Skip to main content

ဆဋ္ဌဂံ - မစန္ဒာ အပိုင်း(၁၁)

အခန်းထဲတွင် ပန်းတွေနှင့်ဝေနေသည်။ ခုတင်ဘေးက စားပွဲလေးပေါ် တွင် ကာနေရှင်းပန်း နီနီရဲရဲများက စွင့်ဝေဆာနေသည်။ ဆိုဖာ ဆက်တီ အလည်က စားပွဲပေါ်ရှိ ဖန်ပန်းအိုးပြာပြာထဲတွင် အဝါရောင် နှင်းဆီပန်း များကို တွေ့ရသည်။ ကလေးပုခက်ဖြူဖြူလေးအနားက ခုံပုကလေးပေါ် တွင်တော့ နှင်းဆီဖြူများက လှပဝေဆာနေပြန်သည်။ ။
“အခုနောက်ပိုင်း ဗိုက်ခွဲရတဲ့သူတွေဆိုရင် ကံကောင်းတယ်။ ဆေးကောင်းဝါးကောင်းတွေ ပေါ်နေပြီဆိုတော့ သက်သာတာပေါ့၊ ခွဲပြီး စ ရက်က ငါ့ညီမကို အောက်ပိုင်းကနေ ထည့်ပေးထားတဲ့ ဗော်တရင် ဆေးတောင့်ဆိုရင် သိပ်ပြီးအနာသက်သာတာ”
သူနာပြုဆရာမကြီးက ပြောပြနေသည်။ အပြာနုရောင်ခန်းဆီး ရှည်ကြီးများကို ဆွဲဖွင့်လိုက်သောအခါ နံနက်ခင်း၏ နေရောင်ခြည်နုနု ထွေးထွေးလေးက အခန်းတွင်းသို့ တိုးဝင်လာသည်။ အဖြူရောင်သန့် သန့် အိပ်ရာပေါ်ဝယ် အဖြူရောင်ဇာနားတပ် အင်္ကျီခပ်ပွပွလေးဝတ် ထားသော တင်တင်ကြည်သည် ဖွေးဖွေးသန့်သန့်လေး ဖြစ်နေသည်။ ကလေးရော မိခင်ပါ အန္တရာယ်တွင်းမှ လွတ်ကင်းခဲ့ပြီမို့လည်း တစ်
ကြောင်း၊ ဖိုးသင်္ကြန်က “သား စာကို အပြတ်ကျက်တော့မယ် မေမေ၊ ဒီနှစ်အောင်စေရမယ် စိတ်ချ” ဟု အမေ့ပါးကိုနမ်းကာ ကတိပေးသွား သောကြောင့်လည်း တစ်ကြောင်း အကြောင်းနှစ်ကြောင်းတို့ကြောင့်
စိတ်ချမ်းသာ လက်ချမ်းသာ ဖြစ်နေသည်။ နေရောင်ပြင်းပြင်းထိကာ နွမ်းလျနေရာမှ မိုးရေအေးအေးပက်ဖျန်းခံလိုက်ရသော ပန်းပင်လေးလို လန်းဆန်း ရွှင်ပျနေသည်။ ။
“အမိုးလည်း ညှပ်ရိုးကျဉ်းတော့ မွေးရတာခက်တယ်၊ သား သမီး သုံးယောက်လုံး ဗိုက်ခွဲရတယ်၊ ဒါပေမယ့် အမိုးတို့မွေးတုန်းက အခုခေတ်လောက် ဆေးကောင်းဝါးကောင်းတွေ မပေါ်သေးဘူး၊ အင်နာ ဂျက်ဆင်စားဆေးနဲ့ ထိုးဆေးကိုပဲ အားကိုးရတာ၊ ဒီနေ့ခွဲပြီးရင် နောက် တစ်နေ့ လမ်းလျှောက်ခိုင်းတယ်၊ နာလွန်းလို့ ခါးကိုမဆန့်နိုင်ဘူး ညီမ ကြီးရဲ့ ၊ အခုတော့ မောတရင် ထည့်ထားလိုက်ရင် ဟန်ကိုကျလို့”
အမိုးက အသက်ငါးဆယ်ကျော်ပြီမို့ ဝါရင့်သူနာပြုဆရာမကြီး ဖြစ်သည်။ ဗဟိုအမျိုးသမီးဆေးရုံမှ လုပ်သက်ပြည့်ပင်စင်ယူခဲ့ပြီး အပြင် ပုဂ္ဂလိကဆေးခန်းများတွင် အထူးသူနာပြုအဖြစ် ဝင်ရောက်လုပ်ကိုင်နေ ခြင်း ဖြစ်သည်။ သူ၏လက်ချောင်းများသည် တုတ်ခိုင်သန်မာလှသော် လည်း မွေးစကလေးငယ်များကို ပန်းပင်ပန်းပွင့်လေးများသဖွယ် တယု တယကိုင်တွယ် ပွေ့ပိုက်တတ်သည်။ ။
သားလေးဆီမှ အဲ့ခနဲ ငိုသံကြားတော့ အမိုးက အသာစမ်း ကြည့်ကာ အနှီးကို ကျင်လည်သွက်လက်စွာ လဲလှယ်ပေးသည်။
တို့များမိန်းမတွေက သူတို့ယောက်ျားတွေထက် သားအိမ် တစ်ခုပိုပြီးပါလာတာကိုက ဘုရားသခင်ဖန်ဆင်းပေးလိုက်တာပဲလေ။ လူသားမျိုးဆက်တွေ ပြန့်ပွားစေနိုင်ဖို့ အမိုးတို့မိန်းမတွေကို သားမွေးပေး ရမယ်လို့ ဘုရားသခင်က သတ်မှတ်တာဝန်ပေးအပ်လိုက်တာပဲ မဟုတ် လားကွယ်”
သားလေး၏ ပေါင်ကြား တင်ပါးကြားလေးများကို အသေ အချာ ခြောက်အောင်သုတ်သင်ပြီးနောက် အမိုးက ပေါင်ဒါမှုန့်ဖြူးပေး သည်။
________________

“အင်း အဲဒီတော့လည်း ကိုယ့်တာဝန်နဲ့ကိုယ် ပူကြ၊ ဖောင်းကြ၊ နာကြ၊ ကျင်ကြ၊ ခွဲကြ၊ စိတ်ကြ၊ မွေးကြပေါ့ဟယ်”
တင်တင်ကြည်က ဆက်၍တွေးရင်း စိတ်ညစ်လက်ညစ်နှင့် ပြုံးလိုက်မိသည်။
“ကိုယ်ဝန်ဆောင်ဆိုတာ တစ်နေ့ တစ်နေ့ သင်္ချိုင်းကုန်းကို မျက်စောင်းသုံးခါထိုးတယ်လို့ ပြောကြတာ တကယ်ပဲတဲ့၊ အန္တရာယ် ဆိုတာ အမျိုးမျိုးဖြစ်တတ်တာ၊ အခု ညီမမှာက အချင်းနေရာမမှန်ရုံမို့ တော်သေးတာပေါ့၊ တချို့များကျတော့ ကလေးကပါ နေရာမမှန်ဘူး၊ သန္ဓေသားက နေရာလွဲပြီး သားအိမ်ထဲမှာမနေဘဲ သားဥပြွန်သေးသေး လေးထဲမှာ သွားတွယ်တာလေ၊ သန္ဓေသားနှစ်လကျော်ကျော်လောက် ရောက်ရင် သားဥပြွန်က သားအိမ်လိုကျယ်လာနိုင်တာမှ မဟုတ်တာ၊ ဒီတော့ ဘာဖြစ်မှန်းလဲ မသိဘူး၊ အောင့်တယ် အောင့်တယ်နဲ့ ဆေးရုံ
ရောက်လာရော၊ တကယ်လို့ ညာဘက်သားဥပြွန်ဆိုရင် အူအတက်နဲ့ လည်း မှားတတ်သေးတယ်။ အဲဒါ ဆေးရုံ အရောက်နောက်ကျရင် ဒါမှ မဟုတ် အခွဲနောက်ကျရင် သားဥပြွန်ကွဲပြီး အသက်ပါဆုံးရော၊ ဟို အမိုး တို့ ခေတ်က ရုပ်ရှင်မင်းသမီးမေရီမြင့်ဆိုတာလေ၊ ချောကချော၊ လှက လှနဲ့ အရွယ်ကောင်းလေးမှာရွာတာ၊ အဲဒီလို အတောပစ် ပရက်နင်စီ (Ectopic Pregnancy)ဖြစ်လို့ပေါ့”
မေရီမြင့်ကို တင်တင်ကြည် မမီလိုက်၊ မာမီပြောပြဖူးသဖြင့် မြန်မာပြည်တွင် အတော်လေးနာမည်ကြီးခဲ့သော မင်းသမီးတစ်လက် ဖြစ်မှန်းတော့ သိထားသည်။
“တချို့ကလေးတွေများ ကျ တော့လည်း အမေ့ဗိုက်ထဲမှာ ကတည်းက အမေ့ဆီက ရောဂါတွေကူးရော၊ အသည်းရောင်အသားဝါ တို့ အိတ်(ချ)အိုင်ဗွီတို့ဆိုရင်ကလေးဆီ တိုက်ရိုက်ရောက်သွားတာ၊ ဘယ် လောက် သနားဖို့ကောင်းလဲ၊ သားသမီးမကောင်း မိဘခေါင်းလို့သာပြောနေကြတာ၊ မိဘမကောင်းရင်လည်း သားသမီးခေါင်းပဲ မဟုတ်လား ဟဲ၊ သူတို့ခမျာ ကောင်းမွေတော့ မသိဘူး၊ ဆိုးမွေဆိုရင်တော့ ဗိုက်ထဲမှာ ကတည်းက ရသွားကြတာ”
ဒါကြောင့်မို့လည်း တင်တင်ကြည်က ကလေးများကိုယ်ဝန်ရှိ ချိန်တွင် အစစအရာရာ သတိထားသည်။ ကိုယ်ဝန်ဆောင်ထားစဉ် သာ လီဒိုမိုက်ဆေးသောက်မိသော အမေများကြောင့် ကလေးငယ်များ အင်္ဂါ မစုံမလင်ဖြစ်ခဲ့ကြရသည်ကိုလည်း ဖတ်ဖူးထားတော့ သူက ဖျားနာ ခေါင်းကိုက်လျှင်ပင် ဘာဆေးမှမသောက်ဘဲ ပေတေပြီးခံနေလေ့ရှိသည်။ သူ့ကိုယ်သူသက်သာရန် သောက်လိုက်သောဆေးကြောင့် ကလေးကို ထိခိုက်သွားမှာ စိုးရိမ်ပူပန်သောကြောင့်ဖြစ်သည်။
“တစ်နေ့တုန်းကတော့ ကလေးလေးသနားစရာကောင်းလိုက် တာ၊ နေ့စေ့လစေ့မွေးခါနီးနေမှ သူ့ချက်ကြိုးနဲ့သူ လည်ပင်းပတ်မိပြီး အထဲမှာတင်သေရှာရော”
အမိုးက ပြောမိပြီးမှ ပါးစပ်ကိုပိတ်ကာ တင်တင်ကြည်အား စိုးရိမ်ဟန်နှင့် လှမ်းကြည့်သည်။ သွေးနုနု သားနုနုတွင် စိတ် မကောင်း စရာ၊ စိုးရိမ်စရာများ မပြောသင့်ဟု ယူဆမိသောကြောင့်ဖြစ်သည်။ တင် တင်ကြည်က နားထဲဝင်ဟန်မရှိဘဲ သူ့လက်ထဲမှ ကလေးကို လှမ်းကြည့် နေသည်ကိုတွေ့ရမှ သက်ပြင်းလေး မသိမသာချလိုက်မိသည်။
အမိုးပေါ့ လာပေးသော သားလေးကို တင်တင်ကြည်က ဆီးပြီး ယုယစွာ ပွေ့ယူလိုက်သည်။ ကြည့်စမ်း သေးကွေးနုနယ်လိုက်တဲ့ သား ကလေး၊ ဒီသားကလေး အသက်ရှင်ခွင့်ရအောင် လူ့ရပ်လူ့ရွာသို့ ဘေး ရန် ကင်းရှင်းစွာရောက်လာအောင် သူ့မှာ အထပ်ထပ်အပြန်ပြန် ဆု တောင်းခဲ့ရသည်။
“ကြည့် ကြည့်၊ ပါးစပ်က နို့ဟပ်နေပြီ၊ နင့်သားလေး အစား ပုပ်ပုံနဲ့တော့ ခဏလေး ထွားလာမှာပါတဲ့”
 အမိုးက ဂွမ်းစလေးကို ရေနွေးဆွတ်ကာ တင်တင်ကြည်၏ ရင်သားထိပ်ကို ပွတ်သပ်သန့်စင်ပေးသည်။ ဟိုဟပ် သည်ဟပ်နှင့် ဟပ် နေသော သားငယ်သည် သူ့ပါးစပ်ထဲသို့ နို့သီးခေါင်းရောက်လာသည် နှင့် အငမ်းမရစို့တော့သည်။ သူ့ခန္ဓာကိုယ်မှ တစိမ့်စိမ့်ယိုစီးထွက်လာ
သော နို့ရည်များနှင့်အတူ မိခင်၏ မေတ္တာစိတ်ကပါ အရည်ပျော်ပြီး သား လေး၏ခန္ဓာကိုယ်ထဲ စီးဝင်သွားသလို ခံစားရသည်။ မေမေ့သား၊ မေမေ့ ဝမ်းထဲတွင် ပျက်မကျစေရန် တွယ်ကပ်ပြီး ကျပ်တည်းကျဉ်းမြောင်းစွာ နေခဲ့ရရှာသည့် သနားစရာ မေမေ့သားကလေး။
သားကလေးက ရင်သားတစ်ဖက်ကိုစို့နေစဉ် ကျန်တစ်ဖက်မှ နို့ရည်များက တစ်စက်စက်ကျနေ၍ အမိုးက မွေးပွမျက်နှာသုတ်ပဝါ သေးသေးလေး ခံပေးထားရသည်။ ။
“အမေကလည်း နို့ရွှင်ရွှင်၊ သားကလည်း အစားပုပ်ပုပ်နဲ့ နောက်သုံးလလောက်နေရင် အမိုးလာကြည့်ဦးမယ်တဲ့၊ ဘယ်လောက်ဖွံ့ နေလဲ သိချင်လို့”
ခဏနေတော့ သားလေးနို့ ဝသွားသည်။ ခေါင်းကလေးလှန် ကာ နို့သီးခေါင်းကို လျှာနှင့် တွန်းထုတ်လိုက်ရင်း မျက်စိလေး စင်းမှေး လာသည်။ တင်တင်ကြည်က သားလေးကို တစိမ့်စိမ့်ကြည့်ရင်း ကြည် ကြည်နူးနူးလေး ဖြစ်နေသည်။ အားရပါးရ ဖက်ပွေ့ပြီး နဖူးလေး ပါး လေးများကို ရှိုက်နမ်းလိုက်ချင်သော်လည်း အသားနုနုလေး နာသွား မှာလည်း စိုး၊ သူရှူထုတ်လိုက်သော လေကို သားကလေး ရှူမိမှာလည်း စိုးတော့ အနှီးဖြူဖြူလေး ထုပ်ထားသော ဗိုက်ကလေးကိုသာ ဖွဖွလေး နမ်းမိသည်။ ကလေးနံ့မွှေးမွှေးလေးက ရင်ထဲတွင် အေးသွားသည်။
“ကလေးပေါက်စတွေဟာ ဒီလိုပဲ၊ အော်လိုက်၊ ငိုလိုက်၊ နို့စို့ လိုက်၊ အီးပါလိုက်၊ သေးပေါက်လိုက်နဲ့ ခဏလေးကြီးလာတာပဲ”
အမိုးက တင်တင်ကြည်၏ ရင်ခွင်ထဲမှ သားလေးကို ပြန်လည် ပွေ့ယူကာ ပုခက်ထဲသို့ သွားပြန်ထည့်ထားသည်။ 
“ပေါင်ဒါလိမ်းဦးမလား၊ ခဏနေရင် ဧည့်သည်တွေ လာချင် လာနေဦးမှာ”
“တော်ပါပြီ”
တင်တင်ကြည်က ခေါင်းခါသည်။ လူမှုရေးအရ လည်းကောင်း၊ ခင်မင်မှုအရလည်းကောင်း တစ်နေ့တစ်နေ့ လာသော ဧည့်သည်များက မနည်းလှ၊ မောင်မောင်ကပင် သိပ်မကြိုက်ချင်ပေ။ “ကလေးက နုနုလေး မမကြီးရ၊ ဗိုက်ထဲကထွက်ခါစတုန်းကလည်း ပါးစပ်ထဲ ချွဲတွေ ဆို့နေလို့ မနည်း စုပ်ထုတ်ထားရတာ၊ အခန်းထဲ လူပေါင်းစုံ ဝင်နေတာ ဘယ်
ကောင်းမှာလဲ၊ ဘယ်သူ့မှာ ဘာရောဂါပါလာမလဲ ဘယ်သူမှ မပြောနိုင် ဘူး၊ လူစုံသလို ရောဂါလည်း စုံနေမှာ၊ မတော်လို့ ကလေးကို ကူးစက် သွားရင် ဘယ့်နှယ်လုပ်မှာလဲ ́ဟုပြောသည်။ သို့သော်လည်း လာသော ဧည့်သည်များကို မလာပါနဲ့၊ ပြန်ပါဟု တား၍ ရကောင်းသည်မှ မဟုတ် တာပဲ၊ “ကျွန်တော် ဒီတစ်ခါလာလို့ အခန်းထဲမှာ ဧည့်သည် နှစ်ယောက် ထက် များနေရင် သားလေးကိုခေါ်သွားတော့မှာနော်” ဟု မောင်မောင်က အတည်ပေါက်နှင့် ခြိမ်းခြောက်နေသေးသည်။ ။
“မောင်မောင်က ကလေးသိပ်လိုချင်ရှာတာ အမိုးရဲ့”
“အေး လိုချင်တဲ့လူတွေကလည်း မရလို့ လိုချင်၊ မလိုချင်တဲ့ သူတွေကျတော့လည်း ရလျက်နဲ့ မလိုချင်”
အမိုးက ကာနေးရှင်းပန်းများထည့်ထားသော ပန်းအိုးကို ရေ အသစ်လဲပြီး ပြန်လည်ထိုးစိုက်ပေးသည်။ ကားကားစွင့်စွင့်ပွင့်နေသော အနီရောင်ရဲရဲ ပန်းပွင့်များသည် တစ်ပွင့်နှင့်တစ်ပွင့် အလှချင်းပြိုင်နေ သည်။
“တစ်နေ့တုန်းက အမိုးတို့လမ်းထဲက မိန်းမလေ၊ နဂိုကတော့ အကာအကွယ်မယူဘူး၊ ကလေးရလာတော့ မလိုချင်ဘူးတဲ့”
“အိမ်ထောင်မရှိလို့လား”
“ရှိတယ်တဲ့၊ အပြင်မှာက သုံးကောင်၊ အဲဒါဘယ်အချိန်က ဘယ်နေရာမှာ ဘာသွားလုပ်လဲ မသိဘူး၊ အထဲမှာ မကုန်ဘဲ တစ်ပိုင်း တစ်စကျန်နေတော့ အဖျားတွေတက် အပုပ်ဆန်ပြီး သွေးသွန်တာပေါ့ ဟယ်၊ ဆေးရုံကိုလည်း အချိန်မီ မသွားတော့ သေပါရော၊ အမိုးလည်း သေမှ သိတယ်”
ဟင်”
“ကလေးစရိတ်က မသေးဘူးတဲ့၊ အမိုးလည်း ကလေး သုံး ယောက် မွေးထားတာ အကုန်လက်လွတ်ကုန်ပြီ၊ အခုသာ မွေးဆိုရင် သုံးယောက်မမွေးနိုင်တော့ဘူး၊ စာအုပ်ဖိုး၊ ကျူရှင်ဖိုး၊ သင်တန်းဖိုး၊ အင်္ကျီ ဖိုး၊ ဖိနပ်ဖိုး၊ မလိမ္မာလို့ ဆေးရှူပြန်ရင်လည်း တစ်ဒုက္ခ၊ အမိုးသားရဲ့ သူငယ်ချင်း ကောင်လေးဆိုရင် တစ်ဖက်နိုင်ငံမှာ သွားပြီး အလုပ်လုပ် တာ ရာဘဆို လား ရာမဆို လား ဆေးတစ်မျိုးလေ လုံးလုံးစွဲပြီး လူဖြစ်ရှုံး ရောဂါ ၊
အမိုးက ရောက်တတ်ရာရာ ဆက်ပြောနေသော်လည်း တင် တင်ကြည်ကတော့ ဆေးရုံကို အချိန်မီမသွားတော့ သေပါရော” ဟူသော စကားကိုပင် ထပ်ပြန်တလဲလဲ ကြားယောင်နေသည်။ ကမ္ဘာ တည်ပြီး
ယောက်ျားနှင့်မိန်းမ စကတည်းက ကိုယ်ဝန်ဆောင်ခြင်းနှင့် သားမွေး ခြင်းနှင့်ပတ်သက်၍ ဇာတ်လမ်းတွေ အမျိုးမျိုးရှိခဲ့ကြဖူးမည် ဖြစ်သည်။ လွမ်းစရာလေးများ၊ ဆွေးစရာလေးများ၊ ပျော်ရွှင်ကြည်နူးဖွယ်ရာများ၊ နာကျည်းကြေကွဲစရာများ။
“ဟောဗျာ ဧည့်သည်တစ်ယောက်မှ မရှိဘူးလား၊ ကျွန်တော် က အများကြီးရောက်နေပါစေ ဆုတောင်းနေတာ၊ ဒါမှ သားလေးကို ကျွန်တော်ခေါ်သွားလို့ဖြစ်မှာ”
တင်မောင်မောင်က အခန်းတွင်းလှမ်းဝင်လာရင်း စိတ်ပျက် သွားဟန်နှင့်ပြောသည်။ တင်တင်ကြည်က သူ့မောင်ကို ငေးကြည့်ရင်း “သူ့ခမျာ ကလေးသိပ်လိုချင်ရှာတာ၊ အမိုးပြောသလိုပဲ လိုချင်တဲ့သူတွေ ကျတော့လည်း ဒီကလေးက မလာ” ဟု ကရုဏာစိမ့်စိမ့်နှင့် တွေးနေမိ လေသည်။
“မမကြီးသားက အစ်ကိုထွန်းနဲ့မတူပေါင်၊ ကျွန်တော်နဲ့ တူနေ တာပါဗျာ”
တင်မောင်မောင်က ကလေးပုခက်နားတန်းသွားပြီး သားလေး ကို ငုံ့ကြည့်နေသည်။ သူ့ဘဝတွင် အစစ အရာရာ ပြည့်စုံနေပြီး သား သမီးမရှိသည့်အတွက် အမြဲတမ်းဟာတိဟာတာကြီး ဖြစ်နေတတ်သည်။ ဒီကြားထဲ ကလေးအထူးကုဆရာဝန်ဖြစ်လာတော့ ချစ်စဖွယ်ကလေး ငယ်များကိုတွေ့တိုင်း ရင်ထဲတွင် မသိမသာ ထိခိုက်ခံစားရတတ်သည်။ သူမျက်နှာလွှဲခဲ့သော ကလေးငယ်လေးသည် လူ့ရပ်လူ့ရွာသို့ ရောက်လာ ခွင့်ရှိခဲ့ရဲ့လား၊ ရှိခဲ့လျှင်လည်း သားလေးလား သမီးလေးလားဟူသော အတွေးက သူနှလုံးသားကို ချွန်မြသောဆူးလေးနှင့် ထိုးဆွနေသလို တစစ်စစ် နာကျင်လာစေတတ်သည်။
အခုတလောတော့ ဘာဖြစ်သည်မသိ၊ သူ့စိတ်က အတိတ်ဆီ သို့ မကြာခဏထွက်ပြေးသွားတတ်သည်။ ရေတွင်းဘောင်လေးကို မှီ ကာ ခိုကိုးရာမဲ့ ငိုရှိုက်နေသော မိန်းကလေး၊ သူ့ကို အားကိုးတကြီးကြည့် နေသော ထိုမိန်းကလေး၏ မျက်ဝန်းညိုညိုလေးများကို အိပ်မက်ထဲတွင် ပင် ပြန်ပြီးတွေ့နေရသည်။ မနေ့တုန်းကပင် အိပ်မက်ထဲမှာ ထိုမိန်း ကလေးကို တွေ့နေသေးသည်။ သူက “ကလေးရောဟင်၊ ကလေးရော” ဟု အမောတကော မေးနေသော်လည်း မိန်းကလေးက မတုန် မလှုပ်
ကျောက်ရုပ်ကလေးလို ငြိမ်နေသည်။ ထို့ နောက် နှုတ်ခမ်းလေးများကို တွန့်ကွေးပြီး အေးစက်စွာပြုံးပြလေသည်။
“ဟော တံခါးခေါက်သံကြားရတယ်” တံခါးကို ခပ်ဆဆလေး ခေါက်လိုက်သောအသံကြားတော့မှသူ့အတွေးက ပြတ်သွားသည်။ တင်တင်ကြည်ကို လှမ်းကြည့်ရင်း ဧည့် သည်နှစ်ယောက်ထက်များနေရင် ကလေးကို ခေါ်သွားမှာနော်” ဟု ခပ် သဲ့သဲ့ပြုံးရင်း ခြိမ်းခြောက်သလို ပြောပြန်သည်။
“ဒေါ်တင်တင်ကြည်ရဲ့ အခန်း မဟုတ်လားဟင်”
တံခါးဖွင့်ပေးသော အမိုးကို မေးလိုက်သည့်အသံကို ကြားရ သည်။ မိန်းမသံပဲ၊ မမကြီးရဲ့ သူငယ်ချင်းတွေလား၊ အစ်ကိုထွန်း၏ရုံး မှ ဘာကတော်၊ ညာကတော်တွေလားဟု တင်မောင်မောင်က တွေးနေ မိစဉ် သင်းသင်းပျံ့ပျံ့ မွှေးရနံ့လေးက အခန်းတွင်းသို့ တိုးဝှေ့ဝင်ရောက် လာသည်။ ။
အမိုးက တံခါးကိုဆွဲဖွင့်ကာ ဘေးဖယ်ပေးလိုက်သည်။ ဦးစွာ တွေ့လိုက်သည်ကတော့ သဇင်ပန်းများ ဖြစ်သည်။ ငှက်ပျောဖက် စိမ်း စိမ်းခံကာ ထုပ်ထားသည့် သဇင်ပန်းအခက်ရှည်ရှည်ကြီးများမှာ တနွဲ့ နွဲ့ ညွတ်နေကြသည်။ တသင်းသင်း ပျံ့မွှေးနေသည်။ ။
သဇင်ခိုင် သဇင်ခက်များ၏အပေါ်မှ မျက်နှာလေးကို လှမ်း ကြည့်လိုက်မိသောအခါတွင်ကား တင်မောင်မောင်၏နှလုံးသားသည် ရင်ထဲမှပြုတ်ထွက်ပြီး လည်ချောင်းဝတွင် လာပြီးဆို့ နေလေသည်။
သူ သူပါလား”
နွဲ့ သဇင်ကလည်း တင်မောင်မောင်ကို လှမ်းမြင်လိုက်သည်နှင့် ရင်ထဲတွင် ဝရုန်းသုန်းကား လှုပ်ရှားသွားသည်။ သို့သော် မျှော်လင့်ပြီး သားမို့ သူ့ကိုယ်သူချက်ချင်း ပြန်ပြီးထိန်းလိုက်နိုင်သည်။ အဲဒီအချိန်မှာ နင်ပြုံးနေရမယ်၊ ပြုံးရုံကလေးပဲ ပြုံးပြလိုက်ပါ နွဲ့ သဇင်” ဟူသော အစ်မ ကြိုင်၏စကားက သူ့နားစည်ကို ပြင်းထန်စွာရိုက်ခတ်နေသည်။
“ငါပြုံးရမယ်၊ ပြုံးနေရမယ်”
နွဲ့ သဇင်သည် သူ့ကိုယ်သူ သတိပေးရင်း အခန်းထဲသို့ သိမ် မွေ့ လှပစွာ လှမ်းဝင်လာသည်။ သူဝတ်ထားသော မိခင်လောင်းအင်္ကျီပွပွလေးက သူလမ်းလျှောက်လိုက်တိုင်း မသိမသာအိပြီး လွန့်နေသည်။ နှလုံးသားက တဆတ်ဆတ်ခုန်နေသော်လည်း နှုတ်ခမ်းလေးနှစ်လွှာက ချိုမြမြ ပြုံးနေသည်။
“မမ နေကောင်းတယ်နော်”
နွဲ့ သဇင်က သူ့လက်ထဲမှ သဇင်ခိုင် သဇင်ခက်များကို တင် တင်ကြည်အား ကမ်းပေးလိုက်သည်။ တင်တင်ကြည်က “ဟယ် သဇင် ပန်းတွေ” ဟု ဝမ်းသာအားရနှင့် တိုးတိုးလေးအော်လိုက်မိသည်။ ယဉ် ယဉ်လေးမွှေးပျံ့နေသော သဇင်ပန်းများကို အမြတ်တနိုးပိုက်ရင်း “ကျေးဇူးတင်လိုက်တာ ညီမရယ်၊ မမက သဇင်ပန်းသိပ်ကြိုက်တာ”ဟု ပြောသည်။
“မမအတွက် ပန်းယူလာချင်တာ၊ ဘာပန်းယူရမလဲ စဉ်းစား လို့ မတတ်ဘူး၊ နောက်မှ သဇင်ပန်းကို သတိရတယ်၊ သဇင်ပန်းဆိုရင် လူတိုင်းကြိုက်တတ်ကြတာမို့ မမလည်း ကြိုက်မှာပဲလို့ ထင်လို့လေ”
နွဲ့ သဇင်က ရိပ်ရိပ်လေးပြုံးရင်း ပြောသည်။
ကြိုက်ပြီးသားညီမရယ် မမရဲ့ အမေဆိုရင် ပိုတောင်ကြိုက်သေး တာ၊ သဇင်ပေါ်ချိန်ဆိုရင် သဇင်ကလွဲလို့ ပန်တာမဟုတ်ဘူး”
`ဟုတ်တာပေါ့ မမရယ်၊ သဇင်ပန်းပန်စရာရှိနေတဲ့သူက ဒီပြင် ပန်းတွေကိုပန်ရင်လည်း ခဏတဖြုတ်သာ ပန်တော့မှာပေါ့”
နွဲ့ သဇင်၏အသံက တိုးတိုးနွဲ့ နွဲ့ လေး ဖြစ်သည်။
တင်မောင်မောင်၏ ခေါင်းထဲတွင်တော့ ထူထူပူပူဖြစ်ပြီး ဝေ သွားသည်။ ဒီစကား ဒီစကားကို သူကြားဖူးသည်၊ ဟုတ်သည်။ အမှန် တကယ် ကြားဖူးသည်။ သူ့မိခင်က ရေတွင်းဘေးက ကောင်မလေးကို ဒီအတိုင်းပြောခဲ့ဖူးသည်။ ။
သူက မင်သက်မိသလို ငေးနေမိစဉ် တစ်ခါတုန်းက ရေတွင်း ဘေးက ကောင်မလေးက သူ့ကို လှမ်းကြည့်သည်။
ဪ သူက မမရဲ့ မောင်လေ၊ ဒေါက်တာတင်မောင်မောင်တဲ့။ ကလေးအထူးကုဆရာဝန်ကြီးပေါ့”
“ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်” နွဲ့ သဇင်က ချိုသာယဉ်ကျေးစွာ ပြုံးလိုက်သည်။
သူ့ကိုယ်သူ တည်ငြိမ်အေးဆေးအောင် ထိန်းသိမ်းနိုင်သည့် အတွက်ရော ရွှင်ရွှင်လေးပြုံးနိုင်သည့်အတွက်ရော နွဲ့ သဇင်သည် ကိုယ့် ကိုယ်ကို ကျေနပ်သွားသည်။ သူ၏စိတ်ဓာတ်အင်အားကို ထာဝစဉ် ဖေးကူမြှင့်တင်ပေးခဲ့သည့် အစ်မကြိုင်ကိုလည်း ကျေးဇူးအတင်ကြီး တင် မိရှာလေသည်။
________________

ကြားလိုက်ရသမျှကို ကြားသာကြားလိုက်ရသော်လည်း မခင်အေးက မယုံချင်ပေ။ တစ်ခါမျှ ဒီလောက်စကားများများ မပြောဖူးသော သူ့ အစ်ကို ကိုရေအေးကို တအံ့တသြကြီးကြည့်ရင်း သူ့ဦးနှောက်ထဲတွင် ရှုပ်ထွေးဆူဝေနေသည်။
‘အဖေ့အစ်မနှစ်ယောက်ကလည်း နင့်ကို တွေ့ချင်တယ်တဲ့။ ဒါပေမယ့် ငါ့ဆရာရဲ့ မိန်းမ အင်းလေ အခုတော့ ငါရဲ့ အစ်မဝမ်းကွဲပေါ့ သူကလည်း အရေးပေါ်ခွဲစိတ်ပြီး အသက်လုထားရတော့ အလုပ်တွေ ရှုပ်နေကြတာပေါ့ ဟာ”
မခင်အေးက ကိုရေအေးပြောသမျှစကားတွေက အမျှင်တွေလို ဖြစ်ပြီး သူ့ဦးနှောက်ကိုလာပြီးရစ်ပတ်နေသလို ခံစားရသည်။ ထို့ကြောင့် စိတ်ထဲမှနေပြီး တစ်မျှင်ချင်းရှင်းကာ တစ်ခုချင်းပြန်တွေးနေရသည်။
အစ်ကို့ဆရာရဲ့ မိန်းမ၊ အင်း သူ့ကို မွေးတာက အဖေ့ရဲ့ အစ်မ၊ အဖေနဲ့ သူနဲ့က မောင်နှမအရင်းဆိုတော့ အင်း ဟုတ်တာပေါ့၊ သူ့သမီး နဲ့ ငါတို့နဲ့က တစ်ဝမ်းကွဲမောင်နှမ၊ အမလေး ယောင်လို့တောင် မတွေး မိပါဘူးတော်၊ အတော်ချော အတော်လှပြီး အတော်ချမ်းသာတယ်ဆိုတဲ့ ညွှန်မှူးကတော်က ငါတို့ရဲ့ အစ်မတစ်ဝမ်းကွဲတဲ့”တစ်ခါတလေကျတော့ မထင်တာတွေက တကယ့်ကို ဖြစ်လာ တတ်သည်ကို အခုလိုကိုယ်တွေ့ကြုံရတော့ မယုံ၍ မရတော့ပေ။ သူသာ လျှင်မက သူ့ဘေးတွင်ထိုင်ရင်း ကင်ပွန်းရွက်စည်းနေသော အမေချစ်ပင် ဘာကိုမျှ ဆက်မလုပ်နိုင်။ ဇာတ်စုံခင်းပြနေသော ကိုရေအေးကို တ တမောကြည့်ရင်း ပါးစပ်အဟောင်းသားနှင့် တအံ့တဩ ဖြစ်နေရှာလေ သည်။ သူ့ချွေးမ မခင်အေး၏ ဖခင်အကြောင်းကို သူ တစ်ခါမျှ မစပ်စုခဲ့ ဖူးတော့ ငယ်ငယ်ကတည်းက ဆုံးသွားသည်ဆိုတာကလွဲ၍ ဘာဆိုဘာ မျှ မသိခဲ့ချေ။ သူ၏ခမည်းခမက်တော်သူ မခင်အေး၏မိခင်နှင့် တရင်း တနှီးခင်မင်ခဲ့ဖူးသော်လည်း သူကလည်း သေဆုံးသွားချိန်အထိ သူ့အိမ် ထောင်ရေးနှင့်ပတ်သက်၍ ဘာကိုမျှ ဖွင့်ဟပြောဆိုခြင်းမပြုခဲ့ဖူးပေ။
“သူတို့ကပေးတော့ ပေးမှာပဲ အမေချစ်ရဲ့ ၊ ပေးချင်လွန်းလို့ကို ဆက်သွယ်လာတာ၊ ဘယ်အချိန်ကျမှ ဘယ်လောက်ရမှာလဲတော့ ကျွန် တော်လည်း မသိဘူး”
“အေးကွယ် အေး၊ ကလေးကုသိုလ်ပေါ့ကွယ်၊ ငွေဆိုတာမျိုးက ပိုတယ်လို့မှမရှိတာ၊ ဝမ်းရေးပြည့်စုံရင် ပညာရေး၊ ကုသိုလ်ရေးတွေ လည်း ဖြည့်ဆည်းနိုင်တာပေါ့”
အမေချစ်က ဝတ္ထုဆန်လှသောအဖြစ်အပျက်ကို အံ့သြနေဟန် ရှိသော်လည်း အမွေတွေရမည်ဟု ဆိုသည့်သတင်းအတွက်တော့ ထူး ထူးခြားခြား မတုန်လှုပ်လှပေ။ သူ့ခြံထဲမှ သစ်ပင် ပန်းပင် စိမ်းစိမ်းစိုစို တွေလိုပင် သူ့စိတ်က စိမ်းစိုအေးချမ်းလှသည်။ ကင်ပွန်းပင်၊ ဒန့်သလွန် ပင်၊ ကျွဲကောပင်နှင့် ချဉ်ပေါင်ပင်တွေက သူ့စိတ်ကို ဘောင်ခတ်ထား ဟန်ရှိသည်ဟုပင် သူ့ဟာသူ တစ်ခါတစ်ရံတွေးမိသည်။ သူ၏ စိတ်က ထိုအပင်တွေ၏ အပြင်ကိုမထွက်၊ နံနက်စောစောထ၊ ဘုရား ဝေယျာဝစ္စ လုပ်ပြီးလျှင် ခြံထဲဆင်း၊ ခူးတန်တာခူး၊ စည်းတန်တာစည်း၊ ခုတ်တန် တာခုတ်နှင့် ထမင်းစားချိန်ရောက်သွားသည်။ ထိုအချိန်တွင် မြေးမကလေး သက်ဝေက သူ့နောက်ကို တကောက်ကောက်လိုက်ရင်း တွတ် တီး တွတ်တာပြောနေတတ်တော့ မောမှန်းပင်မသိ၊ အမောလည်း ပြေလှ သည်။ တစ်နေ့တုန်းကပဲကြည့်။
“ဖားဖားကြီး” အင် ဖွားဖွားကြီးလို့ ပီအောင်ခေါ်ပါသမီးလေးရယ်”
ဖားဖားကြီးရဲ့ တမီးက ဖားဖားကြီးလို့ပဲ ပီအောင်ထော်နေ တာပဲဟာ”
“ကဲ ကဲ ထားပါတော့၊ ဖားဖားကြီးပဲထားပါတော့” ဒန့်ဒွန်တီးတွေက ဘာရို့ ရှည်တာလဲဟင်” “ဒန့်သလွန်သီးရဲ့ သဘာဝက ရှည်တာကိုး သမီးရဲ့” “ဒီရိုချို အုန်းတီးကျတော့ ဘာလို့ ရုံးရုံးကြီးဖစ်နေတာရဲ” “အင်း လုံးတာကလည်း အုန်းသီးရဲ့ သဘာဝပဲကိုး” အုန်းတီးထဲက ရေတွေကိုရော ဘယ်တူထည့်ရဲ” “သဘာဝကပဲပေါ့” “ဘာရို့ ချိုနေရဲ”
“အဲဒါလည်း သဘာဝကြောင့်ပဲပေါ့၊ က် ဖွားကပြန်မေးဦးမယ်။ သမီးလေးကရော ဘာလို့ ဒီလောက်စကားများနေရတာလဲ”
သူကပြန်မေးတော့ သက်ဝေခမျာ အကျပ်ရိုက်သွားသည်။ သူ့ ကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့်ကြည့်ရင်း စဉ်းစားနေသည်။ ထို့နောက်တော့ မျက်နှာလေးဝင်းသွားကာ လက်ညှိုးလေးတစ်ချောင်း
ထောင်ရင်း “အဲဒါရဲ တမီးရဲ့ တဘာဝပေါ့ ဖားဖားကြီးရဲ့”ဟု ချက်ကျ လက်ကျ ပြန်ဖြေသည်။ သူ့မှာ သဘောတွေအကျကြီးကျပြီး ရယ်လိုက်ရ သည်မှာ မျက်ရည်ပင်ထွက်သည်။ ကဲ ဒီလိုဘဝကို ပိုင်ဆိုင်ထားရသော သူ့အတွက် ငွေကြေးဥစ္စာကို မျှော်လင့်တောင့်တနေဖို့ အချိန်ပိုနိုင်ပါ့ မလား၊ လူကရော အားနိုင်ပါ့မလား၊ သူအမျှော်လင့်ကြီး မျှော်လင့်ပြီးတောင့်တနေမိသည်မှာ တစ်ခုသာရှိသည်။ သူ့ချွေးမ မခင်အေး၏ ဝမ်း ဗိုက်ထဲမှ ကလေးငယ်သည် ယောက်ျားလေးဖြစ်ဖို့ ၊ ထိုမြေးကလေးကို သာသနာ့ဘောင်ထဲ သွတ်သွင်းရှင်ပြုပြီး သင်္ကန်းလေး ဝါဝါဝင်းဝင်းနှင့် တွေ့ရဖို့။
“ဟုတ်တယ် အမေချစ်ရဲ့ ၊ ကလေးတွေက သူ့ကံနဲ့သူလာကြ တာ၊ ဒီညွှန်မှူးလက်အောက်မှာ ကျွန်တော်လုပ်နေရတာ ဆယ်နှစ်လောက် ရှိနေမှဟာကို တစ်ခါမှမဆက်စပ်မိပါဘူး၊ အခုအမွှာညီနောင် ကိုယ်ဝန် နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဆက်မိစပ်မိတာ၊ ကျွန်တော့်ခယ်မတွေက
တော့ ကလေးတွေက သူတို့ကုသိုလ်ကံနဲ့သူတို့ ရတနာထုပ်ကို သူတို့ ဟာသူတို့ ထမ်းလာကြတယ်လို့ အကြားအမြင်ကဟောတယ်ပြောတာပဲ”
ကိုရေအေးကတော့ အတော်လေးဝမ်းမြောက်ဝမ်းသာ ဖြစ်နေ သည်။ ဝမ်းသာလည်း သာစရာ၊ သူ့ခမျာ ရန်ကုန်တွင်နေရသူဆိုတော့ စားစရိတ် နေစရိတ်ကြီးရသည့်အထဲတွင် ကလေးကလည်း များလေ
တော့ တစ်ချိန်လုံး လုံးလည်ချာလည်လိုက်နေရသူ ဖြစ်သည်။ မခင်အေး ကလည်း အခုမှ ကြည်ကြည်နူးနူးလေးဖြစ်ခါ ဝမ်းသာဖို့သတိရသည်။ သူ့အတွက်တော့ မဟုတ်ချေ။ သူ့အစ်ကိုအတွက် ဖြစ်သည်။ ။
“နင်ရော နေကောင်းရဲ့ လား”
“ကောင်းပါတယ် အစ်ကိုရဲ့ ၊ နေရထိုင်ရတာလည်း ပေါ့ပေါ့ပါး ပါး ရှိပါတယ်”
“အဲဒါဆိုရင် ယောက်ျားလေးပဲ” အမေချစ်က သူဖြစ်ချင်တာကို ဝင်ပြောသည်။ “နင်ကိုယ်ဝန်ဆောင်အားဆေးရော သောက်ရဲ့ လား” ‘သောက်တယ်အစ်ကိုရဲ့၊ ကိုလှမောင်ဝယ်လာပေးပါတယ်”
“ငါ့မိန်းမကတော့ အခုမှ အူယားဖားယားနဲ့ ဆေးဝယ်ပြီး သောက်နေလေရဲ့”

စိန်ရွှေမြက သူ့ဗိုက်ထဲမှ ကလေးတွေကို အခုမှ အချစ်တွေပို နေသည်။ အခုတော့လည်း ‘တော် အကြောထတဲ့ ဒီတစ်ဗိုက် ́ဟု ခုနစ်သံ ချီပြီး ဟစ်ခဲ့သူမှာ သူမဟုတ်သည့်အတိုင်းပင်။
“ဒေါ်ပုတုကလည်း အကုန်လုံးကောင်းပါတယ်တဲ့” “နင်ကလည်း ဒီတစ်ယောက်လည်း ဒေါ်ပုတုနဲ့ပဲလား”
“ဒေါ်ပုတုက တော်ပါတယ် အစ်ကိုရဲ့ ၊ တလောတုန်းကလည်း အစိုးရသားဖွားသင်တန်း ထပ်တက်ထားသေးသတဲ့၊ ဒီနားပတ်လည် တော့ သူမွေးပေးတဲ့ ကလေးတွေချည်းပါပဲ”
သားဖွားသင်တန်းတက်ပြီး ပြန်လာပြီးသည့်နောက်တွင် ဘယ် ကနေဘယ်လို သူ့ပါးစပ်ထဲသို့ “ဂွတ်” တစ်လုံးရောက်လာသည် မသိ။ အခါတိုင်းလို အနေအထားမှန်သည်၊ ကောင်းသည်ဟုမပြောပဲ အိုကေ တယ်” ဂွတ်တယ်” “အားလုံးဂွတ်တယ်” ဟု တစ်ဂွတ်ထဲ ဂွတ်နေသော
ကြောင့် ကိုလှမောင်ကပင် အခါတိုင်း ခေါ်သလို ဒေါ်ပုတုဟု မခေါ်တော့ ဘဲ “ဒေါ်ဂွတ်တု” ဟု ပြောင်းခေါ်နေသဖြင့် ရယ်ခဲ့ကြရသေးသည်။
ဒါပေမယ့် ဆေးရုံမှာ မွေးရင် ဘာပဲဖြစ်ဖြစ် အရေးတဲ့ အ ကြောင်းတဲ့ဆိုရင် ဆရာဝန်နဲ့နီးတာပေါ့ ဟာ”
အစ်ကိုရေအေးက သူ့အတွက် ပူပူပင်ပင်နှင့် စိုးရိမ်စကား ပြောနေသည့်အတွက် မခင်အေးဝမ်းသာသွားသည်။
“သက်ဝေလေးမွေးတုန်းကလည်း သူပဲမွေးပေးတာလေ အစ်ကို ရဲ့၊ ချောချောမောမောပါပဲ၊ ပထမတစ်သားသာ ခက်တတ်တာ၊ နောက် သားတွေက စိုးရိမ်စရာ မရှိပါဘူး၊ ကျွန်မ ဆေးရုံတက်ရင် ထမင်းပို့ရ ညစောင့်ရနဲ့ အိမ်မှာ ကသီမှာ အစ်ကိုရဲ့”
မခင်အေးက ဆေးရုံ ကြောက်သည်။ ဆေးရုံကို သာမက အဆောက်အဦးထဲ လှမ်းဝင်လိုက်လျှင်ပင် ရလေ့ရှိသော အရက်ပျံနံ့လို လို၊ ဆေးနံ့လိုလို၊ ဆေးရုံနံ့ကိုပါ ကြောက်သည်။ “ကလေးမွေးတာများကွယ် တို့များမိန်းမတွေ ကမ္ဘာဦးအစ က တည်းက မွေးလာကြရတာ၊ အဲဒီတုန်းက ဘာဆေးရုံ ဘာဆရာဝန်မှ ရှိမှာမဟုတ်ပါဘူးကွယ်၊ သားမွေးရတာ မိန်းမသဘာဝပဲဟာ၊ သားမွေး တိုင်းသာ ဆေးရုံတက်နေရရင် တို့များတောကလူတွေ ဘယ်လိုလုပ်ရ ပါ့မလဲ၊ နနွင်းနိုင်နိုင် မီးမှာကိုင်တဲ့၊ မီးဆိုတာ မီးတွင်းခုနစ်ရက်ကိုပြော တာ၊ အိမ်မှာမွေးပါမှ နနွင်းနိုင်နိုင်လိမ်းရသောက်ရတာ၊ နနွင်းဟာ ရိုးရာ ဆေးဘွဲ့”
အမေချစ်ကပါ ဝင်ပြောသည်။ အဲဒါကတော့ ဟုတ်သည်။ ဆေးရုံမှာ နနွင်းပျစ်ပျစ်တွေ ရေဖျော်သောက်ပြီး နနွင်းထိန်ထိန် သွား လိမ်းလို့တော့ မရချေ။ သူ့မိန်းမစိန်ရွှေမြက ဆေးရုံတက်စဉ် နနွင်းကို ခိုးသောက်ခဲ့သော်လည်း လိမ်းတော့ မလိမ်းရဲချေ။ ဆေးရုံဆင်းပြီး အိမ်
ရောက်ခါမှ နနွင်းထိန်ထိန်လိမ်းရလေ့ရှိသည်။ မြန်မာတို့၏ ရှေးအစဉ် အဆက် ဆင်းသက်လာသော အယူအရကတော့ မီးနေသည်နှင့် နနွင်း ဝါဝါက ခွဲခြား၍မရဘဲ တစ်သားတည်း တွဲလျက်ရှိသည်။ ဆေးရုံမှာ
တော့ မွေ့ရာအိပ်ရာခင်းများ စွန်းထင်းညစ်ပေမှာစိုးလို့လား၊ ခေတ်မီ ဆေးပညာအရ နနွင်းသောက်ခြင်းမှာလည်း မသင့်တော်၍လားတော့ မသိ။ နနွင်းတွေမသောက်နဲ့ ၊ မလိမ်းနဲ့နော်”ဟု ဆရာဝန် ဆရာမတွေ က အော်လေ့ရှိသည်။ သူတို့တွေ ရှေ့ကအော်သွားလျှင် သောက်သူတွေ ကလည်း နောက်ဘက်မှခိုးသောက်နေကြသည်ကို သူတွေ့ နေ မြင်နေ ကျ ဖြစ်နေသည်။
“ကဲ ကဲ ငါလည်း ပြန်မှ၊ ဆောင်းတွင်း ကုန်ခါနီးပေမယ့် အမှောင် စောသေးတယ် ”
ကိုရေအေးက လက်ပတ်နာရီကိုငုံ့ကြည့်ကာ နေရာမှထသည်။ သင်္ဘောသီးတွေ ယူသွားဦးမလား ဟင်” `ဟာ ဒီကနေ လမ်းမရောက်ခင် အဝေးကြီးလျှောက်ရဦးမှာ၊ သင်္ဘောသီးတွေ ဆွဲနေရရင် မသက်သာဘူး၊ ကင်ပွန်းချဉ်ရွက် အာ အဲဒါလည်း ဆူးတွေနဲ့၊ တော်ပြီဟာ ဟိုဗန်းထဲက ရဲယိုရွက် နည်းနည်းပဲ ပေးလိုက်တော့”
ကိုရေအေးက သူ့ထုံးစံအတိုင်း ပင်ပန်းမည်ထင်သမျှကိစ္စတွေ ကို ရှောင်ရှားပြီး အပေါ့ပါး အလွယ်ကူဆုံးကိုသာ သယ်ရန် စဉ်းစားသည်။
နောက်တစ်ခါလာရင် တက္ကစီငှားလာမယ်၊ အဲဒီကျမှ နှင့် သင်္ဘောသီးတွေ ထည့်ပေးလိုက်”
“အမယ် အမယ် သူဌေးကြီးက”
ခပ်ကြွားကြွား ခပ်မော့မော့ပြောသော ကိုရေအေးအား ကြည့် ရင်း မခင်အေးက သဘောကျစွာ ရယ်မောမိသည်၊ သူ့အစ်ကို စိတ်ချမ်း သာနေပုံကို ကြည့်ရင်း သူပါ ပျော်လာသည်။
ငါ့မိန်းမကတော့ သူ့ဗိုက်ထဲက ကလေးတွေကို ပါရမီရှင်လေး တွေ ဆိုပြီး သင်္ကန်းတွေ ဘာတွေ လှူနေပြီ၊ နှင့်ဗိုက်ထဲက ကလေးလည်း အတူတူပဲပေါ့ဟ၊ နင်လည်း လှူလိုက်ဦး”
မခင်အေးက ကြည်ကြည်နူးနူးလေးပြုံးရင်း သူ့ဗိုက်ကိုသူ့ ကြည့်သည်။ နောက်တစ်လလောက်နေလျှင် သူ့ဗိုက်ထဲမှ သားငယ်လေး (သူက ယောက်ျားလေးဟုပင် ယုံကြည်ထားသည်။) လူ့ရပ်လူ့ရွာသို့ ရောက်ရှိလာတော့မည်။ ဗိုက်ထဲတွင် တွန်းထိုးလှုပ်ရှားနေသည်ကို သိသိ သာသာ ခံစားနေရသည်။ ဟော ဒီလုံးလုံးလေးက ခုံးထလာပြန်ပြီ၊ ခေါင်းကလေးလား၊ ဒူးကလေးလား၊ ဒီဘက်ကဖုလာတဲ့ ချွန်ချွန်လေးက ရော၊ တတောင်ဆစ်ကလေးလား၊ သူက လက်နှင့်အသာအုပ်ထားရင်း သူ့ဗိုက်ထဲမှ သက်ရှိလူသားလေးကို အတွေးအာရုံတွင် မြင်ယောင်ပြီး မေတ္တာစိတ်တွေ ပျော်ဝင်စီးဆင်းနေသည်။
“ကလေးမွေးပြီးမှပဲ ထမင်းရည်ချောင်းစီး အလှူအကြီးကြီး ပေးတော့မယ် အစ်ကိုရေ”
“အေး အေး သာဓု သာဓု၊ နှစ်ခါပဲ ခေါ်ထားလိုက်ဦးမယ် ဟေး ဟေး”
အမေချစ်လှမ်းပေးသော ကြွပ်ကြွပ်အိတ်ကို လှမ်းယူလိုက်ရင်း ကိုရေအေးက ရယ်မောသည်။ ။
အင်း ချန်ထားဦး ချန်ထားဦး၊ တစ်ခါချန်ထားလိုက်ဦး၊ အလှူ ရေစက်ချတော့မှ သုံးကြိမ်ပြည့်အောင်ခေါ်၊ ဟောဒီက အလှူ အမကြီး က စည်တွေဗြာတွေတီးပြီး အလှူအကြီးကြီးပေးမှာ အစ်ကိုရဲ့”
မခင်အေးကလည်း မျက်နှာကိုမော့ပြီး သူဌေးမကြီးလို ဟန်ချီ ပြလိုက်ရင်း တခစ်ခစ် ရယ်နေသည်။ ထိုအလှူကို သူတကယ်လှူခွင့် ကြုံရလိမ့်မည်ဟုပင် သူ့ကိုယ်သူ ယုံကြည်နေမိရှာလေသည်။
“ငါပညာတွေ အများကြီးသင်ထားတာပဲ၊ အခုတော့ အဲဒီပညာတွေကို ဘာမှလည်း အသုံးမချရတော့ဘူး၊ စာရင်းကိုင်ပညာတွေလည်း မေ့
တောင်ကုန်ပြီ၊ အင်္ဂလိပ်စကားနဲ့ ဂျပန်စကားကလည်း ဧည့်ခံပွဲမှာပဲ အနည်းအပါးအသုံးကျတာ၊ ဒီလိုပဲ သူဌေးကတော်လှလှလေးလုပ်ရင်း တစ်ဘဝလုံး ကုန်ရတော့မှာလား”
နေခြောက်လှန်းထားသော သဇင်ပန်းလေးများသည် ခြောက် ပင်ခြောက်သွားသော်လည်း သင်းသင်းပျံ့ပျံ့မွှေးနေတုန်းပင် ဖြစ်သည်။ အဝကျယ်ကျယ် အုန်းဆီပုလင်းထဲသို့ အသာလေးချလိုက်တော့ ခြောက် နေသော သဇင်ပန်းခက်ကလေးသည် ကွေးညွတ်ညွတ်ပုံစံလေးအတိုင်း အုန်းဆီကြည်ကြည်ထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားလေသည်။ မွှေး ရနံ့ မပြယ်သေးသော သဇင်ပန်းလေးများသည် သူ၏ရနံ့ကို အုန်းဆီထဲ သို့ စိမ့်ပြီး ပျော်ဝင်စီးဆင်းသွားစေလိမ့်မည် ဖြစ်လေသည်။
နွဲ့သဇင်သည် သူ့ကိုယ်သူပင် အံ့သြနေသည်။ ကိုကိုမောင်နှင့် မတွေ့မီက တဖျပ်ဖျပ်လှုပ်ရှားနေခဲ့သော သူ၏စိတ်အစဉ်သည် အခု တော့ အတည်ငြိမ်ကြီး တည်ငြိမ်ပြီး အေးဆေးငြိမ်သက်နေသည့်အတွက် ကြောင့်ဖြစ်လေသည်။ သူ့ကို တအံ့တသြကြည့်ရင်း မှင်တက်မိနေသော ကိုကိုမောင်အား ကြည်သာချိုမြစွာ ပြုံးပြပြီးသောအခါတွင် သူ၏ အာရုံ ထဲမှ အပျိုဖြန်းမလေး နွဲ့နွဲ့ သည် တဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။ နွဲ့နွဲ့ သာမက သူ၏နှလုံးသားကို ထာဝစဉ်စိုးမိုးကာ လှုပ်ခါ နေစေခဲ့သော ကိုကိုမောင်သည်လည်း မှေးမှိန်သွားသည်ကို ထူးဆန်းစွာ ခံစားနေရ သည်။ ယခု အသစ်တဖန် ပြန်လည်တွေ့ရှိရသော ကလေးအထူးကု ဆရာဝန်ကြီးဒေါက်တာတင်မောင်မောင်သည် သူနှင့် ဘာမျှ မပတ်သက် တော့ချေ။
“ကြည့်စမ်း ငါ့ညီမက၊ မမကိုတော့ သဇင်ပန်းတွေအများကြီး ပေးပြီး၊ ကိုယ်တိုင်ကျတော့ စံပယ်ပန်းပန်ထားတယ်၊ ဘာလဲ သဇင်ပန်း မကြိုက်လို့လား”
နွဲ့သဇင်ပန်ထားသော စံပယ်ပန်းကုံးလေးကို ကြည့်ပြီး ဒေါ် တင်တင်ကြည်က ထူးဆန်းနေသလို တအံ့တသြမေးသည်။
‘မဟုတ်ပါဘူး၊ ကျွန်မက ပန်းတိုင်းကိုကြိုက်ပါတယ်” “ဒါနဲ့များကွယ်” “
ဒါပေမယ့် သဇင်နဲ့ယှဉ်ရတိုင်း ကျန်ခဲ့ရတဲ့ ပန်းလေးတွေကို သနားလို့ပါ၊ ဒီမနက်လည်း သဇင်ရော စံပယ်ရော အိမ်မှာအများကြီးပဲ။ ဒါကြောင့် သဇင်ကိုတော့ ဘုရားလည်း တင်၊ မမကိုလည်း ပေးပေါ့၊ ကျွန်မကတော့ စံပယ်လေးတွေကိုပဲ ပန်လိုက်တော့တယ်” ။
နွဲ့ သဇင်က ကြည်ကြည်လင်လင်လေးပြုံးကာ ခပ်သဲ့သဲ့လေး ရယ်မောနေမိသည်။ စံပယ်ပန်းရနံ့သည် သဇင်နံ့ကို မယှဉ်နိုင်ချေ။
တော်ဝင်နန်းထိုက်သည့် ပန်းမကိုဋ်သဇင်ပန်း၏ ရနံ့က လေလုံနေသော အခန်းထဲတွင် တသင်းသင်း တပျံ့ပျံ့ ဝဲလှည့်ကာ မွှေးနေသည်။
ဒေါ်တင်တင်ကြည်ဆီမှ သူပြန်ထွက်လာတော့ ကိုကိုမောင်က လည်း ကိစ္စတစ်ခုခုရှိဟန်နှင့် လိုက်ထွက်လာသည်။ ကံကောင်းသည် လား၊ ကံဆိုးသည်လားတော့မသိ၊ ဓာတ်လှေကားလူခေါ်ခေါင်းလောင်း နှိပ်ထားစဉ် အနီးအနားမှာ လူရှင်းနေသည်။ နွဲ့ မဟုတ်လားဟင်” ကိုကိုမောင်က ခပ်လောလောမေးသည်။ “ကျွန်မ နွဲ့ သဇင်ဖြစ်နေပါပြီ” “နာမည်လေးက သိပ်လှတယ်”
“ဟုတ်ကဲ့ အရင်ဘဝက မလှခဲ့တော့ နာမည်လှလှနဲ့ ဘဝလှလှ တစ်ခု ထူထောင်နိုင်အောင် ကြိုးစားခဲ့တာပါ”
“အောင်မြင်တယ် ထင်ပါရဲ့ နော်” “ဟုတ်ကဲ့၊ ကျွန်မရဲ့ ဘဝအသစ်မှာ ကျွန်မအသားကျနေပါပြီ”
ဓာတ်လှေကားတံခါးပွင့်လာတော့ သူက လှမ်းဝင်လိုက်သည်။ ကိုကိုမောင်က အပြင်ဘက်တွင်ရပ်လျက် ကျန်ခဲ့သည်။ တုန်လှုပ်အံ့သြ ခြင်း၊ နှမြောတသခြင်းများ ထင်ဟပ်နေသော သူ၏မျက်နှာကိုတော့ ဓာတ်လှေကားတံခါးများမပိတ်မီ ခေတ္တတွေ့ လိုက်ရသည်။ ဓာတ်လှေ
ကား တံခါးနှစ်လွှာက ဂျပ်ခနဲစေ့ကာ ပိတ်သွားသည်။ ထို့နောက် ငြိမ့်ခန် အောက်ဘက်ဆင်းလာသည်။ ။
နွဲ့ သဇင်၏စိတ်ထဲတွင် ကြည်လင်အေးဆေးနေသည်။ သူ၏ အတိတ်တံခါးသည်လည်း ခုနတုန်းက ဓာတ်လှေကားတံခါးလို စေ့ပိတ် သွားပြီဖြစ်ကြောင်း သူ့ကိုယ်သူ သိလိုက်သည်။ မျက်တောင်တိုတို စင်း စင်းနှင့် ဆွဲဆောင်မှုအားနည်းလှသော ကိုဘိုကြည်၏ အကြင်နာ မျက် လုံး အစုံကို အတွေးအာရုံထဲတွင် ထင်မြင်လာသည်။ အရောင်တဖျပ် ဖျပ် တောက်ပနေသောကိုကိုမောင်၏ ညှို့မျက်ဝန်းအစုံသည် သူ့ကို ဆွဲငင် ဖမ်းစားခြင်း မပြုနိုင်တော့ဘဲ တဖြည်းဖြည်းဝေး၍ ဝေး၍ မှုန်သွားလေသည်။
နွဲ့ သဇင်က သဇင်ပန်းခြောက်လေးနောက်တစ်ခက်ကို ဆီပု လင်းထဲ ထပ်ထည့်လိုက်ပြန်သည်။ သဇင်ပန်းကို မပန်ဖြစ်သော်လည်း သဇင်ပန်းခြောက်စိမ်ထားသော အုန်းဆီကိုတော့ သူက အစဉ်အမြဲပင် တမြတ်တနိုးလိမ်း ဖြစ်သည်။ သဇင်ပန်းရနံ့လေး ပျံ့ပျံ့သင်းနေသော အုန်းဆီကို သူ နှစ်သက်သည်။
ရေချိုးခန်းထဲတွင် ရေသံကြားရသည်။ ကိုဘိုကြည်ရေချိုးနေ ခြင်းဖြစ်သည်။ ကဘောက်တိ ကဘောက်ချာဆိုနေသော သီချင်းသံကို လည်း ကြားရသည်။ သူက ဘာသီချင်းကိုမှ ဟုတ်တိပတ္တိ မဆိုတတ် သော်လည်း ရေချိုးလျှင်တော့ သီချင်းအင်မတန်ဆိုချင်သည်။ ဆိုလိုက် သမျှကလည်း တလွဲတွေချည်းပဲမို့ နွဲ့ သဇင်က ခဏ ခဏ ပြုံးမိရယ်မိရ တတ်သည်။ ယခုလည်းကြည့်၊ “အတောင်ပံပါရင်မင်းဆီကို ဝေးနေချိန် ရဲ့ ခရီးလေးကို တာတီး တာ တာ တီးတာနှင့် ဟစ်ဆိုနေသည်။ သီချင်း စာသားအဖုံဖုံသည် သူ့ပါးစပ်ထဲရောက်လျှင် “တာတီးတာ တာ တာတီး တာတွေချည်း ဖြစ်ကုန်တတ်သည်မို့ သီကုံးဖွဲ့ဆိုသူတွေကြားလျှင် အလွန် ပင် စိတ်ညစ်ကြရှာပေလိမ့်မည်။ ။
နွဲ့ သဇင်က တစ်ဦးတည်း ပြုံးနေမိစဉ် အိပ်ရာဘေးမှ တယ် လီဖုန်းလေးက မြည်လာသည်။ ကောက်ပြီးထူးလိုက်တော့ ဒေါ်နွဲ့ သဇင် နဲ့ ပြောပါရစေ” တဲ့။ ။
“ဟုတ်ကဲ့ နွဲ့ သဇင်ပြောနေပါတယ်” “တင်မောင်မောင်ပါ” “ဪ ဟုတ်ကဲ့၊ ပြောပါရှင်”
နွဲ့ သဇင်က ပင့်သက်ကို မသိမသာရှိုက်ရှူကာ တစ်စစီပြန့်ကျဲ နေသော စိတ်ဓာတ်အင်အားများကို ကမန်းကတန်းအားယူပြီး အတင်း စုစည်းလိုက်သည်။ ကိုကိုမောင်နှင့်ထိပ်တိုက်ရင်ဆိုင်ရတော့မည်၊ လို အပ်သောကြောင့် ပြောလာရမည့်မုသားစကားများကို အဆင်ပြေစွာ၊ ချော မွေ့စွာ၊ လွယ်ကူစွာ ပြော၍ထွက်လာနိုင်စေရန် သူ့ကိုယ်သူ အားပေးနေ
မိသည်။
“တစ်ခုမေးချင်လို့ပါ” “ဟုတ်ကဲ့ မေးပါရှင်”
နွဲ့ သဇင်သည် အေးစက်ပြီး တည်ငြိမ်နေသော သူ၏အသံကို သူ့ဟာသူ ကျေနပ်သွားသည်။ “ကလေးအကြောင်း သိချင်တယ်၊ ကိုယ်တို့ရဲ့ ကလေး ဘယ် ရောက်နေလဲ၊ ဘာဖြစ်နေလဲ ကိုယ်အကုန်သိချင်တယ်”
တင်မောင်မောင်က နိဒါန်းတွေ ဘာတွေ သွယ်မနေဘဲ ဗြောင် ကျကျပင် မေးသည်။ ရင်ဆိုင်နိုင်အောင်၊ တည်ငြိမ်နေအောင် အားတင်း ထားသော်လည်း နွဲ့ သဇင်၏ရင်ထဲတွင် လှိုက်ခနဲဖြစ်သွားသည်။ လည်
ချောင်းဝထိ ခုန်တက်လာသော နှလုံးသားကို လက်နှင့်အသာဖိထားရင်း ဣနြေ္ဒမပျက်စေနဲ့ မိနွဲ့ ရယ်”ဟု ကိုယ့်ကိုယ်ကို သတိပေးနေသည်။ သား လေးအကြောင်းကို သူ မသိစေရ။ ဘယ်နည်းနှင့်မျှ မသိစေရ၊ သားလေး နှင့်လည်း မပတ်သက်မိစေရ။
သူ လူ့ဘဝကို ရောက်မလာခဲ့ပါဘူး”
စိတ်ပျက်အားလျော့သွားသလို သက်ပြင်းချလိုက်သော အသံ သည် သတ္တုကြိုးတစ်လျှောက် စီးမျောလာသည်။ ခေတ္တမျှငြိမ်သွားပြီး တုန်ယင်ညှိုးငယ်သောအသံနှင့် ထပ်မေးသည်။
“တကယ်ပဲလား ဟင်” ။ “ဟုတ်ကဲ့ တကယ်ပါပဲရှင်” “ကျွန်တော် မယုံချင်ဘူး၊ ယုံလည်း မယုံနိုင်ဘူး” “ဘာဖြစ်လို့ပါလိမ့်”
“နွဲ့ နွဲ့ ဟာ ဒီလိုလုပ်မယ့်မိန်းကလေးတစ်ယောက် မဟုတ်ဘူး၊ သူ့ကို အသက်ရှင်ခွင့်ပေးလိမ့်မယ်လို့ ကျွန်တော်တစ်ချိန်လုံး မျှော်လင့် နေမိတယ်၊ ယုံကြည်နေခဲ့တယ်” ။
နွဲ့ သဇင်က ရုတ်တရက် မျက်ရည်လည်လာသည်။ သို့သော် မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး ထိန်းထားလိုက်သည်။
“ဟုတ်ကဲ့ ယုံကြည်ထားတာတွေဟာ တစ်ခါတလေကျတော့ မှားယွင်းနေတတ်ပါတယ်”
“ကျွန်တော်ယုံကြည်ထားတာတွေက မမှားတတ်ပါဘူး”သူက ဇဝေဇဝါနှင့်ထပ်ပြောသည်။ ဒီလိုအချိန်မှာ အသံသာ သာလေးနှင့် ရယ်မောပစ်လိုက်ဖို့ ကောင်းသော်လည်း နွဲ့သဇင် မရယ်နိုင်၊ သူ့အသံတွေ တုန်ခါမသွားအောင် နှုတ်ခမ်းကို ဖိကိုက်ပြီး ထိန်းထားရသည်။
“လူဆိုတာ ကိုယ့်ကိုယ်ကိုအချစ်ဆုံးလို့ ပြောကြတယ် မဟုတ် လား၊ ကိုယ့်ဘဝရပ်တည်ရှင်သန်နိုင်ဖို့ ကြိုးစားရတဲ့အခါ မလုပ်ချင်တဲ့ အလုပ်၊ မလုပ်သင့်တဲ့အလုပ်တွေကို လုပ်ရတာတွေလည်း ရှိခဲ့တာပေါ့ ၊ ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့တော့ အချိန်အခါနဲ့ အခြေအနေက အထောက်အကူပေးပါမှ အမြဲတမ်းအပြစ်ကင်းပြီး ကောင်းကောင်းနေ နိုင်မှာပေါ့ရှင်”
ရင်ထဲတွင် ပူလောင်ပြီး မီးတောက်နေသော်လည်း နွဲ့ သဇင်၏ အသံက မီးအရှိန်မဟပ်ဘဲ အေးအေးချိုချိုကလေးပင် ဖြစ်သည်။ ငါ အတော် ဟန်ဆောင်ကောင်းနေပြီပဲ” ဟု ဆက်တွေးရင်း နွဲ့ သဇင် မချိပြုံး
လေး ပြုံးလိုက်မိလေသည်။ နာကျင်ကြေကွဲစွာနှင့် ကုန်လွန်ခဲ့ရသော အချိန်များသည် သူ့ကို တည်ငြိမ်ရင့်ကျက်ခြင်းဟူသော လက်ဆောင်ကို လည်း ပေးအပ်ခဲ့လေသည်။
“ကျွန်တော် စိတ်မကောင်းဘူးဗျာ”
တင်မောင်မောင်၏ အသံက ဖျော့နေသည်။ “ကျွန်မ စိတ် မကောင်းဖြစ်ခဲ့ရတာကတော့ ကြာလှပါပြီရှင်” ဟု နွဲ့ သဇင်က စိတ်ထဲ မှ ပြန်ပြောလိုက်မိသည်။ နှုတ်ကတော့ ဘာစကားမျှ ပြန်မပြောမိတော့။ ပြောစရာစကားလည်း မရှိတော့ဘူးဟုထင်သည်။ တင်မောင်မောင်က လည်း ဘာမှဆက်မပြောတော့ဘဲ သက်ပြင်းနှစ်ခါလောက်ချပြီးသော အခါ သူ့ဘက်မှ အလျင် တယ်လီဖုန်းချသွားသည်။
နှုတ်ဆက်လိုက်ပါတယ် ကိုကိုမောင်”
နွဲ့ သဇင်က တယ်လီဖုန်းခွက်ကလေးကို စိုက်ကြည့်ကာ ရင်ထဲ မှ နှုတ်ဆက်လိုက်သည်။ သူ၏ကျန်သော ဘဝသက်တမ်းတစ်လျှောက်တွင်တော့ ကိုကိုမောင်က ဆက်လက်စိုးမိုးနိုင်တော့မည် မဟုတ်သည်ကို သူ့ကိုယ်သူ သိလိုက်သည်။ သူသည် ကိုကိုမောင်၏ အရိပ်အောက်မှ လွတ်မြောက်ခဲ့ပေပြီ။ ။
တယ်လီဖုန်းလေးကို ပြန်တင်ထားလိုက်ရင်း နွဲ့ သဇင် ငြိမ်ငြိမ် လေး ဆက်ထိုင်နေမိသည်။ ထို့နောက်မှ ကိုဘိုကြည်ကို သတိရသည်။ ရေချိုးခန်းထဲတွင်လည်း အိပ်ခန်းနှင့်ဆက်လျက် တယ်လီဖုန်းလိုင်းခွဲ တစ်ခု တပ်ဆင်ထားသည်ကို ဖြုန်းခနဲသတိရသည်။ တစ်စုံတစ်ဦးက သူ့ကို စိုက်ကြည့်နေသလို ခံစားရ၍ ရေချိုးခန်းဘက် ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ ကိုဘိုကြည်ကိုတွေ့ရသည်။ မွေးပွတစ်ဘက် ကြီး ခြုံထားသော ကိုဘိုကြည်သည် သူ့ကို ခပ်ငေးငေး ခပ်တွေတွေ လှမ်းကြည့်နေလေသည်။
ကိုကိုမောင်နှင့် ဖုန်းပြောစဉ်က တည်ငြိမ်အေးဆေးနေခဲ့သော သူ၏နှလုံးသားသည် လျင်မြန်စွာ လှုပ်ရှားလာသည်။ လက်ဖျားတွေ လည်း ချက်ချင်းအေးလာသည်။ သူသိသွားပြီ၊ ဘုရားကယ်တော်မူပါ။ သူ၏အတိတ်ဘဝက ဇာတ်ရုပ်ကို သူ၏ခင်ပွန်းသိရှိသွားပါပြီ။
“သူ့ကလေးကို သူသိပ်တွေ့ချင်နေတယ် ထင်တယ်၊ ကိုကို တောင် စိတ်မကောင်းဘူး”
သူမျှော်လင့်ထားသလို တင်းမာခြင်းစိတ်ဆိုးခြင်းမရှိဘဲ ကို ဘိုကြည်က ခပ်အေးအေးပင်ပြောသည်။ သို့သော် သူ့အသံ အေးအေး က နွဲ့ သဇင်၏ နှလုံးသားကို လက်အေးကြီးနှင့် ဖြစ်ညှစ်လိုက်သလို မွန်းကျပ်သွားစေသည်။ ကိုယ်က အပြစ်မကင်းခဲ့သူ၊ မရိုးသားခဲ့သူ ဆိုတော့ ကိုဘိုကြည်ကိုပင် ရဲရဲမကြည့်ရဲဘဲ မျက်နှာလေးဖြူလျော်သွားသည်။
နွဲ့ လေးအကြောင်း လက်မထပ်ခင်ကတည်းက ကိုကို အကုန် လုံးသိပြီးသားပါ” ကိုဘိုကြည်က အနေရခက်နေသောသူ့ကို ကရုဏာ သက်ဟန်နှင့် ခပ်လောလောပြောသည်။

မစန္ဒာ
အပိုင်း(၁၂)ဆက်ပါဦးမည်

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...