“ဘယ် ဘယ်က သိတာလဲ” “အစ်မကြိုင်ပဲ အကုန်ပြောပြတာ” “ဟင် အစ်မက”
“ဟုတ်တယ် သူက အကုန်လုံး ပြောပြခဲ့တယ်၊ နွဲ့ လေးကို ကြည်ဖြူမှ၊ ခွင့်လွှတ်နိုင်မှ၊ တစ်သက်လုံးလည်း မြတ်နိုးနိုင်မှ လက်ထပ် ပါတဲ့၊ ဒါပေမယ့် ကိုကိုသိနေတာကိုလည်း နွဲ့ လေး မသိပါစေနဲ့တဲ့”
သူ့ဘဝတွင် ထာဝစဉ် ရှေ့ဘက်မှ မားမားရပ်တည်ပေးခဲ့ သော အစ်မကြိုင်ကို နွဲ့ သဇင်က ကျေးဇူးအတင်ကြီး တင်မိရပြန်သည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပေါ်ကောင်းပေါ်လာမည်ဖြစ်သော ကိုကို မောင်ကြောင့် နွဲ့ သဇင်၏ဘဝတွင် အဖုအထစ်မဖြစ်စေရန်၊ အစောကြီး ကတည်းက ကြိုတင်ပြီး အသိပေးကာကွယ်ထားခဲ့သော အစ်မကို စိတ် ထဲမှ ကျိတ်ပြီး ကန်တော့လိုက်ရင်း နွဲ့ သဇင် မျက်ရည်တွေရစ်ဝိုင်းလာသည်။
အမေတို့ အစ်မတို့ကတော့ မသိပါဘူး၊ ကိုကိုတစ်ယောက် တည်း သိတာပါ”
နွဲ့ သဇင်က ကိုဘိုကြည်ကို မရဲတရဲလေးလှမ်းကြည့်သည်။ သူ့ဘက်မှ မရိုးသားခဲ့သည်ကတော့ အမှန်ပင်။
“ကိုကို စိတ်မဆိုးဘူးလား” “မဆိုးပါဘူးကွယ်၊ နွဲ့လေးကို သနားပြီးပိုတောင်ချစ်ရသေး
တယ်”
“ကိုကိုရယ်” ။
နွဲ့ သဇင်က မျက်ရည်တွေစီးကျလာကာ အားရပါးရ ရှိုက်ငို လိုက်သည်။ မွေးပွတဘက်ကြီးခြုံထားသော ကိုဘိုကြည်က နွဲ့ သဇင်၏ ဦးခေါင်းလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်ထားသည်။ ရေချိုးပြီးစ မို့ အေးမြလတ်ဆတ်နေသော သူ့ဆီမှ ခေါင်းလျှော်ရည်နံ့နှင့် ဆပ်ပြာ နံ့သင်းသင်းကို ရှူရှိုက်ရသည်။ ပိတ်လှောင်မွန်းကြပ်နေသော အခန်းကျဉ်းကျဉ်းကလေးထဲမှ ရုန်းထွက်လွတ်မြောက်လာသူလို နွဲ့ သဇင်၏ ရင်တွေ တဆတ်ဆတ်ခုန်နေသည်။ ။
“တိတ် တိတ် ကိုယ်ဝန်အရင့်အမာကြီးနဲ့ သိပ်ငိုနေရင် ကလေး ထိခိုက်နေဦးမယ် အမေကြီးရဲ့”
နွဲ့ သဇင်က သူ့ရင်ခွင်ထဲတွင်မျက်နှာအပ်ကာ စိတ်ရှိ လက်ရှိ ငိုပစ်လိုက်သည်။ တစ်ခါမျှ ဒီလောက်ငို၍ မကောင်းဖူးသေးချေ။ မျက် ရည်တစ်စက်ကျတိုင်း သူ့ကိုစိုးမိုးချုပ်ကိုင်ထားခဲ့သော ကိုကိုမောင်က တစ်လှမ်းဝေးသွားပြီး ကိုဘိုကြည်က တစ်လှမ်းနီးလာသည်။ ငို၍ ဝ
တော့ နီးနေလျက်နှင့် အဝေးကြီးက လူလို ထာဝစဉ် ခံစားနေခဲ့ရသော ကိုဘိုကြည်က သူ၏နှလုံးသားနှင့် အနီးကပ်ဆုံးနေရာသို့ ရောက်ရှိနေ လေသည်။
နွဲ့ လေ နွဲ့ အခုကလေးကို ဗိုက်ခွဲ မမွေးချင်တော့ဘူး၊ သိ သိလား ကိုကို”
နွဲ့ သဇင်က ရှိုက်ငိုရင်းပြောသည်။ ကိုဘိုကြည်က မျက်လုံး ပြူးသွားသည်။
“ဟင် ဒီလိုဆို ဘယ်လိုမွေးမှာလဲ” “ရိုးရိုးမွေးမယ် သဘာဝအတိုင်းမွေးမယ်” “ဘာ ဘာ ဘာဖြစ်လို့လဲ”
အို ဗိုက်ခွဲရင် သုံးယောက်ပဲ မွေးလို့ရမှာ၊ နွဲ့ ကအများကြီး လိုချင်တယ်၊ ကိုကိုအတွက် အများကြီး မွေးပေးချင်တယ်” ။
ကိုဘိုကြည်က ရုတ်တရက် ငြိမ်သွားသည်။ နွဲ့ သဇင်က မျက် ရည်များကို လက်ခုံနှစ်ဖက်နှင့် ပွတ်သုတ်လိုက်ရင်း သူ့ကို လှမ်းကြည့် သည်။ သူကလည်း နွဲ့ သဇင်ကို တွေတွေစိုက်စိုက် ပြန်ကြည့်နေသည်။ မျက်လုံးအစုံတွင်တော့ မျက်ရည်တွေ ဝေ့လည်နေသည်ကို တွေ့ရလေ သည်။ ထို့နောက် အိပ်မက်မက်နေသူလို ခပ်တိုးတိုး ပြောသည်။ “ကိုကိုတစ်သက်လုံး စိတ်ကူးယဉ်ခဲ့ဖူးတယ်၊ ခြံအကျယ်ကြီး နဲ့ အိမ်အကျယ်ကြီးထဲမှာ ကလေးတွေအများကြီးနဲ့လေ၊ ခြံထဲမှာ သစ် ပင် ပန်းပင်တွေ စိုက်ကြမယ်၊ ကလေးတွေကလည်း ကူပေါ့ ၊ ကလေး တွေနဲ့ အတူတူဆော့လိုက်၊ ရေကူးလိုက်၊ သစ်ပင်တွေ စိုက်လိုက်၊ ဆိုးတဲ့
ကောင်ကို ဆူလိုက်၊ ချော့တန်တာချော့ပြီး ဆုံးမလိုက်နဲ့ပေါ့၊ အဲဒီလိုဘဝ မျိုးကို နွဲ့ လေးက ပေးမှာလား”
“ဟုတ်ကဲ့” နွဲ့ သဇင်က ခေါင်းညိတ်သည်။
“နောင်ဆယ်နှစ်လောက်နေရင် နွဲ့လေးကလည်း အစ်မကြိုင် လို မိန်းမဝတုတ်ကြီးဖြစ်လို့ ကလေးတွေကို အင်္ဂလိပ်စာသင်ပေးလိုက်၊ သင်္ချာသင်ပေးလိုက်၊ ဂျပန်စာသင်ပေးလိုက်နဲ့ပေါ့”
“ဟုတ်တယ် သားသမီးတွေကို လိမ္မာအောင်၊ ယဉ်ကျေးအောင်၊ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တတ်အောင်၊ စာတော်အောင်၊ အနေအထိုင် မမှားအောင်၊ ဘုရားတရားလည်း ရိုသေ ကိုင်းရှိုင်းအောင်၊ လူကြီးမိဘကို ရိုသေအောင်”
ကိုဘိုကြည်၏စကားကို နွဲ့ သဇင်က ဖြည့်စွက်ပြောရင်း ကြည် နူး ပျော်ရွှင်စိတ်တွေ လျှံဝေလာသည်။ မိခင်တစ်ယောက်၏အခန်းကဏ္ဍ သည် မည်မျှအရေးကြီးသနည်း၊ သူသိလျက်နှင့် မေ့နေခဲ့သည်။ ဆိုရိုး စကားပင် ရှိသေးသည်မဟုတ်လား၊ ပုခက်လွှဲသော လက်သည် ကမ္ဘာ ကို အုပ်စိုးသည်” တဲ့။
မိခင်တစ်ယောက်ဖြစ်ရသည်မှာ မိခင်တစ်ယောက်အဖြစ် ထည်ထည်ဝါဝါ ရပ်တည်ခွင့်ရသည်မှာ မည်မျှကံကောင်းလေသနည်း၊ မိန်းမတိုင်း မိခင်ဖြစ်ရသည် မဟုတ်၊ အိမ်ထောင် မရှိသောကြောင့် တစ်ကြောင်း၊ အိမ်ထောင်ရှိလျက်နှင့်အကြောင်းကြောင်းကြောင့် သား သမီးမထွန်းကားလျှင် လည်းကောင်း၊ ထိုမိန်းမသည် မိခင် တစ်ယောက်ဖြစ်ခွင့်မရှိတော့ချေ။ သူကတော့မိခင်တစ်ဦး ဖြစ်သည်။ မိခင်ကောင်း တစ်ဦးလည်း ဖြစ်ရမည်။ သူကံကောင်းလှသည်။ မွေးနိုင်သော အခြေ အနေလည်း ရှိသည်။ မွေးလာသမျှကလေးများကို ကျန်းမာရေး၊ ပညာ ရေး၊ အစစ အရာရာ ပြည့်စုံလုံလောက်အောင် ထောက်ပံ့ပေးနိုင်သော ပစ္စည်းဥစ္စာနှင့်လည်း ပြည့်စုံသည်။ လယ်ယာမြေကောင်းနှင့် တူသော မိခင်သည် လူ့လောကကိုအကျိုးပြုလာမည့် သစ်ကောင်း ဝါးကောင်း များစွာကို ပေါက်ရောက်ရှင်သန်စေနိုင်သည် မဟုတ်ပါလား။
နွဲ့ သဇင်သည် အသက်ကို တဝကြီးရှိုက်၍ ရှူလိုက်သည်။ သူ့မျက်စိထဲတွင် အရာရာသည် သစ်လွင်လတ်ဆတ်ပြီး လှပနေလေ သည်။ ရှူရှိုက်နေကျလေသည်ပင်လျှင် ပျံ့ပျံ့မွှေးပြီး ရင်ထဲတွင် အေး နေသည်။
ဒါပေမယ့် အဲဒါတွေကို မလုပ်ခင် ပြောစရာစကားတစ်ခွန်း ကိုတော့ အရင်ပြောထားရဦးမယ်”
နွဲ့ သဇင်က အလုပ်သဘောဆန်စွာ တည်တည်တင်းတင်း ပြောရန်ကြိုးစားသော်လည်း မနေနိုင်၊ တိုးတိုးလေးရယ်လိုက်မိသည်။
ချစ်ခြင်းသည် ဆင်းရဲဒုက္ခအပေါင်းကို ဖြစ်စေသည်ဟု ရှင် တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့သည်။ ချစ်ခြင်းကြောင့် စိုး ရိမ်ပူပန်ရခြင်း၊ ဝမ်းနည်းငိုကြွေးရခြင်း၊ နာကျင်ကြေကွဲရခြင်းများကို လည်း သံသရာဘဝတစ်လျှောက်လုံးတွင်သာမက ယခုဘဝတွင်ပင် နှလုံးသားကြေကွဲလုမတတ် ခံစားခဲ့ရဖူးပြီဖြစ်သော်လည်း နွဲ့ သဇင်က ပုထုဇဉ်ပီပီ အမှတ်မရှိရှာသေးပေ။ ဆင်းရဲဒုက္ခကို ဖြစ်စေသလို၊ ချစ်ခြင်း ကပေးသော ကြည်နူးပျော်ရွှင်မှု ယစ်မူးရင်ခုန်မှုတွေကိုလည်း သူ စွဲလမ်း နှစ်သက်နေဆဲ ဖြစ်လေသည်။
ထို့ကြောင့် သူ့ကို စူးစမ်းသလို လှမ်းကြည့်နေသော ကိုဘို ကြည်အား နူးနူးညံ့ညံ့လေး ပြုံးပြလိုက်သည်။
“အဲ အဲဒါကတော့ နွဲ့ လေ နွဲ့”
နွဲ့သဇင်က အတန်ငယ် ထစ်ငေါ့နေသည်။ ထိုနောက် တံထွေး ကို မျိုချကာ တိုးတိုးလေး ပြောရင်း မျက်လွှာကို ကမန်းကတန်း ချ လိုက်သည်။
နွဲ့ ကိုကို့ကို ချစ်နေပြီဆိုတာ သိရဲ့လား ကိုကို”
ကိုဘိုကြည်က နွဲ့သဇင်ကို ငေးကြည့်ရင်း မျက်ရည်တွေ စိမ့်ဝဲ လာသည်။ အတန်ကြာအောင် ငြိမ်နေပြီးမှ အနည်းငယ် တုန်ယင်နေ သော အသံနှင့် ပြောသည်။
“တစ်ခါလောက် ထပ်ပြောပါလား နွဲ့လေးရယ်၊ နောက်ထပ် တစ်ခါ ကြားချင်သေးလို့ပါ”
________________
အခုတော့ သူတို့တိုက်ခန်းကလေးမှာ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ အဖေ၏စကားတိုးတိုးပြောသံ စုတ်သပ်ညည်းညူသံ၊ ချောင်းဆိုးသံတို့ သည် အဖေနှင့်အတူ ပျောက်ကွယ်ချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်လေသည်။
အဖေ၏ထွက်သက်ဝင်သက်တို့သည် တဖြည်းဖြည်း နှေးလာ ပြီး သူ့မျက်စိရှေ့တွင်ပင် ငြိမ်သက်သွားခဲ့သည်ကို တွေ့ရပြီးသည့်နောက် ပိုင်းတွင် ခင်ခင်ထားသည် သူ့ကိုယ်သူ ရုတ်တရက် ချက်ချင်း ကြီးရင့် ပြီး အိုမင်းသွားသလို ခံစားရသည်။ သံသရာတစ်လျှောက်လုံးတွင် အဖန် ဖန် တလဲလဲ ဖြစ်ပျက်နေရသည့်၊ ဖြစ်လည်း ဖြစ်နေဦးမည့် ဘဝပေါင်း များစွာကို ရှေ့နောက်လှမ်းမျှော်ကြည့်ရင်း ကြောက်ရွံ့ စိတ်ဝင်နေမိတတ် လေသည်။ ဘယ်ဘဝတုန်းက ဘယ်လို ခန္ဓာအိမ်ကို တည်ဆောက်ခဲ့ပြီး နောင်လာမည့် ဘဝဘဝပေါင်းများစွာတွင်လည်း ဘယ်လိုခန္ဓာအိမ်တွေ ကို တည်ဆောက် ကျင်လည်ရဦးမည်နည်းဟု တွေးနေမိတတ်သည်။ အဖေရော၊ သူတို့ချစ်တဲ့ အဖေရော၊ ဒီတစ်ဘဝအတွက် နာမ် ခန္ဓာရော ရုပ်ခန္ဓာပါ ချုပ်ပျက်ခဲ့ပြီး ဘယ်လိုဝိပါက်စိတ်တွေနှင့် ဘယ်လိုဘဝမှာ များ သွားပြီး ဖြစ်တည်မှီတွယ်နေသနည်း၊ သူသိခွင့်ရှိလျှင် သိစမ်းချင်လှ
သည်။အဖေ့ကို ကိုယ်ရောစိတ်ပါ သွန်ပြီး ပြုစုခဲ့သော ကိုလင်းသည် လည်း အဖေဆုံးပြီးတော့ ခြေကုန်လက်ပန်းကျသလို ဖြစ်သွားသည်။ ယခင်တုန်းကလောက် စကားများများမပြောတော့ဘဲ သိသိသာသာကြီး ငြိမ်ကျသွားသည်။ အိမ်မှာ ကိုလွင်တစ်ယောက် ပြန်ရောက်နေသဖြင့် သာ တော်တော့သည်။ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်သက်နေကြသော သူတို့မောင်နှမနှစ်ယောက်ကြားတွင် ကိုလွင် တစ်ယောက်သာ ရယ် စရာ မောစရာလေးတွေ ရှာကြံပြောပြီး လန်းဆန်းစိုပြည်လာအောင် ကြိုးစားနေရှာလေသည်။
ဒီတစ်ပတ်အတွင်းတော့ အဖေ၏ “က-ကလေးကို ငှားထား သူက ကားပြန်အပ်သွားသည်။ နိုင်ငံခြားသို့ သွားပြီး အလုပ်လုပ်တော့ မည်တဲ့၊ ဒီတော့မှ ကိုလင်းလည်း စိတ်ပြေလက်ပျောက် ဖြစ်သွားသည်။ ခရီးသွားအေဂျင်စီမှ သူ့ကို လှမ်းခေါ်နေသော်လည်း သူက မသွားသေး။ ခင်ခင်ထား ကလေးမွေးပြီးခါမှ ခရီးဝေးထွက်တော့မည်ဟုပြောပြီး ကို လွင်နှင့်အတူတူ ဗိုက်စောင့်လုပ်နေသည်။ ဒီကြားထဲတော့ ခင်ခင်ထား သွားစရာလာစရာရှိတာပို့ပြီးလျှင် ကားကလေးကို ကြုံလျှင် ကြုံသလို ဆွဲနေသည်။ အတွေ့အကြုံ အသစ်အဆန်းတွေရနေသဖြင့် စိတ်ပြောင်း သွားပြီး အတန်ငယ် ရွှင်လန်းလာသည်။ မရွှင်နိုင် မလန်းနိုင်သူက ခင် ခင်ထား ဖြစ်သည်။ ဘယ်ကျူရှင်မှ မသွားတော့ဘဲ အိမ်မှာပင် နားနေ တော့ အဖေ့ကို ပိုသတိရသည်။ ။
အင်းလေ နောင်တော့လည်း ကလေးအလုပ်တွေနဲ့ ဆူလို့၊ အော်လို့ငိုလို့နဲ့ ဖြစ်ရဦးတော့မှာပါ၊ အဲဒီကျတော့ ငါက အဖေ့ကို အခု လို သတိရနေဦးမှာတဲ့လား”
ခင်ခင်ထားက နေရာမှထကာ အသင့်ဝယ်ထားသော ပိတ် အုပ်ကို လှမ်းယူသည်။ အချို့က ကလေးမမွေးမီ အနှီးကို ဖြတ်မထားရ၊ အနားလည်း မလုံးရဟု ဆိုကြသည်။ ဘာအယူနှင့် ဘယ်လိုပြောမှန်းတော့ မသိရချေ။ သူကတော့ မွေးပြီးသည်အထိ စောင့်နေ၍မဖြစ်၊ အိမ်မှာ ကျန်မည့်သူနှစ်ဦးက ယောက်ျားနှင့်မောင် ဖြစ်သည်။ တော်ကြာ အနှီးဖြတ်ခဲ့ပါဟု မှာလိုက်လျှင် တစ်ထွာလောက်ကလေးတွေ ဖြတ်ချင် လျှင် ဖြတ်လာနိုင်သည်။ သူတို့ကို စိတ်ချ၍ ရသည်မဟုတ်။
သူက အနှီးတွေကို တစ်ကိုက်စီတိုင်းကာ ကတ်ကြေးရာ ပေး ထားသည်။ ဆောင်းကုန်ပြီး နွေကူးနေပြီမို့ အနှီးတွေ မခြောက်မှာတော့ မပူရ၊ လှန်းစရာနေရာသာ လိုသည်။ သူတို့လို တိုက်ခန်းနေ လူတန်းစား တွေအဖို့ အနှီးတွေ တပုံတပင် လှန်းစရာနေရာ ကျယ်ကျယ်ဝန်းဝန်း
မရှိချေ။
“အင်း နောက်တစ်ပတ်နေရင် ဆေးရုံတက်ရတော့မယ်၊ ဗိုက် ထဲကသားလေး အပြင်ကို ထွက်လာတော့မယ်”
ဆရာဝန်သတ်မှတ်ထားသော မွေးရက်က တစ်ပတ်သာလို တော့သည်မို့ ခင်ခင်ထားသည် သူဆေးရုံတက်ရန် ဓာတ်ဘူး၊ မတ်ခွက် မှစ၍ အင်္ကျီထဘီ၊ ကလေးအတွက်အနှီး၊ ကလေးအင်္ကျီ၊ ကလေး ပေါင် ဒါစသည်များကို သတိရသမျှစုဆောင်းပြင်ဆင်ထားပြီး ဖြစ်သည်။ သား ဦးဆိုတော့ သူက အတွေ့အကြုံမရှိသေး၊ သွန်သင်ပြသပေးမည့် ဒွေး
တော်၊ မိကြီးလည်း မရှိလေတော့ သူ့ခမျာ စမ်းတဝါးဝါး ဖြစ်နေသည်။ အောက်ထပ်က ကလေးသုံးယောက် အမေ မအုန်းခင်ကတော့ အုန်းဆီ ကိုလည်း ပုလင်းလေးနှင့် ထည့်ယူသွားရမည်ဟုပြောသည်။ ကလေး တွင် ညစ်ပေလာပါက ဂွမ်းတွင် အုန်းဆီလေးဆွတ်ကာ ပွတ်တိုက် သန့်စင်ပေးရမည်ဟုဆိုလေသည်။ ။
တံခါးဝက ခေါင်းလောင်းသံကြားတော့ သူက နေရာမှ ထ လာကာ ချောင်းကြည့်ပေါက်မှ ကြည့်သည်။ ကိုလွင်နှင့် ကိုလင်း အတူ ယှဉ်တွဲရပ်နေသည်ကို မြင်မှ တံခါးဖွင့်ပေးလိုက်သည်။
“အမလေးဗျာ၊ ကတ်ကြေးကြီးကိုင်လို့၊ ငါ့မိန်းမ မပေါ့မပါး နဲ့ ဘာတွေလုပ်နေတုံး”
ကိုလွင်က ရယ်ရယ်မောမောမေးသည်။ ။
‘သော် အနှီးတွေ ဖြတ်နေလား၊ ဒါများကွယ်၊ ကိုယ့်ကိုခိုင်း စမ်းပါ၊ အခိုင်းခံချင်လွန်းလို့ ပြန်လာတဲ့ဟာကို၊ ကျွန်တော့်ကို မခိုင်း ရင် အားကြီးစိတ်ဆိုးတယ်နော်”
ခင်ခင်ထား၏လက်ထဲမှ ကတ်ကြေးကိုလှမ်းယူပြီး ဧည့်ခန်း က ကုလားထိုင်ပေါ်တွင် ပုံနေသော ပိတ်အုပ်ကို လှမ်းဆွဲသည်။
အဲဒီမှာ တစ်ကိုက်စီ ကတ်ကြေးရာပေးထားတယ်နော်”
ခင်ခင်ထားက ကုလားထိုင်ပေါ်တွင် လေးလေးပင်ပင် ထိုင် ချသည်။ သူက ထိုင်နေကျအတိုင်းပင် ထိုင်ဟန်ရှိသော်လည်း သူ့ဗိုက် က ပူပြီးဖောင်းနေတော့ ကြည့်ရသည်မှာ မသက်သာလှ၊ ခါးကြီး ကော့ ကာ ကော့ကော့ကြီး ထိုင်နေသလို ဖြစ်နေသည်။
“မပေါ့မပါးဆိုတာ တကယ့်ကို မှန်တဲ့စကား မမရ” ကိုလင်းက ပိတ်အုပ်ကို တစ်ဖက်မှကိုင်ပေးရင်း လှမ်းပြောသည်။
“ကလေးတစ်ကောင်လုံး ဗိုက်ထဲထည့်လွယ်ထားရတာ၊ ပေါ့ နိုင်ပါ့မလားဗျာ၊ နောက်ပြီး ဒီလောက်ဖောင်းဖောင်းကြီးပူနေရတာ။ ပါးပါးလျားလျားရော ရှိနိုင်ပါ့မလား ဟား ဟား”
ကိုလင်းက သူ့ဟာသူပြောရင်း သူ့ဟာသူ သဘောတွေ ထပ် ပေါက်ကာ ရယ်နေသည်။
“နောက်တစ်ပတ်ပါပဲဟယ် ငါပေါ့ပေါ့ပါးပါးပြန်ဖြစ်တော့ မှာပါ ကိုလင်းရဲ့”
“အမလေးဗျာ အဲဒီတော့မှ ပိုဆိုးမှာ၊ မျောက်လောင်းလေးကို မနိုင်မနင်း ဆွဲရင်းလွဲရင်း နင့်ကိုငါ ဗိုက်ထဲပြန်ထည့်ချင်တယ်တဲ့လို့ ပြောမှာ မြင်ယောင်သေး အဟေး ဟေး”
ကိုလင်းက ကိုင်၊ ကိုလွင်က ဖြတ်နှင့် အနှီးတွေ တစ်ထည်ပြီး တစ်ထည်ကျလာသည်။ ခင်ခင်ထားက လှမ်းယူကာ သေသေ သပ်သပ်ခေါက်သည်။ အနှီးကို အနားလုံးရမလား၊ မလုံးဘဲ ထားရမလား၊ သူ စဉ်းစား၍မရသေး။ အနားမလုံးရဟု ပြောသူတွေက ဘာ အယူအဆနှင့် ပြောသနည်း ခင်ခင်ထား သိချင်နေသည်။ ဒီအတိုင်း ထားလျှင် အနား တွေ ဖွာပြီး မသပ်မရပ်ဖြစ်နေသည်ကတော့ အမှန်ပင်၊ အနား လေးဖက် ကို သပ်သပ်ရပ်ရပ်ကလေး လုံးထားသည်ကိုသာ သူ ကြိုက်သည်။
“ဒီနေ့ သင်္ချာနေ့ လေ၊ စာမေးပွဲဖြေပြီးထွက်လာကြတာ၊ ပြုံးတဲ့ လူက ပြုံးလို့ ၊ မဲ့တဲ့လူက မဲ့လို့၊ ကျွန်တော့်ကားငှားစီးတဲ့ သားအမိ နှစ်ယောက်တော့ သမီးကငိုလို့၊ အမေကလည်း ဆူလိုက်တာ ပွစိပွစိနဲ့”
ဟုတ်ပါရဲ့ဟယ် ငါ့ကလေးတွေလည်း ဖြေနိုင်ကြရဲ့လား မသိ ပါဘူး”
ခင်ခင်ထား၏စိတ်က သူ့တပည့်လေးတွေဆီ ရောက်သွားသည်။ သူ့တပည့်တွေကလည်း အမျိုးပေါင်းစုံသည်။ ဂုဏ်ထူးရမည့် သူများ၊ သေချာပေါက်အောင်မည့် သူများ၊ မရေမရာမသေမချာနှင့် အဆင်မသင့် လျှင် ကျသွားနိုင်သည့်သူများ၊ ထိုအထဲတွင် ဖိုးသင်္ကြန်တို့အုပ်စုက စာမေးပွဲနီးခါမှ စာတွေတွန်းထိုးကျက်ပြီး အခြေအနေ ကောင်းလာကြ၍ ဝမ်းသာရသေးသည်။
“ငါလည်း ငါ့ဘာသာဖြေပြီးကာမှ ဟင်းချရမှာ”
“မမဘာသာကြီးကလည်း ခက်လိုက်တာ၊ ကျက်လိုက်ရတာ လည်း သေလုရော”
“သဘောတရားနားလည်ရင် လွယ်ပါတယ် ကိုလင်းရယ်”
ခင်ခင်ထားက သူ့ဘာသာကိုထိလျှင် မခံနိုင်၊ နှုတ်ခမ်းတစု စူ၊ မျက်စောင်းတထိုးထိုး ဖြစ်လာတတ်သည်။ အဲဒီလိုဖြစ်မှန်းသိလို့ ပင် ကိုလင်းကလည်း စချင်နောက်ချင်နေခြင်း ဖြစ်လေသည်။ သို့သော် ဒီ တစ်ခါတော့ စိတ်မဆိုးဘဲ အေးအေးသက်သာပင်ပြောသဖြင့် ကိုလင်းက အံ့သြသွားသည်။ အဖေဆုံးပြီးသည့်နောက်ပိုင်းတွင် သူ့အစ်မ ရင့်ကျက် လာသည်ကတော့ အမှန်ပင်။
“ဟော ဘယ်သူလာလဲ မသိဘူး”
တံခါးဝမှ ခေါင်းလောင်းသံကြားပြန်တော့ ကိုလွင်က တံခါး သွားဖွင့်သည်။ ။
“ဟော အစ်ကို ကျွန်မနွေးနွေးပါ၊ အစ်မနဲ့ တွေ့ချင်လို့”
ဘုန်းကြီးကျောင်းတွင် တစ်ခါတွေ့ ဖူးထားသော နွေးနွေး အား ကိုလွင်က ချက်ချင်းမှတ်မိသည်။ နွေးနွေးက ဧည့်ခန်းထဲ ခေါင်းငဲ့ကြည့် ရင်း ခင်ခင်ထားကိုတွေ့တော့ ဝမ်းသာသွားဟန်နှင့် မျက်နှာလေး လင်း သွားသည်။
“စပေါ့ လေး ဘာလေး လိုချင်လို့အစ်မရယ်”
နွေးနွေးက ဧည့်ခန်းထဲလှမ်းဝင်လာသည်၊ ခါးနောက်ကို ဘယ်ဘက်လက်က လှန်ပြီးဖိထားသည်။ ညာဘက်လက်ကတော့ ဗိုက် ကို မသိမသာ ထားရင်း လိမ်ဖယ်ဖယ်လျှောက်နေသော သူ့ပုံပန်း က သက်သက်သာသာ မရှိလှပေ။
“စာကျက်ရင် စပေါ့ မလိုဘူးကွဲ”
စာလည်းကျက်ပါတယ် အစ်မရယ်၊ စပေါ့လည်း လိုချင်တာ ပဲ၊ အောင်အောင်က အလုပ်တစ်ဖက်နဲ့ ကျက်ရတာ အစ်မရဲ့”
နွေးနွေးက တရင်းတနှီးပြောသည်။ လျှောက်ဝင်လာရင်း ခင် ခင်ထားအနားရောက်ခါနီးတော့ ရပ်သွားသည်။ ငြိမ်ငြိမ်လေးရပ်ရင်း သူ့မျက်နှာက ဝေဒနာတစ်ခုခုကို စူးစမ်းနေသလို မျက်မှောင်လေး ကြုံ နေလေသည်။ အိမ်သားသုံးဦးလုံးက ဧည့်သည်ဖြစ်သော နွေးနွေးကို ငေးကြည့်နေကြသည်။ ဘာများဖြစ်လို့ပါလိမ့်။
အစ်မ ဗိုက်နာတာ ဘယ်လိုနေလဲဟင်” နွေးနွေးက တဲ့တိုးကြီးမေးသည်။ “မသိသေးဘူးလေ” ခင်ခင်ထားက အူကြောင်ကြောင်ပြန်ဖြေသည်၊ သူကလည်းသားဦးဗိုက်ပေမို့ ဗိုက်မနာဖူးသေးချေ။ ဘယ်ကနေဘယ်လိုစ၍ နာ သနည်း တကယ့်ကို မသိသေးချေ။ နောက်ပြီး သူက ဗိုက် အနာခံမည့် သူ မဟုတ်၊ သားဖွားမီးယပ်ဆရာဝန်မကြီးက သူ့ဗိုက်ထဲမှ ကလေးကို အချိန်တန်လျှင် ခွဲထုတ်ပေးမည် ဖြစ်သည်။
အစ်မဆီလာတာ တက္ကစီနဲ့လာတာ အစ်မရဲ့ ၊ ကားပေါ် ရောက်စတုန်းက အခုလိုပဲ၊ ဟို ဗိုက်အတွင်းထဲကနေပြီး စူးပြီး နာလာ တယ်၊ ခဏနေတော့ ပျောက်သွားရော၊ ဟော ခုနတုန်းက တစ်ခါ နာ တယ်၊ ခဏပဲ ပြန်ပျောက်သွားပြန်ပြီ”
“ဆရာဝန်ခန့်မှန်းထားတဲ့ ဂျူးဒိတ်က ဘယ်တော့လဲ”
နှစ်ရက်လိုသေးတယ် အစ်မရဲ့၊ ကျွန်မက အောင်အောင် စာ မေးပွဲပြီးတဲ့အထိ အောင့်ထားမလို့ အဟိ”
နွေးနွေးက ခင်ခင်ထား၏ ဘေးတွင် ဝင်ထိုင်သည်။ ကြမ်းပေါ် တွင် ပုံနေသော အနှီးများကို လှမ်းကောက်ပြီး သူပါကူ၍ ခေါက်ပေး သည်။
“ပြီးခဲ့တဲ့သုံးဘာသာလုံး ဖြေနိုင်တယ်အစ်မရဲ့၊ ဒီနေ့ သင်္ချာ ဆိုရင် ဂုဏ်ထူးတောင်ရနိုင်တယ်တဲ့ သိလား အစ်မ၊ သူစာမေးပွဲဖြေ နေတုန်း ကျွန်မကလည်း ဘုရားမှာ ဆီမီးထွန်းပြီး တတ်သမျှ မှတ်သမျှ ဘုရားစာတွေ အကုန်ရွတ်တာပဲ၊ သူဖြေနိုင်တာ ကျွန်မရွတ်ပေးလို့ လည်း ဖြစ်မှာပေါ့ နော်”
ဟုတ်သည်၊ ခင်ခင်ထားကလည်း ဘောဂဗေဒဖြေရသည့်နေ့ ဆိုလျှင် ဘုရားမှာ ဆီမီးထွန်းပြီး သူ့တပည့်လေးတွေကို ရည်မှန်း မေတ္တာပို့ပြီး ရွတ်ဖတ်ပေးနေကျ ဖြစ်သည်။ ဒီနှစ်လည်း ရွတ်ပေးရဦး မည်ဟု တွေးမိသည်။
“ခုတလောတော့ သူနဲ့ ကျွန်မနဲ့လည်း မတည့်ချင်ဘူး အစ်မ ရဲ့၊ ကလေးတောင် မမွေးရသေးဘူး၊ သူကချည်းပဲ မင်္ဂလာယူနေတယ်။ ကြည့်ပါဦး အစ်မရယ်၊ မိဘလို့ခေါ်တာကို မကြိုက်ဘူးတဲ့၊ အဖေကို ရှေ့တန်းတင်ပြီး ဘမိလို့ခေါ်ရမယ်တဲ့၊ အဲဒါမှ မှန်မှာတဲ့၊ ကဲ ကြည့်ပါဦး ကိုးလကျော်ကျော် ဗိုက်ထဲထည့်လွယ်ထားရတာကလည်း အမေ၊ နာရ ကျင်ရ ခွဲရ စိတ်ရတော့လည်း အမေ၊ သေစရာ ရှိရင်လည်း ဒီအမေပဲ သေရမှာ၊ အဲဒါကိုများ သူက ဘမိလို့ ပြောင်းခေါ်ရဦးမယ်တဲ့ ဟွန်း”
ကိုလင်းက နွေးနွေးကိုကြည့်ကာ ရယ်ချင်နေသည်။ သူ ပြော တော့ စပေါ့လာတောင်းသည်တဲ့၊ သို့သော် စာအကြောင်း တစ်ခုမျှ မပြောသေးဘဲ ထင်ရာမြင်ရာတွေ လျှောက်ပြောနေသောကြောင့် ဖြစ် လေသည်။
“
ဒီတော့ နွေးနွေးကလည်း ဘမိလို့ခေါ်မယ်ဆိုရင်ခေါ်၊ ဒါ ပေမယ့် မိန်းမတွေကလေးမွေးရင် ယောက်ျားတွေက ကိုယ်စား ဗိုက် နာပေးသင့်တယ်လို့ ပြောတာပေါ့”
“ ဒီတော့ သူက ဘာပြောလဲ”
“အမယ် သူကလည်း အလာကြီး အစ်မရဲ့၊ ဟိုးအရင်တုန်းက မိန်းမကလေးမွေးရင် ယောက်ျားတွေက ဗိုက်နာပေးရပါတယ်တဲ့၊ ကလေးအဖေက နာပေးရတာပေါ့လေ၊ အဲဒါတစ်နေ့ကျတော့ သူ့မိန်းမ ကလေးမွေးနေတုန်း ယောက်ျားက နာမလား နာမလားနဲ့ စောင့်နေ
တာ နာမလာဘူးတဲ့၊ အဲဒီအချိန်မှာ တံခါးအပြင်မှာ ညည်းသံကြားလို့ ဖွင့်ကြည့်လိုက်တော့ သူတို့အိမ်ကို နွားနို့ ပို့တဲ့ ကောင်ကလေးက တံခါး ဝမှာ လူးလှိမ့်ပြီး ဗိုက်နာနေတယ်တဲ့”
“ဟား ဟား ဟား”
ကိုလွင်က တဟားဟား ထရယ်သည်၊ အကြံပိုင်သော ကြံ တိုင်းအောင်ကိုလည်း သဘောကျသွားသည်။
အဲဒီအချိန်ကစပြီး မိန်းမတွေက သူတို့ကလေးမွေးရင် သူတို့ ဟာသူတို့ပဲ ဗိုက်နာပါ့ မယ့်ဆိုပြီး တာဝန်လွှဲယူလိုက်တာတဲ့၊ ဒီတော့ကိုယ့်တာဝန်နဲ့ကိုယ် ဆက်သာနာကြပေတော့တဲ့၊ ဘာပြောကောင်း မလဲ ကျွန်မနဲ့ ထရန်ဖြစ်ကြတာပေါ့”
ညီမအငယ်မရှိဖူးသော ကိုလင်းက ကလေးဆန်ဆန် ပေါတိ ပေါချာပြောနေသော နွေးနွေးကို ပြုံးပြီး ကြည့်နေသည်။ ခင်ခင်ထား ကလည်း ခပ်ပြုံးပြုံးနေရင်း လွှတ်ထားလိုက်သည်။ သူပြောချင်ရာ ပြော သမျှကို နားထောင်နေရသည်က ဟော့စပေါ့ ဟော့စပေါ့နှင့် တဂျီဂျီ လုပ်နေသည်ထက် ပိုကောင်းလေသည်။
“နောက်တော့ ဘယ်သူနိုင်လဲ” ကိုလင်းက ဝင်မေးသည်။
“သူက စာမေးပွဲဖြေရဦးမှာ မဟုတ်လား အစ်ကိုရယ်၊ ဒါ ကြောင့် သူ့ကိုပဲအနိုင်ပေးပြီး ကျွန်မက ကော်ဖီဖျော်ပေးလိုက်ပါတယ်”
“သာဓုဗျာ သာဓု”
ဒါပေမယ့် စာမေးပွဲပြီးရင်တော့ မရဘူး အစ်ကိုရဲ့ ၊ နွေးနွေး က လျှော့မှာမဟုတ် ဟင် ဟော ဟော ဟော”
နွေးနွေးက သူ့ခါးကို လက်တစ်ဖက်နှင့်ထောက်ကာ ငြိမ်နေ ပြန်သည်။ ဒီတစ်ခါတော့ စူးစူးစိုက်စိုက် ခံစားကြည့်ရင်း မျက်နှာလေး ရှုံ့ လာသည်။
“နာတယ် အစ်မရဲ့ ၊ အထဲကနာနေတာ ဟို ဟို ဝမ်းသွားချင် တာနဲ့ မတူဘူး
ခဏနေတော့ နာတာ ပျောက်သွားပြန်သည်။ သို့သော် နွေး နွေးက မျက်စိမျက်နှာပျက်ကာ ကြောက်နေပြီ ဖြစ်သည်။
“ဗိုက်နာတယ်ဆိုတာ ပထမအချိန်ဝေးဝေးနဲ့ ခဏပဲနာတယ် တဲ့၊ နောက်တော့ နာတဲ့အချိန်တွေက နီးလာပြီး နာချိန်လည်း ကြာလာ တယ်တဲ့၊ နောက်ဆုံးဆက်တိုက်ကြီးနာလာရင် ရေမွှာပေါက်ပြီး ကလေး ကိုလည်း ညှစ်ချင် အဲ အဲ သားအိမ်လည်း တဖြည်းဖြည်းပွင့်”
ကိုလွင်က အလွတ်ကျက်ထားသူလို ဆက်တိုက် ရွတ်ဆိုလိုက် ပြီးနောက်မှ နွေးနွေးကို လှမ်းကြည့်ကာ အားနာသွားဟန်နှင့် ထစ်ငေါ့ သွားသည်။
“ဟာ အစ်ကိုက သိလှချည်လား” ကိုလင်းက တအံ့တဩပြော သည်။
“ဟ သိဆို သင်္ဘောပေါ်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေး တွေအကြောင်း ဆောင်းပါးတွေချည်းပဲ ဖတ်နေမိတာကိုး ကိုလင်းရ”
ကိုလွင်က ရှက်ကိုးရှက်ကန်းနှင့် ပြောသည်။
ဒီလိုဆို ဖခင်နဲ့ ကလေးများစောင့်ရှောက်ရေးအသင်း ဖွဲ့ လို့ ရပြီ၊ ဟား ဟား အစ်ကိုက ဥက္ကဌ၊ ကျွန်တော်က အတွင်းရေးမှူး
ခုနတုန်းက မျက်နှာလေးရှုံ့ နေသော နွေးနွေးက အခုတော့ သူတို့ကိုကြည့်ကာ တခစ်ခစ်ရယ်နေပြန်သည်။ ထို့နောက် သတိရသွား သလို စပေါ့လေ မမရဲ့ စပေါ့”ဟု တောင်းပြန်သည်။ ခင်ခင်ထားလည်း မနေသာတော့ဘဲ မေးခွန်းခေါင်းစဉ်များကို စီတန်းပြီး ရေးချပေးလိုက် သည်။ သူရေးထားသော စာရွက်ကိုလှမ်းပေးလိုက်တော့ နွေးနွေးက ဖတ်ကြည့်ပြီး မျက်နှာလေးရှုံ့သွားသည်။ ။
“စီးပွားရေးလုပ်ဆောင်ချက်များ၊ ဈေးကွက်စီးပွားရေးစနစ်၊ တိုင်းပြည်ဝင်ငွေ၊ ဘဏ်လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး၊ ဝယ်လိုအားနှင့် ရောင်းလိုအား၊ ဟာ အစ်မကလည်း ကုန်ရောပေါ့ ”
အင်းလေ အကုန်အရေးကြီးတာပဲဟာ”
ခင်ခင်ထားက ရယ်ချင်နေဟန်ရှိသော်လည်း နွေးနွေးက စိတ် ညစ်သွားသည်။ ခင်ခင်ထားသည် စာမေးပွဲမေးခွန်းထုတ်သူ မဟုတ် ကြောင်း သူသိသော်လည်း ဘာမေးမည်နည်းဟု တထစ်ချ မှန်ကန် အောင် မှန်းပြီး ပြောနိုင်လိမ့်မည်ဟုပင် ထင်နေသည်။ အခု ဘာကိုမှ အထူးတလည်မှန်းပြီး မပြောသည်မှာ သူ့အပေါ်တွင် မေတ္တာ မထားလို့သာပဲဟု တထစ်ချ တွေးသည်။ အင်း ငါကလည်း လက်ချည်းပဲ လာမိ တာကိုး၊ ဘာကလေး ညာကလေးဝယ်လာရင် မှန်းချင် မှန်းပေးမှာ” ဟုလည်း စိတ်ထဲမှ ပစ်မှားမိပြန်လေသည်။
“ကျောက်ခဲကမှ ရေညှစ်ရင် ထွက်ချင်ထွက်လာဦးမယ်၊ ဒီ ဆရာမဆီကတော့ ဘာမှ ရမှာမဟုတ်ပါဘူးထင်ပါရဲ့”
နောက်ဆုံးတော့ နွေးနွေးလည်း လက်လျှော့ပြီး အိမ်ပြန်ရန် ဟန်ပြင်သည်၊ ထိုအချိန်တွင် ဗိုက်ကစူးပြီးနာလာပြန်သည်။
“ဗိုက်နာလာပြန်ပြီ အစ်မရေ နွေးနွေးတော့ ကလေးမွေးရ တော့မယ်ထင်တယ်”
နေရာကထပြီးမှ နွေးနွေးက ကြိမ်ကုလားထိုင်တွင် ပြန်ထိုင် သည်၊ ခါးကိုကော့ကာ လက်တစ်ဖက်နှင့် နှိပ်ထားရင်း မျက်နှာလေး ရွံ့နေလေသည်။
“ဒီလောက်နာရုံနဲ့ ဘယ်မွေးဦးမှာလဲ နွေးနွေးရယ်”
| ခင်ခင်ထားက သနပ်ခါးမပျက်၊ နှုတ်ခမ်းနီမပျက်ဘဲ လှလှ ပပလေးမဲ့ထားသော နွေးနွေး၏မျက်နှာကိုကြည့်ကာ ပြုံးရယ်မိသည်။ သူက ကိုယ်တိုင်မနာဖူးသော်လည်း သနပ်ခါးလည်းပျက် ပန်းလည်း ပြုတ်ကာ ချွေးဒီးဒီးယိုစီးပြီး ဆတ်ဆတ်တုန်အောင် နာကျင်ရသော အနာ၊ မိခင်တို့ ကျော်ဖြတ်ခံစားရသည့် ဝေဒနာအကြောင်းကိုတော့ ကြားဖူးနားဝနှင့် သိထားသည်။ အလှမပျက်ကလေး နာတယ် ဆိုရုံ လောက်နှင့်တော့ ကလေးတစ်ယောက်မွေးဖွားလာမည် မဟုတ်သေးချေ။
“အမလေး ဘယ်လောက်တောင်နာရဦးမှာလဲ အစ်မရဲ့၊ နွေး က ဒီထက်နာရင်တော့ ငိုမှာပဲ၊ နောက်ပြီး အောင်အောင်စာမေးပွဲပြီးမှ မွေးချင်တာ၊ အောင့်ထားမှာပဲ ဟင်း အတင်းအောင့်ထားမှာပဲ”
နွေးနွေးက ဂျီကျနေသည်။ သွေးလည်းမတော် သားလည်း မစပ်၊ တစ်ခါနှစ်ခါဆုံဖူက စိတ်တိုချင်စရာကောင်းလှသော်လည်း ကိုလွင်ရော ကိုလင်း ကပါ စိတ်တိုရန်သတိမရဘဲ ရယ်ချင်နေကြသည်။ ဒီကောင်မလေး အမှန် တကယ်အလူးအလဲ ဗိုက်နာလာလျှင် ဘယ်လိုအော်ဟစ်ပြီး၊ ဘယ်လို နေမလဲ သူတို့နှစ်ယောက်လုံးက သိချင်နေသည်။ ။
ခဏနေတော့ “အောင့်ထားမှာပဲ၊ အောင့်ထားမှာပဲ နှင့် အော် နေသော နွေးနွေးကို ကားပေါ်တင်ကာ သူတို့သုံးယောက်လုံး လိုက်ပါ ပြီး အိမ်ကို ပြန်ပို့ပေးခဲ့ရသည်။ အိမ်မပြန်မီ သူ၏ မိဘအိမ်နှင့် ယောက္ခ မ အိမ်ကိုပါအကြောင်းကြားချင်ပါသည်ဆို၍ သူညွှန်ပြသည့် တိုက်ခန်း များဆီ အရောက်မောင်းရသေးသည်။ နွေးနွေးနှင့်ခင်ခင်ထားက ကား ထဲမှ စောင့်နေစဉ် ကိုလွင်က ဒီဘက်တိုက်၏ ခြောက်ထပ်၊ ကိုလင်းက ဟိုဘက်တိုက်၏ခုနစ်ထပ်အထိတက်ပြီး သတင်း ပို့ပေးရသည်။ အူ ယား ဖားယားလိုက်လာသော နွေးနွေး၏ အမေနှင့်ကြီးတော်ကိုပါ ကား ပေါ်တွင် ကျပ်ကျပ်သပ်သပ်တင်ပြီး ကြံတိုင်းအောင်၏ လက်ထဲ အပ်ခဲ့ ကြသည်။ ဒါတောင် မရွှေနွေးနွေးက အောင်အောင်က စာကျက်ရဦး မှာ၊ နွေးကို ဆေးရုံလိုက်မပို့နဲ့ နွေးဟာနွေး သွားမယ်”ဟု အလွမ်းသယ် နေသေးသည်။ အစိုးရိမ်ပိုနေသော ကလေးအဖေလျောင်းလျာလေးက သူ့မိန်းမအနားက မခွာတော့သောကြောင့်သာ ခင်ခင်ထားတို့တစ်တွေ ချမ်းသာရာရခဲ့ကြရခြင်း ဖြစ်လေသည်။ ။
“ကံကောင်းပေလို့ဗျာ သူ့ကို ဆေးရုံလိုက်ပို့ပြီး မမွေးမချင်း ထိုင်စောင့်ရတော့မလို့၊ အဲဒါသာဆိုရင် ကလေးအဖေနာမည်လာမေး လို့ကတော့ ကိုလင်းရေ ငါကတော့ မင်းနာမည်ကို ပေးလိုက်မှာပဲ”
ကိုလွင်က တသောသောရယ်နေသည်။ သို့သော်လည်း သံ ယောဇဉ်က အမျှင်တန်းသွားတော့ မနေနိုင်ကြ၊ နောက်တစ်နေ့ကျ တော့ ကိုလင်းက မွေးပြီလား သွားမေးလာခဲ့သေးသည်။ အသည်း အသန် အော်နေပြီ ဖြစ်ကြောင်းကိုသာ သတင်းရခဲ့သည်။ နွေးနွေးခမျာ တစ်ညနှင့် တစ်နေ့လုံးလုံး အလူးအလဲနာပြီး နောက်တစ်နေ့ လင်းအားကြီး ချိန်ကျမှ သမီးလေးကို ဖွားမြင်ခဲ့သည်။
နာလိုက်ရတာ အမေလည်း ပျော့ပျော့ပဲကျန်တယ် အစ်ကို ရေ၊ သမီးလေးကလည်း ညှပ်နဲ့ဆွဲခံထားရတော့ နားထင်လေးမှာ နာပြီး ငိုရှာတယ်ဗျာ၊ သနားပါတယ်၊ သူ့အဘွားတွက်ကြည့်တာတော့ အဓိ ပတိဖွား၊ ကောင်းစားမယ်တဲ့ဗျ”
စာမေးပွဲဖြေရန် ခပ်သုတ်သုတ် ထွက်လာသော ကလေး အဖေ အသစ်စက်စက်ကလေးက မျက်တွင်းချောင်ကလေးနှင့် ဝမ်းသာအားရ ပြောရှာလေသည်။
________________
ဒုတိယသားပင် ဖြစ်သော်လည်း ဝမ်းနာချိန်က ကြာမြင့်လှသည်။ မနေ့ ညကတည်းက တသဲ့သဲ့စနာသည်မှာ တဖြည်းဖြည်း အနာစိပ် လာပြီး ယခုတော့ ဆွမ်းခံပြန်ချိန်ပင် ရောက်တော့မည်၊ သားအိမ်က ပွင့်မလာ သေး။
နာလွန်းမက နာသောအနာကို အတင်းအံကြိတ်ကာ ခံနေရင်း မခင်အေးသည် အမေ့ကို တမ်းတမိသည်။ အမေရယ် ကယ်ပါဦး အမေ ရယ် ဒီကလေး ဝမ်းကမြန်မြန်ကျွတ်သွားအောင် ကယ်ပါဦး” ဟု စိတ်ထဲ မှ ပြောနေမိသည်။ သူ့ကို မွေးတုန်းကလည်း အမေ့ ခမျာ ဒီလိုအနာ၊ ဒီလိုဝေဒနာတွေကို အခုသူခံစားနေရသလိုပင် ခံစားခဲ့ရပေလိမ့်မည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သမီးလေးသက်ဝေလည်း အခုလိုပင် ခံစား ရ ပေလိမ့်ဦးမည်။ ကမ္ဘာတည်ကတည်းက ခံစားခဲ့ရသော မိန်းမတို့၏ ဒုက္ခ၊ ကမ္ဘာပျက်သည်အထိ ဆက်လက်ခံစားနေကြရဦးမည့် ဒုက္ခ၊ လူ
သား မျိုးဆက်တို့ရှင်သန်တိုးပွားရေးအတွက် ခံစားကြရသည့် မိန်းမတို့ ၏ဝေဒနာ၊ ထိုဝေဒနာကို သူလွန်မြောက်ချင်လှပေပြီ။ ။
“မခင်အေး နှုတ်ခမ်းမကိုက်နဲ့၊ ညည်းချင်ရင် ညည်းလိုက်၊ အော်ချင်ရင် အော်လိုက်၊ နှုတ်ခမ်းကိုတော့ မကိုက်နဲ့၊ တော်ကြာ ပေါက် ပြဲကုန်ဦးမယ်”
ဒေါ်မြက သူ့မျက်နှာမှ ချွေးများကို သုတ်ပေးရင်း သတိပေး နေသည်။ အိပ်ရာထဲ လှဲအိပ်လိုက်ရမလို၊ ကုန်းထရတော့မလို၊ ခုတင် တိုင်ကိုပဲ လှမ်းပြီးဆွဲရတော့မလို၊ ဒေါ်မြ၏လက်မောင်းဝဝကြီးများကိုပဲ အတင်းဖက်ထားရတော့မလို ဆောက်တည်ရာမရ နာနေရင်း သူ့အောက် ပိုင်းတစ်ပိုင်းလုံးရွှဲရွှဲစိုသွားသည်ကို သိလိုက်သည်။ အတွေ့အကြုံတစ်ခါ ရှိဖူးပြီးသားမို့ ရေမွှာပေါက်ခြင်းဖြစ်သည်ကိုလည်း သိလိုက်သည်။
“ဟော ရေမွှာပေါက်ပြီ” ဒေါ်ပုတုကလည်း အော်သည်။
‘မှန်းစမ်း ကြည့်ရအောင်၊ ဟဲ့ သားအိမ်လည်း တစ်ဝက် ကျော် ကျော်ပွင့်နေပြီပဲ၊ ဆံပင်မည်းမည်းလေးတွေတောင် တွေ့နေရပြီ၊ ဂွတ် တယ် မခင်အေးရေ မွေးတော့မယ်” ။
ဒေါ်ဂွတ်တု၊ အဲ ဒေါ်ပုတုက သူ့ဝါသနာအတိုင်း ဂွတ်နေလေ သည်။ မဂွတ်သည်ကတော့ မခင်အေး ဖြစ်သည်။ အပြောကျယ်လှသော ဝေဒနာပင်လယ်ကို အံကြိတ်ဖြတ်သန်းရင်း ချွေးသီးချွေးပေါက်တွေ ယို စိမ့်လာသည်။
“သိပ်အမောမခံနဲ့ သားအိမ်ပွင့်နေပြီ၊ အသက်ကို ဝအောင် ထား၊ ညှစ်ချင်လာမှ ညှစ်၊ အားထည့်ပြီး ညှစ်၊ တစ်ယောက်မွေးထား ပြီးပြီပဲကွယ်၊ ဘာခက်ရမှာလဲ ဟော ညှစ်ချင်လာပြီ”
ဒေါ်မြ၏လက်မောင်းကြီးကို လက်သည်းရာတွေပေါက်ကုန် သည်ထိ ဆွဲညှစ်ထားမိသော်လည်း မရသေး၊ ခုတင်ဘောင်ကို လှမ်း၍ ဆုပ်ကိုင်ကာ ရှိရှိသမျှ အားအကုန်ကို သုံးလိုက်သည်။
“ဟော ဟော မွေးပြီ မွေးပြီ”
ဒေါ်ပုတုက ကလေးကို အလိုက်သင့်လှည့်ပြီး ထုတ်လိုက် သည်။ အမိဝမ်းမှ လုံးလုံးလျားလျားပင် မကျွတ်သေး၊ အပြင်လေအေး နှင့်ထိတွေ့လိုက်သဖြင့် ကလေးနီတာရဲလေးက ဝဲခနဲငိုသည်။ ထို့နောက် “အုဝဲ အုဝဲ နှင့် အဆက်မပြတ်နှင့်ညံနေအောင် အော်တော့သည်။
⬛
မစန္ဒာ
အပိုင်း(၁၃)ဆက်ပါဦးမည်
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...
Comments