တောဆေး တောင်ဆေး မုဆိုးဆေး မနက်ခင်း ထောင်ဖွင့် လူပေါင်းစာရင်းယူပြီးနောက် မနက်စာ စားနေစဉ် မုဆိုးကျော်ထွား တောကောင်ထမ်း၍ တောထဲမှ ပြန်လာပါသည်။ မနက်စောစော ချမ်းအေးလှသော်လည်း သူ့ခမျာ ချွေးများရွှဲ၍ နေပါသည်။ “ဟ. . . တောဝက်ကြီးပါလားကွ ကျော်ထွားရ။ မင်း သေနတ်မပါ ဘာမပါနဲ့ ဘယ်လိုရလာတာလဲကွ" “တစ်နေ့က ခလရ (၃၇)က တပ်ကြပ်ကြီး ပစ်ထားတဲ့ တောဝက်ကြီး ဆရာ။ ကျွန်တော် သူ့သွားလမ်းမှာ ငြောင့်ကျင်းတူး ထောင်ထားလို့ ကျင်းထဲကျနေတာနဲ့ ဝါးချွန်နဲ့ထိုးပြီး ယူလာတာ ဆရာ" “နည်းတဲ့အကောင်ကြီးမဟုတ်လားကွ။ အချိန် (၅ဝ) လောက် ရှိမယ်ထင်တယ်" “အချိန် (၅ဝ)ကျော်မယ် ဆရာ။ ပင်ပန်းတာလည်း မပြောနဲ့ တော့။ အန္တရာယ်ကလည်း များသေး။ တော်တော် အသက်ပြင်းတဲ့ အကောင်ကြီး ဆရာ။ ကျင်းထဲကျလို့ ဝါးငုတ်စူးတွေ ထိုးမိနေတာတောင် မသေဘဲ ကျွန်တော့်ကို ပြန်ခံချနေသေးတယ်။ ဝါးချွန်နဲ့ထိုးပြီး ရွှေကျင်တဲ့ ကျွန်တော့်မိတ်ဆွေလင်မယား အကူအညီနဲ့ လျှော်ကြိုးတုပ်ပြီး မနည်းဆွဲတင်ရတယ်။ ဒီကောင်ကြီးက ကျွန်တော်တစ်ဦးတည်း မပိုင်တော့ဘူး ဆရာ။ မုဆိုးစည်းကမ်းအရ ခလရ (၃ဝ)က တပ်ကြပ်ကြီး တစ်ဝက်ဆိုင်တယ်။ မိတ်ဆွေလင်မယားကိုလည်း ဟင်းစားပေးရဦးမယ်" "ရပါတယ်ကွာ၊ မင်းတို့ မုဆိ...
https://t.me/TheBookR