Skip to main content

Posts

ကျွန်တော်နှင့် ရေးနောဘောပင်

ရေးနော ဘောပင်လေးတွေနဲ့ စာရေးဖူးကြလား။ စာရေးရတဲ့ လက်ကိုင်နေရာမှာ အပြာရောင်အကြည်လေးနဲ့ နောက်ဘက်မှာက အဖြူရောင် ဘောပင်လေးလေ။ အခုချိန်မှာ အင်္ဂလိပ်လိုစာလုံးပေါင်းလည်း ကျွန်တော်မမှတ်မိတော့သလို အသံထွက်ကလည်း ရေးနော ဟုတ်ချင်မှဟုတ်မယ်။ ကျွန်တော်တို့ကတော့ အဲ့ဒီဘောပင်လေးတွေကို ကျောင်းသားဘဝတောက်လျှောက် ရေးနောဘောပင်လို့ ခေါ်ခဲ့တာပါပဲ။ ရေးနော ဘောပင်လေးတွေမှာ မှင်ချောင်းအချွန်နဲ့ အတုံးနှစ်မျိုးရှိပါတယ်။ ကျောင်းသားတွေကတော့ မှင်ချောင်းအချွန်ကို ကြိုက်ကြတာများပါတယ်။ လက်ရေးလှတာကိုး။ ကျွန်တော့်မှာ အဲ့ဒီ ရေးနောဘောပင်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဖူးတယ်။ အခုအချိန်အထိ အဲ့ဒီဇာတ်လမ်းဟာ လွမ်းစရာလား၊ နာကြင်စရာလား၊ ရယ်စရာလားတောင် မခွဲတတ်တော့ပါဘူး။ ဇာတ်လမ်းက ဒီလို။ ကျွန်တော်တို့ခေတ်က အဝေးသင်ခေတ်။ အထူးသဖြင့် ပဲခူးလို နယ်မြို့လေးမှာ ဆယ်တန်းအောင်ပြီး Day တက်တယ်ဆိုတာ ငွေကြေးအဆင်ပြေတဲ့ သားသမီးတွေအလုပ်ပါ။ ဒါတောင် တချို့သူဌေးသားသမီးတွေက အဝေးသင်ပဲတက်ကြတာ။ အချိန်ကုန်သက်သာတယ်။ တခြားအလုပ်လုပ်လို့ရတယ်။ ကျွန်တော်က ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့လုပ်နေချိန်မှာပဲ အလုပ်ထွက်လုပ်ရတယ်။ အသက် ၁၆ နှစ်ကျော်ဝန်းကျင်ပေါ့။...

ဇိုးသမားတို့ အိမ်အပြန် (ယမကာလုလင်)

အကာလ ညအခါတွင် သီချင်းတကြော်ကြော်အော်၍ ဖြစ်စေ၊ ဘောလုံးသမားတစ်ယောက် တစ်ဖက်အသင်း ကလူကို လိမ်ခေါက်ဖို့ ကြိုးစားသည့်ဟန်မျိုး ယိုင်တိယိုင်ထိုးပုံစံဖြင့် ဖြစ်စေ၊ ဆိုက်ကားပေါ်မှာ ပိုးလိုးပက်လက် လန်၍ ဖြစ်စေ၊ ဘတ်စ်ကားပေါ်မှာ ခေါင်းငိုက်စိုက်ချ၍ ဖြစ်စေ ပုံစံအမျိုးမျိုးနှင့် အိမ်ပြန်ကြသော ဇိုးသမားများကို မြင်ဖူးကြပေလိမ့်မည်။ သူတို့သည် တချို့က အိမ်စောစောပြန်သည်။ တချို့က ညဉ့်နက်မှ ပြန်သည်။ တချို့က အိမ်တန်းပြန် သည်။ တချို့က လမ်းမှာ ဆိုင်တစ်ဆိုင်ဝင်၍ တစ်ခွက်တစ်ဖလား ထပ်ချသေးသည်။ တချို့ကတော့ ပြဿနာလေး တွေနှင့် ခလုတ်ဝင်တိုက်သွားတတ်၏။ တချို့က အိမ်ရောက်လျှင် မိန်းမကို ပြဿနာရှာသည်။ တချို့က မိန်းမကို ချော့သည်။ ဒီထဲကမှ ထူးခြားသည့်ကိစ္စလေးတွေအကြောင်း ပြောပြပါမည်။ ကျွန်တော့်သူငယ်ချင်း ဖင်လန်ဆိုတဲ့ကောင်တစ်ယောက် ရှိသည်။ သူမူးပြီးအိပ်လျှင် ပုဆိုးကွင်းလုံးကျွတ်နေ တတ်သောကြောင့် ဒီနာမည် တွင်ခြင်းဖြစ်၏။ သူသည် မူးလာလျှင် သူ့မိန်းမ၏ပါးကို ကိုက်တတ်သည်ဟု ဆို၏။ အစပိုင်းတော့ သူ့မိန်းမက ချစ်စနိုးနဲ့ ကျီစားတာပဲဆိုပြီး သဘောတောင် ကျသေးသည်။ နောက်ပိုင်းကျတော့ ဒီကောင်က အမူးလွန်လာတဲ့အခါ အတိုင်းအဆမရှိပဲ တအားကိုက်သဖြင့် တစ...

ကျွန်တော်နှင့် စကေဘာဖင်ကြီး

ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ရန်ကုန်မှာနည်းနည်းအနေကြာလာပြီး အပေါင်းအသင်းကလဲ စုံလာခဲ့ပါပြီ ။ မခိုင်ကရဲ့ ပတ်စ်ပို့ ပွဲစားအလုပ်က သိပ်အလုပ်မဖြစ်တော့တဲ့အခါ ကျွန်တော်တို့သုံးယောက်ရဲ့ နေစရိတ် ၊ စားစရိတ်က တော်တော်ခက်ခဲလာခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော့်တို့အခန်းမှာ မကြာခဏ လာစတည်းချတတ်တဲ့ စာကလေး ကျေးဇူးနဲ့ ကျွန်တော်တို့ သုံးယောက်ဟာ သုံးနိုင်ဖြုန်းနိုင်တဲ့ကာလတစ်ခုကို မကြာခင်ရောက်လာပါတော့တယ် ။ ကျွန်တော်တို့ဘော်ဒါထဲ သွားအတုတစ်ချောင်းရှေ့မှာတပ်ထားတဲ့ ဖျာပုံသား စာကလေးဟာ ဖဲကို မာကင်ပေးရိုက်တဲ့နေရာမှာ ကျွမ်းကျင်တယ် ။ သူ့ဆီကနေ ဖဲမာကင် ပေးတဲ့ ပညာကို ကျွန်တော်ရယ် စိုးကျော်ရယ် ဆည်းပူးရတာပေါ့ဗျာ ။ စာကလေးက လုံး၀ မဖောက်ရသေးတဲ့ ပါကင်ဖဲထုတ်အသစ်ကို လက်ရာခြေရာမပြတ်ပါကင်မပြတ် မာကင်ပေးတာတို့ ၊ ဝိုင်းထဲမှာ ဆေးလိပ်မီးခိုးငွေ့နဲ့ မှုတ်ပြီး မာကင်ပေးတာတို့ ၊ ဇယ်တောက်တဲ့ ဘောစိမှုန့်လေးတွေ လက်မှာပွတ်ပြီး မာကင်ပေးတာတို့ အစုံတတ်တယ် ။ ကျွန်တော်တို့ကလဲ နဂိုကတည်းက အားနေ ရှမ်းကိုးမီးရိုက်နေတဲ့အခံကရှိတော့ သိပ်မသင်လိုက်ရပါဘူး တတ်သွားရော။ အသေးစိတ် မာကင်ပေးနည်းတွေတော့ မပြောတော့ပါဘူးဗျာ ။ စိုးကျော်ရော ကျွန်တော်ရော မာကင်ကျွမ်းသွားတ...