*** ပေါ်လီယာနာ ***
ထင်လင်း
အပိုင်း-၂၁
________________
အဖြေပေါ်လာသော ပုစ္ဆာတစ်ပုဒ်
ဂျွန်ပင်ဒယ်လ်တန် အိမ်ကြီးရှိရာ ကုန်းမြင့်မှ ပေါ်လီယာနာ ဆင်းလာတော့ မိုးသည် ထစ်ချုန်းရွာသွန်းတော့မည် အသွင်ဖြင့် ရုတ်တရက် မဲမှောင်၍ လာလေသည်။ အိမ်အပြန် လမ်းတစ်ဝက်သို့ ရောက်လျှင် ထီး ကလေးနှင့် လိုက်လာသော နန်စ်ကို တွေ့လိုက်ရ၏. ထိုအချိန်တွင်ကား မိုး တိမ်တို့သည် ရွေ့လျားသွားကာ မိုးရွာမည် အရိပ်နိမိတ်များ နည်းပါးသွား ပြန်သည်။
နန်စီက မိုးကို မှော်၍ ကြည်လိုက်ပြီး ... ။
“မြောက်ဘက်ကို ရွေ့သွားပြီလေ။ မမကတော့ ဒီလိုပဲ ထင်ခဲ့တာပါ။ ဒေါ်ပေါ်လီက ထီးနဲ့ သွားကြို ဆိုလို့သာ လာရတာ။ သူက သမီးအတွက် စိတ်ပူလို့လေ” ဟု ပြောပြီး၊ မိုးကို မှော်ကြည် နေပြန်၏။
နန်စီက မကျေနပ်။ “ဟွန်း” ဟု ဆိုလိုက်ပြီး ... ။
“သမီးက မမ ပြောနေတာ ကြားချင်ယောင်မပြုဘူး။ သမီးအဒေါ်က သမီးအတွက် စိတ်ပူနေတယ်လို့” ဟု ထပ်ပြော၏။
ပေါ်လီယာနာမှာ မကြာမီ အန်တီပေါ်လီအား မေးခွန်းတစ်ခု မေးရန်ကိုသာ သတိရလျက် သက်ပြင်း ချလိုက်မိသည်။
“စိတ်မကောင်းပါဘူး မမရယ်။ သူ့ကို သမီးက ထိတ်လန့်အောင် - လုပ်ခဲ့တာ မဟုတ်ပါဘူး”
“အမယ်။ မမကတော့ ဝမ်းသာတယ် တော့။ တကယ် တကယ်”
ပေါ်လီယာနာက သူ့ကို စိုက်ကြည့် လိုက်သည်။
“အန်တီပေါ်လီ သမီးအတွက် အထိတ်တလန့်ဖြစ်ရတာ ဝမ်းသာရ သူလား မမနန်စီရဲ့။ ဒီကစားနည်းက ဒီလို ကစားရတာမှ မဟုတ်ဘဲ။ ဒီလို တာတွေကို ဝမ်းသာတယ်လို့ မမကလည်း” ဟု ကန့်ကွက်သည်။
နန်စီက “ကစားနေတာမှ မဟုတ်ဘဲ သမီးရဲ့။ သတံတောင် မရဘူး။ သမီးအတွက် ဒေါ်ပေါ်လို့ စိုးရိမ်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာ - သမီး ရိပ်မိပုံ မပေါ်ဘူး ” ဟု ပြန်ချေသည်။
ပေါ်လီယာနာက “ဘာအဓိပ္ပါယ်ရမလဲ မမနန်စီ။ စိတ်ပူတယ် ဆိုတာ မကောင်းဘူးပေါ့။ တခြား ဘာအဓိပ္ပါယ် ထွက်နိုင်ဦးမှာလဲ” ဟု ဆိုပြန်သည်။
နန်စီက ခေါင်းကို ဆတ်ခနဲမော်လိုက်ပြီး ...
“အေး။ တခြား ဘာအဓိပ္ပါယ် ထွက်နိုင်လဲဆိုတာကို မမ ပြောမယ်။ အဲဒါ သူ အခု လူစိတ်ပေါက်ခါနီးပြီလို့ ဆိုလိုတာပဲ။ သွေးသားချင်းတွေလို
ပေါ့။ အဲဒါက တစ်ချိန်လုံး ဝတ္တရားရှိလို့ လုပ်ရတာချည်း မဟုတ်တော့ဘူး ` ဆိုတဲ့ အဓိပ္ပါယ်ပေါ့” ဟု ပြောလိုက်၏။
ပေါ်လီယာနာက စိတ်ဆိုးနေသူပမာ ... ''
“ဪ မမနန်စီကလည်း၊ အန်တီပေါ်လီဟာ သူ့ဝတ္တရားကို - အမြဲကျေပွန်အောင် လုပ်နေတာပဲ။ သူဟာ အင်မတန် ဝတ္တရားသိတတ်တဲ့ • မိန်းမတစ်ယောက်ပဲ” ဟု လွန်ခဲ့သည် နာရီဝက်က မစ္စတာပင်ဒယ်လ်တန် ပြော လိုက်သည် စကားများအတိုင်း လိုက်ပြောနေမိသည်။ ။
နန်စီက ခပ်အေးအေး ရယ်လိုက်ပြီး “သမီးပြောတာ ဟုတ်ပါတယ်။ အဲသလိုချည်းပဲ ထင်ပါတယ်။ သို့ပေမယ့် သမီးလေး ရောက်ကတည်းက ဒါချည်း ပဲတော့ မကတော့ဘူး ထင်တယ်” ဟု ပြောသည် ။
ပေါ်လီယာနာ၏မျက်နှာမှာ ပြောင်းလဲလာသည်။ သူ၏နဖူးကြော များလည်း တင်းမာလာသည်။
“အဲ-အဲ မမနန်စီ၊ မမကို သမီး အဲဒါ ပေးမယ်လို့ပဲ။ ဒီလိုလေ။ အန်တီပေါ်လီက သမီး ဒီမှာရှိနေတာကို ကြိုက်ရဲ့ လား။ သ သမီး မရှိ တော့ဘူးဆိုရင် သူ ဘယ်လိုနေမလဲ”
နန်စီသည် ပေါ်လီယာနာ၏ မျက်နှာကို တစ်ချက်မျှ လှမ်းကြည် လိုက်သည်။ ပေါ်လီယာနာက ဤမေးခွန်းကို မေးလေမည်လားဟု သူ ယခင်က စိုးရိမ်ခဲ့ဖူးသည်။ မေးခဲ့လျှင် သူ ဘယ်လိုဖြေရမည်ကို မသိခဲ့။ မေးသူ၏ စိတ် ကို မထိခိုက်စေဘဲ ရိုးသားစွာ မည်သို့ဖြေရမည်ကို မသိခဲ့၊ သို့ရာတွင် ယနေ့ ညနေ ဒေါ်ဒေါ်လီ ထီးနှင့် အကြိုခိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ နန်စီ၏ စိတ်ထဲတွင် အစက ထင်ရုံထင်ခဲ့ပြီး ယခုမူ ယုံကြည်လာမိပြန်တော့ ဤမေးခွန်း ကိုပင် မေးစေချင်ရပြန်တော့သည်။ ယနေ့ တော့ စိတ်ရှင်းရှင်းနှင့်ပင် ဤ အချစ်ငတ်နေရှာသော ကလေးမ၏နှလုံးကို ငြိမ်းချမ်းစေရတော့မည်ဟုလည်း ယုံကြည်ထားလိုက်လေသည်။
“သမီးကို ဒီမှာရှိတာ ကြိုက်ရဲ့လား။ ဟုတ်လား သမီး ဒီမှာ မရှိတော့ ရင် အောက်မေ့နေမလား။ ဟုတ်လား” ဟု နန်စီက ခပ်ငေါ့ငေါ့ကလေး လိုက်ပြီး၊ “အခု သမီးကို မမ ပြောနေတာဟာ အဲဒါပဲဆိုတာ မသိတာ ကျနေတာပဲ။ မိုးပေါ်မှာ တိမ်ကလေး တစ်ကွက် နှစ်ကွက်မြင်တာနဲ့ ‘တဲ့ထီးနဲ့ မြန်မြန်သွားကြိုချေ” လို့ လွှတ်တာတို့၊ သမီးပစ္စည်းတွေကို အထပ်ခိုး ထဲကနေပြီး သမီးလိုချင်နေတဲ့ အခန်းလှလှကလေးထဲ ရွှေ့ခိုင်းတာတို့ သူ မလုပ်ခဲ့ဘူးလားဟင်။ ပေါ်လီယာနာရယ်။ သမီး ရောက်ခါစကဆိုရင် သူ ဘာဆိုဘာမှ မလိုချင်တာ။ သမီးကိုလဲ”
နန်စီက ဒေါနှင့်မောနှင့် ပြောရင်းက သူ့စကားကို အသာရပ်ထား လိုက်ပြီး အတန်ကြာမှ လေလျှောက်ဆက် ပြောပြန်သည်။ သည်
“ဒါတွေတင် ဘယ် ကလိမ့်ဦးမလဲ။ သမီးကြောင့် သူ ပျော့ပြောင်း လာတာ ကလေးတွေ၊ ညက်ညောလာတာလေးတွေ၊ ခွေးကလေး ကြောင် ကလေးတွေကိစ္စ၊ ပြီးတော့ မမကို စကားပြောတာက အစ။ အို အများကြီး ပေါ့ ပေါ်လီယာနာရယ်။ သမီး ဒီမှာမရှိရင် သူ ဘယ်လောက်အောက်မေ့မယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး” ဟု နန်စီက အားတက်သရော ပြောပြလိုက်
တော့ ပေါ်လီယာနာ၏ မျက်နှာကလေးမှာ ရုတ်တရက် တောက်ပရွှင်လန်း၍ လာလေသည်။
“အို... မမနန် စီ။ သမီးလေ သိပ် သိပ်ကို ဝမ်းသာတာပဲ။ အန်တီပေါ်လီက သမီးကို လိုချင်တယ်ဆိုရင် သမီး ဘယ်လောက် ဝမ်းသာ တယ်ဆိုတာ မမ မသိဘူးနော်” ဟုလည်း အော်ဟစ်လိုက်သေးသည်။
ပေါ်လီယာနာ တစ်ခဏကြာတော့ သူ့အခန်းဆီသို့ တက်သွားရင်း
“အန်တီပေါ်လီဆီက ဘယ်တော့မှ မသွားဘူး၊ သူ့မီး အန်တီပေါ်လီ နဲ့ပဲ နေချင်တယ် ဆိုတာတော့ သမီး သိခဲ့ပါတယ်။ဒါပေမယ့် အန်တီပေါ်ကို ကို သမီးနဲ့ နေရတာ ပျော်စေချင်တဲ့စိတ်က ဘယ်လောက်များခဲ့လဲဆို တာတော့ မသိဘူး” ဟု သူ့ကိုယ်သူ စိတ်ထဲကပြောမိလေ၏။
သူ့ဆုံးဖြတ်ချက်ကို ဂျွန်ပင်ဒယ်လ်တန်အား ပြောပြရန် ကိစ္စကား လွယ်ကူသောကိစ္စ မဟုတ်သည်ကို ပေါ်လီယာနာ သိသည်။ ထို့ကြောင့် သူ မပြောချင်။ ဂျွန်ပင်ဒယ်လ်တန်ကိုလည်း သူ အင်မတန်ခင်မင်သည် အတွက်လည်း စိတ်မကောင်း ဖြစ်နေပုံရသောကြောင့် ဖြစ်၏။
သူ့အား စိတ်မချမ်းမသာ ဖြစ်စေသည် အထီးကျန်ဘဝတွင် နှစ်ရှည်လများ နေနေရခြင်း အတွက်လည်း စိတ်မကောင်း။ သူ ဤသို့ ခြောက်သွေ့နေသော ဘဝတွင်
ရောက်နေရခြင်းမှာ သူ့အမေကြောင့်ဟု ဆိုသည်ကိုလည်း များစွာ ဝမ်းနည်း မိသည်။
ဤအိမ်ကြီးသည် သူ့သခင် ပြန်လည် ကျန်းမာလာချိန်တွင် တိတ် ဆိတ်လျက်ရှိသော အခန်းကြီးများ၊ အမှိုက်သရိုက်တို့ဖြင့် ရှုပ်ပွနေသော ကြမ်း ပြင်များ၊ ဖရိုဖရဲဖြစ်နေသော စာရေးစားပွဲနှင့် အိမ်ရှင်ကြီး၏ ငြီးငွေ့ဖွယ်ဘဝ တို့ကို တွေးမိလျှင် ရင်ထဲမှာ မချမ်းသာ။ တစ်နေရာရာမှာ တစ်ယောက်
ယောက်ကို တွေ့ပြီး။ ဤတွင် ပေါ်လီယာနာသည် တစ်စုံတစ်ခုသောအရာကို ရုတ်တရက် တွေးမိသည်အတွက် ထိုင်ရာမှ ထခုန်မိကာ ပျော်ရွှင်စွာ ဟစ် အော်လိုက်မိလေသည်။
ထို့နောက် အစောဆုံး အားလပ်သည် တစ်နေ့တွင် သူသည် ဂျွန် ပင်ဒယ်လ်တန်၏ အိမ်ကြီးဆီသို့ ခပ်သုတ်သုတ် တက်သွားလေသည်။ မကြာ မီပင် သူသည် မှုန်မှိုင်းသော စာကြည့်ခန်းကြီးအတွင်းဝယ် သူ၏နံဘေးက ပက်လက်ကုလားထိုင်ကြီးပေါ်တွင် မစ္စတာပင်ဒယ်လ်တန်က ခြေပစ်လက်ပစ် ထိုင်လျက်၊ သစ္စာရှိလှသော သူ၏ ခွေးကလေးက သူ့ခြေရင်းတွင် ဝပ်လျက် တွေ့ရလေသည်။
“ဘယ့်နှယ်လဲ ပေါ်လီယာနာ။ တို့ မသေခင် ဝမ်းသာတမ်း ကစား ( သွားရဦးမှာလား” ဟု ပင်ဒယ်လ်တန်က ငြင်သာစွာ မေးသည်။
"အို၊ ကစားရမှာပေါ့။ ဦးဦးအတွက် ဝမ်းအသာဆုံးဖြစ်ဖို့ ကိစ္စ တစ်ခု သမီး စဉ်းစားလာခဲ့တာ”
ဂျွန်ပင်ဒယ်လ်တန်က စိတ်မရှည်သလို ခပ်တင်းတင်း လေသံဖြင့် “သမီးနဲ့လား” ဟု မေးလိုက်သည်။
“မ မဟုတ်ပါဘူး။ ဒါပေမယ့်”
“ပေါ်လီယာနာ။ တော်တော့”
ပင်ဒယ်လ်တန်က စိတ်ထိခိုက်သွားသည် အသံဖြင့် ဖြတ်၍ ထားလိုက် သည်။
“မတတ်နိုင်ဘူး မစ္စတာပင်ဒယ်လ်တန်ရယ်။ တကယ်ပါ။ သမီးမှာက အန်တီပေါ်လီ ရှိနေလို့”
“သမီး အန်တီက သမီး ဒီကိုလာခွင့် မ မပေးဘူး”
“သ သမီးက ခွင့်မှ မတောင်းဘဲ” ဟု ပေါ်လီယာနာက အထစ် ထစ်ငေါ့ငေါ့ ပြန်ပြောလိုက်သည်။
“ပေါ်လီယာနာရယ်”
ပေါ်လီယာနာသည် မျက်နှာကို”လွှဲထားလိုက်သည်။ ပင်ဒယ်လ်တန် ၏ နာကြည်းသော ကြေကွဲသောအကြည် ကို သူ မမြင်ရက်နိုင်။
“ဪ၊ သမီးက ခွင့်တောင် မတောင်းဘဲကိုး” -
“မတောင်းဆို တောင်းလို့ မ မဖြစ်လို့ပါ၊ တကယ်ပါ။ ဖွင့်မတောင်း ဘဲနဲ့ သိသွားလို့ပါ။ အန်တီပေါ်လီက သမီးကို လိုချင်ပါတယ်။ ပြီးတော့ သမီးကလည်း သူနဲ့ပဲ နေချင်ပါတယ်” ဟု ရဲဝံ့စွာ ဝန်ခံပြီး .
“အန်တီပေါ်လီ သမီးအပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာ ဦးဦး မသိဘူးနော်။ အခုဆို တစ်ခါတစ်ခါ သူလည်း ဝမ်းသာတတ်နေပြီ။ တော်တော်တောင် များနေပြီ။ အရင်က ဝက်သာတတ်ဘူးဆိုကာ ဦးဦး” လည်း သိသားပဲ။ ဦးဦးပဲ ပြောတာပဲ။ မစ္စတာပင်ဒယ်လ်တန်ရယ် အခု သမီး အန်တီပေါ်လီဆီက ဘယ်မှ မသွားနိုင်တော့ပါဘူး” ဟု ဆက်ပြောသည်။
ထို့နောက် အကြာကြီး ငြိမ်သက်နေသည်။ မီးလင်းဖိုထဲမှ ထင်းတုံး၏ တဖျပ်ဖျပ်မြည်သံသည်သာလျှင် တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလျက်ရှိ၏။
အတော်ကြီး ကြာပြီးမှ မစ္စတာပင်ဒယ်လ်တန်က “ဟုတ်တယ် ပေါ်လီယာနား၊ တို့ သိပါပြီ။ သမီး အန်တီဆီက ဘယ်မှ မသွားနိုင်တော့ပါဘူး တို့လည်း မခေါ်တော့ပါဘူး” ဟုဆိုရင်း သူ့အသံ တိမ်သွားသည်။ သို့သော် ပေါ်လီယာနာကတော့ ကြားပါသည်။
“အို၊ နေဦးလေ သမီးပြောစရာ ကျန်သေးတယ်လေ။ ဦးဦးအဖို့ ဝမ်းအသာရဆုံး ဖြစ်ရမယ့် အလုပ်တစ်ခု ရှိပါတယ် ဆိုနေမှပဲ”
“တို့အဖို့ မရှိတော့ပါဘူး ပေါ်လီယာနာ”
“အို၊ ရှိပါတယ်။ ဦးဦးအတွက်ပါ။ ဦးဦးပြောတဲ့ ဟာလေ။ ဦး က မိန်းမတစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံး။ ဒါမှ မဟုတ် ၈လေး တစ်ယောက် ရှိနေမှ ပျော်စရာအိမ် ဖြစ်မယ်ဆို။ အဲဒါကို ဦးဦးတွက် သမီး ရှာပေးနိုင်ပါတယ်။ ကလေးတစ်ယောက် ရှိနေအောင်လေ။ မီးတော့ မဟုတ် - ဘူးနော်။ သိလား။ တခြား တစ်ယောက်ပေါ့”
“သမီးကလွဲရင် တို့ ဘယ်သူမှ မလိုချင်ဘူး” ဟု ပင်ဒယ်လ်တန် တိုဆတ်ဆတ် ပြောလိုက်သည်။ ။
““ဒါပေမယ့် ဦးဦးသိရင် ယူမှာပါ။ ဦးဦးက သနားလည်း သနားတတ် တယ်။ စိတ်ကောင်းလည်း ရှိတယ်။ ကဲ - ဟို ဖန်တုံးကလေးတွေ၊ ဒင်္ဂါးတွေ တောကြိုအုံကြားက ကလေးတွေအတွက် ဦးဦး စုထားတဲ့ငွေတွေ။ ပြီးတော့
“ပေါ်လီယာနာ” ဂျွန်ပင်ဒယ်လ်တန်က ခပ်ထန်ထန်ကလေး ဖြတ်၍ တားလိုက်ပြီး…
“ကဲ၊ အဲဒီ တောက်တီးတောက်တဲ့ စကားတွေကို ရပ်တန်းက ရပ်လိုက် တော့။ သမီးကို ဒါပြောဖို့ ခြောက်ခါမက ကြိုးစားခဲ့ဖူးပြီ။ တောကြိုအုံကြားတ ကလေးတွေအတွက် ပိုက်ဆံ တစ်ပြားမှ မရှိဘူး။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါ မှ တစ်ပြားမှလည်း မပို့ဖူးဘူး။ ကဲ၊ အဲဒါပဲ” ဟု ဆိုလိုက်၏။
သူ့စိတ်က ပေါ်လီယာနာ၏ စိတ်ပျက်သွားသည် မျက်နှာကလေးကို မြင်ရလိမ့်မည်ဟု စိတ်ကိုတင်းကာ ခေါင်းမော့လိုက်တော့ သူ့မှာအံ့အားသင့် ရသည်။ ပေါ်လီယာနာသည် စိတ်ပျက်မည် ဝေးစွ။ အံ့အားသင့်ပြီး ပျော်သွား သည်ကိုသာ တွေ့လိုက်ရ၏။
ပေါ်လီယာနာက လက်ခုပ်ကလေးများတီးကာ…
“အို၊ အို၊ သမီး သိပ် ဝမ်းသာတာပဲ” ဟု အော်လိုက်ပြီးမှ မျက်နှာ ကလေး နီမြန်းလျက် “ဒီလိုလေ။ တောကြိုအုံကြားက ကလေးတွေအတွက် ဝမ်းမနည်းဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အခုပဲ ဦးဦးက ဟိုအဝေးရပ်ခြားက ကလေးတွေကို တခြားလူတွေကလည်းလိုချင် နေပြီမို့ မလိုချင်တော့ဘူး ဆိုတာကို ဝမ်းမသာဘဲ မနေနိုင်လို့ပါ။အဲဒီလိုဆိုတော့ ဦးဦးက ဂျင်မီဘင်းကိုပဲ ယူမယ်ဆိုတာ ၀မ်းသာလို့ပေါ့။ ဦးဦး သူ့ကို လက်ခံမယ်ဆိုတာ သမီး သိပါ တယ်” ဟု ဆက်ပြောလေတော့၏။
“ဟ ဘယ်သူ့ကို လက်ခံရမှာလဲ...”
“ဂျင်မီဘင်းလေ ဦးဦးရဲ့။ သူက ဦးဦးပြောတဲ့ ကလေးတစ်ယောက် ရှိနေဖို့ အတွက်လေ။ သိလား။ သူကလည်း အဲသလို ဖြစ်ရတာကို ဝမ်းသာ မှာပဲ။ အရင်တစ်ပတ်ကတော့ ဟို အနောက်ဘက်က ထောက်ပံ့ရေးအသင်းက
တောင် သူ့ကို မယူချင်ဘူးဆိုတာ ပြောလိုက်ရတယ်။ သူလည်း စိတ်ပျက်လို့ ပဲ။ ဒါပေမယ့် အခု သူ ဒီသတင်းကြားရရင် သိပ် ဝမ်းသာမှာပဲ”
“ဟုတ်လား။ အေး တို့တော့ ဝမ်းသာမယ် မဟုတ်ပါဘူး ဟု လက် ဖြတ် ပြောလိုက်ပြီး “ပေါ်လီယာနာ။ ဒါဟာ အဓိပ္ပါယ် လုံးလုံးမရှိတဲ့ တို့ပဲ ဘုလည်. ဆိုလိုက်လေသည်။
“ဦးဦး သူ႔ကို မယူဘူးလို့ ဆိုလိုတာလား”
“ဟုတ်ပါတယ်။ ဒီ အတိုင်းပါပဲ”
"ဒါပေမယ့် သူဟာ တကယ် ချစ်ဖို့ကောင်းတဲ့ ကလေးတစ်ယောက် ရှိနေဖို့ ကိစ္စပဲ”
ပေါ်လီယာနာက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်ပြီး ငိုတော့မလို ဖြစ်လာကာ “ဦးဦးလည်း ဂျင်မီဘင်း ရှိနေရင် ပျင်းရိ မနေတော့ဘူးလေ” တဲ့ ပြောသေး၏။
“အဲဒါတော့ တို့ ယုံပါတယ်။ ဒါပေမယ့် တို့ဘာသာ ပျင်းရိနေရတာ ပဲ ကောင်းတယ် ထင်ပါတယ်” ဟု ဆိုလိုက်သည်။
ပေါ်လီယာနာသည် တစ်ခါက နန်စီ ပြောဖူးသည် စကားတစ်ခုကို - တွေးမိကာ ခေါင်းကို ဆတ်ခနဲမော့လိုက်ပြီး ...
“ဦးဦးဟာ အလကား ဘာမဟုတ်တဲ့ အစုတ်ထုပ်ကြီးကိုတော့ - သိမ်းထားပြီး တကယ် ချစ်ဖို့ ကောင်းတဲ့ ကလေးတစ်ယောက်ကျတော့ - ခေါ်မထားချင်ဘဲ၊ တကယ်တော့” ဟု ပြောလိုက်တော့ မစ္စတာပင်ဒယ်သန် အံ့အားသင့်သွားကာ “ဘာ၊ ဘာ အစုတ်ထုပ်ကြီး။ ဟုတ်လား” ဟု မေး လိုက်၏။
“ဟုတ်တယ်၊ နန်စီက ပြောတယ်၊ ဦးဦးမှာ ဖုံးဖိထားရတဲ့ အစုတ်ထုပ် ကြီး ရှိသတဲ့”
ဤတွင် မစ္စတာပင်ဒယ်လ်တန် ပထမတွင် ကြောင်သွားပြီး နောက် တစ်ခဏတွင် ခွက်ထိုးခွက်လန် ရယ်လေတော့၏။ သူသည် တကယ်ပင် အား ပါးရ ရယ်လိုက်ရသဖြင့် ပေါ်လီယာနာပင် ထိတ်လန့်ကာ ငိုလိုက်မိ၏။ သူဆို သည်ကိုမြင်မှ ဂျွန်ပင်ဒယ်လ်တန်သည် ရုတ်တရက် ကိုယ်ကို မတ်မတ်ထား လိုက်ကာ မျက်နှာလည်း တည်သွားသည်။
' “ပေါ်လီယာနာ။ အေး အေး၊ မင်းပြောတာ ဟုတ်ပါလိမ့်မယ်။ မင်း သိတာထက် ပိုပြီး မှန်နေတယ် ထင်တယ်” ဟု ညင်သာစွာ လိုက်ပြီး…
“ အေး။ တကယ်တော့ မင်း ပြောသလိုပဲ။ တကယ်ချစ်ဖို့ကောင်း တဲ့ ကလေးတစ်ယောက်ဟာ ဖုံးဖိထားရတဲ့ အစုတ်ထုပ်ကြီးထက် အများကြီး ပိုကောင်းတယ်ဆိုတာ သိပါတယ်။ တို့တတွေက မလဲနိုင်ကြတာ တစ်ခုပဲ ခက်တယ်။ တို့ဟာ အစုတ်ထုပ်ကြီးကိုပဲ မစွန့်ပစ်နိုင်ဘဲ ဖြစ်နေကြတာ ပေါ်လီယာနာ။ ကဲ ကဲ။ ထားပါတော့လေ။ မင်း ပြောချင်တဲ့ ချစ်စရာကောင်းတဲ့ ကောင်ကလေးအကြောင်း ပြောပြပါဦးလေ” ဟု ဆိုလိုက်တော့ ပေါ်လီယာနာက ပြောပြရလေသည်။
မစ္စတာပင်ဒယ်လ်တန် အားရပါးရ ရယ်လိုက်သောကြောင့် စိတ်ထဲတွင် ရှင်းလင်းသွားသလား၊ သို့မဟုတ် ပေါ်လီယာနာက ဂျင်မီဘင်းအကြောင်း
ကရုဏာရသမြောက်အောင် ပြောပြတော့ နူးညံ့စပြုနေပြီဖြစ်သော သူ့နှလုံးသားကို ထိခိုက်လေသလား မသိ။ ထိုနေ့ညနေ အိမ်သို့ ပေါ်လီယာနာ အပြန် တွင် ဂျင်မီဘင်းအား နောက်စနေနေ့ ညနေပိုင်းတွင် ပင်ဒယ်လ်တန်အိမ်ကြီး သို့ လိုက်ခဲ့ရန် ဖိတ်ခေါ်ချက် ရခဲ့လေသည်။
ပေါ်လီယာနာက ဂျွန်ပင်ဒယ်လ်တန်အား နှုတ်ဆက်ရင်း “သမီး သိပ်ဝမ်းသာပါတယ် ဦးဦး။ ဒီကောင်ကလေးကို သဘောကျမှာပါပဲ” ဟု ပြောပြီး “ဂျင်မီဘင်းကိုလေ။ အိမ်သူအိမ်သားတွေနဲ့ နေစရာ အိမ်တစ်အိမ် သိပ် ရစေချင်တာပဲ သိလား” ဟု ပြောဆိုကာ သက်ပြင်း ချခဲ့ရှာလေသည်။
>>>>±±±±±>>>>
အပိုင်း၂၂ဆက်ပါဦးမည်။
*** ပေါ်လီယာနာ ***
ထင်လင်း
အပိုင်း-၂၂
________________
တရားစာနှင့်ထင်းခွေပုံပြင်
ပေါ်လီယာနာ ဂျွန်ပင်ဒယ်လ်တန်အား ဂျင်မီဘးအကြောင်း ပြော ခဲ့သည် ညနေက ဘုန်းကြီးပေါလ်ဖို့ဒ်သည် တောင်ကုန်းကလေးကို တက်ကာ ပင်ဒယ်လ်တန် တောအုပ်အတွင်းသို့ ဝင်ခဲ့လေသည်။ လူ့လောက အရှုပ် အထွေးများကြောင့် ရောက်ရသော သောကတို့ သည် ဤသို့ တိတ်ဆိတ်ငြိမ် သက်သော တောအုပ်ဝယ် ပျောက်ကွယ်သွားလိမ့်မည်ဟုလည်း မျှော်လင့်ခဲ့၏။
ဘုန်းကြီးပေါလ်ဖို့ဒ်သည် ရင်ထဲက မချမ်းသာချေ။ လွန်ခဲ့သည် တစ်နှစ်အတွင်းက သူအုပ်ချုပ်ရသည် သာသနာနယ်မှာ တစ်လထက်တစ်လ အခြေအနေ ပို၍ ပို၍ ဆိုးဝါးလာခဲ့သည်။ ယခုအခါတွင်မူကား သူ့မှာ ဘယ် ဘက် လှည့် လိုက်လှည် လိုက် ရန်ဖြစ်သူ၊ အတင်းပြောသူ ရှုတ်ချသူ၊ မနာလို သူ၊ ၀န်တိုသူတို့နှင့်သာ ရင်ဆိုင်တိုးခဲ့ရ၏။ သူလည်း တတ်နိုင်သမျှ ဆွေးနွေး တန် ဆွေးနွေး၍၊ တောင်းပန်တန် တောင်းပန်၍၊ ဆိုဆုံးမတန် ဆိုဆုံးမ၍ လစ်လျူရှုတန် ရှု၍၊ တစ်ချိန်လုံးလိုလိုပင် လေးလေးနက်နက် အာရုံပြုကာ ဆုတောင်းခဲ့ပါ၏။ သို့သော် ယနေ့အထိ အခြေအနေတို့သည် ပို၍ကောင်း မလား။ ဆိုး၍ သာ လာခဲ့သည်ကို သူ ဝန်ခံတော့မည် အခြေသို့ ရောက်ခဲ့ လေသည်။
သူ့လက်အောက် သင်းအုပ်ဆရာနှစ်ယောက်မှာ ဘာမဟုတ်သည် အကြောင်းကလေး တစ်ခုဖြင့် တစ်ယောက်နှင့်တစ်ယောက်မှာ မကြေနိုင် မချမ်းနိုင် ဓားချင်းဆိုင်၍ နေကြသည်။ အားတက်သရော အရှိဆုံး အမျိုးသမီး သုံးဦးကလည်း မပြောပလောက်သော အသေးအဖွဲ့ စကားကလေးကအစ တစ်ယောက် တစ်ပါးစပ် ဝိုင်း၍ ပြောကြရင်း ကျော်မကောင်း ကြားမကောင်း အတင်းအဖျင်းဖြစ်လာသောကြောင့် ထောက်ပံ့ရေးအသင်းမှ နှုတ်ထွက်သွား ကြသည်။ ဓမ္မသီချင်းအဖွဲ့ကလည်း တစ်ပင်တိုင် အဆိုတော်ကို မျက်နှာလိုက် ကို ရွေးချယ်သည်ဆိုကာ စိတ်ဝမ်း ကွဲပြားကြလျက်။ ။
ခရာစ်ယန် အားထုတ်မှု အသင်းကလည်း ယင်း၏အမှုဆောင် နှစ်ဦးက လူသိရှင်ကြား ဝေဖန် ပြစ်တင်မှုကြောင့် ပွစိပွစိဖြစ်လျက် မငြိမ်သက်။ တနင်္ဂနွေ ကျမ်းစာသင်ကျောင်းကလည်း တမှောင့်။ နောက်ဆုံး အားထားရာဖြစ်သော ကျောင်းအုပ်နှင့် ဆရာ နှစ်ယောက်ကလည်း နိုင် နည်းရာ အဂ္ဂ လူထွက်ဆိုသလို ထွက်စာသင်ကြသည်။ ဤကိစ္စကြောင့်ပင်လျှင် ဘုန်းကြီးပေါလ်ဖိုဒ်သည် ဤသို့ ဆိတ်ငြိမ်ရာ သစ်ပင်များအကြားသို့ ဘုရား သခင် တိုင်တည်ရန် ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
ဤ အုပ်ဆိုင်းသော သစ်ပင်စိမ်းများအောက်တွင် ဘုန်းတော်ကြီး ပေါလ်သည် ပြဿနာကို တည် တည် ရင်ဆိုင်လိုက်သည်။ သူ့စိတ်ထဲတွင် ကား အရေးတော့ ကြုံရပြီဟု အောက်မေ့နေ၏။ တစ်ခုခုတော့ လုပ်ရတော့ မည်။ ချက်ချင်း လုပ်ရမည်။ ဘာသာရေးဆိုင်ရာ လုပ်ငန်းတစ်ခုလုံး ရပ်တန့် လျက်ရှိသည်။တနင်္ဂနွေနေ့ ဒေသနာများ၊ တစ်ပတ် တစ်ခါ စုပေါင်း ဆုတောင်း ပွဲများ၊ မိတ်ဆုံစားပွဲများမှာ လူပါးသည်ထက် ပါးလာသည်။ တာဝန်သိတတ် သူ လူလည်း အနည်းငယ်ကတော့ ကျန်နေသေးသည်။ မှန်ပါ၏။ သို့ရာတွင် တို့ကလည်း အထင်လွဲ အမြင်လွဲ ဖြစ်မှုများကို ထိတ်လန့်ကာ အပြစ်ရှာ သည် မျက်လုံးများနှင့် ထင်ရာမြင်ရာကို ပြောတတ်သည် ပါးစပ်များကို သတိ ဖြင့် ကြည် ရှောင်နေရ၏။
ဤကဲ့သို့သော အကြောင်းများကြောင့် သူနှင့်တကွ ဘုရားရှိခိုး ကျောင်း၊ မြို့သူမြို့သားအပေါင်းနှင့် ခရစ်ယန်သာသနာကြီးတစ်ခုလုံး နှစ် နာနေရသည်ကို ဘုန်းကြီးပေါလ်ဖိုဒ် သိသည်။ နောက်လည်း ခံရဦးမည်။ တစ်ခု ခုတော့ • • •
တစ်ခုခုတော့ လုပ်ရတော့မည်မှာ ထင်ရှားသည်။ ချက်ချင်း လုပ်ပစ် ရမည်။ သို့ရာတွင် ဘာလုပ်ရမည်နည်း။
ဘုန်းကြီးသည် သူ၏ အင်္ကျီအိတ်ထဲမှ နောက်တစ်ရက် တနင်္ဂနွေနေ့ တွင် ဟောရန် မှတ်စုထုတ်ထားသည် ဒေသနာများကို ဖြည်းညင်းစွာ ထုတ်ယူ လိုက်ပြီး ယင်းတို့အား မျက်မှောင်ကြုတ်၍ ကြည်နေမိ၏။ သူ၏ နှုတ်ခမ်း တို့သည် တင်းမာလျက် သူ ဟောပြောရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သော တရား စာမှ ကျမ်းကိုလင်္ကာများကို လေးလေးနက်နက် အသံထွက်၍ ဖတ်လိုက်၏။
' “အို... ကျမ်းတတ် သီလကြောင်၊ သူတော်ယောင်နှင့် ကြောင် သူတော်တို့ သင်တို့အား ကြီးစွာသော သောကသည် ရောက်လတ္တံ့။ သင် တို့ သည် မုဆိုးမ၏အိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာ
သော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ သင်တို့ သည် ပိုမိုကြီးမားသော အပါယ်ဘုံသို့ ရောက်ကြလတ္တံ့။"
“အို... ကျမ်းတတ်သီလကြောင် သူတော်ယောင်နှင့် ကြောင် သူတော်တို့။ သင်တို့အား ကြီးစွာသော သောကသည် ရောက်လတ္တံ့သင် တို့ သည် ပင်စိမ်းစမွတ် ဇီယာအသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့ လှူကြသော် လည်း တရားဥပဒေ၊ တရားသဖြင့် စီရင်ခြင်း၊ ကရုဏာနှင့်သစ္စာတရားတည်း ဟူသော ပိုမိုလေးနက်သော အရေးကိစ္စတို့တွင်ကား လစ်ဟင်းခဲ့ကြလေပြီ။ ဤအမှုကိစ္စတို့ကို ဆောင်ရွက်ဘိသကဲ့သို့ အထက်အဆိုပါ အရေးကိစ္စတို့ကို လည်း ဆောင်ရွက်အပ်၏။” -
ဤသည်တို့ကား နာကျည်းမှုမှ ထွက်လာသော ပြစ်တင်ရှုတ်ချ - သံတို့ပေတည်း။ စိမ်းစိုသော တောအုပ်အတွင်းဝယ် ဘုန်းကြီး၏ လေးနက်
သောအသံသည် ပြင်းထန်စွာ ပဲ့တင်ထပ်လျက် ပေါ်ထွက်လာသည်။ ငှက် ကလေးများ ရှဉ့်ကလေးများပင်လျှင် ထိတ်လန့်ကာ ငြိမ်သက်လျက် ရှိသည်။ ဤကျမ်းကိုးများဖြင့် ကြည်ညို လေးမြတ်စွာ ဆိတ်ငြိမ်သက်လျက်ရှိသော ဘုရား ဝတ်ကျောင်းအတွင်းရှိ သူ၏ပရိသတ်အား လာမည် တနင်္ဂနွေနေ့တွင် ဟော ပြောသောအခါ မည်သို့ ရှိမည်ကို တွက်ကွက်ကွင်းကွင်း ထင်မြင်စေသကဲ့သို့ ရှိ၏။
ဤကား သူ့ပရိသတ်။ သူတို့သည် သူစောင့်ရှောက်ရမည် လူများပင်။ သူ လုပ်ရက်ပါမည်လား။ လုပ်ရဲမည်လား။ မလုပ်ရဲဘဲ နေမည်လား။ ဤသည် တို့မှာ ကြောက်မက်ဖွယ် ပြစ်တင်ရှုတ်ချမှုများဖြစ်သည်။ ဒါတောင် နောက်က တစ်ဆက်တည်း ပါလာမည် သူ့စကားများ မပါသေး၊ သူသည် ဘုရားသခင်ထံ အကြိမ်ကြိမ် ဆုတောင်းခဲ့ပြီ။ အကူအညီ အဖေးအမဖြင့် စောင့်ရှောက်ပါရန် - လည်း တောင်းခံခဲ့ပြီ။ ဤကဲ့သို့သော အရေးကိစ္စမျိုးတွင် မှန်တာကို လုပ်မိ ပါစေ ဟူ၍လည်း စိတ်အားထက်သန်စွာ ဆန္ဒပြုခဲ့ပြီ။ သို့ရာတွင် ယခု အ အမူသည် မှန်သောလမ်းစဉ် ဖြစ်ပါမည်လား။
ဘုန်းတော်ကြီးသည် စာရွက်များကို ဖြည်းညင်းစွာ ခေါက်၍ အိတ် ထဲသို့ ပြန်လည် လိုက်သည်။ ထို့နောက် ညည်းညာသံပေါက်သော သက်ငြင်း တစ်ချက် ချ၍ သစ်ပင်ခြေရင်းတွင် ခြေပစ်လက်ပစ် ထိုင်လိုက်ကာ မျက်နှာကို လက်များဖြင့် အုပ်ထားလိုက်လေသည်။
ဤနေရာတွင် ပင်ဒယ်လ်တန်အိမ်ကြီးမှ ပြန်လာသော ပေါ်လီယာနာ က သူ့ကိုတွေ့ရလေရာ - ရုတ်တရက် လန့်ဖျပ်အော်မိပြီး ပြေးလာလျက် “အို၊ အို၊ မစ္စတာဖို့ပါလား။ ခြေတွေဘာတွေ ကျိုးတာတော့ မဟုတ်ပါဘူး နော်” ဟု မေးလိုက်၏။
ဘုန်းကြီးက သူ့လက်များကို ချလိုက်ပြီး ဆတ်ခနဲ မော့ကြည့်ကာ ပြုံးပြရန် ကြိုးစားလျက် ...
“မဟုတ်ပါလားကွယ်။ မကျိုးပါဘူး။ ခဏ နားနေနတာပါ"
ပေါ်လီယာနာက နောက်သို့ အနည်းငယ်ဆုတ်လိုက်ပြီး - “အို၊ တော်ပါသေးရဲ့။ မစ္စတာပင်ဒယ်လ်တန်ကတော့ သမီး တွေ့ တဲ့အချိန်မှာ ခြေကျိုးနေတာ။ ဒါပေမယ့် သူက လဲနေတာ။ ဘဘက ထိုင်နေ တာပဲ” ဟု ဆိုလိုက်၏။
“ဟုတ်တယ်။ ဘဘက ထိုင်နေတာပါ။ ဘာမှ မကျိုးပါဘူး။ ဆရာဝန် တွေကုနိုင်တဲ့ အနာမျိုး မရှိပါဘူး”
. နောက်ဆုံးစကားသံများမှာ တိမ်လှ၏။ သို့သော် ပေါ်လီယာနာ ကတော့ ကြားရပါသည်။ သူ့မျက်နှာထားလည်း ပြောင်းသွားကာ သူ၏ မျက်လုံးများမှာ နူးညံ့ သောကရုဏာရောင်များဖြင့် တောက်ပလျက် ရှိလေသည်။
“ဘဘ ဘာကို ဆိုလိုတာလဲ။ သမီး သိပါတယ်။ ဘဘမှာ စိတ်ဆင်းရဲ - နေတယ် မဟုတ်လား။ အဖေလည်း အဲသလိုပဲ ခဏခဏဖြစ်တယ်။ ဘုန်းကြီး တွေဟာ ဒီလိုပဲ ဖြစ်တတ် ထင်ပါရဲ့။ သူ့တို့ အပေါ်မှာ မှီနေတဲ့ ကိစ္စတွေက လည်း အများကြီးပဲ မဟုတ်လား”
ဘုန်းကြီးပေါလ်ဖိုဒ်သည် အံ့ဩစွာပင် လှည်ကြည်မိ၏။ “ပေါ်လီယာနာ၊ မင်းအဖေလည်း ဘုန်းကြီးပဲလား”
“ဟုတ်ပါတယ် ဘဘ။ ဘဘ မသိဘူးလား။ သမီးကတော့ လူတိုင်း သိတယ် ထင်တာ။ အဖေက အန်တီပေါ်လီအစ်မနဲ့ ရတယ်လေ။ အဲဒါ သမီးရဲ့ အမေပေါ့”
“အင်း။ နားလည်ပြီး အေးကွယ်။ ဘဘက ဒီကိုရောက်တာ သိပ် မကြာသေးတော့ ဒီကမိသားစုတွေရဲ့ အစဉ်အဆက်ကိုတော့ သိပ် မသိ ဘူးပေါ့”
“ဟုတ်တယ်၊ ဘယ်သိမလဲ” ဟု ပေါ်လီယာနာက ပြုံးလျက်
ထိုနောက် အတန်ကြာ ငြိမ်သက်နေ၏၊ ဘုန်းကြီးသည် သစ်ပင်၏ အောက်တွင် ထိုင်လျက်က ပေါ်လီယာနာ ရှိနေသည်ကိုပင် မေ့သွားကား အင်္ကျီအိတ်ထဲမှ စာရွက်များကို ထုတ်၍ ဖြန့်လိုက်ပြန်သည်။ သူသည် စာရွတ် များကိုကား မကြည်။ ခပ်လှမ်းလှမ်း မြေကြီးပေါ်ရှိ သစ်ရွက်ကလေး တစ်ရွက်ကို စိုက်ကြည့်နေသည်။ သစ်ရွက်မှာ လှလှပပသစ်ရွက် မဟုတ်။ ညှိုးခြောက်၍ နေပေပြီ။
ပေါ်လီယာနာသည် သူ့ကို ကြည်ကာ စိတ်မကောင်းသလို ဖြစ် လာသည်။ ။
“ဒီ... ဒီနေ့ နေသာတယ်နော်” ဟု သူက စိတ်အားထက်သန်စွာ ဆိုလိုက်သည်။
အတန်ကြာအောင် ဘာသံမှ မကြားရဘဲ နေပြီးမှ ဘုန်းကြီးက လန့် ဖျပ်၍ မော့ကြည့်ကာ ...
“ဘာ၊ ဘယ်လို၊ ၊ အေး။ ဟုတ်တယ်။ နေသာတယ်” ဟု ဆိုလိုက်၏။
ပေါ်လီယာနာက ပိုမိုအားတက်လာသည်လေသံဖြင့်
"ပြီးတော့ ချမ်းလည်း ချမ်းဘူးနော်။ အောက်တိုဘာတောင် ရောက် ပြီပဲ။ မစ္စတာပင်ဒယ်လ်တန်မှ မီးဖို ရှိတယ်။ ဒါပေမယ့် သူက မလိုပါဘူးလို့ လည်း ပြောတယ်။ မီးထည်တာကတော့ ကြည့်ချင်လို့တဲ့။ သမီးလည်း မီးကို သိပ် ကြည် ချင်တာပဲ။ ဘဘကော” ဟု ပြောပြောမေးမေး မေးလိုက်၏ -
ဘုန်းကြီးက မဖြေဘဲ အကြာကြီးနေသဖြင့် ပေါ်လီယာနာက စိတ် ရှည်လက်ရှည် စောင့်ပြီးမှ တစ်ဘက်လှည်၍ စမ်းကြည် ရန်
“ဘဘ။ ဘုန်းကြီးဖြစ်ရတာ ပျော်လား” ဟု မေးတော့မှ ဘုန်းကြီးတ ဖျတ်ခနဲ မော့ကြည့်လိုက်သည်။
“ပျော်လားရယ်လို့ကွယ်။ တယ်ဆန်းတဲ့ မေးခွန်းပဲ။ ဘာဖြစ်လို့ ခေါ် ရတာလဲ ကလေးရယ်”
“ဘာမှ မဖြစ်ပါဘူး ဘဘ။ ဘဘကိုကြည့်ပြီး အဖေ့ကို သတိရလို့ ပေးတာပါ။ အဖေလည်း တစ်ခါတစ်ခါ အဲသလိုပဲ ဘဘရဲ့”
“ဟုတ်လား” ဟု ဘုန်းကြီးက သိမ်မွေ့စွာ ဆိုလိုက်သော်လည်း သူ့မျက်လုံးများကား မြေကြီးပေါ်က သစ်ရွက်ခြောက်ကလေးဆီသို့ ပြန်ရောက် နေလေသည်။
“ဟုတ်တယ် ဘဘ။ သမီး အဖေ့ကိုလည်း အခု ဘဘကို ပေးသလိုပဲ ဘုန်းကြီးဖြစ်ရတာ ဝမ်းသာလားလို့ မေးတာပဲ”
ဘုန်းကြီးလည်း စိတ်မချမ်းမြေ့ရာမှ အနည်းငယ် ပြုံးလိုက်သည်။ “အင်း။ အဲဒီတော့ သူက ဘယ်လိုလဲ” .
“အိုး၊ အဖေကတော့ ဘယ်တော့မဆို ဝမ်းသာတယ်လို့ပဲ ဖြေတာပဲ အမြဲလိုလိုပဲ ဝမ်းသာစရာကို ညွှန်းတဲ့ ကျမ်းစာတွေသာမရှိရင် သူ ဘုန်းကြီး အဖြစ်နဲ့ တစ်မိနစ်တောင် မနေချင်ဘူးလို့လည်း ပြောတယ် ဘဘရဲ့” ကို
“ဘာတွေ မရှိရင်ကွယ်” ဘုန်းကြီး၏ မျက်လုံးများသည် သစ်ရွတ် ခြောက်ကလေးပေါ်တွင် မရှိတော့။ ပေါ်လီယာနာ၏ ရွှင်ပျသော မျက်နှာ ကလေးကို တအံ့တသြ ငေးစိုက်လျက် ရှိလေသည်။
ပေါ်လီယာနာ ရယ်လိုက်ပြီး “ဒါက အဖေက ခေါ်တဲ့ အခေါ်လေ။ သမ္မာကျမ်းစာမှာတော့ အဲသလိုခေါ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမ်းစာ ထဲမှာ ဘုရားသခင်၌ ဝမ်းသာကြတော့” တို့၊ “ကြီးမားသော ပျော်ရွှင်မှုကို ပြုလော့” တို့၊ “ဝမ်းမြောက်ခြင်းဖြင့် အော်ဟစ်ကြလော့' တို့ ဘာတို့ ဆိုတာ တွေပေါ့။ သိလား။ အများကြီးပါပဲ။ တစ်ခါက အဖေလည်း သိပ် စိတ်ညစ်နေတဲ့ အခါမို့ လျှောက်ရေတွက်ကြည် ကာ ရှစ်ရာတောင် ရှိသတဲ့” ဟု ပြောပြ၏။
“ရှစ်ရာ” .
“ဟုတ်ကဲ့။ ပျော်ဖို့ ရွှင်ဖို့ ဝမ်းသာဖို့ နှိုးဆော်တဲ့ ဒေသနာတွေပေး အဲဒါတွေကို အဖေက ဝမ်းသာစရာကိုညွှန်းတဲ့ ကျမ်းစာတွေလို့ ခေါ်တာ”
ဘုန်းကြီး၏ မျက်နှာမှာ ထူးခြားသောအသွင်ကို ဆောင်လျက်ရှိ၏။ သူ့မျက်လုံးများသည် သူ့လက်ထဲက စက္ကူအပေါ်ဆုံး အရွက်ရှိ ...
“အို ကျမ်းတတ် သီလကြောင်၊ သူတော်ယောင်နှင့် ကြောင်သူ တော်တို့၊ သင်တို့အား ကြီးစွာသော သောကသည် ရောက်လတ္တံ့”ဟူသော အလုံးများပေါ်သို့ ရောက်လျက်။ ။
“ဪ၊ သမီးလေးရဲ့ အဖေက ဝမ်းသာစရာကို ညွှန်းတဲ့ ကျမ်းစာတွေကို ကြိုက်တာကိုး” ဟု ခပ်တိုးတိုး ဆိုလိုက်လေသည်။
ပေါ်လီယာနာက “အို၊ ဟုတ်တာပေါ့” ဟု လေးလေးနက်နက်ဆိုလိုက်ပြီး “အဲဒီဟာတွေကို လိုက်ပြီး ရေတွက်ကြည့်တဲ့နေ့ကစပြီး ကောက်လျှောက် စိတ်သက်သာရာ ရသွားတာပဲတဲ့။ ဘုရားသခင်က ဝမ်းသာကြဖို့ ပျော်ရွှင် ကြဖို့ အကြိမ်ပေါင်း ရှစ်ရာတောင် ဒုက္ခခံပြီး ပြောခဲ့တဲ့စကားဆိုရင် လူတွေကို တကယ်ဝမ်းသာစေချင်လို့ ဖြစ်မှာပဲတဲ့။ စောစောက သူ မပျော်မရွှင် ဖြစ်ခဲ့ မိတာကိုလည်း ရှက်သွားသတဲ့။ ဒီနောက်မှာတော့ မှာ ဒုက္ခတစ်ခုခု ဖြစ်တိုင်း ဒီစာတွေကို ဖတ်ပြီး စိတ်သက်သာရာ ရသတဲ့။ သိလား၊ ထောက်ပံ့ရေး အသင်းက မိန်းမကြီးတွေ ရန်ဖြစ် အဲ... အဲ တစ်ခုခုမှာ သဘော မညီညွတ်ကြတဲ့ အခါမျိုးပေါ့။ အဲ... အဲ၊ ဒီစာတွေကိုတွေ့ပြီး ဒီကစား နည်းကို စဉ်းစားမိတာလို့ အဖေက ပြောတယ်။ ချိုင်းထောက်ကလေးတွေက စပြီး သမီးနဲ့ ကစားတယ်လေ။ ဒါပေမယ့် သူတို့ အစလုပ်ပေးတာကတော့ အဲသည် ဝမ်းသာဖို့ ညွှန်းတဲ့ ကျမ်းစာတွေပေါ့” ဟု တစ်ဆက်တည်း ပြောပြနေ၏။
ဘုန်းကြီးက “အဲဒီ ကစားနည်းဆိုတာ ဘယ်လိုဟာ ပါလိမ့်ကွယ်” ဟု မေးလိုက်သည်။
“အရာရာတိုင်းမှာ ဝမ်းသာစရာကို ရှာကြည် ရတဲ့ ကစားနည်းလေး သိလား။ အဖေက ချိုင်းထောက်ကလေးတွေကစပြီး သမီးနဲ့ စ,ကစားတာ” ဟု ဆိုကာ ပေါ်လီယာနာက အစအဆုံး ပြောပြပြန်သည်။ ဤတစ်ကြိမ်တွင် သူ့အား နားထောင်နေမှာ သိမ်မွေ့သော နှလုံးသားနှင့် တတ်သိနားလည်မှု ရှိသူ တစ်ယောက် ဖြစ်လေသည်။ . . ။
အတန်ကြာသော် ပေါ်လီယာနာနှင့် ဘုန်းကြီးပေါလ်ဖိုဒ်တို့ သည် ။ လက်ချင်းတွဲကာ တောင်ကုန်းပေါ်မှ ဆင်းလာကြလေ၏။ ပေါ်လီယာနာ၏ မြနှာမှာ ရွှင်လက်တောက်ပနေသည်။ သူက စကားပြောချင်သည်။ ယခုလည်း အတော်ကြာအောင် ပြောလာခဲ့၏။ ကစားနည်း အကြောင်း၊ သူ့အဖေ အကြောင်း၊ ဘုန်းကြီးက သိချင်၍ မေးသော သူတို့၏ယခင်အိမ် အကြောင်း။
တောင်ခြေသို့ ရောက်လျှင် ပေါ်လီယာနာက တစ်လမ်း၊ ဘုန်းကြီးက တစ်လမ်း ခွဲကာ လျှောက်သွားကြလေသည်။
ထိုနေ့ညနေက ဘုန်းကြီးပေါလ်ဖိုဒ်သည် သူ၏ စာကြည့်ခန်းတွင် - ထိုင်၍ စဉ်းစားနေလေသည်။ သူ့အနီး စာရေးစားပွဲပေါ်တွင်ကား စာရွက် အချို့သည် သူ၏ ရေးပြီး ဒေသနာမှတ်စုများတည်း။ ခဲတံကိုင်ထားသော သူ၏
လက်ထဲတွင်ကား စက္ကူလွတ်များ ရှိသည်။ ဒေသနာမှတ်စု ရေးရန်တည် သို့သော် သူသည် သူပြီးသော စာများကို လည်းကောင်း၊ မရေးရသေးသော စာများကိုလည်းကောင်း တွေးတောနေသည်။ သူ၏ စိတ်တို့သည် ဝေးလံသော အနောက်ဘက် မြို့ကလေးတစ်မြို့တွင် ဆင်းရဲသော၊ နာဖျားသော၊ သော ဖြင့် ပြွမ်းသော၊ အထီးကျန်သော သာသနာပြု ဘုန်းကြီးကလေးတစ်ပါး ဆီကို ရောက်နေလေ၏။ ထိုဘုန်းကြီးကလေးသည် ဘုရားသခင်က သူ့အား ဝယ် မြောက် ပျော်ရွှင်စေရန် ညွှန်ပြထားသော စကားများကို ကျမ်းစာ တစ်အုပ် လုံး လိုက်၍ ရှာကြည် နေသူ ဖြစ်လေသည်။
အတန်ကြာသော် ဘုန်းကြီးပေါလ်ဖိုဒ်သည် သက်ပြင်းချကာ လှုပ် လာသည်။ သူ့အတွေးတို့ သည်လည်း ဝေးလံသော အနောက်ဘက် မြို့ကလေးမှ လက်ထဲ၌ရှိသော စက္ကူများဆီသို့ ပြန်ရောက်လာသည်။
မက်သယူး အခန်း ၂၃၊ အပုဒ် ၁၃၊ ၁၄နှင့် ၂၃ ဟု ရေးချလိုက်၏ ထို့နောက် စိတ်မရှည်သလို အပူအရာဖြင့် ခဲတံကို လွှတ်ချလိုက်ကာ လွန် သည် မိနစ်အနည်းငယ်က သူ့ဇနီး ဖတ်ပြီး ချထားခဲ့သော မဂ္ဂဇင်းစာကို တစ်အုပ်ကို ဆွဲယူလိုက်ကာ ပင်ပန်းနွမ်းနယ်သော မျက်လုံးများဖြင့် စာရွက် များကို လှန်လှောကာ စိတ်မပါလက်မပါ ကြည် နေရင်းက စိတ်ဝင်စားဖွယ် တစ်ခုကို သွားတွေ့သည်။
တစ်နေ့သ၌ မိခင်က ထင်းခွေခိုင်းသည်ကို ငြင်းဆန်နေသော အား ဖခင်ဖြစ်သူက “လူကလေး။ မင့်အမေဖို့ ထင်းခွေပေးရတာကို ထိ ဝမ်းသာမှာပါကွယ်” ဟု ပြောတော့ သားဖြစ်သူက ဘာတစ်ခွန်းမှ ပြော
တော့ဘဲ ထသွားလေသည်။ အဘယ့်ကြောင့်နည်း။ ဖခင်က သူ့အား လုပ်ကို သည်ကို လုပ်စေချင်သောကြောင်း ရှင်းရှင်းပြောလိုက်သောကြောင့်သာ ဖြစ် သည်။ အကယ်၍ သာ ဖခင်က “ဟေ့ သား။ မနက်က မင်းအမေကို မင်း လိုက်တဲ့စကား ငါကြားတယ်။ မင့်အတွက် ငါ့ဖြင့် ရှက်ပါရဲ့ကွာ။ သွား။ ချက်ချင်း ထင်း သွားခွေပေးလိုက်ပါ” ဟု ပြောခဲ့ပါလျှင် မိခင်ကြီး၏ သားကို အားကိုးမှ ရမည်ဆိုလျှင် ထင်းတစ်ချောင်းမှ ရောက်မလာ သေချာလှတော့သည်။
ဘုန်းကြီးလည်း စာအုပ်ကို ဆက်၍ ဟိုနားတစ်ပိုဒ် သည် ကြောင်း ဖတ်ရင်း နောက်တစ်နေရာတွင်ကား -
"ကျား၊မ မဟူ လူတို့ အလိုရှိသည်ကား အားမှုသာတည်း။သူတို့ ၏ ခံနိုင်ရည်ကို ယုတ်လျော့စေမည့် အစား” အားဖြည်၍သာ ပေးသင့်သည်။ လူတစ်ယောက်အား သူ၏အပြစ်များကို အထပ်ထပ် ပြောနေမည် အစား သု
ကောင်းသည်တို့ကို ပြောရာ၏။ သူ၏ အကျင့်ဆိုးအစွဲများမှ သူ့အား ဆွဲထုတ် ရန် ကြိုးစားပါလော့။ သူ၏ ကောင်းကွက်များကို ထင်ရှားစေ၍ စွမ်းစွမ်း တမံ လုပ်ဆောင် အောင်မြင်နိုင်မည် သူ၏ တကယ့်အရည်အသွေးများကို ဖော်ပေးပါ။ လှပသော ကူညီတတ်သော မျှော်လင့်ခြင်းရှိသော သဘောသည် ကူးစက်တတ်ပြီး တစ်မြို့လုံး တစ်ရွာလုံးပင် ပြုပြင် ပြောင်းလဲပစ်နိုင်သည်။ သူတို့၏ အရည်အသွေးသည် သူတို့၏ စိတ်နှလုံးမှ လာသည်။ လူတစ်ယောက် သည် သနားကြင်နာတတ်၍ သူတစ်ပါးအကျိုးကို ဆောင်ရွက်တတ်သည်ဆို တွင် သူ၏အနီး၌ နေသူများသည် များမကြာမီ ဤသို့ပင် ဖြစ်လာမည်။ ဆို့ရာတွင် သူသည် အပြစ်တင်တတ် ကြုစုတတ် ဝေဖန်တတ်မည်ဆိုလျှင် သူ၏ အိမ်နီးချင်းတို့သည်လည်း သူ့လိုပင် အပြစ်တင် လှူပူ ဝေဖန်တတ်လာကြရုံမက တိုးပါ ချကြလိမ့်ဦးမည်။ အဆိုးကို တွေ့မည်ထင်ပြီး ရှာလျှင်လည်း အဆိုး တွေ့ဖို့သေချာပါသည်။ ကံကောင်းကို တွေ့မည်ဟု သိပြီး ရှာလျှင်လည်း
ကောင်းကို ရမည်သာ ဖြစ်၏။ သင်၏ သားဖြစ်သူအား အမေ့အတွက် ထင်းခွေပေးရတာကို ဝမ်းသာမှာပါ” ဟု ပြောကြည့်ပါ။ သူသည် ဖျတ်လတ် သွက်လက်စွာ ထ၍ လုပ်သည်ကို မြင်ရပါလိမ့်မည် ဟူ၍ တွေ့ရပြန်လေ၏။
ဘုန်းကြီးသည် စာအုပ်ကိုချကာ မျက်နှာကို မေ့လိုက်၏။ တစ်ခဏ သော် သူသည် သူ၏ အခန်းအကျဉ်းကလေးထဲတွင် ဟိုမှ သည်မှ စပြီ မှောက်လျက် ရှိလေ၏။ အတော်ကလေး ကြာသောအခါ သူသည် ပင့်သက် ည်ရှည် ရှိက်လိုက်ပြီး စာရေးစားပွဲရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်လေသည်။
“ဘုရားသခင် စောင်မပါ။ ကျွန်ုပ် လုပ်ပါမည်” ဟု ခပ်တိုးတိုး တိုင် ည်လိုက်ပြီး “ငါ့ပရိသတ်ကို ငါ ပြောမယ်။ သူတို့ ထင်းခွေရတာ ဝမ်းသာ ဝဲလို့ ပြောမယ်။ သူတို့ကို အလုပ် လုပ်စရာ ပေးမယ်။ အလုပ် လုပ်ရတာပျော်ပြီး အိမ်နီးချင်ကို ကဲ့ရဲ့ဖို့ အချိန်မရအောင်လည်း လုပ်ပေးမယ်” ဆိုကာ သူ၏ ရေးပြီးသော မှတ်စုများကို ကောက်ယူကာ အထမ်းပိုက် စပယ်တည် တည်မှ ဗြဲလိုက်လေရာ တစ်ဘက်၌ `သင်တို့အား ကြီးစွာသော တကသည် ရောက်လတ္တံ့” ဟူသော စာများပါသည် အပိုင်းအခြားတစ်ဘက်၌…
“အို... ကျမ်းတတ် သီလကြောင်၊ သူတော်ယောင်နှင့် ကြောင်သူတော် တို့” ဟူသော စာများပါသည် အပိုင်းတို့ လွင့်စဉ်ကျသွားကြသည်။ သူ့ တည် တည်ရှိ စာရွက်ပေါ်တွင် မက်သယူး အခန်း ၂၃ အပိုဒ် ၁၃၊ ၁၄နှင့် ၂၃ ဆိုသည် စာကြောင်းကို ခဲကြောင်းမည်းကြီး တစ်ကြောင်း ဆွဲ၍ ဖျက် လိုက်ပြီး သွက်လက်စွာ ဆက်လက်၍ ရေးသားနေလေတော့၏။
ဤသို့လျှင် နောက်တနင်္ဂနွေနေ့၌ ဟောကြားသော ဘုန်းကြီးပေါက် ဖို၏ ဒေသနာတို့သည် ကြားနေရသူ ကြီးငယ် ကျားမ မဟူ လူအပေါင်း တို့တွင် ရှိသမျှ အကောင်းဆုံး စေတနာကလေးများကို လှုံ့ဆော်နှိုးဆွဲ
လိုက်သော ကြေးစည်သံပမာ ဖြစ်လာပေတော့သည်၊ ဤဒေသနာအတွက် ကျမ်းကိုးသည်ကား ပေါ်လီယာနာပြောပြသည် ရှစ်ရာသော “ဝမ်းသာစရာ များမှတစ်ခုပေတည်း။
“အို... ဖြောင့်မတ်သော သူတော်စင်တို့။ ကြည်လင်သဒ္ဓါ ဝမ်း မြောက်စွာဖြင့် ဘုရားကို ကြည်ညိုကြကုန်လော့။ အို ... နှလုံးဖြူး သူတော်ကောင်းတို့ ဘုရားတရား၌ ဝမ်းမြောက်သဖြင့် သောင်းသောင်း ဟစ်ကြွေးကြကုန်လော့”
>>>>>±±±±±±>>>>>
အပိုင်း၂၃ဆက်ပါဦးမည်။
*** ပေါ်လီယာနာ ***
ထင်လင်း
အပိုင်း-၂၃
________________
ကြမ္မာဆိုး ကြုံရခြင်း
တစ်နေ့တွင် မစ္စက်စနိုးက တောင်းပန်၍ ပေါ်လီယာနာသည် နာမည်မေ့နေသော ဆေးတစ်မျိုးကိုမေးရန် ဒေါက်တာချစ်လတန်၏ ဆေးခန်း သို့ သွားခဲ့လေသည်။ ပေါ်လီယာနာသည် ဒေါက်တာချစ်လတန်၏ ဆေးခန်း သို့ ယခင်က တစ်ခေါက်မှ မရောက်ခဲ့ဘူးချေး၊ ထို့ကြောင့် သူက အခန်းကို ပတ်လည်လှည်၍ 'ကြည်လိုက်ပြီး “အရင်က သမီး ဦးလေးရဲ့ အိမ်ကို တစ် ခေါက်မှ မရောက်ဖူးဘူး။ ဒါ ဦးလေးရဲ့ အိမ်ပဲနော်” ဟု မေးလိုက်၏။
`ဒေါက်တာချစ်လတန်သည် စာအုပ်ကလေးတစ်ခုတွင် တစ်စုံတစ်ရာ ရေးလက်က “အေး ဟုတ်တယ်။ ဒါပါပဲ။ ဒါပေမယ့် ဒါကို အိမ်လို့ ခေါ် ရတာတော့ အားနာဖို့တောင် ကောင်းပါရဲ့ကွယ်။ တကယ်က အခန်းတွေပါပဲ။ အိမ် မဟုတ်ပါဘူး” ဟု ဖြေသည်။
ပေါ်လီယာနာက စာနာစိတ်အပြည့်ဖြင့် ဆရာဝန်အားကြည်ကာ ငြိမ်၍သာ နေသည်။ ပြီးမှ .
“သမီး. သိပါတယ်။ ပျော်စရာအိမ် ဖြစ်ဖို့ ဆိုတာကတော့ မိန်းမ တစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံးဖြစ်ဖြစ် ကလေးတစ်ယောက်ပဲ ဖြစ်ဖြစ် လိုတယ်ပေါ့” ဟု လိုက်သည်။ ။
ဆရာဝန်က “ဟေ” ဟု ဆိုက ဆတ်ခနဲ လှည့်လာသည်။
“မစ္စတာ ပင်ဒယ်လ်တန်က ပြောတာလေ။ မိန်းမတစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံး။ ဒါမှမဟုတ် ကလေးတစ်ယောက် ရှိနေဖို့ဆိုတာလေ သိလား၊ ဒေါက်တာချစ်လတန်၊ ဦးလေးလည်း ဘာဖြစ်လို့ မိန်းမတစ်ယောက် ရဲ့ လက်နဲ့ အသည်းနှလုံး မထားလဲဟင်။ ဒါမှမဟုတ်၊ မစ္စတာ ပင်ဒယ်လ်တန် က မလိုချင်ဘူးဆိုရင် ဂျင်မီဘင်းကို ခေါ်မွေးချင်မယ် ထင်တယ်”
ဒေါက်တာချစ်လတန်က မပွင့်တပွင့် ရယ်လိုက်ပြီး .
“ဪ၊ သြော်။ ပျော်စရာအိမ်ဖြစ်ဖို့ မိန်းမတစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံး လိုတယ်တဲ့လား” ဟု ဆိုကာ ပေါ်လီယာနာ၏ မေးခွန်း ကို ရှောင်လွှဲလိုက်၏။
“ဟုတ်တယ်။ သူ့အိမ်ဟာ နေစရာသက်သက်တဲ့။ ဦးလေး ဘာဖြစ် လို့ မရှာလဲဟင်”
“ဘာဖြစ်လို့ ဘာမရှာတာလဲ...လဲ သမီးရဲ့” ဟု သူ့စားပွဲဆီသို့ ပြန်လှည် ရင်းမေးသည်။
“မိန်းမတစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံးလေ။ အို၊ သမီး | မေ့နေလိုက်တာ” ဟု ပေါ်လီယာနာက ရုတ်တရက်မျက်နှာထား ပြင်လိုက်ပြီး
“ဦးလေးကို ပြောရဦးမယ်။ တစ်နေ့က မစ္စတာပင်ဒယ်လ်တန် ဟိုအရင်တုန်းက ချစ်ခဲ့တယ်ဆိုတာဟာ အန်တီပေါ်လီ မဟုတ်ဘူးတဲ့။ ဒီတော့ သမီးတို့လည်း သူနဲ့ သွားမနေတော့ဘူးပေါ့။ သိလား၊ သမီးက ဦးလေးကို အဲသလို ပြောခဲ့တယ်လေ။ အဲဒါ မှားသွားတာပေါ့။ ဦးလေး ဘယ်သူ့မှမပြော သေးဘူး ထင်ပါရဲ့” ဟု စိုးရိမ်စွာ ပြောပြနေ၏။
“မပြောပါဘူး။ ဘယ်သူ့မှ မပြောပါဘူး ပေါ်လီယာနာ” ဟု ဆရာဝန် က ခပ်ကြောင်ကြောင် ပြန်ပြောသည်။
“ဒီလိုဆိုလည်း ကောင်းပါပေရဲ့” ဟု ပေါ်လီယာနာက စိတ်သက်သာ ရာ ရသွားသလို သက်ပြင်းချလိုက်ပြီး ”
“သမီးက ဦးလေးတစ်ယောက်တည်းကို ပြောပြတာပါ၊ သိလား။ ဒါနဲ့ တောင် မစ္စတာပင်ဒယ်လ်တန်ကလေ သမီးက ဦးလေးတစ်ယောက်ပဲပြော လြာလိုက်ပါတယ်ဆိုတော့ သူ့မျက်နှာ တစ်မျိုးဖြစ်သွားတယ်၊ သိလား” ဟု ဆက် ပြောသည်။
“ဟုတ်လား”
“ဟုတ်တယ်။ ပြီးတော့ သူက ဒါကို လူတွေအများကြီး သိစေချင်ပုံ မပေါ်ဘူး။ ဟုတ်မှ မဟုတ်တာနော်။ ဒါထက် ဦးလေးကော မိန်းမတစ်ယောက် ရဲ့ လက်နဲ့အသည်းနှလုံး ဘာဖြစ်လို့ ရှာမထားလဲ ဟင်။ ပြောဦးလေ”
ခဏမျှ ငြိမ်သက်ပြီးမှ ဆရာဝန်က တည်ငြိမ်သော အသံဖြင့် “လိုချင် တယ်ဆိုရုံနဲ့ ဘယ်ရမလဲ ကလေးမရယ်” ဟု ဆိုလိုက်သည်။
ပေါ်လီယာနာက မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်ပြီး “ဒါပေမယ့် ဦးလေးဆိုရင်တော့ ရနိုင်လိမ့်မယ် ထင်ပါတယ်” ဟုပြောနေပြန်၏။
“အေး။ ကျေးဇူးတင်ပါတယ်” ဟု ဆိုကာ မျက်ခုံးများ ချီလိုက်ပြီး
တည်ငြိမ်စွာပင် “သမီးတို့ထက် ကြီးတဲ့ အမျိုးသမီးတွေကတော့ ဒီလို မထင် ကြဘူးနဲ့ တူပါတယ်ကွယ်။ ဒါလောက်တော့ လိုက်လျောမယ့်ပုံမပေါ်ဘူးကွယ့်” ဟု ပြောလိုက်၏။
ပေါ်လီယာနာက မျက်မှောင်ကြုတ်လိုက်ပြီးမှ တစ်ဖန် အံ့အားသင့် သလို အမူအရာဖြင့် ...
“ဘာလဲ။ ဦးလေးကမစ္စတာပင်ဒယ်လ်တန်လို တစ်ယောက်ယောက် ရဲ့လက်နဲ့ အသည်းနှလုံးကို ရဖို့ မကြိုးစားခဲ့ဖူးဘူးလို့ ဆိုလိုတာလား။ ဟုတ် လား” ဟု မေးလိုက်၏။
ဆရာဝန်သည် ရုတ်တရက် ထိုင်ရာမှထလိုက်ပြီး…
“ကဲ ကဲ။ ပေါ်လီယာနာ။ အဲဒါ ထားလိုက်ပါတော့။ တခြား လူ တွေရဲ့ ဒုက္ခသုက္ခတွေကို သမီး စိတ်ရှုတ်မခံပါနဲ့တော့၊ ကဲ၊ မစ္စက်စုနိုး မျှော်နေရော့မယ်။ ဟောဒီမှာ သူလိုချင်တဲ့ ဆေးနာမည်။ ဒါက ဘယ်လိုစား ' ရမယ် ဆိုတဲ့ အညွှန်း။ ကဲ ဒါပဲ မဟုတ်လား။ ဘာရှိသေးလဲ” ဟု စကားဖြတ် ပစ်လိုက်တော့ -
ပေါ်လီယာနာက ခေါင်းရမ်းပြပြီး “မရှိပါဘူး။ ကျေးဇူးတင်ပါ တယ်” ဟု ပြောကာ တံခါးဆီသို့ ထွက်လာခဲ့၏။
တံခါးမှထွက်ပြီး စင်္ကြံဘက်ရောက်မှ သမင်လည်ပြန် လှည် ကာ ဘယ်လိုမဆိုလေ။ ဦးလေး လိုချင်ရက်နဲ့ မရခဲ့တာဟာ သမီးအမေရဲ့ လက်နဲ့ အသည်းနှလုံး မဟုတ်တာကိုပဲ ဝမ်းသာရသေးတာပေါ့ နော်။ သွားမယ် ဒေါက်တာ ချစ်လတန်” ဟု နှုတ်ဆက်သွားသေးသည်။
ကြမ္မာဆိုး ကြုံရသည်မှာ အောက်တိုဘာလ၏ နောက်ဆုံးနေ့က ဖြစ် လေသည်။ ပေါ်လီယာနာသည် ကျောင်းမှ အိမ်သို့ အပြန် စိတ်ချရလောက် သည်ဟု ထင်ရသည်နေရာမှ လမ်းကိုဖြတ်ရာတွင် အရှိန်ပြင်းစွာ မောင်းလာ သော မော်တော်ကားတစ်စီး၏ ရှေ့သို့ ရောက်သွားခဲ့ခြင်း ဖြစ်လေသည်။
မည်ကဲ့သို့ ဖြစ်သွားသည်ကို မည်သူမျှ ပြန်ပြောနိုင်ပုံ မပေါ်။ ဘာ့ ကြောင့် ဖြစ်သည် ဘယ်သူမှားသည် ဆိုသည်ကို ပြောနိုင်သူလည်း မတွေ့ကြရ။ ပေါ်လီယာနာကိုကား ညနေ ငါးနာရီတွင် သူ အလွန်ချစ်သော အခန်းကလေး ထဲသို့ သတိအလျင်းမရဘဲ သယ်ဆောင်လာရလေသည်။ အန်တီပေါ်လီမှာ ခွက်နှာ ဖြူဖပ်ဖြူရော်ဖြင့်။ နန်စီမှာလည်း မျက်ရည်စက်လက်ဖြင့် ပေါ်လီ ယာနာအား အဝတ်အစားလဲကာ အိပ်ရာပေါ်တင်ပြီး အရေးတကြီး တယ်လီ ဖုန်း ဆက်ခေါ်သဖြင့် အခြား မော်တော်ကားတစ်စီးဖြင့် အမြန်ဆုံး ပြေးလာ သော ဒေါက်တာဝါးရင်းလည်း ရောက်လာ၏။
ဆရာဝန် လာပြီး အခန်းတခါးပိတ်၍ စမ်းသပ်စစ်ဆေးလျက်ရှိစဉ် နန်စီသည် ဥယျာဉ်မှူးကြီး တွမ်ထဲသို့ ရောက်လာကာ ငိုတစ်လှည် ရှိက် တစ်လှည်ဖြင့် “အံမယ်လေ။ သူ့အဒေါ်မျက်နှာကို ကြည့်လိုက်ရုံနဲ့ သိနိုင် တယ် သိနိုင်။ သူ့မှာ ဝတ္တရားသက်သက် ဆောင်ရွက်နေတာ မဟုတ်ရှာပါဘူး ဓတ္တရားမို့လို့ လုပ်တာဆိုရင် လက်တွေ တဆတ်ဆတ်တုန်မှာ မဟုတ်ပါဘူး။ မျက်လုံးတွေကလည်း သည်ကလေးကို သေမင်းလက်က ဆွဲလုတော့မလို ဖြစ် မှာ မဟုတ်ပါဘူးနော် မစ္စတာတွမ်း၊ မဟုတ်ပါဘူးနော်” ဟု ပြောပြနေလေသည်။
ဥယျာဉ်မှူး အဘိုးကြီးက် တုန်ယင်သောအသံဖြင့် “ကလေးမ အတော် နာနေရှာလေသလားကွယ်” ဟု မေးသည်။ ။
“ဘယ် ပြောတတ်မလဲ။ အိပ်ရာထဲမှာ ပက်လက်ကလေး ဖြူဖပ်ဖြူရော် လဲနေတာသေများသွားမလား စိုးရိမ်စရာပေါ့။ ဒါပေမယ့် ဒေါ်ပေါ် လီကတော့ မသေသေးဘူး ပြောတာပါပဲ။ သူကတော့ သိမှာပေါ့။- သူကတော့ အမြဲလိုလို ပဲ အသက်ရှူရဲ့ လား၊ ရင်ခုန်ရဲ့လား ကပ်ကပ်ပြီး နားထောင်နေတာ စမ်းနေ တာပဲ”
“ဘယ်လို ဖြစ်သွားတာလဲ။ နင် မပြောနိုင်ဘူးလားဟယ်” ဟု အဘိုး၏ က ငိုတော့မလို မဲ့လျက် မေးသည်။ .
“ဆဲဆိုပစ်ဖို့ကောင်းတယ်။ တကယ်ပဲ။ ပက်ပက်စက်စက် ဆဲပစ် ကောင်းတယ်။ သမီးကလေးကို တိုက်သွားတဲ့ သေပါစေတော်။ ဒါလောက် ညှော်စော်နံတဲ့ဟာတွေ မုန်းပါတယ်။ တကယ် တကယ်”
“နေပါဦးတဲ့။ ဘယ်မှာ နာသွားတာတဲ့လဲ”
“မသိဘူး၊ မသိဘူး။ ခေါင်းကလေးမှာတော့ နည်းနည်း ပေါက်တက် ဒါပေမယ့် သိပ် မဆိုးပါဘူး၊ မများပါဘူးတဲ့။ ဒေါ်ဒေါ်လီက ပြောပါတယ်။ ကပြောတော့ အတွင်းသေ သေသွားမှာ စိုးရိမ်ဆိုလား”
အဘိုးအို၏ မျက်လုံးများ ဖျပ်ခနဲ လှုပ်ရှားကာ
“အတွင်းကြေ ကြေသွားတယ် ပြောတယ် ထင်ပါရဲ့ ဟယ်။ ဘယ် ဖြစ်ဖြစ်ဟာ။ ဒီ ကာလနာတိုက်မယ့် မော်တော်ကားတွေတော့လား
အေးလေ။ မပေါ်လီကတော့ အဲသလိုစကားတွေ ကြိုက်မယ် မဟုတ်ဘူးပေါ့”
“ရှင်။ အဲ၊ မသိဘူး၊ မသိဘူး” နန်စီက ခေါင်းကို ဘယ်ညာယမ်းလျက် လှည့်သွားသည်။
ီ “ကျွန်မတော့ ဆရာဝန် ထွက်မလာမချင်း ဘယ်လိုနေမှန်းတောင် မသိဘူး မသိဘူး။ အဝတ်လျှော်စရာတွေ တစ်ပုံကြီး ရှိနေရင်လည်း ကောင်း ဦးမယ်။ တကယ် တကယ်” ဟု ငိုငိုယိုယို ပြောရင်း သူ့လက်များကို သူ လိမ် ၍ နေလေ၏။
ဆရာဝန် ပြန်သွားတော့လည်း နန်စီမှာ မစ္စတာတွမ်အား ဘာမှ ပြောပြနိုင်ဟန် မတူချေ။ အရိုးတော့ ကြိုးဟန် မရှိ၊ ခေါင်းကဒဏ်ရာမှာလည်း မပြောပလောက်။ သို့သော် ဆရာဝန်သည် မျက်နှာ မသာမယာဖြင့် ဦးခေါင်း ကိုသာ ဖြေးညင်းစွာ ရမ်းသည်။ ယခု ဘာမှ မပြောနိုင်သေးဟုလည်း ဆိုသည်။
ဆရာဝန် ထွက်သွားတော့ ဒေါ်ဒေါ်လီမှာ ယခင်ကထက် မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်လျက် စိတ်မသက်မသာလှသော အသွင်ဖြင့် ကျန်ရစ်သည်။ ပေါ်လီယာနာ သတိကောင်းစွာ မရသေးသော်လည်း သက်သောင့်သက်သာ နားနေဟန် ရှိသည်။ ကျွမ်းကျင်သော သူနာပြုဆရာမတစ်ယောက်ကိုလည်း ခေါ်ထားသည်။ ထိုညပင် ရောက်လာလိမ့်မည်။ ဤမျှသာပြောပြီး မီးဖိုဘက် သို့ ပြန်သွားလေသည်။
နောက်တစ်ရက် နံနက်ပိုင်းတွင် ပေါ်လီယာနာ သတိရလာကာ မျက်စိများဖွင့်ကြည့်တော့ သူ ဘယ်ရောက်နေသည်ကို သိသွားသည်။
“အန်တီပေါ်လီ။ ဘာဖြစ်လို့လဲ။ ဒါ နေ့လယ် မဟုတ်လား။ သမီး ဘာဖြစ်လို့ မထရတာလဲ။ အန်တီပေါ်လီ။ သမီး ထလို့လည်း မရပါလား” ဟု သူ့ကိုယ်သူ ထူရန် ကြိုးစားရင်း ခေါင်းအုံးပေါ် ပြန်ကျသွားသဖြင့် အော်လိုက်သည်။ ။
သူ့အဒေါ်က ညင်သာစွာ “မထလိုက်နဲ့ ဦး သမီးလေး မထလိုက်နဲ့ ဦး” ဟု တားမြစ်လိုက်သည်။
“ဘာဖြစ်တာလဲ အန်တီ၊ သီး ဘာဖြစ်လို့ မထနိုင်တာလဲ”
ဒေါ်ပေါ်လီသည် ပေါ်လီယာနာ မမြင်ရသည် ပြတင်းပေါက်အနီး -တွင် ရပ်နေသော ခေါင်းစည်းအဖြူနှင့် သူနာပြု အမျိုးသမီးအား လှမ်း၍
ပြောရမလား ဟူသော အကြည်ဖြင့် ကြည့်လိုက်တော့၊ သူနာပြု ဆရာမက
ခေါင်းညိတ်ပြပြီး “ပြောလိုက်ပါ” ဟု ဆိုသည်။
ဒေါ်ပေါ်လီသည် သူ့လည်ချောင်းကို ရှင်းလိုက်ပြီး ရင်ထဲက စကား ပြောမဖြစ်လောက်အောင် ဆို့တက်လာသော အလုံးကို ကြိုးစား၍ မျိုချ “လိုက်ရ၏။ ။
“သမီးကလေး မနေ့ညက မော်တော်ကား တိုက်မိလို့ ဒဏ်ရာ “ရတယ်လေ။ ဒါပေမယ့် ကိစ္စ မရှိပါဘူး။ အန်တီက သမီးလေးကို စိတ်အေးအေး ထားပြီး ပြန် အိပ်စေချင်တယ်” ။
“ဒဏ်ရာ ရတယ်။ အို၊ ဟုတ်တာပေါ့။ သ... သမီး ပြေးတာ လေ”ဟု ပြောပြီး မျက်လုံးများကြောင်ကာ နဖူးကို စမ်းကြည်လျက် “ဟင်း စည်းထားပါလား။ နည်းနည်းလည်း နာတယ်” ဟု ဆိုလိုက်သည်။
“ဟုတ်တယ် သမီးလေး။ ဒါပေမယ့် ကိစ္စ မရှိပါဘူးကွယ်။ ငြိမ်ငြိမ် ကလေး အိပ်နေလိုက်နော်”
“ဒါပေမယ့် အန်တီပေါ်လီ။ သမီး ဘယ်လိုနေမှန်း မသိဘူး။ နေလို့ လည်း မကောင်းဘူး။ ခြေထောက်တွေက တ တစ်မျိုးပဲ။ ဘာမှ မတွေ့ရ သလိုပဲ"
ဒေါ်ပေါ်လီသည် သူနာပြု ဆရာမကလေးအား အကူအညီတောင်းခံ သည် မျက်လုံးများဖြင့် လှမ်းကြည့် လိုက်ပြီး ထိုင်ရာမှထကာ လှည့်ထွက်သွား သည်။
သူနာပြုဆရာမလေးက လျင်မြန်စွာဝင်လာပြီး ရွှင်စွာဖြင့်…
“ဒေါ်လေး ပြောပြမယ်နော်။ သမီးနဲ့ ဒေါ်လေး မိတ်ဆွေဖြစ်ကြဖို့ အချိန် တော်ပြီလေ။ ဒေါ်လေးကပဲ မိတ်ဆက်ပါရစေလား၊ ဒေါ်လေးနာမည်က မစွက်ဟန့်လို့ ခေါ်တယ်။ ဒေါ်လေးက သမီးရဲ့ အန်တီပေါ်လီနဲ့ ကူညီပြီး သမီးလေးကို စောင့်ရှောက်ဖို့ ဒီကို လာနေတာလေ။ ကဲ-အခု ပထမဆုံး ဒေါ်လေးလုပ်မှာကတော့ ဟောဒီ ဆေးလုံးဖြူဖြူကလေးကို သမီးသောက် ပိုက်ပါဦးလို့ ပြောဖို့ပဲ။ ကဲ ကဲ။ သောက်နော်” ဟု ပြောလိုက်၏။
ပေါ်လီယာနာလည်း မျက်လုံးပြူးလျက်
“ဒါပေမယ့်လည်း သမီးက စောင့်ရှောက်တာ ခံချင်တာမှ မဟုတ် အကြာကြီး မခံချင်ဘူးလေ။ သမီး ထချင်တယ်။ သမီးကျောင်းနေပြီလေ လား။ နက်ဖြန် ကျောင်းသွားနိုင်မယ် မဟုတ်လား” ဟု မေးလိုက်သည်။
ဒေါ်ဒေါ်လီ ရပ်နေသည် ပြတင်းပေါက်မှ ကြိတ်၍ ရိတ်လိုတ် သော အသံတစ်သံ ထွက်လာသည်။
သူနာပြုဆရာမက “နက်ဖြန်ခါလား။ အင်း။ အဲသည်လောက် မြန် မြန်ကြီးတော့ ခွင့်မပြုနိုင်သေးဘူး ကလေးရယ်၊ ဒါပေမယ့် ဟောဒီဆေးလုံး ကလေးကိုတော့ သောက်လိုက်ပါဦးလေ။ သူတို့ ဘယ်လောက် စွမ်းသလဲ၊ ကြည့်ရအောင်ပေါ့" ဟု ပြောလိုက်၏။
ပေါ်လီယာနာက မယုံတစ်ဝက် ယုံတစ်ဝက်နှင့်ပင်…
“ကောင်းလေ။ ဒါပေမယ့် သမီး သန်ဘက်ခါတော့ ကျောင်းသွား | ရမှဖြစ်မယ်နော်။ စာမေးပွဲတွေ ရှိနေတယ်၊ သိလား” ဟု ပြောကာ ဆေးကို သောက်လိုက်၏။ ,
တစ်မိနစ်ခန့်အကြာတွင် သူ စကား ထပ်ပြောသေးသည်။ ကျောင်း အကြောင်း၊ မော်တော်ကား အကြောင်း၊ သူ ခေါင်းခဲသည် အကြောင်း။ သို့သော် များမကြာမီပင် စောစောက သူ သောက်လိုက်သည် ဆေးဖြူဖြူ ကလေးများ၏ တန်ခိုးကြောင့် သူ့အသံကလေးသည် တဖြည်းဖြည်း လေး၍ လေး၍ ငြိမ်သက်သွားလေတော့၏။ .
>>>>±±±±>>>>>
အပိုင်း၂၄ဆက်ပါဦးမည်။
*** ပေါ်လီယာနာ ***
ထင်လင်း
အပိုင်း-၂၄
________________
ဂျွန်ပင်ဒယ်လ်တန်
ပေါ်လီယာနာသည် နက်ဖြန် ကျောင်းသို့ မသွားရ။ သန်ဘက်ခါ လည်း မသွားရချေ။ သို့သော် ဤသည်ကို သူ မသိ။ သူ့မှာ သတိကောင်းကောင်းရတဲ့ အချိန်ကလေး အနည်းငယ်သာ ရှိသဖြင့် ထိုအချိန်တွင် သူ့ပါးစပ် ကလေးက တမေးတည်းမေးနေသော်လည်း သူ ဘာမျှ ကြည်ကြည်လင်လင် မှတ်မိပုံ မပေါ်ဘဲ တစ်ပတ်ခန့်ကြာသည်။ သည် နောက်တွင်တော့ အဖျား လည်း ကျသွားသည်။ အနာလည်း သက်သာသင့်သလောက် သက်သာ သွားသည်။ သတိလည်း ကောင်းစွာ ရနေပြီး သည်တော့မှ ဖြစ်သမျှကို သူ့အား ပြန်ပြောရပြန်သည်။
“ဪ. သမီးက ဒဏ်ရာ ရတာကိုး။ ဖျားတာ မဟုတ်ဘူးနော် ဟုဆိုကာ သက်ပြင်းချလိုက်ပြီး “အေးလေ။ သမီး အဲဒါကိုပဲ ဝမ်းသာပါတယ်
ဟု ဆိုသည်။
“ဝမ်းသာတယ်လို့ ပေါ်လီယာနာရယ်” , သူ့ခုတင်နားတွင် ထိုင်နေသော သူ့အဒေါ်က ဆိုလိုက်၏။
“ဟုတ်တယ်လေ။ မစ္စက်စနိုးလို နာတာရှည်ရောဂါသည် ဖြစ်ရတာ ထက် မစ္စတာပင်ဒယ်လ်တန်လို ခြေကျိုးရတာက တော်သေးတာပေါ့။ သိလား။ ခြေကျိုးတာက ပျောက်နိုင်တယ်လေ။ နာတာရှည်က ပျောက်မှ မပျောက်တာ
ခြေကျိုးသည် အကြောင်း ဘာမှ ပြောပြမထားသော ဒေါ်ပေါ်ပြီး သည် ရုတ်တရက် ထ၍ မှန်တင်စားပွဲဆီသို့သွားကာ ဟိုဟာကိုင်လိုက် ပြန် လိုက်၊ သည်ဟာကိုင်လိုက် ပြန်ချလိုက်ဖြင့် ခါတိုင်းလို ဘာလုပ်လုပ် ပြတ်ပြတ် သားသား မရှိတော့ဘဲ ရည်ရွယ်ချက်ကင်းမဲ့စွာ လျှောက်လုပ်နေမိ၏။ သို့ ရာတွင် သူ့မျက်နှာမှာမူကား ဤသို့ မဟုတ်ချေ။ ဖြူဖပ်ဖြူရော် ဖြစ်လျက် ညှိုးငယ်လျက်။
အိပ်ရာပေါ်တွင်ကား ပေါ်လီယာနာသည် ပက်လက်က ပြတင် ဝေါက်၌ချိတ်ဆွဲထားသော ဖန်တုံးကလေးများမှ ဖြာထွက်လျက် မျက်နှာကြက် ၌ အရောင်ထိုးနေသော သက်တန့်စင်းကလေးများကို ကြည်လျက် နေရာ
“သမီးမှာဖြစ်တာ ကျောက်ရောဂါ မဟုတ်တာ ဝမ်းသာရတယ်နော်” ဟု ကျေနပ်သည် လေသံဖြင့် တိုးတိုးလိုက်ပြီး “အဲဒါသာဆိုရင် - မျက်နှာမှဲ့ခြောက်တွေထက် ပိုဆိုးမယ်။ ပြီးတော့ 'ကြည်ညှာချောင်းဆိုး - မဟုတ်တာကိုလည်း ဝမ်းသာရမယ်။ အဲဒါတော့ ဖြစ်ဖူးတယ်။ သိပ် ဆိုးတာပဲ။ = ပြီးတော့ အူအတက်ပေါက်တာတို့ ဝက်သက်တို့ မဟုတ်တာလည်း ဝမ်းသာရ - တာပဲ။ အဲဒါတွေက ကူးတတ်တယ်လေ။ ဝက်သက်ကို ပြောတာ။ ပြီးတော့
ဒီမှာလည်း နေခွင့် မပြုကြဘူးလေ” ဟု ရေတွက်နေလေ၏။
အန်တီပေါ်လီက သူ့လည်ပင်းဆီသို့ ကော်လာကို လျှော့သလို လိုဖြင့် ဖိရင်းက “သမီးလေးကတော့ ဝမ်းသာစရာ အတော်များများကို ရှိဟန် တူတယ်လေ” ဟု ဆိုလိုက်သည်။
“ဟုတ်တယ်။ သမီးက တစ်ချိန်လုံး သက်တန့်ကလေးတွေကို သိပ် ချစ်တာပဲ။ မစ္စတာပင်ဒယ်လ်တန်က သမီးကို ဖန်တုံးကလေးတွေ ပေးတာ သိပ် ဝမ်းသာတာပဲ။သမီး မပြောရသေးတာတွေ အတွက် ဝမ်းသာတာလည်း ရှိတယ်။ မသိဘူးလေ။ သမီး ခုလို အနာတရ ဖြစ်တာကိုတော့ ဝမ်းအသာဆုံးပဲ”
. “ပေါ်လီယာနှာရယ်”
“ပေါ်လီယာနာက ဖြည်းညင်းစွာ ရယ်လိုက်ပြန်သည်။ ထိုနောက် သူ၏ တောက်ပသော မျက်လုံးများဖြင့် သူ့အဒေါ်စုအား ကြည်ကာ “ဟုတ်တယ် လေ အန်တီ။ သမီး အနာတရဖြစ်ကတည်းက အန်တီက သမီးကို သမီးလေး သမီးလေးနဲ့ ခဏခဏခေါ်တယ်လေ အရင်က အဲသလို ခေါ်မှ မခေါ်ဘဲ။ သမီးက အဲသလို အခေါ်ခံရတာကို သိပ်ကြိုက်တာ။ အထူးသဖြင့် ကိုယ့် သွေးချင်းသားချင်းထဲက ခေါ်တာကို ပြောတာလေး ထောက်ပံ့ရေးအသင်း မိန်းမကြီးတွေကလည်း ခေါ်ပါတယ်။ အဲဒါလည်း တကယ်တော့ ကောင်းပါး တယ်။ ဒါပေမယ့် ကိုယ့်သွေးချင်းသားချင်းထဲက ခေါ်တာလောက်တော့ ဘယ်ကောင်းနိုင်ပါ့မလဲ။ အန်တီပေါ်လီက ခေါ်တာမျိုးပေါ့ အန်တီပေါ်လီရယ်။ သမီးလေ အန်တီသမီးလေး ဖြစ်ရတာ သိပ်ကို ဝမ်းသာတာပဲ” ဟု ပြောလို့ ပြန်၏။
အန်တီပေါ်လီက ဘာမှ ပြန်မပြော။ သူ့လက်များက သူ့လည်ပင်း ကော်လာဆီသို့ စမ်းရင်း ဖိလျက်။ သူ့မျက်လုံးများမှာ မျက်နည်းများအိုင်လျက် တစ်ဘက်သို့လှည်ကာ သူနာပြုဆရာမ ဝင်လာနေသော တံခါးမှ ခပ်သုတ် သုတ် ထွက်သွားလေတော့သည်။
ထိုနေ့ညနေက နန်စီသည် မြင်းဇောင်းထဲတွင် ဇက်ကြိုးများ တိုက် ချွတ်ဆေးကြောနေသော အဘိုးကြီးတွမ်ရှိရာသို့ မျက်ကလဲဆံပြာပြေး၍လာ လေသည်။ ။
“မစ္စတာတွမ်၊ မစ္စတာတွမ်။ ဘာတွေဖြစ်ကုန်လဲ သိလား။ ဘယ်လို ထင်လဲ။ ထင်တာပြောရရင်တော့ ဘယ်တော့မှ မှန်မယ် မထင်ဘူး။ တကယ် တကယ်”
“ဒါဖြင့်လည်း မပြောတာကောင်းပါတယ်ဟာ၊ နင်ကလည်း ပြော ရင်လည်း ပြောတာ မဟုတ်ဘူး နန်စီရယ်"
“ကဲ ဒါဖြင့် နားထောင်။ အိမ်က သခင်မနဲ့ အတူ ဧည်ခန်းထဲမှာ ဘယ်သူရောက်နေတယ်လို့ ထင်လဲ။ ကဲ၊ ပြော”
အဘိုးကြီးက ခေါင်းယမ်းလိုက်ပြီး “ငါ မပြောတတ်ဘူးလေဟာ ဆိုလိုက်သည်။
“ကျွန်မပြောတတ်တယ်။ သိလား။ အဲဒါ မစ္စတာဂျွန်ပင်ဒယ်လ်တန် တော့။ သိရဲ့လား”
“ဟယ်။ တောက်တီးတောက်တက် ကောင်မလေး”
“ဘယ်က တောက်တီးတောက်တက်ရမလဲ။ သူ့ကို ကျွန်မကိုယ်တိုင် တံခါးဖွင့်ပေးရတာရှင့်။ ချိုင်းထောက်တွေ ဘာတွေနဲ့။ သူ့ရထားနဲ့ မြင်းတွေ က အိမ်တံခါးဝက စောင့်လို့ရှင့်။ တကယ်တည်းမှပဲ။ ဘယ်သူနဲ့မှ စကား မပြောတဲ့ လူခွစာ မှုန်တေကြီးကတဲ့ တော်။ တကယ့် ကျွန်မတို့ မမဆီ လာလို့
“ဟဲ။ ဘာဖြစ်လို့ မလာရမှာဘဲ” ဟု အဘိုးကြီးက ခပ်ငေါက်ငေါက် မေးလိုက်၏။
နန်စီက မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး "ဪ၊ ဦးလေးကြီး ကလည်း သိရဲ့ သားနဲ့များ” ဟု လှောင်သလို ဆိုလိုက်၏။
“ဟေး။ ဘယ်လို"
“အမယ်လေး။ မသိချင်ယောင် ဆောင်နေပြန်ပါပြီ။ ဦးလေးကြီး ကျွန်မကို စပြီး တစ်ပိုင်းတစ်စ ပြောထားလို့ ကျွန်မမှာ စဉ်းစားလိုက်ရတာ
“ဟဲ့။ နင် ဘာတွေပြောနေတာလဲ” နန်စီက အိမ်ကြီးဆီသို့ တစ်ချက် လှမ်းကြည့် လိုက်ပြီး ရှေ့သို့ ရေး
တစ်လှမ်းတိုးလာကာ “ဒီမှာ ဦးလေးကြီး ဦးကြီးပဲ ကျွန်မတိုထွက်ဝေါ်လီ မှာ ချစ်သူရှိခဲ့ဖူးတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲ၊ အဲဒါ တွန်ကေ ကိုယ့်တွက်ကိန်းနဲ့ ကိုယ် နှစ်နဲ့ နှစ်ပေါင်းလိုက်တာလေ မဖြစ်ဘဲ ငါး ဖြစ်သွား တယ်ရှင်။ တကယ်၊ တကယ်” ဟု ပြောလိုက်၏။
အဘိုးကြီးတွမ်က သူပြောသည်ကို ဂရုမထားဘဲ အလုပ်ကို ဆက်လုပ် လျက် “နင် ငါ့ကို စကားပြောရင် ရှင်းရှင်းပဲ ပြောဟယ်။ ဂဏန်းတွေ ဘာတွေ ငါ မလုပ်တတ်ဘူး” ဟု ဆို၏။
နန်စီက ရယ်လျက် “ဪ ဒီလိုပါ။ အစကတော့ မစ္စတာ | ပင်ဒယ်လ်တန်နဲ့ ဒေါ်ပေါ်လီတို့ ချစ်ခဲ့ကြတယ်ထင်စရာ ကြားခဲ့ရလို့ပါ” | ဟုပြောသည်။
“မစ္စတာ ပင်ဒယ်လ်တန်” အဘိုးကြီးက တအံ့တဩလိုက်ဆိုကာ ခါးကို စန့်၍ ရပ်လိုက်၏။
“အို။ ကျွန်မ အခု သိပြီ။ မစ္စတာပင်ဒယ်လ်တန် မဟုတ်ပါဘူး။ သူ ချစ်နေတာက ကျွန်မတို့ အချစ်တော်ကလေးရဲ့ အမေတဲ့ရှင့်။ ဒါကြောင့်မို့ သူက ကလေးမကို၊ အေးလေ။ ဒါ ထားလိုက်ပါတော့” ပေါ်လီယာနာက သူ့အား မစ္စတာပင်ဒယ်လ်တန်က ခေါ်ထားချင်သည် ဆိုသည်ကိစ္စ ဘယ်သူ့ ကိုမှ မပြောပါနှင့်ဟု မှာထားသည်ကို သတိရပြီး အချိန်မီ ရပ်ထားလိုက်
“ကျွန်မလည်း ဟိုလူမေး ဒီလူမေးနဲ့ သူနဲ့ ဒေါ်ဒေါ်လီ သိပ် မတည်တာ နှစ်ပေါင်း အတော်ကြာပြီတဲ့၊ ဒေါ်ဒေါ်လီကလည်း သူဆယ့်လေး ငါးရှစ်နှစ် သမီးတုန်းက လူပြောသူပြောခံရတဲ့ ကိစ္စအတွက် မစ္စတာ ပင်ဒယ် (တန်ဆို သိပ် မုန်းသတဲ့” ဟု ပြောပြနေလေ၏။
“အေး။ ငါ မှတ်မိပြီ။ မဂျင်နီက သူ့ကို စွန့်ပစ်ပြီး ဟိုလူနောက် ( လိုက်သွားလို့ သုံးလေးနှစ်ကြာတော့ ဖြစ်တာ၊ မပေါ်လီလည်း ဒီလိုဖြစ်တေ သူ့အတွက် စိတ်မကောင်းဖြစ်ရှာတယ်။ အဲဒီတော့ သူ့ကို ချိုချို ဆက်ဆံ ပေါ့။ နည်းနည်းများ ချိုလွန်းသွားသလားတော့ မသိဘူး။ သူက သူ့ အစ်မ ခေါ်သွားတဲ့ သင်းအုပ်ဆရာဝန်ကို သိပ်မုန်းတာ။ အင်း- အဲဒါနဲ့ တစ်ယောင်
ယောက်ကစပြီး မဟုတ်တမ်းတရား ပြောတော့ အင်း- မပေါ်ကပဲ သူ့နော လိုက်နေသလိုလို ဖြစ်သွားတာပေါ့ကွယ်”
“သော်၊ သူလား။ ယောက်ျားတစ်ယောက်နောက်ကို လိုက်မှာ ဟု နန်စီက ဖြတ်ဝင် ပြောလိုက်သည်။
“အေးပါ။ ငါ သိပါတယ်။ ဒါပေမယ့် သူတို့က ဒီလိုပြောကြတော့ သတ္တိရှိတဲ့ မိန်းကလေးဆို ဘယ် ခံလိမ့်မလဲ။ အဲဒီအချိန်လောက်မှာပဲ သူ့
သူနဲ့ မပြေမလည် ဖြစ်။ အဲဒီက နောက်တော့ဖြင့် သူ့ကိုယ်သူ ခရုပိတ်ပြီး - ဘယ်သူနဲ့မှ ဘာမှ အဆက်အဆံ မလုပ်တော့ဘူးတဲ့။ သူ့စိတ်တွေလည်း တစ်ခါတည်း ချဉ်ပေါက်သွားတော့တာနဲ့ တူပါတယ်” ။
“ဟုတ်တယ်။ ကျွန်မ သိတာပေါ့။ ကျွန်မလည်း အဲဒါကို ကြားဖူး ထားတော့ ဒီလူကြီးလာတာ တွေ့လိုက်ရတာလေ။ ကျွန်မဖြင့် အံ့အားကြီး
သင့်သွားတာ။ စကားမပြောဘဲ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ လူကြီးလေး ဒါပေမယ့် ကျွန်မက အထဲပေးဝင်ပြီး မမကို သွားပြောပေးလိုက်ပါတယ်”
“အစတော့ ဘာမှ မပြောဘူး။ ငြိမ်နေတာနဲ့ မကြားဘူးထင်လို့ ကျွန်မက ပြောမယ်လုပ်မှ သူက ခပ်တိုးတိုးပဲ “အေး။ ငါ အခု လာခဲ့မယ်လို့ မစ္စတာ ပင်ဒယ်လ်တန့်ကို ပြောလိုက်” တဲ့” ဟု “နန်စီက ပြောကာ အိမ်ကြီး ဆီသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်လေ၏။
အဘိုးကြီးလည်း အံ့ဩဟန်ဖြင့် တစ်ချက် ကြည်လိုက်ကာ အလုပ်ကို ဆက်လုပ်နေလိုက်လေသည်။
*******
. ဟယ်ရင်တန်အိမ်ကြီး၏ ခမ်းနားသော ဧည့်ခန်းအတွင်း၌ မစ္စတာ ပင်ဒယ်လ်တန် ကြာကြာ မစောင့်ရပါ။ ခပ်သွက်သွက်လှမ်းလာသော ခြေသံ များကြားရပြီး ဒေါ်ပေါ်လီ ထွက်လာသည်။ မစ္စတာ ပင်ဒယ်လ်တန်က ထ မည်ပြု၍ ဒေါ်ဒေါ်လီက မထရန် လက်ပြလိုက်သည်။ သူက နှုတ်ဆက်ရန် လက်ကမ်းမပေးဘဲ ခပ်စိမ်းစိမ်းပင် ကြည်နေလိုက်သည်။
“ပေါ်လီယာနာကို မေးရအောင် လာတာပါ”ဟု ခပ်တိုးတိုး ခပ်ပြတ် ပြတ် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ အခြေအနေကတော့ ဒီအတိုင်းပါပဲ” ဟု ဒေါ်ပေါ်လီက ပြော၏။
“ဒီအတိုင်းဆိုတာက ဘယ်လိုလဲ။ ဘယ်လိုနေတယ်ဆိုတာ ပြောပါ လေ” သူ့အသံမှာ သိပ် မူမမှန်ချေ။
ဒေါ်ပေါ်လီ၏မျက်နှာမှာ စိတ်မချမ်းသာသည် အသွင် ပေါ်လာ၏။ “ကျွန်မ မပြောတတ်လို့ပါ။ သိရင် ပြောချင်ပါတယ်” “ဪ။ မသိဘူးလား” “ဟုတ်ကဲ့” “ဆရာဝန်ကကော”
“ဒေါက်တာ ဝါးရင်း ကိုယ်တိုင်လည်း သိဟန် မတူပါဘူး။ နယူးယောက် မှာရှိတဲ့ အထူးကုဆရာဝန်ဆီကို စာရေးထားပါတယ်။ သူတို့ ချက်ချင်း တိုင် | ပင်ကုဖို့ စီစဉ်ထားပါတယ်”
“ဒါနဲ့၊ သိနိုင်သလောက် သူ့ဒဏ်ရာတွေက ဘာတွေရှိလဲ”
“ခေါင်းမှာ နည်းနည်း ထိသွားပါတယ်။ ပွန်းတာ တစ်ခု နှစ်ခု ရှိပါ | တယ်။ ပြီးတော့ ကျောရိုးမှာ ထိတဲ့ဒဏ်ရာက ခါးကနေ အောက်ပိုင်းတစ်ပိုင်း လုံး မလှုပ်နိုင်တော့အောင် ဖြစ်သွားတယ် ဆိုပါတယ်”
မစ္စတာပင်ဒယ်လ်တန့်က လည်ချောင်းထဲမှ ညည်းညူသံပြုလိုက်ပြီး ၊ အတန်ကြာ ငြိမ်သက်နေသည်။ ပြီးမှ သူကပင် အက်ကွဲသော အသံဖြင့် ပေါ်လီယာနာကကော ဒီဟာကို ဘယ်လို သဘောထားသလဲ” ဟု မေး လိုက်သည်။ ။
“သူ မသိပါဘူး။ အခြေအနေမှန်ကို သူ နားမလည်ပါဘူး။ ပြောပြ ဗို့လည်း မဖြစ်ပါဘူး"
“ဒါပေမယ့် သူ သိတာတော့ သိမှာပေါ့”
ဒေါ်ပေါ်လီ အင်္ကျီကော်လာကို ဖိသလိုလိုဖြင့် သူ့လက်က လည်ပင်း ဆီသို့ ရောက်ရပြန်ပြီ။ `ဤရက်များမှာ ဤသို့ မကြာမကြာ ဖြစ်ရသည် မဟုတ်လား။
“ဟုတ်ကဲ့၊ သူ မလှုပ်နိုင်ဘူးဆိုတာတော့ သိပါတယ်။ ဒါပေမယ့် သူ ထင်နေတာက သူ ခြေကျိုးနေတယ်လို့ ထင်နေတာကိုး။ သူက မစ္စတာ ပင်ဒယ်လ်တန်ကို ကျိုးတာဆိုရင် မစ္စက်စနိုးလို နာတာရှည် မဖြစ်တာ ဝမ်းသာသတဲ့။ ခြေကျိုးတာက ပျောက်ပေမယ့် နာတာရှည် မပျောက်ဘူး တဲ့၊ သူဟာ အဲသလိုချည်းပဲ ပြောနေတော့ ကျွန်မ ကျွန်မမှာဖြင့် သေရမတတ်ပါပဲ”
မစ္စတာပင်ဒယ်လ်တန်သည် မျက်ရည်များ အိုင်နေ၍ မှုန်ဝါးဝါး သာ မြင်ရသော်လည်း ဒေါ်ဒေါ်လီ၏ မျက်နှာမှာ အလွန် စိတ်မချမ်းမသာ - ဖြစ်ရသည် အသွင် ပေါ်နေသည်ကိုတော့ မြင်ရပေသည်။ အမှတ်မထင်ပင်
ပေါ်လီယာနာကို သူနှင့် လာနေဖို့ခေါ်သည် နောက်ဆုံးအခေါက်က ပေါ်လီ ယာနာ ပြောသွားသည် စကားများကို ကြားယောင်နေမိသည်။
“သမီး၊ အခု... အန်တီပေါ်လီဆီက ဘယ်မှ မသွားနိုင်တော့ပါဘူး
ဤသို့ တွေးမိသောကြောင့်ပင် သူ့အသံကို သူ ငြိမ်နိုင်သမျှ ငြိမ် အောင်ထိန်းပြီး ညင်သာစွာပင် “မစ္စဟယ်ရင်တန် သိလားတော့ မပြော တတ်ဘူး။ ပေါ်လီယာနာကို ကျုပ်နဲ့ လာနေဖို့ ဘယ်လောက်ကြိုးစား ခဲ့တယ် ဆိုတာလေ” ဟုမေးလိုက်၏။
“ပေါ်လီယာနာက ရှင်နဲ့ လာနေဖို့!…"
ဒေါ်ပေါ်လီ၏ အံ့ဩသောလေသံကို သတိထားမိသော်လည်း သူ စကားပြောသောအခါ သူနှင့်မဆိုင်သလို အေးစက်စက် ဖြစ်နေသည်။
“ဟုတ်တယ်။ ကျုပ်က သူ့ကို မွေးစားဖို့ပေါ့။ တရားဥပဒေနဲ့ အညီပေါ့လေ။ အမွေစား အမွေခံပေါ”
ဒေါ်ပေါ်လီသည် အနည်းငယ် မသိမသာ လျော့ကျသွားသည်။ တရက် သူ သတိပြုမိလိုက်သည်ကား ပစ္စတာပင်ဒယ်လ်တန်က မွေးစားခြင်း သည် ပေါ်လီယာနာအဖို့ တောက်ပသော အနာဂတ် ဖြစ်သည် အချစ် ပင်တည်း။ ပေါ်လီယာနာသည် သူ့ငွေ အခြေမျိုးကို မက်မောတတ်
လောက်အောင် ငွေအကြောင်း သိတတ်နေပြီလား၊ လူ့လောက အကြောင်း ကို သိတတ်နေပြီလား ဟူ၍လည်း တွေးတောနေမိ၏။
“ကျုပ် ပေါ်လီယာနာကို သိပ် ချစ်ပါတယ်။ သူ့အပေါ်မှာ ထားတဲ့ - မေတ္တာရော သူ့အမေအပေါ်မှာထားခဲ့တဲ့မေတ္တာရော ကျုပ် နှစ်ပေါင်း
အစိတ်လောက် သိမ်းဆည်းထားခဲ့တဲ့မေတ္တာကို ပေါ်လီယာနာအပေါ် ပေးဖို့ အဆင်သင့်ပါပဲ"
“မေတ္တာ"
ဒေါ်ပေါ်လီသည် သူ ဘာကြောင့် ပေါ်လီယာနာအား ခေါ် ရသည်ကို ရှေးဦးစွာ သတိရသည်။ ထို့နောက် ထိုနေ့နံနက်ကပင် ယာနာကိုယ်တိုင်က ပြောလိုက်သော
“သမီးလေ၊ ကိုယ့်သွေးသားထဲက ‘သမီးလေး' လို့ခေါ်ခံရတာကို ကြိုက်တာ” ဟူသော စကားများကိုလည်း သတိရလိုက်၏။ ဤမျှ အချစ် ငတ်နေရှာသော ကလေးမအား နှစ်ပေါင်းအစိတ်လောက် သိမ်းဆည်းထားခဲ့ သော “မေတ္တာ” ကို ပုံပေးမည် သူပါတကား၊
ပေါ်လီယာနာမှာ အချစ်မေတ္တာဆိုသည်ကို မက်မောတတ်လောက် အောင်တော့ သိတတ်ပြီ ဖြစ်သည်။ ဒေါ်ဒေါ်လီ၏ ဆုတ်နစ်သောနှလုံးမှ ဤ အဖြစ်ကို သိလိုသည်။ ဆုတ်နစ်သော နှလုံးမှပင် အခြားတစ်ခု သတိပြုလိုက် မိသည်ကား ပေါ်လီယာနာမရှိတော့လျှင် ငြီးငွေ့ဖွယ်သာ ဖြစ်တော့မည် သူ၏ အနာဂတ်။
“အဲဒီတော့”
သူက မေးလိုက်တော့ မစ္စတာပင်ဒယ်လ်တန်က မာကျောသော အသံဖြင့် ဖုံးကွယ်ထားရသော စိတ်လှုပ်ရှားမှုကို သိသလို စိတ်မချမ်းမြေ့စွာ ပြုံးပြလိုက်၏။ . "
“သူ မလာဘူးတဲ့လေ”
“ဘာဖြစ်လို့တဲ့လဲ ရှင်”
“သူက သူ့အဒေါ်ဆီက ခွဲမထွက် နိုင်ခဲ့လို့ပေါ့။ သူက အန်တီပေါ်လီ ဟာ သူ့အပေါ် အင်မတန်ကောင်းတယ်တဲ့။ အန်တီနဲ့ပဲ နေချင်ပါတယ် တဲ့။ အန်တီကလည်း သူ့ကို သူနဲ့ပဲ နေချင်တယ်လို့ ထင်ပါတယ်တဲ့”ဟု ပြောပြောဆိုဆို ထိုင်ရာမှ ထလိုက်သည်။ '
သူသည် ဒေါ်ပေါ်လီအား မကြည်တော့ဘဲ တံခါးဆီသို့သာ ကြည် နေစဉ် သူ၏ဘေးမှ ခြေသံကြား၍ လှည့်ကြည့်လိုက်မှ နှုတ်ဆက်ရန် ကမ်း ပေးနေသော တုန်ယင်သော လက်တစ်ဖက်ကို တွေ့လိုက်ရသည်။ -
“အထူးကုဆရာ လာလို့ ပေါ်လီယာနာအကြောင်း တစ်ခုခု အတိ အကျ သိရတဲ့အခါကျတော့ ကျွန်မ ရှင့်ကို အကြောင်းကြားပါမယ်။ ကဲ၊ သွား ပေတော့။ ခုလိုလာတာ ကျေးဇူးတင်ပါတယ်၊ ပေါ်လီယာနာကလည်း ဝမ်းသာ နေမှာပါပဲ..."
>>>>>××××>>>>>
အပိုင်း၂၅ဆက်ပါဦးမည်။
*** ပေါ်လီယာနာ ***
ထင်လင်း
အပိုင်း-၂၅
________________
မတင်မကျ ရင်တမမ
ဂျွန်ပင်ဒယ်လ်တန် ဟယ်ရင်တန်အိမ်ကြီးသို့ လာသည် နေ့ နောက် တစ်ရက်က ဒေါ် ပေါ်လီသည် ပေါ်လီယာနာအား အထူးကုဆရာဝန် ရောက် လာမည် အကြောင်းကို ကြိုပြောထားရန် တာဝန်ကို သူကိုယ်တိုင် ယူလိုက်သည်။
“သမီးလေး ပေါ်လီယာနာရေ၊ သမီးလေး မြန်မြန် နေကောင်း အောင်လေ။ ဒေါက်တာဝါးရင်းအပြင် အကြံဉာဏ်ပေးဖို့ တခြားဆရာဝန် တစ်ယောက်ခေါ်ဖို့ ဆုံးဖြတ်ထားတယ်လေ”
ပေါ်လီယာနာ၏မျက်နှာပေါ်တွင် ပျော်ရွှင်သွားသည် အရိပ် အရောင်များ ပေါ်လာကာ…
“ဒေါက်တာချစ်လတန်ပေါ့ အန်တီပေါ်လီ ဟုတ်လား။ သမီးလေ ဒေါက်တာချစ်လတန်ကို သိပ် ခေါ်ချင်တာပဲ။ တစ်ချိန်လုံး သူ့ကို့ပဲ မျှော်နေ တာပေါ့။ ဒါပေမယ့် အန်တီက တစ်နေ့က လေသာပြတင်းကနေ သူမြင်သွား ဆောကို စိတ်ဆိုးလို့ သူ့ကို မလိုချင်ဘူး မဟုတ်လား။ သမီးကလည်း ဒါကြောင့် ဘာမှ မပြောချင်တာ။ အခု အန်တီကိုက သူ့ကို လိုချင်တယ်ဆိုတော့ သမီးက သိပ် ဝမ်းသာတာပေါ့” ဟု ပြောလေရာ၊ အန်တီပေါ်လီ၏မျက်နှာမှာ တစ် လှည် နီတစ်လှည် နှင့် နေရခက်လျက် ရှိသော်လည်း သူ စကားပြောသောအခါ ခပ်ပေါ့ပေါ့ ခပ်ရွှင်ရွှင်ပင် ပြောရန် အားထုတ်နေကြောင်း သိသာလှပေသည်။
“အို မဟုတ်ဘူး သမီးလေးရဲ့။ အန်တီပေါ်လီပြောတာ ဒေါက်တာ ချစ်လတန် မဟုတ်ဘူးလေ။ ဆရာဝန်အသစ်လေ။ သိပ် နာမည်ကျော်တဲ့ နယူးယောက်က ဆရာဝန်၊ သမီးမှာ ဖြစ်တာမျိုးတွေကို အများကြီးသိတဲ့ဆရာဝန်”
ပေါ်လီယာနာ မျက်နှာညှိုးသွားသည်။
“ဒေါက်တာချစ်လတန်သိတာရဲ့ တစ်ဝက်တောင် မသိပါဘူး ထင်ပါတယ်"
“သိပါတယ် သမီးလေးရဲ့။ သူ သိပါတယ်”
"မစ္စတာပင်ဒယ်လ်တန် ခြေကျိုးတုန်းက ကုတာက ဒေါက်တာ ချစ်လတန်ပဲ အန်တီပေါ်လီရဲ့။ အန်တို့မှာ သိပ် ကိစ္စမရှိဘူးဆိုရင် သမီးအား ဒေါက်တာချစ်လတန်ကို ခေါ်ချင်တယ် အန်တီ။ သမီး တကယ်ခေါ်ချင်တာ
ဒေါ်ပေါ်လီ စိတ်မသက်မသာ မျက်နှာနီမြန်းလာက အတန်ကြာ အောင် စကားမပြောဘဲ နေပြီးမှ တင်းမာပြတ်သားနေကျ သူ့နဂိုအသံကို ချိုသာနိုင်သမျှ ချိုသာအောင် ပြုလျက် “အန်တီမှာ ကိစ္စရှိတယ် သမီးလေး သိပ်ရှိတယ်။ သမီးကလေးအတွက်ဆိုရင် အန်တီ ဘာမဆို လုပ်ပေးမယ် ဒါ ကတော့ အန်တီ အနုမပြောချင်သေးတဲ့ အကြောင်းကြောင့် ဒေါက်တာ ချစ်လတန်ကို ဒီကိစ္စအတွက် မပင့်ချင်ဘူး။ အန်တီပြောရင် ယုံပါ၊ အခု နက်ဖြန် နယူးယောက်က ရောက်လာမယ့် ဆရာဝန်ကြီးထက် သမီးရဲ့ အနာအကြောင်း သူ ဘာမှ ပို မသိနိုင်ပါဘူးကွယ်” ဟု ရှင်းပြသော်လည်း ပေါ်လီယာနာက သဘောမပေါက်သေး။
“သို့ပေမယ့် အန်တီပေါ်လီ။ အန်တီ ဒေါက်တာချစ်လတန်ကို ချစ်ရင်” .
"ပေါ်လီယာနာ ဘာတွေ ပြောနေတာလဲ”
ဒေါ်ပေါ် လီ၏အသံမှာ တင်းမာပြီး သူ၏ မျက်နှာလည်း “နီရဲနေ လေသည်။
“ဒီလိုပါ။ အန်တီ ဒေါက်တာချစ်လတန်ကို ချစ်ပြီး တခြား ဆရာဝန် ကို မချစ်ဘူးဆိုရင် ဆေးကုသတဲ့အခါ ထိရောက်မှုလည်း ကွာခြားမှာပဲ ထင် တယ်။ သမီးက ဒေါက်တာချစ်လတန်ကို ချစ်တယ်”
ထိုအခိုက် သူနာပြုဆရာမ ဝင်လာသဖြင့် အန်တီပေါ်လီမှာ စိတ် သက်သာရာ ရသွားကာ ရုတ်တရက် ထိုင်ရာမှ ထလိုက်၏။
“အန်တီ စိတ်မကောင်းပါဘူး ပေါ်လီယာနာ။ ဒါပေမယ့် ဒီတစ်ခါတော့ အန်တီအဆုံးအဖြတ်ကို လက်ခံရလိမ့်မယ် ထင်တယ်။ ပြီးတော့ စီစဉ် ပြီးသားလည်း ဖြစ်နေပြီ။ နယူးယောက်က ဆရာဝန် နက်ဖြန်ပဲ ရောက်လာ တော့မယ်လေ”
သို့သော် နက်ဖြန်တွင် နယူးယောက်မှ ဆရာဝန်သည် ရောက်လာ ချေ။ နောက်ဆုံးအချိန်တွင်မှ အထူးကုဆရာဝန်ကြီး ကိုယ်တိုင် များနေ၍ မလွှဲမရှောင်သာ နှောင့်နှေးနေရကြောင်း ကြေးနန် ရောက်လာသည်။ ဤတွင် ပေါ်လီယာနာသည် ဒေါက်တာချစ်လတန်အာ ပင့်ခေါ်ရန် ထပ်မံ
တောင်းပန်ရန် အကြောင်းပေါ်လာသည်။ ယခုဆိုလျှင် လွယ်နေပြီ မဟုတ် လား။ သို့ရာတွင် ယခင်အတိုင်းပင် ဒေါ်ပေါ်လီသည် ခေါင်းကိုသာ အတွင်ယမ်းကာ “မပင့်နိုင်ဘူး သမီးလေးရယ်” ဟုသာ ပြတ်ပြတ်သားသား ဆိုလိုက်ပြီး ဒေါက်တာချစ်လတန်ကို ပင့်ခေါ်ဖို့မှတစ်ပါး အခြား ဘာမဆို သမီးကလေး ပေါ်လီယာနာ စိတ်ချမ်းသာဖို့ဆိုလျှင် လုပ်ပေးပါမည်ဟု ကတိ ပေးရပြန်သည်။ ။
ဤသို့လျှင် စောင့်ဆိုင်းရသောနေ့များ တစ်နေ့ပြီး တစ်နေ့ ကုန် လွန်ခဲ့သည်။ အန်တီပေါ်လီလည်း သမီးကလေး ပေါ်လီယာနာ စိတ်ချမ်းသာ ဖို့ဆိုလျှင် ထိုကိစ္စမှ လွဲ၍ ဘာမဆို လုပ်ပေးနေရဟန် တူပေသည်။
နန်စီက တစ်နံနက်တွင် အဘိုးကြီးတွမ်အား…
“ကျွန်မဖြင့် ယုံတောင် မယုံပါဘူး၊ ဘယ်လို ပြောလို့မှ မယုံပါဘူး ကလေးအနားက တရစ်ဝဲဝဲနဲ့ တစ်ခုပြီးတစ်ခု လုပ်ပေးနေတာပဲ။ မိနစ်မယ် ပါဘူး။ အရင် တစ်ပတ်လောက်ကများ ငတို့ င၀တို့ ဆိုရင် ဘယ်နည်းနဲ့ အပေါ်တက်ခွင့် မပေးတဲ့မမ။ ခုဆို ပေါ်လီယာနာ ပျော်ဖို့ဆိုပြီး အိပ်ရာထဲ ကျွမ်းပစ်ဆော့နေတာတောင် ဘာမှ မပြောတော့ဘူး” ဟူ၍ လည်းကောင်း
“ဘာမှ လုပ်မနေရင်လည်း အခန်းထဲရှိသမျှ ပြတင်းပေါက် တစ်ခုပြီး | တစ်ခု လှည့်ပြီး ဖန်တုံးကလေးတွေ ပြင်ချိတ်၊ ဒါကလေးတွေက သက်တန့် စင်းကလေးတွေ တလှုပ်လှုပ် က,အောင် လုပ်တယ်လို့ ကလေးက ပြောတာ ကိုး။ ပြီးတော့ ဟိုကဒီက ပို့ကြတဲ့ ပန်းစည်းတွေအပြင် ကင်မိုသီကို တစ် သုံးခါ ပန်းဆိုင် သွားပြီး လတ်လတ်ဆတ်ဆတ် ပန်းတွေ အဝယ်ခိုင်း။ တစ် ကများ ကလေးရဲ့ ခုတင်နားမှာထိုင်ပြီး သူနာပြုဆရာမက သူ့ဆံပင်ပြီး ကလေးက အိပ်ရာထဲကနေပြီး ဟိုဟာ ဟိုလိုလုပ်၊ ဒီဟာ ဒီလို လုပ်နဲ့ လက်ဦး ထိုးခိုင်းလို့ ပျော်လို့။ တကယ်ပါပဲ ရှင်။ အခုတော့ သမီးကလေး ကျေနပ်ပါ စေတော့ဆိုပြီး ဒေါ်ဒေါ်လီ ဆံပင်ကို အဲသလိုချည်း ပြီးထားတော့တာပဲလေ တူ၍ လည်းကောင်း တအံ့တသြ ပြောပြနေလေ၏။
အဘိုးကြီးက ခပ်အေးအေး ရယ်လိုက်ပြီး…
“အဲ၊ ဟဲ။ မပေါ်လီလည်း အဲသလို ဆံပင်ခွေတွေ ဘာတွေ န ချထားတော့ မဆိုးဘူးဟဲ့” ဟု မှတ်ချက်ချ၏။
“နန်စီက “ဆိုးမှ မဆိုးတာပဲတော်။ မဆိုးဘူးပေါ့။ အခုတော့ လူနဲ့ သူနဲ့ တူလာပါပြီတော့” ဟု ပြန်လည်ချေပသည်။ ။
“နင် နော် နင်။နန်စီ။ ငါက မပေါ်လီ ချောပါတယ် ဆိုတုန်းက နင် ပြောတာ မှတ်မိသေးရဲ့လား” ဟု အဘိုးအိုက ပြုံးလျက်ဆိုသည်။ နန်စီက | ပခုံးချီလိုက်၏။
“ချောတာကတော့ မချောဘူး ထားပါ၊ ဒါပေမယ့် အရင်ကနဲ့ မတူ တော့တာကတော့ ဟုတ်ပါတယ်ရှင်။ ပေါ်လီယာနာ ဝတ်စေချင်လို့ ဝတ်ထား ရတာထက် ဖဲပြားတွေ ဇာတွေ ဘာတွေနဲ့ ဆိုတော့လေ”
“ငါ နင့်ကို ပြောသားပဲ။ သူဟာ အသက်သိပ်ကြီးသေးတာ မဟုတ် . ဘူးဟဲ့”
နန်စီက ရယ်လိုက်ပြီး “အင်းပေါ့လေ။ ပေါ်လီယာနာ မရောက်ခင် ကလို အသက်ကြီးယောင် ဆောင်တာတော့ဖြင့် သိပ် မတူတော့ဘူး ဆိုရမှာ ပေါ့။ နေပါဦး မစ္စတာတွမ်ရဲ့။ သူ့ချစ်သူက ဘယ်သူလဲ။ ကျွန်မ မသိရသေးဘူး။ တကယ် တကယ်ပါ” ဟု မေးလိုက်၏။
“မသိသေးဘူးလား ဟ” ဟု အဘိုးကြီးက ကြောင်စီစီပြုံးပြလိုက်ပြီး “အေး။ နင် ငါ့ဆီကတော့ မသိရဘူး မှတ်” ဟု ဆိုလိုက်၏။
“ဪ၊ ။ မစ္စတာတွမ်ကလည်း လုပ်ရော့မယ်။ ဒီမှာ ဒီမှာ ကျွန်မ မေးလို့ ရတဲ့လူက များများမှ မရှိတာ။ ရှင် မပြော ဘယ်သူ ပြောမလဲ”
“ငါကတော့ မပြောရေးချ မပြောဗျာ” ဟု ရယ်ရင်း ပြောရာမှ ရုတ်တရက် မျက်နှာတည်တည် ထားလိုက်ကာ
“ဒီနေ့ ကလေးမ ဘယ့်နှယ်နေသလဲဟေ့” ဟု မေးလိုက်၏။ သို့ နန်စီလည်း မျက်နှာတည်တည်ဖြစ်သွားကာ ခေါင်းကို ယမ်းပြပြီး…
“ဒီလိုပါပဲ မစ္စတာတွမ်ရယ် ကျွန်မ သိသလောက်ပြောရရင်တော့ ဘာမှ မထူးခြားပါဘူး ထင်တယ်။ သူ့ခမျာ ဒီလိုပဲ ပက်လက်က အိပ်လိုက်၊ စကားပြောလိုက်၊ ပြုံးပြလိုက်၊ နေဝင်တော့ လထွက်လာတာကို “ဝမ်းသာလိုက်။ အဲသလို ဟာတွေပေါ့လေ။ ကြာတော့ ကြားရတဲ့လူမှာ ရင်နာရတော့တာ ဟု ပြောသည်။
အဘိုးကြီးက ခေါင်းညိတ်ကာ “ အေး။ အဲဒါ ဝမ်းသာတမ်း ကစားတာတဲ့ ဟဲ။ ကလေးက စိတ်နှလုံးကလေး ကောင်းရှာတယ်ကွယ်။ ဘုရား မ,ပါစေ” ဟု ဆိုလိုက်၏။
“ဒီကစားနည်း အကြောင်း သူက ပြောပြတယ်ပေါ့။ ဟုတ်လား၊
“အေးလေး ကြာလှပြီ” ဟု ဆိုကာ ခေတ္တမျှ စဉ်းစားနေပြီး ပြုံးယောင် ပြုကာ တစ်နေ့တော့ ငါက ခါးကုန်းနေတာကို ညည်းမိတာနဲ့ ကလေးမက ဘာပြောတယ် မှတ်လဲ” ဟု မေးသည်။
“သိပေါင် တော်။ ခါးကုန်းတာကိုတော့ သူ ဝမ်းသာစရာ ရှာရမယ် မထင်ပါဘူး”
“ရတယ် ရတယ်။ အမယ်၊ သူက ငါ ခါးကုန်းနေတဲ့အတွက် မြက်ပေါက်တဲ့အခါ ခါးတစ်ဝက် ကုန်းပြီးသားဖြစ်နေလို့ သိပ် အားစိုက်ပြီး ကုန်းဖို့ မလိုတော့ဘူး ဆိုတာကို ဝမ်းသာရမတဲ့” .
နန်စီက စဉ်းစဉ်းစားစား ရယ်လိုက်ပြီး…
“ဟုတ်မှာပါပဲ။ မအံ့သြတော့ပါဘူး။ သူ့မှာ တစ်ခုခုတော့ ဝမ်းသာ စရာ ရှိတာချည်းပါပဲ။ ဒီကစားနည်းကို ကျွန်မတို့ ကစားလာတာ ကြာပြီလေး။ သူ ရောက်စကပဲ။ အစက သူ့မှာ ကစားဖို့ တခြားအဖော်မှ မရှိတာပဲ။ ကျွန်မတစ်ယောက်ပဲ ရှိတာ မဟုတ်လား၊ သူ့အဒေါ်ကိုတော့ သူ ပြောတော့ ပြောတယ်” ဟု ဆိုလိုက်၏။
“ မပေါ်လီလား ဟယ်”
နန်စီက ရယ်လိုက်ပြီး “ကျွန်မတို့မမ အကြီးအကျယ် စိတ်ပြောင်း လာတာကို ကျွန်မတို့ သိသလို ရှင်သိမယ် မထင်ဘူး” ဟု ပြောသဖြင့် အကျိုး ကြီးတွမ်က ခေါင်းကို ဆတ်ခနဲထောင်ကာ
“ဒီကစားနည်း သူ့ကိုပြောရင် အံ့သြနေမှာပဲလို့ တွေးနေလို့ပါဟယ် ဟု ခပ်တည်တည် ရှင်းပြနေ၏။
“ဟိုတုန်းကတော့ ဟုတ်မှာပေါ့တော်။ ဒါပေမယ့် အခုတော့ အဲကို ဟုတ်မယ် မထင်ဘူး။ မမက ဘာမဆို လုပ်မယ်ဆိုတာ ယုံတယ်။ ဒီကစားနည်း သူကိုယ်တိုင်တောင် ဝင်ကစားချင် ကစားဦးမယ်” . . “ကလေးမက သူ့ကို ပြောမပြဖူးသေးဘူးလား။ တခြားလူတွေ တော့ အားလုံး ပြောတာပဲ ထင်တယ်။ အခု သူ ဒဏ်ရာ ရကတည်းက လူ ဟာ နေရာတကာမှာ ဒါပဲ ပြောနေကြတာပဲ” . ။
“ဟုတ်တယ်။ ဒေါ်ဒေါ်လီကိုတော့ ပြော မပြခဲ့ရဘူး။ အရင်းတန် ကတည်းက ပေါ်လီယာနာက ပြောဖူးတယ်။ သူ့အဒေါ်ကို ဒါ ပြောလို့မဖြစ်ဘူးတဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီကစားနည်းက သူ့အဖေ သင်တဲ့ ကစားနည်း၊ ဒီ ကစားနည်းအကြောင်းပြောရင် ‘သူ့အဖေအကြောင်းလည်း
ပြောရမှာသူ့အဒေါ်က သူ့ရှေ့မှာ သူ့အဖေအကြောင်းပြောတာ မကြိုက် လို့ တဲ့ရှင်"
“ဪ၊ သော် ဒီလိုလား” ဟု အဘိုးအိုက ခေါင်းတညိတ်နှင့် ။ ဆိုလိုက် “သူတို့ အစ်မ မဂျင်နီကို သူတို့ ဆီက ခိုးပြေးရမလားဆိုပြီး အဲဒီ သင်းအုပ်ငနဲကလေးကို သိပ် မုန်းကြတာကိုး။ အားလုံးပဲ၊ မပေါ်လီ ကလည်း အငယ်ပေမယ့် သူက မဂျင်နီကို သိပ်ချစ်တော့ သူကလည်း ခွင့်မလွှတ်နိုင်ဘူး။ ဪ၊ အော် ဒီလိုတဲ့လား။ အင်း၊ မကောင်းကြပါဘူး ကွယ်”ဟု ညည်းညည်းညူညူဆိုတာ တစ်ဘက်သို့ လှည် သွားသည်။
နန်စီကလည်း သက်ပြင်းချကာ “ဟုတ်ပါရဲ့ ရှင်။အားလုံးပါပဲ။ ကောင်းလိုက်ကြတာ” ဟု ပြောရင်း မီးဖိုဘက်သို့ပြန်သွားလေ၏။
မတင်မကျနှင့် ရင်တမမ နေသော ဤရက်များတွင် မည်သူမျှ စိတ် | ချမ်းသာချေ။ သူနာပြုဆရာမကလေးကလည်း ရွှင်ပျဟန် ဆောင်ထားရသော်လည်း သူ့မျက်လုံးများက စိုးရိမ်ဟန် ပြနေသည်။ ဆရာဝန်မှာလည်း ရှိ ထိသိသာသာ ထိတ်လန့်လျက် စိတ်မရှည်နိုင်အောင် ဖြစ်နေ၏။ ဒေါ်ပေါ်လီ က စကား နည်းလှ၏ သူ့မှာ ဇာအင်္ကျီများ ဆံနုဆံယဉ်ကလေးများနှင့် ဆင် မြင်ထားသော်လည်း ညှိုးကော်ပိန်ချုံးသွားသည်ကိုမူကား ဖုံးကွယ်ထား၍ မရ။
ပေါ်လီယာနာအဖို့မှာ သူသည် ခွေးကလေးကို ပွတ်လိုက်၊ ကြောင်လေးကို သပ်လိုက်၊ ပန်းများကို ချီးမွမ်းလိုက်၊ ပို့လာသော အစားအစာများကို စားလိုက်နှင့်ပင် သူ့အိပ်ရာဘေးသို့ရောက်လာသော မရေတွက်နိုင်သော
စာ မြန်းစာ၊ မေတ္တာပို့ စာများကို ရွှင်ပျစွာပြန်ကြားနိုင်ခဲ့သော်လည်း မှာ ဖြူးလျော့ ညှိုးနွမ်းလျက် ရှိသည်။ သူ့လက်ကလေးက မနားမနေ အလုပ် လုပ်လျက် ရှိသည်ကပင်လျှင် တစ်ချိန်က တတောက်တောက်နှင့် သွား၍ချည်း
နေခဲ့သော ခြေကလေးနှစ်ချောင်းသည် ယခုအခါတွင် စောင်အောက်၌ လှုပ်မယှက် ဖြစ်နေရှာကြပါလား ဆိုသည် အချက်ကို ပိုမို ပေါ်လွင်စေသကဲ့ ' ရှိ၏။
ကစားနည်းကိုမူကား ပေါ်လီယာနာက နန်စီအား သူ ကျောင်းသွားနိုင်မည် အချိန်၊ မစ္စက်စနိုးထံ အလည်သွားနိုင်မည့် အချိန်၊ မစ္စတာ ပင်ဒယ်လ်တန်ထံ အလည်သွားနိုင်မည် အချိန်၊ ဒေါက်တာချစ်လတန်နှင့် မြင်းရထား လိုက်စီးနိုင်မည့်အချိန်တို့ကို မျှော်မှန်းကာ သူ မည်မျှ ဝမ်းသာ ရကြောင်းကို ပြောပြောနေတတ်သော်လည်း သူ၏ဝမ်းသာမှုမှာ လက်ငင်း အခြေအနေအရ မဟုတ်။ နောင်မှသာ ဖြစ်မည်ကို တွေးမိပုံ မပေါ်။ သို့ရာတွင် ဤအဖြစ်ကို တွေးမိသော နန်စီမှာကား ကွယ်ရာတွင် သူတစ်ယောက်တည်း ကြိတ်၍ ငိုမိရှာလေသည်။
>>>>>±±±±>>>>>>အပိုင်း၂၆ဆက်ပါဦးမည်။
*** ပေါ်လီယာနာ ***
ထင်လင်း
အပိုင်း-၂၆
________________
ပွင့်နေသောတံခါး
အထူးကုပါရဂူ ဒေါက်တာမိဒ်သည် လာမည်ဆိုသည် ပထမရက် ချိန်း၏ နောက်တစ်ပတ်အကြာတွင် ရောက်လာလေသည်။ သူသည် အလုပ် မြင့်မြင့် ရင်အုပ်ကျယ်ကျယ် ကြင်နာတတ်သော“မျက်လုံးများနှင့် ရွှင်ပြသော အပြားရှိသူဖြစ်၏။ ပေါ်လီယာနာက သူ့ကိုမြင်လျှင်မြင်ချင် ခင်မင်သွားကာ ထိုအကြောင်းကိုလည်း ပြောလိုက်၏။
“ဦးဦးက သမီးရဲ့ ဆရာဝန်နဲ့ တူတယ် သိလား...” ဟု ချစ်စဖွယ် ပြောလိုက်တော့၊ ဒေါက်တာမိဒ်က ခပ်လှမ်းလှမ်းတွင် သူနာပြုဆရာမနှင့် စကားပြောနေသော ဒေါက်တာဝါးရင်းအား လှမ်းကြည့်လိုက်ပြီး -
“သမီးရဲ့ ဆရာဝန် ဟုတ်လား” ဟု တအံ့တဩ ဆိုလိုက်မိ၏။
ဒေါက်တာဝါးရင်းမှာ လူခပ်သေးသေး မျက်လုံးညိုကလေးများနှင့် မုတ်ဆိတ်မွေး ခပ်ချွန်ချွန် ရှိသူဖြစ်၏။ . ပေါ်လီယာနာက သုဘာကြောင့် အံ့ဩသည်ကို ရိပ်မိကာ -
“အို ... ဒါက သမီးရဲ့ ဆရာဝန် မဟုတ်ဘူးလေ။ ဒေါက်တာ ဝါးရင်းက အန်တီပေါ်လီရဲ့ ဆရာဝန်ပဲ။ သမီးရဲ့ ဆရာဝန်က ဒေါက်တာ ချစ်လတန်တဲ့ ..." ဟုပြုံးရင်း ပြောပြလိုက်သည်။
“ဪ... ဪ..." ဟု ဒေါက်တာမိဒ်က ဆိုလိုက်သည်။ သူ၏ မျက်လုံးများမှာ ဒေါ်ပေါ်လီအား စိုက်ကြည်နေသဖြင့် ဒေါ်ဒေါ်လီလည်း - မျက်နှာနီမြန်းကာ တစ်ဘက်သို့ လျင်မြန်စွာ လှည် ပစ်လိုက်ရ၏။
ပေါ်လီယာနာက ခဏမျှ ရပ်နားကာ ... “ဟုတ်တယ်။ သမီးက တစ်ချိန်လုံး ဒေါက်တာ ချစ်လတန်ကိုပဲ ပင့်ချင်နေတယ်။ အန်တီပေါ်လီ ကတော့ ဦးဦးကိုပဲ ကြိုက်တယ် သိလား။ ဦးဦးက ဒေါက်တာချစ်လတန်ထက် တော်တယ်လို့လည်း ပြောတယ်။ သမီးလို ခြေကျိုးတာတွေ ဘာတွေနဲ့ ဆိုရင်ပေါ့ လေ။ ဒါဟုတ်ရင်တော့ သမီးလည်း ဝမ်းသာနိုင်ပါတယ်လေ... ”ဟု က်ပြောသည်။
ဆရာဝန်မျက်နှာ မသိမသာ ပျက်သွားသော်လည်း ပေါ်လီယာနာ နားမလည်ချေ။
“စောင့်ကြည် ရမှာပဲ ကလေးမရယ်” ဟု ညင်သာစွာ ပြောပြီး အိပ်ရာ ဘေးသို့ ရောက်လာသော ဒေါက်တာဝါးရင်းအား တည်ငြိမ်သောမျက်နှာဖြင့် လှမ်းကြည့် လိုက်လေ၏။ . .
နောက်မှ ပြန်ပြောကြတော့ ကြောင် ကြောင့်ဖြစ်သည် ဆိုသည်။ ကြောင်ကလေး ငပွသာ ပေါ်လီယာနာ၏ အခန်းက မင်းတုံးချမထားသော တံခါးကို နှုတ်သီးဖြင့် လည်းကောင်း၊ လက်ဖြင့် လည်းကောင်း တွန်း၍ တွန်း၍ မဖွင့်ခဲ့ပါလျှင် တံခါးသည် တစ်ပေခန့် ဟု.သွားအောင် ပွင့်စရာအကြောင်း မရှိ၊ တံခါးသာ ဤသို့ပွင့်မသွားခဲ့လျှင်လည်း သူ့အဒေါ် ဘာပြောသည်ကို ပေါ်လီယာနာ ကြားသွားစရာအကြောင်း မရှိ။ - အခန်းအပြင်ဘက်က စင်္ကြံတွင် ဆရာဝန်နှစ်ယောက်၊ သူနာပြု ဆရာမနှင့် ဒေါ်ပေါ်လီတို့ ရပ် စကားပြောနေကြသည်။ ပေါ်လီယာနာ၏ အခန်းတွင်း၌ကား ကြောင်ကလေးငပွသည် ဝမ်းသာရွှင်မြူးစွာ အိပ်ရာပေါ်သို့ ခုန်တက်လိုက်သည်။ ဤအချိန်တွင် ပွင့်နေသော တံခါးမှ ပြတ်သားပီသစွာ
ကြားလိုက်ရသည်ကား ဒေါ်ပေါ်လီ၏ အထိတ်တလန့် ပြောလိုက်သည် စကားဖြစ်၏။
“ဟင်၊ ဒေါက်တာ ကလေး... ကလေး၊ ဘယ်တော့မှလမ်း လမ်း မလျှောက်နိုင်တော့ဘူး။ ဟုတ်လား”
ဤတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ရှေးဦးစွာ အခန်းထဲ “အန်တီပေါ်လီ။ အန်တီပေါ်လီ” ဟု အလန့်တကြား ခေါ်လိုက်သည့် ပေါ်လီယာနာ၏အသံကြား၍ နောက်လှည့်ကြည်လိုက်တော့ ပွင့်နေသော တံခါး မြင်သဖြင့် ပြောလိုက်သည် စကားများကို ပေါ်လီယာနာ ကြားသွားပြီ | သိသည်နှင့် ဒေါ်ဒေါ်လီမှာ တစ်သက်နှင့်တစ်ကိုယ် မကြုံစဖူး မိုက်ခနဲ
သွားကာ မူးမေ့ လဲကျသွားလေတော့၏။သူနာပြုဆရာမကလေးက အလန့်တကြားပင် “သူ ကြားသွားပြီ ဆိုကာ ပွင့်နေသော တံခါးဆီသို့ အတိုက်တိုက် အခိုက်ခိုက်ဖြင့် ပြေးသွား ဆရာဝန်နှစ်ယောက် ဒေါ်ပေါ်လီနှင့် နေခဲ့ရသည်။ ဒေါ်ပေါ်လီ လဲကျတော့ ဖမ်းပွေ့လိုက်ရသူမှာ ဒေါက်တာမိဒ် ဖြစ်ပြီး ဒေါက်တာဝါးရင်းမှာ လုပ်ရမှန်းမသိဘဲ ရပ်ကြည်မိ၏။ နောက်တစ်ကြိမ် ပေါ်လီယာနာ - အဒေါ်ကို အော်၍ ခေါ်လိုက်မှ သူနာပြုဆရာမလည်း တံခါးကိုပိတ်ရန်သတိရပြီး ဆရာဝန်နှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက် လှမ်း ကြည် က ဒေါက်တာမိဒ်လက်ထဲ၌ မေ့မျောနေသော ဒေါ်ပေါ်လီအား သတိ ပြန်လည်လာစေရန် ပျာပျားသလဲ အားထုတ်ဖို့ သတိရကြတော့၏။
ပေါ်လီယာနာ၏ အခန်းတွင်း၌ကား ကြောင်ပြာကလေး ငပွေသည် ပေါ်လီယာနာ အိပ်ရာပေါ်တွင် ရောက်လျက်ရှိသော်လည်း ပေါ်လီယာနာက သူ့ကို သတိမရနိုင်ဘဲ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်လျက် မျက်လုံးများ ပြုကာ “မစ္စ .. ဟန့်။ အန်တီပေါ်လီကို ခေါ်ပေးပါ။အခုချက်ချင်း ခေါ်ပေးပါ။ မြန်မြန်” ဟု အော်လျက် ရှိ၏။ မစ္စဟန့်သည် တံခါးကို ပိတ် ထားခဲ့ပြီး အပြေးကလေး လာခဲ့သည်။ သူ၏မျက်နှာမှာလည်း သွေးမရှိတော့။
“အန်တီပေါ်လီ။ အခု၊ အခု လာလို့ မရသေးဘူး ကလေးရယ်။ တော်ကြာတော့ လာ. လာမှာပေါ့း၊ သမီး ဘာ ဘာလိုချင်လဲ။ ဒေါ်လေး ယူပေးမယ်လေ”
ပေါ်လီယာနာက ခေါင်းယမ်းလျက် “ဟင်အင်း၊ ဟင်အင်း။ အန်တီ ပေါ်လီ ခုနက ပြောတာကို သိချင်တယ်။ ဒေါ်လေး ကားလိုက်တယ် မဟုတ် လား။ အန်တီပေါ်လီကိုသာ ခေါ်ပေးပါ။ သူ ခုနက တစ်ခုခုပြောပါတယ်။ အဲဒါ အန်တီပေါ်လီပါးစပ်က မဟုတ်ဘူးလို့ ပြောစေချင်လို့ပါ" ဟုသာ အတွင် ပြောနေလေတော့ရာ သူနာပြုဆရာမကလေးမှာ ဘာပြောရမှန်းမသိ ဖြစ်နေတော့၏။
သူ့မျက်နှာ အမူအရာကို မြင်တော့ ပေါ်လီယာနာမှာ ပိုမို ထိတ်လန့် လာပြီး“ဒေါ်လေးမစ္စဟန့်။ ခုန အန်တီပေါ်လီ ပြောလိုက်တာ ကြားတယ်” နော်။ အဲဒါ မဟုတ်ဘူး၊ မဟုတ်ဘူး သမီး သမီး ဘယ်တော့မှ လမ်း လျှောက်နိုင်တော့ဘူးလို့ ပြောတာ မဟုတ်ဘူးနော်” ဟု သနားစဖွယ် ၊ အော်ဟစ်နေလေသည် ။
“အို၊ အို၊ သမီးလေး မငိုနဲ့လေ။ ဆရာဝန်က မသိလို့ ပြောတာ - ဖြစ်ပါလိမ့်မယ်။ သူ မှားတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တာတွေကတော့ အများကြီးပါ ကလေးရယ်"
“ဒါပေမယ့် အန်တီပေါ်လီက ပြောတော့ ဒီဆရာဝန် သယ်တဲ့။ ကာ သမီးလို ခြေကျိုးတာတွေဆိုရင် တခြားလူတွေထက်တောင် ပို သိတာပါတဲ့”
“ဟုတ်ပါတယ် ကလေးရယ်။ ဒါပေမယ့် တစ်ခါတစ်ခါတော့ ဘယ်ဆရာဝန်မဆို မှားတတ်တာပါပဲ။ ဒီအကြောင်း မစဉ်းစားနဲ့တော့ - ကလေး ရယ်နော်။ မစဉ်းစားနဲ့တော့”
ပေါ်လီယာနာက သူ့လက်နှစ်ဖက်ကို ဆန့်ပစ်လိုက်ပြီး“ဒါပေမယ့် ဒါကို မစဉ်းစားဘဲ ဘယ် နေနိုင်ပါ့မလဲ။ သမီးမှာ ဒါပဲ စဉ်းစားစရာ ရှိတော့တာ ဥစ္စာ။ မစ္စဟန့်ရယ် သမီးကျောင်းကို ဘယ်လို သွားရတော့မလား မစ္စတာပင်ဒယ်လ်တန်ကို ဘယ်လို သွားတွေ့ရတော့မလဲ။ မစ္စက်စနိုးဆီ ဘယ်လို သွားလည်ရတော့မလဲ၊ ဘယ်သူ့ဆီမှ သွားလို့ မရတော့ဘူး” ဟု ဆိုကာ သည်း ထန်စွာ ရိုက်၍ ရိုက်၍ ငိုနေရာမှ ထိတ်လန့်စရာအသစ် တွေးမိသလို အဆိုတော် ၍ မျက်လုံးများ ဝိုင်းကာ “အို၊ မစ္စဟန့်ရယ်။ သမီး လမ်းမလျှောက်နိုင်တော့ - ဘူးဆိုရင် ဝမ်းသာစရာကို ဘယ်မှာ ရှာလို့ ရနိုင်ပါတော့မလဲ” ဟု ဆိုတာ ငိုပြန်လေ၏။
မစ္စဟန့်သည် ဤကစားနည်းကို မသိချေ။ သို့သော် ဤအခြေအနေ - မျိုးတွင် လူနာကို ချက်ချင်း ငြိမ်သက်အောင် လုပ်ရမည်ကိုတော့ သိသည်
သူ့မှာ တစ်ချိန်လုံး စိတ်သောကဖြစ်လျက် မရှုရက်မမြင်ရက်ဖြစ်ရင်းက အိပ် ရာဘေးတွင် အိပ်ဆေးမှုန့်ကလေးများ ပြင်ဆင်လျက် ရှိခဲ့၏။
“ကဲ၊ ကဲ သမီးလေး။ ဟောဒါကလေး သောက်လိုက်” ဟု ချော့ မော့မော့ ပြောကာ “ခဏနေ စိတ်ငြိမ်သွားတော့မှ ဘာလုပ်နိုင်လဲဆိုတာ ကြည်ကြမယ်လေ။ ထင်သလောက် ဆိုးမယ် မဟုတ်ပါဘူးကွယ်၊ ဒီလို ဖြစ်တတ် ပါတယ်” ဟု ဆိုကာ ဆေး လာပေး၏။
ပေါ်လီယာနာလည်း မငြင်းမဆန်ပင် ဆေးကို ယူသောက်ပြီး မစ္စဟန့်တိုက်သော ရေကို သောက်လိုက်၏။
“သိပါတယ်လေ၊ အဖေ ပြောလေ့ရှိသလိုပါပဲ” ဟု ဆိုကာ မျက်ရည် စများကို သိမ်းကာ “အဖေက အရာရာတိုင်းမှာ သည်ထက် ပိုဆိုးနိုင်တဲ့ အခြေအနေရှိတာချည်းပဲတဲ့။ ဒါပေမယ့် အဖေဟာ `သူ နောက်ကို ဘယ်တော့မှ ဘယ်တော့မှ လမ်းမလျှောက်နိုင်တော့ဘူး' ဆိုတဲ့ စကားမျိုးကို ကြားဖူးဟန် မတူပါဘူးလေး၊ ဘယ်လို လုပ်ပြီး ဝမ်းသာစရာ ရှိမလဲဟင်။ ဒေါ်လေး ဟင်” ဟု မေးမြန်းရာ
မစ္စတန့် ဘာမှ ပြန်မဖြေ။ စကားပြောရန်ပင် သူ့ကိုယ်သူ စိတ် မချမ်းသာနိင်အောင် ဖြစ်နေလေသည်။
>>>>>±±±±±±>>>>>>
အပိုင်း၂၇ဆက်ပါဦးမည်။
*** ပေါ်လီယာနာ ***
ထင်လင်း
အပိုင်း-၂၇
________________
ဧည့်သည်များ
ဒေါက်တာမိဒ်၏ ဆုံးဖြတ်ချက်ကို ဂျွန်ပင်ဒယ်လ်တန်အား အကြောင်း ကြားရန် စေလွှတ်ခြင်းခံရသူမှ နန်စီ ဖြစ်လေသည်။ ဒေါ်ပေါ်လီက အကြောင်း
ကြားပါမည်ဟု ကတိခံလိုက်သည်ကို သတိရ၍ လွှတ်လိုက်ခြင်းဖြစ်၏။ သူကိုယ်တိုင် သွားရန် သော်လည်းကောင်း၊ စာရေးလိုက်ရန် သော်လည်းကြော် မဖြစ်နိုင်၍ နန်စီကို လွှတ်ခြင်း ဖြစ်၏။
ဤအိမ်ကြီးနှင့် အိမ်ရှင်တို့ကို တွေ့ရဖို့အထူးအခွင့်အရေးရခြင်းကို ယခင်အခါများကဆိုလျှင် နန်စီ ဝမ်းသာမိမည် ဖြစ်သည်။ သို့ရာတွင် နန်စီမှာ ဘာရလို့မှ မပျော်နိုင်လောက်အောင် ရင်လေးလျက် ရှိ၏။ သူသည် ဂျွန်ပင် ဒယ်လ်တန်အလာကို စောင့်ဆိုင်းနေစဉ် မိနစ်အနည်းငယ်၌ပင်လျှင် ပတ်ဝန်း ကျင်ကို လှည်မကြည်မိ။
မစ္စတာပင်ဒယ်လ်တန် ခန်းမထဲ ဝင်လာပြီး အံ့ဩသလို ကြည့်နေ တော့ နန်စီက “ကျွန်မက နန်စီပါရှင်။ ဒေါ်ပေါ်လီဟယ်ရင့်တန်က ပေါ်လီ - ယာနာအကြောင်း ပြောပြဖို့ လွှတ်လိုက်ပါတယ်” ဟု ရိုသေစွာ ပြောပြသည်။
“ကောင်းပြီ။ ပြောပါ" ဟု တိုတိုတောင်းတောင်းပင် ဆိုလိုက်သော် လည်း သူ့ “ကောင်းပြီ” ၏ နောက်ကွယ်တွင် စိုးရိမ်ပူပန်မှုအပြည် ရှိသည် ကို နန်စီ နားလည်လိုက်၏။
“မကောင်းပါဘူး မစ္စတာပင်ဒယ်လ်တန်” ဟု ဆိုကာ တစ်ဆို့နေ သဖြင့် ရပ်ထားရာ၊ မစ္စတာပင်ဒယ်လ်တန်က . ။
“ဟင်၊ ဟင် ဘယ်လို” ဟု ပြောရင်း သူလည်း ရပ်သွား၏။
“ဟုတ်ကဲ့။ ဆရာဝန်က “ကလေးမ လမ်း မလျှောက်နိုင်တော့ဘူးလို့ ပြောပါတယ်”
တစ်ခဏမျှ တစ်ခန်းလုံး ငြိမ်သက်သွား၏။ သူ၏အသံမှာ ကုန်နေ လေသည်။
“ဖြစ်ရလေ ကလေးမရယ်။ ဖြစ်ရလေခြင်းကွယ်”
နန်စီက သူ့အား တစ်ချက် လှမ်းကြည့်လိုက်ပြီး မျက်လွှာ ပြန်ချထာ လိုက်သည်။ ဤမျှ ခက်ထန်မာကျောသော သဘောဆိုးသည် ဂျွန်ပင်ဒယ်လ် တန်လို လူမျိုး၏ မျက်နှာကို ဤသို့ မြင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင် ဘူးချေ။ ခဏကြာ၍ စကားပြောပြန်တော့ သူ့အသံမှာ တိုးလျက် တုန်နေ သည်။ ။
“နေရောင်ထဲမှာ မက,မခုန်ရတော့ဘူးဆိုတာ ရက်စက်လွန်းပါလား။ သက်တန့်ရောင်ထွက်တဲ့ ဖန့်တုံးကလေးရယ်”
ထိုနောက် အတန်ကြာ ငြိမ်သက်နေပြီးမှ ပင်ဒယ်လ်တန်က
“ဒါကို ကလေးမ ကိုယ်တိုင်ကတော့ မသိပါဘူး ထင်ပါရဲ့ နော်” ဟု တ်ထိုး မေးလိုက်၏။
- နန်စီက ရှိုက်ရင်း “သိပါတယ်ရှင်။ ဒါကြောင့် ပိုခက်တာပေါ့။ အဲဒီ သာက်ကမြင်းမ ကြောင်၊ အဲလေ ယောင်လို့ ကန်တော့ အဲဒီ ကြောင်က ခါးကို တွန်းဖွင့်လိုက်လို့ ကလေးက သူတို့ စကားပြောနေတာကို ကြား များတာပေါ့ရှင့်။ ဒါကြောင့် သူ သိသွားတာပေါ့” ဟု ပြောလိုက်၏။
“ဖြစ်ရလေ ကလေးမရယ်။ ဖြစ်ရလေခြင်း”
“ဟုတ်ပါတယ်ရှင်။ သူ့ကို မြင်ရရင် ဒီလိုပဲ ရင်ထုမနာ ဖြစ်ရမှာပါပဲ။ အဲဒါကို သိရပြီးတဲ့နောက် ကျွန်မ သူ့ကို နှစ်ခါပဲ တွေ့ ရပါသေးတယ် ခါစလုံးပဲ ကျွန်မ သိလာခဲ့တာပါပဲ။ ဖြစ်ရတာက လောလောလတ်လတ်ဆို တော့ သူ့မှာ ဘာတွေ ဘာတွေ မလုပ်နိုင်တော့ဘူးဆိုတာကိုပဲ တွေးတွေး မိဟန် တူပါတယ်။ ဝမ်းသာတမ်းလည်း ကစားနိုင်ပုံ မရတော့ပါဘူး။ နဲ့ မစ္စတာပင်ဒယ်လ်တန်၊ ဒီကလေးမရဲ့ ကစားနည်းတော့ သိမယ် မထင်ပါ " ဟု နန်စီက ဖြတ်ပြောတော့ မစ္စတာပင်ဒယ်လ်တန်က
“ဝမ်းသာတမ်း ကစားတယ် ဆိုတာလား။ အင်း၊ အင်း။. သူ ကြာပြလို့ သိပါရဲ့” ဟု ပြောသည်။
“သူပြောပြတယ်၊ ဟုတ်လား။ အင်း။ သူကတော့ လူတိုင်းလိုလိုကို အပြတာပဲ။ ဒါပေမယ့် အခု သူကိုယ်တိုင်ကတော့ မကစားနိုင်ရှာတော့ဘူး ။ အဲဒါ သူ စိတ်အညစ်ဆုံးပေါ့။ သူ့မှာ ဒီ လမ်းမလျှောက်နိုင်တော့တာနဲ့ က်လို့ ဝမ်းသာစရာဆိုလို့ ဘာမှ စဉ်းစားလို့ မရဘူးတဲ့ရှင်”
“အေး။ ဘယ်မှာ ရနိုင်တော့မလဲ” ဟု ပင်ဒယ်လ်တန်က ဒေါသ ပြောလိုက်၏။ နန်စီလည်း စိတ်မသက်မသာဖြင့်ပင် ခြေတကြွကြွဖြစ်နေရာမှ…
“ကျွန်မလည်း အဲသလိုပဲ ထင်တာပဲ။ ဒါပေမယ့် သူ့မှာ ဝမ်းသာစရာ တစ်ခုခု ရနိုင်ရင် ဘယ်လောက် စိတ်သက်သာရှာမလဲ ဆိုပြီးတော့လေ သူ့ကို သတိဖော်ပေးဖို့ စဉ်းစား စဉ်းစား..."
“ဘာကို သတိဖော်ပေးဖို့လဲ” . မစ္စတာ ပြင်ဒယ်လ်သာန်၏ အသံမှာ ဒေါသမပြေသေးသလိုမာကျောဆဲ။
“သူ တခြားလူတွေကို ကစားဖို့ ဘယ်လို တိုက်တွန်းခဲ့တယ်ဆိုတာ ကိုလေ။ မစ္စက်စနိုးတို့ ဘာတို့ပေါ့။ သိလား။ သူတို့ကို ဘာလုပ်ရမယ်ဆိုတာ
ပြောပြတဲ့ စကားတွေပေါ့။ ဒါပေမယ့် ကလေးမက ငိုရုံပဲ ငိုတော့တယ်ရှင် အဖြစ်က တခြားစီနဲ့ တူပါတယ်ရှင်။ တစ်သက်လုံး အိပ်ရာထဲက မထနိုင်တဲ့ လူကို ဘယ်လို ဝမ်းသာရမယ်ဆိုတာ၊ ပြောဖို့ လွယ်ပေမယ့် ကိုယ်ကိုယ်တိုင် တစ်သက်လုံး အိပ်ရာထဲက မထနိုင်တဲ့ လူဖြစ်ပြီး ကြိုးစားရတာကတော့ မလွယ်ဘူးတဲ့ရှင်။ ပြီးတော့လည်း တခြားလူတွေ သူ့လို မဖြစ်တာကို ဝမ်းသာ ဖို့ သူ့ကိုယ်သူ အကြိမ်ကြိမ်ပြောရင်းက တစ်ချိန်လုံးလည်း သူ လမ်းမလျှောက် နိုငတော့ပါလား ဆိုတာကလွဲလို့ တခြား ဘာမှ မတွေးတတ်နိုင်ဘူးတဲ့ရှင်"
နန်စီက ရပ်ထားလိုက်သည် ဂျွန်ပင်ဒယ်လ်တန်က ဘာမျှ ဝင်မ ပြောဘဲ မျက်နှာကို လက်ဖြင့်အုပ်ကာသာ ထိုင်နေလေသည်။ . .
“ကျွန်မ သူပြောသလို ဝမ်းသာစရာရှာရတာ ခက်လေ ပျော်စံရာ ကောင်းလေပဲ ဆိုတာ သတိဖော်ပေးတော့လည်း တကယ်ခက်ပြီဆိုတော့ လည်း ပျော်စရာ မကောင်းပြန်ဘူးတဲ့။ ကဲ ကျွန်မလည်း ပြန်မှပဲ ထင်တယ် ဟု စကားကိုဖြတ်ကာလှည် ထွက်လာခဲ့ပြီး တံခါးဝရောက်မှ ဆုတ်ဆိုင်းဆိုင်း ရပ်ကာ မရဲတရဲပင် “မစ္စတာ ပင်ဒယ်လ်တန်။ ဂျင်မီဘင်းကို တွေ့ပြီးပြီလို့တော့ ကျွန်မ ပေါ်လီယာနာကို ပြောနိုင်မယ် မထင်ပါဘူး” ဟု မေး သဖြင့် ဂျွန်ပင်ဒယ်လ်တန်က “ဘယ်ပြောနိုင်မလဲ။ တွေ့မှ မတွေ့ရသေးတာ” ဟု တိုဆတ်ဆတ်ဖြေကာ “ဘာဖြစ်လို့လဲ” ဟု ဆက်မေးသည်။
' “ဘာမှ မဖြစ်ပါဘူးရှင်။ အဲ.. ဒါ ဒါ.. ဒီကိစ္စက သူ စိတ်မကောင်း ဖြစ်နေတဲ့ ကိစ္စတစ်ခုမို့ပါ။ ကောင်ကလေးကို မစ္စတာပင်ဒယ်ဘန် တွေ့ဖို့ ခေါ်မသွားနိုင်တော့ဘူးဆိုပြီး စိတ်မကောင်းတာပေါ့း၊ တစ်ခါတော့ ခေါ်သွားမှာ ပြီးပြီ ဆိုပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဂျင်မီကလည်း ဘာမှ သဘောတူ
လောက်အောင် အစွမ်းမပြနိုင်ခဲ့တော့ မစ္စတာပင်ဒယ်လ်တန်က သူ့ကို အိမ်သာယာအောင် လုပ်နိုင်တဲ့ကလေးလို့ မထင်မှာ သူ စိုးသတဲ့။ သူ ဘာဆို လိုတယ် ဆိုတာတော့ သိလိမ့်မယ် ထင်ပါတယ်ရှင်” . ။
“အေး၊ အေး။ သိပါတယ်”
“ဟုတ်ကဲ့ရှင်။ အဲဒါ သူက ကောင်လေးကို နောက်တစ်ခေါက် ခေါ် သွားပြီး ချစ်စရာကောင်းပါတယ်ဆိုတာ ပြချင်နေတာ။ အခုတော့ ဘယ် ပြနိုင်တော့မလဲ၊ သောက်ကမြင်းမ မော်တော်ကား။ အဲ အဲ ယောင်လို့ ကန်တော့ရှင်၊ က် သွားတော့မယ်နော်” ဟု ဆိုကာ နန်စီလည်း ပြေးထွက် ခဲ့လေတော့၏။
များမကြာမီပင် နယူးယောက်မှလာသော ဆရာဝန်ကြီးက ပေါ်လီ ယာဝှစ်တီးယားသည် လမ်းလျှောက်နိုင်တော့မည် မဟုတ်ဟု ပြောကြောင်း အဲလဒင်စ်ဗီးလ်တစ်မြို့လုံး သိရှိသွားလေတော့ရာ တစ်ခါမျှ မကြုံဘူးသော တုန်လှုပ်ချောက်ချားမှုမျိုးနှင့် ကြုံကြရလေ၏။ လူမြင်လျှင် ပြုံး၍နှုတ်ဆက် တတ်သော မျက်နှာပေါ်တွင် မှဲ့ခြောက်ကလေးများနှင့် ချစ်စဖွယ်သွက်လက် လှသော ကလေးမအား မြင်လျှင် မသိသူ မရှိသလောက်ဖြစ်ပြီး သူ ကစား နေကျ ဝမ်းသာတမ်းကစားနည်းကိုလည်း မသိသူ မရှိသလောက် ဖြစ်သည်။ ယခုမူ သူတို့မြို့က လမ်းများပေါ်တွင် ဤမျက်နှာကလေးကို မမြင်ရတော့ ဝမ်းသာ၍ အော်ဟစ်လိုက်သော သူ၏ ချိုလွင်ရွှင်ပျသော အသံကကို မကြားရတော့ဘူးဆိုလျှင် မယုံကြည်နိုင်၊ မဖြစ်နိုင်လောက်အောင် အဖြစ်ဆုံး လှချေ၏တကားဟု ထင်ဖွယ် ဖြစ်ရလေသည်။
စဖိုဆောင်များတွင် လည်းကောင်း၊ ဧည်ခန်းများတွင် လည်းကောင်း နောက်ဖေး ဝင်းထရံများကိုကျော်၍ လည်းကောင်း အမျိုးသမီးတို့ သည် ဤ အကြောင်းကို ပြောဆိုကြကုန်၏။ ပွင့်ပွင့်လင်းလင်း ငိုကြွေးကြကုန်၏။ လမ်း
ထောင့်များ၊ လက်ဖက်ရည်ဆိုင်များတွင် အမျိုးသားတို့သည် ဤအကြောင်း ကို ပြောဆိုကြကုန်၏။ ပွင့်ပွင့်လင်းလင်း မဟုတ်သော်လည်း သူတို့လည်း ကြွေးကြရသည်သာ။ သတင်းဆိုး၏ နောက်က ထပ်ကြပ် လိုက်၍လာသော န်စီ၏ပြောပြချက်များကို ကြားကြရတော့လည်း ဤသို့ ပြောကြဆိုကြ ကြွေးကြခြင်းများ လျော့ပါး၍ မသွား။ နန်စီ၏ ပြောပြချက်မှာ ကလေးမည် ကြမ္မာဆိုးနှင့် ရင်ဆိုင်ရရှာသောအခါ သူကစားနေကျ ကစားနည်းကို မကစား
နိုင်တော့သည် အတွက် စိတ် ညစ်ကျလျက်သာ နေရသည်။ ဘာအတွက် မှဝမ်းသာနိုင်တော့ ဟူ၍ပင်ဖြစ်သည်။ .
ဤအချိန်အခါမျိုးတွင် ပေါ်လီယာနာ၏ မိတ်ဆွေများတွင် တစ်နည်း နည်းဖြင့် တူညီသော စိတ်ကူး ဖြစ်မိကြ ဟန်တူသည်။ မည်သို့ပင်ဖြစ်စေ၊ ဝယ်ရင်တန်အိမ်ကြီး၏ သခင်ယုမှာ တစ်ကြိမ်တည်း တစ်ပြိုင်တည်းလိုလိုပင် ည်သည် ရောက်ရောက်လာ၍ အံ့သြရလေသည်။ လာကြသူများတွင် သူ သိသူလည်း ပါသလို မသိသူများလည်း ပါသည်။ ယောက်ျား မိန်းမနှင့် ကလေး များလည်း ပါသည်။ များစွာသော ည် သည်တို့မှာ ပေါ်လီယာနာ သိလိမ့် ည်ဟု ဘယ်နည်းနှင့်မှ မထင်သောသူများဖြစ်နေသည်။ ။
အချို့က အိမ်ထဲ ဝင်လာပြီး ငြိမ်သက်စွာပင် ငါးမိနစ် ဆယ်မိနစ် ထိုင်နေရတတ်ကြ၏။ အချို့ကမူ အိမ်ရှေ့ဆင်ဝင်လှေကားတွင် ခပ်ကြောင်
ကြောင်ပင် ကိုင်ထားသော ဦးထုပ် လက်ပွေ့အိတ် စသည်တို့ကို စိတ်မငြိမ်တိုင်း လက်ပြောင်းကိုင်လျက် ရပ်နေတတ်ကြ၏။ အချို့ စာအုပ်၊ အချို့ ပန်းစည်း၊ အချို့က စားချင့်စဖွယ် အစားအစာ တစ်ခုခု ယူ၍ လာတတ်ကြသည်။ အချို့ က ဝမ်းနည်းပန်းနည်း ငိုကြသည်။ အချို့က လက်ကိုင်ပုဝါနှင့် နှာမှုတ်ကြ၏။ အားလုံးသော သူများသည် ဒဏ်ရာရသောကလေးမ၏ အခြေအနေကို စိုးရိမ်တကြီး မေးကြပြီး အားလုံးကပင် သူတို့ ပြောစရာရှိသော စကားများကို ပြောခဲ့ကြ၏။ ဤစကားများကပင်လျှင် နောက် အတော်ကြာတော့ ဒေါ်ပေါ်လီ အား လှုပ်ရှားလာစေသည်။ ။
ရှေးဦးစွာ လာသူမှာ မစ္စတာဂျွန်ပင်ဒယ်လ်တန်ဖြစ်၍ ယနေ့ သူ ချိုင်းထောက်မပါဘဲ လာသည်။
“ကျုပ် ဘယ်လောက် စိတ်ထိခိုက်သွားတယ် ဆိုတာ ပြောဖို့ လိုမယ် မထင်ပါဘူး။ ဒါပေမယ့် ဘာ... ဘာမှ လုပ်လို့ မရတော့ဘူးတဲ့လား”ဟု မေးသည်။
ဒေါ်ပေါ်လီက စိတ်မချမ်းမသာသော အမူအရာပြလိုက်ပြီး၊
“ကျွန်မတို့လည်း တစ်ချိန်လုံး လုပ်တော့ နေတာပါပဲ။ သ မယ် ထင် တဲ့ ကုနည်းနဲ့ ဆေးဝါးတွေကို ဒေါက်တာမိဒ်က ညွှန်းပေးပါတယ်။ ဒေါက်တာ ဝါးရင်းက သူ့အညွှန်းအတိုင်း တစ်သဝေမတိမ်း ဆောင်ရွက်ပါတယ်။ သို့ -
ပေမယ့် ဒေါက်တာမိဒ်ကတော့ ဘာမျှော်လင့်ချက်မှ မထားပါဘူး” ဟု ပြော ပြသည်။
ဂျွန်ပင်ဒယ်လ်တန်သည် ယခုမှ ရောက်လာသော်လည်း ရုတ်တရက် ပင် ပြန်ထလိုက်သည်။ သူ့မျက်နှာ ဖြူရော်နေပြီး သူ့နှုတ်ခမ်းများကို တင်း နေအောင် စေ့ထားသည်။ - ဒေါ်ပေါ်လီ၏ရှေ့တွင် ဘာကြောင့် ကြာကြာ မနေချင်သည်ကို ဒေါ်ဒေါ်လီ နားလည်ပါသည်။ တံခါးဝတွင် သူက ရပ်ပြီး လှည်ကြည်ကာ
“ပေါ်လီယာနာကို ပြောဖို့ စကားတစ်ခု ပါပါတယ်၊ ပြောပေးပါ။ ကျပ်ဂျင်မီဘင်းကို တွေ့ပြီးပြီလို့။ ဂျင်မီဘင်းဟာ အခုက စပြီး ကျုပ်ရဲ့ ကလေး ဖြစ်တော့မယ်လို့၊ ဂျင်မီဘင်းကို ကျပ်က မွေးစားလိုက်မယ်ဆိုရင် ပေါ်လီယာနာ ဝမ်းသာမယ်လို့ မျှော်လင့်တယ်ဆိုတဲ့အကြောင်း ပြောပေးပါ "
ဒေါ်ဒေါ်လီသည် အံ့အားသင့်သွားသဖြင့် ကိုယ့်ကိစ္စ ဟုတ်သည် မဟုတ်သည်ကို သတိမထားလိုက်မိဘဲ “ရှင်၊ ဂျင်မီဘင်းကို မွေးစားမယ်။ “ ဟုတ်လား” ဟု စပ်စုလိုက်မိသည်။ . "
ဂျွန်ပင်ဒယ်လ်တန်က မျက်နှာကိုမေ့လိုက်ပြီး…
“ဟုတ်တယ်၊ ပေါ်လီယာနာတော့ နားလည်လိမ့်မယ် ထင်ပါတယ် ပြောပြလိုက်ပါ၊ သူ ဝမ်းသာလိမ့်မယ် ထင်ပါတယ်နော်” ဟု ပြော - “ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဝမ်းသာမှာပေါ့” ဟု အထစ်ထစ်အငေါ့တဲ့ | ဆိုလိုက်ရလေ၏။ သည်တော့မှ ဂျွန်ပင်ဒယ်လ်တန်က ဦးညွတ်ပြီး “ကျေးဇူး တင်ပါတယ်” ဟု ဆိုကာ လှည်ထွက်သွားလေတော့သည်။
ဒေါ်ပေါ်လီသည် အခန်း၏ အလယ်တွင်ရပ်ကာ အံ့အားသင့်လက် ငြိမ်သက်စွာ ယခုတင်မှ သူ့ကို နှုတ်ဆက်၍ ထွက်သွားသော ဂျွန်ပင်ဒယ်လ် တန်ကို စိုက်ကြည့်နေလိုက်မိ၏။ သူ၏နားများကိုပင် သူ မယုံကြည်နိုင်
အောင် ဖြစ်ရ၏။ ဂျွန်ပင်ဒယ်လ်တန်က ဂျင်မီဘင်းကို မွေးစားမည်တဲ့လား ချမ်းသာကြွယ်ဝသော၊ လွတ်လပ်သော၊ သုန်မှုန်စွာနေတတ်သော။ ကပ် စေးနည်းသည်ဟု ကျော်ကြားသော အလွန်တရာ အတ္တအားကြီးသော ဗွန် ပင်ဒယ်လ်တန်လိုလူက ဤကဲ့သို့သော ကောင်ကလေးတစ်ယောက်ကို စားမည်တဲ့လား။
အံ့အားသင့်သောမျက်နှာဖြင့်ပင် ဒေါ်ပေါ်လီသည် ပေါ်လီယာနာ အခန်းဆီသို့ တက်လာခဲ့၏။
" ပေါ်လီယာနာရေ၊ မစ္စတာဂျွန်ပင်ဒယ်လ်တန်က မှာသွားတယ် သူ အခုပဲပြန်သွားတယ်လေ သူက သူ ဂျင်မီဘွင်းကို သူ့က်လေးအဖြစ် ယူ လိုက်ပြီဆိုတာ ပြောပေးပါလို့ မှာသွားတယ်လေ။ ဒါကိုသိရင် သမီးလေး ဝမ်းသာမယ် ထင်တယ်တဲ့”
ပေါ်လီယာနာ၏ ညှိုးငယ်သော မျက်နှာကလေးမှာ ရုတ်တရက် ဝင်းလက်၍လာကာ
“ဝမ်းသာရမယ် ဟုတ်လား။ ဟုတ်တယ်။ သမီး ဝမ်းသာပါတယ် လေ။ အို အန်တီပေါ်လီရယ်။ သမီးလေ ဂျင်မီအတွက် နေရာကလေးတစ်ခု သိပ် ရှာပေးချင်တာ၊ အခု နေရာက တကယ် ချစ်စရာ နေရာကလေးပါပဲ။ ပြီးတော့ မစ္စတာပင်ဒယ်လ်တန်အတွက်လည်း သိပ် ဝမ်းသာပါတယ်။ သိလား အန်တီ၊ အခုဆို သူ့အိမ်မှာ ကလေးတစ်ယောက် ရှိနေတော့မှာပဲပေါ့” ဟု ပြောလိုက်၏။
“ဘာ ဘယ်လို”
ပေါ်လီယာနာ မျက်နှာပျက်သွားသည်။ သူ့ကို မစ္စတာပင်ဒယ်လ်တန် က မွေးစားချင်သည်ဆိုသည့် အကြောင်း သူ့အဒေါ် အား တစ်ခါမှ ပြောမပြ ခဲ့ဘူးသည်ကို မေ့နေသည်။ သူတစ်ချိန်က ခဏတာမျှ သူ၏ချစ်သော အန်တီ ပေါ်လီထံမှ ထွက်ခွာသွားရန်စိတ်ကူး ဖြစ်ခဲ့ဖူးသည်ကို ယခု ပြန်လည်ပြောမပြချင်တော့။
“ဒီလိုလေ အန်တီရဲ့။ မစ္စတာပင်ဒယ်လ်တန်က သမီးကို တစ်ခါ ပြောဖူးတယ်လေ သိလား၊ မိန်းမတစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံး ဒါမှမဟုတ် ကလေးတစ်ယောက် ရှိနေမှ ပျော်စရာအိမ် ဖြစ်မယ်လို့ ပြော လို့။ အခု သူ့အိမ်မှာ ကလေးတစ်ယောက် ရှိနေတော့မယ်လို့ ပြောတာပါ”
“ဪ၊ ဪ။ ဒီလိုလား” ဒေါ်ပေါ်လီက ခပ်အေးအေး ဆိုလိုက် သည်။ တကယ်တော့ သူသည် ပေါ်လီယာနာ သိသည်ထက် ပို၍ နားလည် လိုက်သည်။ ဂျွန်ပင်ဒယ်လ်တန်က သူ့ကျောက်တိုက်ကြီးကို ပျော်စရာအိမ် အဖြစ် ပြောင်းလဲယူရန် ကလေးတစ်ယောက်ရှိနေဖို့အတွက် ပေါ်လီယာနာ ကို မရအရ အတင်းခေါ်နေစဉ်က သူ့ခမြာ အတော်ကလေး ရရှာပေမည် ဆိုသည်ကိုပါ နားလည်လိုက်သည်။ ထို့ကြောင့် သူ့မှာ…
“ဪ ဒီလိုလား” ဟုသာ ဆိုနိုင်ပြီး မျက်ရည် စိမ့်ရပြန်သည်။ ။
ပေါ်လီယာနာလည်း သူ့အဒေါ် နောက်ထပ် အဖြေရခက်သည် မေးခွန်းများ ထပ်မေးနေမည်ကိုစိုးသဖြင့် စကားကိုလွှဲကာ ပင်ဒယ်လ်တန် အိမ်ကြီးနှင့် သူ့ပိုင်ရှင်အကြောင်း ဖျောက်ဖျက်ပစ်လိုက်သည်။
“ဒေါက်တာချစ်လတန်ကလည်း ဒီလိုပဲ ပြောတယ်လေ။ ပျော်စရာ အိမ် ဖြစ်ဖို့ အတွက် မိန်းမတစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံး ဒါ မဟုတ် ကလေးတစ်ယောက် ရှိနေဖို့ လိုတယ်တဲ့။ သိလား” ဟု ပြောလိုက်
တော့ ဒေါ်ပေါ်လီက ဖျတ်ခနဲလှည်ကာ “ဒေါက်တာချစ်လတန်၊ ဟုတ်လား၊ သမီး ဘယ်လိုလုပ်ပြီး သိသလဲ။ ဒါကို” ၊
“သူက ပြောတာပေါ့ အန်တီးသူက အခန်းနှစ်ခန်းပဲ နေတယ်။ အိမ် မဟုတ်ဘူးလို့ ပြောရင်း ပြောပြတာလေ”
ဒေါ်ပေါ်လီက ဘာမှ ပြန်မပြောဘဲ ပြတင်းမှ အပြင်သို့ ခေါ် လေသည်။
“သမီးက သူဘာဖြစ်လို့ မိန်းမတစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံး - ရအောင်ရှာပြီး အိမ် လုပ်မထားလဲလို့ မေးတာပေါ့"
ဒေါ်ပေါ်လီ၏ပါးပြင်တို့မှာ နီမြန်းလာပြီး တစ်ဘက်သို့လှည် ရင်း - "ပေါ်လီယာနာ” ဟု တားမြစ်လိုက်မိ၏။
“ဟုတ်တယ်။ သမီး မေးတာပေါ့။ သူလေ၊ သူ သိပ်ပြီး ဝမ်းနည်း နေပုံရတာပဲ အန်တီရဲ့” တွင် ဒေါ်ပေါ်လီမှာ မမေးသင့်မှန်း သိလျက်နှင့် အမှတ်မဲ့ပင် “သူ ဘာပြန်ပြောလိုက်သလဲ” ဟု မေးလိုက်မိသည်။
“အစတော့ ဘာမှ ပြန်မပြောဘူး အန်တီရဲ့ ။ နောက်တော့မှ သူ တိုးတိုးကလေးပြောတယ်။ လိုချင်ရုံနဲ့ ရတာ မဟုတ်ဘူးကွယ့်တဲ့”
ခေတ္တမျှ ငြိမ်သက်နေသည်။ ဒေါ်ပေါ်လီသည် ပြတင်းပေါက်ဘက်သို့ လှည်ကာ ရပြန်ပြီ။ သူ့ပါးပြင်တို့သည်လည်း ထူးထူးခြားခြား နီရဲလျက်။
ပေါ်လီယာနာက သက်ပြင်းချလိုက်ပြီး “ဘယ်လိုမဆို သူ့မှာ ရေ ယောက်ယောက်တော့ လိုတာပဲ။ သမီး သိတယ်။ ရစေချင်ပါတယ်” ဟု ဆို လိုက်သဖြင့် အန်တီပေါ်လီက “သမီး ဘယ်လိုလုပ်ပြီး သိလဲကွယ်" ဟု မေးပြန်သည်။
“နောက်တစ်နေ့ လည်း တစ်ခါ သူက ပြောပြန်တယ်လေ တိုးတိုး လေး ပြောတာပေမယ့် သမီး ကြားရပါတယ်။ သူပြောတာက သူလိုချင်တဲ့ မိန်းမတစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံးကိုသာ ရမယ်ဆိုရင်တဲ့ သူ့မှာ ရှိသမျှ တစ်လောကလုံးကို ပုံပေးမှာပဲတဲ့၊ အို၊ အန်တီပေါ်လီ။ ဘာဖြစ်လို့ လဲ ဟင်”
အန်တီပေါ်လီသည် ကပျာကယာ ထိုင်ရာမှ ထကာ ပြတင်းပေါက် ဆီသို့ ထသွားသောကြောင့် ဖြစ်၏။
“ဘာမှ မဖြစ်ပါဘူး သမီးလေးရယ်။ ဟောဒီ ဖန်တုံးကို နေရာ ပြောင်း ချိတ်တာပါ” ဟု ပြန်ပြောလိုက်သော အန်တီပေါ်လီ၏မျက်နှာတစ်ခုလုံးမှာ နီမြန်း၍ နေလေသည်။
>>>>>±±±±>>>>>>
အပိုင်း၂၈ဆက်ပါဦးမည်။
*** ပေါ်လီယာနာ ***
ထင်လင်း
အပိုင်း-၂၈
________________
ကစားနည်းနှင့်ကစားဖော်များ
ဂျွန်ပင်ဒယ်လ်တန် ဒုတိယအကြိမ် လာပြီးသည် နောက်များမကြာမီ တစ်ခုသော ညနေခင်းတွင် မီလီစနိုး ရောက်လာသည်။ မီလီစနိုးသည် ဟယ် ရင်တန်အိမ်ကြီးသို့ ယခင်က တစ်ခေါက်မှ မရောက်ဖူးချေး၊ ဧည်ခန်းသို့ ဒေါ်ပေါ်လီဝင်လာတော့ သူ့မှာ မနေတတ်မထိုင်တတ်ဖြစ်ကာ မျက်နှာများ နီမြန်းလာသည်။
“ကျွန်မ ကျွန်မ ကလေးမကို လာမေးတာပါ” ဟု ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ အခြေအနေက ဒီအတိုင်းပါပဲ။ မင့်မေ နေလို့ကောင်းရဲ့လား”ဟု ဒေါ်ပေါ်လီက နွမ်းလျစွာ မေးသည်။
“အခု ကျွန်မလာတာ အဲဒါ ပြောဖို့ပါ။ ပေါ်လီယာနာကို ပြော ဖို့လေ” ဟု မီလီက အထုစ်ထစ်အငေါ့ငေါ့ပြောကာ…
“ကလေးမ လမ်းမလျှောက်နိုင်တော့ဘူးဆိုတော့ အင်မတန်အဖြစ် ဆိုးတယ်လို့ ကျွန်မ ... ကျွန်မတို့ အတွက် ဟိုဒင်းလေ အမေ့အတွက် သူက ကစားနည်း သင်တာတို့ ဘာတို့ပေါ့။ အခုလေ သူကိုယ်တိုင် ဒီ ကစားနည်းကို မကစားနိုင်တော့ဘူးဆိုတော့ သူ့ခမြာ သနားစရာပဲပေါ့။ ဒီ အခြေအနေနဲ့တော့ ဘယ်မှာ ကစားလို့ ရတော့ မလဲလေ။ ဒါပေမယ့် ဆု ပြောခဲ့တာတွေကို သိရင် သူ့အဖို့ ပေါ့လေ။ ဒီကစားနည်းက အကူအညီ မူလိမ့်မယ်လို့ ထင်လို့လေ။ ဒီလိုလေ သူ ဝမ်းသာလို့ ရတာက နည်းနည်း ပါးပါး ဖြစ်ဖြစ်ပေါ့လေး၊ ဒီလိုလေ”
မီလီသည် ဘာဆက်ပြောရမှန်း မသိဘဲ ရပ်နေပြီး ဒေါ်ဒေါ်လီ အများ စကားပြောမလားဟု စောင့်ဆိုင်းနေလိုက်ဟန် တူ၏။ဒေါ်ပေါ်လီသည် ယဉ်ကျေးစွာပင် ထိုင်၍ နားထောင်နေသည်။ သို့သော်သူ့မှာ မီလီပြောသည် စကားများကို ကောင်းစွာ နားလည်ဟန် မတူ ပြောသမျှ စကားထဲမှ တစ်ဝက်မျှကိုတော့ ဖမ်းလို့ရဟန် တူသည်။ သူသည် လီစနိုးအား ထူးဆန်းသည်ဟူ၍ ထင်မိသော်လည်း ရူးသည်ဟုတော့ ဆို င်။ ယခု သူစကားပြောနေသည်မှာ ကပေါက်ချိကပေါက်ချာဘာမှအဓိပ္ပါယ်ဖော်လို့မရနိုင်အောင် ဖြစ်နေသဖြင့် သူ့စကား ခေတ္တရပ်လိုက်တော့ ဒေါ်ပေါ်လီက ဝင်ထောက်သည်။
* “ငါ သိပ် နားမလည်ဘူး မီလီ၊ ငါ့တူမကို ပြောဖို့စကားတ ဘာတဲ့လဲ”
“ဟုတ်ပါတယ်။ အဲဒါပေါ့။ ကလေးမကို ပြောစေချင်တာက သုံး ကျွန်မတို့ အတွက် လုပ်ပေးတာကို သိစေချင်လို့ပါ။ တချို့တော့လည်း သူ သိပြီးသားပါ။ သူ ရောက်ရောက်နေတာပဲ။ အမေ ပြောင်းလဲလာတာတော့ သူလည်း သိပါတယ်။ ဒါပေမယ့် အခု ဘယ်လောက် ပြောင်းလဲနေပြီဆိုတာ သိစေချင်လို့ပါ။ ကျွန်မလည်း ပြောင်းလဲပါတယ်။ ဒီကစားနည်းကို နည်းနည်း စ,ကစားဖို့ ကြိုးစားနေပါတယ် ဆိုတာ”
ဒေါ်ပေါ်လီက မျက်မှောင်ကြုတ်၍ မီလီ၏ စကားထဲကကစားနည်း ဆိုသည်ကို ဖြတ်၍ မေးလိုက်ချင်၏။ သို့သော် မေးခွင့် မရ။ မီလီက အထစ် ထစ်ငေါ့ငေါနှင့်ပင် ရေပက်မဝင် ဆက်ပြောသွားသည်။ "
“အရင်ကဆိုရင် ဘယ်ဟာမှ မကောင်းဘူး၊ သိလား။ အမေ့ကို ပြော ပါတယ်။ အမေဟာ ဘာမဆို မရှိတာမှ လိုချင်တာချည်းပဲ။ တကယ်တော့ အခုလို ဖြစ်နေတော့လည်း အမေ့ကိုတော့ အပြစ် မတင်ချင်ဘူးလေ။ဒါပေမယ့် အခုတော့လေ ပြတင်းပေါက်တွေ ဘာတွေ ဖွင့်ခွင့်ပေးပြီး ဟိုဟာ ဒီဟာကို ရော သူ့ကိုယ်သူရော စိတ်ဝင်စားပြီလေး၊ ညဝတ်အင်္ကျီတို့ ဘာတို့ရောပေါ့။ အခုဆို ဆေးရုံတို့ အလှူတို့ ဘာတို့ အတွက် ဇာထိုးတာတို့ ဘာတို့ လုပ် နေပြီလေ။ ပြီးတော့ သူ အဲသလို လုပ်နိုင်တာကိုလည်း သိပ် စိတ်ဝင်စား ယ် ဝမ်းသာနေတာ။ အဲဒါ ပေါ်လီယာနာရဲ့ ကျေးဇူးပေါ့။ သိလား။ ပေါ်လီယာနာ ဘအမေ့ကို ပြောတာလေး သူ့မှာ လက်တွေ ကောင်းနေသေးတာ ဝမ်းသာဖို့ ပေါ့တဲ့။ အမေလည်းလေ အဲဒီကတည်းက တစ်ခါတည်း သတိရပြီး လက်နဲ့ လုပ် လို့ရတာတွေ စလုပ်တော့တာပေါ့။ အရင်က ဘာဖြစ်လို့ မလုပ်ခဲ့လဲလို့တောင်တွေးမိသတဲ့။ အခုဆို အခန်းထဲမှာ အရင်လိုကို မဟုတ်တော့ဘူး။ သိုးမွေးစ | ရောင်စုံတွေနဲ့ ပေါ်လီယာနာ ပေးထားတဲ့ ဖန်တုံးတွေက ပြတင်းပေါက်မှာ ဆွဲလို့။ အခန်းထဲ ဝင်သွားရတာကိုက စိတ်ချမ်းသာစရာပါပဲ။ အရင်ကဆို ဝင်ရမှာ သိပ် ကြောက်တာပေါ့။ မှောင်မှိုင်းနေတာကိုး။ အဲဒီတုန်းကဆို အမေ ဘလည်း သိပ် စိတ်ညစ်နေတာပဲ။ သိလား”
“ဒါကြောင့် ပေါ်လီယာနာကို ပြောပြစေချင်တာက ကျွန်မတို့ ခုလို အမြင်မှန်ရလာတာဟာ သူ့ကြောင့်ပါပဲလို့။ သူ့ကို သိရတာ ကျွန်မတို့သိပ်ဝမ်း သာတာပဲလို့ ပြောပြပါ။ သူ ဒါကို သိရင် သူလည်း အတော်အသင့်တော့ ဝမ်းသာမှာပါပဲ။ ဒါပါပဲ ရှင်” ဟု စကားကို အစသတ်ကာ မီလီ သက်ပြင်းချရင်း ထိုင်ရာမှ ကမန်းကတမ်း ထ၍ “ပြောပြလိုက်နော်” ဟု ပြောပြီး ထွက်သွား လေ၏။
“ပြောပြမှာပေါ့။ ပြောပြမှာပေါ့” ဟု ဒေါ်ပေါ်လီက ကတိခံလိုက်ရ သော်လည်း မီလီပြောခဲ့သည် စကားများအနက် သူ မည်မျှ မှတ်မိသည်ကို တွေး၍ နေမိလေသည်။
- မစ္စတာပင်ဒယ်လ်တန်နှင့် မီလီတို့လာသည်မှာ အစဦးဖြစ်၍ သူတို့ နောက်တွင် လူများစွာ လာကြကုန်၏။ လာတိုင်းလည်း ပေါ်လီယာနာ ပြောစရာ စကားလက်ဆောင်ကလေး တစ်ခုက - ပါမြဲ။ သူတို့ စကား က်ဆောင်ကလေးများမှာ အတန်ငယ် ဆန်းသဖြင့် ဒေါ်ဒေါ်လီမှာ ယင်းတို့ကို တွေးရင်း တွေးရင်း စိတ်ရှုတ်ထွေးနေလေ၏။
တစ်နေ့တွင် မုဆိုးမကလေး ဘင်တုန် လာသည်။ သူတို့ တစ်အိမ့် တစ်အိမ် လည်ပတ်ဖူးခြင်း မရှိသော်လည်း ဒေါ်ဒေါ်လီကတော့ သိပါသည် မြို့ထဲတွင် စိတ်အညစ်ရဆုံး မိန်းမဟု နာမည်ကြီးသည်။ သူသည် အဝတ် နက်ကို အမြဲဝတ်သည်။ ယနေ့တော့ မစ္စက်ဘင်တန်သည် လည်ပင်းတွင် အပြာနုရောင် ဖဲပြားက စည်းထားသည်။ သူ့မျက်လုံးများမှာကား မျက်ရည် အပြည်နှင့်။ ပေါ်လီယာနာ ကြမ္မာဆိုး ကြုံရသည် အတွက် သူ့မှာ ယူပြီး မရ ဖြစ်ရပုံကို ပြောကာ ပေါ်လီယာနာကို တွေ့ခွင့်ရမလားဟု မရဲတရဲ တောင်းပန်ကြည်သည်။
ဒေါ်ပေါ်လီက ခေါင်းယမ်းပြီး “ဝမ်းနည်းပါတယ်။ ပေါ်လီယာနာ | ဘယ်သူ့မှမတွေ့ရပါဘူး။ နောက်တော့ တွေ့ရပါလိမ့်မယ်” ဟုပြောသည်။
မစ္စက်ဘင်တန်သည် မျက်ရည်များကိုသုတ်ကာ ထိုင်ရာမှထ၍ လည် ထွက်သွားပြီး စင်္ကြံတံခါးရောက်မှ ခပ်သုတ်သုတ် ပြန်လျှောက်လာကာ . “သတင်းကလေးတစ်ခု ပို့ပေးပါလားရှင်” ဟု တောင်းပန်၏။
“ဟုတ်ကဲ့၊ ပြောပါ မစ္စက်ဘင်တန်။ ပို့ပေးမှာပေါ့”
မစ္စက်ဘင်တန်က် အနည်းငယ် ဆုတ်ဆိုင်းဆိုင်း လုပ်နေပြီးမှ သူ့လည်ပင်းက လည်စီးအပြာကို ကိုင်ပြကာ “ကျွန်မ ဒါကို ဝတ်နေပြီဆိုတာ . သူ့ကို ပြောပေးပါ"ဟု ဆိုသည်။
ဒေါ်ပေါ်လီက အံ့ဩခြင်းကို မလုံ့တလုံဖုံးဖိရင်း ကြည် နေ၍…
“ကလေးမက ကျွန်မကို ဒါဝတ်အောင် ပြောနေရှာတာ ကြာပြီး အရောင် တစ်ခုခုပေါ့ အခု ဒါကို သိရင် သူ ဝမ်းသာမှာပါ။ ကျွန်မ စ,ဝတ် - နေပါပြီ။ ကျွန်မ ဒါကိုဝတ်ရင် ဖရက်ဒီကိုလည်း သိပ် ဝမ်းသာမယ်လို့ သူက ပြောတာလေ။ ကျွန်မမှာ ဖရက်ဒီပဲ ရှိတော့တာ။ တခြားလူတွေမှာတော့ စုံစုံလင်လင်" . ။
မစ္စက်ဘင်တန်သည် ခေါင်းကို ယမ်း၍ လှည့်ထွက်သွားပြီး
“ပေါ်လီယာနာကို ပြောပြလိုက်ပါ။ သူ နားလည်ပါလိမ့်မယ်” ဟု မှာကာ ထွက်သွားရင်း တံခါးကို ပိတ်ထားခဲ့လေ၏။
ထိုနေ့မှာပင် မစ္စက်ဘင်တန်၏ နောက် မုဆိုးမကြီးတစ်ယောက် လာပြန်သည်။ သူသည် မုဆိုးမ အဝတ်တန်ဆာများ ဆင်လာသည်။ ဒေါ်ပေါ်လီက သူ့ကို လုံးဝ မသိ။ ပေါ်လီယာနာ ဘယ်လိုလုပ်ပြီး သိပါလိမ့် ဟု အံ့ဩနေ၏။ မိန်းမကြီးက သူ့နာမည်ကို မစ္စက်တာဘယ် ဟု ပြောသည်။
“အမေ့ကို သမီး မသိပါဘူးလေ၊ သို့ပေမယ့် သမီးရဲ့ တူမလေး ပေါ်လီယာနာနဲ့တော့ သိတာပေါ့။ တစ်နွေလုံး အမေက ဟိုတယ်မှာလေး ကျန်းမာရေးအတွက် အဝေးကြီး လမ်းလျှောက်နေရတာ၊ အဲသလို လမ်း လျှောက်ရင်းက သမီးရဲ့ တူမလေးကို တွေ့ရတာပေါ့။ အင်မတန် ချစ်စရာ ကောင်းတဲ့ ကလေးမ။ အမေ့အဖို့ သူဘယ်လောက် အဖိုးတန်သလဲဆိုတာ နားလည်အောင် ပြောပြချင်ပါရဲ့။ ဒီကို အမေလာခဲ့တော့ သိပ်” စိတ်ညစ် တာပေါ့။ သူ့ရဲ့ ကြည်ကြည်လင်လင် မျက်နှာကလေးကို မြင်ရတော့ လွန်ခဲ့ တဲ့ နှစ်အတော်ကြာက ဆုံးသွားတဲ့ အမေ့သမီးကလေးကို လွမ်းလိုက်တာ လေ။ အခုလို ကြမ္မာဆိုကြုံရတယ်ဆိုတော့ အမေ့မှာ ရင်တွေပန်းတွေ တုန် လို့။ ပြီးတော့ ကလေးမခမျာ လမ်း မလျှောက်နိုင်ရှာတော့လို့ ၀မ်းသာ တမ်းလည်း မကစားနိုင်ရှာတော့ဘူး။ စိတ်ညစ်နေရှာတယ်ဆိုတော့ ကလေးရယ်လေ၊ အမေ ဒီကို လိုက်လာရတော့တာပေါ့"
“ကျေးဇူးတင်ပါတယ်ရှင်” ဟု ဒေါ်ပေါ်လို့ ပြောတော့ သူက“ကျေးဇူးတင်ရမွာက အမေပါလေး၊ပါးလေးအတွက် စကား လက်ဆောင်ကလေး ပါးပေးပါနော်” ဟု ဆို၏။
“အို၊ ပါးပေးမှာပေါ့”
"သူ့ကို ပြောလိုက်ပါလေ။ မစ္စက်တာဘယ် အခု ဝမ်းသာတတ်ပြီလို့ အင်း ဆန်းတော့ ဆန်းသလိုပဲပေါ့၊ သမီး နားမလည်ရင်ပေါ့လေ။ သို့ပေမယ့် စိတ်တော့ မရှိနဲ့ ရှင်းပြ မနေတော့ပါဘူး” ဟု ဆိုကာ မိန်းမကြီး၏မျက်နှာမှာ အပြုံးရိပ်များ ပျောက်သွားကာ ငိုမဲ့မဲ့ ဖြစ်လာသည်။
“သမီးရဲ့ တူမကလေးကတော့ အမေ ဘာဆိုလိုတယ်ဆိုတာ သိပါ - လိမ့်မယ်။ ဒါကိုလည်း သူ့ကို ပြောပြချင်တာနဲ့ ပါပဲ။ ကျေးဇူးပါပဲကွယ် အမေစကားပြော မတတ်လို့ အမှားအယွင်းပါရင်လည်း ခွင့်လွှတ်ပါနော်” ဆိုကာ ထွက်သွားသည်။
ဒေါ်ပေါ်လီလည်း ဘာမှ ́ နားမလည်တော့သလို စိတ်ရှုပ်လျက်ဝင် ပေါ်လီယာနာ၏အခန်းသို့ တက်ပြေးခဲ့၏။
“ပေါ်လီယာနာရေ။ သမီးလေး မစ္စက်တာဘယ် ဆိုတာကို ခံ
“အို၊ သိတာပေါ့။သမီး မစ္စက်ကာဘယ်ကို ချစ်တယ်။ သူက ရှာဘူးလေ။ စိတ်လည်း သိပ် ညစ်ရှာတာ။ ဟိုတယ်မှာ နေရတယ်။ အ ကြီးလည်း လမ်းလျှောက်ရတယ်။ သမီးတို့ အတူတူ လျှောက်နေကျ။ အင် ကပေါ့လေ” ဟု ပြောရင်း ပေါ်လီယာနာ၏အသံ တိမ်ဝင်သွားကာ မျက်ရည် ပေါက်ကြီးနှစ်ပေါက် ပါးပေါ်သို့ လိမ့်ဆင်းလာလေသည်။
ဒေါ်ပေါ်လီက လည်ချောင်း ရှင်းလိုက်ပြီး ” ၊ “အင်း။ သူ အခုပဲ လာသွားတယ် သမီးလေးရဲ့။ သမီးကို ပြော စကားလက်ဆောင် ပါးထားခဲ့တယ်။ ဘာလဲ ဆိုတာတော့ အန်တီကို ဘူးကွယ့်။ ဒါပေမယ့် မစ္စက်တာဘယ် ဝမ်းသာတတ်ပါပြီတဲ့ ” ဟု ပြော လိုက်၏။
ပေါ်လီယာနာက လက်ခုပ်ကလေး အသာတီးလိုက်ပြီး “သုအဲ ပြောလား။ ဟုတ်လား။ သမီး သိပ်ဝမ်းသာပဲ” ဟု ဆိုက်သည်။
“ဒါပေမယ့် သူ ဘာကို ဆိုလိုတာလဲ ပေါ်လီယာနာ”
“အို၊ ဒါက ကစားနည်းလေ။ အဲဒါ” ဟု ပြောရင်းက သူ့ ကလေးကို လက်နှင့် လှမ်းပိတ်ပြီး ရပ်သွား၏။
“ဘာ ကစားနည်းလဲကွယ်”
“ဘာ၊ ဘာမှ မဟုတ်ပါဘူး အန်တီပေါ်လီရယ်။ ဒါကို ပြောရ မယ်ဆိုရင် တခြားဟာတွေ သမီး မပြောရတာတွေပါ ထည်ပြောရမှာပေါ့”
ဒေါ်ပေါ်လီက ဆက်မေးရန် စကား နှုတ်ဖျားရောက်မှ သူ့တူမ ကလေး၏ စိတ်မချမ်းသာသော မျက်လုံးများကို မြင်သဖြင့် မထွက်ခင် - တားလိုက်ရ၏။
မစ္စက်တာဘယ် လာပြီး များမကြာမီတွင် ဒေါ်ပေါ်လီ၏ သိချင် စိတ်တို့ သည် အထွတ်အထိပ်သို့ ရောက်လေတော့၏။ ,
ထိုနေ့က နှုတ်ခမ်းနီပါးနီ ရဲနေအောင်ဆိုးကာ သဘာဝပျက်အောင် ဆံပင်ပြုပြင်ထားသော ခွာမြင့်ဖိနပ်အပေါစား လက်ဝတ်လက်စားများနှင့် အမျိုးသမီးငယ်တစ်ယောက် ရောက်လာသည်၊ ဤ အမျိုးသမီးကို' နာမည် ကြီးသဖြင့် ဒေါ်ဒေါ်လီ သိပါသည်။ သို့သော် ဤ ဟယ်ရင်ကန်အိမ်ရိပ်ကို နင်းလာသည်မှာတော့ စိတ်ဆိုးစရာ အံ့ဩစရာ ဖြစ်သည်။ . အင်း
ဒေါ်ပေါ်လီသည် သူ့အား နှုတ်ဆက်ရန် လက် ကမ်းမပေးမီး အခန်းထဲ ဝင်လာတော့လည်း ဆုတ်ဆိုင်းဆိုင်း ဖြစ်သည်။
အမျိုးသမီးက ထိုင်ရာမှ ထသည်။ သူ၏မျက်လုံးများမှာ နီရဲနေတယ် သည်။ ငိုထားဟန် ရှိ၏။ သူက ပေါ်လီယာနာကို တွေ့နိုင်မည်လားဟု ခပ် ဓာမာပင် မေးလိုက်သည်။
ဒေါ်ပေါ်လီက “မတွေ့နိုင်ဘူး” ဟု ခပ်မာမာပင် ပြန်ပြောပြီးမှ အမျိုးသမီး၏ မျက်လုံးများမှာ အသနားခံသောအသွင်ကို မြင်သဖြင့် - ပေါ်လီယာနာအား ဘယ်သူမှ တွေ့ခွင့်မရသေးကြောင်းကို ရှင်းပြလိုက်သည်။
အမျိုးသမီးက ခေတ္တမျှ ဆိုင်းငံ့နေပြီး သူ့မျက်နှာကို ပမာမခန့် ခပ်မော့မော့ထားလျက် စကားပြောသည်။
“ကျွန်မနာမည်က မစ္စက်ပေဆန်ပါး မစ္စက် တွမ်ပေဆန်ပါ။ ကျွန်မ နာမည်ကိုတော့ ကြားဖူးပါလိမ့်မယ်။ မြို့ထဲက လူကောင်းသူကောင်းတွေ ကြားဖူးကြပါတယ်။ ရှင်တို့ ကြားဖူးတဲ့အကြောင်းတွေကတော့ မှန်မယ် ဟုတ်ပါဘူး။ ဒါ ထားပါတော့လေ။ ကျွန်မ ဒီကိုလာတာက ကလေးလေး : အတွက်ပါး၊ မတော်တဆ ထိခိုက်မိတာကိုလည်း ကြားရော ကျွန်မလည်း ကြောင်းဆန်သွားတာပါပဲ။ အရင်တစ်ပတ်ကတော့ သူလမ်းလျှောက်နိုင်တော့
ဘူးဆိုတာလည်း ကြားရော... ကျွန်မ ဘာမှ အသုံးကျဘဲ ကောင်းနေတဲ့ ခြေနှစ်ချောင်းနဲ့ တတောက်တက်တက် တစ်နာရီလောက် သွားနေနိုင်ရင် ကျွန်မနှစ်ပေါင်းတစ်ရာ လျှောက်သွားနေတာထက် ကောင်းကျိုး ဖြစ်ဦးမယ် ရှင့်။ ဒါ ထားပါတော့လေ၊ ခြေထောက်ဆိုတာ အသုံးကျတဲ့လူများကိုသာ အမြဲပေးတာ မဟုတ်ဘူးလို့လည်း မြင်ပါတယ်...”
အမျိုးသမီးက ခေတ္တ ရပ်နားကာ လည်ချောင်း ရှင်းလိုက်သည်။ သို့သော် သူ ဆက်ပြောတော့ သူ့အသံမှာ ကွဲအက်လျက်ပင် ရှိသည်။ . “ရှင် သိချင်မှတော့ သိမယ်ရှင့်။ တူမကလေးနဲ့ကတော့ ကျွန်မ ခဏ ခဏ တွေ့ပါတယ်။ ကျွန်မတို့အိမ်က ပင်ဒယ်လ်တန်ကုန်းကို သွားတဲ့ လမ်း မှာပါး သူ တစ်ခါတစ်ခါ အဲဒီလမ်းက ဖြတ်သွားလေ့ ရှိပါတယ်။ အမြဲဖြတ်သွား တာတော့ မဟုတ်ဘူး။ ကျွန်မတို့ အိမ် ဝင်လာပြီး ကလေးတွေနဲ့ ကစားတယ်။ ကျွန်မနဲ့ စကားပြောတယ်။ ကျွန်မအိမ်က လူတွေနဲ့လည်း သူ ရှိနေရင် စကား ပြောတယ်။ သူက ဒါကို နှစ်သက်ပုံ ရပါတယ်။ ကျွန်မတို့ကိုလည်း ခင်ပုံရ ပါတယ်။ သူတို့လူမျိုးတွေက ကျွန်မတို့လို လူမျိုးတွေဆီ ဝင်လေ့ထွက်လေ့ မရှိဘူးဆိုတာ သူ မသိပါဘူး။ တကယ်လို့သာအဝင်အထွက် များခဲ့လို့ရှိ ရင်လည်း ကျွန်မတို့လိုဟာမျိုးတွေ သိပ် များများရှိမယ် မဟုတ်ပါဘူး” ဟု ရုတ်တရက် နာကြည်းသံဖြင့် ပြောလိုက်သည်။
“ဒါ ထားပါတော့လေ။ သူ လာပါတယ်။ သူ လာတဲ့အတွက် သူ့မှာ တော့ ဘာမှ မနစ်နာပါဘူး။ ဒါပေမယ့် ကျွန်မတို့အဖို့တော့ အင်မတန် ကောင်းကျိုး ဖြစ်ရပါတယ်။ အများကြီး အကျိုးရှိပါတယ်။ ဘယ်လောက် အကျိုးများတယ်ဆိုတာ သူ သိမယ် မဟုတ်ပါဘူး၊ သိနိုင်မယ်လည်း မဟုတ် ပါဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ဘယ်လောက်
ကောင်းလာတယ်ဆိုတာ သိရအောင် ကျွန်မတို့ ဘယ်လောက် ဆိုးခဲ့တယ် ဆိုတာကိုပါ ပြောရမှာမို့။ ဒါကိုတော့ ကျွန်မက သူ့ကို မသိစေချင် ဘူးလေ”
“ဒါပေမယ့် အဲသလိုပဲ။ ဒီနှစ် ကျွန်မတို့အဖို့ အင်မတန် ကြပ်တည်း တဲ့နှစ်ပါ။ အဖက်ဖက်က ကြပ်ပါတယ်။ ကျွန်မနဲ့ ကျွန်မယောက်ျားလည်း ခဏခဏ စိတ်ညစ်ရ အားငယ်ရလွန်းတော့ ဘာဖြစ်ဖြစ် လုပ်ရမှာ ဝန်လေး တော့တဲ့ အခြေအနေပါပဲ။ လင်နဲ့မယားလည်း ကွာကြ ရှင်းကြဖို့ စဉ်းစား
ကလေးတွေ၊ အင်း ကလေးတွေအတွက်ကတော့ ဘာလုပ်ရမှန်းကို မသိတာ။ အဲသလိုနေတုန်း ကလေးမ ထိခိုက်ခံရပြီး လမ်းမလျှောက်နိုင်တော့ ဘူးဆိုတာလည်း ကြားရော သူ ဒီလို လာလာပြီး လှေကားပေါ်မှာ က တွေနဲ့ ရောနှော ထိုင်ရယ်လိုက် မေးလိုက်နဲ့ ဝမ်းသာနေလေ့ရှိတာကလေးကို ပြေးပြီး သတိရလိုက်တယ်လေ။ သူ့မှာ ဘယ်တော့မဆို ဝမ်းသာစရာ တစ်ခုခုကတော့ ရှိမြဲပါပဲ။ တစ်နေ့တော့ သူက သူ့ကစားနည်းကို ပြောပြပြီး ကျွန်မတို့လည်း ကစားအောင် ဆွယ်တယ်လေ”
“အခု သူ့ခမျာ ဝမ်းသာစရာ ဘာမှ မရှိတော့ သူလည်း ဒီကစား - နည်း မကစားနိုင်ရှာတော့ သေလုမတတ် ဆင်းရဲရှာတယ်ဆိုတာ ကြားရ တယ်လေ။ ဒါကြောင့် ကျွန်မတို့ အတွက် သူ ဝမ်းသာပါစေတော့လို့ ကျွန် တို့လည်း မခွဲမခွာ အတူနေကြမယ်လို့ ဆုံးဖြတ်ပြီး ဒီကစားနည်း ကစားကြ
တော့မယ်လေ။ တစ်ခါတစ်ခါ ကျွန်မတို့ ပြောကြ ဆိုကြတာတွေကို သူ - သိပ် စိတ်မကောင်းခဲ့ရတာပေါ့လေ၊ ခုလိုဆိုတော့ သူ သိပ်ဝမ်းသာမှာပဲ။ ဒီကစား နည်းက ကျွန်မတို့ကို ဘယ်လိုကျေးဇူးပြုမယ်ဆိုတာ ကျွန်မ အတိအကျ မသိ သေးပါဘူး၊ ကျေးဇူး၊ ရှိတော့ ရှိပါလိမ့်မယ်။ ဘယ်လိုမဆို သူက ကျွန်မတို့ကို တစားစေချင်နေတော့ ကျွန်မတို့ ကစားကြည့်ကြမယ်လေ။ အဲဒါကို ပြော လိုက်ပါနော်””
“ဟုတ်ကဲ့။ ပြောပြလိုက်ပါမယ်” ဟု ဒေါ်ပေါ်လီက ကတိပေးပြီးမှ နတ်တရက် စိတ်ထဲမှ လှုံ့ဆော်လိုက်သလို ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက် တမ်းပေးလိုက်ပြီး “ခုလို လာမေးတာကို ကျေးဇူးတင်ပါတယ် မစ္စက်ပေဆန်” ဟုရိုးသားစွာ ဆိုလိုက်၏။
မစ္စက်ပေဆန်၏ ပမာမခန့်မျက်နှာသည် ငါ့ကျသွားသည်။ သူ့ နှုတ်ခမ်းများမှာ သိသိသာသာ လှုပ်နေသည်။ ပါးစပ်မှ မပီမသ တစ်စုံတစ်ရာ ပြောရင်း မစ္စက်ပေဆန်သည် ကမ်းပေးလိုက်သောလတ်ကို ဖမ်းဆုပ် နှုတ်ဆက် ပြီး ချာခနဲ လှည့်ထွက်သွားလေတော့၏။
သူ ထွက်သွား၍ တံခါး မပိတ်မီ ဒေါ်ပေါ်လီသည် မီးဖိုဘဲသို့ ဘူးလာကာ နန်စီ၏ရှေ့တည်တည် ၌ ရပ်လိုက်သည်။
ဒေါ်ပေါ်လီ၏အသံမှာ မာကျောလှသည်။ သူ့မှာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက လာသမျှလူတွေ ပြောသွားသည် စကားများကြောင့် ဘုမသိ ဘမသိ စိတ် အနှောင့်အယှက် ဖြစ်ခဲ့ရပေါင်း များပြီဖြစ်ရာ ထိုနေ့ ညနေက အတွေ့အကြုံဖြင့် သည်းမခံနိုင်တော့သော အခြေအနေသို့ ရောက်ခဲ့လေသည်။ ပေါ်လီယာနာ ထိခိုက်မိသည် နေ့မှ စ၍ ဒေါ်ပေါ်လီ ဤမျှ အသံမာမာဖြင့် စကားပြောသည်ကို နန်စီ မကြားခဲ့ရဘူးသေးချေး၊
“ဟဲ့၊ နန်စီ။ တစ်မြို့လုံး ပွစိပွစိဖြစ်အောင် ပြောနေကြတဲ့ ဒီ ကစားနည်းဆိုတာ ဘာလဲ။ ငါ့ကို ပြောစမ်း။ ငါ့တူမကကော ဒီအထဲ ဘယ်လို ပါနေလို့လဲ။ မီလီစနိုးကအစ မစ္စက်ပေဆန်အထိ သူတို့ ဒါကို ကစားနေကြ ဘယ်ဆိုတဲ့ ကစားနည်း ပြောသွားကြတာ ဘာဖြစ်လို့လဲ။ ငါ သိရသလောက်
တော့ မြို့ပေါ်က လူတစ်ယောက်က ဖဲပြားအပြာတွေ ပတ်ထားလို ထားကြ အိပ်ထဲမှာ ရန်ဖြစ်တာတွေ ရပ်ထားကြသလို ထားကြ။ သူတို့ ဘယ်တုန်းကမှ ကြိုက်ခဲ့တာတွေ ကြိုက်လို ကြိုက်ကြနဲ့၊ ဒါတွေအားလုံးဟာ ပေါ်လီယာနာ
ကြောင့်တဲ့။ သမီးကလေးကို ငါ မေးကြည်မယ် ကြံတာလည်း သိပ်ခရီး မရောက်လှပါဘူး။ ကလေး စိတ်မကောင်းမှာစိုးလို့ မမေးဖြစ်ပါဘူး။ ဒါပေမယ့် မနေ့ညက သူ နင့်ကို ပြောနေသံ ကြားရတာတော့ နင်လည်း ဒီအထဲမှာ တစ်ယောက်အပါအဝင်ပဲ။ ကဲ-ဒါတွေဟာ ဘာလဲဆိုတာ ပြောစမ်း"
နန်စီသည် ဘာမပြောညာမပြောနှင့် ချုံးပွဲချ၍ ငိုလိုက်လေတော့ရာ ဒေါ်ပေါ်လီမှာ အံ့အားသင့်ရ၊ ထိတ်လန့်ရ လေတော့သည်။ ပြီးမှ နန်စီက “အဲ၊ အဲဒါက ဒီကလေးမှ ရောက်လာတဲ့ ဂျွန်လ ကတည်းက ကလေး
ဟာ တစ်မြို့လုံးကို ဝမ်းသာအောင် လုပ်လုပ်လာခဲ့တာ။ အခုတစ်ခါ ချို့လူတွေက ́ တစ်လှည့် ကလေးမကို ဝမ်းသာအောင် လာလုပ်ကြတာပါ မ” ဟု ပြောပြလေသည်။
“ဘာကို ဝမ်းသာရမှာလဲ”
“ဝမ်းသာရုံပါပဲ မမ။ အဲဒါ ကစားနည်းပါပဲ” ဒေါ်ပေါ်လီက စိတ်မရှည်သလို ခြေဆောင့်လိုက်ပြီး “နန်စီ၊နင်လည်း သူတို့လိုပဲ။ ရှင်းရှင်း ပြောစမ်း၊ ဘာ ကစားနည်း၏
နန်စီကသူ့မျက်နှာကို မေ့လိုက်ပြီး ဒေါ်ဒေါ်လီအား စေ့စေ့ကြည့် ပိုက်သည်။ ။
“ကျွန်မ ပြောပါ့မယ် မမ။ ဒါက ပေါ်လီယာနာရဲ့ အဖေက သူ့ကို သင်ပေးထားတဲ့ ကစားနည်းပါတဲ့ မမရယ်။ တစ်ခါတုန်းက သူက ကစားစရာ အရုပ်ကလေး လိုချင်နေတုန်းမှာ သူတို့ဆီ စည်ကြီးတွေနဲ့လာတဲ့ အလှူခံပစ္စည်း တွေထဲ ပါလာတာက ချိုင်းထောက်ကလေးတစ်စုံတဲ့ မမရဲ့။ အဲဒီတော့ ကလေး ပဲ မမရယ်၊ သူက ငိုတာပေါ့။ အဲဒီတုန်းကနဲ့ တူပါတယ်။ သူ့အဖေက သူ့ကို ပြောသတဲ့။ ဘယ်အရာမျိုးမဆို ဝမ်းသာစရာဆိုတာ မရှိဘဲ မနေဘူး။ ရှိတာ ချည်းပဲတဲ့။ အဲဒီ ချိုင်းထောက်ကလေးတွေနဲ့ ပတ်သက်လို့လည်း ဝမ်းသာစရာ ဆိုတာ ရှိတာပဲတဲ့”
“င်္ချိုင်းထောက်ရတာ ဝမ်းသာရမယ်။ ဟုတ်လား"
ဒေါ်ပေါ်လီသည် အိပ်ရာပေါ်တွင် ပက်လက်ကလေး ဖြစ်နေရှာသော သူ့တူမကလေးကို သတိရကာ တစ်ဆို့ဆို့ အသံဖြင့် မေးလိုက်၏။
“ဟုတ်ကဲ့ မမ အဲဒါ ကျွန်မ ပြောတာ၊ ပေါ်လီယာနာကည်း အဲဒါ သူပြောပြတာ။ သူ့အဖေက သူ့ကို ဒီချိုင်းထောက်တွေ သုံး သူတို့ မလိုတာဟာ ဝမ်းသာစရာလို့ ပြောသတဲ့”
- အဲဒီ နောက်တော့ အဲဒီကစားနည်းကို အမြဲ ကစားဖို့ လုပ်ထား တဲ့။ အရာရာတိုင်းမှာ ဝမ်းသာစရာ တစ်ခုခုတော့ ရှိတာပဲ ဆိုတာပေါ့။ ပေါ်လီယာနာကလည်း အဲဒါ လုပ်လို့ ရတယ်လို့ ပြောပါတယ်။ သူ့မှာ ချိုင်းထောက်သုံးဖို့ မလိုတာကို ဝမ်းသာလိုက်တာနဲ့ တစ်ခါတည်း အရုပ် မရလို့ ဝမ်းနည်းတာဟာ ပျောက်သွားတာပဲတဲ့။ အဲဒါကို ဝမ်းသာတာ သက်သက် ကစားနည်းတဲ့။အဲဒါ ပါပဲ။ အဲဒီကတည်းက သူ ကစားလာခဲ့တာတဲ့
“ဒါပေမယ့် ဟယ်။ ဘယ်လိုလုပ်ပြီး”
ဒေါ်ပေါ်လီ ဘာဆက်ပြောရမှန်း မသိတော့။
“ဒါဟာ သိပ် ထိရောက်တယ်ဆိုတာသိရင် မမ အံ့ဩမှာပဲ” ဟု နန်း က ပေါ်လီယာနာကိုယ်တိုင် စိတ်ပါဝင်စား ရှိခဲ့သလို အမူအရာမျိုးဖြင့် ဆိုကာ“ကျွန်မတို့ အိမ်က အမေနဲ့ အိမ်သားတွေ ဘယ်လောက် စိတ်ချမ်းသာ သွားတယ်ဆိုတာ မမကို ပြောပြချင်လိုက်တာ။ သူလေ ကျွန်မနဲ့ နှစ်ခေါက် လိုက် လည်ဖူးပါတယ်။ ကျွန်မကိုလည်း သူ့ကိစ္စ ကြီးကြီးငယ်ငယ် ပျော်အောင် လုပ်ခဲ့တာ အများကြီး မမရဲ့၊ အိမ်က အမေနဲ့ အိမ်သားတွေဆိုရင် စိတ်အများ ကြီး သက်သာရာ ရသွားရှာကြတာ။ ကျွန်မဆိုရင် အရင်က နန်စီဆိုတဲ့ နာမည်
ကြီး မကြိုက်လိုက်တာ။ အခုဆို ကိစ္စမရှိတော့ဘူး။ သူက ကျွန်မနာမည် ဟစ်ပဇီသာ မဟုတ်တာကို ဝမ်းသာရမတဲ့လေ။ ပြီးတော့ တနင်္လာနေ့ဆိုရင် ကျွန်မ သိပ် စိတ်ညစ်တာ သိလား။ အဲဒါကိုပဲ တနင်္လာနေ့ မနက်ဆို ဝမ်းသာ အောင် သူ လုပ်တယ် သိလား"
“တနင်္လာနေ့ မနက် ဝမ်းသာအောင်၊ ဟုတ်တယ်”
နန်စီက ရယ်လိုက်ပြီး “ရူးပေါပေါတော့ နိုင်တာပေါ့ မမရဲ့။ ဒါပေမယ့် ကျွန်မ ပြောပြပါမယ်။ ကလေးမကလေးကလေ ကျွန်မက တနင်္လာ
နေ့မနက်ဆို အတော့်ကို စိတ်ညစ်တတ်မှန်း သိသွားတော့ ဘာပြောလဲ သိလား မမနန်စီရယ်တဲ့ ဘယ်လိုမဆို တနင်္လာနေ့မနက်တွေမှာ တခြားနေ့တွေထက် ဝမ်းသာစရာ ရှိတာပဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့ တနင်္လာနေ့ နောက်တစ်ကြိမ် လာဖို့က တစ်ပတ်လုံးလုံး လိုသေးတာမို့”တဲ့။ ကျွန်မလေ အဲဒီကတည် ကစပြီး တနင်္လာနေ့မနက်တိုင်း အဲဒါကို သတိရတော့ ကောင်းသွားတာ မမရဲ့။ ကျွန်မ ရယ်လည်း ရယ်ချင်ရဲ့။ ဘယ်လိုမဆို တွေးမိတိုင်း ရယ်လိုင် တော့လည်း ရယ်ရတာနဲ့ပဲ ကောင်းသွားတာပဲ မမရယ်။ တကယ် တကယ်
“ဒါပေမယ့် သူ ငါ့ကို ဒီကစားနည်းအကြောင်း ဘာဖြစ်လို့ မပြောတာလဲ။ ငါမေးတော့ ဒါကို ဘာဖြစ်လို့ ဒါလောက် လျှို့ဝှက်ထား လည်း မသိဘူး”
နန်စီက ခဏမျှတွေ၍ စဉ်းစားနေလိုက်ပြီး…
“မမ စိတ်လည်း မရှိနဲ့။ မမက သူ့အဖေအကြောင်း မပြော ဆိုလို့ မမကို မပြောတာ၊ ဒါက သူ့အဖေရဲ့ ကစားနည်းကို မမရဲ့” ဟု ပြတော့၊ ဒေါ်ဒေါ်လီ သူ့နှုတ်ခမ်းကို သူကိုက်ထားသည်။
“သူက ပြောချင်တာက မမကို ပထမဆုံး ပြောချင်တာပေါ့။ ဒါကို သူနဲ့ ကစားဖို့ အဖော် လိုချင်နေတာ မမရဲ့။ သိလား။ သူ့မှာ အဖော် အောင်ဆိုပြီး ကျွန်မက ကစားတာ မမရဲ့” -
“ဒါနဲ့ တခြား လူတွေကကော”
ဒေါ်ပေါ်လီ၏ အသံမှာ တုန်နေသည်။
“လူတိုင်းပဲပေါ့။ ခုဆို လူတိုင်းလိုလို သိနေကြပြီ ထင်ပါတယ် ကျွန်း | ရောက်လေရာမှာ ဒါကိုပဲ ကြားနေရတော့ လူတိုင်း ဒါကို သိနေကြတယ်ဆို
မှာပဲ သူက စ,ပေးလိုက်ရင် ကျန်တာ သူတို့က လိုက်ပြောကြတာလဲ တစ်ယောက်စ တစ်ရာ ဆိုသလိုပေါ့ မမရယ်။ သူကလည်း ဘယ်တော့ ကြည် လိုက်ကြည့်လိုက် ပြုံးလို့ရွှင်လို့ လူတိုင်း ခင်မင်စရာ။ သူ့မှာ တစ်ချိန်လုံး ဝမ်း သာနေတော့ သူတို့လည်း ဒီကစားနည်းကို သိကြရတော့တာပေါ့။ အခု သူ ဒဏ်ရာ ရက်တည်းကလူတိုင်း စိတ်မကောင်းကြဘူးပေါ့။ အထူးသဖြင့် သူ့မှာ ဝမ်းသာစရာ ဘာမှ မတွေ့နိုင်တော့လို့ စိတ်ညစ်နေရတယ်ဆိုတာ ကြားကြရ
တော့ ပိုဆိုးတာပေါ့၊ ဒါကြောင့် သူတို့ နေ့တိုင်း လာလာပြီး သူ လုပ်ပေး လို့ သူတို့ ဘယ်လောက် ဝမ်းသာနေကြရတယ်ဆိုတာကို ပြောကြတာ သူ့ စိတ်ချမ်းသာစေချင်ကြတာပေါ့။ သူကတော့လေ ဘယ်သူ့ကိုမဆို သူနဲ့ အတူ ကစားစေချင်ခဲ့တာပဲ”
“အေး။ အခုပဲ ကစားတဲ့ လူတစ်ယောက် တိုးဦးမှာပေါ့” ဟု ဆိုကာ ချာခနဲလှည်၍ မီးဖိုတံခါးမှ ထွက်သွားတော့ နန်စီမှာ အံ့အားသင့်လျက် ရပ်ကြည့်နေလိုက်မိသည်။ ထိုနောက် “အင်း၊ ယုံပြီ ယုံပြီ။ ဘာမဆို ယုံရ တော့မှာပဲ။ ဘာမှ မယုံစရာ မရှိတော့ဘူး ဒေါ်ဒေါ်လီရေ” ဟု သူ့ကိုယ်သူ ပြောနေမိတော့သည်။
တစ်ခဏကြာလျှင် သူနာပြုဆရာမကလေး ထွက်သွားသဖြင့် အခန်း ထဲတွင် ပေါ်လီယာနာနှင့် သူ့အဒေါ်တို့သာ ကျန်ရစ်လေသည်။
. “ဒီနေ့ နောက်တစ်ယောက် လာမေးတယ် သမီးရေ။ သမီးလေး မစ္စက်ပေဆန်ဆိုတာ မှတ်မိလား” ဟု အသံကို မှန်အောင် ကြိုးစားကာ ဒေါ်ပေါ်လီက မေးလိုက်၏။
“မစ္စက်ပေဆန်၊ ဟုတ်လား။ မှတ်မိတာပေါ့ အန်တီ။ သူက မစ္စတာ ပင်ဒယ်လ်တန်အိမ်သွားတဲ့ လမ်းမှာ နေတာပဲ။ သူ့မှာ သိပ် ချစ်ဖို့ကောင်းတဲ့ သုံးနှစ်လောက် သမီးကလေးတစ်ယောက်ရယ်။ ငါးနှစ်လောက် ယောက်ျား ကလေးတစ်ယောက်ရယ်၊ ရှိတယ်။ သူကလည်း သိပ် ကောင်းတာပဲ။ သူ့ ယောက်ျားလည်း ကောင်းတာပဲ။ သူတို့ တစ်ယောက် တစ်ယောက် ဘယ်
လောက် ကောင်းတယ်ဆိုတာ မသိကြတာ တစ်ခုပဲ။ တစ်ခါတစ်ခါ သူတို့ | ရန်ဖြစ်၊ ဟိုလေ... သဘောထားချင်း မတူကြတာပေါ့။ ဆင်းလည်း ဝင်းရဲ တယ်လို့ ပြောတယ်။ ဆင်းရဲပေမယ့် သူက သာသနာပြုဘုန်းကြီးမတ်တော့ စည်တွေဘာတွေတော့ မရဘူးပေါ့။ ဟိုဒင်း ဟိုလေ၊ အဖေ၊ အဲ၊ သူတို့ မရ ဘူးပေါ့"
ပေါ်လီယာနာ ရုတ်တရက် မျက်နှာမသိမသာပျက်သွားတော့ ဒေါ်ပေါ်လီ၏မျက်နှာလည်း အနည်းငယ် နီမြန်းလာသည်။ ' . “သို့ပေမယ့် တစ်ခါတစ်ခါ မစ္စက်ပေဆန်က အဝတ်အစားလှလှ လေးတွေ ဝတ်တယ်လေ။ ဆင်းရဲတယ်သာဆိုတာ သူ့မှာလေ တကယ် လှတဲ့ စိန်လက်စွပ် ပတ္တမြားလက်စွပ် မြလက်စွပ်တွေ ရှိတယ် သိလား ဒါပေမယ့် သူကက်စွပ် တစ်ကွင်း ပိုနေလို့ လွှင့်ပစ်ပြီး သူ့ယောက်ျားနဲ့ လည်း ကွာမယ်လို့ ပြောတယ်။ ကွာမယ်ဆိုတာ ဘာလဲ အန်တီပေါ်လီ။ သိပ် ကောင်း တာတော့ မဟုတ်ဘူးထင်တယ်။ သူ အဲဒီအကြောင်းပြောတော့ သူ့ကြည် တာ သိပ် ပျော်ပုံမရဘူး။ အဲဒီလိုကွာပြီးရင် သူတို့လည်း အဲဒီမှာ မနေတော့ ဘူးတဲ့။ မစ္စက်ပေဆန်ကလည်း အဝေးကြီး သွားတော့မယ်တဲ့။ ကလေးတွေ ရော နေမှာပေါ့။ ဒါပေမယ့်လေ သူတို့ လက်စွပ်တွေ ဘယ်လောက်များများ လွှင့်မပစ်သင့်ပါဘူးနော် အန်တီ။ ကွာတယ်ဆိုတာ ဘာလဲ အန်တီ ဟင်
“ဒါပေမယ့် သမီးရယ်။ အခု သူတို့ အဝေးကြီး မသွားကြတော့ လေး၊ အဲဒီမှာပဲ အတူတူနေကြတော့မယ်တဲ့”
“အို၊ သမီး သိပ်ဝမ်းသာတာပဲ။ သူတို့ ဟိုမှာပဲ နေရင်လေ ယ် သွားတော့ အင်း" . ပေါ်လီယာနာ ပြောရင်းက စိတ်မချမ်းမြေ့စွာ ရပ်ထားလိုက်ပြီး ကို အန်တီရယ်။ သမီး မစ္စတာပင်ဒယ်လ်တန်ဆီကို သွားမလည်နိုင်တော့ဘူးဆိုတော့ ဘာဖြစ်လို့ သတိမရဘဲ မနေနိုင်လဲ မသိဘူး” ဟု ဆိုလိုက်၏။
" အို၊ သမီးလေး မငိုပါနဲ့ကွယ်။ မြင်းရထားနဲ့ သွားရင် ရောက် တာပဲ။ ဒါနဲ့ နေဦးလေ။ မစ္စက်ပေဆန်ပြောသွားတာကို အား အန်တီ မပြောရသေးတာဘဲ။ နားထောင်ပါဦး။ သူတို့ အတူတူပဲ သမီး ကစားစေချင်တဲ့ ကစားနည်းကို ကစားမယ်ဆိုတာ ပြောသွားတယ်"
ပေါ်လီယာနာက မျက်ရည်စက်လက်ကပင် ပြုံးလာပြီး…
“ဟုတ်လား။ အန်တီ တကယ်လား။ ဒါဆိုရင် သမီး ဝမ်းသာ တု ဆိုလိုက်သည်။ .
“ဟုတ်တယ်။ သူကလည်း သမီး ဝမ်းသာမယ်ထင်လို့ လာ တာတဲ့ သမီးကို ဝမ်းသာအောင်လို့ လာပြောတာတဲ့”
ပေါ်လီယာနာက ဆတ်ခနဲ. မှော်ကြည် လိုက်ပြီး “အန်တီပြောနေတာက ဒီကစားနည်းကို အန်တီ သိသလိုပါပဲလားဟင် အန်တီ” ဟု တအံ့တဩ မေးတော့ ဒေါ်ဒေါ်လီက ရွှင်ပျစွာ နေတတ်သူ၏ ရယ်သံမျိုးကို ကြိုးစား၍ပြုရင်း “သိတာပေါ့ သမီးရဲ့၊ နန်စီက ပြောပြတယ်လေ။ သိပ် ချစ်စရာကောင်းတဲ့ ကစားနည်းပဲ သမီးရဲ့။ အခု အန်တီလည်း သမီးနဲ့ အတူ ကစားမယ်လေ” ဟု ပြောလိုက်၏။
“အို၊ အန်တီပေါ်လီ။ အန်တီလေ၊ ဟုတ်လား။ သမီး သိပ်ကို ဝမ်းသာတာပဲ အန်တီ။ သမီးကလေ တစ်ချိန်လုံး တခြားလူတွေထက် အန်တီကို ကစားစေချင်နေတာ”
အန်တီပေါ်လီက ပင့်သက် ရှိုက်လိုက်သည်။ သည်တစ်ခါတော့ အသံကို မှန်အောင် မနည်း ကြိုးစားရသည်။ သို့သော် ရပါသည်။ ...
“ဟုတ်တာပေါ့၊ သမီးလေးရယ်။ တခြားလူတွေလည်း ကစား နေကြမှပဲ ပေါ်လီယာနာရယ်။ ဒီကစားနည်းကို အခုဆို သမီးနဲ့ အတူ တစ်မြို့ လုံးက လူတွေ ဘုန်းကြီးပါမကျန် ကစားနေကြပြီကွယ်။ အန်တီ မပြောရ သေးတာ တစ်ခုရှိသေးတယ် ဒီနေ့မနက်လေ အန်တီ ရွာထဲသွားရင်း မစ္စတာ ဒ်နဲ့ တွေ့ခဲ့တယ်။ ဘုန်းကြီးက သမီးကလေး ဧည့်သည်တွေ တွေ့နိုင်ပြီး ဆိုတာနဲ့ သူ လာတွေ့ပါဦးမယ်တဲ့။ သူလည်း အခု သမီးလေး ပြောပြခဲ့တဲ့ ဝမ်းသာစရာကျမ်းစာအညွှန်း ရှစ်ရာနဲ့ ဝမ်းသာလို့ မဆုံးပါဘူးဆိုတာ . လာခွင့်
ပြောမလို့တဲ့။ အဲဒီတော့ အဲဒါ သမီးကလေး လုပ်ခဲ့တာပေါ့။ တစ်မြို့လုံး ဒါကို ကစားနေကြပြီ။ တစ်မြို့လုံးလည်း ရှေးကထက် အများကြီး စိတ်ချမ်းသာကြ
လေး အဲ... အဲဒါဟာ လူတွေကို ကစားနည်းအသစ် သင်ပေးပြီး ကစား တတ်အောင် ပြပေးတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ကျေးဇူးပေါ့နော်”
ပေါ်လီယာနာက လက်ခုပ်ကလေးများ တီးလိုက်ပြီး “အို၊ သမီး သိပ်ဝမ်းသာတာပဲ” ဟု အော်လိုက်မိ၏။ ထိုနောက် သူ၏မျက်နှာကလေးမှာ အံ့ဖွယ်ရာ ဝင်းလက်၍လာကာ “ဟုတ်တာပေါ့ အန်တီပေါ်လီ။ သမီး ဝမ်းသာနိုင်စရာ ရှိတာပေါ့နော်။ သမီးမှာ ခြေထောက်တွေရှိခဲ့လို့ ဒါလောက် လုပ်နိုင်တာပေါ့။ မဟုတ်ရင် ဘယ်လို ဖြစ်မလဲနော်” ဟု ဆိုလိုက်လေ၏။
>>>>±±±±±>>>>>
အပိုင်း၂၉ဆက်ပါဦးမည်။
*** ပေါ်လီယာနာ ***
ထင်လင်း
အပိုင်း-၂၉
________________
ပွင့်နေသောပြတင်းမှ
နေ့တာတိုသော ဆောင်းရက်များသည် တစ်ရက်ပြီးတစ်ရက် ကုန် လွန်ခဲ့သော်လည်း၊ ပေါ်လီယာနာ အဖို့မှာကား နေ့တာတို့ သည် ရံခါ ဝေဒနာ အပြည် နှင့် ရှည်လျားမြဲပင် ဖြစ်ကြလေသည်။ သို့သော် ဤရက်များတွင် ပေါ်လီယာနာသည် ကြုံလာသမျှကို ကြံ့ကြံ့ခိုင်ခိုင် ရွှင်ပျစွာပြုံး၍ ရင်ဆိုင် ရှာသည်။ ယခုဆိုလျှင် သူ့အန်တီပေါ်လီပင် ဤကစားနည်းတွင် ပါဝင်လာပြန်တော့ သူ့မှာ ဒါကိုကစားဖို့ တာဝန်တစ်ခု ဖြစ်နေပြန်ပြီ မဟုတ်လား။ အန်တီ ပေါ်လီကလည်း ဝမ်းသာစရာများစွာကို ရှာတတ်သည်။ တစ်နေ့ အိုးမဲ့ အိပ်ခဲ့ ကလေးနှစ်ယောက် နှင်းမုန်တိုင်းမိတော့ လေလွင့်ကျနေတဲ့ တံခါးရွက်ကြီး ``တစ်ခုံအောက် တိုးဝင်ပြီး ခိုရင်း “သော် ခိုစရာ တံခါးရွက်တောင် မရှိရှာတဲ့ လူတွေများဆို ဘယ်လိုနေရှာကြမလဲလို့ တွေးမိတယ်' ဆိုသည့် အကြောင်း
ကိုလည်း အန်တီပေါ်လီပင် ကြားလာခဲ့သည်။ နောက်တစ်ခါ သွားနှစ်ချောင်းသာ ရှိတော့သော အဖွားအိုတစ်ယောက်က သည်သွားကလေး နှစ်ချောင်း
တစ်ချောင်းနှင့်တစ်ချောင်း ထိနေသေးတာကိုပဲ ဝမ်းသာရသေးသည် ဆိုသည် အကြောင်းကိုလည်း အန်တီပေါ်လီပင် ကြားခဲ့ပြီး ပြန်ပြောပြသည်။ . ပေါ်လီယာနာမှာ ယခုအခါတွင် မစ္စက်စနိုးကဲ့သို့ပင် သိုးမွေးတော် စုံများဖြင့် အံ့ဖွယ်အထည်များကို ထိုးနေခဲ့ရာ သူ့အိပ်ရာခင်းဖြူဖြူပေါ်တွင် အားရဖွယ်ဖြစ်လောက်အောင် ရှည်လျားသည် သိုးမွေးထည်များကို တော့ သူ့မှာ မစ္စက်စနိုးလိုပင် လက်မောင်းများ လက်ချောင်းများ ကောင်း သည်ကို ဝမ်းသာရလေတော့သည်။
ယခု ပေါ်လီယာနာသည် လာမေးသူများကို အခါအားလျော်စွာ တွေ့နိုင်ပြီ ဖြစ်သည်။ မလာနိုင်သောသူများထံမှလည်း ခင်မင်ရင်းနှီး စကားလက်ဆောင်များကတော့ မပြတ်လပ်သဖြင့် ပေါ်လီယာနာမှာ စဉ်းစား စရာ အသစ် အသစ် ရမြဲဖြစ်သည်။ - မစ္စတာပင်ဒယ်လ်တန်ကို တစ်ခါတွေ့ပြီး၊ ဂျင်မီဘင်းအား နှစ် ပြီးပြီ။ ဂျွန်ပင်ဒယ်လ်တန်က ဂျင်မီဘင်းသည် အလွန်ကောင်းသော ကလေး
တစ်ယောက် ဖြစ်လာမည် အကြောင်းနှင့် ယခုလည်း သူအလွန်လံသွားကြောင့် တို့ကို ပြောပြသည်။ ဂျင်မီကလည်း သူ့မှာ ယခု ပထမတန်းအိမ်ကို ရနေ
ကြောင်း၊ မစ္စတာပင်ဒယ်လ်တန်က သူ့အား မည်မျှ ဂရုစိုက်ကြောင်းတို့ ပြောပြသည်။ နှစ်ယောက်စလုံးကပင် ပေါ်လီယာနာ၏ ကျေးဇူးကို ဖော်ပြ
နောက်တော့ ပေါ်လီယာနာက သူ့အဒေါ်အား “ကြည် ဒေါ်လေး။ အဲဒါ သမီးမှာ ခြေထောက်တွေ ရှိခဲ့ဖူးတာကို ပိုပြီး ဝမ်းသ စရာပေါ့နော်" ဟု နှစ်ယောက်ချင်း ပြောပြလေသည်။
ဆောင်းကုန်၍ နွေဦးသို့ရောက်ခဲ့ပြီ။ ပေါ်လီယာနာ၏ အခြေအနေ ကို စိုးရိမ်စွာ စောင့်ကြည်လာခဲ့ကြသူတို့မှာလည်း ညွှန်ကြားသော ဝါ ကုသမှုဖြင့် တစ်စုံတစ်ရာ ထူးခြားလာသည်ကို မမြင်ကြရသဖြင့် ဒေါက်တာ မိဒ်က အဆိုးဆုံးမျှော်လင့်ထားသလို ပေါ်လီယာနာ လမ်း ပြန်မလွှား နိုင်တော့ ဆိုသည့် စကား မှန်ရတော့မလို ဖြစ်ခဲ့လေသည်။ ,
ပေါ်လီယာနာနှင့် ပတ်သက်၍ ဘဲလ်ဒင်းစတီးလ်တစ်မြို့လုံး နာ တစွင့်စွင့် နေကြရာတွင် တစ်ယောက်သောသူမှာကား ပေါ်လီယာနာထ သတင်းစကားကို နေ့စဉ် ရယူနားထောင်နေခဲ့ပြီ အားမလိုအားမရဖြစ် ကာ စိုးရိမ်သောက ဖြစ်၍ နေလေသည်။ တစ်ရက်ပြီး တစ်ရက် ကုန်သွား၍ သတင်းကောင်း မပါလာဘဲ ပို၍သာ ဆိုးလာသောအခါ ထိုလူမှာ စိုးရိ
သောကမျှသာမကတော့ဘဲ တစ်ဖက်က စိတ်ပျက်အားလျော့ခြင်းနှင့် ကျ တစ်ဖက်က တင်းမာသောအဓိဋ္ဌာန် သူတစ်ပြန်ကိုယ်တစ်ပြန် လွန်ဆွဲလို့ အံခဲနေရသည့် အခြေသို့ ရောက်လေတော့၏။ နောက်ဆုံးတွင် တင်းမာသေ သူ၏ အဓိဋ္ဌာန်က အောင်နိုင်လေသည်။ ထိုအချိန်မှာပင် တစ်ခုသော စနေ ၌ မစ္စတာဂျွန်ပင်ဒယ်လ်တန်၏အိမ်သို့ ဒေါက်တာချစ်လတန်လာလေး မစ္စတာ ပင်ဒယ်လ်တန်မှာ အံ့အားသင့်ရလေ၏။
ဆရာဝန်က ရောက်ရောင်ချင်းပင် “ပင်ဒယ်လ်တန်၊ ကျပ် ၊ လာခဲ့တာကတော့ ဒီမြို့မှာ ကျပ်နဲ့ မပေါ်လီ ဆက်ဆံခဲ့တဲ့အကြောင်း ခင်ဗျ အသိဆုံးမို့ လာခဲ့တာပဲ” ဟု ဆိုလိုက်တော့ ဂျွန်ပင်ဒယ်လ်တ မှာ သိသိ သာ အံ့အားသင့်သွားဟန် တူ၏။ ပေါ်လီ ဟယ်ရင်တန်နှင့် သောမ ချစ်လတန်တို့၏ အချစ်ရေးကိစ္စကို သုသိပါသည်။ သို့သော် ဤကိစ္စ
ပတ်သက်၍မပြောမဆိုကြတော့သည်မှာ ဆယ့်ငါးနှစ်။ ဆယ့်ငါးနှစ်ကျော်ကျော် ရှိခဲ့ပြီဖြစ်၏။
“အင်း၊ ဆိုစမ်းပါဦး”
ပင်ဒယ်လ်တန်လည်း စိတ်ဝင်စားသည်ကို ပြရုံမျှ ဆိုလိုက်ပြီး စပ်စု ချင်စိတ် မရှိသလို နေလိုက်၏။ သို့သော် သူ ဟန်လုပ်နေဖို့ မလိုသည်ကို တွေ့ရသည်။ ဆရာဝန်သည် သူ့ကိစ္စနှင့် သူ၊ တခြားလူ ဘယ်လို ထင်သည်ကို ကြည်နေအားဟန် မတူချေ။ .
"ပင်ဒယ်လ်တန်၊ ကျုပ် ကလေးကို ကြည့်ချင်တယ်။ ကျပ် စစ်ဆေး ကြည်ချင်တယ်။ ကြည် ရမှလည်း ဖြစ်မယ်”
“အင်း။ အခုကြည်လို့ မရဘူးလား” ၊
“ကြည် လို့ ရမလား ́ ပင်ဒယ်လ် အဲဒီအိမ်ကို ကျပ် မဝင်ခဲ့တာ ဆယ့်ငါးနှစ်ရှိပြီဆိုတာ ခင်ဗျား ကောင်းကော သိပါတယ်။ ဒါပေမယ့် ခင်ဗျားမသိတာ ကျုပ် ပြောပြပါဦးမယ်။ အဲဒီ ကြီးရဲ့ အရှင်သခင်မက နောက်တစ်ခါ ဒီအိမ်ထဲကိုဝင်ခဲ့ဖို့ ဘာ ခေါ် သူက ဝန်ချတောင်းပန် တယ်လို့ပဲ သဘောထားပါလို့ ပြောထားတယ်။ အဲသလိုဆိုရင် အရင်က အတိုင်းလိုပေါ့. သူ ကျုပ်ကို ယူမယ်ပေါ့။ အ သူက ကျုပ်ကို အိမ်ထဲ ခါလိမ့်မယ် ထင်သလား။ ကျုပ်တော့ မထင်ဘူး...”
' “ဒါပေမယ့် ခင်ဗျား သူခေါ်မှ သွားရ လား၊ မခေါ်ဘဲ သွားလို့ ရဘူးလား..."
ဆရာဝန်က မျက်မှောင်ကြုတ်လိုက်ပြီး `အင်း... ခက်ပါတယ် ချုပ်မှာလည်း သိက္ခာနဲ့... သိလား...” ဟု ပြောလိုက်၏။
“ဒါပေမယ့် ခင်ဗျား ဒါလောက် စိုးရိမ် နေရပြီပဲဗျာ။ သိက္ခာတွေ့ ကတွေ လုပ်မနေနဲ့တော့ပေါ့၊ ရန်ဖြစ်တာ ခဏမေ့ထားပြီး သွားလိုက်ရင်
' “ဪ... ရန်ဖြစ်တာ မေ့ထားပြီး ရယ်လို့ဗျာ။ ကျုပ်က ဒီလို သိက္ခာကို ပြောတာ မဟုတ်ဘူးဗျ။ အဲဒီကိစ္စလောက်နဲ့ ဆိုရင်လား ကျုပ် ဒီအ နေ့ သူ့အိမ်အထိ လေးဘက်ထောက် သွားရ သွားရ ခေါင်းနဲ့ သွားရ တာ
ပါတယ်။ကျုပ် ပြောတာက ဆရာဝန့်သိက္ခာကို ပြောတာ။ လူနာကြည် ကိစ္စမှာ ကျုပ်တို့ဆရာဝန်ဆိုတာ “ကျုပ်ကို ပင့်ပါ”လို့ အတင်းဝင်ရောင့်တက်သင့်တာမဟုတ်ဘူးဗျ။ သိရဲ့ လား”
“နေပါဦး ဒေါက်တာရဲ့။ ခင်ဗျားတို့ ရန်ဖြစ်ကြရတာက ဘာ အကြောင်းတဲ့လဲ” ဟု ပင်ဒယ်လ်တန်က ပေးနေ၍ ဒေါက်တာချစ်လတန်တ စိတ်မရှည်သလို အမူအရာပြကာ ထိုင်ရာမှ ထ၏။
“ဘာအကြောင်းရယ်လို့ ရှိမလားဗျ။ သမီးရည်းစား ရန်ဖြစ်တယ်ဆို တာ ဘာအကြောင်း ရှိမလဲ။ ဘယ် မှတ်မိတော့မလဲ” ဟု ဆိုကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း “အလကား ကိစ္စ၊ အခန်း ဘယ်လောက် ကျယ်တယ်။ မြစ်ရေ ဘယ်လောက်နက်တယ် ဆိုတာ ငြင်းရင်းကလည်း ဖြစ် တတ်တာပဲ။ ဖြစ်ပြီး နှစ်ပေါင်းများစွာ စိတ်သောကနဲ့ နေရတာနဲ့စာရင် ဘာမှ ဖြစ်လောက်တဲ့ အကြောင်း မဟုတ်ပါဘူး။ ရန်ဖြစ်တာ ထားလိုက်ပါ လေး။ ကျုပ်နဲ့ ပတ်သက်လို့တော့ ရန်ဖြစ်တာကို မဟုတ်ပါဘူး။ ရန် မဖြစ်ခဲ့ဘူး လို့ပဲ ပြောချင်ပါတယ်၊ ကျုပ် အခု ကလေးကို ကြည့်ရမှ ဖြစ်မယ်။ ဒါဟာ သေရေးရှင်ရေးပါ။ ဒါဟာ ပေါ်လီယာနာ လမ်း ပြန်လျှောက်နိုင်ဖို့ ဆယ်ပုံ ပုံရင် ကိုးပုံလောက် သေချာတဲ့ကိစ္စလို့ ကျုပ် ရိုးရိုးသားသား ယုံကြည်တယ် ဗျာ” ဟု ဆက်ပြော၏။ | ဆရာဝန်၏ စကားများမှာ ရှင်းလင်းပြတ်သားလှရုံမက လေးလည်းလေးနက်လှသည်။ ဂျွန်ပင်ဒယ်လ်တန်က ပြတင်းပေါက်နားတွင် ထိုင်နေသည် ဖြစ်၍ ပြောသူက သူ့အနားမှာပင် ပြောလေရာ ဤစကားစုသည် ပြတင်း ပေါက်၏ အောက်နားစအပြင်ဘက်တွင် ဒူးထောက်လျက် နားထောင် | နေသော ကလေးတစ်ယောက်၏ နားထဲသို့ ကြည်လင်ပြတ်သားစွာပင် ဝင်လာကြလေသည်။
စနေနေ့နံနက်တွင် ပေါင်းမြက်ကလေးများ လိုက်နှုတ်ရန် တာဝန် ပေးထားခြင်းခံရသော ဂျင်မီဘင်းသည် ထိုနေ့က မြက်နှုတ်ရင်း ထိုပြတင်း နားသို့ရောက်သည်နှင့် ဒူးထောက်၍ထိုင်ကာ မျက်လုံးအပြူးသားဖြင့် နားစွင့် ထောင်မိနေခြင်း ဖြစ်လေသည်။
ဂျွန်ပင်ဒယ်လ်တန်က “ပေါ်လီယာနာ လမ်းလျှောက်နိုင်မယ် ဟု လား။ ဘယ်လိုတဲ့လဲ” ဟု မေးနေသည်။
“ဒီလိုလေ။ ကျုပ် အဝေးက ကြားရ သိရသလောက်ဆိုရင် သူ့မှာ ဖြစ်တာမျိုးက ကျုပ်ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ကုပေးလိုက် တဲ့ လူနာအဖြစ်မျိုးနဲ့ သိပ် တူနေလို့လေ၊ အဲဒီလူကလည်း ဒီလိုဟာတွေကို
အသုံးပြုပြီး ကုပေးနေတဲ့လူ။ သူ့ဆီကို ကျုပ် စာနဲ့ ဆက်သွယ်ပြီး လေ့လာ ပြီးပြီ ဆိုပါတော့။ ကျုပ် ကြားရသလောက်တော့ ...၊ ဒါပေမယ့်ကျပ် ကလေး မကို စစ်ဆေးကြည့်ချင်တယ်ဗျာ”
ဂျွန်ပင်ဒယ်လ်တန်သည် ကုလားထိုင်မှ ကိုယ်ကို မတ်၍ ထလာသည်။ - "ဒီလိုဆို၊ ခင်ဗျား တွေ့ ရမှာပေါ့။ ခင်ဗျား၊ ခင်ဗျား၊ ဟိုဒင်း ဒေါက်တာ ဝါးရင်းက တစ်ဆင့် တွေ့ရင်ကော” ဆရာဝန်က ခေါင်းယမ်းလိုက်ပြီး “မရဘူးဗျာ။ ဝါးရင်းကတော့
ကောင်းရှာပါတယ်လေ။ အစက သူကိုယ်တိုင်ကပဲ ကျုပ်နဲ့ တိုင်ပင်ပြီး ကုဖို့ အကြံပေးပါသေးသတဲ့။ ဒါပေမယ့် ဒေါ်ပေါ်လီက ပြတ်ပြတ်သားသားကို ငြင်း ထားလို့။ သူလည်း နောက်ထပ် မပြောတော့ဘူးတဲ့။ ကျုပ်က ကလေးကို သိပ် တွေ့ချင်တယ်ဆိုတာ သူ သိသားပဲ။ မကြာခင်ကပဲ သူ့ဆီက လူနာတွေ ကျုပ်ဆီ ရောက်ရောက်လာနေတာပဲ။ အဲဒီတော့ ကျုပ်မှာ သွားဖို့ ပိုခက်နေ ပြန်တာပေါ့။ ဒါပေမယ့်ဗျာ၊ ကျုပ် ဒီကလေးကို တွေ့လိုက်ရမှ ဖြစ်မယ် တွေ့လိုက်ရရင် ကလေးမှာ ဘယ်လောက် အကျိုးများသွားမယ်ဆိုတာ စဉ်းစားဖို့ပေါ့" ဟု ပြော၏။
“ဟုတ်တယ်ဗျာ။ မတွေ့လိုက်ရရင် ကလေးမှာ ဘယ်လောက် အကျိုး နည်းသွားမယ်ဆိုတာ စဉ်းစားဖို့ပေါ့” ဟု ဂျွန်ပင်ဒယ်လ်တန်က ဆိုသည်။
“သို့ပေမယ့် သူ့အဒေါ် ကိုယ်တိုင်ကပင့်ခေါ်တာ မဟုတ်ရင် ဘယ် လုပ် တွေ့ရမလဲ၊ ပင့်မှာလည်း မဟုတ်”
“ခင်ဗျားကို ပင့်ဖို့ သူ့ကို အကျပ်ကိုင်ရင်ကော"
“ဘယ်လို ကိုင်မလဲ”
“ဒါတော့ ကျုပ်လည်း မသိဘူး”
“ခင်ဗျားလည်း မသိဘူး။ ဘယ်သူမှ မသိဘူး။ မာနက ́သိပ်ကြီး တာ။ ကျုပ်ကို ဘယ် ပင့်မလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူကိုယ် ပင့်ရင် ဘာသဘောဆိုတာ သူ ပြောထားတော့ ဘယ် ပင့်မလဲ။ ဒါ ကလေးမ တစ်သက်လုံး ဒီလိုပဲ ကြမ္မာဆိုးနဲ့ နေရမှာတို့၊ ဒီအဖြစ်က ချင် မြောက်ဖို့က ကျုပ်လက်ထဲမှာ ရှိတာတို့ကို တွေးမိရင် အဲဒီမာနတို့၊ တို့၊ ဘာတို့ ဆိုတာတွေကိုလေး ကျုပ်…"
ဆရာဝနျသညျ စိတျမရှညျတော့သလို သူ့စကားသူ အဆုံးထိ မပြောနိုင်တော့ဘဲ စိတ်လှုပ်ရှားလျက်
ကုတ်အင်္ကျီအိတ်ထဲ လက်နှိုက်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်၍ နေပြန်လေသည်။
“ဒါဖြင့်လည်း မပေါ်လီကို နားလည်အောင် ပြောပြရရင်ကော” ဟု ပင်ဒယ်လ်တန်က အကြံပေးသည်။
“အေးပါ။ အဲဒါကို ဘယ်သူက လုပ်မှာလဲ” ဟု ဆရာဝန်က စိတ်တို စွာ လှည်၍အော်သည်။
“မသိဘူးဗျာ။ ကျုပ်လည်း မသိဘူး” ဟု ဂျွန်ပင်ဒယ်လ်တန်က ညည်းညည်းညုညု ဆိုလိုက်သည်။
ပြတင်းပေါက်၏ အပြင်ဘက်တွင်ကား ဂျင်မီဘင်းသည် ရုတ်တရကို လှုပ်ရှားလာသည်။ ယခုအထိမူ သူသည် အသက်ပင် ရှူမိဟန်မတူဘဲ ပြော သမျှကို အားလုံးကြားရအောင် နားစိုက်ထောင်၍ နေခဲ့၏။ .
ကျွန်တော် သိတယ်။ ဒါကို ကျွန်တော် လုပ်မယ်” ဟု သူ့တစ်ကိုယ် ကြား အောင်မြင်စွာ ဟစ်ကြွေးလိုက်ပြီး ထိုင်ရာမှထ၍ အိမ်ထောင်ရောက် အောင် ငုံ့လျှိုးလာကာ ပင်ဒယ်လ်တန်တောင်ကုန်း အဆင်းလမ်းအတိုင်း တရကြမ်း ပြေးထွက်ခဲ့လေ၏။
>>>>>+++++>>>>>
အပိုင်း၃၀ဆက်ပါဦးမည်။
*** ပေါ်လီယာနာ ***
ထင်လင်း
အပိုင်း-၃၀
________________
ဂျင်မီ ပဲ့ကိုင်လိုက်ခြင်း
“ဂျင်မီဘင်းရယ်၊ မမ...မမကို တွေ့ချင်လို့တဲ့” ဟု နန်စီက တံခါး ဝမှပြောတော့ ဒေါ်ဒေါ်လီက အံ့အားသင့်သလို ကြည် ၍ “ဟဲ့၊ ငါ့ကိုတွဲ လား။ ပေါ်လီယာနာကို တွေ့ချင်တာ မဟုတ်ဘူးလား။ တွေ့ချင်ရင် ခဏတော့ တွေ့ပေးလိုက်” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ မမ၊ ကျွန်မ သူ့ကို ပြောပါတယ်။ သူ တွေ့ချင်တာက မမကိုပါ”
“ကောင်းပြီလေ ငါ လာခဲ့မယ်” ဟု ဆိုကာ ဒေါ်ပေါ်လီလည်း နှင်း | လျစွာ ထိုင်ရာက ထခဲ့၏။
ဧည်ခန်းတွင် မျက်နှာရဲရဲ မျက်လုံးအဝိုင်းသားနှင့် သူ့အား စောင့် ဆိုင်းနေသောဂျင်မီဘင်းကို တွေ့သည်။ ဂျင်မီဘင်းက ချက်ချင်း စ၍ စကား ပြောသည်။
“ကျွန်တော် ခုလို လာတာပြောတာ သိပ်တော့ မကောင်းဘူး ခင် ဒါပေမယ့် မတတ်နိုင်ဘူး။ ပေါ်လီယာနာ အတွက်ပါ။သူ့အတွက်ဆိုင် ကျွန်တော် မီးကျီးခဲပေါ် လျှောက်ရလည်း လျှောက်မယ်။ ဒေါ်ဒေါ်နဲ့ ရင်ဆိုင် ဆိုလည်း ဆိုင်မယ်။ ဘာလုပ်ရ လုပ်ရ ဘယ်အခါ ဖြစ်ဖြစ်ပေါ့။သူ ပြန်လျှောက် - နိုင်မယ်ဆိုရင် ဒေါ်ဒေါ်လည်း လုပ်မှာပါပဲ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် လာတာပါ။ ဒီ... မာတို့ သိပ်.. သိပ် ဘာဆိုလဲ။ အဲဒါကြောင့် ပေါ်လီယာနာ လမ်းမလျှောက်နိုင်တာဆိုရင် ဒေါ်ဒေါ်က ဒေါက်တာ ချစ်တင် ပင့်... ပင့်မှာပဲ ဆိုတာ ကျွန်တော် သိ...သိ”
“ဘာ။ ဘယ်လို”
ဇဝေဇဝါနှင့်ကြည့်နေသော ဒေါ့ပေါ်လီ၏ မျက်နှာမှာ ဒေါသ လွှမ်းလာကာ ဖြတ်၍ မေးလိုက်သည်။
ဂျင်မီက စိတ်ပျက်လက်ပျက် သက်ပြင်းချသည်။
“ကျွန်တော်... ဒေါ်ဒေါ်ကို စိတ်ဆိုးအောင် လုပ်တာ မဟုတ် ဘူး။ ဒါကြောင့် ကျွန်တော် ပေါ်လီယာနာ”လမ်း ပြန်လျှောက်နိုင်မယ်ဆို
ကစပြီး ပြောရတာပါ။ ဒါကိုတော့ နားထောင်နိုင်မယ် ထင်ပါတယ်”
“ဟဲ၊ ဂျင်မီ၊ နင် ဘာတွေ လျှောက်ပြောနေတာလဲ”
ဂျင်မီက သက်ပြင်းချရပြန်၏။
“ကျွန်တော် အဲဒါ၊ ပြော၊ ပြောမလို့ပါပဲခင်ဗျ"
“ကဲ၊ ပြော၊ ဒါဖြင့် အစက စပြော၊ ငါ နားလည်အောင်လည်း ပြောနော်၊ နင်ပြောချင်တဲ့စကား အလယ်က ဖောက်ပြောပြီး အကုန်ရှုပ်ကုန် တော့ ငါက ဘယ် နားလည်တော့မလဲ"
ဂျင်မီက သူ့နှုတ်ခမ်းများကို လျှာဖြင့် လျက်လိုက်ပြီး…
“ဟုတ်ကဲ့။ အစက .ပြောရရင် ဒေါက်တာချစ်လတန့် မစ္စတာ ပင်ဒယ်လ်တန်ဆီကို အလည်လာတယ်။ ပြီးတော့ စာကြည့်ခန်းထဲမှာ စကား ပြောကြပါတယ်။ အဲဒါတော့ နားလည်ရဲ့ မဟုတ်လား” ဟု ပြောရင်း မေးလိုက်၏။
“အင်း နားလည်တယ်”
.ဒေါ်ပေါ်လီ၏အသံမှာ တိုးလှသည်။
“ဟုတ်ကဲ့။ ပြတင်းပေါက်ကလည်း ပွင့်နေတယ်။ ကျွန်တော်ကလည်း အဲဒီအောက်နားမှာ မြက် နှုတ်နေတယ်။ အဲဒီတော့ သူတို့ပြောတာတွေကို ကျွန်တော် ကြားရတယ်”
“ကျွန်တော့်အကြောင်း ပြောနေတာမှ မဟုတ်ဘဲ။ ပြီးတော့ ခိုး နင် ထောင်တာလည်း မဟုတ်ပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော် နားထောင်မိတာ ကိုပဲ ဝမ်းသာပါတယ်။ ကျွန်တော်ပြောပြရင် ဒေါ်ဒေါ်လည်း ဝမ်းသာမှာပဲ။ ဒါက ပေါ်လီယာနာ လမ်းပြန်လျှောက်နိုင်တဲ့ကိစ္စကိုး”
ဒေါ်ပေါ်လီက ကိုယ်ကိုရှေ့သို့ ကိုင်းကာ . . ။
“ဘာရယ် ဂျင်မီ၊ နင်ပြောတာ ဘယ်လို” ဟု မေးလိုက်သည်။
“ကဲ၊ ကျွန်တော်ပြောသားပဲ။ ဒီလိုလေ ဒေါက်တာချစ်လတန် ပေါ်လီယာနာကို လမ်းပြန်လျှောက်နိုင်အောင် ကုပေးနိုင်တဲ့ ဆောဝန် တစ်ယောက်ကို သိတယ်လေ။ သို့ပေမယ့် သူက ပေါ်လီယာနာကို မကြည် ရ ဘဲနဲ့ အသေအချာ မပြောနိုင်ဘူး။ သူက ဒါကြောင့် ပေါ်လီနာကို သိပ် ကြည်ချင်နေတာ။ ဒါပေမယ့် သူက မစ္စတာပင်ဒယ်လ်တီကို ပြောပြနေတာ ကတော့ ဒေါ်ဒေါ်က ကြည်ခွင့်ပေးမှာ မဟုတ်ဘူး”
ဒေါ်ဒေါ်လီမျက်နှာမှာ နီမြန်းလာသည်။ သူသည် ဘာလုပ်ရမှန်း မသိသလို သူ့လက်များကိုသာ လိမ်ဆွဲနေရာက ...
. ဒါ၊ ဒါပေမယ့် ဂျင်မီရယ်။ ငါ...ငါ...... မတတ်နိုင်ဘူး တဲ့။ ဒါက...ငါ...ငါလည်း မသိဘူးဟယ်” ဟု အထစ်ထစ်အငေါ့ ဆိုလိုက်၏။
“ဟုတ်ကဲ့၊ အဲဒါကို ဒေါ်ဒေါ်သိအောင် ကျွန်တော် လာပြောတာပါ။ သူတို့ပြောနေကြတာကတော့ ကျွန်တော်လည်း အသေအချာတော့ မကြား လိုက်ဘူး။ အကြောင်းတစ်ခုကြောင့် ဒေါ်ဒေါ်က ဒေါက်တာချစ်လတန်ကို လာခွင့် မပြုဘူးတဲ့။ အဲဒါကို ဒေါက်တာဝါးရင်းကိုလည်း ပြောလိုက်သတဲ့။ ဒေါက်တာချစ်လတန်ကလည်း ဒေါ်ဒေါ်က မခေါ်ဘဲ သူ့ဘာသာသူ လာလို့ မရဘူးတဲ့။ သူ့မှာ ဆရာဝန် သိပ် ... သိပ် ဘာဆိုလဲ၊ အဲဒါကြောင့်တဲ့။ ဒါနဲ့ သူတို့ က ́ ဒေါ်ဒေါ်ကို တစ်ယောက်ယောက်က နားလည်အောင် လုပ်နိုင်ရင် ကောင်းမယ်၊ ဘယ်သူ လုပ်နိုင်မလဲဆိုတာ သူတို့ မသိတာ တစ်ခုပဲ၊ ကဲ့။ အဲဒါ ကျွန်တော်ကလည်း ပြတင်းပေါက် အပြင်ဘက်ရောက် နေတော့ `ကျွန်တော် လုပ်မယ်” လို့ ကိုယ့်ဘာသာပြောပြီး လာခဲ့တာပဲ။ ကျွန်တော်ပြောတာ ဒေါ်ဒေါ် နားလည်ရဲ့ မဟုတ်လား”
“အေးပါ။ ဒါပေမယ့် ဂျင်မီရယ်။ အဲဒီ ဆရာဝန်ဆိုတာက ဘယ်သူ တဲ့လဲ၊ ဘာ လုပ်တာတဲ့လဲ။ ပေါ်လီယာနာကို လမ်းပြန်လျှောက်အောင် လ် ပေးနိုင်မယ်ဆိုတာကော သူတို့ အသေအချာ သိလို့လား” ဟု ဒေါ်ပေါ်လီ မေးမြန်းလိုက်သည်။
“သူ ဘယ်သူလဲဆိုတာတော့ ကျွန်တော် မသိဘူး ဒေါ်ဒေါ်။ အဲဒါ ကိုတော့ သူတို့ မပြောဘူး။ ဒေါက်တာ ချစ်လတန်ကတော့ သိတယ်။ ပေါ်ရီ ယာနာလို ဖြစ်တာမျိုးကိုလည်း မကြာခင်ကပဲ ကုပေးလိုက်လို့ ကောင်းသူ သတဲ့။ သူတို့ ပြောနေကြပုံကတော့ ဆရာဝန်အတွက် ဘာမှ စိတ်မပူကြပါ ဘူး၊ သူတို့ ပူနေကြတာက ဒေါ်ဒေါ်ပါပဲ။ ဒေါ်ဒေါ်က ဒေါက်တာချစ်လ ကို လာခွင့်ပေးမှာ မဟုတ်လို့တဲ့။ လာခွင့် ပေးမယ်လို့ ပြောလိုက်ပါ ဒေါ် ရယ်။ ဟုတ်လား။ ကျွန်တော် ပြောတာ နားလည်ရဲ့ မဟုတ်လား”
ပေါ်လီသည် သူ၏ဦးခေါင်းကို ဟိုဘက်လှည်လိုက် သည်၏ လှည်လိုက်နှင့် အသက်ရှူးလည်း မမှန်။ ရှိုက်သံထွက်နေသဖြင့် သူ့ကို စိုးရိမ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည် ဂျင်မီက သူ့ကို ငိုတော့မည် | ဟု ထင်သည်။ သို့သော် သူ မငိုပါ။ ခဏကြာလျှင် သူ အထစ်ထစ်အငေါ့ နှင့် “ကောင်းပြီ။ ဒေါက်တာချစ်လတန်ကို ကြည်ခွင့် ပေးပါမယ်။ ကဲ ဂျင်မီမ မင်း မြန်မြန်ပြန်တော့။ ငါလည်း ဒေါက်တာဝါးရင်းကို စကားပြောစရာ ရှိ တယ်။ သူ အခု အပေါ်မှာ ရှိတယ်။ စောစောကပဲ သူဝင်လာတာ မြင်လိုက် တယ်"ဟု ပြောလိုက်သည်။
တစ်ခဏကြာလျှင် ဒေါက်တာဝါးရင်းသည် မျက်နှာနီမြန်းလျက် ချောက်ချားနေပုံရသော ဒေါ်ပေါ်လီကို စင်္ကြံထဲတွင် တွေ့လိုက်ရ၍ အံ့ဩ သွားသည်။ ဒေါ်ပေါ်လီက သူ့အား အမောတကောဖြင့် “ဒေါက်တာဝါးရင်း၊ ဒေါက်တာချစ်လတန်ကို တိုင်ပင်ကုဖို့ ဆရာ အရင်က ပြောဖူးတယ်လေ။ အဲဒီတုန်းက ကျွန်မ သဘောမတူခဲ့ဘူး။ အခု ပြန်စဉ်းစားပြီးပြီ။ ဒေါက်တာ ချစ်လတန်ကို ခေါ်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်၊ ခုချက်ချင်း ခေါ်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ပြောတော့ ပိုမို အံ့အားသင့်ရလေတော့သည်။
>>>>+++++>>>>>
အပိုင်း၃၁ဇာတ်သိမ်းဆက်ပါဦးမည်။
အပိုင်း-၃၁ [ ဇာတ်သိမ်း ]
________________
ဦးလေးအသစ်
နောက်တစ်ကြိမ် ပေါ်လီယာနာ မျက်နှာကျက်ပေါ်က သက်တန့် ရောင်စင်းကလေးများကို ပက်လက်က မော်ကြည် နေရာ အခန်းတွင်းသို့ ဒေါက်တာငါးရင်း လာသောအခါ သူ့နောက်က ကပ်လျက် အရပ်မြင့်မြင့် | ပခုံးကျယ်ကျယ်လူတစ်ယောက် ပါလာလေသည်။
“ဒေါက်တာချစ်လတန်။ ဟား ဒေါက်တာချစ်လတန်။ အို၊ ဦးလေး ကို တွေ့ ရတာ သမီး သိပ်ဝမ်းသာတာပဲ” ဟု ဝမ်းသာအားရ အော်ဟစ် လိုက်တော့ အခန်းထဲရှိ မျက်လုံးတစ်စုံမကတွင် မျက်ရည်များ ပြည်လာသည်။ ထိုနောက် ပေါ်လီယာနာက “အေးလေ၊ ဒါပေမယ့် အန်တီပေါ်လီ က အလိုမရှိရင်တော့..” ဟု ညှိုးငယ်စွာ ဆိုလိုက်တော့ ဒေါ်ဒေါ်လီက သူ့ဆီကို အပြေးလာပြီး “ကိစ္စမရှိပါဘူး သမီးလေးရယ်၊ စိတ်မပူပါနဲ့ တော့ အန်တီကပဲ ဒေါက်မ်ချစ်လတန့်ကို ဒေါက်တာဝါးရင်းနဲ့ အတူ သမီးကလေး ကိုကြည် ပေးဖို့ ဒီနေ့မနက်ကြပဲ ပြောပြီးပါပြီ” ဟု နှစ်သိမ့်လိုက်၏။
ပေါ်လီယာနာက ကျေနပ်စွာပင် “အို ဒါဖြင့် ဒေါက်တာချစ်လတန် ကို အန်တီက ခေါ်လိုက်တာပေါ့” ဟု ဆိုလိုက်၏။
“ဟုတ်တယ် သမီးရယ်။ အန်တီပဲ ခေါ်လိုက်တယ်။ ဒါက ဒီလိုလေ…
ဒေါ်ပေါ်လီ စကားဖာရန် အချိန်မရတော့ပါ။ ဒေါက်တာချစ်လတန် ၏ မျက်လုံးအစုံတို့မှာ ရုတ်တရက် ဝင်းလက်ရွှင်ပြုံးလာသည်ကို သူလည်း ထင်ရှားစွာ မြင်တွေ့လိုက်ရပါပြီးဤတွင် သူ၏ ပါးပြင်များ နီမြန်းလာတာ ကပျာကယာထ၍ အခန်းထဲမှ ထွက်သွားလေတော့သည်။
ပြတင်းပေါက်တွင်ကား ဒေါက်တာဝါးရင်းနှင့် သူနာပြုဆရာမကလေး တို့သည် တစ်စုံတစ်ခု၌ စိတ်ပါဝင်စားစွာ စကားလက်ဆုံကျနေသည်။ ဒေါက် တာချစ်လတန်သည် သူ၏လက်နှစ်ဖက်ကို ဆန့်တန်း၍ ပေါ်လီယာနာထံသို့ သွားရင်း ...
“သမီးလေးရေ...။ သမီးလေး ဒီကနေ့ ဝမ်းသာစရာ အကောင်း ဗုံး အလုပ်တစ်ခုကို လုပ်လိုက်ပြီလေ” ဟု ဝမ်းသာလွန်း၍ တုန်နေသော သံဖြင့် ပြောလိုက်လေသည်။
ထိုနေ့ညနေ နေဝင်ရီတရောအချိန်တွင် အံ့သြရလောက်အောင် ထူးခြားလှုပ်ရှားနေသော အန်တီပေါ်လီသည် ပေါ်လီယာနာ၏ အိပ်ရာ
သို့ တက်လာခဲ့လေသည်။ သူနာပြုဆရာမလေး ညနေစာ စားချိန်ဖြစ်၍ | အခန်းထဲတွင် သူတို့ တူအရီးနှစ်ယောက် ရှိရစ်၏။ .... -
“ပေါ်လီယာနာ သမီးလေးရေ။ အန် တီ ပြာမယ်လေ။ တတ်နဲ့ နေ့မှာ သမီးကလေးချစ်တဲ့ ဒေါက်တာချစ်လတန်ကို သမီး ဦးလေးတော်
တော့မယ် သိလား။ ဒီလိုဖြစ်အောင် လုပ်ပေးတာလည်း သမီးကလေးပဲ။ ပေါ်လီယာနာလေးရယ်၊ အန်တီလည်း သိပ် ပျော်တာပဲ။သိပ် ဝမ်းသာတော့ | ပဲ ကလေးရယ်”
ပေါ်လီယာနာသည် လက်ခုပ်ကလေးများ တီးလိုက်ပြီးမှ ရုတ်တရက် ရပ်ထားကာ “အန်တီပေါ်လီ၊ အန်တီပေါ်လီ။ ဟိုအရင့်ကတည်းက သူ ကို လိုချင်နေခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ လက်နဲ့ အသည်းနှလုံးဆိုတာ အန်တီ ပဲလား။ ဟုတ်ပါတယ်။ အန်တီပါ။ သမီး သိပါတယ်။ ဒါကြောင့် သူကလည်း | သမီးကို ဒီနေ့ ဝမ်းသာစရာအကောင်းဆုံး အလုပ်တစ်ခုကို လုပ်လိုက်ပြီလို့
ပြောတာကိုး။ အို၊ သမီး သိပ် ဝမ်းသာတာပဲ။ သိပ်ဝမ်းသာတာပဲ အန်တီ ပေါ်လီ၊ ဒီမှာ သမီးလေ ဘယ်လောက် ဝမ်းသာတွယ်ဆိုတာ မပြောတတ်ဘူး။ သမီးခြေထောက်တွေ သမီး ဂရုမစိုက်တော့ဘူး။ သိလား..."
ဒေါ်ပေါ်လီက တစ်ချက် ရှိုက်လိုက်ပြီး တစ်နေ့နေ့ တစ်ချိန် ချိန်တော့ သမီးရယ်” ဟုပြောရင်း ရပ်ထားလိုက်၏။သူ့ရင်ထဲသို့ ဒေါက်တာ ချစ်လတန်က ထည့်ပေးလိုက်သော မျှော်လင့်ချက်ကြီးကို သူ ထုတ်ဖော် မပြောဝံ့သေး။ သို့သော် တစ်ခုတော့ ပြောသည်။ ဤတစ်ခုသည်လည်း ပေါ်လီယာနာ၏ စိတ်နှလုံးကို အမှန်ပင် အံ့သြစရာကောင်းအောင် ချမ်းမြေ့စေလိမ့်မည် ဖြစ်ပါသည်။
“ပေါ်လီယာနာရေ နောက်တစ်ပတ်ဆိုရင် သမီး ခရီးသွားရမယ်။ သမီးကို သက်သောင့်သက်သာ အိပ်ရာကလေးနဲ့ တင်ပြီး ကားတွေ ရထား တွေနဲ့ ဆရာဝန်ကြီးဆီကို သွားရမယ်နော်။ အဲဒီ ဆရာဝန်ကြီးက ဟိုအဝေးကြီး မှာ အိမ်ကြီး အကြီးကြီးရှိတယ်လေ။ အဲဒီအိမ်ကြီးက သမီးလေးတို့လို လူတွေ အတွက် တမင်ဆောက်ထားတာပေါ့။ အဲဒီဆရာဝန်ကြီးက ဒေါက်တာ ချစ်လတန်ရဲ့ သူငယ်ချင်းလေး၊ သမီးအတွက် သူ ဘာလုပ်ပေးနိုင်သလဲဆိုတာ သွားပြကြမယ်နော်...”
••••••••••••××××ו••••
ချစ်သော အန်တီပေါ်လီနှင့် အန်ကယ်တော်မီ
သမီး လမ်း လမ်း... လျှောက်နိုင်ပြီ။ ဒီကနေ့ အိပ်ရာကနေပြီး - ပြတင်းပေါက်အထိ လျှောက်တယ်။ ခြောက်လှမ်းပေါ့။ အို၊ ခြေထောက် - ပြီး လျှောက်ရတာ တယ် ကောင်းပါလား၊ - “ဆရာဝန်တွေက ဝိုင်းရယ်ပြီး ပြုံးကြည် နေကြတယ်။ သူနာပြု ဆရာမတွေအားလုံး သူတို့ ဘေးကျနေပြီး ငိုနေကြတယ်။ အရင် အပတ်ကစပြီး လမ်းလျှောက်တဲ့ တစ်ဖက်ခန်းက အမျိုးသမီးကြီး တစ်ယောက်ကလည်း တံခါးဝကလာပြီး ချောင်းကြည့်တယ်။ နောက် လလောက်မှာ လျှောက်နိုင်မယ်လို့ မျှော်လင့်ရတ် နောက်တစ်ယောက် ကိုလည်း သမီးရဲ့ အခန်းထဲကို ဖိတ်ခေါ်ပြီး သမီးရဲ့ သူနာပြုဆရာမရဲ့ ခုတင်မှာ အိပ်စေပြီး ကြည် ခိုင်းတော့ သူလည်း လက်ခုပ် တီးပေးတယ်။ ကြမ်းတိုက်တဲ့ ဘလက်တီလီ ကတောင် ၀ရန်တာ ပြတင်းကနေပြီး “ကလေးရေ၊ အချစ်ရေ” လို့ ခေါ်သေးတယ်။ ခါတိုင်းဆိုရင် သူက ငိုငိုသာနေတယ်။ သမီးကို ဘယ်လိုမှ မခေါ်ဘူးလေ။
သူတို့ ဘာဖြစ်လို့ ငိုကြလည်း မသိပါဘူး။ သမီးတော့ သီချင်းတွေ ဘာတွေ အော်ဟစ်ပစ်လိုက်ချင်တာ။ သိလား။ အို.. အို စဉ်းစား - ကြည် စမ်းပါ။ သမီး... လမ်း... လျှောက်.... လျှောက်...
လျှောက်နိုင်ပြီ။ ဒီဆေးရုံမှာ ဆယ်လ နေခဲ့ရတာလည်း ကိစ္စမရှိတော့ဘူး အန်တီပေါ်လီရယ်လေ။ အန်တီတို့ လက်ထပ်တာကိုလည်း ဒီကိုလာ ပြီး သမီးအိပ်ရာဘေးမှာ လက်ထပ်ကြတော့ သမီး ဒီပွဲကိုလည်း မလွတ် ခဲ့ဘူးပေါ့။ အန်တီပေါ်လီ လုပ်လိုက်ရင် အဲသလိုချည်းပဲ။ ဘာမ၏ ဝမ်းသာစရာအကောင်းဆုံးတွေချည်း စဉ်းစားတတ်တယ်လေ။
မကြာခင်ပဲ သမီး အိမ်ကို ပြန်ရတော့မယ်လို့ ပြောတယ်။ ဒီကနေ့ ပြီး အိမ်အထိ လမ်းလျှောက်နိုင်ရင် ဘယ်လောက်ကောင်းမလဲလို့ တောင် အောက်မေ့မိတယ်။ တကယ်ပါ။ သမီး နောက်ဆိုရင် ဘာ
ဘာမှ စီးမသွားချင်တော့ဘူး ထင်တယ်။ လမ်းပဲ လျှောက်သွားရင်း သိပ် ကောင်းမှာပဲ။
သမီး သိပ်.. သိပ် သိပ်ကို ဝမ်းသာတယ်။ ဘာ အတွက်မဆို ဝမ်းသာတယ်။ အခိုက်အတံ့ သမီး မလျှောက်နိုင်တဲ့ ဖြစ်သွားတာကိုတောင် ဝမ်းသာရမယ်လေ။ ဘာကြောင့်လဲဆိုတော့ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ရတာဟာ ဘယ်လောက် ကောင်း တယ်ဆိုတာ မလျှောက်နိုင်တဲ့အခါမှ သိတာ အန်တီရဲ့။
မနက်ဖြန်ဆိုရင် သမီး ရှစ်လှမ်းလျှောက်မယ်
အားလုံးအတွက်အချစ်တွေ တစ်ပုံကြီးနှင့်
ပေါ်လီယာနာ
ထင်လင်း( မြန်မာပြန် )
Comments