ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မကြည့်နဲ့၊
ကြောက်စိတ်ဖြင့်လည်း ရှေ့ရေး မတွေးတောနဲ့၊
ပညာ သတိဖြင့်သာ ... ဝန်းကျင်ကို ရှုမြင်ပါ ...
( ဂျိမ်းစ်သာဗာ )
ရုရှပြည်ကြီးကို နပိုလီယန် ကျူးကျော်တိုက်ခိုက်စဉ်ကာလ ။ မြို့
့ကလေးတစ်မြို့တွင်း စစ်ခင်းကြစဉ်နပိုလီယန်နှင်သူ့့့နောက်လိုက်ေနာက္ပါ
တွေ အမှတ်မထင်လူစုကွဲသွားကြသည် ။ ရုရှ ကော့ဆက်စစ်သားတစ်စုက
သူကိုမြင်သွားပြီးနောက်ကတရကြမ်းလိုက်ကြသည် ။ ကွေ့ကောက်သော
လမ်းသေးလမ်းသွယ်များကြားအသက်ကိုလု၍ ပြေးလာခဲပြီးလမ်းမြှောင်
တစ်ခုတည်းရှိသားမွေးထည်အရောင်ဆိုင်တစ်ဆိုင်တွင် အလစ်ဝင်ခိုသည် ။
ဆိုင်ရှင်ကို မြင်တော့ ...
`` ကယ်စမ်းပါဦးဗျာ ၊ ကယ်စမ်းပါဦး ... ကျွန်တော်ဘယ်မှာ ပုန်းရမလည်း ´´
တောင်းပန်တိုးလျှိုးသော လေသံဖြင့် နပိုလီယန် အမောတကောမေးသည် ။
ဆိုင်ရှင်က
`` အဲဒီထောင့်က သားမွေးပုံကြီးအောက် အမြန်ဝင် ´´ ဟုဆိုပြီးနောက်
နပိုလီယန်အားအပေါ်မှသားမွေးတွေတစ်ထပ်ကြီးဖုံးပေးထားသည်။ဖုံးဖိ
ပေးရုံရှိသေး ကော့ဆက်တွေ အခန်းထဲပြေးဝင်လာကြသည်။
`` ဘယ်မှာလဲဟေ့ ဒီဆိုင်ထဲပြေးဝင်သွားတာ ငါတို့ မြင်လိုက်တယ် ´´
ဆိုင်ရှင်ကငြင်းသည် ။
သို့သော် သူတောင်းပန်နေသည် ့ကြားကပင် ကော့ဆက်တွေ
တစ်ဆိုင်လုံးဆွဲလွဲမွှေနောက်ကာနပိုလီယန်ကိုရှာကြသည်။သားမွေးပုံကြီး
ကိုလည်း ဓားတွေနှင့် တစွပ်စွပ်ထိုးကြည့်ကြသည် ။ မတွေ့၊ နောက်ဆုံး
သူတို ့ လက်လျှော့ပြီးပြန်သွားကြသည် ။
အတော်ကြာမှ နပိုလီယန် သားမွေးပုံအောက်မှ တွား၍
ထွက်လာသည် ။သူဘာဒဏ်ရာမှမရခဲ့ ။ သည်အခိုက်မှာပင် သူ ့
ကိုယ်ရံတော်တွေ ဆိုင်ဝရောက်လာသည်။သည်အချိန် သားမွေးဆိုင်ရှင်က
နပိုလီယန်အားကြည် ့ကာ မရဲတရဲနှင့်မေးသည် ။
`` ဒီလောက်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးကို အားမနာပါးမနာ မေးတယ်လို့
သဘောမထားပါနဲ့ခင်ဗျာ ... သားမွေးပုံအောက်ရောက်နေတဲ့အချိန်၊
နောက်တခဏမှာ အဆုံးစီရင်ခံရနိုင်တယ်လို့ သိရချိန်မှာဘယ်လို
ခံစားရသလဲ ခင္ဗ် ´´
နပိုလီယန် ဆတ်ခနဲ့မတ်မတ်ရပ်လိုက်ပြီး သားမွေးဆိုင်ရှင်အား ဒေါသနှင့်
ပြောသည် ။
`` ငါလို ဧကရာဇ်တစ်ယောက်လုံးကို မထီလေးစားမေးရသလား၊
ရိုင်းပြတဲ ့ ဒီသတ္တဝါကိုဖမ်း၊မျက်နှာကိုပုဝါစီးပြီးသုတ်သင်လိုက်စမ်း။
ငါကိုယ်တော်မြတ်ကိုယ်တိုင် ဒီကောင့်ကို ပစ်မိန့်ပေးမယ် ´´
ကိုယ်ရံတော်တွေလဲ သားမွေးဆိုင်ရှင်အား ဝိုင်းချုပ်ပြီး
တရွတ်ဆွဲခေါ်သွားကြသည် ။ သူ့ကိုနံရံမှာ ရပ်စေကာမျက်နှာကို
ပုဝါစည်းသည်။သားမွေးဆိုင်ရှင်သည် ဘာကိုမှမမြင်ရ ။ သို့သော်
စစ်သားတွေတန်းစီသံ ၊ပစ်ခတ်ရန်အတွက် ရိုင်ဖယ်သေနတ်များ
ပြင်ဆင်ကြသံများကိုသူကြားနေရသည် ။ လေတိုးသဖြင့် သူ့ကိုယ်ပေါ်မှ
အဝတ်အစားတွေ လှုပ်ခတ်သွားတာ ၊ ပါးပြင်က အေးစက်သွားတာ ၊
ပြီးတော့သူ့ဒူးတွေ တဆတ်ဆတ်တုန်နေတာတွေလည်း
သူသတိပြုမိနေသည် ။
ထို့နောက် နပိုလီယန် လည်ချောင်းရှင်းလိုက်ပြီး တဆင့်ချင်း
အမိန့်ပေးသံ သူကြားရသည် ။ လောလောဆယ် သူ သိမှတ်နေရသည်
်အကြားအာရုံ ၊ အထိအတွေ့အာရုံကလေးပင် အချိန်အနည်းငယ်အတွင်း
သူ့ထံမှထာဝရ နှုတ်ပယ်ခြင်းခံရတော့မည်ဟူသည် ကိုတွေးမိကာအမျိုးအမည်
မဖော်ပြနိုင်သော ဝေဒနာတစ်ခု သူ ့ကိုလွှမ်းမိုးလာပြီး ပါးပြင်ပေါ်သို့
မျက်ရည်တွေစီးကျလာသည် ။
အတော်ကြီးကြာအောင် တိတ်ဆိတ်ငြိမ်သက်ပြီးနောက်တွင်
သူ့အနီးသို ့ချဉ်းကပ်လာသည့်ခြေသံကို သားမွေးဆိုင်ရှင်ကြားနေရသည် ။
ထို ့နောက် သူ့မျက်နှာမှာစီးထားသည်အဝတ်ကိုဖြေပေးသည်။
ရုတ်တရက်တိုးဝင်လာသည့် နေရောင်ကြောင့် သူ့အမြင်အာရုံတွေ
မသဲကွဲသေး၊ သို့သော် မှုန်ရီဝိုးဝါးဖြစ်နေသည့်ကြားကပင် သူ့အားဖောက်
ထွင်းမတတ် စူးစိုက်ကြည့်နေသည့် နပိုလီယန်၏ မျက်လုံးအစုံကို
သူမြင်ရသည် ။သည်မျက်လုံးများက သူတစ်ကိုယ်လုံးကိုတစ်ထောင့်
တစ်ဌာနမကျန်အသေးစိတ် ဖော်ထုတ်သိမြင်သွားသည့်ဟန်ပင် ။
သည့်နောက် နပိုလီယန်က လေသံအေးအေးနှင့်ပင် ပြောလိုက်သည် ...
`` ကဲ ... အခုတော့မင်း သိပြီမဟုတ်လား `` တဲ့ ။
Steven Andreas ၏ Napoleon and the Furrier
ဖေမြင့် -
ဘာသာပြန်သည် ။

Comments