Skip to main content

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၁)

စကားသစ္စာ
မှန်သောခါဝယ်
သြဇာလေးနက်
ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်
ဆေးဖက်ဝင်၏။
                   ရှင်မဟာသီလဝံသ

သစ္စာ

ငါ့စာဖတ်၍၊ မမြတ်တိုင်စေ
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်
တေ ွးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ
တေ ွ့ငြားပေမူ၊ စာပေကျေးက ျွန်
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါအတတ်ဟု၊ စာဖတ်သူပေါ်
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ
မလုပ်ပါတည်း။ ။
           တက္ကသိုလ်ဘုန်းနိုင်

(၁)
ခရစ်သက္ကရာဇ် ၁၈၈၅ ခု၊ မေလ၏နောက်ပိုင်း မိုးသည်ထန်သော ညတစ်ည ဖြစ်သည်။

မိုးသံလေသံတို့ဖြင့် ဆူညံလျက် ဤသို့အမှောင်မင်းမူသော ညဝယ်ရတနာပုံနေပြည်တော်၏ အနောက်ပြင် ‘ကုလားမြို့’ အပါအဝင်မေဃဂီရိရပ်ရှိ ဝါးကျောထုထရံ ဝန်းကာအပ်သည့် အမိုးသုံးထပ် လည်ပေါ်တန်ဆာဆင်အပ်သော ဖရန်စစ် အရေးပိုင် အင်မ် ဖရက်ဒရစ်ဟက်စ်(M. Frederic Haas) ၏ နေအိမ်ခြံဝင်းတံခါးရှေ့၌ န ွားဆွဲ ဗီရိုလှည်းတစ်စီးသည် မြင်းစီးသူရဲ ဝဲယာအခြံအရံနှင့် ရုတ်တရက် ထိုးဆိုက်လာသည်။

ရထားထက်မှ ခေါင်းနှင့်ကိုယ်ပါ ဝက်ရုံနက်များ ခြုံလွှမ်းထားကြသောလူသုံးဦး ဆင်းလာကြသည်။ ထိုအခိုက် တွင်ပင် မိုးသံလေသံတို့အားခွင်းလျက်သိမ်းငှက်အော်သံပမာ အသံတစ်ရပ်သည်စူးစူးရှရှထွက်ပေါ်လာသဖြင့် ရထား ထက်မှ ဆင်းလာသူသုံးဦးမှာ ခြေလှမ်းတုံ့သွားသည်။ သို့ရာတွင် ခြံတံခါး အတွင်းဘက်မှ လှံစွပ်တပ်သေနတ်ကိုင်အစောင့်
တစ်ဦးသည်ပေါ်လာ၏။

“ဘယ်သူတွေလဲ...”

ဖရန်စစ်ဘာသာနှင့် အစောင့်၏ မေးသံအဆုံးတွင် လူသုံးဦးအနက်တစ်ဦးသည်ရှေ့ထွက်၍ ဖရန်စစ်ဘာသာ နှင့်ပင်...

“ထွားစ်ဝီဇီယံဒီမားဆေးစ်...”
“မာဆေးမြို့သားသုံးယောက်...” ဟုအဖြေပေးသည်။

အချိန်းအချက်ကို ကြိုတင်နားလည်ထားဟန်တူသူ အစောင့်သည်အထွေအထူး မမေးတော့ပဲ သော့ကိုထုတ် ၍ ဝင်းတံခါးအားဖွင့်ပေးသည်။

ခဏမှာပင် လူသုံးဦးသည် လည်းကောင်း၊ မြင်းစီးသူရဲနှစ်ဦးသည်လည်းကောင်း၊ ဗီရိုလှည်းသည် လည်းကောင်း ခြံတွင်းသို့ရောက်လာပြီး တံခါးမှာလည်း ပြန်ပိတ်သွားသည်။

ထိုအခိုက်တွင်ပင်လျှပ်စီးလက်၍ ပြင်းထန်သော မိုးကြိုးပစ်သံတစ်ချက်ပေါ်လာ၏။

လျှက်ပြက်လိုက်သည်တွင် ကြိုဆိုစောင့်ခေါ်သူသည် လူသုံးဦးအနက်အလယ်မှ အရပ်ပြတ်ပြတ်နှင့် လူ၏ မျက်နှာအား ခေတ္တပြတ်သားစွာတွေ့လိုက်ရသည်။ ဤပုဂ္ဂိုလ်မှာ နှုတ်ခမ်းမွှေးကျင်စွယ်၊ ကောက်သယောင်ရှိသော နှာတံ၊ အမှောင်တွင်း၌ပင် စူးရှသော မျက်လုံးများ၊တင်းမာသော မျက်နှာတို့ရှိသည်။

ချက်ချင်းပင် အစောင့်လုပ်သူ၏ သဏ္ဍာန်တွင် နှိမ့်ချရိုကျိုးသော အမူအရာပေါ်လာသည်။ ထို့နောက်ကိုယ်ကိုကိုင်းညွှတ်အရိုအသေပေးကာလူသုံးဦးကား အိမ်ကြီးဆီသို့ဦးဆောင်ခေါ်ငင်သွားသည်။

မိမိတို့ ဆိုင်ရာ အသီးသီး၌ အာရုံစိုက်နေကြသဖြင့် အစောင့်များသည်လည်းကောင်း၊ လူသုံးဦးသည်လည်း ကောင်း၊ မြင်းစီးသမားများသည်လည်းကောင်း၊ လှည်းမောင်းသူသည် လည်းကောင်း လျှပ်ပြက်သည့်အခိုက်၌ အပြင် ဘက် မလှမ်းမကမ်း မှောင်ရိပ်မှ ဝတ်ရုံနက်နှင့်လူတစ်ဦးသည် ခြံဝင်းစပ်ရှိ ထနောင်းပင်တစ်ပင်၏ ပင်စည်သို့ သွက်လက်စွာ ခုန်ဝင်ပုန်းကွယ်ကပ်လိုက်သည်ကို မည်သူမျှ မမြင်လိုက်ကြ။

မရှေးမနှောင်းတွင်ပင် ခြံစည်းရိုးအတွင်းဘက်မှ လူတစ်ယောက်လည်းပေါ်လာသည်။ ထိုလူအား မြင် သည်နှင့် တစ်ပြိုင်နက်ထနောင်းပင်ကွယ်မှ လူသည် ၎င်းထံသို့ တစ်ဆင့် ပြေးချဉ်းကပ်သွားပြန်သည်။

“မြန်မြန်ကျော်လိုက်....လူလစ်တယ်...”

ခြံတွင်းမှလူက ဝဲယာသို့ လှမ်းမျှော်အရိပ်အခြည်ကြည့်၍ တိုးတိုးလော ဆော်သဖြင့် အပြင်မှလူသည်ဝတ်ရုံ ကြီးအား သိမ်းရုံးစုလျက်ပခုံးတစ်ဖက်ပေါ် လွှဲတင်လိုက်ပြီး လူတစ်ရပ်မရှိတရှိ ခြံဝင်းထရံ၏ အပေါ်တန်းအား ဆွဲယူကာ တစ်ဖက်ခြံတွင်းသို့ပေါ့ပါးစ ွာ ခုန်လွှားဝင်လိုက်၏။

နှစ်ဦးသား ရပ်လျက်ရှိကြသည့် နေရာအနီးတွင် စံပယ်ပန်းချုံကြီးတစ်ခုရှိသဖြင့်အတော်ပင်လုံခြုံမှုရှိသည်။

လူနှစ်ဦးသည်ပန်းပင်ရိပ်ကွယ်မှ အခြေအနေကို တစ်ချီလှမ်းအကဲခတ်ကြည့်ကြပြန်သည်။ လက်ယာ ဘက် ကိုက်ငါးဆယ်ခန့် အကွာတွင်လှည်းသမားသည် န ွားဖြုတ်နေခိုက် လူသုံးဦးမှာ မြင်းများကိုမြင်းဇောင်းရှိရာ သို့ ခေါ်ဆောင် သွားနေကြသည်။ အိမ်ကြီးဆီမှသေနတ်ကိုင် အစောင့်နှစ်ဦးသည် တံခါးရှိရာသို့ ပြန်လျှောက်လာနေကြ၏။ လက်ဝ ဲဘက် ကိုက်တစ်ရာခန့် အကွာတွင်မူ မီးဖိုတစ်ဖိုမှအရောင်နှင့် လင်းလျက်ရှိသော တဲတန်းရှည်တစ် ခု ရှိ၏။ မီးဖို
တစ်ဝိုက်တွင်မူ လူငါးဦးခန့် ဝိုင်းထိုင်လျက်ရှိပြီး တဲ၏နံရံတွင် ဓား၊ လှံ၊သေနတ်များကိုမှီထောင်ထားကြသည်။

တဲတန်းရှည်နှင့် ပန်းချုံအနီးရှိ လူနှစ်ဦးတို့အကြား ဗဟိုတည့်တည့်တွင်ဘဲဥပုံ ရေကူးကန်တစ်ခုရှိ၍ ကန်၏ အုတ်ပေါင်နှင့် သုံးပေခန့်အကွာ၌လူနှစ်ဖက်ခန့်ရှိသစ်သားရေစည်အဝိုင်းကြီးတစ်ခု ရှိလေသည်။

ခြံတွင်းမှလူက လက်ကုတ်အချက်ပေးသဇြင့်ဝတ်ရုံနှင့်လူသည်ကိုယ်ကိုကိုင်းကာ နားစ ွင့်လိုက်၏။

“ဟို အုတ်ပေါင်နဲ့ရေစည်ကြားကိုကျွန်တော်အရင်သွားမယ်... ဗိုလ်မှူး
အရိပ်အခြည်ကြည့်ပြီး လိုက်လာပါ...”

ပြောပြောဆိုဆိုနှင့် ထိုသူသည် ကြောင်ကဲ့သို့ ပေ့ါပါးစ ွာ အုတ်ပေါင်နှင့်
ရေစည်အကြားသို့ ရောက်ရှိသွားသည်။ မကြာမီဗိုလ်မှူးဆိုသူကလည်း
သွက်လက်စွာ ဆိုက်ရောက်လာ၏။

မိုးမှာ သည်းထန်ဆဲဖြစ်၏။ ရေကူးကန်မျက်နှာပြင်ပေါ်သို့ မိုးပေါက်များကျသံသည်လည်းကောင်း၊ သံတဲ အဆောက်အအုံကြီး၏ တံစက်မြိတ်မှရေကျသံသည် လည်းကောင်း၊ လေပြင်းဝယ် ယိမ်းယိုင်ညည်းညူနေကြသော သစ်ပင်များ၏ အသံတို့နှင့် ရောယှက်ထွက်ပေါ်နေသည်။လျှပ်စစ်မှာလည်း မကြာခဏပြက်လျက်ရှိသဖြင့် အုတ်ပေါင်နှင့် ရေစည်ကြားမှလူနှစ်ဦးမှာ ခေါင်းမဖော်ဝံ့အောင်ရှိနေကြသည်။

ထိုစဉ် လေသင့်သဖြင့် တဲတန်းရှည်ရှိ အစောင့်စစ်သားများထံမှအော်ကျယ်ဟစ်ကျယ်နှင့်စကားပြောသံများသည်လွင့်ပါလာ၏။

“အား... အိပ်ချင်ပါဘိ... မိုးအေးအေးန ဲ့ကွေးရရင်စည်းစိမ်ပဲဟေ့"

မီးပုံဘေးမှစစ်သားတစ်ဦးက ဆိုသည်။

“တန်စမ်းပါ ကိုရင်ကျောက်လုံးရာ... ကိုရင့်ကင်းဝတ်က အရင်
မဟုတ်လား... ကျုပ်တို့အရင် ကွေးပါရစေဦး...”

အခြားတစ်ဦးက ကွမ်းဖတ်များ ထွေးရင်း ပြန်ကြားသည်။

“ကွေးချင်လဲ ကွေးချေပေါ့ ကိုရင်ချစ်စံနှယ်... ကျုပ်လဲကွေးချင်ကွေးမပေါ့... ရွှေနန်းတော်ကြီးထဲ အစောင့်အနေကျတာမှမဟုတ်ပ ဲ . . . ဒီကုလားဖြူသံတဲ လာလာအမှုထမ်းနေရတာ စိတ်တော့အကုန်သား... ထွီ...”

ကျောက်လုံး ဆိုသူကလည်း ကွမ်းတံတွေးထွေးရင်း ပြန်ပြောသဖြင့်ချစ်စံဆိုသူက . . .”ကိုရင်. . . နှုတ်လေးလဲ စောင့်စည်းပါ . . .” ဟုသတိပေးသည်။

ကျောက်လုံးက တဟားဟား အော်ရယ်လျက် စကားကိုဆက်သည်။

“အစိုးရိမ်ကြီးရန်ကော ကိုရင့်နှယ်... ကျုပ်က ပူစရာမရှိတာကိုပြောတာပါ... ဟို အင်္ဂလိပ်အရေး ပိုင် စိန့်ဘာဘီ (St. Barbe) နဲ့သူ့မျက်နှာဖြူ ခွေးကောင်တွေ ဘုန်းတော်ကြီးဘုရားရဲ့ အရှိန်အစော်မခံနိုင်လို့ ပြန်ပြေး ပြီးကတည်းက နေပြည်တော်မှာ မှုစရာ ဘယ်သူများကျန်သေးသတဲ့တုံး...”

“တန်ပါလေ ကိုရင်... ကိုရင်က ထန်းရည်လေးနည်းနည်းထွေရင်တယ်လေထွားလာတာကိုး... သဟာန ဲ့ တောင်ပြော မြောက်ရောက်စကားတွေ မှောက်မှောက်မှားမှား ရှိပ့ါမယ်... တော်ပြီ... ကျုပ်သွားလှဲချေဦးမယ်... နာရီစေ့ရင်နှိုးသဟာပ...”

ချစ်စံက တဲအတွင်းသို့ ဝင်သွားသဖြင့် အခြားနှစ်ယောက်မှာလည်းထလိုက်သွားသည်။ အပြင်ဘက်မီးပုံဘေးတွင်ကျောက်လုံးနှင့်အဖော်တစ်ယောက်သာ ကျန်ခဲ့၏။ကျောက်လုံးက ပျင်းရိဟန်နှင့် သီချင်းတစ်ပုဒ်ကို ကောက်ကာငင်ကာဆိုသည်။

“မွေးမေလေး... သူမသနားလို့... ရွှေသားကိုတဲ့ထည့်လိုက်လေ... ဒီရေက တိုးသနဲ့... ထိုင်းနိုင်ငံ... ဒီမိုးရယ်ဒီလေတွေနဲ့... ဟယ်”

“ဘယ့်နှယ်ထိုင်းနိုင်ငံလဲ ကိုရင့်နှယ်... ဒီတစ်ခါ ချီတော်မူရင်ရန်ကုန်၊
ဟံသာဝတီမဟုတ်လား...”

သူ့အဖော်က ထောက်လိုက်သဖြင့် တဲအတွင်းမှ ချစ်စံ၏အသံသည်ပေါ်လာရပြန်၏။

“ကိုရင်တို့... ကိုရင်တို့... နှုတ်လေးများလဲ စောင့်စည်းကြပါ...”

ကျောက်လုံးက ပမာမပြုပဲ သူသန်ရာ ဆက်ပြောနေသည်။

“အေး... ဟုတ်သဟ... ဒီတစ်ခါ ချီ်တော်မူရင်ရန်ကုန်၊ ဟံသာဝတီ... ဒီ ဘင်္ဂလားမြို့စားရဲ့ ကုလားဖြူတပ်တွေကို ပင်လယ်ထဲမောင်းထုတ်ရမယ်... မေ ွးမေလေး... သူမသနားလို့...ရွှေသားကိုတဲ့ထည့်လိုက်တယ်...”

“ထည့်လိုက်တယ်... ဟေ...ဟေ...”

ဘေးမှအဖော်သည် ညာသံပေးရင်း မီးပုံဘေး ဖျာကြမ်းပေါ်သို့အိပ်ချလိုက်သည်။ ကျောက်လုံကသာ ဆွေးဆွေးမြည့်မြည့် ဆက်ဆိုနေ၏။

“ရန်ကုန် ဟံသာဝတီ... ဒီမိုးရယ် ဒီလေတွေနဲ့... သေပေစေမွေးမေထည့်တယ်... လွမ်းပေါင် ကွယ့်လေး... လွမ်းပေါင်ကွယ့်လေး...”

အုတ်ပေါင်နှင့် ရေစည်ကြားမှ လူနှစ်ဦးမှာ ခေါင်းပြူ၍ အရိပ်အကဲကိုခတ်ကြပြန်သည်။ လက်ယာဘက်၌ လူရိပ်လူယောင် မတွေ့ရ။တဲအတွင်း၌လည်း မိမိတို့ရှိရာ ဘေးတိုက်ပေး၍ ကိုယ့်တေး၌ကိုယ်ကြည်နူးနေသော ကျောက်လုံးတစ်ယောက်သာ ရှိတော့သည်။

ထို့ကြောင့်ပင် နောက်တစ်ကြိမ် လျှက်ပြက်ပြီးလျှင် ပြီးချင်းနှစ်ဦးသားသည် ကိုက်အစိတ်ခန့် ဝေးသော သံတဲ၏အရိပ်ဆီသို့သွက်လက်စွာ ကူးလာခဲ့ကြပြန်သည်။

သံတဲမှာ ခြေတံရှည်ဖြစ်၍ အောက်ထပ်မှာ လူတစ်ယောက်ကောင်းစွာ ရပ်နိုင်သည်။ခြံတွင်းမှလူသည် ဗိုလ်မှူးအား မှောင်မည်းနေသော ဤ အောက်ထပ်
အရှေ့ထောင့်အစွန်သို့ ဦးဆောင် ခေါ်ငင်သွား၏။ တစ်နေရာသို့ ရောက်သော်ရပ်လိုက်ကြပြီး ဦးဆောင်ခေါ်ငင်လာသူသည်အဆင်သင့်ထားခဲ့ဟန်တူ သော ခုံငယ်တစ်ခုပေါ် တက်၍ ကြမ်းပြင်ကို ဓားရှည်နှင့်ကန့်လန့်ခွာလိုက်၏။

ထို့နောက် ကွာလာသော ကြမ်းပြင်အား လက်နှစ်ဖက်နှင့် မပြ၏။လူတစ်ယောက်ဝင်သာရုံအပေါက်တစ်ခုဟလာသည်။

“ဗိုလ်မှူး... ဒီခုံပေါ်တက်ပြီး ခုလိုမထားပါ... ကျွန်တော်တက်နှင့်ပါ့မယ်... အပေါ်က ကျွန်တော် ကြမ်းဆွဲမထားမှဗိုလ်မှူးတက်ခ ဲ့ပါ...”

ဗိုလ်မှူးက နားလည်သည့်ဟန် ခေါင်းညိတ်သည်။ မကြာမီ နှစ်ဦးစလုံးချောမောစွာနှင့်အပေါ်သို့တက်ခ ဲ့ကြသည်။

“ပိုင်နိုင်သေသပ်လှပါပေတယ်သွေးသောက်ကြီး...”

အပေါ်ထပ်သို့ ရောက်လျှင်ရောက်ချင်း ဗိုလ်မှူးက ဦးဆောင်ခေါ်ငင်လာသူ၏ ပခုံးပေါ်လက်တင်၍ ချီးမွမ်းသည်။

“ဒီအခန်းဟာ အရေးပိုင်ဟက်(စ်)ရ ဲ့ အတွင်းအခန်းန ဲ့ အနီးဆုံးပဲ... အပေါ်ကနေ ဒီဘက်အဆောင်ကို သူန ဲ့သူ့လက်ထောက်တွေကလွဲလို့ ဘယ်သူမှ လာခ ွင့်မပြုဘူး... လာ... လာ... ဗိုလ်မှူး... ဟိုပြတင်းနား သွားကြမယ်...”

သွေးသောက်ကြီး အခေါ်ခံရသူက ပြောပြောဆိုဆိုနှင့် မလှမ်းမကမ်းရှိပြတင်းတစ်ခုဆီသို့ လျှောက်သွားသ ဖြင့် ဗိုလ်မှူးလည်း ခြေကိုဖော့ကာလိုက်သွားသည်။

အခန်းမှာ လေလုံသဖြင့်အပြင်မှမိုးသံတို့ကိုသဲ့သဲ့သာကြားရ၏။

နှစ်ဦးသား ချဉ်းကပ်လာသည့် ပြတင်း၌ တရုတ်ကပ်တံခါး တပ်ထားကာတစ်ဖက်အတွင်းမှ ပိတ်ခန်းဆီး အထူတစ်ရပ် ချကာထား၏။ ခန်းဆီးမှလျှံကာ မီးရောင်သည် ဤမှာဘက်သို့ ဖျော့ဖျော့ခ ွင်းလာနေ၏။ သွေးသောက်ကြီးက ဓားမြှောင်နှင့် တရုတ်ကပ်ကြားမှလျှိုလျက်ခန်းဆီးအားအနည်းငယ်ရွေ့ရုံ ဆွဲဟလိုက်သည်။

တစ်ဖက်အခန်းတွင်း၌မူ ဖယောင်းတိုင်ကြီးများ အရောင်ကြောင့်လင်းထိန်နေသည်။

တစ်ဖက်ခန်း၏ ကြမ်းပြင်တွင် အမွှေးထူ ကြက်သွေးရောင် ပြင်သစ်ကော်ဇောကြီးနှစ်ချပ်အား ဗဟိုတွင် ကြမ်းပြင်ပေါ်အောင် ခွာလျက်ခင်းထားသည်။ အခန်းတွင်းသို့ဝင်ရာ တံခါးမကြီး၌ အစိမ်းရင့်ရောင်ကတ္တီပါခန်းဆီး ကြီးတစ်ခု ရှိ၏။ ဖြူစင်သောနံရံများတွင် ရွှေရောင်
တောက်နေသော ဖယောင်းတိုက်စိုက်အခံတိုင်များ ကပ်ချိတ်ထား၏။နံရံကပ်တိုင်တွင် ငွေပန်းကွပ် ပြောင်းတိုသေနတ်များအားလည်း အလှချိတ်ထားသေး၏။ ဤမှာဘက် ခန်းမှ ချောင်းကြည့်နေသူများ၏လက်ဝ ဲဘက်ရှိ နံရံဗဟို၌မူ ခံ့ညားသော မျက်နှာဖြူကြီးတစ်ဦး၏ ရွှေဘောင်ကွပ်ထားသည့် ပန်းချီကားတစ်ချပ်ရှိ၏။ ပန်းချီကား၏ အောက်ခြေတွင် အနောက်နိုင်ငံသုံး ဆို့(ဒ်) ခေါ် ဓားရှည် နှစ်လက်ကို အိမ်မှ ထုတ်၍ ကြက်ခြေခတ်တန်ဆာဆင်ကပ်တွယ်ထားသည်။

ပန်းချီကား၏ အောက်တည့်တည့်တွင် ကြမ်းဝယ် အဝတ်အုပ်ကုလားထိုင်ကြီးနှစ်လုံး ရင်ပေါင်တန်းလျက်ရှိရာ ၎င်းတို့ထက်၌ ထိုင်နေကြသူ ပုဂ္ဂိုလ်နှစ်ဦးမှာ စိတ်ဝင်စားဖ ွယ်အကောင်းဆုံးဖြစ်သည်။ လက်ယာဘက်တွင် ထိုင်နေသူမှာ ဆိတ်မုတ်ဆိတ်မွှေးခ ျွန်၊ ကော့ပျံသောနှုတ်ခမ်းမွှေး၊ ခံ့ညားသော်လည်း ပြုံးချိုသော မျက်နှာသွယ် သွယ်နှင့်အညိုရောင် သိုးဆောင်းဝတ်စုံ ဆင်ယင်ထားသည့် ပြင်သစ်
အရေးပိုင်မင်းကိုယ်တိုင် ဖြစ်သည်။ ၎င်း၏ လက်ဝ ဲဘက်တွင် ထိုင်နေ
သူမှာ ပိုးအင်္ကျီကိုယ်ကြပ်ရွှေဖလားရောင်၊ တောင်ရှည်အချိတ်ပုဆိုးနှင့်အသက်လေးဆယ်ခန့် မြန်မာလူမျိုးတစ်ဦး ဖြစ်သည်။ ၎င်းပုဂ္ဂိုလ်မှာအရပ်ပြတ်ပြတ်၊ တောင့်တင်းခိုင်မာသော ကိုယ်ထည်ရှိ၍ ဟန်ပန်မှာအမိန့်ပေးလေ့ရှိသူတစ်ဦး၏ မြင်ရုံနှင့် ခံ့ကြောက်ရိုသေဖွယ် သဏ္ဍာန်ပေါ်နေ၏။

ထိုအခိုက်တွင်မူ ၎င်းပုဂ္ဂိုလ်မှာ ရှေ့သို့ အတန်ငယ် ကိုယ်ညွှတ်စောင်းလျက်ကြမ်းပြင်တွင်ဖုံတစ်ခုစီထက်ဒူးယှက်ထိုင်နေသူလူနှစ်ဦး အနက်တစ်ဦးအား တစ်စုံတစ်ခုလှမ်းမေးနေဆဲ ဖြစ်သဖြင့်မျက်နှာအားဤဘက်ခန်း မှ ချောင်းကြည့်နေသူများသည်တိုက်ရိုက်မမြင်ရ။ သို့ရာတွင် လည်ကုတ်ပေါ်တွင်မူ ဆေးနှင့်ထိုးနှံထားသော နဂါး ရုပ်ကြီးကို
ထင်ရှားစ ွာ တွေ့နိုင်သည်။

ဗိုလ်မှူးနှင့် သွေးသောက်ကြီးမှာ တစ်ဦးမျက်နှာ တစ်ဦး လှည့်ကြည့်မိကြသည်။ သွေးသောက်ကြီးက သူ၏ လည်ကုတ်ကို သူပြန်စမ်းပြရင်းမျက်လုံးများသည် ဗိုလ်မှူး၏ လည်ကုတ်ဆီ ရောက်သွားသည်။ဗိုလ်မှူး၏ လည်ကုတ်တွင်လည်း နဂါးရုပ်ရှိနေ၏။

“လှေသင်းအတွင်းဝန်မင်း ကိုယ်တော်တိုင်ပါလား...”

ဗိုလ်မှူး၏ ပါးစပ်မှ တိုးတိုးထွက်လာသည်။ သွေးသောက်ကြီးမှာ သိသိ
သာသာ တုန်လှုပ်သွားသည်။ ထိုအခိုက်တွင် အတွင်းဝန်မင်းမှာ
တည့်တည့် ပြန်ထိုင်လိုက်သဖြင့် ၎င်း၏ သိမ်းငှက်မျက်နှာကို
ထင်ထင်ရှားရှားမြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်သွေးသောက်ကြီးမှာ
ကျောတစ်လျှောက်၌ စိမ့်ချမ်းသွားသည်။ လှေသင်းအတွင်းဝန်
မင်းဆိုလျှင်ရွှေနန်းတော်ကြီးတစ်ခုလုံး ဓားအထက်ဆုံး၊ အခက်ထန်ဆုံး၊
သီပေါဘုရင်၏ အယုံဆုံး စစ်သူကြီးတစ်ပါးအဖြစ် သွေးသောက်ကြီးမှာ
သိပြီးဖြစ်ပါ၏။

အတွင်းဝန်မင်းသည် အရေးပိုင်ဟတ်(စ်)၏ မျက်လုံးများအား တည့်တည့်ရင်ဆိုင်လျက်စကားစပြော သည်။ စကားသံမှာ လူသဏ္ဍာန်ကဲ့သို့မာကျော စူးရှပေသည်။

“ကျွန်ုပ်ကိုယ်တိုင် သင်၏သံတဲသို့ အချိန်မဲ့ ထွက်လာခဲ့သည်ကို ထောက်၍ ယခုပြောအပ်မည့် စကားသည် လွှတ်တော်တွင်း၌ပင်ရုတ်တရက် မပေါက်ကြားအပ်သည်ကို သိပါလေ... ဤအရေးကြီးသော စကားရပ်ကို ကျွန်ုပ်မဖ ွင့်ဟမီကျွန်ုပ်သိလိုချက်တို့အား မေးပါအံ့... သံကြီးတမန်ကြီး ပီသစ ွာ ချစ်ကြည်သော မဟာမိတ်၏ ကျင့်ဝတ်နှင့်
အညီတော်တည့်မှန်ကန်စ ွာ ဖြေပါလေ...”

အတွင်းဝန်မင်း စကားဆုံးသောအခါ ကော်ဇောထက်ဖုံဝယ်ထိုင်နေသူ တစ်ဦးသည် ပြင်သစ်ဘာသာဖြင့်စကားပြန်သည်။

သွေးသောက်ကြီးက ဗိုလ်မှူးအား အသာလက်တို့၍ စကားပြန်လုပ်သူအား ညွှန်ပြသည်။ ထိုသူမှာ ပိန်ပိန်သွယ်သွယ်ပေ ွးမျက်လုံးနှင့်ကောက်သောနှာတံ၊ မောက်သောနဖူး ရှိသည်။

“ဒီလူကို သိပ်မသင်္ကာချင်ဘူး ဗိုလ်မှူး . . . သံတဲကိုလဲ မကြာခဏလာ . 
. . ဝိုင်အရက်ချိုသောက်လေ့ရှိတယ်. . . ဘွန်ဘိ ွုင်ဇင်(Bon Voisin)
လိုဖရန်စစ်လူလည်တွေန ဲ့လဲ သိပ်တွဲတယ်. . .”

ဗိုလ်မှူးက အသာခေါင်းညိတ်လျက် စကားပြန်မှတစ်ဆင့် အတွင်းဝန်
မင်းနှင့် ပြင်သစ်အရေးပိုင်တို့၏ အပြန်အလှန်ပြောဆိုချက်ကို စူးစိုက်စ ွာ
နားထောင်နေသည်။

ဟက်(စ်)သည် ကိုယ်ကို အနည်းငယ်စောင်း၍ ရှေ့သို့ ယဉ်ကျေးရိုကျိုးစွာ ညွှတ်ရင်း ပြန်ကြားသည်။

“အတွင်းဝန်မင်းဘုရားကြီး ကိုယ်တော်တိုင် ကြွရောက်လာခဲ့သဖြင့် ကျွန်ုပ်မှာ များစွာ ဂုဏ်ယူမိပါသည်... အမေးကို ဖြေရသော်ကျွန်ုပ်တို့ဖရန်စစ်တိုင်းကြီးသည် အိမ်နီးချင်း လက်နက်နိုင်ငံကြီးဖြစ်သောအင်္ဂလန်ကျွန်း၏ အငြိုအငြင်ကိုခံ၍ အင်းဝရွှေနန်းရှင် ဘုန်းတော်ကြီးဘုရား၏ အကျိုးတော်ကို ထမ်းရ ွက်ရန် ရွှေလမ်းငွေ လမ်းခင်းခ ဲ့သူဖြစ်ကြောင်းကို မင်းဘုရားကြီးအသိပင်... မေးလိုသည်ကို အမိန့်ရှိပါ... ကျွန်ုပ်သိသမျှ အရေး ပိုင်သမျှ ဖြေကြားပါမည်...”

လှေသင်းအတွင်းဝန်မင်း၏ မျက်နှာမှာ ပိုမိုတည်ကြည်သွားလျက်
ပြင်သစ်အရေးပိုင်၏ မျက်နှာမှတစ်ဆင့် စိတ်အား အကဲခတ်သည့်ဟန်
အေးစက်စွာစိုက်ကြည့်လျက် တိုတောင်းသော မေးခ ွန်းတစ်ရပ်ကို
ပြုသည်။

“ကျွန်ုပ်တို့၏အကြည်တော်... သင်တို့တိုင်းကြီး၏ နိုင်ငံခြားရေးဝန်ကြီး
အင်(မ်) ဂျူး(စ်) ဖယ်ရီ(M. Jules Ferry) အရာမှကျသွားပြီဆိုသည်မှာ
မှန်ပါသလော...”

“မှန်ပါသည်အတွင်းဝန်မင်း...”
“ဤသို့ဖြစ်လျှင် ကျွန်ုပ်တို့နှစ်နိုင်ငံ၏ ရေးရာတို့မှာ အင်(မ်) ဂျူး(စ်)ဖယ်ရီလက်ထက်က ဆွေးနွေးတိုင်ပင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်... ယခုအချိန်၌ အင်(မ်) ဂျူး(စ်) ဖယ်ရီမှာ ထောင်အကျဉ်း၌ သေခြင်းကိုငံ့လင့်နေတော့မည်... အဘယ်သူသည်ကျွန်ုပ်တို့ ရှေ့ဆောင်ဖွယ်ရှိသည်တို့ကိုအားပေး ထောက်ပံ့ပါမည်နည်း...”

အရှေ့တိုင်းသားပီပီသာ တွေးတတ်၍ ကမ္ဘာ့ရေးရာဗဟုသုတနည်းသေးသော အတွင်းဝန်မင်း၏ အဖြစ်ကို ရိပ်မိသွားသဖြင့် ဟတ်(စ်)၏ မျက်နှာမှာမသိမသာ ပြုံးယောင်ယောင်ဖြစ်သွားသည်။

“ဤအတွက်မူ စိုးရိမ်ခြင်း မရှိစေလိုပါ.. အင်(မ်) ဂျူး(စ်) ဖယ်ရီမှာအကျဉ်းလဲ မကျပါ... သေခြင်းကိုလည်း ငံ့လင့်မနေပါ... အရာမှကျခြင်းလဲ မဟုတ်ပါ... လွှတ်တော်၌ မဲအများနှင့်ထောက်ခံမှုမရသဖြင့် အစိုးရအဖ ွဲ့ အပြောင်းအလဲဖြစ်ခြင်းမျှသာဖြစ်ပါသည်...”

ဤသို့ ဟတ်(စ်)၏ဖြေကြားချက်ကို စကားပြန်မှတစ်ဆင့် သိရသောအခါအတွင်းဝန်မင်း၏ မျက်မှောင်မှာ နားမလည်သယောင်ကြုတ်သွားသည်။ ထို့နောက်...

“ဘယ့်နှယ်... အကျဉ်းမချဘူး... ဟုတ်စ... အရာချအပြစ်ရသူကို မသုတ်သင်ပစ်ရင် ရန်စွယ်ဘယ်အေးမလဲ... သင်တို့သမ္မတမင်းက တယ်ညံ့ဖျင်းသကိုး...” ဟု မိမိကိုယ်ကို ပြောဟန်ညည်းညူလိုက်သည်။

ဟတ်(စ်)ကသာ ဆက်ရှင်းပြ၏။

“ကျွန်ုပ်တို့နိုင်ငံရဲ့ အုပ်ချုပ်ပုံစနစ်အရ အစိုးရအဖွဲ့ပြောင်းလဲပေမယ့်အစိုးရသစ်ဟာ အစိုးရဟောင်းရဲ့ အပြည်ပြည်ဆိုင်ရာ ကတိခံဝန်ချက်တွေကို လိုက်နာရမြဲပါ... သို့ဖြစ်ပါ၍ အင်(မ်) ဂျူး(စ်) ဖယ်ရီမရှိတော့ပေမယ့် ဖရန်စစ်နိုင်ငံဟာ အင်းဝရွှေနန်းတော်နဲ့ ထားဆိုခ ဲ့တဲ့
ကတိကိုဆက်လက်အကောင်အထည်ဖော်ပါလိမ့်မယ်...”

“ဘယ်လိုသက်သေခံအထောက်အထားပြမလဲ...”

ဟတ်(စ်)သည် မည်သူ့အားမျှ ယုံကြည်ဟန်မပေါ်သော အရှေ့တိုင်းသား နန်းတွင်းအရာရှိအား တစ်ချက်မျှ စိုက်ကြည့်လိုက်သည်။

လှေသင်းအတွင်းဝန်မင်းကသာ ဆက်လက်အမိန့်ရှိသည်။

“အသင်ကသာ ဤသို့ဆိုသည်... ကျွန်ုပ်တို့သိရသမျှမှာ ပါရစ်မြို့တော်ရှိအဂ င်္လိပ်ကုလားဖြူ သံအမတ်လော့ဒ်လိုင်ယွန်(Lord 
Lyons) ဟာ ဘိလပ်ဘုရင်မ အမိန့်နဲ့ ဖရန်စစ်နဲ့ မြန်မာအစီအစဉ်ဖျက်ပစ်အောင် တင်းတင်းကြပ်ကြပ် တောင်းဆိုလို့ အင်(မ်) ဂျူး(စ်) ဖယ်ရီတောင်အသင့်အတင့်လျှော့ပေးခ ဲ့ရတယ်ဆိုမဟုတ်လား...”

“ဤအချက်ကို ကျွန်ုပ်ကောင်းစွာ ဖြေရှင်းနိုင်ပါသည်... ဖရန်စစ်နှင့်မြန်မာနိုင်ငံတို့၏ ဆက်သွယ်ရေး အစစ်အမှန်ကို အထူးလျှို့ဝှက်ထားသည်ကို ဝန်မင်းအသိပင်မဟုတ်ပါလော... လော့ဒ်လိုင်ယွန်အားဝန်မင်းကြီး ဖယ်ရီက အလျှော့ပေးခ ဲ့သည်ဆိုခြင်းမှာလည်း မမှန်ပါ... ဖရန်စစ်တိုင်းနှင့် အင်းဝရွှေနန်းတော်တို့ စစ်ရေး စာချုပ်ပြုလုပ်သော်
အဂ င်္လိပ်အစိုးရအနေနှင့်အင်အားကိုအသုံးပြုကာ တားဆီးတန်တားဆီးမည်ဟု လော့ဒ်လိုင် ယွန်သည် ခြိမ်းခြောက်လာသဖြင့် ရာဇ ပရိယာယ်အဖြစ် ဝန်ကြီးဖယ်ရီသည် ဖရန်စစ်တိုင်းသည် အင်းဝ
ရွှေနန်းအား မည်သည့် စစ်ရေးအကူအညီမှ မပေးဟု ပြန်ကြားခ ဲ့ခြင်းသာဖြစ်သည်... မည်သို့ပင်ဖြစ်စေ ထိုပြန်ကြားချက်ပြု သည့်နေ့တွင်ပင်တုံကင်းပြည်မှ တစ်ဆင့် ရတနာပုံနေပြည်တော်သို့ လက်နက်ခဲယမ်းများပို့ရေး အစီအစဉ် အကြောင်းကြားစာကို ဝန်ကြီးဖယ်ရီသည်ပါရစ်မြို့ မြန်မာသံအဖွဲ့လက်သို့ အပ်ခဲ့သည်မှာ ရွှေနန်းတော်သို့ ရောက်ပြီထင်ပါသည်...”

ဟတ်(စ်)သည် မုတ်ဆိတ်မွှေးအား အသာပွတ်၍ အတွင်းဝန်မင်းထံမှအဖြေကိုတောင်းသည့်ဟန် ဦးခေါင်း ကို ညင်သာစွာ ရှေ့သို့တစ်ချက်ညွှတ်လိုက်၏။

“စာရောက်သည်မှာ မှန်ပါသည်... သို့ရာတွင် စာ၌ဆိုသောလက်နက်ခဲယမ်း မီးကျောက်များပို့ရေးအစီ အစဉ်မှာ ယနေ့တိုင်အကောင်အထည်မပေါ်သေး...”

“အကောင်အထည် ပေါ်ပါစေမည်... ယခုလောလောဆယ်မူတုံကင်း၌ ကျွန်ုပ်တို့ ရင်ဆိုင်နေရသော အရေးအခင်းမှာလည်းမပြီးပြတ်သေး... တရုတ်ဘုရင်ဧကရာဇ်နှင့် ကျွန်ုပ်တို့ အာနန်ပြည်အရေးကြောင့် ပွားခဲ့သော စစ်မီးမှာလည်း မငြိမ်းသတ်သေး... ဤအရေးများ ပြီးပြတ်သော်ဝန်ကြီးဖယ်ရီ၏ စာပါအတိုင်း မတိမ်း မသွေဖြစ်ပါစေမည်... ဝန်ကြီးဖယ်ရီ၏ အစိုးရသည်လွန်ခဲ့သောမတ်လမှနှုတ်ထွက်ခဲ့ ရပါသည်... နှစ်လ ကြာမြင့်သော ဤမေလတွင်အဆိုပါစာပါ အချက်အလက်တို့အား ဆောင်ရွက်စီမံရန် ရတနာပုံ နေပြည်တော်သို့ ကျွန်ုပ်ရောက်ရှိလာခြင်းသည်ပင် ဖရန်စစ်နိုင်ငံသည်အင်းဝရွှေနန်းနှင့် ပတ်သတ်၍ သဘောထား မပြောင်းလဲကြောင်းလုံလောက်သော သက်သေဟုကျွန်ုပ်ယူဆပါသည်...”

အတွင်းဝန်မင်းသည် မျက်မှောင်တစ်ချက်ကြုတ်လျက် နဖူးအရစ်များပေါ်လာသည့်တိုင်အောင် တွေဝေစဉ်းစားနေသည်။ ထို့နောက်ကော်ဇောပေါ်မှ ပုဂ္ဂိုလ်နှစ်ဦးထံသို့ မျက်လုံးများမှာ ရောက်သွားသည်။စကားပြန်လုပ်သူကမသိမသာ ခေါင်းညိတ်ပြသည်။

အတွင်းဝန်မင်း၏ မျက်နှာမှာ ပြန်လည်ကြည်လင်လာ၍ ဟတ်(စ်)အားအဓိပ္ပါယ်ပါစွာ ကြည့်လျက်ဆို၏။

“ဤမျှ ရှင်းပြသည်ကို ကျေနပ်ပါသည်... ကျွန်ုပ်တို့ဘက်မှဆောင်ရွက်ရန်ရှိသည်တို့အား ဘုန်းတော် ကြီးဘုရားထံ အမိန့်ခံယူ၍မကြာမီပြန်ကြားပါမည်...”

လှေသင်းအတွင်းဝန်မင်းသည်စကားဆုံးသည်နှင့် တစ်ပြိုင်နက်ထိုင်ရာမှ ထသည်။ သို့ရာတွင်အရေးပိုင်ဟတ်(စ်)သည်ပျာပျာသလဲ ထိုင်ရာမှ သူပါ ထရင်း တားဆီးသည်။

“လောတော်မမူပါနဲ့ ဝန်မင်း... မြင့်မြတ်သော ရွှေနန်းတော်မှ ဝန်မင်းများ ကြွရောက်ခိုက်မှာ ကျွန်ုပ် ဧည့်ဝတ်ပြုပါရစေ... တစ်ဖက်ခန်းမှာ စားကောင်းသောက်ဖွယ်တို့နှင့် ပါရစ်မြို့မှ နောက်ဆုံးရောက်ရှိလာသော အလွန်ဆေးဖက်ဝင်သည့် ဝိုင်အရက်ချိုများ ပြင်ဆင်ထားသည်... ကြွတော်မူပါ...”

ပြောပြောဆိုဆိုပင်ဟတ်(စ်)သည်တံခါးပေါက်ဝရှိကတ္တီပါခန်းဆီးအားကိုယ်တိုင်မလျက်လမ်းပေးဖိတ်ခေါ်သည်။

မကြာမီပင်အခန်းမှာ လူသူမဲ့၍ တိတ်ဆိတ်စွာကျန်ခဲ့၏။

အပိုင်း ၂ ဆက်ပါဦးမည်

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...