြစ်၏။
ရှေးဦးစွာ ရောက်လာသည်က ကြောင်ကလေး။
ပေါ်လီယာနာသည် အိမ်နှင့် မလှမ်းမကမ်း လမ်းပေါ်တွင် သနား စဖွယ် တညောင်ညောင်မြည်နေသော ကြောင်ကလေးကို တွေ့သည်။ အနီး အနားရှိ အိမ်များသို့ သေချာစေ့စပ်စွာ လိုက်လံမေးမြန်း၍ ပိုင်ရှင်ကို ရှာ မတွေ့သောအခါ ပေါ်လီယာနာသည် ကြောင်ကလေးကို အိမ်သို့ ယူလာ လေသည်။
အိမ်ရောက်တော့ သူ့အဒေါ်အား...
“ပိုင်ရှင် ရှာလို့ မတွေ့တော့ သမီး ဝမ်းသာသွားတယ်။ သမီးက တွေ့ကတည်းက အိမ် ခေါ်လာချင်တာ။ သမီးက ကြောင်ဆို သိပ် ချစ်တာ အန်တီကလည်း ဒီကြောင်ကလေးကို မွေးရတာ ဝမ်းသာမှာပဲဆိုတာ သမီး သိပါတယ်” ဟု ဝမ်းသာအားရ စိတ်ချလက်ချပြောပြနေ၏။

ဒေါ်ပေါ်လီသည် ပေါ်လီယာနာ၏ ရင်ခွင်ဝယ် ပွေ့ပိုက်ထားသော စိတ်ညစ်စရာ ပိုင်ရှင်မဲ့ ကြောင်ပြာကလေးကို ကြည့်ပြီး တစ်ကိုယ်လုံး တုန် သွားအောင်ပင် မနှစ်မမြို့ ဖြစ်ရရှာ၏။ ဒေါ်ပေါ်လီသည် ကြောင် မချစ်တတ် ကြောင် လှလှဝဝ သန့်သန့်စင်စင်ကလေးများကိုသော်မှ မချစ်တတ်။
“အွန့်... ပေါ်လီယာနား၊ ညည်းအကောင်ကလေးက ညစ်ပတ် လိုက်တာ။ နာလည်း နာနေဟန် တူပါတယ်။ ဝဲတွေနဲ့ အလှေးတွေနဲ့ ဟယ်"
ပေါ်လီယာနာက ကြောက်လန့်နေသော ကြောင်ကလေးကိုကြည့် ကာ တယုတယ ပွတ်သပ်ရင်း “သိပါတယ် အန်တီ။ ကြောင်ကလေးက သနား စရာ။ သူ့ကို မွေးမယ်ဆိုတာ သူ မသိရှာသေးလို့ပါ” ဟု ပြောတော့ -   
ဒေါ်ပေါ်လီက “သူလည်း မသိဘူး။ ဘယ်သူမှလည်း မသိဘူး”ဟု အဓိပ္ပါယ်တစ်မျိုးနှင့် ဆိုလိုက်သည်။ ။
သို့သော် ပေါ်လီယာနာက သူ့အဒေါ် ဘာဆိုလိုသည်ကို မသိ အဓိပ္ပါယ် အကောက်လွဲကာ “သိကြပါတယ် အန်တီရဲ့။ ပိုင်ရှင် ရှာမတွေ့ရင် သမီးတို့ မွေးမယ်ဆိုတာ လူတိုင်းကို ပြောခဲ့တာ အန်တီပေါ်လီလည်း
ကြောင်ကလေးရတာ ဝမ်းသာမှာပဲ ဆိုတာ သမီး သာတယ်နော်... သနား - စရာ တစ်ကောင်တည်း အကောင်ကလေးရယ်” ဟု ပြောနေလေ၏။
ဒေါ်ပေါ်လီက တစ်စုံတစ်ခုကို ပြောလိုက်ရန် ပါးစပ်ကို ပြင်လိုက် မိသော်လည်း အလကားပင်။ ပေါ်လီယာနာ ရောက်ကတည်းက သူ့မှာ မကြာ
အေဆိုသလိုပင် ဘာလုပ်ရမှန်း မသိအောင် ဖြစ်ခဲ့ရသည်။ ယခု လည်း ဖြစ်ရ ပြန်ပြီ။ 

“အန်တီပေါ်လီ။ သမီးကိုတောင် ယူ မွေးသေးတာပဲ။ ခုလို နေစရာ မရှိလို့ တလယ်လယ်ဖြစ်နေရှာတဲ့ ကြောင်ကလေးကိုလည်း ပစ်ထားရက်မှာ မဟုတ်ဘူးဆိုတာ သမီး သိပါတယ်။ မစ္စက်ဖို့ဒ်ကတောင် အန်တီက မွေးခွင့် ပြပါ့မလား မေးလို့ သမီးက အဲသလို ပြောခဲ့ရသေးတယ်။ သမီးကမှ ထောက်ပံ့ ရေးအသင်းက မိန်းမကြီးတွေ ရှိသေးတာ။ ကြောင်ကလေးက ဘယ်သူမှ ရှိ တာ မဟုတ်ဘူးလေ။ အန်တီလည်း အဲသလို အောက်မေ့မှာပဲဆိုတာ သိပါ ဘယ်”ဟု ဆိုကာ ပျော်ရွှင်စွာ ထွက်ပြေးလေ၏။
ဒေါ်ပေါ်လီက “ဟဲ့.. ဟဲ့၊ ပေါ်လီယာနာ။ ငါခွင့်မပြုဘူး”ဟု အော်၍ တားမြစ်လိုက်သေးသော်လည်း၊ ပေါ်လီယာနာက မီးဖိုခန်းဘက်သို့ ပြေးသည်မှာ လမ်းတစ်ဝက်သို့ပင် ရောက်နေပြီ။ ။
“မမနန်စီ၊ မမနန်စီ။ ဒီမှာ ကြည် စမ်း။ ချစ်စရာ ကြောင်ကလေး အန်တီပေါ်လီက သမီးနဲ့အတူ မွေးစားထားမယ်လို့”
စာဖတ်ခန်းထဲတွင် ကျန်ရစ်သော ဒေါ်ပေါ်လီ။ ကြောင်ဆိုလျှင် မုန်းတတ်သော ဒေါ်လီမှာ စိတ်ပျက်လက်ပျက် ကုလားထိုင်မှာ ပစ်ထိုင်ချမိရှာသည်။ သူ့မှာ ကန့်ကွက်ဖို့ပင် အင်အား မရှိတော့။
နောက်တစ်ရက်မှာတော့ ပေါ်လီယာနာသည် ကြောင်ကလေးတော်ပင် သစ်ပတ်၍ ကြေကွဲဖွယ်ဖြစ်နေသော ခွေးကလေးတစ်ကောင်ကို ပြလာပြန်သည်။
ပေါ်လီယာနာက သင့် မသင့်ကို စဉ်းစား၍ မနေဘာ့ဘဲ အပ်နှင်းသဖြင့် ကောင်းကင်က ကျလာသည် မဟာကရုဏာရှင်မကြီးအဖြစ် ရပ်တည် ကာ ကြောင်ထက်ပင် ခွေးကို ရွံတတ်သည့်ဒေါ်ပေါ်လီမှာ အံ့အားသင့်လျက် တစ်ကြိမ်လည်း ကန့်ကွက်ဖို့ပင် အင်အား မရှိတော့အောင် ကြရပြန်လေသည်။
သို့ရာတွင် တနင်္ဂနွေတစ်ပတ်မျှ မကြာမီတစ်နေ့တွင် ပေါ်လီယာနာ စုတ်စုတ်ပြတ်ပြတ်ဖြင့်သာ ကောင်ကလေးတစ်ယောက်ကို ခွေးကလေး
ကြောင်ကလေးနည်းစောင့်ရှောက်ရန် အိမ်သို့ ခေါ်လာပြန်တော့ ဒေါ်ပေါ်လီမှာ မပြောဘဲ မနေနိုင်တော့။ ဖြစ်ပုံမှာ ဤသို့တည်း။ 

တစ်ခုသော သာယာသည်ကြာသပတေးနေ့ နံနက်တွင် ပေါ်လီ ယာနာသည် မစ္စက်စနိုးထဲသို့ နွားကေလေးခြေထောက်ပေါင်းဂျယ်လီ သွား ရလေသည်။ မစ္စက်စနိုးနှင့် ပေါ်လီယာနာတို့မှာ မဟာမိတ်ကြီးများ ဖြစ်နေ ကြပြီ ဖြစ်၏။ သူတို့ စပြီး ခင်မင်လာသည်မှာ ပေါ်လီယာနာ တတိယအကြိမ် အလည်ရောက်စဉ်က ဖြစ်၏၊ ပေါ်လီယာနာက မစ္စက်စနိုးအား ကစားနည်း အကြောင်း ပြောခဲ့သည် နောက်တစ်ခေါက်က ဖြစ်၏။ ယခု မစွက်စနိုးကိုယ် တိုင် ဤကစားနည်းကို ပေါ်လီယနာနှင့် ကစားနေပြီ ဖြစ်သည်။
တကယ်တော့ သူသည် ကောင်းကောင်းတော့ မကစားတတ်သေး။ အရာရာတိုင်းမှာ ဝမ်းနည်း၍ချည်းလာခဲ့ရ၍ ယခုအခါတွင် ဘာအတွက်ကို ဝမ်းသာဖို့မလွယ်ဘဲ ရှိလေသည်။ သို့သော် ပေါ်လီယာနာ၏ ရွှင်လန်းအားရ သင်ပြပေးမှုနှင့် မှားယွင်းလျှင် ပျော်ရွှင်စွာရယ်၍ ပြင်ပေးမှုကြောင့် အတော် တိုးတက်လျက် ရှိ၏။ ယနေ့ပင်လျှင် သူက ဂျယ်လီ တောင့်တနေခိုက် ပေါ်လီ ယာနာ နွားကလေးခြေထောက်ပေါင်းဂျယ်လီ ယူလာသည်ကို သူက ဝမ်းသာ သည်ဆို၍ ပေါ်လီယာနာမှာ အကြီးအကျယ် ဝမ်းမြောက်ရသေးသည်။ တကယ်တော့ အိမ်ရှေ့ အဝင်တံခါး၌ မီလီက ပေါ်လီယာနာအား ဘုန်းကြီးအိမ်က ဤဂျယ်လီမျိုးပင် ဇလုံကြီးနှင့်တစ်ခု ပို့ထားသည်ဟု ပြောလိုက်သည်ကို မစ္စက်စနိုး မသိချေ။
ပေါ်လီယာနာ ဤအကြောင်းကို စဉ်းစားနေစဉ်မှာပင် ကောင် ကလေးကို ရုတ်တရက်တွေ့ခြင်း ဖြစ်လေသည်။

ကောင်ကလေးသည် လမ်းဘေးတွင် စိတ်ပျက်လက်ပျက်ထိုင်လျက် လက်ထဲက မောင်းချဓားနှင့် သစ်ကိုင်းတစ်ခုကို ရည်ရွယ်ချက် မရှိဘဲ လှီးလျက် ရှိသည်။
ပေါ်လီယာနာက ပြုံးလျက် “ဟေ့ ကောင်လေး” ဟု နှုတ်ဆက် နိုက်၏။
ကောင်ကလေးက တစ်ချက် မော်ကြည်လိုက်ပြီး ချက်ချင်းပင် ခွက်နှာ လွှဲသွားလေသည်။ ပြီမှ “ဟေ့ ကောင်မလေ” ဟု မပွင့်တစ်ပွင့် ပြန်နှုတ် ဆက်လိုက်သည်။
ပေါ်လီယာနာက ရယ်လိုက်သည်။ ထို့နောက် သူ့ရှေ့တွင် ရပ်ကာ
“နင့်ကြည့်ရတာ နွားကလေးခြေထောက်ပေါင်း ဂျယ်လီ စားရလို့ တောင် ဝမ်းသာမယ့်ပုံ မရှိပါလား” | ကောင်ကလေးက လှုပ်လှုပ်ရွရွဖြစ်လာကာ ပေါ်လီယာနာအား အံ့အားသင့်သလို လှမ်းကြည့်ပြီး လက်ထဲက သစ်ကိုင်းကလေးကို သူ၏ အသွားကျိုးနေသော မောင်းချဓားခပ်တုံးတုံးဖြင့် ဆက်၍ လှီးနေ၏။
ပေါ်လီယာနှာက ခဏ ဆိုင်းနေပြီး သူ့အနီးမှမြက်ပေါ်တွင် ကျကျ နန ထိုင်ချလိုက်၏။ ပေါ်လီယာနာက သူသည် ထောက်ပံ့ရေးအသင်းက မိန်းမကြီးများနှင့် နေနေကျဖြစ်၍ မရှိလည်း ကိစ္စမရှိပါဟု ပြောခဲ့သော်လည်း တကယ်တော့ သူသည် ရွယ်တူအဖော်ကို တစ်ခါတစ်ခါတော့ တောင့်တမိ တတ်သည်။ ထို့ကြောင့် သည်ကောင်ကလေးနှင့်တော့ မိတ်ဆွေဖြစ်အောင် လုပ်တော့မည်ဟု ပိုင်းဖြတ်ထားလိုက်ခြင်း ဖြစ်၏။
“ငါ့နာမည်က ပေါ်လီယာနာဝှစ်တီးယားတဲ့၊ နင့်နာမည်ကကော” ဟု ပေါ်လီယာနာက ချိုသာစွာ စသည်။
ကောင်ကလေးက ဣနြေ္ဒမရအောင် လှုပ်ရှားလာပြန်သည်။ သူသည် ထတော့မည် ပြုပြီးမှ ပြန်ထိုင်သည်။ “ဂျင်မီဘင်း” ဟု သူ့နာမည်ကို မပွင့်တပွင့် မပြောချင်ပြောချင် .
ပြောသည်။“ကောင်းတယ်။ ကဲ မိတ်ဆက်လို့ တော့ ပြီးပြီ။ နင်ကလည်း မိတ်ဆက်တာ ငါ ဝမ်းသာတယ်။ တချို့ ကတော့ မဆက်ဘူး။ သိလား။ ငါက ဒေါ်ပေါ်လီဟယ်ရင်တန်ရဲ့ အိမ်မှာ နေတယ်။ နင်ကော”
“ဘယ်မှာမှ မနေဘူး”
“ဘယ်မှာမှ မနေဘူးရယ်လို့ ဟယ်။ ဘယ်ဖြစ်မလဲ။ ခိုင်း လူတိုင်း ဟာ တစ်နေရာရာမှာတော့ နေရတာချည်းပေါ့”
“အေး။ ငါကတော့ မနေဘူး။ အခု ပြောတာပေါ့ဟာ၊ ငါက နေရာ အသစ်- လိုက်ရှာနေတာ”
“ဟင်။ အဲဒါက ဘယ်မှာလဲ”
ကောင်ကလေးက သူ့အား မနှစ်မြို့စွာ စိုက်ကြည့်နေပြီးမှ ... “အ ပါ့ဟာ။ ဘယ်မှာလဲဆိုတာ သိရင် ငါ လိုက်ရှာနေပါ့မလားဟ"
ပေါ်လီယာနာက ခေါင်းကို ဆတ်ခနဲ မော်လိုက်သည်။ ဤကောင် ကလေးသည် ကောင်းသည် ကောင်ကလေးမဟုတ်။ ပြီးတော့ သူ့ကို အ သည် ဆိုသည်ကိုလည်း မကြိုက်။ သို့သော် သူသည် သူနှင့် ရွယ်တူအဖော် ဖြစ်သည်။

“နင် အရင်က ဘယ်မှာ နေလဲ" 
ပေါ်လီယာနာက မေးပြန်သည်။ 
“ဟ၊ နင် အမေးအစမ်း ထူလှချည်လား”
ကောင်ကလေးက စိတ်မရှည်သလို သက်ပြင်းချရင်း ဆိုလိုက်သည်။ “မေးရတာပေါ့ဟဲ့။ နင့်အကြောင်း ဘာမှမှ မသိရတာပဲ။ နင်က စုံ အောင် ပြောရင် ငါ ဒါလောက် မမေးရဘူးပေါ့” ဟု ပေါ်လီယာနာက တည် ငြိမ်စွာ ပြန်ချေသည်။ ။
ကောင်လေးက တိုတောင်းစွာ ရယ်လိုက်သည်။ သူ ရယ်ပုံမှာ သိပ် ဟက်ဟက်ပက်ပက် မဟုတ်။ အူကြောင်ကြောင် ဖြစ်၏။ သို့သော် သူ၏ တစ်ကြိမ် စကားပြောတော့ သူ့မျက်နှာမှာ အနည်းငယ် ချို၍ လာလေသည်။
“အေး။ ဒါဖြင့် ငါပြောမယ်၊ နားထောင်။ ငါ့နာမည်က ဂျင်မီဘင်း။အသက် ဆယ်နှစ်ကျော်လို့ ဆယ့်တစ်နှစ်ထဲရောက်ပြီ။ မနှစ်က မိဘမဲ့ကလေး များဂေဟာကို ရောက်လာတယ်။ ဒါပေမယ့် အဲဒီမှာ ကလေးတွေ သိပ်များလို့ ငါဖို့နေရာမရှိဘူး။ ငါ့ကိုလည်းပဲ ဘယ်သူမှ ဘယ်တော့မှ မလိုချင်ကြဘူး။ ငါကလည်း မယုံဘူး။ ဒီတော့ ငါ ထွက်လာခဲ့တယ်။ တခြားတစ်နေရာရာ သွားနေမယ်။ အခုထိတော့ မတွေ့ဘူး ။ ငါက အိမ် တစ်အိမ်အိမ်မှာ နေချင် တယ်။ ရိုးရိုးအိမ်ပေါ့။ သိလား။ ဘော်ဒါအုပ်တွေ ဘာတွေ မလုပ်ဘဲ။ အမေနဲ့ ဘာနဲ့ပေါ့။ အိမ်ရှိရင် အိမ်သားတွေ ရှိတာပဲ။ ငါ့မှာ အဖေ သေကတည်းက အိမ်သားတွေရယ်လို့ မရှိတော့ဘူး။ ဒါကြောင့် ငါ လိုက်ရှာနေတာ။ လေးအိမ် တော့ စမ်းပြီးပြီ။ ဒါပေမယ့် သူတို့က ငါ့ကို မလိုချင်ဘူး။ ငါက အလုပ် လုပ်ပါ
မယ်လို့တော့ ပြောတာပဲပေါ့။ ကဲ... နှင်သိချင်တာ စုံပြီလား” ဟု တောက်လျှောက်ပြောလာခဲ့သော ကောင်ကလေး၏အသံသည် နောက်ဆုံးနားကျတော့ အက်ကွဲလျက် ရှိ၏။
“အေးဟယ်။ ဒုက္ခပါပဲ” ဟု ပေါ်လီယာနာက ကိုယ်ချင်း စာနာ စိတ်ဖြင့် ပြောလိုက်သည်။
“ဘယ်သူကမှ နင့်ကို မလိုချင်ဘူးတဲ့လား" ဟုလည်း မေးသည်။ နောက် ... ။

“အေးဟယ်။ နင့်စိတ်ထဲက ဘယ်လိုနေမယ်ဆိုတာ ငါ သိပါတယ် [ငါလည်း ငါ့အဖေ ဆုံးပြီးတော့ ထောက်ပံ့ရေးအသင်းက မိန်းမကြီးတွေက လွဲလို့ ဘယ်သူမှ ရှိတာ မဟုတ်ဘူး။ နောက် အန်တီပေါ်လီက သူ ယူပါ့မယ် ဆိုလို့”ဟု ပြောကာ ပေါ်လီယာနာက သူ့စကားသူ ရပ်လိုက်သည်။ သူ့ မျက်နှာပေါ်တွင်ကား အံ့သြဖွယ် စိတ်ကူးတစ်ခု ပေါ်လာသည်အရိပ်အရောင် များကို ပြလျက် ရှိသည်။
“အို၊ နှင့်အဖို့ သင့်တော်တဲ့နေရာကို ငါ သိပြီ။ ငါတို့ အန်တီ ပေါ်လီက နင့်ကို မွေးစားမှာပဲ။ သူ မွေးမှာပဲ။ ငါ့ကိုတောင် ယူမွေးသေးတာပဲ | မဟုတ်လား။ ငပွတို့ င၀တို့လည်း သူတို့ကို” ဘယ်သူမှ ချစ်မယ့်လူလည်း မရှိ ဘယ်မှလည်း သွားစရာမရှိတဲ့ ကဝကနေပြီး ခေါ်မွေးသေးတာပဲ။ သူတို့ က ကြောင်ကလေး ခွေးကလေးတွေပဲ။ ဟာ- ဟုတ်ပြီ၊ အန်တီပေါ်လီ နင့်ကို | လက်ခံမှာပါ တို့ အန်တီပေါ်လီက ဘယ်လောက် ကောင်းတယ်၊ သနား တတ်တယ်ဆိုတာ နင် မသိဘူးနော်..."
 ဂျင်မီ၏ သေးသွယ်သောမျက်နှာကလေး ဝင်းလက်လာပြီး...
“ရွေ့၊ နိပ်ဟ။ လက်ခံမတဲ့လား။ ငါ အလုပ် လုပ်မယ်။ သိလား။ ငါ အားလည်း သန်ပါတယ်” ဟု ဆိုကာ သူ၏ အရိုးပေါ်အရေတင် လက် မောင်းပိန်ကလေးကို မြှောက်ပြသည်။
“လက်ခံမှာပေါ့ဟ။ ငါ့အန်တီပေါ်လီကငါ့မေမေမရှိတော့တဲ့နောက် ကမ္ဘာပေါ်မှာ အကောင်းဆုံး အန်တီဟ။ သိလား။ ပြီးတော့ နေရာလည်း အကျယ်ကြီး အများကြီး” ဟုပြောရင်း ထိုင်ရာမှ ထလိုက်ပြီး ကောင်ကလေး ၏ လက်ကို ဆွဲကာ “အိမ်ကြီးကလည်း တက်ယ့် ဧရာမအိမ်ကြီး။ ဒါပေမယ့်”
ပေါ်လီယာနာက ကောင်ကလေးကို ဆွဲ၍ အပြေးကလေးသွားရင်း
စိုးရိမ်ပူပန်ဟန်ဖြင့် “ဒါပေမယ့် နင် အထပ်ခိုးခန်းမှာ အိပ်ချင် အိပ်ရမယ် ငါလည်း အဲဒီ အထပ်ခိုးခန်းမှာ အိပ်ရတာပဲ။ ဒါပေမယ့် အခု ခြင်ဇကာတွေ
တပ်ပြီးပါပြီ။ သိပ်လည်း မအိုက်တော့ပါဘူး။ ခြေထောက်မှာ ရောဂါပိုးတွေ - ပါတဲ့ ယင်ကောင်တွေလည်း မဝင်နိုင်တော့ပါဘူး။ အဲဒီအကြောင်း နှင် သိလား။
သိပ်ကောင်းတာပဲဟယ်။ နင်ကောင်းရင်၊ အေးလေ နင် ဆိုးရင် နင့်ကိုလည်း အဲဒီစာအုပ် ပေးဖတ်ချင် ပေးဖတ်မှာပါ။ ပြီးတော့ နင့်မှာလည်း မျက်နှာပေါ်
မှာ မှဲ့ခြောက်တွေနဲ့ပဲ။ မှန်မရှိတာ နင်လည်း ဝမ်းသာမှာပါ။ ပြီးတော့ အပြင် - က ပန်းချီကားကလည်း နံရံချိတ်တာထက် ပိုလှတယ်။ အဲဒီတော့ နင် အဲဒီ - အခန်းထဲ အိပ်ရလည်း ကိစ္စရှိမှာ မဟုတ်ပါဘူးဟာ။ ငါ သိပါတယ်...
ပေါ်လီယာနာသည် ပြေးရင်း ပြောလာရာမှ မော၍ စကားပြော ရပ်လိုက်ရ၏။

ဂျင်မီဘင်းက ချီးမွမ်းအံ့ဩသဖြင့် ...
“တကယ်ပဲကွာ၊ ပြေးရင်း ဒါလောက် စကားပြောနိုင်တဲ့ လူဆိုရင် တော့ ဘာမှ ထောက်မေးနေစရာ မလိုဘူးပေါ့” ဟု ဆိုသည်။
ပေါ်လီယာနာက ရယ်လိုက်သည်။
“အေးလေ ဘယ်လိုမဆို နင် ဝမ်းသာလို့ ရတာပေါ့။ ငါ စကားပြော နေတော့ နင်ပြောဖို့ မလိုဘူးပေါ့" ,
အိမ်သို့ ရောက်သောအခါ ပါလီယာနာသည် မဆိုင်းမတွပင် သူ၏ အဖော်အား အံ့အားသင့်နေသည် သူ့အဒေါ်ရှေ့အရောက် ခေါ်ဆောင် သွားလေ၏။
“အန်တီပေါ်လီရယ်။ ဒီမှာ ကြည် ပါဦး၊ အန်တီပေါ်လီအတွက် ငပွ တို့ ငဝတို့ထက် မွေးဖို့ အများကြီးကောင်းတဲ့ တကယ့်ကောင်ကလေးတစ်
ယောက် ရလာခဲ့တယ်လေ။ သူက အစဆိုရင် အထပ်ခိုးခန်းထဲ အိပ်ရလည်း ကိစ္စမရှိဘူးတဲ့၊ သိလား။ အလုပ်လည်း လုပ်ပါ့မယ်တဲ့။ ဒါပေမယ့် သမီးတော့ သမီးနဲ့ ကစားဖို့ လိုချင်လို့”
ဒေါ်ပေါ်လီ၏ မျက်နှာမှာ သွေးဆုတ်သလို ဖြူဖပ်ဖြူရော်ဖြစ်ပြီးမှ တစ်ဖန် ရဲတက်လာ၏။ ပေါ်လီယာနာ ပြောပြသည်ကို သူ ကောင်းစွာ နားမလည်။ သို့သော် အကုန်နားလည်ဖို့ မလိုပါ။
“ပေါ်လီယာနာ။ ဒါက ဘာသဘောလဲ။ ဒီ ညစ်ညစ်ပတ်ပတ် ကောင်ကလေးက ဘယ်သူလဲ။ ဘယ်ကတွေ့လာတာလဲ” ဟု တင်းတင်းမာမာ မေးလိုက်သည်။ 

ညစ်ညစ်ပတ်ပတ်ကောင်ကလေးသည် နောက်သို့ ခြေတစ်လှမ်း " ဆုတ်လိုက်ပြီး တံခါးဆီသို့ ကြည့်လိုက်၏။
ပေါ်လီယာနာက ရွှင်မြူးစွာ ရယ်လိုက်သည်။
“ဪ၊ သမီးကလည်း မေ့နေလိုက်တာ။ သူ့နာမည်ကို မပြောမိ ဘူးလေ။ သမီးလည်း လူကြီးလို ဖြစ်နေပြီ။ အဲအဲ သူလည်းပဲ ညစ်ညစ် ပတ်ပတ်နော်။ ကောင်လေးကို ပြောတာလေ။ ငပွကြီး ငဝတို့ ယူလာတုန်း ကလိုပဲပေါ့။ ဒါပေမယ့် သူတို့လိုပဲရေလေးဘာလေး ချိုးပေးလိုက်ရင် ကောင်း သွားမှာပေါ့။ အို... သမီး မေ့ပြန်ပြီ။ သူ့နာမည်က ဂျင်မီဘင်းတဲ့ အန်တီ ပေါ်လီ” ဟု ရယ်ရင်းက ပြောပြန်နေ၏။
“အင်း။ သူက ဒီမှာ ဘာလုပ်မလို့လဲ”
“ဪ၊ အန်တီပေါ်လီကလည်း အခုပဲ ပြောပြီးတယ်” ဟု ဆို ကာ သူ့မျက်လုံးများမှာ အံ့ဩသော အမူအရာဖြင့် ပြုလျက်...
“အန်တီဖို့လေ။ သမီး ခေါ်လာတာ။ သူလည်း ဒီမှာ နေရတာပေါ့။ သိလား။ သူက အိမ်တို့ အိမ်သားတွေတို့ လိုချင်တာတဲ့။ သမီးက အန်တီ သမီးပေါ်မှာရော ငပွေတို့ င၀တို့ပေါ်မှာရော ဘယ်လောက် ကောင်းတယ်ဆို တာ ပြောပြလိုက်တယ်လေ။ သူကလေ ကြောင်ကလေး၊ ခွေးကလေး တွေထက်တောင် ကောင်းသေးတာ မဟုတ်လား။ အန်တီက သူ့အပေါ်မှာ လည်း ကောင်းမှာပဲဆိုတာ သမီး သိပါတယ်"
ဒေါ်ပေါ်လီသည် ကုလားထိုင်ပေါ်သို့ ပစ်ထိုင်ချမိလိုက်ပြီး တုန်ယင် သော လက်များဖြင့် သူ့ရင်ဝကို သူ ဖိမိ၏။ ဘာလုပ်ရမှန်း မသိအောင် ဖြစ်ရ သော အဖြစ်ဆန်းက သူ့အား ခြောက်လှန့်လျက် ရှိပြန်ပြီ။ သို့သော် ဤ တစ်ကြိမ်တော့ သူအားရှိ အားကုန်ထုတ်ကာ ကိုယ်ကို မတ်မတ်ထားလိုက်၏။

“တော်ပြီ ပေါ်လီယာနာ။ ညည်းလုပ်ခဲ့တာတွေထဲမှာ ဒါဟာ အဓိပ္ပာယ်မရှိဆုံး အလုပ်ပဲ။ ခွေးလေခွေးလွင့်၊ ကြောင်လေ လွင့်
ကြောင်ဝင်စား၊ ခွေးဝဲစားတွေ တွေ့ရာက ကောက်လာတာကိုပဲ လွန်လှပြီး အခုတစ်ခါ လမ်းပေါ်က သူတောင်းစားကလေးကို...”
ကောင်ကလေးသည် ရုတ်တရက် လှုပ်ရှားလာသည်။ သူ့မျက်လုံးများ အရောင် ထွက်လာပြီး မျက်နှာကို မေ့လိုက်၏။ သူ၏ သန်မာသော
ခြေထောက်များဖြင့် ခြေနှစ်လှမ်းမျှတက်ကာ ဒေါ်ပေါ်လီအား မကြောက်မရွံ့ - ရင်ဆိုင်လိုက်သည်။
“ကျုပ် သူတောင်းစား မဟုတ်ဘူးဗျ။ ခင်ဗျာဆီကလည်း ဘာမှ လိုချင် တာ မဟုတ်ဘူး။ ကျုပ် စားဖို့ နေဖို့ အတွက် အလုပ် လုပ်ဖို့ စဉ်းစားနေတာ ဟောဒီ ကောင်မလေးက ခင်ဗျား သိပ် ကောင်းတယ်၊ သိပ် သနားတတ်တယ် ကျပ်ကိုဆိုရင် သိပ် လက်ခံချင်မှာပါဆိုပြီး ခေါ်လာလို့ပေါ့ဗျ။ မဟုတ်ရင် ခင်ဗျားအိမ်ကြီးကို ကျပ် ရောက်လာမှာတောင် မဟုတ်ပါဘူး” ဟု ပြောကာ ချာခနဲလှည်၍ ခပ်တည်တည် လျှောက်ထွက်သွားပုံမှာ သနားစရာသာမဟုတ် ပါက အမြင်ကတ်စရာကလေး ဖြစ်နေပေလိမ့်မည်။ 

“အို၊ အန်တီပေါ်လီ။ သူ့ကို ဒီမှာ ခေါ်ထားဖို့ အန်တီ ဝမ်းသာ - လိမ့်မယ် ထင်လို့။ သမီး- အန်တီ ဝမ်းသာမယ် ထင်လို့...”
ဒေါ်ပေါ်လီက ပေါ်လီယာနာ တိတ်တိတ်နေရန် လက် ထောင်ပြ လိုက်ရ၏။ သူ့မှာ တင်းထားသမျှ အကုန် လျှော့ရတော့မည်ကဲ့သို့ ဖြစ်ရ၏။
ကောင်ကလေး ပြောသွားသည် “ခင်ဗျား သိပ် ကောင်းတယ်၊ သိပ် ` သနားတတ်တယ် ဆိုလို့ ..." ဆိုသော စကားများသည် သူ့နားထဲကမထွက်
သူ့အား ဖိစီးနေကျ ဘာမှ မလုပ်တတ်တော့အောင် ဖြစ်ရသောအဖြစ် ကလည်း ဖိစီးတော့မည် ဆဲဆဲ။ သို့သော် သူ့စိတ်ကို သူ အစွမ်းကုန် တင်းကာ - ရှိသမျှ အင်အားကလေးများကို စု၍ တွန်းလှန်ရသည်။
“ပေါ်လီယာနာ” ဟု စူးရှစွာ အော်လိုက်ပြီး...
“ညည်းမှာ တစ်ခါလာလည်း ဝမ်းသာတာ။ ဝမ်းသာတာ နောက်ထပ် မကြားချင်ဘူး။ တကယ်တည်း မနက်လင်းကတည်းက ညအထိ ဝမ်းသာတယ် ဝမ်းသာတယ်၊ ဝမ်းသာတယ်။ ဒါပဲ။ ငါတော့ ရူးချင်လာပြီ” ဟု ဆိုလိုက်သည်။
ပေါ်လီယာနာမှာ အံ့သြလွန်း၍ ပါးစပ် အဟောင်းသားနှင့် နေ ရာမှ
“အို၊ အန်တီပေါ်သီး၊ သမီး ဝမ်းသာတာဆို အန်တီလည်း ဝမ်းသာ ..." ဟု ဆိုပြီး ပါးစပ်ကို ကပျာကယာ လက်ဝါးဖြင့်ပိတ်ကာ အခန်း ထဲမှ ဒရောသောပါး ထွက်ပြေးလေတော့၏။

ကောင်ကလေး အိမ်အဝင် လမ်းထိပ်သို့ မရောက်မီ ပေါ်လီယာနာ သူ့ကို မီလေသည်။
“ဟေ့ ကောင်လေး ကောင်လေး။ ဂျင်မီဘင်း၊ ငါ စိတ်မကောင်းပါ ဘူးဟယ်။ နင်သိစေချင်လို့ပါ" ဟု ဂျင်မီအား လှမ်းဆွဲ၍ တားလိုက်ရင်း အမောတကော ပြောလိုက်၏။
“စိတ်မကောင်းတာတွေ ဘာတွေ မလိုပါဘူးဟာ၊ ငါ နင့်ကို အပြစ် တင်ပါဘူး” ဟု ကောင်ကလေးက စူအောင့်အောင့် ပြောပြီး- "
“ဒါပေမယ့် ငါ သူတောင်းစား မဟုတ်ဘူးဟ” ဟု ရုတ်ကရက်ဒေါသ ထွက်သလို ဆက်ပြောလိုက်သည်။ ။
“အေးပါ။ နင် မဟုတ်တာ ငါ သိပါတယ်။ ဒါပေမယ့် အန်တုံကိုတော့ ၊ နှင် အပြစ်မတင်ပါနဲ့ ဟာ။ ငါပြောတာက မှားသွားလို့နေမှာပါ။ နင် ဘယ်သူ ပဲဆိုတာကို ငါက ရေရေလည်လည် မပြောမိလို့ နေမှာပါ။ `အန်တီဟာ တကယ် ကောင်း တကယ် သနားတတ်ပါတယ်ဟာ။ အမြဲ ဒီလိုပါပဲ။ ငါ ပြောတာက မရှင်းလို့ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုမဆို နင့်အတွက်နေစရာ ငါ ပေးချင်ပါတယ်” ။
ကောင်ကလေးက ပခုံးချီလိုက်ကာ သွားတော့မည် ဟန်ပြင်ပြီးမှ “နေ ဝါစေဟာ။ ငါ့ဘာသာငါ ရှာနိုင်ပါတယ်။ငါ သူတောင်းစား မဟုတ်ပါဘူးဟာ တု ဆိုလိုက်သည်။
ပေါ်လီယာနာက မျက်မှောင်ကြုတ်၍ စဉ်းစားနေပြီး ရုတ်တရက် သူ့မျက်နှာ ဝင်းလက်၍ လာသည်။

“ဟေ့၊ ငါ ပြောမယ်။ ဒီနေ့ ညနေပိုင်းမှာ ထောက်ပံ့ရေးအသင်းက မိန်းမကြီးတွေ အစည်းအဝေးရှိတယ်လို့ အန်တီပေါ်လီပြောသံ ကြားတယ် နှင့်အကြောင်းကို သူတို့ဆီ သွားပြောမယ်။ အဖေဆိုရင် ဒီလိုပဲ လုပ်လေ့ တယ်။ တောသားကလေးတွေ ပညာသင်ဖို့ ကိစ္စတို့ ကော်ဇောအသစ် ကိစ္စတို့ ပေါ့လေ”
ကောင်ကလေးက ရုတ်တရက် ဒေါသဖြင့် ကြည်ကာ ...
“ဟေ့ ငါ တောသားလည်း မဟုတ်ဘူး၊ ကော်ဇောအသစ်လည်း မဟုတ်ဘူး။ ပြီးတော့ ထောက်ပံ့ရေးအသင်းဆိုတာ ဘာမို့လဲ"
ပေါ်လီယာနာက အံ့အားသင့်သလို ကြည် ရင်း “ဂျင်မင်ဘင်းရယ်၊ နင်လည်း ဘယ်မှာ ကြီးခဲ့ရလို့ ထောက်ပံ့ရေးအသင်းတို့ ဘာတို့ကို မသိရတာလဲ” ဟု မေးလေသည်။
“အေးလေ။ နင် မပြောချင်နေပေါ့” ဟု ဆိုတာ ဂရုမစိုက်သင့် - လှည်ထွက်၍ လျှောက်သွားတော့မှ ပေါ်လီယာနာက သူ့ဘေးသို့ ပြေးလိုက် သွားကာ…
“ဒါ... ဒါက မိန်းမကြီးတွေ အများကြီး စုပြီး အချုပ်အလုပ် ထမင်းကျွေးတာတို့၊ ငွေကောက်တာတို့ စကားပြောကြတာပေါ့ဟာ။ အဲဒါ
ထောက်ပံ့ရေးအသင်းပေါ့။ သူတို့ဟာ သိပ် သနားတတ်တယ်ဟ။ ငါ့တို့ဆီက မိန်းမကြီးတွေကို ပြောတာပေါ့ဟာ။ ဒီက မိန်းမကြီးတွေကိုတော့ ငါ မတွေ့ ဖူးသေးဘူး။ ဒါပေမယ့် သူတို့ဟာ အမြဲပဲ ကောင်းကြပါတယ်။ ဒီနေ့ညနေ သူတို့ကို ငါ နင့်အကြောင်းပြောပြမယ်” ဟု ရှင်းပြလိုက်သည်၊
ထိုအခါ ဂျင်မီက တစ်ခါ ဒေါပွလာပြန်သည်။

“ပြောရပါလိမ့်မယ် အားကြီး တစ်ယောက်က သူတောင်းစား ခေါ် - တာ အားမရလို့ မိန်းမကြီးတွေတစ်ပြုံလုံးက တစ်ခါ သူတောင်းစား လို့
ခေါ်တာ ငါက လက်ခံလိမ့်မယ်လို့ နှင် ထင်လား၊ ဝေးပါသေးတယ်ဟာ” 
“ဟဲ့ ဒါပေမယ့် ဟိုကို နင် လိုက်ရမှာ မဟုတ်ဘူး။ ငါ တစ်ယောက် တည်း သွားပြီး ပြောမှာပါ” ဟု ပေါ်လီယာက လျင်မြန်စွာ ရှင်းပြလိုက်၏။
“တစ်ယောက်တည်းသွားမယ်။ ဟုတ်လား”
“အေး၊ ပြီးတော့ ဒီတစ်ခါတော့ ငါ ကောင်းကောင်း ပြောပါ့မယ် ဟု ခပ်မြန်မြန် ပြောလိုက်ပြီး၊ ကောင်ကလေး၏ မျက်နှာပေါ်တွင် တင်းမာမှု အနည်းငယ် လျော့လာသည်ကို မြင်ရမှ ...
“နင့်ကို နေရာပေးချင်တဲ့ လူတော့ ရှိမှာပါဟာ၊ ငါ သိပါတယ်” 
“ငါ အလုပ် လုပ်မယ်ဆိုတာကို ပြောဖို့ မမေ့နဲ့နော်” ဟု ဂျင်မီက သတိပေးလိုက်၏။
“မမေ့ပါဘူး” ဟု ပေါ်လီယာနာက ရွှင်ပျစွာ ကတိထားလိုက်ပြီး “နက်ဖြန်မှငါ နင့်ကို ပြောမယ်” ဟု ဆက်ပြော၏။ 
“ဘယ်ကို လာပြောမှာလဲ” 
 “မနေ့က နင့်ကို တွေ့ခဲ့တဲ့နေရာပေါ့။ မစ္စက်စနိုးအိမ်နားမှာလေ”
 “ကောင်းပြီလေ။ ငါ အဲဒီနေရာ လာစောင့်နေမယ်” ဟု ဆိုပြီးနောက်_
“အင်း။ ငါ ဒီညအဖို့ တော့ ဂေဟာကို ပြန်သွားဦးမှပဲ ထင်တယ်။ မှာ တခြားနေရာလည်း နေစရာ မရှိဘူး။ ဒီနေ့မနက်ကမှ ထွက်လာခဲ့ အား အသာကလေး ပြူထွက်လာတော့ ငါ ပြန်မလာဘူးလို့ မပြောခဲ့ဘူး။ ဟုတ်ရင် သူတို့ကငါ ပြန်မလာရဘူး ဘာဘူး လုပ်နေဦးမယ်။ တကယ်တော့ F ပြန်မလာလည်း သူတို့ စိတ်ပူတာတို့ ဘာတို့ ရှိမှာ မဟုတ်ပါဘူး” သူတို့က အိမ်ကလူတွေလို မဟုတ်ဘူး၊ သူတို့က သိပ်ဂရုမစိုက်ဘူး” ဟု ခပ်ဖြည်းဖြည်း ပြောပြနေလေသည်။
ပေါ်လီယာနာက စာနာမိဟန်ဖြင့် ခေါင်းညိတ်ရင်း “ငါ သိပါတယ်။ ဒါပေမယ့် နက်ဖြန် နှင့်ဆီ ငါလာတော့ နင့်ကို ဂရုစိုက်လုပ်မယ့်လူတွေနဲ့ ဦးရိုးအိမ်၊ နင် နေဖို့ ရပါလိမ့်မယ်။ ကဲ-သွားတော့မယ်” ဟု အိမ်ကြီးဘက် ဆီသို့ ပြန်လည်လာရင်း နှုတ်ဆက်ခဲ့၏။ 

ထိုအခိုက်တွင် စာဖတ်ခန်း တံခါးအနီးမှနေ၍ ကလေးနှစ်ယောက် ရပ်စကားပြောနေသည်ကို ကြည် နေသော ဒေါ်ပေါ်လီသည် ကောင်ကလေး ထွက်သွား၍ လမ်းကွေ့တစ်ခုသို့ ချိုးဝင်ပျောက်ကွယ်သွားမှ သက်ပြင်းတစ်ချက် လိုက်ပြီး ပင်ပန်းနွမ်းလျစွာ အပေါ်ထပ်သို့ တက်ခဲ့လေ၏။ ဒေါ်ပေါ်လီ သည် ခါတိုင်းတော့ ဤသို့ မဟုတ်ချေ။
သူ၏နားထဲတွင် ကောင်ကလေး ရန်တွေ့သလို ပြောသွားသော ခင်ဗျား သိပ်ကောင်းတယ်။ သိပ် သနားတတ်တယ် ဆိုလို့” ဟူသော စကားများကို ကြားယောင်နေမိ၏။
သူ့ ရင်ထဲတွင်ကား တစ်စုံတစ်ခုသောအရာ ပျောက်ဆုံးသလို ဟာလာဟင်းလင်ဖြစ်၍ ကျန်ရစ်ခဲ့လေသည်။

>>>>>>××××>>>>>>
အပိုင်း၁၂ဆက်ပါဦးမည်။


*** ပေါ်လီယာနာ ***
 ထင်လင်း

                  အပိုင်း-၁၂
            ________________
ထောက်ပံ့ရေးအသင်းသူများ၏ရှေ့ဝယ်

ဟယ်ရင်တန်အိမ်ကြီးတွင် နေ့လယ်စာ စားပွဲမှာ ငြိမ်သက်လှသည်။
ထိုနေ့က ထောက်ပံ့ရေးအသင်း အစည်းအဝေး ရှိသည်။ ပေါ်လီယာနာ - စကားပြောရန် အားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့၊ သူ့မှာ မျက်နှာပျက်
လောက်အောင် စိတ်မသက်မသာဖြစ်ရသည်ကား ဝမ်းသာ သည်ဆိုသော စကားကို ပြောရင်းက ရပ်ထားလိုက်ရသည်မှာ လေးကြိမ်မျှ ရှိပြီဖြစ်သော
ကြောင့်တည်း၊ ပဉ္စမအကြိမ်မှာတော့ ဒေါ်ဒေါ်လီက စိတ်ပျက်လက်ပျက် ခေါင်းယမ်းကာ-
“ကဲ ကဲ ကလေးရယ်။ ပြောချင်လှလည်း ပြောလိုက်ပါတော့။ ဒါ လောက်တောင် ဖြစ်နေမှတော့လည်း ပြောလိုက်တာကမှ တော်ပါလိမ့်ဦးမယ်။ တဲ့ ပြောပြော ..." ဟု ဆိုတော့
ပေါ်လီယာနာ၏ က်နှာကလေးမှာလည်း ကြည်လင်၍ လာလေသည်။

“ကျေးဇူးပဲ အန်တီရယ်။ သမီးလေ ဒါကို မပြောဘဲနေရတာ အတော် ဆင်းရဲတယ် သိလား ဒီကစားနည်းကို ကစားလာတာကလည်း ကြာပြီ မဟုတ်လား”
“ဘာလုပ်လာတယ်၊ ဟင်...”ဟု ဒေါ်ပေါ် လီက ပေးသည်။
 “ကစားလာတာ အန်တီ၊ ဝမ်းသာတဲ့ ကစားနည်းလေ။ အဖေက…"
ပေါ်လီယာနာ ရုတ်တရက် မျက်နှာနီမြန်းက ရပ်လိုက်ရပြန်သည်။ရသည် စကားတွေကလည်း များခြင်း
ပေါ်လီသည် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှ မပြော တဲ့ လည်စာ စား၍ ပြီးသည်အထိ ဘာမှ မပြောတော။ ။ - နောက် အတော်ကလေးကြာတော့ ဒေါ်လီက တယ်လီဖုန်းဖြင့် ထို နေ့ ထောက်ရေးအသင်း၏ အစည်းအဝေးသို့ သူ ခေါင်းကိုက်၍ ဗလကော့ကြောင်း အကြောင်းကြားတော့ ပေါ်လီယာနာ ဝမ်းမနည်းမိချေ။ 
အနှလီ သူ့အခန်းသူ တက်သွားပြီး တံခါးပိတ်လိုက်တော့ ပေါ်လီယာနာက စိတ်မကောင်းကြောင်း ပြောရန် အားထုတ်သေး၏။

သို့သော် ထိုညနေ သူက အသင်းအစည်းအဝေး၌ ဂျင်မီဘင်း အကြောင်း တက်ပြောရာတွင် သူ့အဒေါ် မရှိသည်ကိုတော့ သူ ဝမ်းမသာဘဲ မနေနိုင်။ အန်တီပေါ်လီက ဂျင်မီဘင်းအား သူတောင်းစားကလေးဟု ခေါ် သိုက်သည်ကို သူ မနိုင်း ထောက်ပံ့ရေးအသင်းများ၏ ရှေ့တွင် သ အန်တီပေါ်လီက ဤသို့ ခေါ်လိုက်မည်ကိုတော့ သု မလိုလားချေ။
ထောက်ပံ့ရေးအသင်းသူများသည် နှစ်နာရီအချိန်တွင် သူ့အိမ် မိုင်ဝက် မရှိတရှိ ဝေးသော ဘုရှိခိုးကျောင်း၏ ဝတ်လက်ဆောင်တွင် အစည်းအဝေးလုပ်မည်ကို ပေါ်လီယာနာ သိသည်။ ထို့ကြောင့် သူသည် သုံးနာရီထိုးခါနီးတွင် အရောက်သွားရန် စီစဉ်သည်။ ။
“သူတို့ အားလုံး ရောက်ချိန်လောက်မှ သွားမယ်။ မဟုတ်ရင် ဟိုမှာ ရှိတဲ့လူကမှ ဂျင်မီဘင်းကို မွေးစားချင်တဲ့လူ ဖြစ်နေမယ် ပြီးတော့လည်း
ဆောက်ပံ့ရေးအသင်းသူကြီးများအဖို့ နှစ်နာရီဆိုရင် သုံးနာရီမှ ရောက်ကြတာ ပဲ မဟုတ်လား” ဟု သူ့ဟာသူ ပြောနေမိ၏။

ပေါ်လီယာနာသည် သူ့ကိုယ်သူ စိတ်ချယုံကြည်လျက် ငြိမ်သက်စွာပင် ချတ်ကျောင်းလှေကားထစ်များအတိုင်း တက်ခဲ့ကာ တံခါးကို တွန်းဖွင့် ပိုက်ပြီး ခန်းမကြီးအဝင်လမ်းသို့ ဝင်လာခဲ့၏၊ တံခါးမကြီးဆီမှ မိန်းမများ ကားပြောသံ ရယ်သံများ ကြားနေ တံခါးမကြီးတွင် ခဏမျှ နေထိုင်ပြီး အတွင်းတံခါးတစ်ခုကို တွန်း၍ ဖွင့်လိုက်သည်။ .
စကားပြောသံများ ငြိမ်ကျသွားပြီး အံ့အားသင့်လက် ကြည်နေကြ ခံတွင် ပေါ်လီယာနာသည် ခပ်ရွံ့ရွံ့ပင် ရှေ့သို့ တိုးသွားသည်။ ပြောဖို့ အချိန် ကပ်လာသည်နှင့် သူ့မှာ မကြုံစဖူး ဒူးတုန်ချင်သလို ဖြစ်ရ၏။ တကယ်တော့ ဤ မသိဘစ်ဝက် သိတစ်ဝက် မျက်နှာများသည် သူ့အချစ်တော် အမျိုးသမီး ကြီးများ မဟုတ်ကြချေး၊
“ဒေါ်ဒေါ်တို့ ကျန်းမာကြရဲ့လားရှင်" ဟု ယဉ်ကျေးသိမ်မွေ့စွာ နှုတ် ဆက်လိုက်ပြီး “သမီးက ပေါ်လီယာနာဝှစ်တီးယားပါ၊ ဒေါ်ဒေါ်တို့ အချို့
တော့လည်း သမီးကို သိ... သိကြပါလိမ့်မယ်။ သမီးကတော့ အခုလို တစ်စုတည်း မတွေ့ဘူးပေမယ့် အားလုံးကို သိပါတယ်” ဟု ပြောလိုက်၏။
အားလုံး တိတ်ဆိတ် လျက်ရှိ၏။ အချို့သော အမျိုးသမီးကြီးများကသူတို့၏ အသင်းသူ ဒေါ်ပေါ်လီ၏ ထူးခြားသော တူမကလေးကို သိကြည် အားလုံးလိုလိုပင် သူ့အကြောင်းကို ကြားဖူးကြသည်။ သို့သော် ယခုမူ ဘယ်သူမှ ဘာမှ ပြောဖို့ သတိမရကြ။

“ကိစ္စတစ်ခုကို ဒေါ်ဒေါ်တို့ဆီ တင်ပြဖို့ သ... သမီး လာလာ တယ်” ဟု ပေါ်လီယာနာက သူ့အဖေပြောနေကျ စကားများအတိုင်း ပြောလိုက်သည်။
အမျိုးသမီးကြီးများ လှုပ်လှုပ်ရွရွ ဖြစ်လာ၏။
မစ္စက်ဖို့ဒ်က “သမီးကလေးကို သမီးကလေးရဲ့ အဒေါ်က လွှတ် လိုက်တာလား ကလေးရယ်” ဟု မေးတော့၊ ပေါ်လီယာနာက အနည်း မျက်နှာပျက်သွားပြီး ....
“မဟုတ်ပါဘူး။ သမီးဖာသာ သမီး လာခဲ့တာပါ။ သမီးက သမီး အဖေနဲ့အတူ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ထောက်ပံ့ရေးအသင်းသူကြီးများ အကျွမ်းတဝင်ရှိပါတယ်” ဟု သဖြင့် တစ်စုံတစ်ယောက်က တခစ်ခစ် ရယ်လေရာ မစ္စက်ဖို့ဒ်က မျက်မှောင်ကြုတ်၍ ထားလိုက်ရ၏။ 
“ပြောပါဦး ကလေးရယ်။ ဘာတဲ့လဲ”
“ဟုတ်ကဲ့။ ဂျင်မီဘင်းအကြောင်းပါ။ သူ့မှာက မိဘမဲ့ကလေးဂေတာ ကလွဲလို့ နေစရာအိမ် မရှိပါဘူး။ ဂေဟာကလည်း ပြည့်နေပြီ။ သူ့ကိုလည်း မလိုကြဘူးလို့ သူက ထင်ပါတယ်။ ဒီတော့ သူ့ တခြားတစ်နေရာ လို ပါတယ်။ ရိုးရိုးအိမ်မျိုးပေါ့။ အဆောင်အုပ်တွေ ဘာတွေ မဟုတ်ဘဲ အ ၂ တဲ့ အိမ်မျိုး၊ ပြီး ဂရုစိုက်တတ်တဲ့ အိမ်သားတွေရှိတဲ့ အိမ်မျိုးပေါ့။ သူက အ
ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်ထဲ မှာပါ။ ဒေါ်ဒေါ်တို့အထဲက တစ်ယောက် ၂ ယောက်ကတော့ သူ့ကို အတူနေဖို့ ခေါ်ထားချင်လိမ့်မယ်လို့ ထင်ပါတယ်"

ပေါ်လီယာနာ၏ စကားအဆုံးတွင် အားလုံးမင်တက်မိသလို ကြောင် ၍ ကြည်နေကြရာမှ တစ်ယောက်က “ကဲကွယ်။ ကြုံဖူးကြရဲ့လား” ဟု ခပ်၍တိုး ဆိုလိုက်သည်။ ကို ပေါ်လီယာနာလည်း အမျိုးသမီးကြီးများ၏ မျက်နှာများကို မျှော်လင့် ချက်ကြီးစွာဖြင့် လှည်၍ ကြည်နေမိလေသည်။
 ထို့နောက်မှ “အို...သမီး ပြောဖို့ တစ်ခု မေ့နေလို့ပါး၊ သူ အလုပ် လုပ်ပါလိမ့်မယ်” ဟု ထပ်ပြောရသည်
သို့တိုင်အောင် ဘယ်သူမှ ဘာမှမပြောဘဲ ငြိမ်သက်နေပြီးမှ မိန်းမတစ်ယောက်နှစ်ယောက်က စိတ်မပါ့တပါဖြင့် မေးခွန်း ထုတ်ကြ၏။ကြာမီ သူတို့အားလုံး သိချင်တာအကုန်သိကြရပြီဖြစ်၍ သူတို့အချင်းချင်း တွေရေ သည်လည် မဟုတ်စေကာမူ စိတ်အားထက်သန်စွာ ဆွေးနွေးကြလေတော့၏။

ပေါ်လီယာနာလည်း သူတို့စကားပြောကြသည်ကို တထိတ်ထိတ် ဖြင့် နားထောင်နေလိုက်၏။ သူတို့ပြောကြသည် စကားအားလုံးကိုတော့
မလည်။ သို့သော် ဤအရွယ် ကောင်ကလေးများ မရှိသေးသည် အိမ် ခြားစွာရှိသဖြင့် ဟိုလူ ယူပါ။ သည်လူ ယူပါဟု အချင်းချင်းသာ လှည်၍တိုက် ညွှန်းနေကြပြီး ကိုယ်တိုင် လက်ခံချင်သူ မရှိဟူ၍ နားလည်ရသည်။ နောက် ဖျောက်ဖို့ဒ်က အသင်းအနေဖြင့် ယခုနှစ် မြေရပ်ခြား ကလေးများထံသို့ ဆောက်ပံ့ငွေများ ပေးပို့မည် အစား သည်ကလေးအား ထောက်ရန် ပညာ ဆင်ပေးရန် တာဝန်ယူသင့်ကြောင်း မရဲတရဲအဆိုတင်သွင်းသံ ကြားရသည်။
ထိုအခါတွင် အမျိုးသမီးအတော်များများက ထ၍ စကားပြောကြ သည်။ သုံး လေးယောက် တစ်ပြိုင်တည်းလည်း ပြောကြသည်။ အသံလည်း ကျယ်လာပြီး စောစောကထက်လည်း ပို၍ ကြမ်းတမ်းလာကြသည်။

သူတို့အသင်းမှာ အရှေ့တိုင်း သာသနာပြုအဖွဲ့များသို့ ပေးလှူငွေ ခြားကြောင့် နာမည်ကျော်လျက် ရှိသည်။ ဤနှစ် ငွေလျော့၍ လှူရမည်ဆိုလျှင်
တာနှင့် သေရတော့မည်ဟုလည်း အချို့က ဆိုကြသည်။ ဤနေရာတွင် အချို့စကားများကို ပေါ်လီယာနာ နားမလည်လိုက်သော်လည်း ပိုက်ဆံကို အလုပ်ပစ်ပစ် အစီရင်ခံစာတစ်ခုတွင် သူတို့အသင်း၏ အမည်နှင့် ယှဉ်တွဲ ချက်ပါရှိသော ငွေဂဏန်းအလိုက် စာရင်းထိပ်ကနေလျှင် ပြီးစတမ်းဆို
တဲ့သို့ ဖြစ်သည်။ သူတို့ပြောကြတာ တကယ်တော့ ဤသို့ ဟုတ်ချင်မှ ခုတ်မည်။ သို့သော် ရှုပ်ထွေးနေပြီး သိပ်ချေချေငံငံ မဟုတ်။ ထို့ကြောင့် ချတ်ကျောင်းအပြင်ဘက်သို့ ရောက်လာတော့ သူ ဝမ်းသာရသည်။ 

ဂျင်မီကို ပြောပြဖို့အတွက်တော့ လွယ်လည်း လွယ်မည် မဟုတ်။ စိတ်ညစ်စရာက လွဲ၍ ဘာမှ ပြောစရာမရှိ၍ စိတ်ထဲကတော့ မကောင်း၊ ဆောက်ပံ့ရေးအသင်းသူကြီးများက သူတို့၏ အလှူငွေများကို ကိုယ့်မြို့က ဆောင်ကလေးတစ်ယောက် လူလားမြောက်အောင် ကျွေးမွေးပြုစုဖို့ထက် မြေရပ်ခြားက ကလေးများအတွက်သာ ပေးလှူလိုကြောင်း ဆုံးဖြတ်သည်။ 
ကိုယ့်မြို့က ကလေးကို ကျွေးမွေးပြုစုခြင်းဖြင့် အစီရင်ခံစာတွင် စာရင်းမဝင်
ဟု မျက်မှန်နှင့်အရပ်မြင့်မြင့် အမျိုးသမီးကြီးတစ်ယောက်က ဆိုသည်။

ပေါ်လီယာနာသည် သက်ပြင်းချလိုက်ပြီး •••
“တောကြိုအုံကြားက ကလေးတွေဆီကို ပိုက်ဆံပို့တာ မပို့စေချင် လို့ ပြောတာတော့ မဟုတ်ပါဘူး။ 
ပို့တာ ကောင်းပါတယ်။ သို့ပေမယ့် ဒီက ကောင်ကလေးတွေကတော့ ဘာမှ အရေးမကြီးဘူး။ 
ဟိုအဝေးကြီးက ကလေး တွေကမှ အရေးကြီးသလို ဖြစ်နေပါလား။ တကယ်ဆိုရင် - အစီရင်ခံစာထဲမှာ သူတို့ အသင်းနာမည်ကောင်းတာထက် ဂျင်မီဘင်းလိုကောင်ကလေးတွေ လူလားမြောက်လာတာကို ကြည်သင့်ကြတယ် ထင်တာပဲ” ဟု သူ့ကိုယ်သူ ပြောမိလေ၏။

>>>>×××××>>>>>
အပိုင်း၁၃ဆက်ပါဦးမည်။


*** ပေါ်လီယာနာ ***
 ထင်လင်း

               အပိုင်း-၁၃
           ________________
ပင်ဒယ်လ်တန်တောဝယ်

ဝတ်ကျောင်းမှ ထွက်ခဲ့ပြီး ပေါ်လီယာနာသည် အိမ်ဘက်သို့ ခြေဦး လှည် သေးဘဲ ပင်ဒယ်လ်တန်ကုန်းဘက်ဆီသို့ လှည်ခဲ့သည်။ ဤကား အချုပ်အလုပ် အချက်အပြုတ် သင်ခန်းစာချိန်များ မရှိ၍ ရက်အား ဖြစ်သော် လည်း အတော်အဆင်မပြေသောနေ့ ဖြစ်ရကား စိမ်းစိုးငြိမ်သက်သော ခင်ဒယ်လ်တန်တောထဲတွင် လမ်းလျှောက်ခြင်းဖြင့် အပန်းဖြေရန် လာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် နေပူလျက်ပင် ပင်ဒယ်လ်တန်တောင်ကုန်းကို ခြေလှမ်း ခွန်မှန်ဖြင့် တက်လျက် ရှိလေသည်။ ။
“အိမ်ကို ငါးနာရီ မခွဲမချင်း ရောက်ဖို့မှ မလိုဘဲ။ ပြီးတော့လည်း တောလမ်းက ပြန်ရတာ ပိုကောင်းမယ်။ တောင်ကုန်းကော့ တက်ရမှာပေါ့ တက်ရပါစေလေ...” ဟု သူ့ကိုယ်သူ ပြောလာခဲ့၏။
ပင်ဒယ်လ်တန်တောသည် လှပသည်ဟု ပေါ်လီယာနာ ရောက်ဖူး၍ သိသည်။ ယနေ့ ဂျင်မီဘင်းအား နက်ဖြန် စကားပြန်စရာကိစ္စအတွက် ထွက်ခဲ့ရသော်လည်း ဤတောသည် ပိုမို သာယာနေသကဲ့သို့ ဖြစ်လေသည်။

ပေါ်လီယာနာသည် နေရောင်ထိုးနေသော သစ်ပင်ထိပ်ဖျားများ အကြားမှ လွတ်သောအကွက်ကမြင်ရသည် ကောင်းကင်ပြာကို မော်ကြည် ရင်း သက်ပြင်းချကာ... ။
“စကားကို အော်ကြီးဟစ်ကျယ်ပြောနေကြတဲ့ အဒေါ်ကြီးတွေ ဒီနေရာ ကို လာစေချင်တယ်။ ဘယ်လိုမဆို သူတို့ ဒီနေရာမျိုးမှာသာဆိုရင် သူတို့ စိတ်ပြောင်းသွားပြီး ဂျင်မီဘင်းကို မွေးစားချင်လာကြမှာပဲ ထင်တယ်” ဟု သူ့ဟာသူ ပြောနေမိသည်။ ။
သို့သော် ဘာကြောင့် ဤသို့ စိတ်ပြောင်းလာမည် ဆိုသည်ကိုတော့ သူ့ဟာသူပင် အကြောင်း မပြတတ်ချေ။

ရုတ်တရက် ပေါ်လီယာနာ ခေါင်းကိုမော့ နားအောင်လိုက်လေ ခပ်လှမ်းလှမ်းက ခွေးဟောင်သံကို ကြားရသည်။ မကြာမီ ခွေးကလေးတ ကောင်သည် ဟောင်ရင်းက သူ့ဆီသို့ ပြေးလာသည်။ 
ပေါ်လီယာနက ခွေးကလေးကို လက်ဖျစ်တီး၍ နှုတ်ဆက်ရင်း ပြေးလာသည် လမ်းဆီသို့ လှမ်းမျှော်ကြည့်မိသည်။ ဤခွေးကလေးကို မြင် သည်မှာ သေချာသည်။ ဤခွေးကလေးအား လူကြီး မစ္စတာပင်ဒယ်လ်တ နှင့်အတူ မြင်ဖူးခြင်းဖြစ်၍ ယခုလည်း သူ့ကိုပါ တွေ့ရလိမ့်မည်ထင်၍ မျှော် ကြည်ခြင်းဖြစ်သည်။ အတော်ကြာအောင် စောင့်ကြည်သော်လည်း သူ ပေါ် မလာ။ ထို့ကြောင့် ခွေးကလေးကို ဂရုစိုက်၍ ကြည်လိုက်၏။
ခွေးကလေးမှာ ထူးထူးခြားခြားလှုပ်ရှားနေသည်ကို ပေါ်လီယာနာ မြင်နေပါသည်။ ခွေးကလေးသည် တစ်ချက် တစ်ချက်တွင် တိုတောင်းသော အသကလေးများပြုကာ ဟောင်မြဲဟောင်လျက် ထိတ်လန့်နေဟန်တူ၏။ သူသည် လမ်းအတိုင်း ပြေးလိုက် ပြန်လာလိုက်ဖြင့် ပေါ်လီယာနာက လိုက်သွား
တော့ ဘေးဖယ်ဆင်းသော လမ်းကလေးဆီသို့ ရောက်သည်။ ဤနေရာတွင် ခွေးကလေးသည် အတော် မြန်မြန်ပြေးပြီး ချက်ချင်းပင် တအိုင်အိုင်အော်ကာ ဟောင်လျက် ပြန်လာသည်။ 

ပေါ်လီယာနာက လမ်းမပေါ်က မဆင်းဘဲ “ဟဲ့။ အဲဒါ အိမ်ကို သွားတဲ့လမ်း မဟုတ်ဘူးလေ” ဟု ပြောကာ ရယ်နေသည်။
ခွေးကလေးသည် အတော်ပင် ဣနြေ္ဒမရ ဖြစ်လာသည်။ ပေါ်လီယာနာ နှင့် ဘေးလမ်းကလေးအကြား ကူးချည်သန်းချည်ပြေးလျက် သနားစရာ ဟောင် လိုက်၊ တအိုင်အိုင်မြည်လိုက်နှင့် သူ့ကိုယ်၏လှုပ်ရှားမှုတိုင်း သူ၏ မျက်လုံး ညိုကလေးများဖြင့် လှမ်း၍ ကြည် တိုင်းတွင်း သူ့၌ တစ်စုံတစ်ရာ ပြောစရာ ရှိနေသည်မှာ ထင်ရှားသိသာ၍ လာသည်။ သို့နှင့် ပေါ်လီယာနာလည်း နားလည်ကာ ဘေးလမ်းသို့ ဖဲ့ဆင်းပြီး သူ့နောက်သို့ လိုက်ခဲ့ရလေသည်။
သည်တော့မှ ခွေးကလေးသည် ရှေ့သို့ တည် တည် ပြေးလေတော့ ရာ များမကြာမီပင် သူ ဘာကြောင့် ဤသို့ ဖြစ်နေသည်ကို သိရလေတော့ သည်။ ဤဘေးလမ်းကလေးနှင့် ကိုက်အနည်းငယ်အကွာရှိ မတ်စောက်သော
ကျောက်ဆောင်ကမ်းပါးတစ်ခု၏ ခြေရင်းဝယ် လူတစ်ယောက်သည် မလှုပ် မယှက် လဲလျောင်းနေလေသည်။ 

“မစ္စတာ ပင်ဒယ်လ်တန်၊ အို... ဦးဦး ခိုက်မိလို့လားဟင်”
“ခိုက်မိလို့။ ဟာ မဟုတ်ပါဘူး။ ပျင်းလို့ နေပူထဲလာပြီး အိပ်နေတာ” ဟု ဘုကျကျ ပြန်ပြောပြီး။ “ဟေ့ ဒီမှာ ကလေးမ။ မင်း ဘယ်လောက် သိလဲ။
ဘာလုပ်နိုင်လဲ မင်းမှာ အသိဉာဏ်ရှိရဲ့လား” ဟု မေးလိုက်၏။
ပေါ်လီယာနာ ရုတ်တရက် အသက်ရှူ ရပ်လိုက်မိ၏။ သို့သော် မှာ မွေးခွန်းတွေကို တစ်ခုချင်း ဖြေသည်။ 

“မစ္စတာ ပင်ဒယ်လ်တန်ရယ်။ သမီး သိပ် မသိပါဘူး။ ပြီးတော့လည်း ဘာမှ သိပ် များများလည်း မလုပ်တတ်ပါဘူး။ သို့ပေမယ့် ထောက်ပံ့ရေး အသင်းက မိန်းမကြီးတွေက မစ္စက်ရော်ဆန်ကလွဲလို့ ပြောတာကတော့ သမီးမှာ အသိဉာဏ်ကောင်းကောင်း ရှိပါသတဲ့။ တစ်နေ့ သူတို့ပြောနေတာ ကြားခဲ့ တယ်။ သမီး ကြားတယ်ဆိုတာ သူတို့ မသိပါဘူး” . ။
လူကြီးက မျက်နှာတင်းတင်းနှင့်ပင် ပြုံးလိုက်သည်။
“ကဲ-ကဲ ကလေးမ။ မင်းကို တောင်းပန်ပါတယ်။ ဦးဦးခြေထောက် ကြောင့်ပါပဲ။ ကဲ နားထောင်ပါဦး” ဟု ဆိုကာ သူ၏ ဘောင်းဘီအိတ် ထဲသို့ ခက်ခက်ခဲခဲ လှမ်းနှိုက်၍ သော့တွဲတစ်တွဲ ထုတ်ယူလိုက်ပြီး တစ်ချောင်း ကို ရွေးကာ လက်ညှိုးနှင့်လက်မအကြားတွင် ကိုင်ရင်း ...
. “ဒီလမ်းတည့်တည့်ငါးမိနစ်လောက်လျှောက်ရင် ဦးဦးရဲ့ အိမ် ရှိတယ်။ ဟောဒီ သော့နဲ့ ဆင်ဝင်အောက်က ဘေးတံခါးကို ဖွင့်ဝင်း၊ ဆင်ဝင် ဆိုတာကော သိရဲ့လား” ဟု မေးသည်။

“ဟုတ်ကဲ့။ သိပါတယ်။ အန်တီအိမ်မှာလည်း ဆင်ဝင်နဲ့ လေသာ ဆောင်နဲ့ပေါ့း၊ တစ်ခါက သမီး တက်အိပ်တဲ့ အမိုးပေါ့။ အိပ်တော့ မအိပ်ပါ ဘူး။ သူတို့ တွေ့သွားလို့”
“ဟေ အေးလေ။ ဒါဖြင့် အိမ်ထဲကိုရောက်တော့ စင်္ကြံလမ်းအတိုင်း တည်တည် ဝင်သွား။ ထိပ်ရောက်တော့ တံခါးတစ်ခု တွေ့လိမ့်မယ်။ အခန်း အလယ်က စာရေးစားပွဲကြီးပေါ်မှာ တယ်လီဖုန်း တွေ့လိမ့်မယ်။ တယ်လီ ဖုန်းကော ပြောတတ်ရဲ့လား”
“ဟုတ်ကဲ့။ ပြောတတ်ပါတယ်။ တစ်ခါက အန်တီပေါ်လီက…"
 “အန်တီပေါ်လီ အသာထားလိုက်စမ်းပါ"
လူကြီးက သူ့ကိုယ်သူ ရွှေ့ရန် အားထုတ်ရင်း မျက်မှောင်ကြုတ်၍ ဆိုလိုက်သည်။ ပြီးမှ “ဒေါက်တာ သောမတ်ချစ်လတန်ရဲ့ နံပါတ်ကို အနီး အနားမှာရှိတဲ့ ကတ်ပြားထဲမှာ ရှာကြည်။ စားပွဲဘေးက ချီတ်ကြွ ရှိမလား ဒါပေမယ့် ရှိချင်မှ ရှိမယ်။ တယ်လီဖုန်းနံပါတ် ကတ်ပြားဆိုတာကိုတော့ မြင်
ရင် သိပါလိမ့်မယ် ထင်တယ်” 
“ဟုတ်ကဲ့။ သိပါတယ်။ အန်တီပေါ်လီရဲ့ ကတ်ပြားကလေးတွေကို သမီး သိပ် သဘောကျတာပဲ။ နာမည်ဆန်းတွေလည်း အများကြီး။ ပြီးတော့…"
“ဒေါက်တာချစ်လတန်ကို ပြောဖို့က ဂျွန်ပင်ဒယ်လ်တန်၊ ပင်ဒယ် တန်တောထဲက လစ်တဲလ်အီးဂဲလ် ကျောက်စွန်ခြေရင်းမှာ ခြေကျိုးနေ့ လို့ နော်။ ဒါ့အပြင် ဘာလုပ်ရမယ်ဆိုတာ သူ သိပါတယ်။ အိမ်ကနေ လူသွားလမ်းအတိုင်း လာဖို့လည်း ပြောလိုက်နော်” ။
“ခြေကျိုးနေတယ်။ ဟုတ်လား မစ္စတာပင်ဒယ်လ်တန် ။ တကယ် ဆိုးတာပဲ။ သမီးလာတာကိုပဲ ဝမ်းသာရဦးမယ်။ သမီး ဘာမှ မလုပ်ဘူးလား”
' “လုပ်နိုင်ပါတယ်။ ဒါပေမယ့် လုပ်မှ မလုပ်ဘဲ။ ကဲ-အခုန ပြော သွားလုပ်ပါ။ စကား နောက်မှ ပြော” ဟု လူကြီးက ညည်းတွားသံ ပြောတော့၊ ပေါ်လီယာနာလည်း ပင့်သက်တစ်ချက် ရိုက်လိုက်ပြီး ထွက်သူ လေတော့၏။

ပေါ်လီယာနာသည် နေရှောင်ထိုးနေသော သစ်ပင်ထိပ်ဖျားမှာ အကြားမှ မြင်ရသည် ကောင်းကင်ပြာကို ရပ်၍ ကြည်မနေတော့ပေ။ တွင်ရှိသော ဆူးငြောင့်ခလုတ်ကိုသာ ကြည်ရှောင်ရင်း ခပ်သုတ်သုတ်လျှော ခဲ့လေသည်။
များမကြာမီ အိမ်ကြီးကို မြင်ရသည်။ ဤမျှ နီးနီး တစ်ခါမှ မမြင် သော်လည်း ယခင်က မြင်တော့ မြင်ဖူးသည်။ အိမ်ကြီး၏ ခန့်ညားထည် သော ထုထည်ကြီးမားသည် ကျောက်တုံးပြားများ၊ အိမ်ရှေ့ဆောင်မှ တိုင်လူ များနှင့် လေသာဆောင်။ ခမ်းနားသော အဝင်တံခါးတို့ကိုမြင်ရတော့ ပေါ် ဃာနာမှာ ကြောက်ရွံ့ သလိုလို ဖြစ်ရသေး၏။ သို့သော် သူသည် ခဏမျှ ည် အိမ်ရှေ့က မပြုမပြင် ပစ်ထားသော မြက်ခင်းကို ဖြတ်၍ပြေးကာ အိမ်ကြီးကို ပတ်၍ ဘေးဘက်ဆင်ဝင်အောက်မှ တံခါးဆီသို့ ရောက်လေ၏။
သူ၏ လက်ချောင်းများမှာ သော့ကို တင်းကြပ်စွာ ဆုပ်၍လာသော ကြောင့် ထုံကျင်နေကြသည်ဖြစ်ရာ သော့ကို တံခါးသော့ပေါက်ထဲ ထည့် တော်တော်နှင့် လှည်လို့ မရ။ အတန်ကြာမှ လေးလံသော တံခါးကြီးသည် ပွင့်၍ သွားလေသည်။

ပေါ်လီယာနာသည် ရင်ဖို သွားသည်။ ကိစ္စက အလျင်လိုနေသော် လည်း အိမ်ကြီးအဝင်ဝနှင့် မှောင်နေသော စင်္ကြံတို့ကို ကြည် ကာ ခဏမျှ - ရပ်နေမိ၏။ သူ၏ခေါင်းထဲတွင်ကား အတွေးမျိုးစုံသည် ဝဲလည်လှည်၍ ဝင်
လာနေလေသည်။ ဤအိမ်ကြီးကား ဂျွန်ပင်ဒယ်လ်တန်၏ အိမ်ကြီးတည်း လျှို့ဝှက်ဆန်းကြယ်၍ သူမှတစ်ပါး မည်သူမျှ မဝင်သော ဤအိမ်ကြီးအတွင်း တစ်နေရာတွင်လည်း ဖုံးဖိထားရသော အစုတ်ထုပ်ကြီးနှင့်။ သို့သော် သူ
ကြောက်နေလို့ မဖြစ်။ သူသည် အိမ်ကြီးထဲသို့ တစ်ယောက်တည်း ဝင်ပြီး ဆရာဝန်ကို တယ်လီဖုန်းဆက်ခေါ်ရဦးမည်။

ပေါ်လီယာနာသည်သူ့ကိုယ်သူ အားပေးလိုက်ပြီး ဘေးဘီကို လှည် မကြည်ဘဲ ရှေ့သို့ တည် တည်ကြည် ကာ စင်္ကြံတလျှောက် ပြေးဝင်ကာ စင်္ကြံထိပ်ရှိ တံခါးကို ဖွင့်လိုက်သည်။ ။
အခန်းကြီးမှာ ကျယ်ဝန်းပြီး သစ်သားနံရံများ ခန်းဆီးများကြောင့် မှောင်မှိုင်းနေ၏။ သို့သော် အနောက်ဘက် ပြတင်းမှ နေရောင်ခြည်သည် ကြမ်းပြင်ပေါ်သို့ ထိုးကျကာ ကြေးညှိတက်နေသော မီးလင်းဖိုမှ ကြေးချောင်း များပေါ်သို့ ရောင်ပြန်ခပ်မှိန်မှိန် ဟပ်လျက် အခန်းအလယ်ရှိ စားပွဲပေါ်မှ တယ်လီဖုန်း၏ ဒန်ရောင်အကွက်များဆီသို့လည်း ရောက်လေသည်။ ပေါ်လီ ယာနာလည်း ခြေဖျားထောက်၍ စားပွဲကြီးဆီသို့ လာခဲ့၏။ ။
တယ်လီဖုန်း ကတ်ပြားသည် ချိတ်တွင် မရှိချေ။ ကြမ်းပေါ်သို့ ကျနေသည်၊ သို့သော် ပေါ်လီယာနာ တွေ့သည်။ နောက် အက္ခရာစဉ်အတိုင်း မှာ
တော့ ဒေါက်တာချစ်လတန်၏ နံပါတ်ကို တွေ့သည်။ များမကြာမီပင် စရာသတင်းကို ပေးပြီး တစ်ဖက်ကဒေါက်တာချစ်လတန်၏ တိုတိုနှင့် လိုရင်း မေးသည် မေးခွန်းများကို ဖြေနေလေသည်။ ပြီးလျှင် တယ်လီဖုန်းခွက်ကို ပြန်ချပြီး စိတ်ထဲတွင် ပေါ့ပါးသွားသလို သက်ပြင်းချလိုက်၏။

ပေါ်လီယာနာသည် ပတ်ပတ်လည် တစ်ချက်မျှ လှည့်ပတ်ကြည် လိုက်သည်။ ပြီးတော့ အနီရောင်ခန်းဆီး ကန့်လန့်ကာကြီးများ၊ စာအုပ်စင် များ အပြည် ရှိသည် နံရံများ၊ အမှိုက်သရိုက်စက္ကူစုတ်များဖြင့် ရှုပ်ပွနေသော ကြမ်းပြင်၊ မသပ်ရပ်သော စာရေးစားပွဲ၊ ပိတ်ထားသောတံခါးများ မည်သည် နေရာတွင် အစုတ်ထုပ်ကြီးကို ဝှက်ထားသည်တော့ မသိ။
ပြီး နေရာတကာ မှာ ဖုန်များ။ အားလုံးကို ဝိုးတဝါးမျှသာ မြင်ခဲ့ပြီး စင်္ကြံလျှောက် ပြေးကာ သူ ဝင်စဉ်က တစ်ဝက် ဖွင့်ထားခဲ့သော တံခါးအတိုင်း ပြန်ထွက်လာခဲ့လေ၏
ဒဏ်ရာရနေသူ အဖို့ပင်လျှင် မယုံနိုင်လောက်အောင် မြန်သော အချိန်အတွင်း ပေါ်လီယာနာသည် တောထဲသို့ ပြန်ရောက်လာသည် ။

“ဘယ်လိုလဲ၊ ဘာဖြစ်လို့လဲ။ အထဲ ဝင်လို့ မရလို့လား” ဟု မစ္စတာ ပင်ဒယ်လ်တန်က မေးသည်။
ပေါ်လီယာနာက မျက်လုံးပြူးလိုက်ပြီး ...
“ရပါတယ်။ ရလို့ ဒီတောင် ပြန်ရောက်နေပြီပဲ။ အိမ်ထဲ မရောက်ရင် ဘယ်သူ ပြန်လာပါ့မလား၊ ဆရာဝန်လည်း ယူစရာရှိတာယူ ခေါ်စရာရှိတာခေါ်ပြီး အမြန်ဆုံးရောက်အောင် လာလိမ့်မယ်။ နေရာကိုလည်း သူ သိတယ်။ ပြောလို့ စောင့် မနေတာ။ ဦးဦးဆီကိုလည်း ပြန်လာချင်လို့ပဲ” ဟု ပြောပြသည်။
“ဟုတ်လား။ မင်းအကြိုက်ကလည်း တစ်မျိုးပဲ။ တို့ထက် ခင်စရာ ကောင်းတဲ့ အပေါင်းအသင်း ရှာရောပေါ့”
 “ဘာဖြစ်လို့လဲ ဦးဦးက အမြဲ စိတ်ဆိုးနေတဲ့လူမို့လား” 
“ဟုတ်တယ်အေး မင်း ပွင့်ပွင့်ပြောတာ ကျေးဇူးတင်ပါတယ်” 
ပေါ်လီယာနာက ခပ်အေးအေး ရယ်သည်။

“ဒါပေမယ့် ဦးဦးက အပြင်ကသာ စိတ်ဆိုးပုံ ရနေတာပါး၊ အတွင်း စိတ်က နည်းနည်းမှ မဆိုးပါဘူး”
“ဟုတ်လား။ မင်း ဘယ်လို သိသလဲ”
လူကြီးက တစ်ကိုယ်လုံး မရွှေ့ဘဲ ဦးခေါင်းကိုသာ ရွှေ့ရန် အားထုတ် ရင်း မေးလိုက်၏။
“အို သိနိုင်တဲ့နည်းတွေ အများကြီးပေါ့။ အဲ အဲသလို ခွေးကလေး ကို ချစ်တာတို့ ဘာတို့” ,
ပေါ်လီယာနာက သူ့အနီးတွင် ဝပ်နေသော ခွေးကလေး၏ ဦးခေါင်း ပေါ်တွင် တင်ထားသည် သူ့လက်ကို ညွှန်ပြရင်း ပြောလိုက်ပြီး…
“ခွေးတို့၊ ကြောင်တို့ဟာ လူတွေရဲ့ အတွင်းသဘောကို တခြားလူတွေ ထက် ပို သိတယ်နော်။ ဒါနဲ့ ဦးဦးရဲ့ ခေါင်းကို သမီး ပွေ့ထားမယ်နော်” ဟု တ်ပြောလိုက်သည်။

ပေါ်လီယာနာက ကျောက်တုံးပေါ်မှ မစ္စတာပင်ဒယ်လ်တန်၏ ဦး ခေါင်းကို မ၍ သူ့ပေါင်ပေါ် တင်ထားလိုက်တော့ သူ့မှာ အတော် သက်သောင့်က်သာ ဖြစ်သွားသည်ကို တွေ့ရသဖြင့် “အေး အတော် နေသာသွားပြီ” ပြီး တိုးတိုးရေရွတ်လိုက်သည်။
သူသည် အတော်ကြာအောင် စကားမပြောဘဲ မှိန်းနေသဖြင့် အိပ် ပျော်နေသလားဟု ပေါ်လီယာနာ ထင်မိသည်၊ သော် သူ့မျက်နှာကို ပြည် လိုက်တော့ အိပ်ပျော်နေသည်နှင့် မတူ။ နာကျင်သောဒဏ်ကို ပါးစပ် ပြီး တင်းခံနေဟန် တူသည်။ ။
ပေါ်လီယာနာသည် လူကြီး၏ သန်မာထွားကျိုင်းလှသော ခန္ဓာကိုယ် - ဤမျှ မလှုပ်နိုင်အောင် ဖြစ်နေသည်ကို ကြည့်ပြီး ငိုချင်သလိုလို ဖြစ်လာ ည်။ သူ့လက်တစ်ဖက်မှာ လက်သီးဆုပ်လျက် ဆန့်တန်းထားသော်လည်း သက်လျက်၊ အခြားလက်တစ်ဖက်မှာမူ လျော့ရဲရဲပြန့်လျက် ခွေး၏ ဦးခေါင်း ပေါ်တွင် တင်ထားသည်။ ခွေးကလေးမှာလည်း သူ့သခင်၏ မျက်နှာကို အားမလိုအားမရ စိုက်ကြည်လျက် ငြိမ်သက်စွာ ဝပ်နေပေသည်။ 

တဖြည်းဖြည်းနှင့် အချိန် ကုန်သွားသည်။ နေသည် အနောက်ဘက် တဖြည်းဖြည်း နိမ့်ဆင်းကာ သစ်ပင်များ၏အောက်တွင် အရိပ်များ ကို ခွင်သည်ထက် မှောင်လာသည်။ ပေါ်လီယာနာသည် အသက်ပင် ပြင်းပြင်း ဘဲ ငြိမ်သက်စွာ နေသည်။ ငှက်ကလေးတစ်ကောင်သည် သူ့လက်တစ်လှမ်း တွင်းလာ၍ နားသည်။ ရှဉ့်ကလေးတစ်ကောင်ကလည်း သူ့အနီးအနား စစ်ကိုင်းတစ်ကိုင်းပေါ်မှ အမြီးဖွားကြီးတလှုပ်လှုပ်ဖြင့် ငြိမ်သက်နေသော ခွေး
သို့ လည်း သူ့၏ တောက်ပသော မျက်လုံးကလေးအစုံဖြင့် ကြည် လျက်...။
အတန်ကြာတော့ ခွေးကလေးသည် ရုတ်တရက် နားစွင့်လိုက်ပြီး သံပြုလိုက်သည်။ ထို့နောက် တဝုတ်ဝုတ်ဟောင်လေတော့သည်။ များမကြာ လူသံများ ကြားရပြီး အသံရှင်များလည်း ပေါ်လာသည်။ လူနာထမ်းစင် တစ်ခုနှင့် အခြားပစ္စည်းများကို သယ်လာကြသော လူသုံးယောက်။ ။
လာကြသူများမှ အရပ် အမြင့်ဆုံးဖြစ်သူ မုတ်ဆိတ် ပါးမုန်း ပြောင် အောင်ရိတ်ထားပြီး ကြင်နာတတ်သော မျက်လုံးအစုံရှိသူအား မြင်မြင်ချင်းပင် ဒေါက်တာချစ်လတန်ဟု ပေါ်လီယာနာ သိလိုက်သည်။ သူက ရွှင်လန်းစွာပင် သို့ တိုးလာသည်။

“ဘယ့်နှယ် အမျိုးသမီးကလေး။ သူနာပြုဆရာမ လုပ်နေသလား”
ပေါ်လီယာနာက ပြုံးလျက်...
“အို မဟုတ်ပါဘူး။ ခေါင်းကိုပဲ ပွေ့ရုံ ပွေ့ထားတာပါ။ ဆေး လို့ တစ်စက်ကလေးမှ မတိုက်ရသေးပါဘူး။ ဒါပေမယ့် သမီး ဒီရောက်နေ တော့ ဝမ်းသာပါတယ်” ဟု ပြောလိုက်၏။
“အေးပေါ့။ တို့လည်း ဝမ်းသာတာပဲပေါ့” ဟု ဆရာဝန်က ခေါင်းညိတ်ရင်းဆိုကာ လူနာအား အာရုံအပြည်စိုက်၍ ကြည်ရှုစစ်ဆေးနေ ဘော့၏။
.
>>>>>××××××>>>>>
အပိုင်း၁၄ဆက်ပါဦးမည်။


*** ပေါ်လီယာနာ ***
  ထင်လင်း

                  အပိုင်း-၁၄
           ________________
ဂျင်မီ့ကိစ္စ

'ဂျွန်ပင်ဒယ်လ်တန် ခြေကျိုးသည့် ညနေကပေါ်လီယာနာ ညနေစာ အတွက် အတော်ကလေးနောက်ကျသွားသည်။ သို့သော် သူ့အား မည်သူမျှ အပြစ်မတင်ချေ။
နန်စီက သူ့အား တံခါးဝက ဆီးကြိုရင်း ...
“အမယ်လေး။ သမီးကို မြင်လိုက်ရတာ မမကို ဝမ်းသာသွားတာပဲ” ဟု စိတ်သက်သာသွားသလို သက်ပြင်းချလိုက်ပြီး “ခြောက်နာရီ ခွဲနေပြီကော” ဟု ပြောလိုက်သည်။ ။
ပေါ်လီယာနာက “သိပါတယ် မမရယ်။ ဒါပေမယ့် သမီးမှာ အပြစ် မရှိပါဘူး။ တကယ်ပါ။ အန်တီပေါ်လီတောင် သမီးကို အပြစ်ရှိတယ် ထင်မှာ မဟုတ်ပါဘူး” ဟု ပြန်ပြောသည်။ '
နန်စီက အကျေနပ်ကြီး ကျေနပ်သည် လေသံဖြင့် ...
“ထင်ချင်လို့လည်း ထင်လို့ မရဘူးလေ။ သူ သွားပြီဥစ္စာ” ဟု ပြော လိုက်၏ ။
“သွားပြီ။ ဟုတ်လား။ သမီးကြောင့်တော့ ဟုတ်ဟန် မတူပါဘူးနော်” ဟု မေးလိုက်သည်။

ပေါ်လီယာနာသည် ထိုနေ့နံက်က ကောင်းကလေးကိစ္စ၊ ခွေးကိစ္စ၊ ကြောင်ကိစ္စနှင့် အန်တီ မကြိုက်သည် ဝမ်းသာသည် ကိစ္စ၊ တားမြစ်ထား သည် အဖေကိစ္စ၊ သူက မေ့မေ့ပြီး ပြောမိဆိုမိသည်တို့ကို တွေးမိသော -
ကြောင့် “သမီးကြောင့်တော့ ဟုတ်တန်မတူပါဘူးနော်” ဟု ဆိုလိုက်ခြင်း ဖြစ်လေသည်။ ။
“သမီးကြောင့်အားကြီး ဟုတ်ပါလိမ့်မယ်။ ဘော်စတွန်က သူ့အမျိုးတစ်ယောက် ရုတ်တရက်သေသွားလို့ သွားရတာ။ သမီး ထွက် သွားမှ စာရွက်ဝါဝါကလေးနဲ့ ကြေးနန်းစာရလို့ ချက်ချင်း လိုက်သွားတာ၊ သုံးရက်
ကြာမယ်။ တို့တော့ ဝမ်းသာတယ်။ အိမ်မှာ သမီးနဲ့မမ နှစ်ယောက်တည်း | ရှိမယ်။ တကယ် တကယ်” 

ပေါ်လီယာနာ အံ့အားသင့်သွားပုံ ရသည်။
“ဝမ်းသာတယ်။ ဟုတ်လား။ မမနန်စီကလည်း၊ အသုဘက ဘယ် _ တော့လဲ”
“ဟယ်။ မမ ပြောတဲ့ ဝမ်းသာတယ်ဆိုတာ အသုဘအတွက် ပြောတာ 'မဟုတ်ပါဘူး ပေါ်လီယာနာလေးရယ်။ မမက”
နန်စီက ရုတ်တရက် ရပ်လိုက်ကာ အသိဉာဏ် ဝင်လာသလို မျက် လုံးများ အရောင်တောက်လာပြီး “ပေါ်လီယာနာရယ်။ သမီးပဲ ဒီကစားနည်း မမကို သင်ပေးထားတာမဟုတ်တဲ့ အတိုင်းပဲ” ဟု အပြစ် တင်လိုက်လေ၏။
ပေါ်လီယာနာက စိတ်ရှုပ်သွားသလို နဖူးကြောများ ရွှံ့အား မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကိုယမ်းလိုက်ကာ ... 
“မတတ်နိုင်ဘူး မမနန်စီး၊ ဒီကစားနည်းက ကစားလို့ မရတာ တော့ ရှိတယ်၊ မကစားသင့်တဲ့ ဟာတွေပေါ့၊ လူသေတဲ့ကိစ္စက အဲဒီကိစ္စ ပေါ့။ အသုဘကိစ္စမှာ ဘာမှ ဝမ်းသာစရာ မရှိပါဘူး ...”
. နန်စီက ရယ်သွမ်းသွေးလိုက်ပြီးမှ “ အသုဘပေမယ့် ကိုယ့်အသုဘမဟုတ်ရင် ရတာပေါ့” ဟု ခပ်တည်တည် ဆိုလိုက်သည်။ သို့သော် ပေါ်လီ - ယာနာက မကြား။ 
သူက မစ္စတာပင်ဒယ်လ်တန် “ခြေကျိုးသည် အကြောင်းကို ပြောပြ နေလေရာ နန်စီလည်း ပါးစပ်အဟောင်းသားနှင့် နားထောင်၍ နေလေတော့ သည်၊

နောက်တစ်ရက် မွန်းလွဲပိုင်းတွင် ပေါ်လီယာနာသည် ချိန်းဆိုထား သည်အတိုင်း ဂျင်မီဘင်းအား သွားတွေ့လေသည်။ ပေါ်လီယာနာ ထင်ထား သည် အတိုင်း ထောက်ပံ့ရေးအသင်းလူကြီးများက သူ့ထက် မြေရပ်ခြား က ကလေးတစ်ယောက်ကို ပိုမို ထောက်ပံ့လိုကြကြောင်း ပြောလိုက်တော့ ဂျင်မီသည် အကြီးအကျယ် စိတ်ပျက်သွားလေသည်။
“အေးဟာ။ ဒီလိုပါပဲနဲ့ တူပါတယ်။ ကိုယ် မသိတဲ့ဟာက သိတဲ့ဟာ ထက် ပိုကောင်းတာတို့။ သူများအိမ်က ဘူးသီးမှ ပိုတယ် ထင်တာတို့လို ပေါ့။ ငါလည်း အဝေးကလူတွေကို အဲသလို ကြည် တတ်ရင် ကောင်းမယ်။ တကယ်ဆို ရပ်ဝေးမြေခြားက လူတစ်ယောက်က ငါ့ကို လိုချင်တယ်ဆိုရင် “မနိပ်ပေဘူးလား”
ဤတွင် ပေါ်လီယာနာက လက်ခုပ်ကလေးများ တီးမိသည်း
“ဟဲ။ ဟုတ်တာပေါ့။ ဒါပေါ့ ဂျင်မီ။ ငါ ထောက်ပံ့ရေးအသင်းက မိန်းမကြီးတွေဆီကို နင့်အကြောင်း ငါ စာရေးလိုက်မယ်။ မြေဝေးရပ်ခြာကြီး
တော့ မဟုတ်ဘူးပေါ့ဟာ။ ဒါပေမယ့် အဝေးတော့ အဝေးကြီးပါ။ အတူတူပဲ ဒါ့။ ငါ လာခဲ့ရတဲ့ ခရီးကတော့ တကယ် အဝေးကြီးပဲ”
ဂျင်မီမျက်နှာသည် ရွှင်လန်း၍လာသည်။ “သူတို့က ငါ့ကို ယူမယ် ထင်လား” ဟူလည်း မေးလိုက်၏။

“ယူမှာပေါ့တဲ့ အိန္ဒိယက ကလေးတွေတောင် ယူမွေးကြသေးတာပဲ။ နှင့်ကိုလည်း အိန္ဒိယက ကလေးလို သဘောထားပြီး မွေးနိုင်တာပဲ။ နင်က အဝေးကြီးကဆိုတော့လည်း အစီရင်ခံစာတွေ ဘာတွေထဲလည်း ပါနိုင်တာပေါ့။ အေး- နင် စောင့်နေ။ ငါတို့ဆီစာနေလိုက်မယ်။ မစ္စက်ဝှိုက်ဆီကို ရေးမယ် နဦး၊ မစ္စက်ဆီကို ရေးမှဖြစ်မယ်။ မစ္စက်ဝှိုက်က ပိုက်ဆံရှိပေမယ့် ပေးတာ ကတော့ မစ္စက်က ပေးတယ်။ ရယ်စရာ မကောင်းဘူးလားဟင်။ စဉ်းစား ကြည် ရင်လေ။ ဒါပေမယ့် တစ်ယောက်ယောက်ကတော့ နင့်ကို ယူမှာပဲ" I - “အေး၊ ဒါဖြင့် ဟုတ်ပြီ။ ဒါပေမယ့် ငါ့အတွက် နေဖို့နဲ့ စားဖို့ကို အလုပ်လုပ်မယ်ဆိုတာ ထည် ရေးဖို့ မမေ့နဲ့နော်။ ငါ သူတောင်းစား မဟုတ် ဘူး။ အလုပ်ဟာ အလုပ်ပဲ၊ ထောက်ပံ့ရေးအသင်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် ”ဟု ဂျင်မီက ထောက်ပြောလိုက်ပြီး ခဏမျှ စဉ်းစားကာ “အေး နင့်ဆီ ဘာစာမှ
လောခင်တော့ ငါ အခုနေတဲ့ နေရာမှာပဲ နေရဦးမယ် ထင်တယ်” ဟု ဆက်ပြောလေသည်။
ပေါ်လီယာနာက လေးလေးနက်နက်ပင် ... '
“ဒါပေါ့ဟ။ ဒါမှလည်း နင့်ကို ဘယ်မှာ တွေ့ရမလဲဆိုတာ ငါ သိမှာ ပေါ့။ သူတို့ နှင့်ကို လက်ခံမှာပါ။ နင်က အဝေးကြီးကပဲ။ အန်တီပေါ်လီတောင် အေး ငါ့ဟာ အန်တီပေါ်လီရဲ့ မြေရပ်ခြားက ကလေးလို့ မထင်ဘူး လား” ဟု ပြောပြရင်း မေးတော့၊ ဂျင်မီက လှည့်ထွက်သွားရင်း...
“အေး။ နင်ဟာ ဆန်းတော့ တကယ်ဆန်းတဲ့ ကောင်မလေးပဲ” ဟု ပြောသွားလေ၏။

ပင်ဒယ်လ်ကန် တောတွင်း၌ ထိခိုက်မှုဖြစ်ခဲ့သည်နောက် သီတင်း တစ်ပတ်အကြာ တစ်ခုသော နံနက်ခင်း၌ ပေါ်လီယာနာသည် သူ့အဒေါ်အား…
 “အန်တီပေါ်လီ၊ သမီးလေ မစ္စက်စနိုးဆီပို့ဖို့ ဂျယ်လီကို ဒီတစ်ပတ် - တခြားတစ်ယောက်ဆီ ပို့ရင် အန်တီ သိပ် စိတ်ဆိုးနေမလား။ မစွက်စနိုးက
တော့ ကိစ္စမရှိဘူးဆိုတာ သမီး သိပါတယ်” ဟု ခွင့်တောင်းလေသည်။ 
“အလိုလေး၊ ပေါ်လီယာနာ။ ညည်း ဘာများ လုပ်ဦးမလို့လဲ" ဟုသက်ပြင်းချကာ အန်တီပေါ်လီက “ညည်းဟာ တကယ့် ရှာမှရှားကလေး - ပဲ” ဟု ဆိုလိုက်သည်။
ပေါ်လီယာနာက မျက်မှောင်ကလေး ကြတ်လိုက်ပြီး“အန်တီပေါ်လေး - ရှာမှ ရှားဆိုတာ ဘာလဲ။ ရှာမှ ရှားဆိုရင်တော့ မပါဘူးလို့ ဆိုတာပေါ့နော် ဟု မေးလိုက်၏။
“ရှားတယ်ဆိုတာ မပေါလို့ပေါ့” 
“အို ... အဲသလိုဆိုရင် ဟုတ်ပြီ။သမီး ရှာမှရှားဆိုတာကို ဝမ်းသာ တယ်”ဟု ပြောရင်း သူ့မျက်နှာမှာ ရွှင်ပျလာသည်။ 

“မစ္စက်ဝှိုက်ကလေး သိလား။ မစ္စက်ရော်ဆန်ကို အပေါစား မိန်းမလို့ ၊ ဆိုတယ်လေ။ သူက “မစ္စက်ရော်ဆန်ကို သိပ်မုန်းတာ။ သူတို့ အမြဲရန်ဖြစ် ဒီလိုလေ ... အဖ... မဟုတ်ဘူး။ သမီးပြောတာ တခြား အသင်းသူ၊ မိန်းမကြီးတွေထက် သူတို့နှစ်ယောက်ကို ဖြန်ဖြေရတာက များတယ်လေ” ဟု သူ့အဖေရှိစဉ်က ဘုရားရှိခိုးကျောင်းတွင် ဖြစ်သည် ရန်ပွဲများအကြောင်း ကို သူ့အဖေအကြောင်း မကြားချင်သော အခေါ်အား ပြောပြရာတွင် ထမ်းပိုး နှင့် လှည်းတုတ်အကြား လွတ်အောင် ရှောင်ပြောရသောကြောင့် သူ့မှာ မော သွား၏။
“ကောင်းပြီ၊ ကောင်းပြီ ပေါ်လီယာနာ။ ထားလိုက်ပါတော့။ တို့ ဘာကြောင့် ပြောနေပြောနေ၊ ညည်ထောက်ပံ့ရေးအသင်းက မိန်းမကြီး တွေအကြောင်း မပါရင် မပြီးဘူး” ဟု စိတ်မရှည်သလို ပြောလိုက်တော့ ပေါ်လီယာနာက ရွှင်ပျစွာပြုံးလျက် “ဟုတ်တယ်နော် အန်တီ၊ ဟုတ်ပါလိမ့် မယ်။ သမီးကို သူတို့မွေးလာရတာကိုး အန်တီရဲ့။ ပြီးတော့” ဟု ပြောစဉ် : ဒေါ်ပေါ်လီက ...
“ကဲ-ကဲ တော်ပါတော့ ပေါ်လီယာနာ ကဲ- ဂျယ်လီအကြောင်းက . ဘာတဲ့လဲ။ ပြော” ဟု ဖြတ်၍ မေးလိုက်သည်။ 

“အန်တီပေါ်လီ၊ ဘာမှ အရေးတကြီးကိစ္စတော့ မဟုတ်ပါဘူး။ အန်တီ
စိတ်ဆိုးမယ့် ကိစ္စတော့ မဟုတ်ပါဘူး။ ဂျယ်လီကို တစ်ယောက်ယောက်ဆီ ပို့ခွင့်ပြုရင်၊ တခြား တစ်ယောက်ယောက်ဆီပို့တာလည်း ဒီတစ်ခါပဲဆိုရင် ခွင့်ပြုမှာပဲလို့ ထင်တယ်လေ။ ခြေကျိုးသွားတာကတော့ တစ်သက်လုံး မမာနေ တာမျိုးနဲ့တော့ ဘယ် တူမလဲ၊ အဲဒီတော့ မစ္စက်စနိုးလိုတော့ ဒီလူကြီးရဲ့ ခြေ ထောက်က ကြာမှာ မဟုတ်ပါဘူး။ ဒီ တစ်ခါ နှစ်ခါပဲ ဒီလူကြီးဆီ ပို့ပြီး နောက်တော့လည်း မစ္စက်စနိုးဆီ ဆက်ပို့ ရမှာပါပဲ” 
“လူကြီး ဟုတ်လား။ ခြေကျိုးသွားလို့။ ဟင်၊ ပေါ်လီယာနာ ညည်း ဘာတွေ ပြောနေတာဘဲ” 
 ပေါ်လီယာနာက ငေးကြည့်ပြီးမှ ပြုံးလာကာ ....
“အို သမီး မေ့နေလို့။ အန်တီ သိတယ် မဟုတ်လား။ အဲဒါ အန်တီသွားနေတုန်းက ဖြစ်တာ၊ အန်တီ သွားတဲ့နေ့ကပဲ သူ့ကို တောထဲမှာ တွေ့ ရတာလေ။ သိလား။ သမီးက သူ့အိမ်ထဲကို သော့ဖွင့်ဝင်ပြီး လူတွေ ဆရာ ဝန်တွေကို တယ်လီဖုန်းဆက် ခေါ်ပေးပြီး သူ့ခေါင်းကိုလည်း တွေ့ထားပေးရ တယ်လေ။ အစုံပေါ့။ ပြီးတော့ သမီးလည်း ပြန်လာခဲ့တာနဲ့ အဲဒီကတည်းက ပြီး သူ့ကို မတွေ့ရသေးဘူး။ ဒါပေမယ့် ဒီအပတ် မစ္စက်စနိုးဆီ ပို့ဖို့ မမနန်စီ ဂျယ်လီလုပ်နေတော့ ဒီလူကြီးဆီကို ဂျယ်လီပို့ ပေးရ ဘယ်လောက်ကောင်း လဲလို့ အောက်မေ့မိတာနဲ့။ ပို့ရမလား အန်တီ” ဟု ခွင့်တောင်းလိုက်သည်။

“အေးလေ။ ပို့ချင် ပို့ပေါ့” ဟု ခွင့်ပေးလိုက်ပြီးမှ “ညည်းပြောတာ အဲဒီလူကြီးက ဘယ်သူတဲ့လဲ” ဟု မေးလိုက်၏။
 “လူကြီးက အန်တီ။ ဂျွန်ပင်ဒယ်လ်တန်တဲ့” . .
ဒေါ်ပေါ်လီသည် ကုလားထိုင်ပေါ်က မြောက်တက်သွားမတတ် အုံ ဩသွားလေ၏။ ။
“ဂျွန်ပင်ဒယ်လ်တန်” ဟုလည်း တအံ့တဩ ဆိုမိ၏။
“ဟုတ်ကဲ့ အန်တီ။ မမနန်စီက သူ့နာမည်ကို ပြောပြပါတယ်။ အန်တီ သိတယ်။ မဟုတ်လား”
ပေါ်လီသည် ဤမေးခွန်းကိုမဖြေဘဲ... “ဒီလူကို ညည်း သိလို့လား” ဟု မေးတော့၊ ပေါ်လီယနာက ခေါင်း ညိတ်ပြကာ “သိတာပေါ့ အန်တီ၊ သူက သမီးကို ဘယ်တော့မဆို ပြုပြီး စကား ပြောတယ်။ သူကလေ အန်တီရဲ့ အပြင်ဘက်ကသာ ဟ်ဆိုးပုံရတာ အန်တီ
ရဲ့။ သိလား။ မမနန်စီ ဂျယ်လီရပြီ ထင်တယ်။ ခုနကတော့ ကျက်လုနေတာပဲ” ဟု ပြောပြောဆိုဆို ထွက်သွားရာ အခန်းအလယ်သို့ရောက်မှ ဒေါ်လီက…
. “ပေါ်လီယာနာ။ ခဏနေပါဦး” ဟု လှမ်းခေါ်လိုက်သည်။ သူ့အသံ မှာ တင်းမာနေသည်။ .
“ပေါ်လီယာနာ၊ ဒီနေ့ ဂျယ်လီကို ခါတိုင်းလိုပဲ မစ္စက်စနိုးဆီကိုပဲ ပို့။ ဒါပဲ။ သွားတော့“ ဟု အမိန့်ပေးလိုက်၏။
ပေါ်လီယာနာ မျက်နှာ ညှိုးသွားသည်။

“ဒါပေမယ့် အန့်တီပေါ်လီရယ်။ မစ္စက်စနိုးက အကြာကြီး မမာနေ မှာ။ သူ မကျန်းမမာမချင်း ဟိုဟာဒီဟာ ပို့ပို့နေရမှာပဲ။ ဒီလူကြီးက ခြေကျိုး တာပဲ။ မကြာပါဘူး။ ကျိုးတဲ့ခြေထောက်ကို ပြောတာပါ။ ခုဆိုရင် တစ်ပတ် တောင် ကြာသွားပြီပဲ”
“အေးပါ။ ငါးမှတ်မိပါတယ်။ မစ္စတာ ဂျွန်ပင်ဒယ်လ်တန် မတော်တဆ - ခြေကျိုးတဲ့အကြောင်း ကြားပါတယ်။ ဒါပေမယ့် ပေါ်လီယာနား ဂျွန်ပင်ဒယ်လ် တန်ဆီကို ငါ ဂျယ်လီတွေ ဘာတွေ ပို့မနေချင်ဘူး။ “ဒါပဲ”
သူ့အသံမှာ တင်းမာနေသည်။ . . . ။
“သူ စိတ်ဆိုးနေတာကို သမီး သိပါတယ်။ ဒါ အပြင်ကပါ အန်တီရဲ့” ဟုပြောကာ “အန်တီက သူ့ကို သဘောမကျဘူး ထင်ပါရဲ့။ ဒါပေမယ့် အန်တီ က ပို့လိုက်တယ်လို့ မပြောပါဘူး အန်တီရဲ့။ သမီး ပို့တာလို့ပဲ ပြောပါ့မယ်။ သမီး သူ့ကို သဘောကျတယ်။ သူ့ဆီကို ဂျယ်လီပို့ရရင် ဝမ်းသာမှာပဲ အန်တီ ဟု ဆက်ပြောလိုက်သည်။ ?
- ဒေါ်ပေါ်လီက ခေါင်းကို ယမ်းလိုက်ပြန်သည်။ ထို့နောက် ရုတ်တရက် ၂ ရပ်လိုက်ပြီး “ပေါ်လီယာနာ။ ညည်း ဘယ်သူလဲဆိုတာ သူ သိသလား” ဟု ထူးထူးဆန်းဆန်း ငြိမ်သက်စွာ မေးလိုက်၏။
မိန်းကလေးက သက်ပြင်းချလိုက်ပြီး ...
“သိတယ် မထင်ပါဘူး အန်တီ။ သမီးနာမည်ကို တစ်ခါတော့ သူ့ကို ပြောပြပါတယ်။ ဒါပေမယ့် သူ သမီးကို အဲဒီနာမည်နဲ့ ဘယ်တော့မှ မခေါ် ပါဘူး” ဟု ပြောပြသည်။
“ညည်း ဘယ်မှာ နေတယ်ဆိုတာကော သူ သိသလား” “မသိပါဘူး အန်တီး၊ သမီး သူ့ကို ပြောမပြပါဘူး”
“ဒါဖြင့် ညည်း ငါ့တူမဆိုတာ သူ မသိဘူးပေါ့” . “မသိဘူး ထင်ပါတယ် အန်တီ""

အတန်ကြာအောင် ငြိမ်သက်နေ၏။ ဒေါ်ပေါ်လီသည် ပေါ်လီယာနာ အား စိုက်ကြည့်နေသော်လည်း မြင်ဟန် မတူချေ။ ထိုအတောအတွင်း ပေါ်လီ ယာနာမှာ ခြေတကြွကြွ ရင်တမမနှင့် စောင့်ဆိုင်းရင်း သက်ပြင်း ချမိရှာ၏။ အတန်ကြာမှ ဒေါ်ဒေါ်လီ ရုတ်တရက် အသက်ဝလာသလို လှုပ်ရှားလိုက်၏။
“ကောင်းပြီ ပေါ်လီယာနာ” ဟု စကား စပြောလိုက်တော့မှ အသံ မှာ သူ့အသံ မဟုတ်သလို ထူးဆန်းနေ၏။ ။
“ကောင်းပြီ ပေါ်လီယာနာ။ မစ္စတာ ပင်ဒယ်လ်တန်ဆီကို ညည်းပို့ တဲ့ လက်ဆောင်အနေနဲ့ ဂျယ်လီပို့ဆိုရင် ပို့နိုင်တယ်။ ဒါပေမယ့် ငါက ပို့တာ မဟုတ်ဘူးဆိုတာတော့ နားလည်ရမယ်။ သူက ငါ ပို့တယ်လို့ မထင်ဘူး ဆိုတာ သေချာပါစေ”
“ဟုတ်ကဲ့ အန်တီ မထင်ပါဘူး အန်တီ။ ကျေးဇူးပါပဲ အန်တီ ပေါ်လီ တူ ပျော်ရွှင်စွာ အော်ဟစ်ရင်း ပေါ်လီယာနာလည်း တံခါးပေါက်မှ ထွက်ပြေးလေတော့၏။

>>>>>××××>>>>>
အပိုင်း၁၅ဆက်ပါဦးမည်။


*** ပေါ်လီယာနာ ***
 ထင်လင်း

              အပိုင်း-၁၅
          ________________
ဒေါက်တာချစ်လ်တန်
မစ္စတာဂျွန်ပင်ဒယ်လ်တန်ထံသို့ ပေါ်လီယာနာ ဒုတိယအကြိမ် အလည်သွားတော့ ဧရာမအိမ်ကြီးမှာ တစ်မျိုးဖြစ်နေလေသည်။ ပြတင်းပေါက် များလည်း ပွင့်နေသည်။ ခပ်ကြီးကြီး မိန်းမကြီးတစ်ယောက်သည် နောက် ဘက် ခြံထဲတွင် အဝတ်များ ဖြန့်၍ လှန်းနေသည်။ ဆင်ဝင်အောင်တွင်ကာ ဒေါက်တာ ချစ်လတန်၏ မြင်းရထားကလေး ရပ်ထားသည် ။
ယခင် တစ်ကြိမ်ကလိုပင် ပေါ်လီယာနာသည် အိမ်ဘေးဘက် တံ ဆီသို့ သွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ခေါင်းလောင်းကို တီးလို သည်။ သူ၏လက်ချောင်းများသည် ယခင်တစ်ကြိမ်ကလို သော့တွဲများ ဆု မထားရ၍ တင်းကြပ်မနေချေ။ . . ။
သိကျွမ်းပြီးဖြစ်သော ခွေးကလေးသည် လှေကားထစ်များကို တက်လာပြီး ပေါ်လီယာနာအား နှုတ်ဆက်သည်။ သို့သော် တံခါးကိုကာ နောက်ဖေးတွင် အဝတ်လှန်းနေသော မိန်းမကြီးလာမှ ဖွင့်ရ၍ အတန်ကြာ စောင့်ရ၏။ 

“မစ္စတာ ပင်ဒယ်လ်တန်အတွက် နွားကလေးခြေထောက်ပေါင် ဂျယ်လီ ယူလာတာပါ” ဟု ပေါ်လီယာနာက ပြုံးရွှင်စွာ ပြောလိုက်တော့ မိန်းမကြီးက ပေါ်လီယာနာ့ လက်ထဲက ပန်းကန်ကို လှမ်းယူရင်း “ ကေ်းဇူးတင်ပါတယ်”ဟု ဆိုလိုက်ပြီး ...
“ဘယ်သူ ပို့တယ် ပြောရမလဲ ကလေး။ နွားကလေးခြေထော ပေါင်းဂျယ်လီနော်" မေးနေစဉ် စကြံအတိုင်းလျှောက်လာသော ဆရာဝန် ပေါ်လီယာနာ၏ အလိုမပြည် သောမျက်နှာကို မြင်မိကာ သူတို့ ရှိရာသို့ လျှောက်လာလေ၏။
“နွားကလေးခြေထောက်ပေါင်း ဂျယ်လီ။ အား ဟား၊ တယ်ကောင်း ၊ ပါလား" ဟု သဘောကောင်းစွာ ဆိုလိုက်ပြီး “သမီးကလေးက လူနာ လာကြည် တာလား” ဟု မေးလိုက်သည်။
သည်တော့မှ ပေါ်လီယာနာက “ဟုတ်ပါတယ်” ဟု ဆိုကာ ပြုနိုင် တော့သည်။ မိန်းကြီးလည်း ဆရာဝန်က ခေါင်းညိတ်ပြလိုက်သဖြင့် မျက်နှာ ပေါ်တွင် အံ့အားသင့်သော အမူအရာပေါ်လျက်က ပေါ်လီယာနာအား အိမ်ထဲသို့ ခေါ်သွားရလေ၏။
ဆရာဝန်၏နောက်မှ ပါလာသော မြို့မှခေါ်လာသည် သူနာပြု အတတ်သင်ပြီး လူငယ်ကလေးက စိတ်အနှောင့်အယှက်ဖြစ်သွားသလို “ဒါပေမယ့် ဆရာ။ မစ္စတာပင်ဒယ်လ်တန်က ဘယ်သူမှ ဝင်ခွင့်မပေးရဘူး လို့ အမိန့်ထုတ်ထားတယ် မဟုတ်လား ဆရာ” ဟု ကန့်ကွက်သေးသည်။
ဆရာဝန်က တည်ငြိမ်စွာပင် “ဟုတ်ပါတယ်” ။ ဒါပေမယ့် ကျပ် တာဝန်နဲ့ ကျုပ် အမိန့်ပေးနေပါတယ်” ဟု ပြောပြီးမှ ရယ်သွမ်းသွေးသလို ဖြင့် “ဟေ့။ မင်း မသိလို့ကွယ့်။ အဲဒီ ကလေးမက အားဆေး ကွပ်ပုလင်း ခြောက်လုံးစာလောက်ထက် ပိုကောင်းတယ်။ ဒီနေ့ည ပင်ဒယ်လ်တန် စိတ် ချဉ်ပေါက်နေတာ ပျောက်အောင် လုပ်နိုင်တယ်ဆိုရင် ဒီကလေးမပဲ ဖြစ်မယ်၊ ဒါကြောင့် သူ့ကို ဝင်ခွင့်ပြုလိုက်ကာ” ဟု ရှင်းပြနေ၏။

“သူက ဘယ်သူလဲ ဆရာ”
ဆရာဝန်သည် တစ်ခဏမျှ တွေနေပြီးမှ “သူက မြို့ထဲက လူသိများ တဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့ တူမကလေးပါ။ သူ့နာမည်က ပေါ်လီ ယားနာဝှစ်တီးယားတဲ့၊ သူ့ကို ကျုပ်ကိုယ်တိုင် ကောင်းကောင်း မသိသေးပါ ဘူး။ သို့ပေမယ့် ကျုပ်လူနာ အများအပြားကတော့ သိကြတယ်။ ကျေးဇူး တင်ရသေးတယ်” ဟု ပြောပြသဖြင့် သူနာပြုအမျိုးသားကလေးက ပြုံးလိုက် သည်။ . ။
“ဟုတ်လား ဆရာ။ သူ့အံ့ဖွယ်သရဲ အားဆေးမှာ ဘာတွေများ - ပါလို့လဲ ဆရာရဲ့"
ဆရာဝန်က ခေါင်းကို ယမ်းလိုက်ပြီး “ကျုပ်လည်း မသိဘူး။ အနီးဆုံး စုံစမ်းလို့ ရသလောက်ကတော့ သူ့မှာက ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ အီး အားလုံးအတွက် အံ့သြစရာကောင်းလောက်အောင် အမြဲဝမ်းသားဆုကို ရှာတတ်တဲ့ ဉာဉ်ကလေး ရှိတယ်တဲ့။ သူပြောတဲ့ စကားကလေးတွေကို ကျပ် လူနာတွေက ကျုပ်ကို ပြန်ပြန်ပြောကြတဲ့အတိုင်းဆိုရင် ယေဘုယျအဓိပ္ပါယ် တတော့ ဘာမဆို ဝမ်းသာစရာချည် ပဲလို့ ကျုပ် နားလည်တယ်လေ” 
ဟု ပြောပြရာမှ ဆင်ဝင်ဘက်သို့ ထွက်လာရင်း ...
' နောက်တစ်ကြိမ် ရယ်သွမ်းသွေးသလို ပြုံးပြလိုက်ပြီး “ကျုပ် ကလေးမကလေးကို ဆေးညွှန်းသလို ညွှန်းပြီး ဆေးဝယ်သလို ဝယ်လို့ရ တယ်။ တကယ်က ဒီကလေးမမျိုး ကမ္ဘာပေါ်မှာ အများကြီး ရှိနေရင် မင်း
ကျုပ်တို့လို ဆေးကုသူနာပြုစားတဲ့လူတွေ လမ်းဘေးမှာ သွားပြီး တောင်း နေရမယ့်သဘော ရှိတယ်” ဟု ပြောလိုက်သည်။ 

ထိုအချိန်တွင် ပေါ်လီယာနာအား ဆရာဝန်၏အမိန့်ဖြင့် မစ္စတာ ပင်ဒယ်လ်တန်၏ အခန်းများသို့ မိန်းမကြီးက ခေါ်ဆောင်သွား လျက်ရှိသည့် သူသွားရသည်လမ်းမှာ စကြံရှိ စာကြည့်ခန်းထဲမှ ဖြတ်သွားရသည် အလျင်အမြန် ဖြတ်သွားရခြင်းဖြစ်သော်လည်း အတော်ပြောင်းလဲခဲ့ပြီ
ပေါ်လီယာနာ ချက်ချင်း သိသည်။ စာအုပ်စင်များ အပြည် ရှိသည် နံရံများကန့်လန့်ကာ အနီကြီးများမှာ နဂိုအတိုင်းပင် ဖြစ်သော်လည်း ကြမ်းပေါ်တွင်
အမှိုက်သရိုက်များ မရှိ။ စားပွဲပေါ်တွင် ရှုပ်ရှုပ်ပွပွ မရှိတော့။ ဖုန်လည်း တစ်စက်မျှ မတွေ့ရတော့။ မီးလင်းဖိုမှ ကြေးချောင်းများကိုလည်း ပွတ်တိုက်လား။တယ်လီဖုန်း ကတ်ပြားသည်လည်း သူ့နေရာနှင့်သူ ဖြစ်နေပြီး
လျှို့ဝှက်ဆန်းကြယ်သော တံခါးများအနက် တစ်ခုမှာ ပွင့်နေသည် ဤ တံခါးမှပင် ပေါ်လီယာနာကို ခေါ်သွားသည်။ တစ်ခဏကြာလျှင် ခမ်းနား
သော အဆင်အပြင်များဖြင့် ပြီးသော အိပ်ခန်းထဲသို့ ရောက်လာကြပြီး မိန်း ကြီးက “မိန်းကလေးတစ်ယောက် ဂျယ်လီ လာပို့ပါတယ်။ ဆရာဝန် သူ့ကို ခေါ်သွားရမယ်ဆိုလို့ ကျုပ် ခေါ်လာခဲ့ပါတယ်” ဟု ကြောက်ရွံ့ ပြောပြလိုက်သည်။
နောက် တစ်ခဏအကြာတွင် ပေါ်လီယာနာနှင့် အိပ်ရာပေါ်တွင် ပက်လက်အိပ်နေသော အလွန်မျက်နှာသိုးလျက်ရှိသည် လူကြီးတို့သာ အခန်း ထဲတွင် ကျန်ရစ်သည်။ 
“ဟေ့၊ ငါပြောတာထားတာ ...“ ဟု ဒေါသဖြင့် ငေါက်လိုက်ပြီ မှ ပေါ်လီယာနာကိုမြင်ကာ “ဩ... ဩ၊ မင်းကိုး” ဟု ဆိုလိုက်ရသော်လည်း သိပ်တော့ ယဉ်ယဉ်ကျေးကျေးကြီး မဟုတ်၊ ပေါ်လီယာနာက သူ့အိပ်ရာနား သို့ တိုးသွားသည်။

“ဟုတ်ပါတယ် ဦးဦး။ သမီးကို သူတို့ ဝင်ခွင့်ပြုတာ သိပ် ဝမ်းသာတာပဲ။ အစတုန်းကလေ မိန်းမကြီးက ဂျယ်လီကိုပဲ ယူတော့မလို့။ သမီးလေ ဦးကို မတွေ့ရတော့ဘူးဆိုပြီး စိတ်ပူနေတာ။ ဆရာဝန် ဝင်လာပေလို့ပေါ့။ [ရာဝန်က သမီး ဝင်တွေ့ချင် တွေ့ရမယ်ဆိုလို့ ဝင်ရတာ။ ဒီဆရာဝန်က နပ်ချစ်စရာ ကောင်းတယ်နော်”
မစ္စတာပင်ဒယ်လ်တန်မှာ သူ မဟုတ်သလိုပင် ပြုံးယောင်ယောင် စ်လာသော်လည်း “အင်း”ဟုသာ ဆိုသည်။
“သမီးက ဦးဦးဖို့ ဂျယ်လီ ယူလာတာလေ။ နွားကလေးခြေထောက် တူတယ်။ ဦးဦး ကြိုက်မှာပါပဲ” ဟု ပေါ်လီယာနာက ပြောရင်း သူ့အသံမှာ တက်ကြွလာသည်။ - မစ္စတာပင်ဒယ်လ်တန်၏ မျက်နှာပေါ်မှ အပြုံးရိပ်များသည် ပျောက်
ကွယ်သွားကာ မှုန်သိုးသိုးဖြစ်၍လာပြီး “တစ်ခါမှ မစားဖူးဘူး” ဟု ဆို ၁ - ပိုက်သည်။ ။
ထိုခဏတွင် ပေါ်လီယာနာမှာ စိတ်ပျက်အားလျော့သလို” ဖြစ်သွား သော်လည်း၊ ဂျယ်လီပန်းကန်ကို ချလိုက်သည် အချိန်မှာ သူ့မျက်နှာ ကြည် သာပြန်သည်။
“မစားဖူးဘူး။ ဟုတ်လား။ ဒါဖြင့် ဦးဦး မကြိုက်ဘူးလို့ ဘယ့်နှယ် ပြောနိုင်ပါ့မလဲနော် ဦးဦး။ ဒါကြောင့် ဦးဦး ,တစ်ခါမှ မစားဖူးဘူးဆိုတာကို - သမီးက ဝမ်းသာရတာပေါ့။ ဦးဦး သိရင်"
“အေးပါ။ အေးပါ။ ငါသိတာ တစ်ခုတော့ ရှိပါတယ်။ အခု ငါ အိပ် ရာပေါ်မှာ ပက်လက်အိပ်နေရတယ်။ ငါ ငါ့ကမ္ဘာပျက်သည်အထိ ဒီလို ပဲ နေရမယ် ထင်တယ်”
ပေါ်လီယာနာက အံ့အားကြီး သင့်သွားဟန်တူ၏။
“မဟုတ်တာဘဲ။ ဘယ် ကမ္ဘာပျက်သည်အထိ နေရမလဲ။ ဦးဦး တလည်း။ ကောင်းကင်တမန် ဂေဘရီယယ်က တံပိုးခရာကိုမှုတ်တဲ့အခါ တကယ်တော့ ကောင်းတာထက် စောပြီး မရောက်လာရင်ပေါ့။ ဟုတ်တယ်
လေ။ သမ္မာကျမ်းစာက လူတွေထင်တာထက် စောပြီး ရောက်နိုင်တယ်တဲ့။ ဒါပေမယ့် ရောက်မယ် မထင်ပါဘူး။ ဒီလိုလေ။ သမ္မာကျမ်းစာကို သုံးပါတယ်။ ဒါပေမယ့် အခု ရောက်လာတာနဲ့စာရင် ..."

ဂျွန်ပင်ဒယ်လ်တန်သည် ဤတစ်ကြိမ်တော့ အသေထွက်အောင်ပင် ရုတ်တရက် ရယ်ချလိုက်သည်။
ထိုအချိန်က အခန်းထဲသို့ ဝင်လာနေသောသူနာပြုကလေးသည် မစ္စတာပင်ဒယ်လ်တန် ရယ်သည် အသံကို ကြားလိုက်ရလေရာ ခပ်သုတ်သုတ် ပင် အသံမပြုဘဲ ထွက်သွားလေသည်။ သူ ထွက်သွားပုံမှာ မုန့်အိုးကို ဖွင့် ကြည်ပြီး မကျက်သေးသည်ကို တွေ့ရ၍ လေစိမ်းဝင်မည်စိုးပြီး ရုတ်တရက် " ပြန်ပိတ်လိုက်သော အပြုအမူမျိုး ဖြစ်၏။
“မင့်ဟာ နည်းနည်းတော့ ရောကုန်ပြီ” ဟု ဂျွန်ပင်ဒယ်လ်တန် က ပေါ်လီယာနာအား ပြောသည်။
ပေါ်လီယာနာက ရယ်သည်။ 
“ဟုတ်တယ်။ သမီးပြောတာက ခြေထောက် မကြာပါဘူး။ ဒီလို လေး ကျိုးတဲ့ခြေထောက် ပြောတာပါ။ တော်ကြာ ကောင်းသွားမှာပါ။ တစ်သက် လုံး မမာနေတဲ့ မစ္စက်စနိုးတို့လို မဟုတ်ပါဘူး။ ဒါကြောင့် ဦးဦးဟာက ကမ္ဘာ ပျက်သည်အထိ မကြာပါဘူးလို့ ပြောတာ။ ဒါအတွက် ဦးဦး ဝမ်းသာဖို့ပဲ”
. “အေးပါ။ ငါ ဝမ်းသာပါတယ်” ဟု မျက်နှာခပ်တည်တည်ဖြင့် ဆိုသည်။ ။
“ပြီးတော့ ဦးဦး ကျိုးတာက တစ်ဘက်ပဲ၊ နှစ်ဘက်စလုံး မကျိုးတာကို လည်း ဝမ်းသာနိုင်တာပဲ” ဟု သူ့ကိစ္စအတွက် သူ စိတ်ကူးရင်း ပျိုးလာသည် မစ္စတာပင်ဒယ်လ်တန်က ... ။
“အေးပါ။ သိပ် ကံကောင်းပါတယ်” ဟု ပြောရင်း မျက်ခုံး ပင့်လိုက် ပြီး။ “ဒီလိုသာ ကြည် စတမ်းဆိုရင် ငါဟာ ကင်းခြေများ မဟုတ်တာကိုလည်း ဝမ်းသာရမယ် ထင်တယ်။ ကင်းခြေများဆိုရင် အချောင်း ငါးဆယ် ကြိုး မယ် မဟုတ်လား” ဟု ခပ်ရွဲ့ရွဲ့ ပြောသဖြင့် ပေါ်လီယာနာက ရယ်လိုက်သည်း
“အို ဒါလည်း ကောင်းတာပါပဲ ဦးဦးရဲ့။ ကင်းခြေများဆိုတာကို သမီး သိပါတယ်။ ခြေထောက်တွေ အများကြီးရှိတာလည်း ဝမ်းသာဖို့ပဲ”
“အေးပါ၊ အေးပါ"

မစ္စတာပင်ဒယ်လ်တန်က ခပ်ပြတ်ပြတ် ဆိုလိုက်သည်။ သူ့စိတ်ထဲ တွင် မကျေမချမ်းဖြစ်သမျှတို့ ပြန်ပေါ်လာဟန် တူ၏။
“တခြားလူတွေအတွက်လည်း ငါက ဝမ်းသာရဦးမှာပါပဲ။ သူနာပြု တို့၊ ဆရာဝန်တို့၊ မီးဖိုထဲက မိန်းမကြီးတို့အတွက်ပါ ငါက ဝမ်းသာနိုင်တာပဲ ဆိုပါတော့ ...”
“ဟုတ်တာပေါ့ ဦးဦးရဲ့။ သူတို့ သာ မရှိရင် ဦးဦးမှာ ဘယ်လောက် ခက်ခဲမလဲ”
“ဟေ့၊ တာတဲ့”
“သမီးပြောတာက ဒီလူတွေသာ မရှိရင် ဦးဦးအဖို့ ဘယ်လောက် ဒုက္ခရောက်မလဲ။ ခုလို အိပ်ရာထဲ လဲနေရတဲ့ အခါမျိုးမှာလေ”
“ဒါက အားလုံးဒုက္ခတွေရဲ့ အောက်ခြေက အကြောင်းပဲ မဟုတ်လား” ဟု မစ္စတာပင်ဒယ်လ်တန်က စိတ်တိုလာသလို ပြောလိုက်ပြီး ...
“ငါက ဒီမှာ ဒီလို လဲနေတဲ့အတွက် ဒီလူတွေ ရောက်လာရတယ် မဟုတ်လား။ ငါ့အိမ် ငါထားသလို မဟုတ်ဘဲ သူထင်သလို လျှောက်လုပ်ထား တဲ့တွက် မိန်းမကြီးရှိနေတာကို ငါက ဝမ်းသာရမှာလား။ သူ့ကို အားပေးကူညီ လုပ်ပြီး သူနာပြုလို့ ဆိုတဲ့လူ ရှိနေတာကိုကော ဝမ်းသာရမှာလား။ သူတို့ နှစ်ယောက်စလုံးကို အားပေးတဲ့ ဆရာဝန်ဆိုတာတော့ ထားလိုက်ဦး။အားလုံး အားလုံးပဲ။ ဒါတွေကို ငါက ပိုက်ဆံ ပေးထားရမယ်။ ကောင်းကောင်းလည်း ပေးရမယ်”
ပေါ်လီယာနာက စာနာစိတ်ဖြင့် မျက်မှောင်ကြုတ်ပြီး .
“ဟုတ်ပါတယ်။ သမီးသိပါတယ်။ အဲဒီဥစ္စာ ပိုက်ဆံကိစ္စကတော့ တကယ်ဆိုးတာပဲ။ ဦးဦးကလည်း တစ်ချိန်လုံး ပိုက်ဆံ စုနေတာ မဟုဘ်လား” ဟု ပြောလိုက်သည်။ ။
“ဟေ့ တစ်ချိန်လုံး။ ဘာ”
“ဦးဦး ပိုက်ဆံစုနေတာ ပြောတာပါ၊ ပဲပြုတ်နဲ့ ငါးဆုပ်လုံးချည်း စားပြီး စုနေတဲ့အခါ။ ဒါထက် ဦးဦး ပဲပြုတ် ကြိုက်လား။ ဒါမှမဟုတ် ကြက်သား ကြော်တို့ ဘာတို့ ကြိုက်ပေမယ့် ဆင့်ခြောက်ဆယ် နှမြောလို့ မစားတာလား”
“ဟေ့ ကလေး၊ မင်း ဘာတွေ ပြောနေတာလဲ” 
ပေါ်လီယာနာက ရွှင်လန်းစွာ ပြုံးလိုက်သည်။
“ဦးဦးရဲ့ ပိုက်ဆံအကြောင်း ပြောနေတာလေ။ ဦးဦး ဖြိုးခဲ့ပြီး တောကြိုအုံကြားက ကလေးတွေအတွက် စုနေတာကို ပြောတာ။ သမီးက ဒါတွေ သိပြီးသားပါ မစ္စတာပင်ဒယ်လ်တန်း၊ ဦးဦးဟာ အတွင်းစိတ် ဆိုးနေတာ မဟုတ်ဘူး ဆိုတာလည်း အဲသလိုပဲ သိလာပေါ့။ မမနန်စီက
ပြောပြလို့လေ”
မစ္စတာပင်ဒယ်လ်တန် အံ့အားသင့်သွား၏။
“နန်စီက တောကြိုအုံကြားက ကလေးတွေအတွက် ငါ ပိုက်ဆံစုနေ တယ်လို့ ပြောတာလား။ နေပါဦး။ အဲဒီ နန်စီဆိုတာ ဘယ်သူလဲ"
“သမီးတို့ မမနန်စီလေ။ အန်တီပေါ်လီအိမ်မှာ အလုပ် လုပ်တာ"

အန်တီပေါ် လီ။ ဟုတ်လား။ အဲဒီအန်တီပေါ်လီဆိုတာကကော - ဘယ်သူလဲ”
“သူက ဒေါ်ဒေါ်လီ ဟယ်ရင်တန်လေ။ သမီးက သူနဲ့ နေတယ်" မစ္စတာပင်ဒယ်လ်တန် ရုတ်တရက် လှုပ်ရှားလိုက်၏။ “ဒေါ်ပေါ်လီဟယ်ရင်တန်။ မင်း သူနဲ့ နေတယ်။ ဟုတ်လား”
“ဟုတ်ကဲ့။ သမီးက သူ့တူမပါ။ သူက သမီးကို ခေါ်ပြီး မွေးတာပါ။ - အမေ့ကို အကြောင်းပြုပြီး မွေးတာပါ။ အမေက သူ့အစ်မပါ။ အဖေရယ် အမေရယ်၊ သမီးတို့ အိမ်က တခြားလူတွေရယ် ကောင်းကင်ဘုံကို သွား ကြတော့ သမီးမှာ ထောက်ပံ့ရေးအသင်းက မိန်းမကြီးတွေကလွဲလို့ ဘယ်သူမှ = မကျန်ရစ်တော့ဘူးပေါ့။ ဒါကြောင့် သူက ခေါ်မွေးတာ”
မစ္စတာပင်ဒယ်လ်တန်မှာ ဘာမှ မပြောဘဲ ခေါင်းအုံးပေါ်တွင် ပြန် လှဲထားလိုက်သော သူ၏မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်လျက်ရှိရာ ပေါ်လီ ယာနာမှာ ထိတ်လန့်လျက် ထိုင်ရာမှ ထလိုက်မိလေ၏။
“သ... သမ်း... သွားမှ ထင်တယ်။ ဦး... ဦးဦး.. ဂျယ်လီ ကြိုက်လိမ့်မယ်လို့ ထင်ပါတယ်”
မစ္စတာ ပင်ဒယ်တန်က သူ့ဦးခေါင်းကို လှည့်ပြီး မျက်လုံးများကို ဖွင့်လိုက်တော့၊ သူ၏ နက်မှောင်သော မျက်နက်ဝန်းများသည် တစ်စုံ တစ်ခုသောအရာကို တမ်းတနေသည် အသွင် ပေါ်နေသဖြင့် ပေါ်လီယာနား သည် အံ့အားသင့်ရ၏။ ။
သူက “ဩဩ။ မင်းက ပေါ်လီဟယ်ရင်တန်ရဲ့ တူမ ပေကိုး” ဟု ငြင်သာစွာ ဆိုလိုက်သည်။
“ဟူတ်ပါတယ်"
မစ္စတာပင်ဒယ်လ်တန်၏ နက်မှောင်သော မျက်လုံးများက ပေါ်လီ ယာနာ၏မျက်နှာကလေးကို တစိမ့်စိမ့် ကြည် နေပြန်သဖြင့် ပေါ်လီယာနာပင် မနေတတ် မထိုင်တတ် ဖြစ်ရ၏။
“ဦးဦး...သူ့ကို... သိ၊ သိမယ် ထင်ပါတယ်” 
ဂျွန်ပင်ဒယ်လ်တန်၏ နှုတ်ခမ်းများပေါ်တွင် ထူးဆန်းသော အပြုံး ပေါ်လာပြီး “အေး။ သိပါတယ်” ဟု ပြောကာ ခေတ္တ ဆိုင်းနေ၏။ ထို့နောက် ထိုအပြုံးနှင့်ပင် “နေပါဦး ကလေးရဲ့၊ မင်းပြောတယ်လီကို ပေါ်လီဟယ်ရင် တန်က ပို့တာတော့ မဟုတ်ပါဘူး၊ မဖြစ်နိုင်ဘူး ထင်ပါတယ်" ဟု ခပ်ဖြည်း ဖြည်း ပြောသည်။
ပေါ်လီယာနာက စိတ်မသက်မသာဖြစ်လျက် ... '
“ မဟုတ်ပါဘူး ဦးဦးရဲ့။ သူပို့တာ မဟုတ်ပါဘူး။ သူက တောင် သူပို့တာလို့ မထင်ဘူးဆိုတာ သေချာပါစေလို့ လှေလိုက်ပါတယ်။ သမီး ...
“အင်း၊ ငါ ထင်သားပဲ” ဟု ဆိုကာ သူ့စကားကို တိုတိုနှင့် ဖြတ်၍ တစ်ဘက်သို့ လှည်သွားလေတော့ရာ ပိုမို စိတ်မသက်မသာဖြစ်လာသော ပေါ်လီယာနာလည်း အခန်းထဲမှ ခြေဖျားထောက်၍ ‘ထွက်လာခဲ့လေသည်။

ဆင်ဝင်အောက် ရောက်သောအခါ ဆရာဝန်သည် သူ့မြင်းရထား ပေါ်တွင် ထိုင်စောင့်နေသည်ကို တွေ့ရသည်။ သူနာပြုကလေးက လှေကား ထစ်များပေါ်တွင် ရပ်လျက်။ ။
ဆရာဝန်က ပြုံးလျက် “ကဲ-ပေါ်လီယာနာ။ သမီးကို အိမ်လိုက်ပို့ ပါရစေလား။ စောစောက ထွက်တော့မလို့ပဲ။ သမီးကို စောင့်ချင်တာနဲ့ မထွက် သေးတာ” ဟု ပြောသည်။
“ကျေးဇူးတင်ပါတယ်ရှင်။ စောင့်နေတာကိုပဲ သိပ်ဝမ်းသာတာပဲ။ သမီးက မြင်းရထားစီးရတာ သိပ်ပျော်တာ” ဟု ဧပါလီယာနာက ပြုံးရွှင် စွာပြောရင်း ဆရာဝန် လှမ်းပေးလိုက်သော လက်ကိုဆွဲကာ ရထားပေါ်သို့ တက်လိုက်၏။
ဆရာဝန်လည်း လှေကားထစ်များပေါ်က လူငယ်အား ခေါင်းဦး နှုတ်ဆက်လိုက်ပြီး ပေါ်လီယာနာအား ပြုံးပြလိုက်သည်။ “တို့ သိရသလောက်
ပြောရရင် သမီးလုပ်ရတာ ပျော်တဲ့အလုပ်တွေ သိပ်များသားပဲ။ ဟုတ်” ဟု မေးကာ ခပ်သွက်သွက် မောင်းထွက်ခဲ့လေသည်။
ပေါ်လီယာနာက ရယ်လိုက်ပြီး ...
“မပြောတတ်ပါဘူးလေ။ ဟုတ်ပါလိမ့်မယ်။သမီးကတော့ ဘာမဆို ပျော်ပျော်လုပ်ရတာဆိုရင် ကြိုက်တာပဲ။ တခြားဟာတွေတော့ သိပ် မကြိုက် ဘူးလေ။ အချုပ်အလုပ်တို့ အသံထွက် စာဖတ်တာတို့ ဘာတို့ကိုလေ...။ ပျော်ပျော်လုပ်ရတဲ့ အလုပ်တွေမှ မဟုတ်ဘဲ” ဟု ပြောပြသည်။
“မဟုတ်ဘူးလား။ ဒါဖြင့် အဲဒါတွေ ဘာတွေလဲ” '
“ဒါတွေက ရိုးရိုး အသက်ရှင်နေဖို့ အတွက် သင်ရတာတဲ့။ အန်တီ ပေါ်လီကပြောတယ်” ဟု ပေါ်လီယာနာက စိတ်မပါ့တပါပြီး၍ သက်ပြင်း ချေရင်း ဆိုလိုက်သည်။ ။
ဆရာဝန်က ခပ်ဆန်းဆန်းကလေး ပြုံးလိုက်ပြီး ...“ဟုတ်လား အေးပေါ့လေ။သူကတော့ ဒီလိုပဲ ပြောမှာပေါ့” ဟု ဆိုလိုက်၏။
“ဟုတ်တယ်။ ဒါပေမယ့် သမီးကတော့ ဒီလို မထင်ပါဘူး။ အသက်ရှင် နေဖို့ပဲ။ သင်နေဖို့ မလိုပါဘူး ထင်တယ်။ သမီးတော့ မသင်ခဲ့ပါဘူး”
ဆရာဝန်က ပင့်သက်ရှည်ရှည် ရှိုက်၍ မှုတ်ထုတ်လိုက်သည်။

“အေး တချို့လူတွေကတော့ သင်ယူရတယ် ကလေးမရယ်” ဟု ပြောလိုက်ပြီး အတော်ကြာအောင် ငြိမ်သက်နေသည်။
သူ့မျက်နှာကို တစေ့တစောင်း မော်ကြည် မိသော ပေါ်လီယာနာက ဝိတ်မချမ်းမသာ ဖြစ်ရသည် အသွင်ကို မြင်ရသောကြောင့် သူ့အတွက် မသိ
မသာ စိတ်မကောင်း ဖြစ်မိ၏။ ထို့ကြောင့် ဒေါက်တာချစ်လတန် စိတ်ချမ်း - သာအောင် တစ်ခုခု လုပ်ပေးချင်စိတ်လည်း ဖြစ်မိဟန်တူ၏။
“ဒေါက်တာ ချစ်လတန်၊ အလုပ်အမျိုးမျိုး ရှိတာမှာ ဆရာဝန် အလုပ် ဟာ ဝမ်းသာစရာ အကောင်းဆုံး အလုပ်ပဲလို့ ထင်တယ်နော်”
ဆရာဝန်က အံ့အားသင့်စွာ လှည်ကြည်လိုက်ပြီး “ဝမ်းသာစရာ အကောင်းဆုံး။ ဟုတ်လား။ သွားလေရာမှာ နာနေတဲ့ လူတွေချည်း မြင် တွေ့နေရတာ ဝမ်းသာစရာ အကောင်းဆုံးလားကွယ့်” ဟု ပြောလိုက်သည် တွင် ပေါ်လီယာနာက ခေါင်း ညိတ်ပြလိုက်သည်။
“သိပါတယ်၊ ဒါပေမယ့် ဆရာဝန်ဆိုတာ နာနေတဲ့လူတွေကို ကူညီ နေတာပဲ။ မတွေ့ဘူးလား။ ကူညီနိုင်တာကိုက ဝမ်းသာစရာပဲပေါ့။ ဒါကြောင့် လူအားလုံးမှာ ဆရာဝန်ဟာ ၀မ်းသာစရာ အကောင်းဆုံးလူမျိုး ဖြစ်တာပေါ့။ ဘယ်တော့ ဖြစ်ဖြစ်ပဲ”

ဆရာဝန်၏ မျက်လုံးများမှာ မျက်ရည်ပူများ ပြည်လာသည်။ သူ့ ဘဝမှာ အထူး ငြီးငွေ့ဖွယ်ကောင်းသည် ဘဝ ဖြစ်၏။ သားမယားလည်း ရိုး
ထားသော အိမ်နှင့် နှစ်ခန်းတွဲ ဆေးခန်းကလေးတစ်ပါး သူ့မှာ အိမ်တူ၍ ရှိ။ သူသည် ဆေးကုရသောအလုပ်ကို အလွန် မြတ်နိုးခဲ့သည်။ ယခု ပေါ်လီ သာနာ၏ တောက်ပသော မျက်လုံးများကို စိုက်ကြည် ရင်း သူသည် ကုမ္ပဏီ ရှင် မေတ္တာရှင်၏ ကောင်းချီးပေးခြင်းကို ခံလိုက်ရသလို ခံစားမိ၏။ နောက် ဆိုလျှင် နေ့များ၌ အလုပ် မည်မျှပင်ပန်း၍ ညဉ်များ၌ မည်မျှပင် နွမ်းနယ် ဦးငွေ့၍ နေစေကာမူ ပေါ်လီယာနာ၏ မျက်လုံးများမှတစ်ဆင့် သူ့ထံသို့ ရောက်ရှိလာသော အသိသစ် အမြင်သစ်ကလေးက သူ့အား နှစ်သိမ့်မြဲ ဖြစ် လေသည်။ ။
“အေး အေး။ ကောင်းပါပေ့ကွယ်” ဟု သူက ဆိုလိုက်ပြီး သူ၏ လူနာများ ကောင်းစွာသိကြ၍ ချစ်ခင်ကြသော အပြုံးဖြင့် ...
“ဆရာဝန်ရော၊ လူနာရော အဲသလို အားဆေးကလေး တစ်ခွက်စီ လောက်တော့ လိုတာပဲလို့ တို့ စဉ်းစားနေတယ်” ဟု ပြောလိုက်သည်။
ဤစကားများကို ပေါ်လီယာနာ ဘာမျှ ကောင်းစွာ နားမလည်လိုက် သော်လည်း သူတို့သွားနေသည် လမ်းပေါ်တွင် ရှဉ့်ကလေးတစ်ကောင် ဖြတ် ပြေးသွားတော့ သူ အားလုံး မေ့သွားသည်။ 
 ဆရာဝန်က ပေါ်လီယာနာအား အိမ်အထိ လိုက်ပို့ပြီး အိမ်ရှေ့ဆင် ဝင်တွင် တံမြက်လှဲနေသော နန်စီအား ပြုံးပြကာ ခပ်သွက်သွက် မောင်းထွက် သွားလေ၏။
 
“သမီးလေး။ ဆရာဝန်နဲ့ မြင်းရထားစီးပြီး ပြန်လာတာ ပျော် လိုက်တာ” ဟု ပေါ်လီယာနာက လှေကားထစ်များကို ပြေးတက်ရင်း ပြော လိုက်ပြီး “ဆရာဝန်က သိပ် ချစ်ဖို့ကောင်းတာပဲ မမနန်စီရဲ့" ဟု ဆက်ဆို လိုက်၏။
“ဟုတ်လား” 
“ဟုတ်တယ်။ သမီးက ပြောလိုက်တယ်။ သူ့အလုပ်ဟာ ဝမ်းသာစရာ အကောင်းဆုံး အလုပ်ပဲလို့”
“ဘာလဲ၊ ဖျားနေတဲ့လူတွေ လျှောက်ကြည်နေရတဲ့ အလုပ်ကိုလား။ ပြီးတော့ မဖျားမနာလည်း ဖျားတယ်နာတယ် ထင်နေတဲ့ လူတွေကို ရောကြည်
ရတဲ့ အလုပ်။ အဲဒါက ပိုဆိုးသေးတာ” ဟု နန်စီက စောဒကတက်သည် မျက်နှာဖြင့် ပြောသည်။
ပေါ်လီယာနာက ရွှင်မြူးစွာ ရယ်လိုက်ပြီး ...
“ဆရာဝန်ကလည်း အဲသလိုပဲ၊ ဒီလိုအထဲကတောင်မှ ဝမ်းသာ စရာ ရှိပါတယ် မမရဲ့” ဟု ပြောလိုက်သည်။ ။ - နန်စီသည် မျက်မှောင်ကြုတ်၍ တွေးတောနေလေ၏။ နန်စီက ဤ
ဝမ်းသာတမ်း ကစားနည်းကို ဖြစ်မြောက်အောင် ကစားတော့မည် အောက် - မေ့ထားသည်နှင့် ပေါ်လီယာနာ၏ စကားထာကလေးများ ဖြေနေရသည် ကို ပျော်သည်။ ပေါ်လီယာနာ၏ မေးခွန်းကလေးများကို နန်စီက စကား ထာ ဟု ခေါ်၏။
“အေး။ ငါ သိပြီ။သမီး မစ္စက်စနိုးကို ပြောတာနဲ့ ပြောင်းပြန် ယူရ မယ်”ဟု ဆို၍ ရယ်လိုက်သည်။ - “ပြောင်းပြန်”
ပေါ်လီယာနာက လိုက်ဆိုလိုက်သည်။ သူပင်လျှင် ရှုပ်သွားဟန်တူ၏။
“အေးလေ။ သမီးက မစ္စက်စနိုးကို ပြောခဲ့တယ် မဟုတ်လား။ တခြား လူတွေဟာ သူ့လို အားလုံး ဖျားနာနေကြတာ မဟုတ်တာကို ဝမ်းသာနိုင်တယ်လို့ ”
“ဟုတ်တယ်လေ” 
“ကဲ၊ ဆရာဝန်ကလည်း သူဟာ တခြားသူတွေလို မဟုတ်တာ၊ ဖျား - နာနေတဲ့သူ မဟုတ်တာကို ဝမ်းသာလို့ ရတာပေါ့” ဟု နန်စီက ဝင့်ကြွားစွာ - ပြောပြလိုက်၏။
“အင်း၊ အင်းနော်။ ဟုတ်တာပေါ့။ဒါလည်း တစ်နည်းပေါ့။ ဒါ ပေမယ့် သမီးပြောခဲ့တာက အဲသလို မဟုတ်ဘူး။ တစ်နည်းအားဖြင့် သမီးက အဲသလို ပြောတာကိုလည်း သိပ်တော့ မကြိုက်လှဘူး။ တခြားလူတွေ ဖျားနေ ကြတာကို သူ ဝမ်းသာတယ်ဆိုတာမျိုး ဖြစ်နေအောင် ပြောတာ မဟုတ်ဘူး “ လေး၊ မမနန်စီ ကစားတာက တစ်ခါတလေ သိပ်ရယ်စရာကောင်းတာပဲ” ဟု ဆိုကာ အိမ်ထဲသို့ ဝင်ခဲ့လေရာ သူ့အဒေါ်အား အိမ်ရှေ့ခန်းတွင် တွေ့ရသည်။

“ပေါ်လီယာနာ။ ညည်းကို ရထားနဲ့ အိမ်ထဲအထိ မောင်းပြီး လိုက်ပို့ တာ ဘယ်သူလဲ” ဟု ခပ်ဆတ်ဆတ် မေးလိုက်သည်။
“ဒေါက်တာ ချစ်လ္တန်ပါ အန်တီရဲ့။ အန်တီ သူ့ကို သိတယ်မဟုတ်လား”
“ဒေါက်တာ ချစ်လ္တန်။ ဟုတ်လား။ သူ ဒီကို ဘာလာလုပ်တာလဲ”
“ဪ၊ အန်တီကလည်း။ သမီးကို လိုက်ပို့တာလေ။ သမီးက မစ္စတာ ပင်ဒယ်လ်တန်ဆီ ဂျယ်လီ သွားပို့တာလေ။ ပြီးတော့”
ဒေါ်ပေါ်လီက ခေါင်းကို ဆတ်ခနဲမော့လိုက်ပြီး ... 
 “ပေါ်လီယာနာ။ ငါက ပို့တာလို့ သူ မထင်ဘူးနော်”
“မထင်ပါဘူး အန်တီပေါ်လီသမီးက အန်တီ ပို့တာ မဟုတ်ဘူးလို့ သို့ ပြောပြလိုက်ပါတယ်” 
ဒေါ်ဒေါ်လီမျက်နှာမှာ ပန်းနုရောင် သမ်းသွားသည်။ 

“ငါ ပို့တာ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ ဟုတ်လား” 
သူ့အဒေါ်က အပြစ်တင်သဖြင့် အထိတ်တလန့်မေးတော့ သူမျက်လုံး ပြူးသွားသည်။ 
“အနော့။ အန်တီပေါ်လီပဲ အဲသလို ပြောလိုက်တယ် မဟုတ်လား” 
အန်တီပေါ်လီ သက်ပြင်းချလိုက်ပြီး ...
“ပေါ်လီယာနာ။ ငါက ညည်းကို ပြောတာ။ ဒီဟာကို ငါက ပို့တယ်လို့ မထင်စေချင်လို့ ပြောလိုက်တာ။ ငါက ပို့တာ မဟုတ်ပါဘူးလို့ တစ်ခါတည်း သူ့ကို ပြောလိုက်တာနဲ့ ဘာဆိုင်လို့လဲ” ဟု ဆိုကာ စိတ် မသက်မသာနှင့် တစ်ဘက်သို့ လှည် သွားသည်။
“ဘုရားရေ။ ဘာများ ထူးပို့ပါလိမ့်” ဟု သူ့ကိုယ်သူ ပြောရင်း သတ် ပြင်းချကာ ဤနေရာတွင် သူ၏ဦးထုပ်ကို အမြဲ ချိတ်ရမည်ဟု အန်တီ ပေါ်လီက ပြထားသည် ချိတ်သို့ သူ၏ ဦးထုပ်ကို သွားချိတ်ရင်း အောက်မေ့မိလေ၏။
>>>>>>×××××>>>>
အပိုင်း၁၆ဆက်ပါဦးမည်။


*** ပေါ်လီယာနာ ***
  ထင်လင်း

                အပိုင်း-၁၆
            ________________
နှင်းဆီနီနှင့်ဇာပုဝါ

မစ္စတာဂျွန်ပင်ဒယ်လ်တန်ထံသို့ ပေါ်လီယာနာ သွားလည်ပြီးနောက် - တစ်ပတ်ခန့်အကြာ မိုးရွာသော နေ့တစ်နေ့တွင် တင်မိုသီသည် ဒေါ်ပေါ်လီအား ထောက်ပံ့ရေးအသင်း အစည်းအဝေးသို့ ခပ်စောစော မွန်းလွဲပိုင်းတွင် ပို့ရလေသည်။ ညနေ သုံးနာရီခန့်တွင် သူ ပြန်လာတော့ သူ၏ ပါးပြင်များ ကြည်လင်လျက် ပန်းနုရောင် သန်းနေသည်။ မိုးသက်လေ ဝှေ့လိုက်သောကြောင့် သူ၏ ဆံပင်များမှာ ပွထွက်ကာ ဆံညှပ်လွတ်သည် နေရာများ အလိမ်အခွေကလေးများ ဖြစ်နေ၏။ 

ပေါ်လီယာနာသည် သူ့အဒေါ်၏ ဤသို့ ကပိုကရို ရုပ်သွင်ကို တစ်ခါမှ မမြင်ဘူးသဖြင့် “အို အို အို၊ အန်တီပေါ်သီး အန်ဘီမှာလည်း - ဒါတွေ ရှိတယ်နော်” ဟု ပျော်ရွှင်စွာ အော်ဟစ်မြူးတူးလျက် အိမ်ရှေ့ခန်းထဲသို့ ဝင်လာနေသော သူ့အဒေါ်အား ပတ်ချာလှည်၍ ကခုန်ရင်း လိုက်လာခဲ့၏
“ဘာတွေ ရှိတာလဲ။ တကယ့် ခက်တဲ့ကလေးပဲ” 'ပေါ်လီယာနာက သူ့အဒေါ်အား ပတ်၍ လှည်ရင်းကပင် ...
“အန်တီမှာ ဒါတွေရှိတာ သမီး သိတောင် မသိဘူး။ မသိဘဲနဲ့ ဒါ တွေဟာ ရှိနေနိုင်သလား အန်တီ။ သမီးမှာကော ရှိနိုင်သလား။ ကောင်းကင် ဘုံကို မရောက်ခင်လေ၊ ရှိလည်း အနက်ရောင်တော့ ရမှာ မဟုတ်ပါဘူး။ အနက်ရောင်တော့ မမြင်အောင် ဝှက်ထားလို့ ရတာမှ မဟုတ်ဘဲ” ဟု သူ့နားရွက် အထက်တွင် ဖြောင့်တန်းစွာကျနေသော ဆံပင်များကို ဆွဲကာ ဆွဲကာပြလျက် ပြောနေလေ၏။
အန်တီပေါ်လီက သူ့ဦးထုပ်ကို ကပျာကယာချွတ်၍ ဖရိုဖရဲဖြစ်နေ သော ဆံပင်များကို သပ်၍ သွင်းရင်း “ပေါ်လီယာနာ ဒါက ဘာလုပ် တာလဲ” ဟု ခပ်ထန်ထန် မေးလိုက်၏။
ပေါ်လီယာနာက ပျော်ရွှင်စွာ “အန်တီ။ အန်တီ ခဏနေပါဦး။ အန်တီရဲ့ ဆံပင်တွေကို မသပ်လိုက်ပါနဲ့ဦး။ သမီးပြောနေတာ အဲဒီ ဆံပင်တွေ ကိုပါ။ အို- အန်တီ၊ အန်တီရဲ့ ချစ်စရာ ခွေအနက်ကလေးတွေ၊ အို- အန်တီရယ်။ သိပ်လှတာပဲ” ဟု အရေးတကြီး တောင်းတောင်းပန်ပန် အော်ဟစ်နေလေ၏။  

“တောက်တီးတောက်တက် ဟယ်။ ဒါထက် ပေါ်လီယာနာ တစ်နေ့ က ထောက်ပံ့ရေးအသင်းကို ဟိုသူတောင်းစားကောင်ကလေးအကြောင်း မဟုတ်က ဟုတ်က သွားပြောရတာက ဘာသဘောလဲ” ,
“တောက်တီးတောက်တက် မဟုတ်ပါဘူး။ အန်တီကလည်း” ဟု ပထမစကားတစ်ခွန်းကိုသာ ရည်ညွှန်း၍ ဖြေပြီး၊
“အန်တီ၊ အန်တီဆံပင် အဲသလိုနဲ့ဆိုရင် အန်တီ ဘယ်လောက် လှတယ်ဆိုတာ အန်တီမသိဘူးနော်။ အန်တီပေါ်လီ။ အန်တီဆံပင်ကို မစ္စက်စနိုးရဲ့ ဆံပင် လုပ်သလို လုပ်ပေးပါရစေ အန်တီရယ်။ ပန်းလည်း | ပန်ပေးပါရစေနော်။ အန်တီကို အဲသလို သိပ် ကြည့်ချင်တာပဲ။ အန်တီက | မစ္စက်စနိုးထက် အများကြီး ပိုလှမယ်။ သိလား” ဟု ဆက်ပြောသည်။
“ပေါ်လီယာနာ*
ဒေါ်ပေါ်လီက ခပ်တင်းတင်းပြောလိုက်သည်။ တကယ်တော့ ပေါ်လီယာနာ၏ စကားများသည် သူ့အား ထူးထူးဆန်းဆန်း ရင်ခုန်စေသည် ဖြစ်၍ အသံကို ခပ်မာမာထား၍ အော်ရသည်။ သူ သော်လည်းကောင်း၊ သူ့ ဆံပင် သော်လည်းကောင်း ဘယ်လိုနေသည်ကို ယခင်က ဘယ်သူက ဂရုစိုက် ကြည်ခဲ့သနည်း၊သူ သနေသည်ကို ဘယ်သူက ကြည်၍ ပျော်ရွှင်ခဲ့သနည်း။
“ပေါ်လီယာနာ။ ငါမေးတာကို မဖြေသေးဘူး၊ ထောက်ပံ့ရေးအသင်း ကို ဘာဖြစ်လို့ အဓိပ္ပါယ်မရှိတာ သွားပြောရတာလဲ”
“ဟုတ်ကဲ့ အန်တီ၊ သမီးသိပါပြီး၊ ဒါပေမယ့် အန်တီရယ်။ သမီးလည်း အဲဒီကိုသွားတာ အဓိပ္ပါယ်မရှိဘူးဆိုတာ မသိလို့ပေါ့။ သွားတော့ သိခဲ့ရတာ ပေါ့။ သူတို့က ဂျင်မီ လူလားမြောက်လာတာထက် သူတို့အစီရင်ခံစာ ကြီးကျယ် တာကို ပိုမြင်ချင်ကြတာပဲ။ ဒါနဲ့ သမီးတို့ ထောက်ပံ့ရေးအသင်းကိုပဲ စာရေး လိုက်တယ်။ ဂျင်မီကလည်း သူတို့နဲ့ အဝေးကြီး မဟုတ်လား။ သူတို့အဖို့ ဂျင်မီဟာ မြေဝေးရပ်ခြားက ကလေးပေါ့ အန်တီပေါ်သီး၊ သမီးကလည်း အန်တီ ပေါ်လီရဲ့ မြေရပ်ခြားက ကလေးပဲ မဟုတ်ဘူးလားနော် အန်တီ။ အန် ဆံပင်ကို သမီး ပြီးပေးမယ်နော်။ နော် အန်တီ”
“ဒါပေမယ့် ပေါ်လီယာနာရယ်။ သူတို့ဆီ ညည်း ဘယ်ကယ်နည်း လာတယ်ဆိုတာ သူတို့က ပြောပြတော့ ငါ့မှာ ရှက်လိုက်တာ မပြောနဲ့တော့။ ငါလေ”

ပေါ်လီယာနာသည် ခြေဖျားထောက်၍ ကခုန်ကာ ဟိုမှ သည်မှ ရင်း၊ “ အန်တီက အန်တီဆံပင်ကို မဖြိုးရဘူးလို့ မပြောဘူးနော်။ အဲဒီ • တစ်ဘက်က လှည်ယူရမယ်။ ဟိုလိုလေ၊ မစ္စတာပင်ဒယ်လ်တန်ဆီ အန် မပို့တဲ့ ဂျယ်လီလိုလေ။ အန်တီ မပို့ ဘူးဆိုတာကို မပြောစေချင်တာလေ၊ အန်တီ အဲဒီနေရာမှာ ခဏ နေဦးနော်။ သမီး ဘီး သွားယူတိုက်ဦးမယ်” ပြောပြောဆိုဆို တက်ပြေးတော့ ဒေါ်ဒေါ်လီက “ ဟဲ-ဟဲ့ ပေါ်လီယာနာ ပေါ်လီယာနာ" ဟု တားမြစ်ရင်း သူ့နောက်က လိုက်၍ လှေကားအတိုင်း အမောတကော တက်ခဲ့၏။

ဒေါ်ပေါ်လီ၏ အခန်းတံခါးအရောက်တွင် ပေါ်လီယာနာ ပြန်ဆင်း အလာနှင့်တွေ့၍ “ဪ အန်တီ လိုက်လာသလား၊ ဒါ ပိုကောင်းတာပေါ့ ဘီးလည်း ယူခဲ့ပြီ။ ကဲ အန်တီ ဒီမှာ ထိုင်။ အမယ်လေး အန်တီရယ်။ သမီး အန်တီဆံပင်ကို ပြီးခွင့်ရတာ သိပ် ဝမ်းသာတာပဲ” 
“ဟဲ့ ပေါ်လီယာနာ။ ငါ …"
ဒေါ်ပေါ်လီစကားကို ဆုံးအောင် မပြောနိုင်တော့။ ဘာမှ မတတ်နိုင် ဘဲ အံ့ဩနေစဉ်မှာပင် သူ့ကိုယ်သူ ကိုယ်လုံးပေါ်မှန်ခုံရှေ့က ခုံနိမ့်ကလေး ပေါ်တွင် ထိုင်မိလျက်သားဖြစ်ပြီး၊ သူ၏ ဆံပင်များမှာလည်း ပြေလျှောကျကာ သွက်လက်သိမ်မွေ့သော လက်ကလေးဆယ်ချောင်းဖြင့် ပြီးသင်ခြင်း ခံနေ သည်ကို တွေ့လိုက်ရလေသည်။ ..
“တကယ်ပဲ အန်တီရယ်။ အန်တီဆံပင် သိပ် လှတာပဲ။ မစ္စက်စနို “ရဲ့ ဆံပင်ထက်လည်း များတယ်။ တကယ်တော့ ဟုတ်တာပေါ့။ အန်တီက ကျန်းကျန်းမာမာနဲ့ ဟိုဟိုဒီဒီ သွားနိုင်တယ် မဟုတ်လား။ အဲဒီတော့ လူတွေ မြင်နိုင်တာပေါ့။ တကယ်ပဲ မြင်တဲ့လူတွေတော့ အတော် အံ့ဩမှာပဲ၊ ဝမ်း လည်း သာကြမှာပဲ။ အန်တီက ဒါတွေ ဝှက်ထားတာ ကြာပြီပဲ။ ကြည်နေ အန်တီ။ လူတိုင်းက အန်တီကို ကြည့်ချင်လာလောက်အောင် လှလှကလေး လုပ်ဗေးလိုက်မယ်”
ဆံပင်များ ဖုံးအုပ်လျက်ရှိသည် အကြားက ဒေါ်ပေါ်လီက “ပေါ်လီ ယာနာ။ ညည်းကို ငါ ဘာကြောင့် ဒါ လုပ်ခွင့်ပြုလိုက်မိမှန်း မသိပါဘူး” ဟု အံ့အားသင့်စွာ ဆိုလေသည်။ 

“ဘာဖြစ်လဲ အန်တီပေါ်လီ။ လူတွေက အန်တီကို ကြည်ချင်တယ် တာ အန်တီ ဝမ်းသာမယ်လို့ ထင်ပါတယ်။ အန်တီကော လှတာတွေဆိုရင် ကြည် ချင်ဘူးလား။ သမီးတော့လေ လှတဲ့လူတွေများ ကြည် ရရင် သိပ်ပျော် ာပဲ။ မလှတဲ့လူများ ကြည် ရပြန်တော့လည်း သူတို့ အတွက် စိတ်မကောင်း စ်ရတယ် အန်တီရဲ့”
“နေ၊ နေပါဦးဟဲ့” 
“သမီးက ဆံပင်တွေ ဘာတွေဆို သိပ် ပြီးပေးချင်တာ” ဟု ပေါ်လီ တနာက ကျေကျေနပ်နပ်ကြီး ဆိုလိုက်သည်။
“ထောက်ပံ့ရေးအသင်းက မိန်းမကြီးတွေရဲ့ ဆံပင်ကို သမီးတော် တော် ဖြိုးပေးခဲ့တာပဲ။ ဒါပေမယ့် သူတို့အထဲမှာ အန်တီလောက် ဆံပင်ကောင်း တ တစ်ယောက်မှ မရှိဘူး။ ဒါတောင် မစ္စက်ဝှက်ရဲ့ ဆံပင်ဆို အတော်ကလေး ဟာ ကောင်းပါတယ်လေ။ တစ်နေ့လေ သူ့ကို သမီး ပြီးလိမ်းဝတ်ဆ က်တာ အတော့်ကို ချစ်စရာကောင်းတယ်၊ သိလား""
“ဪ ဒါထက် အခုပဲ စဉ်းစားမိတယ်။ ဒါပေမယ့် ဘာလဲ တာ အန်တို့ကို မပြောသေးဘူး။ ကဲ ဆံပင်တွေတော့ ပြီးလို့ ပြီးပြီး အခု ဏလေး အန်တီကို ဒီလိုပဲ ထားခဲ့မယ်။ အန်တီ လှုပ်လည်း မလှုပ်နဲ့၊ ခြောင်းလည်း မကြည်နဲ့။ မကြည်ဘူးလို့ အန်တီ ကတိထားရမယ်နော်။ သမီး န်မလာမချင်း မလှုပ်ပါဘူး။ ချောင်း မကြည်ပါဘူးလို့ ကတိပေးရမယ် နော်။ ဟုတ်လား နော်” ဟု ဆိုကာ အခန်းထဲမှ အပြေးကလေး ထွက် လေသည်။

ဒေါ်ပေါ်လီက အသံထွက်၍ မပြောသော်လည်း စိတ်ထဲကတော့ ဘူမ ရူးကြောင်ကြောင်ဖြင့် လုပ်သွားသည် ဆံပင်ကို ချက်ချင်း ဖြည်ချ ပိုက်ပြီး သပ်သပ်ရပ်ရပ် ပြန်ထုံးမည်ဟု သူ့ကိုယ်သူ ပြောလျက်ရှိသည်။ ချောင်းကြည် ဆိုသည့် ကိစ္စကိုတော့ သူ အရေးမထား၊
ထိုအခိုက်မှာပင် ဘာကြောင့်မှန်းတော့ မသိ။ ဒေါ် ပေါ်လီသည် မှန် ဆင်က ကိုယ်လုံးပေါ်မှန်ထဲတွင် သူ့ကိုယ်သူ ရိပ်ခနဲ ကြည့်လိုက်မိတော့ ပါးပြင်များ နှင်းဆီရောင် သန်းလာသည်ကို တွေ့လိုက်ရလေသည်။ သို့
သူ မြင်ရသည် မျက်နှာမှာ မငယ်တော့သည်မှန်သော်လည်း ယခု အခိုက်အတန့်မှာ ဖျတ်လတ်လှုပ်ရှားလျက် ပါးများမှာ ပန်းရောင် လှနေည်။

 မျက်လုံးများမှာ အရောင် တောက်နေကြသည် အပြင်ဘက်တွင် မိုးသက်လေ
ဝှေ့ထား၍ ခတ်ထိုင်းထိုင်းဖြစ်နေသော သူ၏ ပိတုံးရောင်ဆံပင်များ လျော့ `ရဲရဲ လှိုင်းတွန့်များအဖြစ် နဖူးပေါ်တွင် ဝဲ၍ နားရွက်များပေါ်မှ လှပစွာ စိုက်၍ အိ၍ ဆင်းလျက်ရှိသည်။ နူးညံ့သော ဆံခွေကလေးများကလည်း ဟိုနား တစ်ခွေသည်နားတစ်ခွေ အိလျက်။”
မှန်ထဲတွင်မြင်ရသော ရုပ်ပုံကို ကြည်၍ ငေးမောနေမိသဖြင့် သူ့ဆံပင်ကို ဖြည်ချပစ်လိုက်မည်ဟူသော ဆုံးဖြတ်ချက်ကို မေ့လျော့သွားဟန် တူသည်။ ပေါ်လီယာနာ ပြန်ဝင်လာပြီး သူ လှည် မကြည့်နိုင်မီ သူ့မျက်နှာပေါ် သို့ အဝတ်ခေါက်တစ်ခု ရောက်လာကာ နောက်က ချည်ထားလိုက်သည်ထိ တွေ့လိုက်ရ၏။ 

 “ဟဲ့ ပေါ်လီယာနာ။ ဒါ ဘာလုပ်တာလဲဟင်” ဟု အလန့်တကြား အော်လိုက်မိ၏။ '
ပေါ်လီယာနာက ရယ်လိုက်သည်။
“အဲဒါ အန်တီကို မလုပ်စေချင်လို့ အန်တီ။ အန်တီ ချောင်းကြည် မှာစိုးလို့ လက်ကိုင်ပုဝါ ပိတ် စည်းထားတာပဲ။ ကဲ ငြိမ်ငြိမ်နေနော်။ သီ တစ်မိနစ် မကြာဘူး။ ပြီးတော့ အန်တီကို ပြမယ်...” ' “ဟဲ့ ပေါ်လီယာနာ။ ဖြတ်စမ်းပါ ကလေးရယ်။ ဘာတွေများ လျှောက် လုပ်နေတာလဲ” ဟု ပြောရင်း ဆိုင်ရာမှ ထတော့၊ သူ့ပခုံးပေါ်တွင် နူးနူးညံ့ ညီအရာတစ်ခု တင်လာသည်ကို တွေ့လိုက်ရ၏။
ပေါ်လီယာနာက ဘာမျှမပြောဘဲ ဇာပုဝါလှလှကလေး တင်ကာ အတွန့်ကလေးများ ကြွကြွရွရွပေါ်နေအောင် သူ၏ တုန်ယင်သော လက် ချောင်းကလေးများဖြင့် ပြုပြင်လျက်ရှိ၏။ ဇာပုဝါကလေးမှာ သိမ်းထားတာ ကြာပြီဖြစ်၍ အနည်းငယ် ဝါနေပြီး လာဗင်ဒါ ရေမွှေးနံ့ကလေးဖြင့် ထုံ သည်။ လွန်ခဲ့သည့် သီတင်းပတ်က နန်စီ အထပ်ခိုး ရှင်းစဉ်က ပေါ်လီယာနာ ဤပဝါ ကလေးကို တွေ့သည်။ ယနေ့ ပေါ်လီယာနာက သူ့အဒေါ်ကို မစ္စက်ခြိုက်အား ဖြီးလိမ်းပြင်ဆင်ပေးသလို ပေးဖို့ စိတ်ကူးရတော့ ဒါကို သူ သတိရခြင်း ဖြစ်သည်။

သူ့အလုပ် ပြည်စုံတော့ ပေါ်လီယာနာက ကျေနပ်စွာ ကြည်ပြီး တစ်ခုကလေး လိုနေသည်ကို တွေ့ရ၏။ မဆိုင်းမတွပင် သူ့အဒေါ်အား
လသာဆောင်ဘက်သို့ ဆွဲခေါ်လာခဲ့သည်။ လေသာဆောင်ထက်တွင် သူ ပြက်လှမ်း မီသောနေရာ၌ နှင်းဆီနီနီကလေးတစ်ပွင့် ရာသီနှောင်းလျက် နှင့်နေသည်ကိုမြင်ထားသည်။
“ဟဲ့ ပေါ်လီယာနာရဲ့။ ဘာ လုပ်ဦးမလို့လဲ။ ငါ့ကို ညည်း ဘယ်ခေါ် . သွားမလို့လဲ။ ဒီကောင်မလေးဟာလေ...”
အန်တီပေါ်လီသည် ဆုတ်ဆိုင်းဆုတ်ဆိုင်းနှင့်ပင် ငြင်းဆန်ရင်း ပေါ်လီယာနာ ဆွဲခေါ်ရာသို့ ပါသွားလေ၏။

“ဒီနားတင်ပါ အန်တီရဲ့။ ခဏလေးပါ။ လေသာဆောင်ဘက်ကိုပါး အန်တီကို အမြန်ဆုံး ပြီးအောင် လုပ်မှာပါ” ဟု ပြောရင်း နှင်းဆီပန်းကို ဆွဲ စွတ်လိုက်ပြီး ဒေါ်ဒေါ်လီ၏ လက်ဝဲဘက်နား၏ အထက်နားစ၌ `ပန် လိုက်၏။ ပြီးလျှင် မျက်လုံးများကို ပိတ်စည်းထားသော လက်ကိုင်ပုဝါကို ဖြတ်၍ အဝေးကြီး ဖယ်ပေးလိုက်ပြီး
“ကဲ အန်တီ တည်တော့။ ဟာ အန်တီပေါ်လီ၊ သမီးအန်တို့ကို ဆင်ပေးတာ အန်တီ ဝမ်းသာမှာပဲ သိလား” ဟု ဝမ်းသာအားရ ပြော လိုက်လေသည် ။
ဒေါ်ပေါ်လီသည် လှပစွာ ဝတ်စားပြင်ဆင်ထားသော `သူ့ကိုယ်သူ တစ်ခဏမျှ အံ့အားသင့်စွာ ကြည်နေပြီးမှ ပတ်ဝန်းကျင်ကို လှည်၍ ကြည် - သည်။ ထိုအခိုက် သူ့နှုတ်ခမ်းမှ တစ်စုံတစ်ရာ လန့်ဖျပ်သွားသလို “ဟယ်” ဟု ခပ်တိုးတိုး အော်ရင်း သူ့အခန်းထဲသို့ ဝင်ပြေးလေသည်။
ပေါ်လီယာနာလည် သူ့အဒေါ် အထိတ်တလန့်လှမ်းကြည် ရာသို့ လိုက်ကြည်လိုက်တော့ ခြံထဲသို့ မြင်းရထားကလေးတစ်စီး မောင်းဝင်လာနေ သည်ကို လေသာဆောင်ပြတင်းပေါက်မှနေ၍ မြင်လိုက်ရသည်။ မြင်းရထား မောင်းလာသူကိုလည်း ချက်ချင်း မှတ်မိသည်။ သို့နှင့် သူသည် ကိုယ်ကိုရှေ့သို့ တုန်းထွက်လျက် “ဒေါက်တာချစ်လတန် ဒေါက်တာ ချစ်လတန်။ သမီးကို တွေ့ချင်လို့လား။ သမီး အပေါ်မှာ ရှိပါတယ်” ဟု အော်ပြောလိုက်၏။ 

ဆရာဝန်က ပြုံးလျက် “ဟုတ်တယ်။ အောက်တို ဆင်းခဲ့ပါဦး” ဟု ခပ်လေးလေး ပြောလိုက်သည်။
အခန်းထဲတွင် မျက်နှာများ နီမြန်းလျက် ဒေါသထွက်သာ မျက်လုံး များဖြင့် ဒေါ်ပေါ်လီသည် ဇာပဝါ၌တွယ်ထားသောအပ်များကို စိတ်ဆိုးမြန်မာ့ဆွဲ၍ ဖြူတ်ရင်း
" ပေါ်လီယာနာ ညည်းငါ့ကို ဒီလို ဆင်ပြင့်ပြီး လူရာတွင် ပြရတယ်လို့။ တတ်နိုင်ပါပေ့အေ” ဟု ညည်းညည်းညူပြောနေသည်။
- ပေါ်လီယာနှာလည်း အထိတ်တလန့် ရပ်လိုက်ပြီး...'
“ဒါပေမယ့် အန်တီ လှတာ။ ထကယ့်ကို လှတယ်အန်တီလ ဟုပြောလိုက်သည်တွင် ဒေါ်ပေါ် လီလည်း လှမယ် ဟု ရေရွတ်ရင်း ဇာကို ဖယ်ရမ်းပစ်လိုက်ကာ တုန်လှိုင်သော လက်များဖြင့် သူ့ဆံပင်များကို | ဖြည်လိုက်လေသည်။ 

 " - “အို၊ အန်တီပေါ့လီ။ မလုပ်ပါနဲ့။ ဆံပင်ကို မဖျက်ပါနဲ့၊ နေပါ အန်တီရဲ့
"နေရမယ်။ ဟုတ်လား၊ ဒီအတိုင်း-အေး နေမယ် အားကြီး ဟု စိတ်ဆိုးမာန်ဆိုးပြောကာ ဆံပင်များကို နောက်သို့ တင်းကြပ်တဲ့ စုနေလေသည်။ ....
ကြည့် အန်တီရယ်။ သိပ်လှနေတဲ့ ဥစ္စာကို ပြော ရင်း တံခါးပေါက်မှ ထွက်ခဲ့၏။ အောက်ထပ်သို့ရောက်လျှင် ဆရာဝန် သူ့အား မြင်းရထားပေါ့တူဝင်းစောင့်နေသည်တို့တွေ့ရ၏။
လူနာတစ်ယောက်အားပေးဖို့လိုနေလို့ သမီးကလေးကို လာ ခေါ်တာလေ။သွားနိုင်လား "
• “သမီးက ဆေးသွားဝယ်ပေးရမ္ဘာ့လားဟင့်..ဝယ်ပေးမယ် သမီးထောက်ပံ့ရေးအသင်းက မိန်းမကြီးတွေအတွက် သွားဝယ်ပေးနေကျ
ဆူရာဝန်ပြီးလျက် ခေါင်းယမ်းပြုလိုက်ပြီး... အင်း၊ အဲသလို့ ရယ်လို့တော့ ဟုတ်ဘူး။မစ္စတာဂျွန်ပင်ဒယ်လ် လေ။ ဒီ ကလေး လာနိုင်မယ်ဆိုရင် တွေ့ချင်လို့တဲ့။ မိုးလည်းထိ သွားတာနဲ့ သမီးကို လာခေါ်တာ။ လာမယ့် မဟုတ်လား။ သမီးကို လာခေါ် ပြီး ခြောက်နာရီမထိုးခင် ပြန်ပို့ပေးမှာပေါ့ "
"အို နပါတယ် ခဏ အန်တီပေါ်လီကို ပြောပါရစေဦး"ဟု ဆို အိမ်ပေါ် တက်ပြေးပြီး၊ ခဏကြာတော့ သူ့လက်ထဲတွင် ဦးထုပ်ကိုင်ကာဆင်းလာသည်။

- ဆရာဝန်က မြင်းရထားတို့ မောင်းထွက်ခဲ့ရင်း “သမီးရဲ့ အ
ဒေါ်ကခွင့်ပြုလို့ပေါ့"
ဟုတ်ကဲ့။ သွားစေချင်လွန်း အားကြီးနေတာလားတော့မသိဘူး ဟု ပြောလိုက်၏။ "ဟင်” ဘယ်လို့ သွားစေချင်လွန်းအားကြီးတယ်ဟုတ်လား”
ပေါ်လီယာနာက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး “ဟုတ်ကဲ့။ အရွဲ့တိုက်ပြောနေ့နဲ့ တူပါတယ်။ သမီးက သွားပြောတော့ “သွားသွား မြန်မြန်သွား။ စောစောက သွားရောပေါ့လို့ ပြောတယ်လေပာုပြောပြ၏။
ဆရာဝန်က နှုတ်ခမ်း, ပြုံးရုံသာ ပြုံးပြီး သူ့မျက်နှာမှာ တည်ငြိမ် နေသည်။
အတော်ကြာအောင် ဘာမှ မပြောဘဲ နေပြီးမှ မရွံ့ မရဲပင် -
“ခုနက သမီးနဲ့ အတူ လေသာပြတင်းမှာ မြင်လိုက်ရတာ သမီးရဲ့ ဒေါ် မဟုတ်လား” ဟု မေးလိုက်၏။ 

ပေါ်လီယာနာက ပင့်သက် ကြိုက်လိုက်ပြီး “ဟုတ်ပါတယ်။ အခု နှစ်ရတဲ့ ကိစ္စကလည်း အဲဒါပေါ့။ သမီးက သူ့ကို အပေါ်ထပ်က တွေ့တဲ့ အပဝါလှလှကလေး ခြုံ။ ဆံပင်ကို လှလှပပပြုပြင်ပြီး နှင်းဆီပန်းကလေး န်ပေးလိုက်တော့ သိပ် လှလာတာပဲ။ ဦး... ဦးလေးကော သူ့ကို ချစ်စရာ တောင်းတယ် မထင်ဘူးလား” ဟု မေးလိုက်သည်။ ။
ဆရာဝန်သည် သူ့အမေးကို တော်တော်နှင့် မဖြေ။ ဖြေသောအခါ တွင်လည်း သူ့အသံမှာ တိုးလွန်း၍ ပေါ်လီယာနာ ကြားရရုံသာ ရှိ၏။
“အေးကွယ် ပေါ်လီယာနာ။ ဦးလေးလည်း သူ့ကို ချစ်စရာကောင်း တယ်လို့ ထင်တာပဲ”
“ဟုတ်လား။ သမီး သိပ် ဝမ်းသာတာပဲ။ အန်တီကိုလည်း ပြောပြရ ယ်” ဟု ကျေကျေနပ်နပ်ဆိုလိုက်တော့။ ဆရာဝန်က ရုတ်တရက် စိုးရိမ် ကြီး “အမယ်လေး ပေါ်လီယာနာရယ်၊ သွားတော့မပြောလိုက်ပါနဲ့” ဟု တ်ပင်လိုက်လေသည်။ 

“ဘာဖြစ်လို့လဲ ဒေါက်တာချစ်လတန်။ ဘာဖြစ်လို့ မပြောရမှာပဲ။ လေး ဝမ်းသာလိမ့်မယ်လို့ ထင်ပါတယ်” “သို့ပေမယ့် သမီး အဒေါ်က ဝမ်းမသာပေဘူး ထင်တယ်" ပေါ်လီယာနာက တစ်ခဏမျှ စဉ်းစားနေလိုက်ပြီး ...
“ဟုတ်လိမ့်မယ်။ သူဝမ်းမသာဘူး။ ခုမှ သတိရတယ်။ ဦးလောင် မြင်လိုက်တာနဲ့ သူ ပြေးတာပဲ။ ပြီးတော့လည်း အဲသလို ဝတ်ဆင်ထား - အမြင်ခံရတာကိုလည်း ပြောနေသေးတယ်” ဟု ဆိုလိုက်သည်။
“အေး။ ဦးလေးလည်း အဲသလိုတော့ အထင်သား”ဟု တိုးတိုး လိုက်၏။
“ဒါဆိုလည်း ဦးလေးရယ်။ ဘာဖြစ်လို့ သူ ဝမ်းမသာရမှာလဲ။ သူ လည်း သိပ် လှနေတာပဲဟာ”
- ဆရာဝန်သည် ဘာမှ ပြန်မပြောချေး၊ သည် မစ္စတာပင်ဒယ်လ်တ ၏ အိမ်ကြီးသို့ ရောက်ကြသည်တိုင်အောင် နောက်ထပ် ဘာစကားမှ မပြောချေ။

>>>>>××××××>>>>>
အပိုင်း၁၇ဆက်ပါဦးမည်။


*** ပေါ်လီယာနာ ***
  ထင်လင်း

            အပိုင်း-၁၇
       ________________
ဝတ္ထုတစ်ပုဒ်ပမာ

ယနေ့တော့ ဂျွန်ပင်ဒယ်လ်တန်သည် ပေါ်လီယာနာအား ပြုံး၍ နှုတ်ဆက်လေသည်။
“ပေါ်လီယာနာ မင်းဟာ အင်မတန် လူတစ်ဖက်သားအပေါ်မှာ ခွင့်လွှတ်တတ်သူ ပါလားဟင်။ မဟုတ်ရင် မင်း တို့ကို ဘယ် လာတွေ့တော့ မလဲ”
“သမီးက လာရတာကို တကယ် ဝမ်းသာပါတယ် မစ္စတာမင်ဒယ်သံ တန်။ ဘာဖြစ်လို့ ဝမ်းမသာရမှာလဲဆိုတာ အကြောင်းရှာလို့လည်း မရပါဘူး
“ဪ၊ တို့က မင်း တစ်နေ့တ ဂျယ်လီလာပို့တုန်းကရော တို့ ခြေကျိုးနေတော့ မင်းတွေ့ခဲ့တဲ့နေရာကရော မင်းအပေါ်မှာ အတော်လေး ငြိငြီးငြင်ငြင် လုပ်ခဲ့မိတယ်။ အဲဒါတွေအတွက် မင့်ကိုကျေးဇူးတင်စကားတောင်
ပြောခဲ့မိဘူးထင်ပါရဲ့။ အဲသလောက် ကျေးဇူးကန်းထားတာတောင် လာတွေ့ သေးတယ်ဆိုတော့ မင်း အင်မတန် ခွင့်လွှတ်တတ်တယ်ဆိုတာ မင်းစာ မင်းလည်း သိမှာပေါ့” . ။
ပေါ်လီယာနာက မနေတတ် မထိုင်တတ်ဖြစ်ကာ စိတ္လှုပ်ရှားလျက် ရှိသည်။

“ဒါပေမယ့် သမီးက ဦးဦးကို တွေ့ရတာ ဝမ်းသာပါတယ်လေ ဒီလို လေး ခြေကျိုးတာကို ဝမ်းသာတာတော့ မဟုတ်ပါဘူး”
ဂျွန်ပင်ဒယ်လ်တန်က ပြုံးလိုက်သည်။
“အေး၊ တို့ နားလည်ပါတယ်။မင်းက တစ်ခါတစ်ခါ လျှာသွက် လွန်းတာပဲ ရှိတယ် မဟုတ်လား။ ဘယ်လိုဖြစ်ဖြစ်လေ၊ မင့်ကို ကျေးဇူးတင်ပါ တယ်။ အဲဒီနေ့က မင်း လုပ်ပေးတာ ကြည်ပြီး အာဂမိန်းကလေးလို့လည်း တို့ထင်ပါတယ်။ ဂျယ်လီအတွက်လည်း ကျေးဇူးတင်ပါတယ်”
 ပေါ်လီယာနာက စိတ်ဝင်စားစျွာဖင့်… “ဦးဦး ဂျယ်လီ ကြိုတ်လား” ဟု မေးလိုက်၏။
 ဂျွန်ပင်ဒယ်လ်တန်က ... ။ “သိပ် ကြိုက်တာပေါ့။ ဒီနေ့တော့ အန်တီပေါ်လီ မပို့တဲ့ ဂျယ်လီ
မရှိတော့ဘူးနဲ့ တူတယ်” ဟု ပြုံးစစလုပ်၍ ဝြပာတော့၊ ပေါ်လီယာနာရာ မနေတတ်သလိုဖြစ်သွားပြီး “မ... မရှိတော့ဘူး ဦးဦး” ဟု အားတုံ့အားနာ
မကျြနှာ နီမွနျးလကျြပြောရှာသည်။
“သ... သည်းခံပါ မစ္စတာပင်ဒယ်လ်တန်၊ ဟိုတစ်နေ့က သ.. သမီးအန်တီပေါ်လီ ဂျယ်လီ မပို့ဘူးလို့ ပြောတာ တမင်ရိုင်းချင်လို့ ပြော တာ မဟုတ်ပါဘူး” ဟု တောင်းပန်လိုက်၏။ 
မစ္စတာပင်ဒယ်လ်တန်က ဘာမှ ပြန်မပြောချေ။ သူသည် ယခု င်၍မနေတော့၊ သူ၏ တည်တည်သို့ သာ စိုက်ကြည့် လိုက် သည် မျက်လုံးများသည် ရှေ့၌ရှိသော အရာဝတ္ထုများကို ဖောက်ထွင်း၍ အယ် ဆိုင်းလျက်။ အတန်ကြာမှ သူသည် ပင့်သက်ရှည်ကြီး ရိုက်လိုက်ပြီး ပေါ်လီ ယာနာအား လှည့်ကြည့်လိုက်သည်။ 
သူစကားပြောတော့ သူ့မှာကျင်းပ နေသော ဘုကျကျအသံက မပျောက်တတ်သေး
 “ ကဲနဲ့ ဒီလိုတော့ မဖြစ်ပါဘူး။ ဒီတစ်ခါသကို အခေါ်လွတ် လိုက်တာ တို့ မှုန်သိုးနေတာကိုတွေ့ဖို့ မဟုတ်ပါဘူး။ ဒီမှာ အပြင်ဘက် စာကြည့်ခန်းထဲမှာ တယ်လီဖုန်းရှိတဲ့ အခန်းကြီးလေ။ သိလား။ သိပ်မဝေးတဲ့ ထောင့် မှန်တံခါးနဲ့ စာအုပ်ဘီရို အောက်သုံးသင့် မှာ ပန်းကြွထွင်းထားတဲ့ သေတ္တာတစ်လုံး တွေ့လိမ့်မယ်။ ထိုအဖွားကြီးက တခြားစီနေရာရာကို ရှင်း မပို့လိုက်နိုင်ပေါ့လေ။ အဲဒီသေတ္တာ ဒီကို ယူခဲ့
တော့လေးတယ်။ ဒါပေမယ့် မင်း မနိုင်ပါလိမ့်မယ်”
“အို၊ သမီး အားသန်ပါတယ်”ဟု ထိုင်ရာမှ ထ,ရင်းပြီး များမကြာမီ အချိန်အတွင်း ပေါ်လီယာနာသေတ္တာနှင့်အတူပြန်လာလေ၏။

ထိုစဉ်က နာရီဝက်ကား ပေါ်လီယာနာအဖို့ ယှဉ်စရာအလွန်ကောင်း သော နာရီဝက် ဖြစ်လေသည်။ သူ့အား “အယူခိုင်းလိုက်သောသေတ္တာက
မစ္စတာပင်းဒယ်လ်တန် ခရီးထွက်သည် နှစ်များက စုဆောင်းထားခဲ့သော ပစ္စည်းအဆန်းများ ထည့်ထားသည်။ ပစ္စည်း တစ်ခုစီမှာလည်း နားထောင်ခြင် စဖွယ် အကြောင်းများ ရှိသည်။ တရုတ်ပြည်မှ အဆန်းတကြယ် ထွင်းထုထား
သော စစ်ဘုရင်ရုပ်များ၊ အိန္ဒိယပြည်မှ ကျောက်စိမ်းဖြင့် ထုထားသော နတ်ရုပ် စသည် ပါဝင်သည်။ အ ဤနတ်ရုပ်အကြောင်းကို နားထောင်ပြီး ပေါ်လီယာနာက တစ်စုံ
တစ်ခုကိုတွေးရင်း အင်းနော်။ ဂျင်မီဘင်းလိုဘုရားသခင်ကောင်းကင်ဘုံမှာရှိတယ် ဆိုတာကို သိတဲ့ ကလေးမျိုး မွေးရတာထက် ဒီရုပ်တုကို ဘုရားမှတ်ပြီး ကိုးကွယ် တဲ့ ကလေးမျိုးကို မွေးရတာက ပိုကောင်းမွာပေါ့။ ဒါပေမယ့်လည်း ဒီလို ဆလေးတွေကိုရော ဂျင်မီတင်းလိုကလေးမျိုးရော ပေးချင်ကြရင် ကောင်းမှာ | ပဲလို့ အောက်မေ့မိပါတယ်” ဟုပြောနေလေ၏။ 

ဂျွန်ပင်ဒယ်လ်တန်သည် သူပြောသည်ကို ကြားဟန် မတူချေ။ သူ၏ မျက်လုံးများသည် ရှေ့တည့်တည့်သို့ သာ လျက် ဘာကိုမျှ ကြည့်နေသည် လည်း မဟုတ်။ သို့သော် သူသည် တဲစ်ခဏ၌ပင် သတိထားလိုက်ပြီး ပစ္စည်း အဆန်း နောက်တစ်ခုကို ကောက်ကိုင်ကာ ပြောပြရန် ဟန်ပြင်လိုက်၏။
ဤဇာစ်ခေါက် အလည်လာရသည်မှာ နှစ်လိုဖွယ် ဖြစ်သည်။သို့ရာ တွင် သူတို့သည် သေတ္တာကလေးထဲမှပစ္စည်းအဆန်းများအကြောင်းသာ မဟုတ်ဘဲ အခြားအကြောင်းများကိုလည်း ပြောကြသေးသည်။ သူတို့ ပြော
သည်မှာ ပေါ်လီယာနာ အကြောင်း၊ နန်စီအကြောင်း၊ အန်တီပေါ်လီ အကြောင်းတို့ဖြစ်၍ သူ၏ နေ့စဉ်နေပုံထိုင်ပုံ အကြောင်းတို့ကိုလည်း ကြသည်။ သူတို့ အနောက်ဘက်မြို့တွင်နေထိုင်စဉ်အကြောင်း ကိုလည်း ပြောကြသည်။ :: “ -
... ပြန်ချိန်နီးသောအခါတွင်မှ ခက်ထန်တင်းမာလှသော ဂျွန်ဖြင့် ဒယ်လ်ဘန်ထံမှ သူဘယ်တော့မှမကြားဘူးခဲ့သော လေမျိုးကိုကြားရလေသည်။

ကလေးမလေးရယ်။ တို့ဆီကို ခဏခဏလာလည်ပါနော်။ လာမယ် မဟုတ်လား။ ဦးဦးတစ်ယောက်တည်း နေရတာ ငြီးငွေ့လွန်းလို့ပါ။သမီးကို လည်း ဦးဦးအနားမှာ အမြဲ ရှိနေစေချင်ပါတယ်။ နောက်တစ်ခုလည်း ရှိ တယ်။ အဲဒါကိုလည်း ပြောပြမယ်။ သမီး ဘယ်သူဘယ်ဝါဆိုတာ သိရပြီးတဲ့ နောက် အစတော့ သမီးလေးကိုနေခက်ထပ် မလာစေချင်တော့ဘူးလို့ အောက် မေ့ခဲ့တယ်။ သမီးလေးကို မြင်ရင် ဦးဦး မေ့ပစ်ဖို့ နှစ်ပေါင်းများစွာ ကြိုးစား တာကို သတိရလွှန်းလို့ပါပဲ။ ဒါကြောင့် သမီးကို ဘယ်တော့မှ ထပ်ချင် တော့ဘူးလို့ အောက်မေ့တာနဲ့ နေ့စဉ်လိုလိုပဲ ဆရာဝန်က သမီးကို ခေါ်ရ လား မေးတော့ မခေါ်ခဲ့ပါနဲ့လို့ ပြောခဲ့ရတယ်။
“နောက်အတော်ကြာလာတော့ သမီးကို သိပ် တွေ့ချင်မြင်ချင်နေ
တယ်ဆိုတာ သိရတယ်။ သမီးကို မတွေ့မမြင်ဘဲ နေရတာကိုက ဦးဦး ယုတ် တာကို ပိုသတိရစေတယ်။ ဒါကြောင့် သမီးကို အခု လာစေချင်တယ်။ လာမယ် မဟုတ်လား ဟင်”
ပေါ်လီယာနာက အိပ်ရာပေါ်တွင် ပက်လက်နေရသော သူ၏ ကြောဖွယ်မျက်နှာကို ကြည်ရင်း မျက်လုံးများမှာ ကရုဏာအရောင်များ
တောက်ပလျက်က “လာမှာပေါ့ မစ္စတာပင်ဒယ်လ်တန်။ သမီး သိပ် လာချင် ပါတယ်”ဟု ပြောလိုက်သည်။
ဂျွန်ပင်ဒယ်လ်တန်က သိမ်မွေ့စွာပင် ... - “ကျေးဇူးပဲ သမီးရယ်” ဟု ဆိုလိုက်လေ၏။ 

 ညနေစာ စားပြီးကြသောအခါ အိမ်နောက်ဖေး လေသာဆောင်တွင် ပေါ်လီယာနာက နန်စီအား မစ္စတာဂျွန်ပင်ဒယ်လ်တန်၏ အံ့ဩဖွယ်ရာ ပန်း ထွင်း သေတ္တာကလေးနှင့် အထဲ၌ပါသော ပိုမို အံ့ဩဖွယ်အရာများ အကြောင်း များကို ပြောပြနေလေသည်။
“အင်း။ - ဒါလောက် စိတ်ဆိုးနေတဲ့ လူတစ်ယောက်။ ဘယ်သူ စကားမပြောတဲ့ လူတစ်ယောက်ကလေ သမီးကို ဒါတွေ ထုတ်ပြပြီး စကား တွေ ဘာတွေ ပြောတယ်ဆိုတာနော်။တကယ်ပဲ”
ပေါ်လီယာနာက “ဟင့်အင်း မမ၊ သူက စိတ်ဆိုးနေတာ မဟုတ်ပါ ဘူး။ အပြင်ဘက်က တင်ပါ” ဟု ကပျာကယာ ကန့်ကွက်လိုက်ပြီး ...
“လူတွေက သူ့ကို ဘာဖြစ်လို့ ဒါလောက် ဆိုးဆိုးဝါးဝါး မြင်နေ ကြလဲ မသိဘူးနော်။ သူ့အကြောင်းကို သိရင် ဒီလို မြင်ကြမှာ မဟုတ်ပါဘူး ဒါပေမယ့် အန်တီပေါ်လီကတောင် သူ့ကို မကြိုက်ဘူးနော်။ သူတို့ဆိုရင် ဂျယ်လီတောင် မပို့ဘူး သိလား သူ ပို့တယ် ထင်မှာတောင် သိပ် စိုးတာ ဟု ဆက်ပြောလိုက်၏။
“ဒီလူအတွက် သူ့မှာ ၀တ္တရားမရှိလို့ ဖြစ်မှာပေါ့အေ။ ဒါပေမယ့် မမ နားမလည်နိုင်တာက ဘယ်လို ဘယ်လိုများ သမီးလေးကို သူ ချစ်သွားရသလဲ ဆိုတာပဲ။ သမီးကို ဘယ်လိုမှ အောက်မေ့လို့ ပြောတာ မဟုတ်ဘူးနော်။ ဒါပေမယ့် သူတ ကလေးချစ်တတ်တဲ့ လူစားမှ မဟုတ်တာ။ တကယ် တကယ်” ..
ပေါ်လီယာနာက ပျော်ရွှင်စွာ ရယ်လိုက်ပြီး ...
 “ချစ်တတ်ပါတယ် မမရဲ့။ အင်း၊ အမြဲ ချစ်မနေနိုင်တာ တစ်ခုပါ ပဲ ထင်ပါရဲ့။ ဒီနေ့ပဲ သူ သမီးကို တစ်ခါတည်း မတွေ့ချင်တော့ဘူးလို့
အောက်မေ့ခဲ့တယ်ဆိုတာ ဝန်ခံလိုက်သေးတာပဲ။ သမီးကိုမြင်ရင် သူ မေ့ချင်နေတာ တစ်ခုကို သတိရလာလို့တဲ့လေ။ ဒါပေမယ့် နောက်တော့ ..."

နန်စီက ရုတ်တရက်- ဖြတ်၍…
“ဘာ၊ ဘာတဲ့၊ သမီးကိုမြင်ရင် သူ မေ့ချင်နေတာကို သတိရလို့ တဲ့။ ဟုတ်လား” ဟု မေးလိုက်၏။
“ဟုတ်တယ်၊ ဒါပေမယ့် နောက်တော့ ” “သူ မေ့ချင်နေတာက ဘာတဲ့လဲ”
“မပြောဘူး မမရဲ့။ “သူ မေ့ချင်နေတဲ့ဟာ” လို့ပဲ ပြောတယ်” နန်စီက အံ့ဩလှသောအသံဖြင့် ... ။
“ဟာ ... အဲဒါ မြှုပ်ကွက်ပေါ့” ဟု ဆိုလိုက်ပြီး…
“သမီးကို ဒါကြောင့် သူချစ်သွားတာကိုး၊ အို၊ ဟုတ်ပါတယ်။ ပေါ်လီယာနာ။ ဒါ ဝတ္ထုတစ်ပုဒ်လိုပါပဲ။ မမှ အဲသသလို ဝတ္ထုတွေ အများကြီး ဇတ်ဖူးတာပဲ။ အားလုံး မြှုပ်ကွက်ကလေးတွေနဲ့ချည်းပဲ။ အမယ်လေးတယ် ကြည်ပါဦး။ ဝတ္ထုတစ်ပုဒ်လုံး ကိုယ့်မျက်စိရှေ့မှာတင် တကယ်ဖြစ်နေတာ ကိုး။ တစ်ချိန်လုံး မသိခဲ့ဘူးလေ။ ကြည်။ ကဲ ကဲ ပြောစမ်း ပြောစမ်း။ သူ ပြောသမျှအားလုံး ပြောပြကွယ်နော်။ ပေါ်လီယာနာက သိပ်ချစ်စရာကောင်း တာပဲ။ သမီးကို သူ ချစ်တယ်ဆိုတာ မဆန်းဘူး။ တကယ် တကယ်” ဟု ဆိုလေသည်။
“သူ သမီးကို မချစ်ပါဘူး မမရဲ့။ သမီးကသူ့ကို သွား စကားပြောမှ ချစ်တာပါ။ အဲဒီတုန်းက သမီး ဘယ်သူဘယ်ဝါဆိုတာတောင် သိတာ မဟုတ် ပါဘူး၊ ဂျယ်လီ သွားပို့မှ သိတာ။ အဲဒီတုန်းက ဒါကို အန်တီပေါ်လီပို့တာ မဟုတ်ဘူးလို့ နားလည်အောင် ပြောပြလို့ သိလား ပြီးတော့”
နန်စီက ရုတ်တရက် ထိုင်ရာမှထလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်လိုက် “ပေါ်လီယာနာ၊ မမ သိပြီ၊ သိပြီ။ သိပါပြီ” ဟု ဝမ်းသာအားရ ပြောကာ ပေါ်လီယာနာ၏ဘေးတွင် ပြန်ထိုင်သည်။ ပြီးမှ…
“ကဲ သေသေချာချာ စဉ်းစားပြီးမှ ပြောနော်။ မှန်မှန် ပြော။ သူက သမီးကို ဒေါ်ပေါ်လီရဲ့ တူမဖြစ်မှန်း သိသွားပြီးမှ သမီးကို နောက်ထပ် မတွေ့ချင်တော့ဘူးလို့ ပြောတာ မဟုတ်လား” ဟု မေးသည်
“ဒါပေါ့။ သမီးက အဲဒါကို အရင်တစ်ခေါက် သွားတွေ့တုန်းက ပြော ခဲ့တာ။ သူက မတွေ့ချင်တော့ဘူး အောက်မေ့တာကို ဒီနေ့မှ ပြောတာ”
နန်စီက “မမလည်း အဲသလိုပဲ ထင်ပါတယ်။ ပြီးတော့ ဒေါ်ပေါ်လီ ကလည်း သူကိုယ်တိုင် ဂျယ်လီပို့တာလို့ မဖြစ်စေချင်ဘူးနော်” ဟု ဆက် နေ၏။

“မပို့ချင်ဘူး။ ဟုတ်တယ်” . “သမီးက အန်တီပေါ်လီပို့တာ မဟုတ်ဘူးလို့ ပြောခဲ့တယ်နော်။ ဟုတ်လား”
“ဒါပေါ့ မမရဲ့။ သမီးက...”
“အဲဒီ ကတည်းကစပြီး သူ သမီးကို ဒေါ်ဒေါ်လှီတူမ မှန်းလည်း သိသွားရော အမူအရာတွေ ပျက်ပြီး အော်လိုက်ဟစ်လိုက် ဖြစ်လာတာပဲ။ ဟုတ်တယ် မဟုတ်လား” .
“ဟုတ်တယ် ဟုတ်တယ်။ အမူအရာတော့ ပျက်တယ်။ ဂျယ်လီနဲ့ ပတ်သက်လို့လေ” ဟု ပေါ်လီယာနှာက ‘မျက်မှောင်ကြုတ်လျက် စဉ်းစား ၎င်း လိုက်သည်။
. . . . " နန်စီက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ကာ...
“ဒီလိုဆိုရင် သိပြီ။ သေချာတယ်။ ကဲ နားထောင်။ မမ ပြောမယ်။ မစ္စတာပင်ဒယ်လ်တန်ဟာ ဒေါ်ပေါ်လီဟယ်ရင်တန်ရဲ့ ချစ်သူပေါ့" ဟု လေးလေးနက်နက်ဆိုရင်း ပခုံးပေါ်မှ ကျော်၍ နှောက်သို့ တစ်ချက် ခိုးကြည် လိုက်ရသေး၏။ ။ ၆. ပေါ်လီယာနာက “ဟာ၊ မမနန်စီ၊ ဒါ မဖြစ်နိုင်ဘူး ထင်တယ်။ အန်တီ ပေါ်လီက သူ့ကို ကြိုက်မှ မကြိုက်တာ” ဟု ကန့်ကွက်သည်။ 
နန်စီက မျက်စောင်းတစ်ချက် ထိုးကာ
“အေးပေါ့၊ ဘယ် ကြိုက်မလဲ။ ရန်ဖြစ်ထားကြတာကိုး” ဟု ဆိုသည်။ ပေါ်လီယာနာကတော့ မယုံချင်သေး။

. နန်စီက သက်ပြင်းရှည် နောက်တစ်ချက် ချကာ သူ့ပုံကို ဆက်ပြော ပြန်သည်။ ။
“မမပြောတာ ဒီလိုလေ။ သမီး မလာခင်ကလေးတင်ပဲ မစ္စတာတွမ်က မမကို ပြောတယ်။ ဒေါ်ဒေါ်လီမှာ တစ်ခါက ချစ်သူ ရှိခဲ့ဖူးတယ်တဲ့။ မက ယုံပါဘူး။ သူ့ပုံကြီးနဲ့ ချစ်သူ ရှိခဲ့တယ်ဆိုတာ မယုံပါဘူး။ ဒါပေမယ့် စ္စတာတွမ်က ရှိတယ်တဲ့။ ဟောဒီမြို့ထဲမှာပဲ နေနေတာတဲ့၊ ကဲ- အခုတော့ သိရပြီပေါ့။ အဲဒါ ဂျွန်ပင်ဒယ်လ်တန် ပဲပေါ့။ သူ့ဘဝမှာလည် လျှို့ဝှက်ချက် ရှိခဲ့တယ် မဟုတ်လား။ အဲသလို ခန်းနားတဲ့ အိမ်ကြီးထဲမှာ တစ်ယောက်တည်း ပိတ်နေပြီး ဘယ်သူ့ကိုမှလည်း စကားမပြောဘဲ နေတယ် မဟုတ်လား။ သမီးဟာ ဒေါ်ပေါ်လီရဲ့ တူမမှန်းသိရော သူ့အမူအရာလည်း ထူးခြားလာရော မဟုတ်လား။ ကဲ... အခု သမီးကို မြင်ရင် သူ မေ့ချင်နေတာ တစ်ခုကိုသတိရတယ်ဆို မဟုတ်လား။ ဒါဟာ ဒေါ်ပေါ်လီဆိုတာကို ဘယ်သူ မသိဘဲ နေမလဲ။ ဒေါ်ပေါ်လီယာနာရယ်၊ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတဲ့ စ္စာကြီးပဲ။ တကယ် တကယ်”
ပေါ်လီယာနာမှာ အံ့အားသင့်လျက် မျက်လုံးပြူးကာ .
“ဒါပေမယ့် မမနန်စီရဲ့။ သူတို့ပဲ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ ကြတယ်ဆိုရင် တစ်ချိန်ချိန်မှာ ပြန်တည်ကြရမှာပေါ့။ သူတို့ နှစ်ယောက် လုံးဟာ အကြာကြီး တစ်ယောက်တည်း နေလာကြတာ ပြန်ပေါင်းရင် ဝမ်းသာကြမှာပဲ ထင်ပါတယ် ..” ဟု စောဒကတက်ပြန်သည်။
နန်စီက ခပ်ကြွားကြွားလေသံဖြင့် “
"ဒါတော့ သမီးက ချစ်သူတွေအကြောင်း သိပ် မသိလို့ ဖြစ်ပါလိမ့် ယ်။ သမီးက ငယ်လည်း ငယ်ပါသေးတယ်လေ၊ ဒီမှာ သမီးလေးရဲ့ ၊ ပမ်းသာ တမ်း ကစားနည်းကို မကစားတတ်တဲ့ လူရယ်လို့ ကမ္ဘာပေါ်မှာ ရှိတယ်ဆိုရင် ဒါဟာ ရန်ဖြစ်ထားတဲ့ ချစ်သူတွေပဲ ရှိမယ် ထင်တယ်။ အဲဒါ သူတို့ပေါ့။ ကောက်နေလိုက်ကြတာမှ ကွေးလို့ မဟုတ်လား”

ပြောရင်းက အဒေါ် အတင်း တူမအား ပြောနေရပါလားဟု သတိရ၍ တ်တရက် ရပ်ထားလိုက်သော်လည်း အနည်းငယ် ရယ်သွမ်းသွေးလိုက်ပြီး အော်ပြောသည်။
“အလကားပါ ပေါ်လီယာနာရယ်။ ဒါပေမယ့် သမီးရဲ့ ဝမ်းသာတမ်း စားနည်း တို့ကစားတတ်ပြီး ပြန် သင့်မြတ်ကြအောင် လုပ်ပေးနိုင်ရင်တော့ တော် တော်တယ် ဆိုရမှာပဲ။ အင်း၊ သူတို့နှစ်ယောက် ညီညွတ်သွား
 ကြရင်တော့ လူတွေ အတော် အံ့သြကြမှာပဲနော်။ တကယ်တော့ ဖြစ်နိုင်စရာ မရှိပါဘူး။ တကယ်၊ တကယ်”
ပေါ်လီယာနာက ဘာမှ ပြန်မပြောချေ။ သို့သော် မကြာမီ သူ အိမ် ထဲသို့ဝင်သွားတော့ သူ့မျက်နှာပေါ်တွင် လေးနက်သော အတွေးများ ပေါ်လွင် ၍ နေလေ၏။

>>>>>×××××>>>>>
အပိုင်း၁၈ဆက်ပါဦးမည်။


*** ပေါ်လီယာနာ ***
 ထင်လင်း

                   အပိုင်း-၁၈
            ________________
သုံးမြှောင့် ဖန်တုံးကလေးများ

ပူနွေးသော ဩဂုတ်လ၏ နေ့များတွင် ပေါ်လီယာနာသည် ပင်ဒယ်လ် တန် တောင်ကုန်းပေါ်ရှိ အိမ်ကြီးသို့ မကြာခဏ အလည်ရောက်လေသည်။ သို့ရာတွင် သူသွားရသည်မှာ သိပ် အကျိုးရှိလှသည် ဟူ၍တော့ သူမထင်မိပေ။ ကို တွေ့ချင်လှ၍ မစ္စတာပင်ဒယ်လ်တန်က ခဏခဏ အခေါ်လွှတ်သည်မှာ တော့ မှန်ပါသည်။ သို့ရာတွင် ပေါ်လီယာနာ လိုက်သွားပြန်တော့လည်း သူ့မှာ ပိုမို ပျော်ရွှင်လာသည် မရှိ ဟူ၍ ပေါ်လီယာနာ ထင်မိသည်။
သူသည် ပေါ်လီယာနာအား စကားလည်း ပြောပါသည်။ ထူးခြား သောလှပသော ပစ္စည်းများ၊ စာအုပ်များ၊ ပန်းချီကားများနှင့် အဆန်းများ ကိုလည်း ပြသပါသည်။ သို့ရာတွင် သူ့မှာ ဘာမှ မတတ်နိုင်ပုံကို ထုတ်ဖော်၍ ညည်းတွားသည်။ သူ့အိမ်တွင် သူ အလိုမရှိသော သူများ၏ ခြယ်လှယ်မှုတို ခံကာ စိတ်တိုနေရသည်ဟုလည်း ဆိုသည်။ ။ ပေါ်လီယာနာ စကားပြောသည်ကိုတော့ ကြားချင်ဟန် တူပါသည်။ ပေါ်လီယာနာကလည်း သူ့ကို စကားပြောပါသည်။ ပေါ်လီယာနာက စကား
ပြောရခြင်းကို နှစ်သက်ပါသည်။ သို့ရာတွင် သူ့ကို ကြည် လိုက်တိုင်းမှာမူ မျက်နှာဖြူဖပ်ဖြူရော်နှင့် နာကြည်းနေသော သူ့ရုပ်သွင်ကို မြင်ရ၍ ပေါ်လီ ယာနာမှာ ရင်ထဲတွင် မချမ်းသာရှာ။ ဤသို့ ဖြစ်တော့လည်း သူပြောလိုက်သည် စကားထဲကမစ္စတာပင်ဒယ်လ်တန်အား ဤသို့ နားကြည်းစေသည် စကားများ ပါလေသလားဟုလည်း စိုးရိမ်မိ၏။

သူ့ကို ဝမ်းသာတမ်း ကစားနည်း ပြောပြပြီး ကစားရန် အတွက်မူကား ပေါ်လီယာနာ အခါအခွင့် မသင့်နိုင်သေးချေ။ သူ့အား ပြောပြရန် နှစ်ကြိမ် တိုင်တိုင် ကြိုးစားခဲ့ဖူးသည်။ သို့သော် စကားအစဖြစ်သည် သူ့အဖေ ဘာ ပြောသည်ဆိုသည်ကို စမိတိုင်းပင် ဂျွန်ပင်ဒယ်လ်တန်သည် စကားကို ရုတ် တရက်ဖြတ်၍ အခြားအကြောင်းများကို လှီးလွှဲပစ်လိုက်တတ်ပေသည်။
ပေါ်လီယာနာ၏ စိတ်တွင် ဂျွန်ပင်ဒယ်လ်တန်သည် တစ်ခါက သူ့ အန်တီပေါ်လီ၏ ချစ်သူ ဖြစ်သည်ဟု ယုံကြည်နေခဲ့သည်၊ သည်ကတည်းက
သူတို့၏ စိတ်ညစ်စရာ အထီးကျန်ဘဝများကို သာယာပျော်ရွှင်စေမည် စေတနာမေတ္တာသစ္စာအပြည့်ဖြင့် နှလုံးပိုက်ထားပြီးသား ဖြစ်လေသည်။

ဤဆန္ဒကို မည်သို့ ဖြည် စွမ်းရမည်ကိုကား သူမသိနိုင်ချေ။ သူသည် သူ့အဒေါ် အကြောင်း မစ္စတာ ပင်ဒယ်လ်တန်အား ပြောပြ၏။ မစ္စတာ ပင်ဒယ်လ်တန်သည် ရံခါ ယဉ်ကျေးစွာ၊ ရံခါ စိတ်တိုစွာ နားထောင်လေ့ရှိသည် အများအားဖြင့်ကား သူ၏အမြဲတမ်းတင်းမာသော မျက်နှာပေါ်တွင် ရီဝေခြင်းများ တွေ့ရတတ်၏။
သူ့အဒေါ်အားလည်း မစ္စတာပင်ဒယ်လ်တန်အကြောင်း ပြော သည်၊ သို့မဟုတ် ပြောပြရန် အားထုတ်သည်။ သို့သော် ဒေါ်ပေါ်လီသည် သူ့စကားအား ကြာရှည် နားထောင်လေ့ မရှိချေ။ ဤစကားကို စလိုက်တိုင်း သူ့မှာ အခြားစကား တစ်ခုကို လွှဲပြောစရာ ရှိနေဘက် လည်း ဒါကိုတော့ သူ့အဒေါ် က အခြားလူများအကြောင်းပြောလည်း ပြုလုပ်မြဲ ဖြစ်၏။ အထူးသဖြင့် ဒေါက်တာချစ်လတန်အကြောင်း ပြောတော့လည်း ဤသို့ပင် စကား လှီးလွှဲပစ် လိုက်သည်။ အန်တီပေါ်လီသည် အထူးသဖြင့် ဒေါက်တာချစ်လတန်နှင့် ပတ်သက်၍ ခါးခါးသီးသီး ဖြစ်ဟန်တူသည်။ တစ်ခါက ပေါ်လီယာနာ အအေးမိပြီး အိပ်ခန်းထဲ ပိတ်နေရစဉ်က ...
“ညကျလို့မှ မသက်သာရင် ဆရာဝန် ခေါ်ရမယ်” ဟု အန်တီပေါ်လီ က ပြောသည်။ 
ပေါ်လီယာနာက “ဒေါက်တာချစ်လ်တန်ခ်ါမလား.။ ဒါဖြင့် မသက်သာအောင် လုပ်ဦး မှပဲ၊ ဒေါက်တာချစ် လာန်ကို သိပ် တွေ့ချင်နေလို့” ဟု ရယ်ရင်း ပြောတော့ အန်တီပေါ်လီက ...
“ဒေါက်တာချစ်လတန်ကို မခေါ်ဘူး ပေါ်လီယာနာ။ ဒေါက်တာ ချစ်လတန်က တို့ သုံးနေကျ ဆူရာဝန် မဟုတ်ဘူး၊ညည်း ပိုဆိုးလာရင် ဒေါက်တာဝါးရင်းကို ခေါ်မှာ” ဟု ခပ်မာမာ ပြန်ပြောခဲ့သည်။ 

သို့ရာတွင် ပေါ်လီယာနာ ဆိုးမလာ၍ ဒေါက်တာဝါးရင်းအား လည်း မခေါ်ရတော့ချေ။ ထိုနေ့ညနေကသူ့ဒေါ်အား “ပေါ်က ဝါးရင် ကို ခေါ်ရမယ်ဆိုလည်း သမီး ဝမ်းသာတာပဲ။ ဒေါက်တာဝါးရင်းကိုလည်း သမီး ချစ်တာပဲ။ ဒါပေမယ့် ဒေါက်တာချစ်လတန်ကို ပို ချစ်တယ်။ သမီးက သူ့ကို မခေါ်ရင် သူစိတ်ဆိုးမှာ စိုးတယ်။ တကယ်တော့ အန်တီတို သမီး ပြင်ဆင်ပြီး
ပြနေတုန်း မြင်သွားတာ။ တကယ်တော့ သူ့အပြစ်မှ မဟုတ်ဘဲ အန်တီနဲ့ နဲ့ ပြောသည်။
“တော်ပြီ ပေါ်လီယာနာ။ ဒေါက်တာချစ်လတန်အကြောင်း ဖြစ်ခြင်း သဘောကိုပဲ ဖြစ်ဖြစ် ငါ စကားစပ်ပြီး ပြောမနေချင်ဘူး” ဟု ယတိပြတ် တ်ပင်လိုက်သည်။
ပေါ်လီယာနာလည်း သူ့အဒေါ်အား ညှိုးငယ်သောမျက်လုံးများဖြင့် စိတ်ဝင်စားစွာ အတန်ကြာ ကြည်နေပြီးမှ သက်ပြင်းချမိသည်။

“အန်တီပေါ်လီရယ်၊ အန်တီပါးပြင်ကလေးတွေ အဲသလိုပန်းနုရောင် ဆန်းနေတာ သမီး သိပ် ကြည့်ချင်တာပဲ။ ဆံပင်ကိုလည်း သိပ် ပြီးပေးချင် တပဲ။ ဪ၊ အန်တီပေါ်လီရယ်” ။
ပြောနေရင်းကပင် သူ့အဒေါ်က ထွက်သွားခဲ့လေသည်။

ဩဂုတ်လ ကုန်ခါနီး တစ်ရက်တွင် ဂျွန်ပင်ဒယ်လ်တန်ထံသို့ နံနက် စာစော ပေါ်လီယာနာ အလည်ရောက်ခဲ့စဉ်က သူ၏ခေါင်းအုံးပေါ်တွင် ရွှေရောင်၊ အပြား အစိမ်း၊ အနီနှင့် ခရမ်းရောင် အစင်းများ နေရောင်ဟပ်လျက် ကျနေသည်ကို တွေ့ခဲ့ရလေသည်။ ပေါ်လီယာနာသည် ဝမ်းသာလွန်း၍ တ်တရက် ရပ်ကြည်မြို့သည်။
“ဟာ၊ မစ္စတာ ပင်ဒယ်လ်ကန်၊ တကယ် သက်တန့် အငယ် လေးပါလား။ တကယ့်သက်တန့်က ဦးဦးဆီကို လာလည်နေပါလား” ဟု ပျော်ရွှင်စွာ အော်လျက် ခပ်ရွရွ လက်ခုပ်တီးမိ၏။
“အို. အို. အို၊ သိပ် လှပါလား။ ဘယ်က ဝင်လာတာပါလိမ့်” ဟုလည်း ဦးမိ၏။

မစ္စတာပင်ဒယ်လ်တန်က ခပ်လေးလေး ရယ်လိုက်သည်။ သူသည် ယနေ့ နံနက် လောကကြီးနှင့် မသင့်မမြတ်ဖြစ်နေဟန် တူ၏။
- “အင်း။ ပြတင်းပေါက်မှာရှိတဲ့ အပူချိန်တိုင်း ပြဒါးတိုင်နဲ့ သုံးမြှောင့် ဖန်ချောင်းကတစ်ဆင့် ဝင်လာတာ နေမှာပေါ့” ဟု ငြီးငွေ့စွာ ဆိုလိုက်ပြီး
“ဒါကို နေ မထိရဘူးလေ။ ဒါပေမယ့် မနက်မှာတော့ ထိတာပဲ" ဟု ည်း ပြောသည်။ . ..
“ဒါပေမယ့် သိပ်လှတာပဲ မစ္စတာပင်ဒယ်လ်တန်ရယ် ပါ နေရောင် ကြောင့် ဖြစ်တာလား။ အို၊ သမီးဟာသာ ဆိုရင်တော့ တစ်နေ့လုံး နေရောင်ထဲမှာပဲ ထားမယ်”
“ဒီလိုဆိုရင် သမီးလေးရဲ့ ပြဒါးတိုင်ကတော့ သိပ် ကောင်းတော့ ပေါ့။ ပြဒါးတိုင်ကို တစ်နေ့လုံး နေလှန်းထားရင် ဘယ်လောက် ပူတယ် ဘယ် လောက် အေးတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိတော့မလဲ သမီးလေးရယ်” ။ မစ္စတာပင်ဒယ်လ်တန်က ရယ်ရင်း ပြောပြသည်။
“မသိချင်လည်း နေပါစေလေ” ဟု ပေါ်လီယာနာက ခေါင်းအ ပေါ်တွင် ထိုးနေသော ရောင်စုံအဆင်းများဆီသို့သာ စူးစိုက်ကြည့် ရင်း မှ
သက်ပြင်းချလိုကျပွီး…
“သက်တန့်ထဲမှာ တစ်ချိန်လုံး နေရရင်တော့ ဘယ်သူက ပူတာ အေးတာကို ဂရုစိုက်ဦးမလဲ” ဟု ဆက်ပြောလိုက်၏။

-မစ္စတာပင်ဒယ်လ်တန်က ရယ်လိုက်၏။ သူသည် သက်တန့်စင်းများ ၌ အာရုံစူးစိုက်နေသော ပေါ်လီယာနာ၏ မျက်နှာကလေးကို စိတ်ဝင်စား ကြည်နေရင်းမှ စိတ်ကူးတစ်ခု ဝင်လာသည့် အတွက် သူ့ခုတင်ဘေးရှိ လူ၏ ခေါင်းလောင်းကလေးကို နှိပ်လိုက်သည်။ . . . ။
တံခါးဝတွင် မိန်းမကြီး ရောက်လာတော့
“နိုရာ။ အိမ်ရှေ့ခန်းထဲက စင်ပေါ်မှာရှိတဲ့ ကြည်တိုင်ကြီးတွေထဲ တစ်ခု ဒီကို ယူခဲ့စမ်းပါ” ဟု အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့” ဟု မိန်းမကြီးက အံ့အားသင့်သလိုကြည် ရင်း ဆိုက ထွက်သွားသည်။ ခဏကြာ၍ သူပြန်ဝင်လာတော့ ဂီတသံပမာ တချွင်ချွင် သောအသံများ ပါလာ၏။ ထိုအသံကား ရှေးက ဖယောင်းတိုင်ထွန်းထားသည် ကြည်တိုင်တစ်တိုင်နှင့် ယင်း ပတ်လည်တွင် အလှအပချိတ်ဆွဲထားသည် သုံးမြှောင့်ဖန်တုံးကလေးများ အချင်းချင်း ရိုက်ခတ်၍ မြည်သော အသံပေတည်း။

“ကျေးဇူးပဲ။ ဟောဒီခုံပေါ်မှာ ချထားခဲ့။ ပြီးတော့ ဟောဟိုပြတင် ပေါက်က ခန်းဆီးချိတ်တဲ့ ချိတ်ကလေးတွေမှာ ကြိုးတစ်ပင်ရှာပြီး တန်းရည် လိုက်၊ ခန်းဆီးတွေ ဖြုတ်လိုက်။ ကြိုးကို ပြတင်းပေါက် ဟိုဘက် သည်ဘက် တည် တည်နေပါစေ” ဟု အမိန့်ပေးလိုက်သည် အတိုင်း၊ မိန်းမကြီး ဆောင် ရွက်ပေးပြီးတော့ “အင်း အင်း။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်” ဟု ပြော လိုက်သည်။ 

မိန်းမကြီးက အခန်းထဲမှ ထွက်သွားတော့ သူ၏ ပြုံးရောင်သမ်းနေ သာ မျက်လုံးများကို တအံ့တဩ ကြည်နေသည် ပေါ်လီယာနာဘက်သို့ ပြည် လိုက်၏။
“ကဲ၊ ပေါ်လီယာနာ။ အဲဒီ ကြည်တိုင်ကြီးကို ယူခဲ့စမ်း”
ပေါ်လီယာနာက လက်နှစ်ဖက်ဖြင့် ကြည်တိုင်ကို မ၍ ယူပေးလိုက် ၏။ နောက်တစ်ခဏတွင် မစ္စတာပင်ဒယ်လ်တန်သည် ကြည်တိုင်မှ ဖန်တုံး တလေးများကို တစ်ခုချင်း ဖြုတ်ယူကာ အိပ်ရာပေါ်တွင် စီကာစီကာ ချထား သည်မှာ တစ်ဒါဇင်ခန့် ရှိ၏။ 

“ကဲ-သမီးကလေး။ ဟောဟို ပြတင်းပေါက်က နိုရာ တန်းထားခဲ့တဲ့ ကြိုးမှာ သွားပြီး ချိတ်ချေ။ သမီးကလေးက သက်တန့်ထဲမှာ နေချင်တယ်ဆို
တော့လည်း သမီးကလေးကို နေဖို့ သက်တန့်လုပ်ပေးရတာပေါ့” | ပေါ်လီယာနာ နေရောင်ထိုးဖောက်သော ပြတင်းပေါက်တွင် သုံး
ဖြောင့်ဖန်တုံးကလေး သုံးခုမျှ ချိတ်၍မပြီးမီပင် အစအနကို မြင်ရပြီး၊ သူ စိတ်များ လှုပ်ရှားလွန်းသဖြင့် ကျန်သော ဖန်တုံးကလေးများကို ဆက်ချိတ်
တော့ သူ့လက်များမှာ တုန်နေ၏. အားလုံး အစီအရီချိတ်ပြီးတော့ သူသည် ဝမ်းသာလွန်း၍ ခပ်အုပ်အုပ်အသံဖြင့် အော်မိသေးသည်။
နဂိုက ခမ်းနားသလောက် ငြီးငွေ့ဖွယ်ကောင်းသော မစ္စတာ ဝင်ဒယ်လ်တန်၏ 'အိမ်ခန်းကြီးတစ်ခုလုံးမှာ သက်တန့်ရောင်စုံများ ဖြာလျက်
ပျော်စရာနတ်ဘုံတမျှ ဖြစ်၍ လာလေသည်။ နေရာတကာတွင် အနီ၊ အစိမ်း၊ ခရမ်းရောင်၊ လိမ္မော်ရောင်၊ ရွှေရောင်နှင့်အပြာစင်းများသည် ယိမ်းထိုးလှုပ်ရှား လျက်ရှိလေသည်။ နံရံသည် လည်းကောင်း၊ ကြမ်းပြင်သည် လည်းကောင်း စားပွဲ ကုလားထိုင် ဘီရိုတို့သည် လည်းကောင်း၊ အိပ်ရာသည် လည်းကောင်း ရောင်စုံအရိပ်များဖြင့် တောက်ပလျက် နေကြလေသည်။

“အို-အို-အို၊ ဘယ်လောက် ချစ်ဖို့ကောင်းလဲ။ ဟာ ဟာ ဟား နေမင်းကြီးကိုယ်တိုင်က ဒီကစားနည်းကို ကစားတော့မယ်နဲ့ တူတယ်ဟေ့
ဟု အော်ဟစ်မိ၏။
သူ ဘာပြောနေသည်ကို မစ္စတာပင်ဒယ်လ်တန် မသိသေးပါလား ဆိုသည်ကိုပင် မေ့နေဟန် တူသည်။
“အို သမီးမှာ ဒါမျိုးတွေ အများကြီးရှိရင် ဘယ်လောက်ကောင်းမလဲ။
အန်တီပေါ်လီတို့ မစ္စက်စနိုးတို့ အခြားလူတွေအများကြီးလည်း ပေးချင် လိုက်တာ။ အဲဒါမှ သူတို့လည်း ဝမ်းသာကြမှာပဲ။ ဟုတ်တယ်။ အန်တီပေါ်လီ
တောင် ဒီလိုသက်တန့်ရောင်တွေထဲမှာ နေနေရတယ်ဆိုရင်လေ၊ ဝမ်းသာ လွန်းလို့ တံခါးတွေ ဘာတွေ ဆောင့်ပိတ်မိချင်လာမယ်။ သိလား” 

မစ္စတာ ပင်ဒယ်လ်တန်က ရယ်လိုက်ပြီး ... '
“အင်း။ သမီးရဲ့ အဒေါ်ကိုတို့ မှတ်မိသလောက် ပြောရရင် နေရောင် ထဲက သုံးမြှောင့်ဖန်တုံးကလေးတွေလောက်နဲ့ သူ တံခါးတွေ ဘာတွေ ဆောင့် ပိတ်ချင်လောက်အောင် ပျော်မယ် မထင်ဘူးကွယ့်။ ဒါနဲ့ အင်း၊ အင်း၊ သမီးကလေး ပြောတဲ့ဟာက ဘယ်လို” ဟု မေးလိုက်၏။
ပေါ်လီယာနာက အနည်းငယ် စိုက်ကြည့်ပြီးမှ ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ “အို၊ ဟုတ်တယ်။ မေ့နေလိုက်တာ။ ဦးဦးက ဒီကစားနည်း အကြောင်းမှ မသိဘဲ။ သမီး ခုမှ သတိရတယ်လေ” ဟု ဆိုလိုက်သည်။
“ပြောပါဦးကွယ်။ ဒါဖြင့်” 

သည်တော့မှ ပေါ်လီယာနာ သူ့ကို ပြောပြရသည်။ သူ အရုပ်လိုချင် နေတုန်း ချိုင်းထောက်ကလေးများ ရောက်လာသည်မှစ၍ အားလုံး ပြောသည်။ သူသည် ပြောပြနေစဉ် မစ္စတာပင်ဒယ်လ်တန်၏ မျက်နှာကို မကြည်ဘဲ ဟိုမှ သည်မှ ယိမ်းထိုးလျက် တနေသော သက်တန့်ရောင် အစက်ကလေးများ ၌ အာရုံစူးစိုက်လျက် ရှိ၏။ ကို . “အဲဒါပဲ ဦးဦးရဲ့။ ဒါကြောင့်သမီးက နေမင်းကြီး ကိုယ်တိုင်က ဒီ ကစားနည်းကို ကစားတော့မယ်နဲ့ တူတယ်လို့ ပြောတာပါ” ဟု အဆုံးသတ် လိုက်တော့ အခန်းတစ်ခုလုံး တစ်ခဏမျှ ငြိမ်သက်နေပြီး အတန်ကြာမှ အိပ်ရာထဲမှ အသံခပ်တိုးတိုးဖြင့် မစ္စတာ ပင်ဒယ်လ်တန်က
' “ဟုတ်မယ် ထင်တယ်။ ဒါပေမယ့် အကောင်းဆုံး ဖန်တုံးကလေးတ တော့ သမီးကလေးပဲ ဖြစ်မယ်လို့ တို့ စဉ်းစားနေတယ် ပေါ်လီယာနာ”ဟု ဆိုလိုက်သည်။
' “ဒါပေမယ့် မစ္စတာပင်ဒယ်လ်တန်၊ သမီးကို နေရောင်ထိုးတဲ့အခါ သမီးက အနီ၊ အစိမ်း၊ ခရမ်းရောင် လှလှကလေးတွေ ထွက်မှ မလာဘဲ”
“ဟုတ်ပါ့မလား သမီးလေးရယ်” ဟု မစ္စတာပင်ဒယ်လ်တန်က ပြီး လျက် ဆိုသည်။

ပေါ်လီယာနာက သူ့မျက်နှာကို ကြည်လိုက်တော့ ဘာ့ကြောင့် မျက် ရည်များ ဝိုင်းနေပါလိမ့်ဟု အံ့သြရလေသည်။
“မဟုတ်ဘူး ဦးဦးရဲ့” ဟု ပြန်ပြောပြီးနောက် တစ်မိနစ်ခန့်ကြာမှ
“နေရောင်က သမီးအဖို့ မျက်နှာပေါ်က မှဲ့ခြောက်တွေ လောက်ပဲ - ဖြစ်အောင် လုပ်ပေးတယ်ထင်ပါရဲ့ ဦးဦးရယ်။ အန်တီပေါ်လီက ဒီအပြာက် - အစက်တွေဟာ နေရောင်ကြောင့်ဖြစ်တာတဲ့”ဟု ညှိုးငယ်စွာ ဆက်ပြောလိုက်၏။
မစ္စတာပင်ဒယ်လ်တန်က ရယ်လိုက်ပြန်သည်။ ' ပေါ်လီယာနာက သူ့ကို ကြည် လိုက်ပြန်သည်။ သူ၏ ရယ်သံမှာ ရှိုက်သကဲ့သို့ ပါတကား။

>>>>>×××××>>>>>
အပိုင်း၁၉ဆက်ပါဦးမည်။


*** ပေါ်လီယာနာ ***
  ထင်လင်း

               အပိုင်း-၁၉
           ________________
အံ့အားသင့်စရာ

စက်တင်လာလတွင် ပေါ်လီယာနာ ကျောင်း နေရသည်။ ကျောင်းဝင် - အကြို စစ်ဆေးချက်များအရဆိုလျှင် ပေါ်လီယာနာသည် သူ့အသက် အရွယ် နှင့် မလိုက်အောင် တော်နေသည်။ များမကြာမီ သုနှင်. သက်တူရွယ်တူ
ယောက်ျားကလေး၊ မိန်းကလေးများနှင့်အတူ ပျော်ရွှင်စွာ အတန်းတက်လျက် ရှိလေသည်။ - - အချို့ကိစ္စများတွင် ကျောင်းသည် ပေါ်လီယာနာ့အဖို့ အဆန်း ဖြစ်နေသလို၊ ပေါ်လီယာနာလည်း ကျောင်းအဖို့ ကိစ္စများတွင်း အဆန်းဖြစ်နေ လေသည်။ များမကြာမီ ပေါ်လီယာနာ ကျောင်း ပျော်သွားပြီး သူ့အန်တီ ပေါ်လီအား ကျောင်းနေရသည်မှာ ပျော်ပျော်လုပ်လို့ရသော အလုပ် ဖြစ် ပါသည်ဟု ဝန်ခံရလေ၏။ မနေခင်ကတော့ သူ့မှာ သံသယကလေးများ ရှိခဲ့သည်။
လုပ်စရာ အသစ်တစ်ခုတွင် ပျော်ရွှင်သွားသော်လည်း ပေါ်လီယာနာ သည် မိတ်ဆွေဟောင်းများကိုတော့ မမေ့ချေ။ ယခင်ကလောက် အချိန်ပေး ကာ ဂရုမစိုက်နိုင်တော့သည်မှာ မှန်ပါသည်။ သို့သော် သူ တတ်နိုင်သမျှ အချိန်ကလေးမှာတော့ ဂရုစိုက်ပါသေးသည်။ သူ့မိတ်ဆွေများတွင် မကျေနပ် နိုင်ဆုံးမှာ ဂျွန်ပင်ဒယ်လ်တန် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ 

တစ်ခုသော စနေနေ့ ညနေခ တွင် သူက ပေါ်လီယာနာအား - ပြောပြသည်။ ။
သူက စိတ်မရှည်သလို “ဟေ့-သမီးလေး ပေါ်လီယာနာ။ ခု ရက်ပိုင်း မှာ သမီးလေးကို တွေ့ကို မတွေ့ရတော့ ဘူး၊ ဦးနဲ့လာနေပါလားကွယ်။ဟင်- ဘယ့်နှယ်လဲ” ဟု မေးလေတော့၏။

ပေါ်လီယာနာက ရယ်လေသည်။ မစ္စတာပင်ဒယ်လ်တန်သည် ရယ် စရာကောင်းသော လူကြီးတစ်ယောက်ပေတကား။
 “သမီးက ဦးဦးဟာ အိမ်မှာ တခြားလူတွေ ရှိတာကို မကြိုက်ဘူး မှတ်တာ”    
 မစ္စတာ ပင်ဒယ်လ်တန်က မျက်နှာကို ရှုံ့မဲ့ပြလိုက်ပြီး
. “အို ။ ဒါက သမီးလေးရဲ့ ကစားနည်းကို သင်ပေး မထားခင် ကပါ။ အခုဆိုရင် တို့ကို လူတွေက ဂရုစိုက်ပြုစုတာကို ဝမ်းသာတတ်ပါတယ်။ ဒါ ကိစ္စမရှိပါဘူး။ တစ်နေ့ တို့ခြေထောက်နဲ့ တို့ ကောင်းကောင်း လမ်းလျှောက် နိုင်တော့ တို့နဲ့ ဘယ်သူ လိုက်လျှောက်မလဲ ကြည့်သေးတာပေါ့” ဟု ပြော ကာ သူ့ဘေးက ချိုင်းထောက်ကို ကောက်ယူ၍ ပေါ်လီယာနာအား ကစား သလို ရွယ်၍ လှုပ်ပြလိုက်၏၊

ထိုစဉ်က သူတို့သည် စာကြည့်ခန်းကြီးထဲတွင် ရှိနေကြသည်။ 
“ဦးဦး တကယ် ဝမ်းသာတာမှ မဟုတ်ဘဲ။ ပါးစပ်ကပဲ ဝမ်း သာတယ် ပြောတာပဲ” ဟု ပေါ်လီယာနာက မီးဖိုနားတွင် အိပ်ငိုက်နေ သော ခွေးကလေးကို ကြည်၍ ရန်တွေ့သလို ပြောကာ “ဦးဦး ဒီကစားနည်းကို ကောင်းကောင်း မကစားသေးဘူးဆိုတာ ဦးဦးလည်း သိပါတယ်” ဟု အပြစ် တင်သည်။
မစ္စတာ ပင်ဒယ်လ်တန်သည် ရုတ်တရက် မျက်နှာ ညှိုးသွားသည်။ 

"ဒါကြောင့် သမီးကလေးကို လိုချင်တာပေါ့။ တို့ကို ကောင်းကောင်း ကစားတတ်အောင် ကူပေးဖို့လေ။ လာနေမယ် မဟုတ်လား”
ပေါ်လီယာနာသည် အံ့အားသင့်စွာ လှည်ကြည်လိုက်၏။ 
“မစ္စတာ ပင်ဒယ်လ်တန်။ တကယ်ပြောတာ မဟုတ်ပါဘူးနော်..."
 “တကယ်ပါ။ သမီးလေးကို တကယ် လိုချင်တာပါ။ လာ မလား” 
ပေါ်လီယာနာ စိတ်ညစ်သွားပုံ ရ၏။

“မစ္စတာပင်ဒယ်လ်တန်ရယ်။ သမီးက ဘယ် လာနိုင်မလဲ။ မလာနိုင် ဘူးဆိုတာကို ဦးဦး သိပါတယ်။ သမီးက အန်တီပေါ်လီသမီးပဲ” 
မစ္စတာ ပင်ဒယ်လ်တန်၏ မျက်နှာသည် ရုတ်တရက် ပေါ်လီယာနာ ကောင်းစွာ နားမလည်သော အမူအရာတစ်မျိုး ဖြစ်လာကာ၊ သူ၏ ဦးခေါင်း ကိုလည်း ဆတ်ခနဲ မော့လိုက်သည်။

“သမီးလေးဟာ သူ့သမီးလည်း မဟုတ်ပါဘူး။ အေးလေး သူက မီးလေး တို့နဲ့ လာနေချင်တယ်ဆိုရင် ခွင့်ပြုမှာပါပဲ” ဟု ခပ်ထန်ထန် ပြောပြီးမှ ညင်ညင်သာသာပင် “သမီးလေး အန်တီက ခွင့်ပြုရင် သမီး ကနေမလား” ဟု မေးလိုက်၏။ 

ပေါ်လီယာနာက မျက်မှောင်ကြုတ်၍ လေးနက်စွာ စဉ်းစားလိုက် ပြီး “သို့ပေမယ့် အန်တီပေါ်လီဟာ သမီးအပေါ်မှာ သိပ် ကောင်းတာ၊
သီးမှာ ထောက်ပံ့ရေးအသင်းက မိန်းမကြီးတွေက လွဲလို့ ဘယ်သူမှ မရွိတော့တဲ့အချိန်မှာ သူက ယူမွေးထားတာဆိုတော့ ...” ဟုပြော၍ မဆုံးခင်။

ပင်ဒယ်လ်တန်၏ မျက်နှာပေါ်မှာ စောစောက အမူအရာမျိုး ဖြစ်လာပြီး ဤတစ်ကြိမ် စကားပြောတော့ သူ့လေသံမှာ တိုးတိုးညင်သာနှင့် ကြေကွဲ ဖွယ်ရာ ကောင်းလှသည်း၊
“ပေါ်လီယာနား လွန်ခဲ့တဲ့ နှစ်ပေါင်း အတော်ကြာတုန်းက ဦးဦးတာ - တစ်စုံတစ်ယောက်သောသူကို သိပ် ချစ်ခဲ့တယ်။ တစ်နေ့နေ့မှာ တို့ချစ်တဲ့
သူကို ဒီအိမ်ကြီးကို ခေါ်လာမယ်လို့ မျှော်လင့်ခဲ့တယ်၊ ဒီအိမ်မှာ တို့ အ နေဆိုရင် ဘယ်လောက် ပျော်မလဲဆိုတာကိုလည်း စိတ်ကူးယဉ်ခဲ့တယ်” 
 “ဟုတ်မှာပေါ့” ဟု ပေါ်လီယာနာက စာနာစိတ်အပြည့်ဖြင့် ကြည် ရင်း ထောက်ပြောလိုက်သည် ။

“သို့ပေမယ့် သူ့ကို ဒီ ခေါ်မလာတော့ဘူး။ ဘာကြောင့် ဆိုင်းတော့ မမေးနဲ့တော့၊ ခေါ်မလာရတာပဲ ရှိတယ်။ ဒါပဲ။ အဲဒီ ကတည်းကစပြီး ဒီအဆောက်အဦးကြီးဟာ နေဖို့ သက်သက်ပဲ။ ပျော်စရာနေရာ မဟုတ်
တော့ဘူး။ ပျော်စရာ အိမ်ရယ်လို့ ဖြစ်ဖို့ကတော့ မိန်းမတစ်ယောက်ရဲ့ အသည်းနှလုံးရယ်၊ လက်ရယ်၊ ဒါမှမဟုတ် ကလေးတစ်ယောက်ရယ် ပါမှ ဖြစ်နိုင် တယ်၊ တို့မှာက ဘာမှ မရှိဘူး။ ပေါ်လီယာနာ။ သမီးလေး နေပါလား”
ပေါ်လီယာနာသည် ထိုင်ရာမှ ရုတ်တရက် ထလိုက်သည်။ သူ၏ မျက်နှာမှာလည်း ကြည်လင်လာသည်။ 

“မစ္စတာပင်ဒယ်လ်တန်။ ဦးဦးဟာ တစ်ချိန်လုံး ဒီ မိန်းမတစ်ယောက် ရဲ့ အသည်းနှလုံးနဲ့ လက်ကို လိုချင်လာခဲ့တယ် မဟုတ်လား”
“ဟုတ်၊ ဟုတ်တယ် ပေါ်လီယာနာ”
“အို၊ သမီး ဝမ်းသာပါတယ်။ ဒီလိုဆိုရင် ` အားလုံး နေရာကျမှာ ပဲ” ဟု ပေါ်လီယာနာက သက်ပြင်းချလိုက်ပြီး…
“ကဲ-ဒါဖြင့် နှစ်ယောက်စလုံးသာ ခေါ်ပေတော့။ အားလုံး ဟန်ကျ သွားမှာပဲ” ဟု ဆက်ပြောလေသည်။ 

"နှစ်ယောက်စလုံး ခေါ်။ ဟုတ်လား” ဟု မစ္စပင်ဒယ်လ်တန်က အံ့အားသင့်စွာ မေးလိုက်၏။
ပေါ်လီယာနာ၏မျက်နှာပေါ်တွင်လည်း သံသယူစိတ်ကလေးများ ဝင်လာသယောင်ယောင် ဖြစ်လာ၏။
“ဟုတ်တာပေါ့လေ။ အန်တီပေါ် လီကိုမှ မပိုင်သေးတာပဲ။ သို့ပေ မယ့် ဦးဦး သမီးကို ပြောသလိုပဲ ပြောရင် ရပါမယ်။ အဲဒီအခါကျတော့ သမီးတို့ နှစ်ယောက်စလုံး လာရုံပဲ”
မစ္စတာပင်ဒယ်လ်တန် သိသိသာသာကြီး ထိတ်လန့်သွားလေ၏။ 

“အန်တီပေါ်လီ ဒီကိုလာနေဖို့ ..." 
ပေါ်လီယာနာက မျက်လုံးပြူးလိုက်ပြီး…
“ကဲ။ ဒါဖြင့် ဦးဦး ဟိုကို လိုက်နေမလား။ အိမ်ကတော့ ဒီလောက် မလှဘူးလေ။ ဒါပေမယ့် နီးတော့ ပို နီးတာပေါ့” ဟု ပြောနေပြန်၏။
“ပေါ်လီယာနာ။ သမီးကလေးရယ်။ ဘာတွေများလျှောက် ပြောနေ တာဘဲ” ဟု ညင်သာစွာမေးတော့ ပေါ်လီယာနာက အံ့အားသင့်ဟန်ဖြင့်…
“အို။ သမီးကို ဘယ်မှာနေကြမယ်ဆိုတာတွေ ပြောနေတာပေါ့။ ဦးဦးကလည်း အစက ဦးဦးပြောတော့ ဒီအိမ်မှာလို့ပဲ ထင်တာပေါ့။ ဒီအိမ် မှာ ပျော်စရာဖြစ်အောင် အန်တီပေါ်လီရဲ့ အသည်းနှလုံးနဲ့ လက်ကို နှစ်ပေါင်း များစွာ လိုချင်လာခဲ့ရတယ်လို့ ဦးဦး ပြောတာပဲ။ ပြီးတော့” 

ပေါ်လီယာနာ၏ စကားမဆုံးမီပင် မစ္စတာ ပင်ဒယ်လ်တန်က ဟာဟု ဆိုကာ လက်မြှောက်၍ တားလိုက်ပြီး စကားပြောရန် ဟန်ပြင်လိုက် သော်လည်း တစ်ခဏအတွင်းပင် သူ့လက်ကို ပြန် ချထားလိုက်ရ၏။
တံခါးဝမှ မိန်းမကြီး ဝင်လာကာ “ဆရာဝန် လာပါပြီ” ဟု ပြောလိုတ် သောကြောင့် ဖြစ်၏။
ပေါ်လီယာနာလည်း ထိုင်ရာမှ ထလိုက်၏။

န်ပင်ဒယ်လ်တန်က ပေါ်လီယာနာဘက်သို့ အရေးတကြီး လှည် လိုက်ပြီး “ပေါ်လီယာနာ။ သမီးကို တို့ပြောတာတွေ ဘယ်သူ့ကိုမှ မပြောပါနဲ့ ဦး” ဟု ခပ်တိုးတိုး တောင်းပန်လိုက်၏။
ပေါ်လီယာနာက ပါးချိုင့်ကလေးများ ပေါ်အောင် ရွှင်ပန်းစွာ လိုက်ပြီး “မပြောပါဘူး ဦးဦးကလည်း၊ ဦးဦးကိုယ်တိုင် အန်တီပေါ်လီတို ပြောမှာပဲဆိုတော့ သမီး မသိဘဲ နေပါ့မလား” ဟု၊ ထွက်၎င်းက သမင်လည်ပြန်
ကြည်၍ ပြောသွားလေရာ ဂျွန်ပင်ဒယ်လ်တန်မှာ အရုပ်ကြိုးပြတ်သလို ကုလားထိုင်ပေါ်သို့ လန်ကျသွားတော့၏။

ဆရာဝန်က လူနာ၏ သွေးတိုး အလွန်မြန်နေသောလက်ကို စမ်းရင်းမှ “ဘယ့်နှယ် ဘယ်လို ဖြစ်တာလဲ” ဟု မေးရ၏။
ဂျွန်ပင်ဒယ်လ်တန်က နှုတ်ခမ်းတရွရွဖြင့် ခပ်ဆန်းဆန်းပြုံးပြရင်း…
“ဆရာ့အားဆေး နည်းနည်းများသွားတာနဲ့ တူတယ်” ဟု ပေါ်လီ ယာနာ ထွက်သွားရာသို့ ငေးစိုက်ကြည့်နေသော ဆရာဝန်၏ မျက်လုံးများကို အကဲခတ်ရင်း ပြော၍ ရယ်လိုက်လေသည်။

>>>>>>>+++++>>>>
အပိုင်း၂၀ဆက်ပါဦးမည်။


*** ပေါ်လီယာနာ ***
  ထင်လင်း

                 အပိုင်း-၂၀
           ________________
ပိုမိုအံ့အားသင့်စရာ

တနင်္ဂနွေနေ့ နံနက်တွင် ပေါ်လီယာနာ ဘုရားဝတ်ကျောင်းသို့ သွားသည်။ တနင်္ဂနွေနေ့ ကျောင်းလည်း တက်ရသည် တနင်္ဂနွေ ညနေပိုင်း များတွင် နန်စီနှင့် လမ်းလျှောက်ထွက်တတ်သည်။ လွန်ခဲ့သည် စနေနေ့ ညနေ ' အမစ္စတာဂျွန်ပင်ဒယ်လ်တန်ထံ အလည်သွားပြီး နန်စီနှင့် လမ်းလျှောက်ထွက် န် ချိန်းပြီး ဖြစ်၏။ သို့ရာတွင် ယနေ့ တနင်္ဂနွေ ကျောင်းမှအပြန် လမ်းတွင် ဒေါက်တာချစ်လတန်က မြင်းရထားပေါ်မှသူ့ကို တွေ့တော့ ရပ်လိုက်သည်။

“အိမ်ကို လိုက်ပို့ပါရစေလား ပေါ်လီယာနား စကား နည်းနည်း ပြောစရာရှိလို့ သမီးကလေးရဲ့အိမ်ကို သွားတော့မလို့ပဲ” ဟု ပြောကာ ပေါ်လီယာနာအား ရထားပေါ်တင်ပြီး ထိုင်မိတော့၊ “မစ္စတာပင်ဒယ်လ်တန်က ဒီနေ့ ညနေ သူ့ဆီကို လာပါဦးလို့ တောင်းပန်လို့လေ။ သူပြောတော့ အရေးကြီး တဲ့ကိစ္စလို့ ဆိုတာပဲ” ဟု ပြောပြလိုက်၏။
ပေါ်လီယာနာက ပျော်ရွှင်စွာပင် ခေါင်းညိတ်လိုက်ပြီး - “ဟုတ်ကဲ့။ အရေးကြီးတာ သမီး သိပါတယ်။ သွားမယ်လေ” ဟု
ဆိုလိုက်၏။

ဆရာဝန်က ပေါ်လီယာနာအား အံ့အားသင့်သလို ကြည်လိုက်မိ၏။
“အင်း။ သမီးကို တွေ့ခွင့်ပေးသင့် မပေးသင့် စဉ်းစားဦးမယ်။ နေ့ကတော့ လူနာရောဂါသက်သာတဲ့အပြင် ပိုဆိုးလာသတဲ့” ဟုပြော၍၊ ပေါ်လီယာနာက ရယ်လိုက်ပြီး ၊
“သမီးကြောင့် ဟုတ်မယ် မထင်ပါဘူး။သမီးအဒေါ် အန်တီပေါ်လီ ကြောင့် ဖြစ်ဖို့ များပါတယ်” 

ဆရာဝန်က ရုတ်ရက် လန့်ဖျပ်သွားသလို.လှည်ကြည့်လိုက်၏။
“သမီးအဒေါ် ဟုတ်လား” 
ပေါ်လီယာနာကပျော်ရွှင်စွာ ဖင်ကြွ၍ ထိုင်ချလိုက်ပြီး -
“ဟုတ်တယ်။ သိဖ် စိတ်ဝင်စားစရာ ချစ်စရာပဲ။ ဝတ္ထုပုဒ်လိုပဲ ဆိုလား။ သမီး ပြောပြမယ်။ အန်ကယ်ကတာ့ ဘယ်သူမှ မပြောပါနဲ့လို့ ဆိုတယ် သိလား။ ဒါပေမယ့် ဆရာဝန်အဖို့တော့ ကိစ္စမရှိဘူးလေ။ အန်တီ
ကိုသာ မပြောနဲ့လို့ ဆိုတာနဲ့ တူပါတယ်”
"အန်တီကို။ ဟုတ်လား”
“ဟုတ်တယ်။ အန်တီပေါ်လီကို၊ ဟုတ်တယ်လေ။ ဒါတော့ သူ့ဘာ - သာသူ ပြောချင်မှာပေါ့။ သမီး ပြောပေးတာ ဘယ်' ကြိုက်ပါ့မလဲ။ ချစ်သူ ၊ တွေဆိုတော့ ဒီလိုပဲပေါ့ . . . . " 
" ဟင် “ချစ်သူတွေ ..

ဆရာဝန်က လန့်ဖျပ်သွားသလို 'မြင်းဇက် ဆောင့်ဆွဲမိ၍ မြင်းက ခုန်ရပ်လိုက်ရာ ရထားမှာ သိသိမ့်ခါးသွား၏။
“ဟုတ်တယ်။ ဒါဝတ္ထု။ သမီးကို မမနန်စီက ပြောပြမှ သိတာ သူက အန်တီပေါ်လီမှာ “အရင်တုန်းက ချစ်သူရှိခဲ့ဖူးတယ်တဲ့။ နောက် သူတို့ ရန်ဖြစ်ကြသတဲ့။ အစတော့ ဘယ်သူလဲဆိုတာ သူ မသိဘူးတဲ့။ ခုတော့ သိပြီ ပေါ့။ အဲဒါ မစ္စတာပင်ဒယ်လ်တန်ကြီးပေါ့။ သိလား”
“ဟင့်အင်း။ မသိဘူး” ဟုဆရာဝန်က ဖြေလိုက်သည်။ ပြီးတော့ သူ သည် ရုတ်တရက် မြင်းဇက်ကို လျှော့ကာ သူ့လက်များလည်း ပေါင်ပေါ်တွင် ပျော့ကျသွား၏။ ဟယ်ရင်တန်အိမ်ကြီးသို့ ရောက်ခါနီးပြီဖြစ်၍ ပေါ်လီယာနာ က သူ့ပုံကို ခပ်သွက်သွက် ဆက်ပြော၏ ။

“ဟုတ်တယ်။ သမီး သိပ် ဝမ်းသာသွားပြီ။ အားလုံး သိပ် နေရာကျတာ ပဲ။ မစ္စတာမင်ဒယ်လ်တန်က သမီးကို သူနဲ့ လာနေဖို့ ခေါ်တယ်လေး။ဒါပေမယ့် သမီးအပေါ့ အန်တီပေါ်လီ ဒီလောက်ကောင်းထားတော့ ဒီအတိုင်းတော့ ဘယ် ပစ်ထားခဲ့နိုင်မလဲပေါ့။ အဲဒီတော့ သူက တစ်ခါတုန်းက သိပ် လိုချင် ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံးဆိုတာအကြောင်း ပြောပြ တယ်လေ။ အခုလည်း လိုချင်လျက်ပဲဆိုတာ သိရတော့ သမီး ဝမ်းသာရတာ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခု သူက ရန်ဖြစ်တာကို ကျေအေးချင်တယ် ဆိုရင်အားလုံး အဆင်ပြေသွားမှာပေါ့။' သမီးရော-အန်တီပေါ်လီရော အဲဒီ သွားနေ၊ ဒါမှမဟုတ် သမီးတို့နဲ့ သူ လိုက်နေလည်း ဖြစ်တာပဲ။ အန်တီ ပေါ်လီကတော့ဘာမှမသိသေးဘူးပေါ့လေ။ ဘာမှ မသေချာသေးတာပဲ။ ဒါကြောင့် ဒီနေ့ညနေ သမီးကို တွေ့ချင်တာနဲ့ တူပါတယ်” 

ဆရာဝန်က ရုတ်တရက် ကိုယ်ကို မတ်ထားလိုက်သည်။ သူ၏ နှုတ် ခမ်းများပေါ်တွင်ကား ထူးဆန်းသောအပြုံးဖြင့်။

“အေးလေ၊ မစ္စတာပင်ဒယ်လ်တန် သမီးကို တွေ့ချင်တယ် ဆိုတာကို နားလည်နိုင်ပါတယ်” ဟု ဆရာဝန်က ခေါင်းညိတ်ရင်း ပြောကာ အိမ်တံခါး ရှေ့တွင် ရထားကို ရပ်လိုက်၏။ 
" ပေါ်လီယာနာက “ဟော ဟိုမှား ပြတင်းပေါက်က ကြည်နေတာ အန်တီပေါ်လီ မဟုတ်လား။ အို မဟုတ်ပါဘူး။ သမီးစိတ်က ထင်လို့ပါ” ဟု ဆိုလိုက်သည်။
"မ မဟုတ်သေးပါဘူး ထင်ပါတယ်” ဟု ဆရာဝန်က ဆိုလိုက် သည်။ သူ့မျက်နှာပေါ်မှ အပြုံးရိပ်သည် ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။

ထိုနေ့ညနေက ပေါ်လီယာနာသည် အလွန် တုန်လှုပ်ချောက်ခြား ခဲ့ လျက်ရှိသော မစ္စတာပင်ဒယ်လ်တန်ကို တွေ့ရလေသည်။ 
ပေါ်လီယာနာ ဝင်လာတော့ သူကမဆိုင်းမတွပင် “ပေါ်လီယာနာ။ မနေ့က သမီးပြောသွားတဲ့ စကားကို တစ်ညလုံး ထိုင် စဉ်းစားခဲ့ရတယ်။ အန်တီ
ပေါ်လီရဲ့ လက်နဲ့ အသည်းနှလုံးကို နှစ်ပေါင်းများစွာ လိုချင်ခဲ့ရတယ်ဆိုတဲ့ | စကားပေါ့။ အဲဒါ ဘာအဓိပ္ပါယ်နဲ့ ပြောလိုက်တာလဲ” ဟု မေးလိုက်လေ၏။
“ဘာ ဓိပ္ပါယ်နဲ့ရမလဲ။ တစ်ခါတုန်းက ချစ်သူတွေမို့ ပြောလိုက်တာ ပေါ့။ ဦးဦး အခုအထိ စိတ်မပြောင်းသေးတာကို သမီး သိပ် ဝမ်းသာတာပဲ”

“ချစ်သူတွေ ဟုတ်လား။ သမီးရဲ့ အန်တီပေါ်ကီနဲ့ တို့နဲ့" မစ္စတာပင်ဒယ်လ်တန်က အံ့အားသင့်စွာမေးလိုက်တော့၊ ပေါ်လီယာနာ သည် မျက်လုံးပြူးသွားသည်။
မမနန်စီကတော့ ဒီလို့ပဲ ပြောပါလား မစ္စတာပင်ယ်လ်တန်” မစ္စတာပင်ဒယ်လ်တန်က ရယ်လိုက်ပြီး . 
“ဟုတ်လား။ အင်း။ အဲသလိုဆိုရင် နန်စီ မသိလို့ ပြောတာပဲလို့ ။ ဆိုရလိမ့်မယ်” ဟု ပြောလို့က်သည်။ 

ပေါ်လီယာနာက ထိတ်လန့်သောအသံဖြင့် .... ။
“ဟင့်။ ဒါဖြင့် ဦးဦးတို့က ချစ်သူတွေ မဟုတ်ဘူးပေါ့" ဟု ဓဆက်မသာ မေးလိုက်၏။ 
.“ဘယ်တော့မှ မချစ်ခဲ့ဖူးဘူး ။ ပြီးတော့ မှ “ဟင်။ ဒါဖြင့် ဝတ္ထုတစ်ပုဒ်လိုဆိုတာ မဟုတ်တော့ဘူးပေါ့။ ဟင်”

မစ္စတာပင်ဒယ်လ်တန်က ပြန်မဖြေဘဲ မျက်နှာမှုန်လျက် ပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေသည်။
ပေါ်လီယာနာက ငိုတော့မလို မျက်နှာဖြင့်
“အို ဖြစ်မှ ဖြစ်ရလေ။ သမီးကတော့ အားလုံး အဆင်ပြေ အောက်မေ့နေတာ။ - အန်တီပေါ်လီနဲ့ `သမီး ဒီကို လာနေရတော့မှာ ဆိုပြီး ဝမ်းသာနေတာလေ” ဟု ပြောနေလေသည်။

မစ္စတာပင်ဒယ်လ်တန်က လှည့်မကြည်ဘဲ “အခုတော့ သမီး မလာတော့ဘူးလား” ဟု မေးလိုက်သည်။
 “မလာတော့ဘူးပေါ့။ သမီးက အန်တီပေါ်လီသမီးပဲ”
မစ္စတာပင်ဒယ်လ်တန်က လှည်ကြည်ပြီး ခပ်ဆတ်ဆတ်ပင် ..
“သမီးလေးဟာ အန်တီပေါ်လီသမီး မဖြစ်ခင်က သမီးမေမေရဲ့ သမီးပဲ။ အေး၊ တို့ နှစ်ပေါင်းများစွာက လိုချင်ခဲ့တယ် ဆိုတာက သမီးမေမေရဲ့ လက်နဲ့ အသည်းနှလုံးကို ပဲ” ဟု ပြောချလိုက်၏။

ပေါ်လီယာနာမှာ အံ့အားသင့်ရပြန်သည်။ 
 “မေမေ ဟုတ်လား”
“အေး။ တို့ ဒါကို သမီးလေးကို ပြောမပြတော့ဘူးလို့ အောက် မေ့တာပဲ။ ဒါပေမယ့် ပြောပြလိုက်တာလည်း ကောင်းပါတယ် ထင်ပါရဲ့ "
ဂျွန့်ပင်ဒယ်လ်တန်သည် မျက်နှာကို အောက်ငုံ့လျက် ဖြူဖပ်ဖြူရော် ဖြစ်နေ သည်။ သူ့အသံကို ကြားရခြင်းအားဖြင့် သူ မည်မျှ ခက်ခက်ခဲခဲ စကားပြော ရကြောင်း သိသာ၏။

ပေါ်လီယာနာမှာ ထိတ်လန့်သော မျက်လုံးများနှင့် ပါးစပ်အဟောင်း သား လျက် မစ္စတာပင်ဒယ်လ်တန်ကို စိုက်ကြည်နေမိလေ၏
. “တို့က သမီးရဲ့ မေမေကို ချစ်ခဲ့တယ်။ သို့ပေမယ့် သူ့ တို့ကို မချစ် ဘူး။ အတော်ကလေး ကြာတော့ သမီးရဲ့ အဖေနဲ့ ထွက်သွားတယ်။ အဲဒီတော့ မှ တို့ သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သိတော့တယ်။ တို့အဖို့မှာတော့ ကမ္ဘာပျက်တာပဲ။ ပြီးတော့၊ အေးလေ။ ထားပါတော့။ နှစ်ပေါင်းများစွာ တို့ဟာ စိတ်တိုပြီး အမြဲတမ်း စိတ်ချဉ်ပေါက်နေတဲ့ ချစ်စရာခင်စရာ တစ်စက် ကလေးမှမရှိတဲ့ အဖိုးကြီးလို ဖြစ်နေခဲ့တယ်။
တို့ အသက် အခု ခြောက်ဆယ်တောင် မနီးသေးပါဘူး ပေါ်လီ ယာနာ။ တစ်နေ့တော့ သမီးချစ်တဲ့ သုံးမြှောင့်ဖန်တုံးကလေးတွေလိုပဲ တို့ဘဝထဲကို သမီး ရောက်လာခဲ့တယ်။ ပြီးတော့ တို့ရဲ့ ပျင်းရိငြီးငွေ့ရော ကောင်းတဲ့ လောကထဲကို သမီးလေးရဲ့ ရွှင်လန်းမှုနဲ့ ရောင်ပြန်ဟပ်လာတဲ့ ရောင်စုံကလေးတွေ ထိုးဝင်လာခဲ့တယ်။ မကြာခင်ပဲ သမီးကလေး ဘယ်သူ ဘယ်ဝါဆိုတာ သိရတော့ သမီးကလေးကို မြင်တိုင်း သမီးရဲ့ အမေကို သဘိ ရမနေချင်ဘူး။ သို့ပေမယ့် ဘယ်လိုဖြစ်တယ်ဆိုကာ သမီး သိပါတယ်။ သမီး ကို မလာလာအောင် ခေါ်နေရတယ်။ အခု တို့က သမီးကလေးကို အပိုင် လိုချင်တယ် ပေါ်လီယာနား လာမယ် မဟုတ်လားဟင်”

“သို့ပေမယ့် မစ္စတာပင်ဒယ်လ်တန်း၊ `သမီး၊ အန်တီ ပေါ်လီက ရှိသေးတယ်” ဟု ပြောလိုက်ရသည်။ သူ၏ မျက်လုံးများမှာ မျက်ရည် များ ဝိုင်းနေ၏။ 

မစ္စတာပင်ဒယ်လ်တန်က စိတ်မရှည်သလို…
“တို့တော့ကော ပေါ်လီယာနာ၊ သမီး မရှိဘဲနဲ့ တို့က ဘယ်လို လုပ်ပြီး ဝမ်းသာလို့ ရမလဲ၊ တို့ဘဝထဲ သမီးရောက်လာမှ တစ်ဝက်တစ်ပျတ်ပဲ ဝမ်းသာရသေးတယ်။ သမီးကလေးဟာ တို့ သမီးကလေး အပိုင်ဖြစ်လာပြီ ဆိုရင် လောကမှာ ဘာတွေအတွက်ဖြစ်ဖြစ် တို့ ဝမ်းသာမယ်။ သမီးကလေး ကိုလည်း ဝမ်းသာအောင် ထားမယ်။ ဘာမဆို ဖြစ်ချင်တာ အကုန် ဖြစ်စေ ရမယ်။ တို့မှာရှိသမျှ ပိုက်ဆံ တစ်ပြားတစ်ချပ်မကျန်ဟာ သမီးကလေးကို ပျော်အောင်ထားဖို့ပဲ ဖြစ်ရမှာပဲ”

ပေါ်လီယာနာ အံ့အားသင့်သွားဟန် တူသည်။
“အိုး မစ္စတာပင်ဒယ်လ်တန်၊ ရှိသမျှပိုက်ဆံကို သမီးအတွက်ချည်း သုံးလို့ ဘယ်ဖြစ်မလဲ။ ပိုက်ဆံတွေက တောကြိုအုံကြားက ကလေးတွေ အတွက် စုထားတာပဲဥစ္စာ။ သမီးက သမီးအတွက်ချည်း ဘယ် အသုံးခံမလဲ"

ပင်ဒယ်လ်တန်၏မျက်နှာ နီမြန်းလာပြီး စကားပြောရန် ဟန်ပြင်လိုတ် သော်လည်း၊ ပေါ်လီယာနာက စကား မပြတ်။ ။
“ပြီတော့လည်း ပိုက်ဆံ ဒါလောက် ချမ်းသာနေရင်တော့ အနေ ဝမ်းသာဖို့အတွက် သမီး မလိုပါဘူး။ ကိုယ် ကိုယ်တိုင် နှစ်သက်လို့ ဝမ်းသာ ရတဲ့ ပစ္စည်းတွေ သူများ ပေးပစ်ပြီး ဝမ်းသာနေတာပဲ။ သမီးနဲ့ မစွတ် စနိုးကိုပေးတဲ့ သုံးမြှောင့်ဖန်တုံးကလေးတွေလို ကြည်လေး နန်စီရဲ့ မွေးနေ့ မှာ ဦးဦးလက်ဆောင်ပေးတဲ့ ရွှေဒင်္ဂါးတို့ ဘာတို့လေ တော့ ...”
“အေးပါ။ အေးပါ။ ဒါတွေ ထားလိုက်ပါတော့” ဟု ပင်ဒယ်လ်တန်က ဖြတ်ပြောလိုက်သည်။ သူ့မျက်နှာမှာ နီရဲ၍ နေ၏ တကယ်တော့ မဆန်းပါ။

ဂျွန်ပင်ဒယ်လ်တန်ကို လူသိများခဲ့သည်မှာ ပေးကမ်းစွန့်ကြဲတတ် သောကြောင့် မဟုတ်ပါ။
“ဒါတွေက အလကား ဟာတွေပါ။ များများစားစားလည်း မဟုတ်ပါ။ ဘူး။ ဘယ်လိုမဆို ပေးသလောက် ကမ်းသလောက် ဟာကလေးတွေဟာ သမီးကြောင့် ပေးခဲ့တာပါ။ သမီးကလေးက ပေးတာတွေပါး၊ တို့ ပေးတာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ သမီးကလေးက ပေးတာပါ” ဟု
ပေါ်လီယာနာ၏ မျက်နှာပေါ်တွင် ငြင်းဆိုမည် အရိပ်အယောင်များ များ ပေါ်လာ၍ ပင်ဒယ်လ်တန်က အထပ်ထပ် ဆိုသည်။

. “အဲဒါကို ကြည့်ခြင်းအားဖြင့် တို့ သမီးလေးကို ဘယ်လောက် လိုချင် နေပြီဆိုတာ သိသာလောက်ပါပြီ” ဟု ထပ်ပြောပြီး အလွန်တရာ နူးညံ့သိမ်မွေ့
သော အသံဖြင့် “တို့လဲ ဝမ်းသာတမ်းသာ ကစားရမယ်ဆိုရင် သမီးကလေး ပါ တို့နဲ့ လာကစားမှ ဖြစ်မယ်ကွယ်” ဟု ဆိုလိုက်လေ၏။
ကလေးမ၏ န်ဖူးကြောကလေးများ ကျုံ့သွားကာ တစ်စုံတစ်ခုကို တွေးတောနေရာမှ “အန်တီပေါ်လီကလည်း သမီးအပေါ်မှာ သိပ်ကောင်းတာ” ဟု ပြောလေလျှင် ပင်ဒယ်လ်တန်က တို့ဆတ်ဆတ်ပင် ဖြတ်၍ `ပြောလိုက် သည်။ သူ့မျက်နှာပေါ်တွင် စိတ်တိုတတ်သော အမူအရာများ ပြန်ပေါ်လာသည်။ ဂျွန်ပင်ဒယ်လ်တန်မှာ အတိုက်အခံကို သည်းမခံဘဲ နှစ်လကြာရှည်စွာ နေလာရသူဖြစ်ရကား ထိုသဘာဝကို လွန်ဆန်၍ ယခုမှ တစ်ဖန် ချုပ်တည်း သည်းခံရန် ခဲယဉ်းလှ၏။

"သမီးအပေါ်မှာ ကောင်းတာတော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် | သူ သမီးကို မလိုချင်ပါဘူး။ တို့ လိုချင်တာရဲ့ တစ်ဝက်တောင် မလိုချင်ပါဘူး | ဆိုတာ တို့ ပြောရဲပါတယ်” ဟု သူက ကန့်ကွက်သည်။
“အိုး၊ မစ္စတာပင်ဒယ်လ်တန်။ သမီးကို ခေါ်ထားရတာ အန်တီပေါ်လီ လည်း ဝမ်းသာ…"
 “ဝမ်းသာမယ်။ အားကြီး” ဟု စိတ်မရှည်တော့သလို ဖြတ်ပြောလိုက် ပြီး၊ “ဒေါ်ပေါ်လီဟာ ဘာအတွက်မှ ဝမ်းမသာတတ်ဘူးဆိုတာ လောင်းတောင် လောင်းလိုက်ချင်သေးတယ်။ သူက သူ့ဝတ္တရားလို ဆောင်ရွက်နေကာ
 တို့ သိပါတယ်။ သူက အင်မတန် ဝတ္တရားသိတတ်တဲ့ မိန်းမပဲ။ သူ့ဝတ္တရား သိတတ်မှုနဲ့ ပတ်သက်တဲ့ အတွေ့ အကြုံလည်း တို့ ကြုံဖူးပါတယ်။
“လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် အနှစ် နှစ်ဆယ် အတွင်းမှာ တို့ချင်း သိပ် သင့်သင့်မြတ်မြတ် မဟုတ်ဘူးဆိုတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမယ့် တို့ကို သိပါတယ်။ လူတိုင်း ကို သိကြပါတယ် ပေါ်လီယာနာ။ သူဟာ ဝမ်းသာ တတ်တဲ့လူမျိုး မဟုတ်ဘူး။ သူ့စွာ ဘယ်လို ဝမ် သရမယ်ဆိုတာ မသိဘူး။ သမီး တို့ ဆီကို လာနေဖို့ ကိစ္စ သမီး သူ့ကို ခွင့်တောင်းကြည်။ သူ့က ခွင့်မပြု ဘူးဆိုရင် ပြော။ အိုကွယ်၊ ပေါ်လီယာနာ ကလေးရယ်။ သမီးကို တို့ သိပ် လိုချင်တာပါ" ဟု အဆီအငေါ်မတည်စွာ အဆုံးသတ်လိုက်သည်။

ပေါ်လီယာနာသည် သက်ပြင်းချလိုက်ပြီး၊ ထိုင်ရာမှ ထကာ “ကောင်းပြီလေ။ အန်တီကို မေးကြည်မယ်။ ဒီကို ဦးဦးနဲ့ လာမနေ ချင်ဘူးလို့ ပြောတာ မဟုတ်ဘူးနော်” ဟု ပြောပြီး အဆုံးမသတ်ဘဲ ခဏမျှ ငြိမ်သက်နေပြီးမှ “အေးလေ။ ဘယ်လိုမဆို မနေ့က အန်တီပေါ်လီ ကို မပြောမိတာပဲ ဝမ်းသာပါတယ်။ မနေ့ကတော့ အန်တီကိုပါ လိုချင်တယ် လို့ ထင်နေတာကိုး” ဟု ဆက်ပြောလိုက်၏။
မစ္စတာပင်ဒယ်လ်တန်က မဲ့ပြုံး ပြုံးပြသည်။
 “အေးပေါ့ ပေါ်လီယာနာ။ မနေ့က မပြောမိတာပဲ တော်သေးတယ်”
“သမီး မပြောဘူး။ ဆရာ ကိုပဲ ပြောမိပါတယ်။ သူကတော့လည်း သိပ် အရေးမကြီးပါဘူး”
“ဆရာဝန်” . ဂျွန်ပင်ဒယ်လ်တန်က ဆတ်ခနဲလှည့်ကာ အော်လိုက်မိ၏။

“ဒေါက်တာချစ်လတန်တော့ မဟုတ်ပါဘူး ထင်ပါရဲ့” ဟုလည်း ဆိုလိုက်သည်။
“ဟုတ်တာပေါ့။ သမီးကို ဦးဦးက တွေ့ချင်တယ်ဆိုတာလာပြောတုန်း ကလေ။ သိလား”
“ကဲ။ ကောင်းရော” 

ပင်ဒယ်လ်တန်က ကုလားထိုင်ပေါ် သူ့ကိုယ်သူ ပစ်မှီလိုက်ရင်း “ဒေါက်တာ ချစ်လတန်က ဘာပြောလဲ” ဟု မေးလိုက်သည်။
ပေါ်လီယာနာက မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်ပြီး…
“သမီး မမှတ်မိတော့ဘူး။ များများတော့ မပြောပါဘူး ထင်ပါရဲ့။ ဪ... ဪ သူကလေမစ္စတာ ပင်ဒယ်လ်တန် သမီးကို တွေ့ချင်တယ် ဆိုတာ သူနားလည်နိုင်ပါတယ် ...တဲ့” ဟု ပြောလိုက်သည်။
“ဟုတ်လား၊ အံ့ရောကွယ်...” ဟုဆိုလိုက်တော့ ပေါ်လီယာနာမှာ သူဘာကြောင့် ဤသို့ တိုတိုတောင်းတောင်း ရယ်လိုက်ပါလိမ့် ဆိုသည်ကို နားမလည်နိုင်အောင် ရှိရလေသည်။
>>>>>+++++>>>>>
အပိုင်း၂၁ဆက်ပါဦးမည်။

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...