အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုသူများ၏ အမှာစကား “ရှေးတုန်းက မပေါ်ဖူးခဲ့သေးတဲ့ ဝတ္ထုမျိုး၊ ထူးထူးခြားခြား နော်ဗယ်မျိုးတပုဒ်လောက် ကိုယ် ရေးမလို့။ ပုံနှိပ် စာမျက်နှာ ၄၈ဝ လောက် ရှိမယ်။ လေးလအတွင်း အပြီး ရေးရမှာ။ နှစ်ပုဒ် တပြိုင်တည်း ရေးမယ်။ တအုပ်ကို မနက်ပိုင်း ရေးပြီး တအုပ်ကို ညနေပိုင်း ရေးမယ်။ ချစ်တဲ့ အင်နာဗာစီလီနိုဗာရေ... အဲဒီလို ထူးခြားတဲ့ ဝတ္ထုမျိုး ရေးဖို့ ခုကတည်းက ကိုယ် ရင်တွေ ခုန်နေပြီ သိလား။ အရမ်းပျော်နေတယ်။ ကိုယ်က သမားရိုးကျ ပတ်ဝန်းကျင်နဲ့ ခွင်မကျဘူးလေ” မိတ်ဆွေတယောက်ဆီကို ဒေါ်စတာယက်စကီ ရေးသည့်စာ ဖြစ်သည်။ လောက ကြီးနှင့် သဟဇာတ မဖြစ်ပုံကို သူ့ကိုယ်သူ သတိထားမိသည့် ၁၈၆၆ ခုနှစ် နွေရာသီတွင် ရေးသောစာ ဖြစ်သည်။ ပတ်ဝန်းကျင်သည် သူ့အတွက် စက်ဆုပ်ဖွယ်အတိ ဖြစ်နေ၏။ ထိုစဉ်က သူ့အသက်မှာ လေးဆယ့်ငါးနှစ်သာ ရှိသေးသည်။ (ထောင်ကျနေသည့် ဆယ်နှစ်တာ အပါအဝင် ဖြစ်သည်။) အစိုးရ ဆန့်ကျင်ရေးထဲတွင် ပါခဲ့၍ ထောင်ဒဏ်နှင့် ပြည်နှင်ဒဏ် ပေးခံရသည်။ သည်ကာလအတွင်း ပထမဇနီး ကွယ်လွန်သွားခဲ့သည်။ သူ အချစ်ဆုံး အစ်ကိုတယောက် ဆုံးသွားသည်။ တင်နေသည့် ကြွေးက ရူဘယ် ၄၃,ဝဝဝ ဆိုတော့ လည်ပင်း ရောက်နေပြီ။ လွန်ခဲ့သည့်နှစ်က ကြွေးရှင်တွေက...
https://t.me/TheBookR