Skip to main content

Posts

ငန်းမြွေကြီးများကို အနိုင်ယူခဲ့စဉ်က

မသုံးလုံးစိန်ဝင်း တစ် ကြိမ်က မဂ္ဂဇင်းတစ်ခုတွင် "မြွေဟောက်ဖမ်းကြမလား” ဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ခု ဖတ်လိုက်ရဖူး၏။ ရေးသူ ရော မဂ္ဂဇင်းအမည်ပါ မေ့နေပြီဖြစ်၍ မဖော်ပြနိုင်တော့သည်ကို ဝမ်းနည်းမိ၏။  ထိုဆောင်းပါးတွင် မြွေဟောက်ဖမ်းရာ၌ ပါးပျဉ်း ထောင်နေသော မြွေဟောက်၏ခေါင်းပေါ်သို့ လက်ကိုဆန့်တန်းလိုက်ပါက မြွေ၏ဦးခေါင်းသည် မြေသို့ ဝပ်ကျသွားသည်ဟု ဖော်ပြထား၏။ ထိုရေးသားချက်မှာ ယုတ္တိရှိသည်ဟု ကျွန်တော် ယုံကြည်ခဲ့၏။ လက်တွေ့လည်း စမ်းကြည့်မိ၏။ လက်နှင့်သာ မဟုတ်၊ တုတ်နှင့် မိုးလိုက်လျှင်လည်း ပါးပျဉ်းထောင်နေသော မြွေများ၏ဦးခေါင်းများမှာ မြေသို့ ဝပ်ကျသွားသည်ချည်း ဖြစ်ပေသည်။  ထို့ကြောင့် ဆောင်းပါးကိုရေးသော ဆောင်းပါးရှင်အား ယနေ့တိုင် ကျေးဇူးတင်လျက်ရှိ၏။ အဆိပ်ပြင်းသည့်မြွေဟောက်နှင့် ငန်းမြွေများအန္တရာယ်မှ ကာကွယ်ရန် အလွန်အသုံးဝင်သော ဆောင်းပါးပါပေ။ ကျွန်တော်၏အတွေ့ အကြုံများက "လူပြေးလျှင် မြွေလိုက်၍ လူလိုက်လျှင် မြွေပြေးသည်”ဟူသောအသိကို ထပ်မံရရှိပြန်သည်။  ၎င်းအတွေ့အကြုံများကို တောနှင့်မကင်းသူများ မြွေအန္တရာယ်မှ လွတ်မြောက်နိုင်ရေးအတွက် အလျဉ်းသင့်သလိုရေးသားဦးမည်ဖြစ်၏။ ယခုအကြိမ်တွင်မူ ရရှိခဲ့သောအတွေ့ အကြုံမျ...

ရဲဘော်သုံးကျိပ်

ဗိုလ်တာရာ  (ဧည့်သည်ဗိုလ်ချုပ်နှင့်အဖွဲ့) တဝီဝီလည်ပတ်နေသော ပန်ကာကြီးများ၏အသံသည် ကျယ်ပြန့်ခန့်ညားသော ခန်းမကြီးများကို ပိုမိုထယ်ဝါစေတော့၏။ အမွေး ရှည်ကြီးများဖြင့်ခင်းကျင်းထားသည့် ကော်ဇောကြီးများကလည်း အရောင် တဖိတ်ဖိတ်တောက်ပနေသည့် အောက်ခံကျောက်ပြားထက်တွင် တင့်တယ်စေတော့၏။ အခန်းထောင့်ချိုးကလေးဆီမှ အစီအရီ တပ်ဆင်ထားသည့် အဝါနုရောင်၊ အပြာနုရောင်၊ ပန်းနုရောင် ပိုးမီးအိမ်ဖုံးကလေးများဖြင့် လျှပ်စစ်မီးလုံးများ၏အခြေအနေမှာလည်း အထက်တန်းကျလှသော တိုက်တာအခြေအနေကို ဖော်ထုတ်စေတော့သည်။ အခန်းနံရံ တစ်လျှောက်၌ ချိတ်ဆွဲထားသည့် သစ်သားထုကြီးကြီးနှင့် ဆီဆေးပန်းချီကားချပ်ကြီးများအတွင်းမှ ရှူမျှော်ခင်းကားများ၊ ရာဇဝင်၌ ထင်ရှားသော စစ်သူကြီးများနှင့် စစ်ရေးစစ်ရာတိုက်ပွဲများကို ပြောင်မြောက်စွာ ရေးသားထားမှုများမှာလည်း တန်ဖိုးမနည်းလှသည့်အခြေအနေကို သိသာစေနိုင်၏။ ဒေါက်ခနဲအသံနှင့်အတူ တဟားဟားရယ်မောသံပါ နောက်ဆက်တွဲအဖြစ်နှင့် ပေါ်ထွက်လာလျက် လက်တွင်းမှ ဖန်ခွက်ကို ဖဲသားနုနုခင်းထားသည့် မဟော်ဂနီစားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး တကယ်ပင် ရာဇရုပ်ပါလှသော ဥရောပတိုက်သားတစ်ဦး၏ဟန်အမူအရာမှာလည်း ထယ်ဝါ၀င့်ကြွားလှပေတော့၏။ ထိုထက် သူ၏ရေတပ်ဘက်ဆိုင်ရ...