(၂)
ဤမှာဘက်မှ ချောင်းမြောင်းနားထောင်နေသူ နှစ်ဦးအတွက်မှာလည်းဤကိစ္စမှာ ပြီးပြတ်သွားသကဲ့သို့ရှိသည်။
“ကြားရတာတော့အစုံပါပ ဲ ဗိုလ်မှူး...”
သွေးသောက်ကြီးက တရုတ်ကတ်မှ မျက်နှာကိုခ ွာရင်း ပြောသည်။ဗိုလ်မှူးကမူအတွေးနက်နေဟန်နှင့်ရုတ်တရတ်စကားမပြန်ချေ။
“ကြုံတုန်း မေးပါရစေ ဗိုလ်မှူး... ကိုယ်တော်လေးဆီက ဘာများအမှာတော်ရပါသေးလဲ...”
ဗိုလ်မှူးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
“အင်း... ဟိုတစ်လောက ကိုယ်တော်လေး ရန်ကုန်ကို တိတ်တဆိတ်ကြွလာပြီး ပြန်သွားရကတည်းက ဘာမှ တိုက်ရိုက်အမှာတော်မဆိုက်သေးဘူး... ဒါပေမယ့်...”
လေသံနှင့် ပြောနေရာမှ ဗိုလ်မှူးသည် ချက်ချင်းရပ်သွားသည်။ကြမ်းပြင်မှာ အနည်းငယ်လှုပ်သွားကာ တစ်ဖက်ခန်းမှ ခြေသံပြန်ကြားရသည်။
နှစ်ဦးသားမှာ တရုတ်ကတ်ဆီ ပြန်ခေါင်းရောက်သွား၍ ခန်းဆီးကိုအသာဖယ်၍ ကြည့်မိပြန်သည်။ တစ်ဖက်ခန်း၌ နံရံလျှို့ဝှက်တံခါးတစ်ချပ်မှ ဟတ်(စ်)၏ လက်ထောက်ဖြစ်ဟန်တူသူ မျက်နှာဖြူတစ်ယောက် ဝင်လာသည်။ မရှေးမနှောင်းပင် ကတ္တီပါတပ်တံခါးမှ စောစောက စကားပြန်လုပ်သူသည်ပြန်ဝင်လာ၏။
“ဘယ့်နှယ်လဲ စာရေးတော်ကြီး... ဒီညလာတာ ဘာအဓိပ္ပါယ်လဲ...”
မျက်နှာဖြူက ဆီးမေးသည်။
“တိုးတိုး မွန်စီယာ... ကောင်းသော အဓိပ္ပါယ်ပါပဲ... မြန်မာဘက်ကလိုက်လျောမှုတွေ အမိန့်မချမီလာစုံစမ်းတဲ့သဘောပဲ...” နှစ်ဦးမှာပြင်သစ်ဘာသာနှင့် ပြောဆိုနေကြခြင်းဖြစ်ရာ သွေးသောက်ကြီးမှာဘာမျှ နားလည်ဟန်မပေါ်။ပြင်သစ်ဘာသာ တတ်ဟန်ရှိသော ဗိုလ်မှူးကသာ အသက်မရှုပဲငြိမ်နားစွင့်နေသည်။
“သူကျေနပ်ပုံရရဲ့လား...”
“ကျေနပ်ပါတယ်... သူကျေနပ်ရင်တိုင်တားမင်းကြီးလဲ ကျေနပ်တာပဲ... ရွှေနန်းရှင်ဘုရားန ဲ့ထိပ်စုမြတ်ဖုရားလဲ ကျေနပ်ရမှာပဲ... ဒီလာရတာက ရွှေနန်းတော်ထဲမှာ စကားကုန်ပြောလို့မဖြစ်ဘူး... ကင်းဝန်မင်းကြီးက ရှိသေးတယ်မဟုတ်လား... ဒီအဘိုးကြီးက အဂ င်္လိပ်ဘက်ယိုင်ချင်သလိုလို...”
“ကျုပ်တို့တောင်းတာတွေကော ဘယ့်နှယ်လဲ...”
“အို... ရမယ်... စိတ်ချ...”
“ဘာတွေ ရမှာလဲ...”
“အကုန်ပေါ့... နေပြည်တော်မှာ ပြင်သစ်ဘဏ်တိုက်ဖွင့်ခွင့်ရမယ်... ဘုရင်ပိုင်လုပ်ငန်းတွေလဲ ပြင်သစ်ကို လွှ ဲပေးမယ်... စာတိုက်လုပ်ငန်းလဲ ရမှာပဲ... မြစ်စဉ်တစ်လျှောက် မီးသင်္ဘော ပြေးခွင့်လဲရမယ်... မန္တလေးနဲ့ တောင်ငူလဲ ရထားလမ်း ဖောက်ရမယ်...ငွေတော့ ခင်ဗျားတို့ စိုက်ပေါ့... တုံကင်းနဲ့ ဒီ ကုန်လမ်းဖွင့်ဖို့လဲခွင့်ပြုရမှာပဲ... အရေးအကြီးဆုံးက မိုးကုတ်နဲ့ ကျပ်ပြင်က ပတ္တမြားတွင်းတွေတောင် တူးဖော်ခွင့်ပေးမယ်... ကဲ... ဘာကျန်သေးလဲ”
မျက်နှာဖြူက ဘာမျှပြန်မပြောတော့ပဲ ရွှေဒဂ င်္ါးထည့် ကတ္တီပါအိတ်တစ်ခုကိုထိုသူ့အား လှမ်ေးပးလိုက်သည်။
ထိုအခိုက် အောက်ထပ်မှ ကျောက်လုံး၏ အော်ဟစ်ခေါ်သံ ကြားရသည်။
“သွေးသောက်မင်း ဦးမြတ်ကျော်... ဗျို့... သွေးသောက်မင်း... ဘယ်ဆီရောက်နေပါသလဲ...”
နှစ်ဦးသားမှာ အခြေမပျက် ပြန်ဆင်းရန်သာ ရှိတော့သည်။ သို့ရာတွင်မမျှော်လင့်သော အဖြစ်တစ်ရပ်က ပေါ်ပေါက်လာခ ဲ့သည်။
စကားပြန်လုပ်သူက... “ကဲ... မွန်စီယာ... သွားမယ်... အခင်းလေး ထွက်ချင်ယောင် ဆောင်လာခ ဲ့ရတာ... ကြာရင် ရိပ်မိနေဦးမယ်...” ဟုဆိုကာ ပြန်ရန်ပြင်သည်။
ပြင်သစ်အရာရှိမှာ စကားမပြန်ပဲ မိမိ၏ ခြေထောက်ဆီ ငုံ့ကြည့်လိုက်သည်။ လွှာဖိနပ်အပါးသာ စီးထား၍ ကော်ဇောလွတ်ရာတွင်ရပ်နေသော ခြေထောက်မှာ ရေတို့ဖြင့်ရွှ ဲနေသည်။ အရာရှိ၏မျက်လုံးမှာ
ထူးဆန်းစ ွာ ကြမ်းပြင်တစ်လျှောက် စီးလာနေသော ရေများဆီရောက်လာ၏။ ရေစီးကြောင်းမှာ တစ်ဖက်ခန်း တရုတ်ကတ်တပ်တံခါးရှိရာမှလာသည်။
တစ်ဖက်ခန်းမှ ချောင်းကြည့်နေသူ သွေးသောက်ကြီးမှာလည်းဆွဲထားသော ခန်းဆီးစကို လျှင်မြန်စွာ လွှတ်ချပစ်လိုက်၏။ သို့ရာတွင်နောက်ကျသွားပေပြီ။ မျက်စိလျင်သော ပြင်သစ်အရာရှိသည်ခန်းဆီး၏လှုပ်ရှားမှုကို သေချာစ ွာ မြင်လိုက်ရသည့်ခဏ၌ ကတ္တီပါခန်းဆီး တပ်တံခါးမှတစ်ဟုန်ထိုးပြေးထွက်ကာ အောက်ထပ်ရှိအစောင့်များအားအော်ဟစ်အမိန့်ပေးသည်။သွေးသောက်ကြီးနှင့်ဗိုလ်မှူးတို့မှာလည်း လျင်မြန်လှသည်။အခြေအနေကို ရိပ်မိလိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ဦးသားသည်ဆုတ်ဆိုင်းတွေဝေမနေတော့ပဲ လာလမ်း ကြမ်းပေါက်ဆီ လွှားခနဲ့ ရောက်ရှိခဲ့ကြသည်။ ကြမ်းပေါက်မှ ဒရောသောပါး ဆင်းခ ဲ့စဉ် ဗိုလ်မှူးသည် မိုးကြောင့်ရွှဲရွှဲ စိုနေသော အဝတ်များကိုမေ့၍ တံခါးပေါက်အနီးတစ်နေရာတည်းတွင် ကြာရှည်စွာရပ်နေမိသည့် မိမိ၏ပေါ့လျော့မှုကိုမိမိအပြစ်တင်မိသေးသည်။
မှောင်မည်းသော အောက်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက်ဗိုလ်မှူးသည် ဓားအိမ်မှ ဓားရှည်ကို ဆွဲထုတ်ယူလိုက်သည်။ သွေးသောက်ကြီးမှာလည်း မိမိဓားကိုထုတ်ပြီး ဖြစ်နေသည်။
“ကဲ... သွေးသောက်ကြီး... မထူးပြီ... မနေရစ်နှင့်...”
တိုတောင်းစွာသော အမိန့်တစ်ချက်ပေးလျက် ဗိုလ်မှူးသည် အရိပ်အခြည်တစ်ချက်ငဲ့ကာ အောက်ထပ်မှောင်ရိပ်မှ ရ ဲတင်းစွာပင်အပြင်သို့ထွက်လိုက်၏။
ထိုအခိုက်တွင်ပင် လက်ဝ ဲဘက်မှ လှံစွဲအစောင့် စစ်သားတစ်ဦးသည်အော်ဟစ်ပြေးလာရင်း ဗိုလ်မှူး၏ရင် ဆီသို့ လှံရှည်နှင့် အားကုန်ဆောင့်ထိုးလိုက်သည်။ လျင်မြန်သောဗိုလ်မှူးသည် ရုတ်တရက်ညာခြေကိုနောက်ဆုတ် ၍ ကိုယ်ကို စောင်းပေးလိုက်သဖြင့်လှံသွားသည်ရင်အုံမှ ပ ွတ်သီဖြတ်သွားခိုက်ညာလက်မှဓားရှည်ဦးသည်အား လွန်လာသည့် အစောင့်၏ ရင်ဘတ်တွင်းသို့ စူးမြုပ်ဝင်သွား၏။လှံမှာလည်း ဗိုလ်မှူး၏ ဘယ်လက်ဝယ်ဆုပ်ယူထားပြီး ဖြစ်နေသည်။
ဓားချက်မိသွားသော အစောင့်၏ အော်သံကြောင့် လက်ယာဘက်မှအစောင့်သုံးဦးသည်ပြေးပေါ်လာ၏။ သို့ ရာတွင်မှောင်ရိပ်ခို၍ အသင့်စောင့်နေသော သွေးသောက်ကြီး၏ ဓားချက်များကြောင့်သုံးယောက်မှာခဏတွင်း မြေပေါ်သို့လဲကျကုန်သည်။
လက်ဝဲဘက်မှ ထပ်ပြေးလာသော အစောင့်များဆီသို့ ဗိုလ်မှူးသည်လှံကို ပစ်လွှတ်လိုက်ပြီး ၎င်းတို့အသိုက် ထဲမှ အော်သံတစ်ချက်ပေါ်လာသည့်အခိုက်တွင်ပင် ပေါ့ပါးစွာခုန်လွှားလျက် စောစောကအုတ်ရေကန်ဘေးသို့ ရောက်သွားသည်။ သွေးသောက်ကြီးမှာလည်းအနားမှကပ်ပါလာသည်။
နှစ်ဦးသားမှာ အုတ်ပေါင်ဘေး ကပ်ဝပ်လိုက်သည်မှာ အချိန်မီပင်ဖြစ်သည်။ အကြောင်းမှာ ထိုခဏတွင်ပင် သေနတ်သံတစ်ချက်ပေါ်လာပြီး အုတ်ပေါင်ထပ်မှကပ်လျက်ကျည်ဆန်သည်ဖြတ်ပြေးသောကြောင့်တည်း။
ကန်ပေါင်ကွယ်မှ ဗိုလ်မှူးသည်ပြောင်းတိုသေနတ်ကို ထုတ်၍ တစ်ချက်ပြန်ပစ်သည်။
ဤသို့ မမျှော်လင့်သော သေနတ်သံ ကြားလိုက်ရသဖြင့်လိုက်လာကြသော အစောင့်များ ရုတ်တရက်အရှိန်တန့်သွားသည်မှာနှစ်ဦးအတွက်အခ ွင့်ကောင်းဖြစ်သွားသည်။
ဤနေရာမှ ခြံစည်းရိုးမှာ ကိုက်ငါးဆယ်ခန့်သာဝေးသည်။ ဗိုလ်မှူးနှင့်သွေးသောက်ကြီးသည် မြားပစ်လိုက်ဘိသို့ တစ်ဟုန်ထိုး ပြေးထွက်ကာခြံစည်းရိုးအား လွှားခန ဲ ခုန်ထွက်ပြေးကြသည်။ နောက်မှကပ်လိုက်လာသော လှံသွားများမှာ ခြံစည်းရိုးတွင် တန်းလန်းစိုက်ကျန်ရစ်သည်။ ခြံဝင်းတံခါးရှိရာမှ သေနတ်သံများလည်း ပေါ်လာသည်။
သွေးသောက်ကြီးနှင့် ဗိုလ်မှူးမှာ အပြင်ရောက်သည်နှင့် တစ်ပြိုင်နက်မှောင်ရိပ်နှင့် သစ်ပင်များကို ကွယ်၍ ကွေ့ရှောင်ပုန်းရင်း ပြလမ်းထောင့်မန်ကျည်းပင်ကြီးများအရိပ်သို့ ရောက်လာကြ၏။ မန်ကျည်းပင်ရိပ်မှလူတစ်ဦးသည် မြင်းနှစ်စီးအား ဇက်ကြိုးများကိုဆွဲလျက် အဆင်သင့်စောင့်ကြိုနေသည်။
မကြာမီ ဗိုလ်မှူးနှင့် သွေးသောက်ကြီးမှာ မြင်းတစ်စီး၊ စောင့်ကြိုသူမှာမြင်းတစ်စီးနှင့် မှောင်ထဲတွင် အရှေ့ ဘက်သို့ အပြင်းစိုင်းနှင်ပြေးကြသည်။
သံတဲအတွင်း၌မူလှုပ်ရှားကျန်ရစ်၏။ ထိုအချိန်တွင်သံမှူး ဟတ်(စ်)နှင့်တကွ ဧည့်သည်တော်များပါ သံတဲ၏ ဥပစာတွင်ရပ်နေကြပေပြီ။
“ဘာကြောင့်ဝင်းတံခါးကြီးကို ပိတ်ထားရသလဲ... မြင်းသည်တွေကိုဖွင့်လွှတ်ခိုင်းလိုက်ပါ...”
အပြင်ဘက်မှောင်တွင်းမှ မြင်းခ ွာသံများ ကြားလျှင်ကြားချင်းလှေသင်းအတွင်းဝန်မင်းသည် ကြံရာမရ ဖြစ်နေပုံပေါ်သည့် သံမှူးအားပြတ်သားတည်ငြိမ်စွာ အမိန့်ပေးသည်။ ထိုအခါကျမှ သံမှူးသည်လှုပ်ရှားလာကာ မိမိ၏ လက်ထောက်ကိုတစ်ဆင့်အမိန့်ပေးသည်။
အတွင်းဝန်မင်းသည် အနီးရှိ မိမိနောက်ပါ မြန်မာအရာရှိအားလည်းလှည့်အမိန့်ပေးသည်။
“သွား... ဗိုလ်ကျော်ခေါင်... မြင်းနဲ့ ဦးဆောင်လိုက်... ကင်းတွေအားလုံးဆင့်ဆို... ပြင် မြို့ရိုး အဝင်အထွက်တွေ အစည်းအကြပ်ရှိပေ့စေ... အရှင်မိအောင်ဖမ်း... မိမိတာဝန်မှလွတ်သူတာဝန်ခံသေဒဏ်ပြန်ချေ...”
မြန်မာအရာရှိမှာ လက်အုပ်ချီ ဦးတစ်ချက်ညွှတ်လျက် သွက်လက်စွာ သံတဲပေါ်မှဆင်းသွားသည်။ မကြာမီပင် သံတဲအတွင်းမှ မြင်းရှစ်စီးအပြင်းမောင်းနှင်ထွက်သွား၏။
“ဘယ့်နှယ်ထင်ပါသလဲ ဝန်မင်း... အင်္ဂလိပ်သူလျှိုများပင်လော...”
သံမှူးက စုံစမ်းသည်။ စကားပြန်လုပ်သူမှာ သဘောတူဟန် ခေါင်းတဆတ်ဆတ်ညိတ်နေသည်။
အတွင်းဝန်မင်းသည် စဉ်းစားတွေးခေါ်နေရာမှ ဖြည်းညင်းစွာ ခေါင်းကိုခါသည်။ အပြင်ဘက်အား အံကြိတ်ရင်း မျှော်ကြည့်နေခိုက် အတွင်းဝန်မင်း၏ စိတ်သန္တာန်ဝယ်စိုးရိမ်ထိတ်လန့်ခြင်းမှာ ဝင်ရောက်လာသည်။
“ကုလားဖြူရဲ့ ကြေးစားသူလျှိုတွေမှာ ဒီလောက်စွန့်စားရဲတဲ့ သတ္တိမရှိနိုင်ဘူး...”
အတွင်းဝန်မင်းက ဖြေးညင်းစွာ မှတ်ချက်ချသဖြင့် ကျန်လူများမှာအံ့အားသင့်သွားသည်။ “ဒါဖြင့်ဘယ်သူတွေလဲ...”
အတွင်းဝန်မင်းသည် သံမှူးထံမှ မျက်နှာလွှဲလိုက်၍ မိမိကိုယ်ကိုပြောဟန်တိုးတိုးရေရွတ်လိုက်သည်။
“ညောင်ရမ်းဆက်တွေ...”
မြင်းနှစ်စီးနှင့် တရကြမ်းစိုင်းနှင်လာသူများမှာ မင်္ဂလာတံခါးမှသွယ်ထွက်လာသော လမ်းမတော်ကြီးသို့ မရောက်မီ တစ်ပြအလို၌ခေတ္တရပ်လိုက်ကြသည်။အနောက်ဝေးဝေးမှ အပြင်းမောင်းလိုက်လာကြသော မြင်းခ ွာသံများကိုကြားနိုင်သည်။
“ဒီတိုင်း ရှေ့ပြေးနေလို့မဖြစ်ဘူး... သူတို့မျက်စိလည်အောင်လူစုခွဲမှပဲ”
ဗိုလ်မှူးက ပြေးမည်တကဲကဲ လုပ်နေသော မြင်းညိုကြီးအား ဇက်ထိန်းရင်း အကြံပေးသည်။
“မှန်ပါတယ် ဗိုလ်မှူး... ကျွန်တော် ဒီနေရာဆင်းပြီး ခြေကျင်ရုပ်ဖျောက်တိမ်းရစ်ပါ့မယ်...”
သွေးသောက်ကြီးသည်ပြောရင်းဆိုရင်း မြင်းပေါ်မှဆင်းသည်။
“ရော့... သွေးသောက်ကြီး... လိုလိုမယ်မယ်ဒါဆောင်သွား...”
ဗိုလ်မှူးသည် ခါးကြားမှ ပြောင်းတိုသေနတ်အား ထုတ်၍သွေးသောက်ကြီးဆီသို့လှမ်းပေးလိုက်သည်။ဗိုလ်မှူးထံမှ သေနတ်အား ယူပြီး သွေးသောက်ကြီးသည်မဆိုင်းတော့ပဲ မှောင်ရိပ်ခို၍ ပျောက်ပြေးသည်။မြင်းခွာသံများမှာလည်း နီးသည်ထက်နီးလာသည်။
“ကဲ... ဗိုလ်မင်းထင်... မှောင်ရိပ်ခိုပြီး သူတို့လွန်မှ လူယောင်ပြပြီးနောက်ကြောင်းပြန်ပြေး... ကျွန်တော်က ဒီအစောင့်အမြင်ခံပြီး မျှားခေါ်ယူမယ်...”
ဗိုလ်မင်းထင် အခေါ်ခံရသူသည် ဘာမှပြန်မပြောပဲ ပြလမ်းအတွင်းသို့
မြင်းကိုမောင်းနှင်ချိုးဝင်၍ ခြံတစ်ခု၏အစပ်မှောင်ရိပ်၌ ငြိမ်နေသည်။
ထိုအချိန်တွင် မိုးမှာ တဖွဲဖွဲသာ ကျနေတော့၍ တိမ်ကွယ်မှ လရောင်
မှိန်မှိန်သည်သက်ဆင်းကျနေ၏။
မြင်းခွာသံများ ပိုမိုကျယ်လောင်လာသည်သာမက အနောက်ဘက်နှစ်ပြအကွာမှ မြင်းငါးစီးခန့်မှာလည်း ပေါ်လာသည်။ ဗိုလ်မှူးသည်မြင်းကို တစ်ပတ်ကွေ့လှည့်လိုက်သည်။ မြင်းညိုကြီးသည် လရောင်၌တစ်ချက်ဟီကာ ပတတ်ရပ်လိုက်ပြီး အရှေ့ဘက်သို့ လေ၏
လျင်မြန်ခြင်းဖြင့်တစ်ဟုန်ထိုး ပြေးထွက်ခဲ့သည်။
လမ်းမတော်ကြီးနှင့် ပြလမ်းဆုံထောင့်တိုင်း၌ ကင်းရုံများရှိကြောင်းသိပြီးဖြစ်သောဗိုလ်မှူးသည် မြင်းနှင့် အပြင်းစိုင်းနှင်လာစဉ်ညာလက်မှဓားရှည်ကြီးအားလည်း ဆွဲထုတ်ယူပြီး ဖြစ်နေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကင်းရုံမှ လှံကိုင်အစောင့်နှစ်ဦးမှာပြေးထွက်လာသည်။
“ရပ်လိုက်...”
တားမြစ်သံမှာလည်း ပေါ်ထွက်လာ၏။
သို့ရာတွင်အရှိန်နှင့် ပြေးလာရာမှ ဇက်ကိုဆွဲဆောင့်ခြင်းခံလိုက်ရသဖြင့်
ပတတ်ရပ်လျက်ဖြစ်သွားသော မြင်းညိုကြီးမှာ ရှေ့တည့်တည့်မှ ကာဆီးရပ်နေသူ အစောင့်နှစ်ဦးအပေါ်သို့ ကြောက်မက်ဖွယ်မိုးလျက်သားရှိပေသည်။
ထိတ်လန့်တကြား ဘေးသို့တိမ်းလိုက်ရသော အစောင့်နှစ်ဦးမှာ ခေါင်းထက်သို့ ဘယ်ပြန်ညာပြန် ဆက်တိုက် ကျရောက်လာသော ပြင်းထန်သည့်ဓားနှောင့်ဒဏ်ကိုခံလိုက်ရပြီး မြေပေါ်သို့ ပုံလဲကျသွားသည်။
နောက်မှ အပြင်းလိုက်လာကြသော မြင်းငါးစီးမှာလည်း ပြလမ်းအလွန်တွင် နောက်ဆီမှ တဟားဟားရယ် သံပြု၍ စစ်ရေးငင်ကာလရောင်၌ ကဆုန်စိုင်းပြေးသော ရန် မြင်းရှင်ကြောင့် ဝေခွဲမရဟန်တုံ့ခနဲ တန့်သွားသည်။
အစောင့်နှစ်ဦးအား စီရင်ခဲ့ပြီး လွတ်မြောက်လာသူ ဗိုလ်မှူးသည်နောက်သို့ လှည့်ကြည့်လိုက်ရာ နှစ်ပြခန့် အကွာ၌ မြင်းသုံးစီးသာမိမိနောက်သို့လိုက်လာတော့မှန်း သိရသည်။
မြင်းချင်းမှာ ခြေကွာလှသည်။ ငါးပြခန့် ပြေးမိသည့်ခါတွင်မူ နောက်မှမြင်းများမှာ ပြတ်ကျန်ရစ်ကာ ခွာသံသဲ့သဲ့သာကြားရတော့၏။
ရှေ့မှောင်ကျရာတစ်နေရာသို့ ရောက်သောအခါတွင် ဗိုလ်မှူးသည်မြင်းကို ချက်ချင်းရပ်ပစ်လိုက်ပြီး လူမှာ မြေပေါ်သို့ ခုန်ဆင်းလိုက်သည်။ထို့နောက် မြင်းညိုကြီး၏ တင်ပါးဆုံအား သုံးချက်ဆင့်
ရိုက်လိုက်သည်ခဏ၌ မြင်းကြီးသည် ရှေ့သို့ ခွာသံပြင်းပြင်းနှင့်ဆက်စိုင်းနှင်သွားသည်။
တိုတောင်းလှသော အချိန်အတွင်း၌ ဗိုလ်မှူးသည် အသင့်ဆောင်လာသော ကြိုးတစ်ခွေနှင့် အလုပ်များနေပြီ။
ပထမကြိုး တစ်စအား လက်ယာဘက် လမ်းဘေးရှိ သစ်ပင်တစ်ပင်၏ပင်စည်၌ ပတ်ရစ်ချည်လိုက်သည်။ ထို့နောက် ကြိုးအား ခါးလယ်ခန့်အမြင့်မှ လမ်းအားဖြတ်ကာ လက်ဝ ဲဘက်ရှိသစ်ပင်တစ်ပင်၏ ပင်စည်၌သုံးလေးပတ် ရစ်လိုက်၍ ကြိုးစအားကိုင်ရင်း မှောင်ရိပ်၌ ငြိမ်သက်စွာစောင့်နေသည်။
ဘာမျှ မရိပ်မိသော ရန်သူများမှာမူ နောက်မှမြင်းများကို ခြေကုန်လွှတ်စီးလာသည်။ ရင်ပေါင်တန်းပြေးဝင် လာသော မြင်းသုံးစီးမှာ ကြိုးတန်းနှင့် ဝင်တိုးမိသည်နှင့် တစ်ပြိုင်နက် လူသုံးဦးမှာ ကုန်းမှထွက်၍လေထဲတွင်မြောက်ကာ မြေပြင်သို့ အရှိန်ပြင်းစွာ ကျရောက်လာသည်။မြင်းသုံးစီးစလုံးမှာလည်း မြေပြင်ပေါ်တွင်ချော်လဲ၍ နှစ်ပတ်သုံးပတ် လိမ့်သွားသည်။ မြင်းများ ထ၍ သွေးရူးသွေးတန်းနှင့် ဦးတည်ရာမဲ့ စွတ်ပြေးကြသည့်တိုင်အောင်မြေပြင်မှလူသုံးဦးမှာမူမလှုပ်ကြသေး။
ဗိုလ်မှူးသည် ကြိုးကိုဖြုတ်ယူလျက် မိမိ၏မြင်းညိုကြီးသွားရာနောက်သို့ပြေးလိုက်ခ ဲ့သည်။
တစ်ပြအလွန်တွင်မူ မိမိရှိရာ လှည့်နားစွင့်ရင်း စောင့်နေသော မြင်းကြီးအား တွေ့ရသည်။
မိုးမှာ ကောင်းစွာစဲသွားပြီ ဖြစ်သည်။ တိမ်တို့မှာ မိုးပြင်တစ်လျှောက်တရွေ့ရွေ့ လွင်းပါနေကြ၍ လရောင်မှာ မှိန်ချည်လင်းချည် ထွန်းလဲ့နေ၏။
နောက်မှလိုက်ခဲ့သော ရန်အေးပြီဖြစ်သဖြင့် ဗိုလ်မှူးသည်ရှေးဦးစွာတွေ့သော ပြလမ်းအတိုင်း မြင်းကြီးအား မပြေးစေတော့ပဲဖြည်းညင်းစွာ စီးလာခဲ့၏။
တရိပ်ရိပ်နှင့် မြင်းရောလူပါ အရှေ့ပြင်ဆီ ရောက်ခဲ့သည်။ဤနေရာတွင်မူ လက်ယာဘက်၌ ကျောင်း တိုက်ကြီးများရှိ၍ လက်ဝဲဘက်တွင်မူ သစ်ပင်အုပ်တို့နှင့် မှောင်မည်းနေသော ခြံကျယ်
ကြီးများရှိသည်။
ရှေ့လမ်းထောင့်တစ်ခု အရောက်တွင်မူ နားရှင်သော ဗိုလ်မှူးသည်မြင်းခွာသံများကို ကြားရပြန်သဖြင့်ရုတ်တရက်ရပ်လိုက်သည်။
ကံအားလျော်စွာပင် လက်ယာဘက် ခြံစည်းရိုးတစ်ခုမှာလူတစ်ယောက်၏ ခါးသာသာ မြင့်သည်။ ဗိုလ်မှူး သည်လွယ်ကူစွာပင်မင်းကြီးနှင့်ခြံစည်းရိုးအား ခုန်ကျော်ဝင်လိုက်သည်။
ခြံတွင်း၌ လရောင်မထိုးဖောက်နိုင်အောင်ပင် အရွက်ဝေမြိုင်စွာ ပေါက်နေသော ခရေပင်ကြီးတစ်ပင်က ရှိနေသည်။
ခရေပင်ရိပ်မှအသာငြိမ်လျက်အရိပ်အခြည်ကိုအကဲခတ်နေမိသည်။
မြင်းခွာသံများမှာ မိမိဝင်နေမိသော ခြံ၏ တံခါးဝတွင်ပင် ရပ်သွားကြသည်။
မလှမ်းမကမ်းရှိခြံလယ်တွင်နံရံမြေစိုက်တစ်ထပ်အိမ်တစ်လုံး ရှိသည်။ခြံတံခါးမှာ အိမ်နှင့် ကိုက်သုံး ဆယ်ခန့်ကွာ၍ ဗိုလ်မှူးရပ်နေရာနှင့်ကိုက်ငါးဆယ်ခန့်ကွာသည်။
မြင်းမှာ အားလုံးသုံးစီးဖြစ်သည်။ လူသုံးဦးသည် မြင်းထက်မှဆင်း၍ခြံဝင်းတံခါးအား ဖွင့်ကြပြီးနောက် မြင်းများအား ဇက်ကြိုးမှဆွဲလျက်ခြံတွင်းသို့ဝင်လာကြသည်။
ဗိုလ်မှူးသည် မိမိတွက်ကိန်းမှား၍ ရန်သူသစ်နှင့် မလွဲမရှောင်သာတွေ့ရတော့အံ့ ထင်မိလိုက်ကာ ဓားကို အသံမမြည်အောင်အိမ်မှဆွဲချွတ်လျက် အသင့်စောင့်နေသည်။
သို့ရာတွင် လူသုံးဦးသည် မြင်းများအား အိမ်၏တစ်ဖက်သို့ဆွဲယူသွားကြသည်။ ထို့နောက် ပြန်ပေါ်လာ ကြပြီး နှစ်ဦးမှာခြံတံခါးဆီသို့ ပြန်သွားသည်။ တစ်ဦးကမူ အိမ်ဆီသို့လာကာတံခါးကိုဖွင့်သည်။ အိမ်တွင်း၌မူ မှောင်မည်းနေကာ လူသူရှိဟန်မတူ။
ထိုအချိန်တွင် စိတ်ဝင်စားလာပြီဖြစ်သော ဗိုလ်မှူးသည် မိမိ၏ဘေးအန္တရာယ်ကို မေ့ပျောက်သွားလျက် မြင်းညိုကြီး၏ လည်အားအသာ သုံးချက် ပွတ်သပ်ပြီးနောက် ခြေသံမကြားအောင်
ကိုယ်ဖော့လျက် မြင်းထက်မှဆင်း လိုက်သည်။
ခရေပင်မှအိမ်ရှေ့ဝင်းထရံဆီသို့သွယ်တန်းလျက်စိုက်ထားသော ယုဇန
ပန်းပင်များရှိသည်။ ခြံနှင့်တကွ ပန်းပင်များမှာ ပြုစုယုယထားခြင်းကင်းမဲ့နေသဖြင့် ပန်းပင်များထက် ရှုပ်ထွေးစ ွာ န ွယ်တက်နေသောနွားလျှာကြီး ပင်၊ ခေ ွးတောက်ပင်များလည်း ရှိနေသည်။ ဗိုလ်မှူးသည်ထိုပန်းပင်များဆီသို့ လျင်မြန်စွာ ပြေးဝင်ခိုကပ်လိုက်သည်။ ခိုကပ်မိစဉ်ဤည၌ မိမိအတွက် ဤသို့သော ခိုးကြောင်ခိုးဝှက်လုပ်ငန်းများဆုံးပါတော့မည်လောဟုတွေးမိသဖြင့်အသာပြုံးမိသေးသည်။
ထိုအခိုက်တွင်ပင် ခြံဝသို့ လှည်းတစ်စီး ဆိုက်လာသည်။ ဗိုလ်မှူးမှာထိုအချိန်၌ ခြံဝနှင့် ငါးကိုက်ခန့်သာ ဝေးတော့သဖြင့် ကြည်လင်စွာ ကျဆင်းနေပြီဖြစ်သော လရောင်အောက်တွင်ခြံဝမှလူများအား ကောင်းစွာ လှမ်းမြင်နိုင်သည်။
လှည်းထက်မှ လူသုံးဦးဆင်းလာကြသည်။ နှစ်ဦးမှာ ထောင်ထောင်မောင်းမောင်းဖြစ်၍ သာမန်အရပ်ဝတ် အရပ်စားများ ဝတ်ဆင်ထားကာဓားလွယ်ဆောင်ထားကြ၏။ တစ်ဦးမှာမူခြုံထည်ကြီးတစ်ခုအား ခေါင်းမှစ၍ တစ်ကိုယ်လုံးလွှမ်းထားလျက် အရပ်မှာ အဖော်နှစ်ဦးထက်အတန်ပင်နိမ့်သည်။
ထိုခဏ၌ပင် ဗိုလ်မှူးသည် မမျှော်လင့်သည့်အဖြစ်အား မြင်လိုက်ရသဖြင့်ပါးစပ်မှအသံပင်ထွက်သွားလုနီး ဆိုက်သွားသည်။
လူလေးဦးမှာ ခြံတွင်းသို့ ရောက်ရှိခ ဲ့ပြီးဖြစ်လေသည်။ ခြံတွင်းရောက်လျှင်ရောက်ချင်း အရပ်နိမ့်နိမ့်နှင့်လူ သည် ခေါင်းမှခြုံထည်အားပခုံးထက်ဆွဲချလိုက်သည်။ ထိုခဏ၌ လရောင်တွင်ဖြူဝင်းနုနယ်သောချောမောလှပသည့်မိန်းမပျိုတစ်ဦး၏ မျက်နှာလေးမှာ ပေါ်လာ၏။
ခြံဝတွင်ရောက်နှင့်သူ နှစ်ဦးသည်မိမိတို့၏ဓားများအား အိမ်မှထုတ်ပြီးဓားဦးနှင့်ဓားရိုးမှ ဆုပ်ကိုင်ကာ ရင်ဆီဖိကပ်လျက် ခါးများကိုညွှတ်၍အရိုအသေပေးသည်။
ထိုအခိုက်တွင်ပင် အိမ်လေး၏ ပိတ်ထားသောရှေ့ဘက်တံခါးသည်ပွင့်လာခဲ့၍ လူတစ်ဦးသည်ဖြည်း ညင်းညင်သာစွာ ထွက်လာသည်။
ဤတစ်ကြိမ်တွင်မူ ခြံတွင်းရှိ ယောကျာ်းအားလုံးမှာ ဓားများကိုထုတ်၍ရှေးနည်းတူစွာ အရိုအသေပေးကြ ပြန်သည်။ မိန်းမပျိုကမူလက်အုပ်ချီ၍သာ တစ်ချက်အလေးပြုသည်။
အိမ်တွင်းမှထွက်လာသော ပုဂ္ဂိုလ်သည်သာ ဘာစကားမှပြန်မပြောပဲ မိန်းမပျိုအနီးသို့ ချဉ်းကပ်လာသည်။
ပန်းခြံရိပ်မှဗိုလ်မှူးသည် အံ့သြလွန်း၍ ရှေ့မြင်သာသမျှအား ကြောင်ကြောင်ငေးကြည့်နေမိသည်။
ထိုစဉ်၎င်းပုဂ္ဂိုလ်ထံမှစကားပြောသံ တိုးတိုးကို ကြားလိုက်ရ၏။
“သစ္စာရှိသမျှ စွန့်စားရဲပေသည်တူမတော်... သို့ရာတွင်ဤခြံတွင်း၌အန္တရာယ်များလှသည်... အိမ်တွင်းအမြန်ဝင်မှသင့်တော်မည်...”
စကားအဆုံး၌ ထိုပုဂ္ဂိုလ်က အိမ်ဘက်သို့ကွေ့ရန် ဗိုလ်မှူးပုန်းနေရာသို့မျက်နှာ လှည့်လာသည်။
ထိုအချိန်တွင် လရောင်မှာ ကောင်းစွာ ကြည်လင်ခဲ့ပြီဖြစ်ရာ အသက်ငါးဆယ်ကျော်ခန့် နှုတ်ခမ်းမွှေးရေး ရေးနှင့် ရှမ်းလူမျိုးရုပ်ပီသလှသောထိုပုဂ္ဂိုလ်၏ တည်ငြိမ်ခန့်ညားလှသည့်မျက်နှာအား ဗိုလ်မှူးသည်ကောင်းစွာမြင် လိုက်ရသည်။ မြင်လိုက်ရသည့်ခဏ၌ပင် နှုတ်မှ
စကားသုံးလုံး စိတ်မှတ်မဲ့ရေရွတ်မိသွားသည်။
“စော... နော်... ဖ...”
စောနော်ဖသည် ဦးဆောင်၍ အိမ်တွင်းသို့ဝင်သွားရာ မိန်းမပျိုနှင့်အဖော်နှစ်ဦးမှာလည်း နောက်မှလိုက်ပါ သွားကြသည်။
ခြံတွင်းသို့ ရောက်နှင့်နေသော လူသုံးဦးအနက် ခေါင်းဆောင်နှင့်တူသူသည် လှည်းအား စောစောက မြင်း များထားရာသို့ မောင်းသွားစေသည်။ ထို့နောက် မိမိ၏လူများအား အသံအုပ်အုပ်နှင့် အမိန့် ပေးသည်။
“အိုက်ကွန်းက ခြံဝက မှောင်ရိပ်ခိုပြီး လမ်းမကို အရိပ်အခြည်စောင့်ကြည့်... စိုင်းငြိမ်းက မြင်းတွေနား မှာနေ... အစစအဆင်သင့်ဖြစ်ပါစေ... ငါ အခုပြန်ထွက်ခဲ့မယ်... ကြားလား...”
သူသည် ပြောပြောဆိုဆို ခြံဝင်းပတ်လည်အား မျက်လုံးများနှင့်ဝေ့၍တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး အိမ်အတွင်းသို့ ဝင်ရောက်သွားသည်။
ပန်းချုံအကွယ်မှဗိုလ်မှူးသည်ယခုမှ အောင့်ထားသော ထွက်သက်အားလေးပင်စွာ လွှတ်ထုတ်သည်။ ထို့ နောက်အခွင့်ကောင်းအား လက်မလွှတ်ဘဲ ငြိမ်သက်စွာ စောင့်စားနေသော မြင်းလိမ္မာကြီးဆီ ပြန်လာခဲ့သည်။
“ဖြည်းဖြည်း... အသံမကြားစေနဲ့...”
ဗိုလ်မှူးသည် မိမိ၏ မြင်းကြီး၏ လည်ကိုပွတ်ကာ စွင့်နေသောနားနားကပ်၍ တိုးတိုးပြောသည်။
ထို့နောက် ဇက်ကြိုးမှဆွဲကာ ခြံစည်းရိုးအထိ ခေါ်ခဲ့သည်။ လူစကားနားလည်ဟန်တူသော မြင်းကြီးမှာ လေ၏ပေါ့ပါးခြင်းဖြင့် ခြေသံမကြားစေပဲ ခြံဝင်းအား ခုန်ကျော်ကူးလိုက်သည်။
ဗိုလ်မှူးသည် မြင်းကြီးထက်တက်၍ ဤ လျှို့ဝှက်မှောင်မည်းနေသောခြံလေးမှ ထွက်ခွာလာစဉ်ရွှေနန်း တော်ကြီးမှ ပဟိုရ်သံကိုကြားရသည်။ညဉ့်ပဟိုရ်တစ်ချက်ရှိပေပြီ။
လရောင်ဝယ် မိုးတိမ်အလွှမ်းလွှမ်းနှင့် မှိုင်းမှုန်ပြာရီလျက်ရှိသောရှမ်းရိုးမတောင်တန်းကြီးအား တိုးလျှို ပေါက်အတိုင်းသားမြင်နေရသောလမ်းတလျှောက် အရှေ့ဆီသို့ ဦးတည်စိုင်းနှင်လာခဲ့စဉ် ဗိုလ်မှူးသည်ဤနန်း တွင်း အရေးတော်ပုံအစုံစုံနှင့် ရှုပ်ထွေးပွေလီလှသော
သီပေါဘုရင်စံရာ ရတနာပုံနေပြည်တော်၏ မိုးညအကာလ ဝယ်လျှို့ဝှက်စွာ လှုပ်ရှားနေကြသည်မှာ မိမိတို့တစ်စုတည်းသာမဟုတ်ကြောင်း ကောင်းစွာ သဘောပေါက်နား လည်နေမိခဲ့သည်။
⬛
တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၃ ဆက်ပါဦးမည်
Comments